........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jul 4, 2016

ဝါဆိုရခြင်းအကြောင်း

မြတ်စွာဘုရား ရာဇဂြိုဟ်ပြည်  ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေစဉ်-

ရဟန်းတော်တို့အား ဝါဆိုဝါကပ်ခြင်းကို ပညတ်တော်မမူရသေးသောကြောင့်
ရဟန်းတော်တို့သည် ဆောင်း နွေ မိုးဥတုသုံးပါးလုံး ဒေသစာရီအဖြစ်
ဟိုဟို ဒီဒီ လှည့်လည်သွားလာကြသော အလေ့ ရှိကြကုန်၏။

ထိုသို့ အချိန်ပြည့်သွားလာနေကြသောအခါ
လူအများက --

" သာကီဝင်မင်းသား ဘုရားသားတော်များဖြစ်ကြသော ရဟန်းတော်တို့သည် 
အဘယ်ကြောင့် ဆောင်း နွေ မိုး ဥတုသုံးပါးလုံး
(အသက်ရှိသည်ဟု ထင်မြင်ယူဆသောကြောင့် )အသက်ရှိသော မြက်ပင်တို့ကို နင်းချေကုန်လျက် သူတပါးအသက်ဟု ဆိုအပ်သော တစ်ခုသော ဇီဝိတိနြေ္ဒကို ညှဉ်းဆဲကာ
သေးငယ်သည့် များစွာသော သတ္တဝါတို့အား  ပျက်စီးခြင်းသို့ ရောက်စေပြီး
ဟိုဟိုဒီဒီ ဒေသစာရီ လှည့်လည်သွားလာနေကြကုန်ဘိသနည်း"

"မိစၧာအယူရှိသော သာသနာပ တိတိၳတို့သော်မှလည်း မိုးလတို့ပတ်လုံး
ခရီးဟိုဒီမသွားဘဲ မိမိတို့နေထိုင်ရာ ကျောင်းအသီးသီးမှာသာ နေထိုင်ကြကုန်သေး၏၊ "

"ငှက်ကလေးတို့သော်မှလည်း သစ်ပင်အဖျားတို့၌ အသိုက်ပြုကာ မိုးလတို့ပတ်လုံး
ကြောင့်ကြမဲ့ စွဲမြဲစွာ နေကြကုန်သေး၏။ "

" ဤသာကီဝင်မင်းသား ဘုရားသားတာ် ဖြစ်သော ရဟန်းတော်တို့သည်ကား
ဆောင်း နွေ မိုးဥတုသုံးပါးလုံး စိမ်းရှင်သော မြက်ပင်တို့ကို နင်းချေကုန် လျက်
အသက်ဟု ဆိုအပ်သော တစ်ခုသော ဣနြေ္ဒကို ညှဉ်းဆဲကာ
သေးငယ်သည့် များစွာသော သတ္တဝါတို့ကို ပျက်စီးခြင်းသို့ ရောက်စေပြီး
ဟိုဟိုဒီဒီဒေသစာရီ လှည့်လည်သွားလာနေကြကုန်၏'' ဟု
ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

ထိုကဲ့သို့ လူတို့၏ ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော  စကားသံများကို ကြားကြရသောအခါ
ရဟန်းတို့သည်  မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းနှင့်စပ်သော တရားစကားကို ဟောတော်မူ၍
ရဟန်းတို့အား ''  ‘‘အနုဇာနာမိ, ဘိက္ခဝေ, ဝဿံ ဥပဂန္တုံ’’ ရဟန်းတို့ ဝါကပ်စိမ့်သောငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။

ဟူသော မဟာဝါပါဠိတော်လာ ဝါဆိုရခြင်းအကြောင်းဖြစ်ပါသည်။
မဟာဝဂ္ဂပါဠိ (ဝိနယပိဋက): ၁၉၂

"ဝါဆိုပုံ"

‘ဣမသ္မိံ ဝိဟာရေ ဣမံ, တေမာသံ ဝဿံ ဥပေမိ " ဟု
ရွတ်ဆိုရပါသည်။

" ဝါဆိုဝါကပ်ခြင်း နှစ်မျိုး"

ဝါဆိုဝါကပ်ခြင်းဟူသည်မှာ ပုရိမဝါကပ်ခြင်း၊ ပစိၧမဝါကပ်ခြင်းဟူ၍ နှစ်မျိုးရှိ၍။
ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါဆို ဝါကပ်ခြင်းကို ပုရိမဝါကပ်ခြင်း ခေါ်တွင်၍၊
အကြောင်းအားလျှော်စွာ
ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါမဆိုလိုက်ရသော သံဃာများအတွက်
'ဝါခေါင်လပြည့်ကျော်တစ်ရက်' နေ့၌ ဝါဆိုဝါကပ်ပြုခြင်းကို ပစိၧမဝါကပ်ခြင်းဟု ခေါ်တွင်ပါသည်၊

ပုရိမိကာ, ပစၧိမိကာ။
အပရဇ္ဇုဂတာယ အာသာဠှိယာ ပုရိမိကာ ဥပဂန္တဗ္ဗာ,
မာသဂတာယ အာသာဠှိယာ ပစၧိမိကာ ဥပဂန္တဗ္ဗာ –
ဣမာ ခေါ, ဘိက္ခဝေ, ဒွေ ဝဿူပနာယိကာတိ။

ထို့ကဲ့သို့ ဝါဆိုဝါကပ်ခြင်းနှစ်မျိုးရှိပါသည်။
မဟာဝဂ္ဂပါဠိ (ဝိနယပိဋက): ၁၉၂

" တုံ သုံးတုံ"

ဝါဆိုကြသည့် သံဃာများအနေဖြင့် ဝါတွင်းမှာ မိမိတို့နေထိုင်ရာ ကျောင်းအသီးသီး၌သာ
သီတင်းသုံးနေထိုင်ကြရမည်ဖြစ်ပြိီး

ဝါတွင်း၌ မဖြစ်မနေ ခရီးသွားခွင့်ရသည့် အကြောင်းသုံးခုမှာ

ဒါနဉ္စ ဒါတုံ။
ဓမ္မဉ္စ သောတုံ။
ဘိက္ခု စ ပဿိတုံ -- ဟူသော အကြောင်းသုံးမျိုးဖြစ်ပါသည်
ထို အကြောင်း သုံးမျိုးဖြစ်သော  " တုံ သုံးတုံ" ကို
အနုပညတ် ခြွင်းချက်အနေနဲ့ မြတ်စွာဘုရားက ခွင့်ပြုတော်မူခဲ့ပါသည်။

၁။ ဒါတုံ- တစုံတယောက်က အလှူဒါနပြုလုပ်လို၍ ပင့်လျှောက်သောအခါ။
၂။ သောတုံ- တစုံတယောက်က တရားဓမ္မကိုကြားနာလို၍ ပင့်လျှောက်သောအခါ။
၃။ ပဿိတုံ- တစုံတယောက်က ဖူးမြင်လို၍ ပင့်လျှောက်သောအခါ။
ဝါပန်၍ ခရီးသွားနိုင်သည် ။
၇ -ရက်မတိုင်မီ ပြန်ရောက်ရမည် ။ ၇ ရက်အတွင်း ဝါဆိုရာ ကျောင်း နေရာ သို့ ပြန်ရောက်အောင်လာမည်ဟု ဆုံးဖြတ်၍ စိတ်တွင်းမှသာ ကြံဆ၍ သွားလျှင်လည်း ရပါသေးသည်။

‘အာဂစၧန္တု  အယျာ, ဣစၧာမိ ဒါနဉ္စ ဒါတုံ, ဓမ္မဉ္စ သောတုံ, ဘိက္ခူ စ ပဿိတု’’န္တိ, ဂန္တဗ္ဗံ, ဘိက္ခဝေ, သတ္တာဟကရဏီယေန, ပဟိတေ, န တွေဝ အပ္ပဟိတေ။ သတ္တာဟံ သန္နိဝတေ္တာ ကာတဗေ္ဗာတိ။
မဟာဝဂ္ဂပါဠိ (ဝိနယပိဋက): ၁၉၄

ဝါဆိုခြင်းအကြောင်း သီးသန့်ခွဲတင်ပေးပါဟု တောင်းဆိုထားလို့

မဟာဝါပါဠိတော်လာ ဝါဆိုခြင်းအကြောင်း အကျဉ်းဖော်ပြပါသည် ။

Credit to>>U Thu Mu Kha
══════════════════

No comments:

Post a Comment