........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 3, 2016

ခမ်းကောင်စာကို သင်ရမှာလား၊ ခမ်းဒွမ်စာကို သင်ရမှာလား

ခမ်းကောင်စာကို သင်ရမှာလား၊ ခမ်းဒွမ်စာကို သင်ရမှာလား

ပအိုဝ်းစာကို ပွင့်ပွင့်လင်းလင်းနဲ့ အခွင့်အရေးရ သင်ခွင့်ရနေတဲ့အချိန်မှာ စာနှစ်မျိုးဖြစ်နေတဲ့ ဘယ်ပအိုဝ်းစာကို သင်ရမှာလဲဆိုတာ ပအိုဝ်းလူငယ်တွေကြားထဲမှာ ခဏခဏ ဝေဖန်ပြောကြားနေကြပါတယ်။ ဒါလည်း ပအိုဝ်းတိုင်းရင်းသားတွေကြားမှာ အငြင်းအခုံ ဖြစ်နေတဲ့ နှစ်ရှည်လများကြာ ပြသာနာ တခုပါ။

ဒါကို ပအိုဝ်းခေါင်းဆောင်တွေ၊ ပြည်သူတွေ၊ ပအိုဝ်းစာတီထွင်ခဲ့တဲ့ ပညာရှင်တွေ အမြန်ဆုံး အဖြေရှာသင့်နေပါပြီး။  အခုချိန်မှာ လူငယ်တွေ အဓိက ပြောတာကလည်း ဘယ်ပအိုဝ်းစာကို သင်ရမလဲပေါ့။ အချို့သော ပအိုဝ်းနှင့် ဆိုင်တဲ့ အစည်းအဝေတွေမှာ ပြောနေကြတာကတော့ လူငယ်တွေအနေနဲ့ ပအိုဝ်းစာ တခုတည်းဖြစ်လာရေးအတွက် ပွင့်ပွင့်လင်းလင်းနှင့် တောင်းဆို လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။ သို့မဟုတ်ရင် ဒီပအိုဝ်းစာကိစ္စက တော်တော်လေးနဲ့ ပြေလည်မယ့်ပုံ မပေါ်ဖူးလို့ ပြောဆိုသုံးသပ်နေကြပါတယ်။

ပအိုဝ်းစာတခုတည်း ဖြစ်ရေးအတွက်ဆိုရင် စာနှစ်ခုရှိနေတဲ့ ပအိုဝ်းစာကို တခုတည်းအနေနဲ့ ပေါင်းမှာလား။ တခုကို ဖျက်သိမ်းပြီး၊ ကျန်ရှိနေတဲ့ တခုကိုထားမှာလား။ ဒါမှမဟုတ် နှစ်ခုစလုံးကို ဖျက်သိမ်းပြီး အသစ်ပြန်လည်တီထွင်ရေးဆွဲမှာလားဆိုတာ ဒါတွေက အဓိက ပြသာနာတွေပါ။

ပအိုဝ်းစာနှင့် ပတ်သတ်ပြီး အခြားသောပအိုဝ်းတွေရဲ့ ထင်မြင်ယူဆချက်တွေကို နားထောင်ကြည့်တဲ့အခါမှာ လူတိုင်း ပအိုဝ်းစာကို တခုတည်းဖြစ်ချင်နေကြတယ်။ ဒါပေမယ့် ဒီတခုတည်းဖြစ်လာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာက အဓိက အကြောင်းအရင်းပါ။

အရင်တုန်းကလည်း ခမ်းကောင်စာ နှင့် ခမ်းဒွမ်စာ ပြန်လည်ပေါင်းစည်းရေးအတွက် နှစ်ဦးနှစ်ဖက် ပအိုဝ်းလူကြီးတွေ၊ စာပေတီထွင် ဖန်တီးသူတွေ တွေ့ဆုံဆွေးနွေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သို့ပေမယ် ပအိုဝ်းစာ တခုတည်း ဖြစ်မလာခဲ့ပါဘူး။ ယနေ့အထိ သူ့စာ၊ ကိုယ့်စာ အငြင်းအခုံ ဖြစ်နေတုန်းပါဘဲ။

ဒါကြောင့် ပအိုဝ်းစာ တခုတည်းဖြစ်လာရေးအတွက် ပအိုဝ်းလူငယ်အားနဲ့ ၀ိုင်းဝန်း စဉ်းစားဖို့တော့ လိုပါတယ်။

No comments:

Post a Comment