........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Aug 7, 2018

ဘဝမတူသူတို႔၏ ​ေနာက္​ဆုံးလမ္​းခြဲ

"ဦးသု မက်ိန္​း​ေသးဘူးလား"

"မက်ိန္​း​ေသးဘူး ကိုယ္​​ေတာ္​​ေရ၊
ဒီစာမ်က္​ႏွာ​ေလး ၿပီး​ေအာင္​ လွည္​့လိုက္​အုံး
မယ္​"

ဦး​ေကလာသသည္​ ခင္​မင္​ရင္​းနီး​ေသာ​ေၾကာင္​့
ဦးသုဇာတကို "ဦးသု"ဟုပင္​ အတို​ေကာက္​
​ေခၚသည္​။

ည (၁၁)နာရီပင္​ ထိုး​ေနၿပီျဖစ္​​ေသာ္​လည္​း
ဦးသုဇာတမွာ အ႒ကထာအနက္​မ်ားကို
ဇြဲနဘဲႀကီးစြာျဖင္​့ လွည္​့​ေနသည္​။
ပါဠိဆိုလိုက္​၊ အနက္​ဆိုလိုက္​ လုပ္​သည္​ကို
အနက္​လွည္​့သည္​ဟု ​ေခၚျခင္​းျဖစ္​သည္​။

ဦးသုဇာတမွာ ငယ္​္​္​္​ငယ္​ရြယ္​ရြယ္​ႏွင္​့ပင္​
အႀကီးတန္​း​ေအာင္​ခဲ့၍ ပညာ​ေရးအား​ေကာင္​း​
ေသာ္​ခဲ့​ေသာ္​လည္​း ​ေက်ာ​ေထာက္​​ေနာက္​ခံ
ဒကာဒကာမမ်ားမ႐ွိ ႐ွားပါးသည္​့အတြက္​
ဝတၳဳ​ေၾကး​ေငြမ်ား မျပည္​့စုံခဲ့​ေပ။ ထို႔​ေၾကာင္​့
သူလိုခ်င္​သည္​့ စာအုပ္​စာ​ေပမ်ားကိုပင္​
အျခားသူငယ္​ခ်င္​းရဟန္​းမ်ားထံမွ ငွါးဖတ္​
ကူးယူရ​ေလသည္​။

ငယ္​စဥ္​အခါက ဆရာ​ေတာ္​ အ႐ွင္​ဉာဏ
မိန္​႔ဆိုခဲ့ဖူးသည္​့ ဩဝါဒစကား​ေလးတစ္​ခြန္​းကို
သြား၍ အမွတ္​ရမိပါသည္​။

"ရဟန္​းဒကာက​ ​ေတာ္​ရင္​ ပၪၨင္​းကမ​​ေတာ္​၊
ပၪၨင္​းက ​ေတာ္​ရင္​ ရဟန္​းဒကာက မ​ေတာ္​၊
ပၪၨင္​းလည္​း​ ​​ေတာ္​၊ ရဟန္​းဒကာလည္​း ​ေတာ္​
တာက​ေတာ့ ႐ွားတယ္​၊ ​ေတြ႔ခဲ ဆုံခဲတယ္​"
ဟူ၏။

မွန္​ပါ၏။ ဦးသုဇာတမွာ ​ဉာဏ္​ရည္​ထက္​ျမက္​သူ
ျဖစ္​ေသာ္​လည္​း သူ၏ ဒကာဒကာမမ်ားမွာ
ပိုက္ဆံ​ေငြ​ေၾကးခ်မ္​းသာသည္​့အ​ေလ်ာက္​
​သဒၶါ​တရားအားနည္​းသည္​့အတြက္​ လုံ​ေလာက္​
​ေလာက္​ငွ​ေအာင္​ မလႉတန္​းၾက။ ထို္​့​ေၾကာင္​့
ဦးသုဇာတ၏ စာသင္​သားဘဝသည္​ မျပည္​့စုံ
ျခင္​း​ေလာကဓံျဖင္​့သာ နပမ္​းလံုးခဲ့ရ​ေလသည္​။

မန္​း​ေလးစာသင္​သားျဖစ္​ခ်င္​ခဲ့သည္​့ ဦးသုဇာတ
အဖို္႔ မျပည္​့စုံ​ေသာ္​ျငားလည္​း မန္​း​ေလးစာသင္​
သားျဖစ္​ရသည္​ကိုပင္​ လြန္​စြာ ​ေက်နပ္​​ေန​ေလ
သည္​။

ငယ္​လတ္​ႀကီးၿပီးလွ်င္​ မန္​း​ေလး(သို႔)ရန္​ကုန္
​တစ္​ၿမိဳ႕ၿမိဳ႕တြင္​ ရ​ေအာင္​​ေနမည္​ဟု စိတ္​ကူးခဲ့
သည္​။ ယခုကား စိတ္​ကူးသည္​့အတိုင္​း
ျဖစ္​လာခဲ့​ေပၿပီ။ စာသင္​သားခ်င္​းတူ​ေသာ္​လည္​း
မန္​း​ေလးစာသင္​သားျဖစ္​ရဖို႔မွာ ရခဲသည္​့အခြင္​့
အ​ေရးျဖစ္​သည္​။

ဦးသုဇာတ အလတ္​တန္​း​ႏွစ္​က မန္​း​ေလးၿမိဳ႕မွ
ျပန္​လာသည္​့ ဒကာမတစ္​​ေယာက္​ႏွင္​့ စကား
​ေျပာဖူးသည္​။

ဒကာမက
"ဦးဇင္​းတို႔နဲ႔ ​ေျပာရတာ မန္​း​ေလးက ဦးဇင္​း​ေတြ
နဲ႔ ​ေျပာရတာ​ေလာက္​ မမိုက္​ပါဘူး"ဟု
​ေျပာ​ေလသည္​။

ထိုစကားၾကားစဥ္​ကပင္​ ဦးသုဇာတမွာ
မန္​း​ေလးစာသင္​သားျဖစ္​ခ်င္​စိတ္​မ်ား တဖြားဖြား
ျဖစ္​​ေပၚခဲ့ပါသည္​။

ည(၁၂)နာရီထိုးၿပီမို႔ ဦးသုဇာတတစ္​​ေယာက္​
အ႒ကထာစာအုပ္​ကို ပိတ္​ကာ ဘုရား႐ွိခိုးၿပီး
က်ိန္​းစက္​​ေလ​ေတာ့သည္​။

မႏၲ​ေလးၿမိဳ႕၏ နံနက္​ခင္​းသည္​ ​ေနျခည္​ႏုႏုတို႔
ျဖင္​့ ​ေႏြး​ေထြးသန္​႔႐ွင္​းစြာ လွပ​ေန၏။
အိမ္​သူအိမ္​သားမ်ားက ၎တို႔၏ အိမ္​​ေ႐ွ႕
​ေရမ်ား ပက္​ျဖန္​းထား​ေသာ​ေၾကာင္​့ ဖုန္​မႈန္​မ်ား
ကင္​းစင္​ကာ ​ေျမသင္​းရနံ႔မ်ား သင္​းပ်ံ ့လ်က္​႐ွိ
၏။ ဦးသုဇာတသည္​ သကၤန္​းကို က်က်နန ႐ုံ
ကာ သပိတ္​ပိုက္​လ်ွက္​ ဆြမ္​းခံထြက္​လာခဲ့​ေလ
သည္​။

ဦးသုဇာတမွာ အသက္​(၂၀)အရြယ္​ ရဟန္​းျဖစ္
​ခါစမို႔ ႏုၿဖိဳးဝင္​းပ​ေသာ အသားအရည္​႐ွိ၏။
သြယ္​လ်​ေသာ လက္​​ေခ်ာင္​း​ေလးမ်ားမွာ
ပြတ္​လုံးျဖင္​့ ​ေကာင္​းစြာ ပြတ္​ထားသည္​့ႏွယ္​။
စိမ္​း​ေန​ေသာ ဦး​ေရ​ေတာ္​ႏွင္​့ ​ေရး​ေတး​ေတး
ႏႈတ္​ခမ္​း​ေမြးတို႔​ေၾကာင္​့ ဦးသုဇာတမွာ လြန္​စြာ
သပၸါယ္​ၾကည္​ညိဳဖြယ္​​ေကာင္​းလွ​ေပသည္​။

လျပည္​့ဝန္​းသည္​ တနဂၤ​ေႏြ​ေန႔ ​ေက်ာင္​းအား
ရက္​မို႔ အိမ္​မႈကိစၥမ်ားကို ကူလုပ္​​ေပး​ေလ့႐ွိရာ
မနက္​​ေစာ​ေစာ ဆြမ္​း​ေလာင္​းသည္​့အလုပ္​ကို
လည္​း သူမပင္​ တာဝန္​ယူ​ေလသည္​။

တတိယႏွစ္​တကၠသိုလ္​​ေက်ာင္​းသူမို႔ လျပည္​့
ဝန္​းမွာ လွခ်င္​တိုင္​း လွ​ေန​ေလသည္​။
ခႏၶာကိုယ္​ အခ်ိဳးအစား ​ေျပျပစ္​လွၿပီး အသား
အရည္​ျဖဴဝင္​းသူျဖစ္​သည္​့အတြက္​ ျမင္​သူတိုင္​း
​ေငးရသည္​့ အလွဧကရီနတ္​သမီးတစ္​ပါးပင္​
ျဖစ​္​​ေလ​သည္​။

"မိန္​းမ,မင္​း,ဆင္​၊ ရဟန္​း႐ွင္​၊ အိ​ေျႏၵရွင္​ကြဲ႔
​ေလးဦးတဲ​့" ဟူသည္​ႏွင္​့အညီ အိ​ေျႏၵသပၸတၱိ
ႏွင္​့ ျပည္​့စုံလွသူျဖစ္​​ေလသည္​။ အၾကည္​့မရဲ၍
လ်ပ္​​ေပၚ​ေလာ္​လီမႏိုင္​​ေသာ သူမ၏ အၾကည္​့
မ်ားသည္​ ဆန္​႔က်င္​့ဘက္​ပုရိသတို႔အား
​​​ေထာင္​မ်ား တန္​းမ်ားမက်​ေအာင္​ ကူညီ​ေန​
သည္​့ႏွယ္​ က်က္​သ​ေရ႐ွိလွ​ေပသည္​။

စာအုပ္​စာ​ေပဖတ္​ျခင္​းမွာ သူမ၏ ​ေမြးရာပါ ​ဗီဇ
ျဖစ္​​ေလရာ သူ မဖတ္​ဖူး​ေသးသည္​့ စာအုပ္​မ်ား
ျမင္​ရပါက အငမ္​းမရ ထမင္​း​ေမ့ဟင္​း​ေမ့
ဖတ္​တတ္​သူပင္​ျဖစ္​၏။ ​ေငြသုံး​ေထာင္​ထက္​
သုံး​ေထာင္​တန္​စာအုပ္​တစ္​အုပ္​ကို ပိုမိုျမတ္​ႏိုး
သူျဖစ္​သည္​့အား​ေလ်ာ္​စြာ စာအုပ္​စာ​ေပမဖတ္​
ျခင္​းျဖင္​့ အဆင္​့အတန္​းျမင္​့​ေသာ လူတစ္​​ေယာ
က္​ျဖစ္​မလာႏိုင္​သည္​ကိုလည္​း သ​ေဘာ​ေပါက္​
နားလည္​ထားသူျဖစ္​​ေလသည္​။

အဆင္​းလွသူပင္​ျဖစ္​​ေသာ္​လည္​း အသိပညာ
ခ်ိဳ႕ယြင္​းပါက အဆင္​းသာ႐ွိ၍ အနံ႔မ႐ွိ​ေသာ
​ေပါက္​ပန္​းကဲ့သို႔ ျဖစ္​ေန​ေၾကာင္​းကို ဆရာ​ေတာ္​
အ႐ွင္​မဟာရ႒သာ႐၏ "အဆင္​းလွဆန္​း၊
လူ႔​ေပါက္​ပန္​းသို္႔၊ သြမ္​းမွန္​းသိ​ေထြ၊ ကဲ့ရဲ႕​ေလ
အံ့" ဟူ​သည္​့ စာပိုဒ္​ကို ဖတ္​ၿပီးသည္​့​ေန႔မွစ၍
စာ​ေပ၏တန္​ဖိုးကို နားလည္​ခဲ့​ေလရာ
လျပည္​့ဝန္​းမွာ အဆင္​း​ေရာအခ်င္​းပါ ျပည္​့စုံ
သည္​့ ​ေတာ္​ဝင္​သဇင္​ပန္​းသဖြယ္​ ျဖစ္​​ေန​ေပ​
ေတာ့သည္​။

" ဦးဇင္​း ဒီ​ေန႔​ေနာက္​က်တယ္​​ေနာ္​" ဟု
လျပည္​့ဝန္​းက ႏႈတ္​ဆက္​လိုက္​သည္​။

ဦးသုဇာတမွာ သပိတ္​ကို ခ်၍ ခင္​းထားသည္​့
ထိုင္​ခုံ​ေပၚတြင္​ ထိုင္​ကာ ​ေဘး႐ွိ ငွဲ႔ထား​ေသာ
​ေရတစ္​ခြက္​ကို " ဂြိ ဂြိ"ႏွင္​့ ဆက္​ကာဆက္​ကာ
​ေမာ့လိုက္​ၿပီးမွ စကားျပန္​​ေျပာႏိုင္​​ေလသည္​။

"ဟုတ္​တယ္​ မလျပည္​့၊ ဒီ​ေန႔ ဦးဇင္း ကား​ေစာင္​့
​ေနတာ မလာႏိုင္​တာနဲ႔ ​ေျခလွ်င္​ ႂကြလာတာ"

မန္​း​ေလး႐ွိ ဆြမ္​းခံအိမ္​မ်ားသည္​ လိုင္​းကားစီး
ၿပီးသြားလွ်င္​ နီး​ေသာ္​လည္​း ​ေျခလွ်င္​​ေလွ်ာက္​ရ
သည္​့ရက္​ဆိုလွ်င္​ ​ေလးဆယ္​့ငါးမိနစ္​ မိနစ္​ငါး
ဆယ္​ခန္​႔ ​ေလွ်ာက္​ရသည္​။ ထိုမွ် ​ေဝးကြာပါ၏။

စာ​ေပဝါသနာပါသူမ်ား ျဖစ္​သည္​့အား​ေလ်ာ္​စြာ
​ေဒါက္​တာသန္​းထြန္​း(​ေရႊဘို)ဘာသာျပန္​သည္​့
"မဟတၱမဂႏၶီ၏ ကိုယ္​တိုင္​​ေရးအတၳဳပၸတၱိ"ကို
သူ႔အျမင္​ ကိုယ္​့အျမင္​ ဖလွယ္​ၾက၏။ တကၠသို
လ္​ဘုန္​းႏိုင္​၏ "ညဥ္​့နက္​နက္​မွာ လထြက္​ျခင္​း"၊
လယ္​တြင္​းသား​ေစာခ်စ္​၏ "သားသမီးကို
​ေပးခ်င္​​ေသာ အ​ေမြ"၊ ဦးႏု၏ "ငရဲဆို ခ်ိဳနဲ႔လား​ဗ်ဳိ့"၊
အျပင္​ ​ေမာင္​ထင္​ ျမန္​မာျပန္​သည္​့ "ကမ႓ာ့ဝတၳဳ
တိုမ်ား" ထဲမွ "အိုးမလုံ အုံပြင္​့"ဟူ​ေသာ အ​ေမရိ
ကန္​ဝတၳဳတိုမ်ားကိုလည္​း အ​ေျခအတင္​ ျငင္​း
ခဲ့ၾက​ေသးသည္​။

တစ္​ဦးႏွင္​့တစ္​ဦးသည္​ အျပန္​အလွန္​ ​ေလးစားမႈ
႐ွိၾက၏။

လျပည္​့ဝန္​းတို႔ အိမ္​သည္​ ဆြမ္​းခံ​ေနာက္​ဆုံးအိမ္​
မို႔ ယခုကဲ့သို႔ ၾကာၾကာ​​ေနျခင္​းလည္​းျဖစ္​သည္​။

ဦးသုဇာတသည္​ ျပန္​မည္​ျပဳ၍ သပိတ္​ကို
ပိတ္​​ေလရာ လျပည္​့ဝန္​းမွာ ​
​" ​​ေနပါအုံး ဦးဇင္​း စကား​ေကာင္​း​ေနတာနဲ႔
ဆြမ္​း​ေလာင္​းဖို႔ ​ေမ့သြားတယ္​" ဟုဆိုကာ
ဆြမ္​းဇလုံကို ကပ်ာကယာ စြဲယူၿပီး ​ေလာင္​း
ထည္​့၏။

ထိုစဥ္​ လျပည္​့ဝန္​း၏ ဆြမ္​း​ေလာင္​းသည္​့ဇြန္​း
သည္​ ဦးသုဇာတ၏ သပိတ္​ထဲသို႔ ျပဳတ္​က်
သြား​ေလရာ ဦးသုဇာတက ျပန္​အႏိႈက္​တြင္​
လျပည္​့ဝန္​းကပါ အႏိႈက္​ႏွင္​့ ဆုံမိ​ေလသည္​့အတြက္​
ဦးသုဇာတ၏ လက္​ဖမိုး​ေပၚသို႔ လျပည္​့ဝန္​း၏
လက္​သည္​ အုပ္​မိလွ်က္​သား ျဖစ္​သြား၏။

ႏူးညံ့​ေသာ အထိအ​ေတြ႔သည္​ ဦးသုဇာတအဖို႔
မရင္​းႏွီးဖူးသည္​ျဖစ္​ရာ ရင္​တြင္​း၌ ႏွလုံးခုန္​ႏႈန္​း
တို႔သည္​ မုန္​တိုင္​းထန္​သည္​့ ပင္​လယ္​ျပင္​
သဖြယ္​ ဝုန္​းဒိုင္​းၾကဲသြား​ေတာ့သည္​။

ထိုစဥ္​ ႏွစ္​ဦးသား ​ေမာ့ၾကည္​့မိၾကျပန္​ရာ
မ်က္​ဝန္​းႏွစ္​စုံတို႔သည္​ ထိပ္​တိုက္​​ေတြ႔ဆုံမိၾက
​ေလသည္​။

လျပည္​့ဝန္​းအဖို္႔ ​ေယာက်္​ားတစ္​​ေယာက္​ႏွင္​့
မ်က္​လုံးခ်င္​းစုံဖူးခဲ့​ေပါင္​း မ်ားခဲ့​ေသာ္​လည္​း
ယခုအခါမွာမူ လွ်ပ္​စစ္​ႏွင္​့ ထိတို႔ခံရသည္​့ႏွယ္​
မလႈပ္​ႏိုင္​မကယ္​ႏိုင္​ျဖစ္​​ေန​ေလသည္​။

မိုးမ်ား ​ေရးအိုးကို ​ေမွာက္​သြန္​ခ်သည္​့အလား
တစ္​ဝုန္​းဝုန္​းရြာသြန္​း​ေန၏။ သြပ္​မိုးတန္​းမ်ားမွ
မိုးစက္​မိုး​ေပါက္​မ်ားသည္​ ​ေလးခြႏွင္​့ ပစ္​သည္​့
သဖြယ္​။

ညဆယ္​နာရီပင္​ ထိုး​ေလၿပီ။ ဦးသုဇာတမွာ
အရင္​​ေန႔​ေတြကလို အ႒ကထာမလွည္​့ႏိုင္​။
မနက္​က အျဖစ္​သာ စိတ္​ထဲ၌ ပဋိဘာဂနိမိတ္​
ထင္​​ေနသည္​။ အ႒ကထာမ်ား ဖြင္​့ၾကည္​့ျပန္​
​ေသာ္​လည္​း စာမ်ားမျမင္​ လျပည္​့ဝန္​းသာ
ျမင္​​​ေနသည္​။ နာရီၾကည္​့​ေတာ့လည္​း
လျပည္​့ဝန္​း၊ နံရံၾကည္​့​ေတာ့လည္​း လျပည္​့ဝန္​း၊
ဘယ္​ၾကည္​့ၾကည္​့ လျပည္​့ဝန္​း။

ထိုစဥ္​ ငယ္​ငယ္​က ရခဲ့ဖူး​ေသာ ​ဗုဒၶ၏ ​တရား​
​ေတာ္​မ်ားသည္​ ဦးသုဇာတ၏ ရင္​ထဲတြင္​
​ေပၚ​ေပါက္​လာ၏။
"​ေလာ​ေဘာ အတၳံ န ဇာနာတိ"
"ခ်စ္​ခင္​စြဲလန္​းတပ္​မက္​​ေသာ စိတ္​ျဖစ္​​ေနသူ
သည္​ အ​ေၾကာင္​းအက်ိဳး အ​ေကာင္​းအဆိုးကို
ခြဲခြဲျခားျခား မသိ​ေတာ့​ေပ" ဟူ၏။

မွန္​ပါ၏။ ဦးသုဇာတမွာ လျပည္​့ဝန္​းအ​ေပၚ
အရင္​က ႐ိုးသားခဲ့သည္​ဟု ထင္​ခဲ့မႈမ်ားသည္​
ယခုအခါတြင္​ တက္​တက္​စင္​​ေအာင္​ လြဲ​ေန​ေပ
​ေတာ့သည္​။ ခ်စ္​ျခင္​းတရားဟူသည္​ ဆန္​းၾကယ္​
​ေလစြ။

ဦးသုဇာတမွာ စာမ်ားလည္​း မလွည္​့ႏိုင္​
ဘုရားလည္​း ဝတ္​မတက္​ႏိုင္​ျဖစ္​​ေန​ေပရာ
စားလည္​းသည္​စိတ္​၊ သြားလည္​းသည္​စိတ္​
ျဖစ္​​ေနသည္​့အတြက္​ ဆြမ္​းခံပင္​ မႂကြႏိုင္​
​ေတာ့​ေခ်။ ႂကြလည္​း မႂကြရဲ။

လျပည္​့ဝန္​းမွာလည္​း ထို႔အတူပင္​ ျဖစ္​​ေလရာ
ဘဝခ်င္​း မတူသည္​က တစ္​​ေၾကာင္​း၊
ပတ္​ဝန္​းက်င္​တို႔၏ ​"​ေက်ာင္​းႀကီးဖ်က္​မ"ဟု
​အ​ေခၚမခံဝံ့သည္​က တစ္​​ေၾကာင္​း အမ်ိဳးမ်ိဳး​ေသာ
အ​ေၾကာင္​းတို႔​ေၾကာင္​့ ခ်စ္​စိတ္​ကို ၿမိဳသိပ္​ကာ
ရင္​၌သာ သိုသိပ္​ခဲ့ရပါသည္​။

"ခ်စ္​တိုင္​းမညား"​ေသာ သ​ေဘာကို
ဦးသုဇာတ ​ေကာင္​း​ေကာင္​းနားလည္​လိုက္​ပါၿပီ။
ဦးသုဇာတသည္​ စာလည္​းမလုပ္​၊ ဆြမ္​းခံလည္​း
မႂကြ၊ ဆြမ္​းလည္​းမစားဘဲ အိ္ပ္​ရာထဲ၌သာ
တစ္​​ေခြ​ေခြႏွင္​့ ​ေန​ေလ​ေတာ့သည္​။
သူငယ္​ခ်င္​းမ်ားက ​ေမး​ေသာ္​လည္​း မည္​သို႔မွ်
မ​ေျဖ။

ဦးသုဇာတ၌ အစာအိမ္​​ေရာဂါ႐ွိ​​ေနသည္​ကို
သူကိုယ္​တိုင္​ပင္​ မသိ။ ငါးရက္​​ေျမာက္​​ေသာ​ေန႔
တြင္​ သတိ​လစ္​သြားသည္​့အတြက္​ သူငယ္​ခ်င္​း
မ်ားက ဆရာ့ထံ​ေလွ်ာက္​၍ ​ေဆးခန္​းသြားျပၾကရာ
ဦးသုဇာတ၏ တစ္​ဘဝတာခရီးသည္​
​ေဆး႐ုံ​ေရာက္​၍ တစ္​နာရီၾကာလွ်င္​ပင္​ နိဂုံး
ခ်ဳပ္​သြား​ေလ​ေတာ့သည္​။

ဦးသုဇာတမွာ မည္​သူ႔ကိုမွ် တိုင္​ပင္​​ေလ့႐ွိသူ
မဟုတ္​​ေလရာ လိုက္​ပို႔ၾကသည္​့ သူငယ္​ခ်င္​းမ်ား
သည္​ပင္​ အဘယ္​့​ေၾကာင္​့ ခုလို ျဖစ္​သြားသည္
​ကို မသိၾက။

ရဟန္​း​တစ္​ပါး၏ အခ်စ္​ခရီးသည္​ ၾကမ္​းတမ္​း
​ေလစြ။  ရဟန္​းတစ္​ပါး၏ ႏွလုံးသားမ်ားသည္​
ၿမိဳသိပ္​ႏိုင္​စြမ္​း​ေလစြ။

ယခုတိုင္​ပင္​ မန္​း​ေလးၿမိဳ႕​ေျမာက္​အရပ္​႐ွိ
ၾကာနီကန္​​(​ေအးရိပ္​ၿငိမ္​)သုႆာန္​၌ ဦးသုဇာတ၏
အုတ္​ဂူ​ေဖြး​ေဖြး​ေလးကို ​ေတြ႕ျမင္​ႏိုင္​ပါသည္​။

အုတ္​ဂူ​ေလး၌ ​ရင္​နင္​့ဖြယ္​ စာ​ေလးတစ္​​ေၾကာင္​း
ကို ​ေရးသားထား၏။ ၎မွာ ​ေအာက္​ပါအတိုင္​း
ျဖစ္​ပါ၏။

" အ႐ွင္​သုဇာတ
  အသက္​ ၂၀ ႏွစ္​၊

  ဘဝဆက္​တိုင္​းဆက္​တိုင္​း ဘဝမတူသူတို႔ႏွင္​့
  ခ်စ္​ခင္​ၾကင္​နာရျခင္​းမွ ကင္​း​ေဝးရပါလို၏"

*********************************
#Credit to ​ေမာင္​​ေခမိန္​(မ​ေကြး)
  Apr 2,18. 7:20 PM

ဘဝမတူသူတို့၏ ​နောက်​ဆုံးလမ်​းခွဲ
**********************************

"ဦးသု မကျိန်​း​သေးဘူးလား"

"မကျိန်​း​သေးဘူး ကိုယ်​​တော်​​ရေ၊
ဒီစာမျက်​နှာ​လေး ပြီး​အောင်​ လှည်​့လိုက်​အုံး
မယ်​"

ဦး​ကေလာသသည်​ ခင်​မင်​ရင်​းနီး​သော​ကြောင်​့
ဦးသုဇာတကို "ဦးသု"ဟုပင်​ အတို​ကောက်​
​ခေါ်သည်​။

ည (၁၁)နာရီပင်​ ထိုး​နေပြီဖြစ်​​သော်​လည်​း
ဦးသုဇာတမှာ အဋ္ဌကထာအနက်​များကို
ဇွဲနဘဲကြီးစွာဖြင်​့ လှည်​့​နေသည်​။
ပါဠိဆိုလိုက်​၊ အနက်​ဆိုလိုက်​ လုပ်​သည်​ကို
အနက်​လှည်​့သည်​ဟု ​ခေါ်ခြင်​းဖြစ်​သည်​။

ဦးသုဇာတမှာ ငယ်​်​်​်​ငယ်​ရွယ်​ရွယ်​နှင်​့ပင်​
အကြီးတန်​း​အောင်​ခဲ့၍ ပညာ​ရေးအား​ကောင်​း​
သော်​ခဲ့​သော်​လည်​း ​ကျော​ထောက်​​နောက်​ခံ
ဒကာဒကာမများမရှိ ရှားပါးသည်​့အတွက်​
ဝတၳု​ကြေး​ငွေများ မပြည်​့စုံခဲ့​ပေ။ ထို့​ကြောင်​့
သူလိုချင်​သည်​့ စာအုပ်​စာ​ပေများကိုပင်​
အခြားသူငယ်​ချင်​းရဟန်​းများထံမှ ငှါးဖတ်​
ကူးယူရ​လေသည်​။

ငယ်​စဉ်​အခါက ဆရာ​တော်​ အရှင်​ဉာဏ
မိန်​့ဆိုခဲ့ဖူးသည်​့ ဩဝါဒစကား​လေးတစ်​ခွန်​းကို
သွား၍ အမှတ်​ရမိပါသည်​။

"ရဟန်​းဒကာက​ ​တော်​ရင်​ ပဉ္ဇင်​းကမ​​တော်​၊
ပဉ္ဇင်​းက ​တော်​ရင်​ ရဟန်​းဒကာက မ​တော်​၊
ပဉ္ဇင်​းလည်​း​ ​​တော်​၊ ရဟန်​းဒကာလည်​း ​တော်​
တာက​တော့ ရှားတယ်​၊ ​တွေ့ခဲ ဆုံခဲတယ်​"
ဟူ၏။

မှန်​ပါ၏။ ဦးသုဇာတမှာ ​ဉာဏ်​ရည်​ထက်​မြက်​သူ
ဖြစ်​သော်​လည်​း သူ၏ ဒကာဒကာမများမှာ
ပိုက်ဆံ​ငွေ​ကြေးချမ်​းသာသည်​့အ​လျောက်​
​သဒ္ဓါ​တရားအားနည်​းသည်​့အတွက်​ လုံ​လောက်​
​လောက်​ငှ​အောင်​ မလှူတန်​းကြ။ ထို်​့​ကြောင်​့
ဦးသုဇာတ၏ စာသင်​သားဘဝသည်​ မပြည်​့စုံ
ခြင်​း​လောကဓံဖြင်​့သာ နပမ်​းလုံးခဲ့ရ​လေသည်​။

မန်​း​လေးစာသင်​သားဖြစ်​ချင်​ခဲ့သည်​့ ဦးသုဇာတ
အဖို့် မပြည်​့စုံ​သော်​ငြားလည်​း မန်​း​လေးစာသင်​
သားဖြစ်​ရသည်​ကိုပင်​ လွန်​စွာ ​ကျေနပ်​​နေ​လေ
သည်​။

ငယ်​လတ်​ကြီးပြီးလျှင်​ မန်​း​လေး(သို့)ရန်​ကုန်
​တစ်​မြို့မြို့တွင်​ ရ​အောင်​​နေမည်​ဟု စိတ်​ကူးခဲ့
သည်​။ ယခုကား စိတ်​ကူးသည်​့အတိုင်​း
ဖြစ်​လာခဲ့​ပေပြီ။ စာသင်​သားချင်​းတူ​သော်​လည်​း
မန်​း​လေးစာသင်​သားဖြစ်​ရဖို့မှာ ရခဲသည်​့အခွင်​့
အ​ရေးဖြစ်​သည်​။

ဦးသုဇာတ အလတ်​တန်​း​နှစ်​က မန်​း​လေးမြို့မှ
ပြန်​လာသည်​့ ဒကာမတစ်​​ယောက်​နှင်​့ စကား
​ပြောဖူးသည်​။

ဒကာမက
"ဦးဇင်​းတို့နဲ့ ​ပြောရတာ မန်​း​လေးက ဦးဇင်​း​တွေ
နဲ့ ​ပြောရတာ​လောက်​ မမိုက်​ပါဘူး"ဟု
​ပြော​လေသည်​။

ထိုစကားကြားစဉ်​ကပင်​ ဦးသုဇာတမှာ
မန်​း​လေးစာသင်​သားဖြစ်​ချင်​စိတ်​များ တဖွားဖွား
ဖြစ်​​ပေါ်ခဲ့ပါသည်​။

ည(၁၂)နာရီထိုးပြီမို့ ဦးသုဇာတတစ်​​ယောက်​
အဋ္ဌကထာစာအုပ်​ကို ပိတ်​ကာ ဘုရားရှိခိုးပြီး
ကျိန်​းစက်​​လေ​တော့သည်​။

မန္တ​လေးမြို့၏ နံနက်​ခင်​းသည်​ ​နေခြည်​နုနုတို့
ဖြင်​့ ​နွေး​ထွေးသန်​့ရှင်​းစွာ လှပ​နေ၏။
အိမ်​သူအိမ်​သားများက ၎င်းတို့၏ အိမ်​​ရှေ့
​ရေများ ပက်​ဖြန်​းထား​သော​ကြောင်​့ ဖုန်​မှုန်​များ
ကင်​းစင်​ကာ ​မြေသင်​းရနံ့များ သင်​းပျံ ့လျက်​ရှိ
၏။ ဦးသုဇာတသည်​ သင်္ကန်​းကို ကျကျနန ရုံ
ကာ သပိတ်​ပိုက်​လျှက်​ ဆွမ်​းခံထွက်​လာခဲ့​လေ
သည်​။

ဦးသုဇာတမှာ အသက်​(၂၀)အရွယ်​ ရဟန်​းဖြစ်
​ခါစမို့ နုဖြိုးဝင်​းပ​သော အသားအရည်​ရှိ၏။
သွယ်​လျ​သော လက်​​ချောင်​း​လေးများမှာ
ပွတ်​လုံးဖြင်​့ ​ကောင်​းစွာ ပွတ်​ထားသည်​့နှယ်​။
စိမ်​း​နေ​သော ဦး​ရေ​တော်​နှင်​့ ​ရေး​တေး​တေး
နှုတ်​ခမ်​း​မွေးတို့​ကြောင်​့ ဦးသုဇာတမှာ လွန်​စွာ
သပ္ပါယ်​ကြည်​ညိုဖွယ်​​ကောင်​းလှ​ပေသည်​။

လပြည်​့ဝန်​းသည်​ တနင်္ဂ​နွေ​နေ့ ​ကျောင်​းအား
ရက်​မို့ အိမ်​မှုကိစ္စများကို ကူလုပ်​​ပေး​လေ့ရှိရာ
မနက်​​စော​စော ဆွမ်​း​လောင်​းသည်​့အလုပ်​ကို
လည်​း သူမပင်​ တာဝန်​ယူ​လေသည်​။

တတိယနှစ်​တက္ကသိုလ်​​ကျောင်​းသူမို့ လပြည်​့
ဝန်​းမှာ လှချင်​တိုင်​း လှ​နေ​လေသည်​။
ခန္ဓာကိုယ်​ အချိုးအစား ​ပြေပြစ်​လှပြီး အသား
အရည်​ဖြူဝင်​းသူဖြစ်​သည်​့အတွက်​ မြင်​သူတိုင်​း
​ငေးရသည်​့ အလှဧကရီနတ်​သမီးတစ်​ပါးပင်​
ဖြစ​်​​လေ​သည်​။

"မိန်​းမ,မင်​း,ဆင်​၊ ရဟန်​းရှင်​၊ အိ​နြေ္ဒရှင်​ကွဲ့
​လေးဦးတဲ​့" ဟူသည်​နှင်​့အညီ အိ​နြေ္ဒသပ္ပတ္တိ
နှင်​့ ပြည်​့စုံလှသူဖြစ်​​လေသည်​။ အကြည်​့မရဲ၍
လျပ်​​ပေါ်​လော်​လီမနိုင်​​သော သူမ၏ အကြည်​့
များသည်​ ဆန်​့ကျင်​့ဘက်​ပုရိသတို့အား
​​​ထောင်​များ တန်​းများမကျ​အောင်​ ကူညီ​နေ​
သည်​့နှယ်​ ကျက်​သ​ရေရှိလှ​ပေသည်​။

စာအုပ်​စာ​ပေဖတ်​ခြင်​းမှာ သူမ၏ ​မွေးရာပါ ​ဗီဇ
ဖြစ်​​လေရာ သူ မဖတ်​ဖူး​သေးသည်​့ စာအုပ်​များ
မြင်​ရပါက အငမ်​းမရ ထမင်​း​မေ့ဟင်​း​မေ့
ဖတ်​တတ်​သူပင်​ဖြစ်​၏။ ​ငွေသုံး​ထောင်​ထက်​
သုံး​ထောင်​တန်​စာအုပ်​တစ်​အုပ်​ကို ပိုမိုမြတ်​နိုး
သူဖြစ်​သည်​့အား​လျော်​စွာ စာအုပ်​စာ​ပေမဖတ်​
ခြင်​းဖြင်​့ အဆင်​့အတန်​းမြင်​့​သော လူတစ်​​ယော
က်​ဖြစ်​မလာနိုင်​သည်​ကိုလည်​း သ​ဘော​ပေါက်​
နားလည်​ထားသူဖြစ်​​လေသည်​။

အဆင်​းလှသူပင်​ဖြစ်​​သော်​လည်​း အသိပညာ
ချို့ယွင်​းပါက အဆင်​းသာရှိ၍ အနံ့မရှိ​သော
​ပေါက်​ပန်​းကဲ့သို့ ဖြစ်​နေ​ကြောင်​းကို ဆရာ​တော်​
အရှင်​မဟာရဋ္ဌသာရ၏ "အဆင်​းလှဆန်​း၊
လူ့​ပေါက်​ပန်​းသို့်၊ သွမ်​းမှန်​းသိ​ထွေ၊ ကဲ့ရဲ့​လေ
အံ့" ဟူ​သည်​့ စာပိုဒ်​ကို ဖတ်​ပြီးသည်​့​နေ့မှစ၍
စာ​ပေ၏တန်​ဖိုးကို နားလည်​ခဲ့​လေရာ
လပြည်​့ဝန်​းမှာ အဆင်​း​ရောအချင်​းပါ ပြည်​့စုံ
သည်​့ ​တော်​ဝင်​သဇင်​ပန်​းသဖွယ်​ ဖြစ်​​နေ​ပေ​
တော့သည်​။

" ဦးဇင်​း ဒီ​နေ့​နောက်​ကျတယ်​​နော်​" ဟု
လပြည်​့ဝန်​းက နှုတ်​ဆက်​လိုက်​သည်​။

ဦးသုဇာတမှာ သပိတ်​ကို ချ၍ ခင်​းထားသည်​့
ထိုင်​ခုံ​ပေါ်တွင်​ ထိုင်​ကာ ​ဘေးရှိ ငှဲ့ထား​သော
​ရေတစ်​ခွက်​ကို " ဂွိ ဂွိ"နှင်​့ ဆက်​ကာဆက်​ကာ
​မော့လိုက်​ပြီးမှ စကားပြန်​​ပြောနိုင်​​လေသည်​။

"ဟုတ်​တယ်​ မလပြည်​့၊ ဒီ​နေ့ ဦးဇင်း ကား​စောင်​့
​နေတာ မလာနိုင်​တာနဲ့ ​ခြေလျှင်​ ကြွလာတာ"

မန်​း​လေးရှိ ဆွမ်​းခံအိမ်​များသည်​ လိုင်​းကားစီး
ပြီးသွားလျှင်​ နီး​သော်​လည်​း ​ခြေလျှင်​​လျှောက်​ရ
သည်​့ရက်​ဆိုလျှင်​ ​လေးဆယ်​့ငါးမိနစ်​ မိနစ်​ငါး
ဆယ်​ခန်​့ ​လျှောက်​ရသည်​။ ထိုမျှ ​ဝေးကွာပါ၏။

စာ​ပေဝါသနာပါသူများ ဖြစ်​သည်​့အား​လျော်​စွာ
​ဒေါက်​တာသန်​းထွန်​း(​ရွှေဘို)ဘာသာပြန်​သည်​့
"မဟတ္တမဂန္ဓီ၏ ကိုယ်​တိုင်​​ရေးအတၳုပ္ပတ္တိ"ကို
သူ့အမြင်​ ကိုယ်​့အမြင်​ ဖလှယ်​ကြ၏။ တက္ကသို
လ်​ဘုန်​းနိုင်​၏ "ညဉ်​့နက်​နက်​မှာ လထွက်​ခြင်​း"၊
လယ်​တွင်​းသား​စောချစ်​၏ "သားသမီးကို
​ပေးချင်​​သော အ​မွေ"၊ ဦးနု၏ "ငရဲဆို ချိုနဲ့လား​ဗျို့"၊
အပြင်​ ​မောင်​ထင်​ မြန်​မာပြန်​သည်​့ "ကမ်ဘာ့ဝတၳု
တိုများ" ထဲမှ "အိုးမလုံ အုံပွင်​့"ဟူ​သော အ​မေရိ
ကန်​ဝတၳုတိုများကိုလည်​း အ​ခြေအတင်​ ငြင်​း
ခဲ့ကြ​သေးသည်​။

တစ်​ဦးနှင်​့တစ်​ဦးသည်​ အပြန်​အလှန်​ ​လေးစားမှု
ရှိကြ၏။

လပြည်​့ဝန်​းတို့ အိမ်​သည်​ ဆွမ်​းခံ​နောက်​ဆုံးအိမ်​
မို့ ယခုကဲ့သို့ ကြာကြာ​​နေခြင်​းလည်​းဖြစ်​သည်​။

ဦးသုဇာတသည်​ ပြန်​မည်​ပြု၍ သပိတ်​ကို
ပိတ်​​လေရာ လပြည်​့ဝန်​းမှာ ​
​" ​​နေပါအုံး ဦးဇင်​း စကား​ကောင်​း​နေတာနဲ့
ဆွမ်​း​လောင်​းဖို့ ​မေ့သွားတယ်​" ဟုဆိုကာ
ဆွမ်​းဇလုံကို ကပျာကယာ စွဲယူပြီး ​လောင်​း
ထည်​့၏။

ထိုစဉ်​ လပြည်​့ဝန်​း၏ ဆွမ်​း​လောင်​းသည်​့ဇွန်​း
သည်​ ဦးသုဇာတ၏ သပိတ်​ထဲသို့ ပြုတ်​ကျ
သွား​လေရာ ဦးသုဇာတက ပြန်​အနှိုက်​တွင်​
လပြည်​့ဝန်​းကပါ အနှိုက်​နှင်​့ ဆုံမိ​လေသည်​့အတွက်​
ဦးသုဇာတ၏ လက်​ဖမိုး​ပေါ်သို့ လပြည်​့ဝန်​း၏
လက်​သည်​ အုပ်​မိလျှက်​သား ဖြစ်​သွား၏။

နူးညံ့​သော အထိအ​တွေ့သည်​ ဦးသုဇာတအဖို့
မရင်​းနှီးဖူးသည်​ဖြစ်​ရာ ရင်​တွင်​း၌ နှလုံးခုန်​နှုန်​း
တို့သည်​ မုန်​တိုင်​းထန်​သည်​့ ပင်​လယ်​ပြင်​
သဖွယ်​ ဝုန်​းဒိုင်​းကြဲသွား​တော့သည်​။

ထိုစဉ်​ နှစ်​ဦးသား ​မော့ကြည်​့မိကြပြန်​ရာ
မျက်​ဝန်​းနှစ်​စုံတို့သည်​ ထိပ်​တိုက်​​တွေ့ဆုံမိကြ
​လေသည်​။

လပြည်​့ဝန်​းအဖို့် ​ယောကျ်​ားတစ်​​ယောက်​နှင်​့
မျက်​လုံးချင်​းစုံဖူးခဲ့​ပေါင်​း များခဲ့​သော်​လည်​း
ယခုအခါမှာမူ လျှပ်​စစ်​နှင်​့ ထိတို့ခံရသည်​့နှယ်​
မလှုပ်​နိုင်​မကယ်​နိုင်​ဖြစ်​​နေ​လေသည်​။

မိုးများ ​ရေးအိုးကို ​မှောက်​သွန်​ချသည်​့အလား
တစ်​ဝုန်​းဝုန်​းရွာသွန်​း​နေ၏။ သွပ်​မိုးတန်​းများမှ
မိုးစက်​မိုး​ပေါက်​များသည်​ ​လေးခွနှင်​့ ပစ်​သည်​့
သဖွယ်​။

ညဆယ်​နာရီပင်​ ထိုး​လေပြီ။ ဦးသုဇာတမှာ
အရင်​​နေ့​တွေကလို အဋ္ဌကထာမလှည်​့နိုင်​။
မနက်​က အဖြစ်​သာ စိတ်​ထဲ၌ ပဋိဘာဂနိမိတ်​
ထင်​​နေသည်​။ အဋ္ဌကထာများ ဖွင်​့ကြည်​့ပြန်​
​သော်​လည်​း စာများမမြင်​ လပြည်​့ဝန်​းသာ
မြင်​​​နေသည်​။ နာရီကြည်​့​တော့လည်​း
လပြည်​့ဝန်​း၊ နံရံကြည်​့​တော့လည်​း လပြည်​့ဝန်​း၊
ဘယ်​ကြည်​့ကြည်​့ လပြည်​့ဝန်​း။

ထိုစဉ်​ ငယ်​ငယ်​က ရခဲ့ဖူး​သော ​ဗုဒ္ဓ၏ ​တရား​
​တော်​များသည်​ ဦးသုဇာတ၏ ရင်​ထဲတွင်​
​ပေါ်​ပေါက်​လာ၏။
"​လော​ဘော အတၳံ န ဇာနာတိ"
"ချစ်​ခင်​စွဲလန်​းတပ်​မက်​​သော စိတ်​ဖြစ်​​နေသူ
သည်​ အ​ကြောင်​းအကျိုး အ​ကောင်​းအဆိုးကို
ခွဲခွဲခြားခြား မသိ​တော့​ပေ" ဟူ၏။

မှန်​ပါ၏။ ဦးသုဇာတမှာ လပြည်​့ဝန်​းအ​ပေါ်
အရင်​က ရိုးသားခဲ့သည်​ဟု ထင်​ခဲ့မှုများသည်​
ယခုအခါတွင်​ တက်​တက်​စင်​​အောင်​ လွဲ​နေ​ပေ
​တော့သည်​။ ချစ်​ခြင်​းတရားဟူသည်​ ဆန်​းကြယ်​
​လေစွ။

ဦးသုဇာတမှာ စာများလည်​း မလှည်​့နိုင်​
ဘုရားလည်​း ဝတ်​မတက်​နိုင်​ဖြစ်​​နေ​ပေရာ
စားလည်​းသည်​စိတ်​၊ သွားလည်​းသည်​စိတ်​
ဖြစ်​​နေသည်​့အတွက်​ ဆွမ်​းခံပင်​ မကြွနိုင်​
​တော့​ချေ။ ကြွလည်​း မကြွရဲ။

လပြည်​့ဝန်​းမှာလည်​း ထို့အတူပင်​ ဖြစ်​​လေရာ
ဘဝချင်​း မတူသည်​က တစ်​​ကြောင်​း၊
ပတ်​ဝန်​းကျင်​တို့၏ ​"​ကျောင်​းကြီးဖျက်​မ"ဟု
​အ​ခေါ်မခံဝံ့သည်​က တစ်​​ကြောင်​း အမျိုးမျိုး​သော
အ​ကြောင်​းတို့​ကြောင်​့ ချစ်​စိတ်​ကို မြိုသိပ်​ကာ
ရင်​၌သာ သိုသိပ်​ခဲ့ရပါသည်​။

"ချစ်​တိုင်​းမညား"​သော သ​ဘောကို
ဦးသုဇာတ ​ကောင်​း​ကောင်​းနားလည်​လိုက်​ပါပြီ။
ဦးသုဇာတသည်​ စာလည်​းမလုပ်​၊ ဆွမ်​းခံလည်​း
မကြွ၊ ဆွမ်​းလည်​းမစားဘဲ အိ်ပ်​ရာထဲ၌သာ
တစ်​​ခွေ​ခွေနှင်​့ ​နေ​လေ​တော့သည်​။
သူငယ်​ချင်​းများက ​မေး​သော်​လည်​း မည်​သို့မျှ
မ​ဖြေ။

ဦးသုဇာတ၌ အစာအိမ်​​ရောဂါရှိ​​နေသည်​ကို
သူကိုယ်​တိုင်​ပင်​ မသိ။ ငါးရက်​​မြောက်​​သော​နေ့
တွင်​ သတိ​လစ်​သွားသည်​့အတွက်​ သူငယ်​ချင်​း
များက ဆရာ့ထံ​လျှောက်​၍ ​ဆေးခန်​းသွားပြကြရာ
ဦးသုဇာတ၏ တစ်​ဘဝတာခရီးသည်​
​ဆေးရုံ​ရောက်​၍ တစ်​နာရီကြာလျှင်​ပင်​ နိဂုံး
ချုပ်​သွား​လေ​တော့သည်​။

ဦးသုဇာတမှာ မည်​သူ့ကိုမျှ တိုင်​ပင်​​လေ့ရှိသူ
မဟုတ်​​လေရာ လိုက်​ပို့ကြသည်​့ သူငယ်​ချင်​းများ
သည်​ပင်​ အဘယ်​့​ကြောင်​့ ခုလို ဖြစ်​သွားသည်
​ကို မသိကြ။

ရဟန်​း​တစ်​ပါး၏ အချစ်​ခရီးသည်​ ကြမ်​းတမ်​း
​လေစွ။  ရဟန်​းတစ်​ပါး၏ နှလုံးသားများသည်​
မြိုသိပ်​နိုင်​စွမ်​း​လေစွ။

ယခုတိုင်​ပင်​ မန်​း​လေးမြို့​မြောက်​အရပ်​ရှိ
ကြာနီကန်​​(​အေးရိပ်​ငြိမ်​)သုဿာန်​၌ ဦးသုဇာတ၏
အုတ်​ဂူ​ဖွေး​ဖွေး​လေးကို ​တွေ့မြင်​နိုင်​ပါသည်​။

အုတ်​ဂူ​လေး၌ ​ရင်​နင်​့ဖွယ်​ စာ​လေးတစ်​​ကြောင်​း
ကို ​ရေးသားထား၏။ ၎င်းမှာ ​အောက်​ပါအတိုင်​း
ဖြစ်​ပါ၏။

" အရှင်​သုဇာတ
  အသက်​ ၂၀ နှစ်​၊

  ဘဝဆက်​တိုင်​းဆက်​တိုင်​း ဘဝမတူသူတို့နှင်​့
  ချစ်​ခင်​ကြင်​နာရခြင်​းမှ ကင်​း​ဝေးရပါလို၏"

*********************************
#Credit to ​မောင်​​ခေမိန်​(မ​ကွေး)
              Apr 2,18. 7:20 PM


No comments:

Post a Comment