........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Jan 5, 2017

"မာနမၾကီးနဲ့"

"မာနမၾကီးနဲ့"
🌝🌝🌝🌝🌝🌝
မာနသိပ္မၾကီးပါနဲ႔။ကိုယ့္ကုိယ္ကို သိပ္အထင္ၾကီးျပီးေတာ့ သူမ်ားကိုအထင္မေသးပါနဲ႔။
ကိုယ္အထင္ေသးထားတဲ့သူက ကိုယ္အထင္ေသးသလို ဟုတ္ခ်င္မွာလည္းဟုတ္မွာပါ။
အခုေလာေလာဆယ္မွာ ကိုယ့္ရဲ႕အထင္ေသးစရာ ျဖစ္ေနေပမယ့္ တစ္ခ်ိန္မွာ
ကိုယ့္ထက္သာခ်င္သြားမွာပဲ။ ကိုယ္အထင္ၾကီးစရာ အေနအထားမ်ဳိးေရာက္ခ်င္
ေရာက္သြားမွာပဲ။ကိုယ့္ကိုယ္ကို အထင္ၾကီးျပီး သူမ်ားကိုအထင္ေသးတဲ့စိတ္နဲ႔ မေျပာသင့္
မေျပာသင့္ထိုက္တာ ေျပာ၊မလုပ္သင့္ မလုပ္ထိုက္တာလုပ္မိရင္ ကိုယ္ပဲျပန္ျပီး ဒုကၡေရာက္
တတ္ပါတယ္။

၀ိဋဋဴဘဇာတ္ကို ျပန္ၾကည့္လိုက္ေပါ့။ကြ်န္မက ေမြးတဲ့သားဆိုျပီးေတာ့ ၀ိဋဋဴဘထိုင္သြားတဲ့
ေနရာႏြားႏို႔ရည္နဲ႔ ေဆးလိုက္ေတာ့ ဟိုကရန္ျငိဳးဖြဲ႕ျပီး မင္းတို႔က ႏြားႏို႔နဲ႔ပဲေဆးတယ္။ ငါက မင္းတို႔
လည္ေခ်ာင္းေသြးနဲ႔ေဆးမယ္လုပ္လိုက္တာ။ ဘုရားမ်ဳိး သာကီ၀င္ေတြ တစ္ေဆြလံုး တစ္မ်ဳိးလံုး
အသတ္ခံရပါတယ္။ဒါဟာ မာနလြန္ကဲလို႔ ကိုယ့္ကိုယ္ကို သိပ္အထင္ၾကီးလြန္းလို႔ ၾကံဳေတြ႔ရတဲ့
ဆိုးက်ဳိးေတြပဲ။

ကိုယ့္ကိုယ္ကို သိပ္အထင္ၾကီးလြန္းတဲ့သူဟာ သူမ်ားကိုအလိုလိုေနရင္း အထင္ေသးသြား
တတ္တယ္။ ျမင္ျမင္သမွ်လူကို လူလို႔ေတာင္မထင္ေတာ့ဘူး။ေလာကၾကီးမွာ လူနဲ႔တူတဲ့လူဆိုလို႔
ငါတစ္ေယာက္ပဲရိွတယ္လို႔ အထင္ေရာက္သြားတယ္။ဘယ္သူမွ ငါ့ေလာက္မရိွဘူး ဘယ္သူ႔မွ
ငါ့ေလာက္ မသိဘူးလို႔ ဘ၀င္ျမင့္သြားတယ္။ကိုယ့္ကိုယ္ကို သိပ္အထင္ၾကီးလြန္းအားၾကီးေတာ့
လူအခ်င္းခ်င္း ေျပာဆိုဆက္ဆံတဲ့ေနရာမွာ သူတစ္ဖက္သားကို အထင္ေသးတဲ့စကားမ်ဳိး၊
ႏိွမ့္ခ်တဲ့စကားမ်ဳိးေျပာမိတတ္တယ္။ ဆရာၾကီးေလသံနဲ႔ အထက္စီးကေန လံုးၾကီးတင္ေျပာမိတတ္တယ္။

အထင္ေသးစကားေျပာခံရတဲ့ တစ္ဖက္သားက ငါ့ကို အထင္ေသးတဲ့စကားေျပာတယ္ဆိုျပီး
ကိုယ့္အေပၚနာက်ည္းမုန္းတီးသြားတယ္။ နဂိုကကူညီေနတဲ့လူကလည္း မကူညီေတာ့ဘူး။
နဂိုကေစာင့္ေရွာက္တဲ့သူလည္း မေစာင့္ေရွာက္ေတာ့ဘူး။နဂိုကေပါင္းသင္းေနတဲ့လူကလည္း
မေပါင္းသင္းေတာ့ဘူး။ ကိုယ့္ကိုယ္ကို အထင္ၾကီးျပီးသူမ်ားကို အထင္ေသးျခင္းေၾကာင့္
ကိုယ္ပဲအက်ဳိးဆုတ္ယုတ္ရတယ္။

မာနၾကီးတယ္ဆိုတဲ့စကားကို အထင္ၾကီးတယ္လို႔ သံုးႏႈန္းထားတာေလးကိုက အင္မတန္
စိတ္၀င္စားဖို႔ေကာင္းတယ္။တရားသေဘာေတြ အမ်ားၾကီးပါတယ္။အထင္ၾကီးတယ္ဆိုကတည္းက
အျမင္ၾကီးတာမွ မဟုတ္ဘဲ။ အမွန္တကယ္ လက္ေတြ႔ေတြ ၾကီးေနတာမွ မဟုတ္ဘဲ။“အထင္”
ေတြပဲၾကီးေနတာ။တကယ္ေတာ့ ေလာကမွာ အထင္ၾကီးတယ္ဆိုတာ အထင္ေတြပဲရိွတာ။
မာနၾကီးေလာက္စရာ၊ ဘ၀ျမင့္ေလာက္စရာ ၊ေျခဖ်ားေထာက္ေလာက္စရာဆိုတာ တကယ္ေတာ့
ဘာမွမရိွဘူး။

ပစၥည္းဥစၥအေနနဲ႔ တစ္ေလာကလံုး တစ္ကမာၻလံုးမွာရိွတဲ့ လူေတြကို သူတို႔ဘာမွမလုပ္ဘဲနဲ႔
စားနိဳင္ေသာက္နိဳင္တယ္ေလာက္ေအာင္ ေကြ်းနိဳင္၊ ေပးနိဳင္၊စြန္႔လွဴနိဳင္တဲ့ အေနအထားမ်ဳိး
ကိုယ့္မွာရိွေနျပီးလား။သက္ရိွသတၱ၀ါမွန္သမွ်ကို အခ်ိန္တိုင္းလိုသေလာက္ ေပးလွဴနိဳင္ေလာက္
ေအာင္ ကိုယ့္မွာမရိွေသးပါဘူး။ဒါဆို ပစၥည္းဥစၥာကို အေၾကာင္းျပဳျပီးေတာ့ ဘာလို႔ မာနျဖစ္ေန
ဦးမွာလဲ။မာနျဖစ္တယ္ဆိုရင္ ကိုယ့္ပစၥည္းဥစၥာေတြကို မာနျဖစ္ေလာက္စရာလို႔ ရူးသြပ္စြာ
ထင္ေနတဲ့ စိတ္ကူးယွဥ္အထင္မွ်သာပါပဲ။မာနၾကီးတာဟာ အထင္သက္သက္ၾကီးတာပါ။
အထင္ဆိုတဲ့ သဘာ၀ကိုက မေကာင္းတဲ့ ဥစၥာ၊ အထင္ၾကီးတယ္ဆိုေတာ့ ပိုဆိုးတာေပါ့။

ရာထူးအေနနဲ႔လည္း တစ္ေလာကလံုး၊ တစ္ကမာၻလံုးကို လႊမ္းမိုးနိဳင္ေလာက္ေအာင္ ကိုယ့္မွာ
ရာထူးအာဏာေတြ ရိွေနျပီလား။ပညာအေနနဲ႔လည္း သိသင့္သိထိုက္တဲ့ ေလာကီ ေလာကုတၱရာ
အေၾကာင္းအရာအားလံုးကို သဗၺညဳတဉာဏ္ေတာ္ၾကီးနဲ႔ တန္းတူးယွဥ္နိဳင္ေလာက္ေအာင္
ကိုယ့္မွာ သိေန၊ တတ္ေနျပီလား။အဲ့ဒီလိုအားျဖင့္ မာနၾကီးေလာက္စရာလို႔ ကိုယ့္ထင္ေနတဲ့
အရာေတြကို အျမင့္မားဆံုး၊ အၾကီးက်ယ္ဆံုးစံခ်ိန္ေတြနဲ႔ မွတ္ေက်ာက္တင္
စစ္ေဆးၾကည့္လိုက္ပါ။အစစ္ေဆးမခံနိဳင္ဘူးဆိုရင္ မာနမၾကီးပါနဲ႔။အထင္ၾကီးမေနနဲ႔ပါနဲ႕။

မာနၾကီးတယ္ဆိုရင္ အထင္သက္သက္ၾကီးေနတာပဲ ျဖစ္မွာပါ။အထင္ဟာ အထင္ပါပဲ။
အျမင္မဟုတ္ပါဘူး။ အမွန္မဟုတ္ပါဘူး။တကယ္လက္ေတြ႔ မဟုတ္ပါဘူး။

ကိုယ့္ကိုယ္ကို တကယ္အထင္မၾကီးေတာ့ဘူးဆိုရင္ သူတစ္ပါးကိုလည္း အထင္မေသးေတာ့တဲ့
အတြက္ စိတ္ေနစိတ္ထားေရာ၊ အေျပာအဆို၊ အျပဳအမူပါ ပတ္၀န္းက်င္နဲ႔
သဟဇာတျဖစ္လာလို႔ ေပါင္းသင္းဆက္ဆံေရး ပိုအဆင္ေျပလာတဲ့အျပင္ မျပစ္မွားသင့္ မျပစ္မွားထိုက္တဲ့သူေတြကိုလည္း မျပစ္မွားေတာ့တဲ့အတြက္ စိတ္အပူ၊
ဘ၀အပူေတြကင္းရွင္းျပီး ျငိမ္းေအးေပ်ာ္ရႊင္ရပါေတာ့တယ္။

{ အရွင္ဆႏၵာဓိက(ေရႊပါရမီေတာရ)}

(ျငိမ္းေအးေသာဘ၀ပိုင္ရွင္ျဖစ္ဖို႕မွ ေကာက္ႏႈတ္ခ်က္)

ဓမၼမိတ္ေဆြမ်ား က်န္းမာခ်မ္းသာၾကပါေစဗ်ာ

ဤဓမၼဒါနေၾကာင့္ သာသနာေတာ္ကိုေထာက္ပံ့နိဳင္ျပီး နိဗၺာန္၏ အေထာက္အပံ့ျဖစ္ေစသား။

ဓမၼမိတ္ေဆြမ်ားက်န္းမာခ်မ္းသာၾကပါေစဗ်ာ.....

"မာနမကြီးနဲ့"
**************
မာနသိပ်မကြီးပါနဲ့။ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီးတော့ သူများကိုအထင်မသေးပါနဲ့။
ကိုယ်အထင်သေးထားတဲ့သူက ကိုယ်အထင်သေးသလို ဟုတ်ချင်မှာလည်းဟုတ်မှာပါ။
အခုလောလောဆယ်မှာ ကိုယ့်ရဲ့အထင်သေးစရာ ဖြစ်နေပေမယ့် တစ်ချိန်မှာ
ကိုယ့်ထက်သာချင်သွားမှာပဲ။ ကိုယ်အထင်ကြီးစရာ အနေအထားမျိုးရောက်ချင်
ရောက်သွားမှာပဲ။ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူများကိုအထင်သေးတဲ့စိတ်နဲ့ မပြောသင့်
မပြောသင့်ထိုက်တာ ပြော၊မလုပ်သင့် မလုပ်ထိုက်တာလုပ်မိရင် ကိုယ်ပဲပြန်ပြီး ဒုက္ခရောက်
တတ်ပါတယ်။

၀ိဋဋူဘဇာတ်ကို ပြန်ကြည့်လိုက်ပေါ့။ကျွန်မက မွေးတဲ့သားဆိုပြီးတော့ ၀ိဋဋူဘထိုင်သွားတဲ့
နေရာနွားနို့ရည်နဲ့ ဆေးလိုက်တော့ ဟိုကရန်ငြိုးဖွဲ့ပြီး မင်းတို့က နွားနို့နဲ့ပဲဆေးတယ်။ ငါက မင်းတို့
လည်ချောင်းသွေးနဲ့ဆေးမယ်လုပ်လိုက်တာ။ ဘုရားမျိုး သာကီ၀င်တွေ တစ်ဆွေလုံး တစ်မျိုးလုံး
အသတ်ခံရပါတယ်။ဒါဟာ မာနလွန်ကဲလို့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းလို့ ကြုံတွေ့ရတဲ့
ဆိုးကျိုးတွေပဲ။

ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းတဲ့သူဟာ သူများကိုအလိုလိုနေရင်း အထင်သေးသွား
တတ်တယ်။ မြင်မြင်သမျှလူကို လူလို့တောင်မထင်တော့ဘူး။လောကကြီးမှာ လူနဲ့တူတဲ့လူဆိုလို့
ငါတစ်ယောက်ပဲရှိတယ်လို့ အထင်ရောက်သွားတယ်။ဘယ်သူမှ ငါ့လောက်မရှိဘူး ဘယ်သူ့မှ
ငါ့လောက် မသိဘူးလို့ ဘ၀င်မြင့်သွားတယ်။ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်းအားကြီးတော့
လူအချင်းချင်း ပြောဆိုဆက်ဆံတဲ့နေရာမှာ သူတစ်ဖက်သားကို အထင်သေးတဲ့စကားမျိုး၊
နှိမ့်ချတဲ့စကားမျိုးပြောမိတတ်တယ်။ ဆရာကြီးလေသံနဲ့ အထက်စီးကနေ လုံးကြီးတင်ပြောမိတတ်တယ်။

အထင်သေးစကားပြောခံရတဲ့ တစ်ဖက်သားက ငါ့ကို အထင်သေးတဲ့စကားပြောတယ်ဆိုပြီး
ကိုယ့်အပေါ်နာကျည်းမုန်းတီးသွားတယ်။ နဂိုကကူညီနေတဲ့လူကလည်း မကူညီတော့ဘူး။
နဂိုကစောင့်ရှောက်တဲ့သူလည်း မစောင့်ရှောက်တော့ဘူး။နဂိုကပေါင်းသင်းနေတဲ့လူကလည်း
မပေါင်းသင်းတော့ဘူး။ ကိုယ့်ကိုယ်ကို အထင်ကြီးပြီးသူများကို အထင်သေးခြင်းကြောင့်
ကိုယ်ပဲအကျိုးဆုတ်ယုတ်ရတယ်။

မာနကြီးတယ်ဆိုတဲ့စကားကို အထင်ကြီးတယ်လို့ သုံးနှုန်းထားတာလေးကိုက အင်မတန်
စိတ်၀င်စားဖို့ကောင်းတယ်။တရားသဘောတွေ အများကြီးပါတယ်။အထင်ကြီးတယ်ဆိုကတည်းက
အမြင်ကြီးတာမှ မဟုတ်ဘဲ။ အမှန်တကယ် လက်တွေ့တွေ ကြီးနေတာမှ မဟုတ်ဘဲ။“အထင်”
တွေပဲကြီးနေတာ။တကယ်တော့ လောကမှာ အထင်ကြီးတယ်ဆိုတာ အထင်တွေပဲရှိတာ။
မာနကြီးလောက်စရာ၊ ဘ၀မြင့်လောက်စရာ ၊ခြေဖျားထောက်လောက်စရာဆိုတာ တကယ်တော့
ဘာမှမရှိဘူး။

ပစ္စည်းဥစ္စအနေနဲ့ တစ်လောကလုံး တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေကို သူတို့ဘာမှမလုပ်ဘဲနဲ့
စားနိုင်သောက်နိုင်တယ်လောက်အောင် ကျွေးနိုင်၊ ပေးနိုင်၊စွန့်လှူနိုင်တဲ့ အနေအထားမျိုး
ကိုယ့်မှာရှိနေပြီးလား။သက်ရှိသတ္တဝါမှန်သမျှကို အချိန်တိုင်းလိုသလောက် ပေးလှူနိုင်လောက်
အောင် ကိုယ့်မှာမရှိသေးပါဘူး။ဒါဆို ပစ္စည်းဥစ္စာကို အကြောင်းပြုပြီးတော့ ဘာလို့ မာနဖြစ်နေ
ဦးမှာလဲ။မာနဖြစ်တယ်ဆိုရင် ကိုယ့်ပစ္စည်းဥစ္စာတွေကို မာနဖြစ်လောက်စရာလို့ ရူးသွပ်စွာ
ထင်နေတဲ့ စိတ်ကူးယှဉ်အထင်မျှသာပါပဲ။မာနကြီးတာဟာ အထင်သက်သက်ကြီးတာပါ။
အထင်ဆိုတဲ့ သဘာ၀ကိုက မကောင်းတဲ့ ဥစ္စာ၊ အထင်ကြီးတယ်ဆိုတော့ ပိုဆိုးတာပေါ့။

ရာထူးအနေနဲ့လည်း တစ်လောကလုံး၊ တစ်ကမ္ဘာလုံးကို လွှမ်းမိုးနိုင်လောက်အောင် ကိုယ့်မှာ
ရာထူးအာဏာတွေ ရှိနေပြီလား။ပညာအနေနဲ့လည်း သိသင့်သိထိုက်တဲ့ လောကီ လောကုတ္တရာ
အကြောင်းအရာအားလုံးကို သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ တန်းတူးယှဉ်နိုင်လောက်အောင်
ကိုယ့်မှာ သိနေ၊ တတ်နေပြီလား။အဲ့ဒီလိုအားဖြင့် မာနကြီးလောက်စရာလို့ ကိုယ့်ထင်နေတဲ့
အရာတွေကို အမြင့်မားဆုံး၊ အကြီးကျယ်ဆုံးစံချိန်တွေနဲ့ မှတ်ကျောက်တင်
စစ်ဆေးကြည့်လိုက်ပါ။အစစ်ဆေးမခံနိုင်ဘူးဆိုရင် မာနမကြီးပါနဲ့။အထင်ကြီးမနေနဲ့ပါနဲ့။

မာနကြီးတယ်ဆိုရင် အထင်သက်သက်ကြီးနေတာပဲ ဖြစ်မှာပါ။အထင်ဟာ အထင်ပါပဲ။
အမြင်မဟုတ်ပါဘူး။ အမှန်မဟုတ်ပါဘူး။တကယ်လက်တွေ့ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို တကယ်အထင်မကြီးတော့ဘူးဆိုရင် သူတစ်ပါးကိုလည်း အထင်မသေးတော့တဲ့
အတွက် စိတ်နေစိတ်ထားရော၊ အပြောအဆို၊ အပြုအမူပါ ပတ်၀န်းကျင်နဲ့
သဟဇာတဖြစ်လာလို့ ပေါင်းသင်းဆက်ဆံရေး ပိုအဆင်ပြေလာတဲ့အပြင် မပြစ်မှားသင့် မပြစ်မှားထိုက်တဲ့သူတွေကိုလည်း မပြစ်မှားတော့တဲ့အတွက် စိတ်အပူ၊
ဘ၀အပူတွေကင်းရှင်းပြီး ငြိမ်းအေးပျော်ရွှင်ရပါတော့တယ်။

{ အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)}

(ငြိမ်းအေးသောဘ၀ပိုင်ရှင်ဖြစ်ဖို့မှ ကောက်နှုတ်ချက်)

ဓမ္မမိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေဗျာ

ဤဓမ္မဒါနကြောင့် သာသနာတော်ကိုထောက်ပံ့နိုင်ပြီး နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်စေသား။

ဓမ္မမိတ်ဆွေများကျန်းမာချမ်းသာကြပါစေဗျာ.....

_/\\_ _/\\_ _/\\_

Pay Thoe.

No comments:

Post a Comment