........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Mar 23, 2018

"တိရစ္ဆာန်လေးတွေက ပေးတဲ့သင်ခန်းစာ''

ခေါင်းဆောင်ဆိုတာ…

ပုံမှာပါတဲ့ ဝံပုလွေအုပ်ကို ကြည့်စမ်းပါ

အရှေ့ဆုံးမှာ သုံးကောင်
အဲဒီသုံးကောင်က အုပ်စုထဲမှာ အသက်ရွယ်အိုမင်းပြီးတော့ နာမကျန်းဖြစ်နေကြတဲ့ အကောင်တွေဖြစ်တယ်
သူတို့ကို ရှေ့ဆုံးမှာထားရတဲ့အကြောင်းက အုပ်စု အနောက်မှာ မကျန်ခဲ့ဖို့အတွက်ဖြစ်တယ်

သုံးကောင်အနောက်က ငါးကောင်ကတော့ အုပ်စုထဲမှာအသန်မာဆုံးနဲ့ တိုက်ရည်ခိုက်ရည် အကောင်းဆုံးအကောင်တွေပါ
သူတို့ရဲ့ တာဝန်က တကယ်လို့ အရှေ့ကနေပြီးတော့ တစ်စုံတစ်ခုက အုပ်စုကို တိုက်ခိုက်လာမယ်ဆိုရင် အကာအကွယ်ပေးဖို့ ဖြစ်တယ်

ငါးကောင်ရဲ့အနောက်က ဝံပုလွေအတန်းကတော့ အုပ်စုထဲမှာ ပါတဲ့ အစောင့်ရှောက်ခံ အကောင်တွေဖြစ်တယ်
အတန်းရဲ့နောက်က ငါးကောင်ကတော့ ရှေ့က ငါးကောင်လိုပဲ အသန်မာဆုံးနဲ့ တိုက်ခိုက်ရည် အကောင်းဆုံး ငါးကောင်ဖြစ်တယ်
သူတို့ကတော့ အနောက်က တစ်စုံတစ်ခု ပြဿနာဖြစ်လာရင် ကာကွယ်ပေးဖို့တာဝန်ရှိတယ်

ဟိုးအဝေးမှာရှိနေတဲ့ တစ်ကောင်တည်းသော ဝံပုလွေကတော့ သူတို့ရဲ့ ခေါင်းဆောင်ပါပဲ

နောက်မှာ ဘယ်သူမှမကျန်အောင် သူနောက်ဆုံးကနေ စောင့်ကြည့်တယ်
အုပ်စုတစ်ခုလုံးကို လမ်းကြောင်းတစ်ခုတည်းမှာပဲ ရှိနေအောင်လု့ိလည်း ထိန်းသိမ်းထားတယ်
သူ့ရဲ့နေရာကနေ အုပ်စုရဲ့ ဘယ်နေရာကိုမဆို အလျင်အမြန်သွားပြီး အုပ်စုတစ်ခုလုံးကို ကာကွယ်နိုင်တယ်

လူတွေက အမြဲမေးတယ်
ခေါင်းဆောင်ဆိုတာ ဘာလဲ …

တကယ်တော့ အရှေ့ဆုံးမှာ ရှိနေမှခေါင်းဆောင်မဟုတ်ပါဘူး
အဖွဲ့အစည်းတစ်ခုလုံးကို ကာကွယ်စောင့်ရှောက်နိုင်မှာသာ ခေါင်းဆောင်လို့ ခေါ်ဆိုထိုက်ပါတယ်

Credit original uploader


No comments:

Post a Comment