........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Aug 5, 2015

အမေ သားကို ခွင့်ပြုပါ

သား ။ ။ အမေ့ကိုလေ သားမေးစရာလေး တစ်ခုလောက်ရှိလို့
မေးလို့ရမလား ဟင် ... ?
အမေ ။ ။ ဘာမေးဖို့လည်းသားရဲ့ ... မေးလေ
သား ။ ။ အမေ တစ်နေ့ကို အလုပ် လုပ်တာ ဘယ်လောက်ရလဲ .
ဟင် ... ?
အမေဖြစ်သူမှ ဒေါသထွက်သွား၍ ..
အမေ ။ ။ ဘာလဲနင်ကငါရှာကျွေးတာ မလောက်လို့လား
နင့်အတွက် မပြည့်စုံလို့လား .. အေး .. နင်သိပ့်သိချင်
ရင် ငါပြောမယ် ... တစ်နာရီကို ၁၀၀ ရတယ် ...

သားဖြစ်သူ မျက်နှာလေး ညိုးသွား၍ ...

သား ။ ။ ဒါဆို အမေ သားကို အဲ့ထဲက ၅၀ လောက်
ပေးပါလား အမေရယ် ....
အမေ ။ ။ ဘာပြောတယ် ငါဒီလောက်အလုပ် လုပ်ရတာ
ပင်ပင်ပန်းပန်းနဲ့ .. နင်ကငါ့ကို ဟိုဟာဒီဟာ ဝယ်ဖို့
ပိုက်ဆံတောင်းတယ် .သွား ..သွား ..နင်သွားအိပ့်တော့ .

အမေဖြစ်သူ ဆူပူ၍ မောင်းထုတ်လိုက်၏ ....
သားဖြစ်သူမှ စိတ်မကောင်းဖြစ်စွာနှင့် ..အိပ့်ယာသို့ ..
ဝင်သွား၏ ..

အမေ။ ။ အော် .. ငါဒီနေ့ အရမ်းပင်ပန်းလို့ ငါ ငါ့သားလေးကို
ပြောတာ အရမ်းလွန်သွားလား မသိဘူး ..
အမေဖြစ်သူမှ သား၏နောက်မှ လိုက်သွား၍ ....

အမေ။ ။ သား မအိပ့်သေးဘူးလား .... သား လိုချင်တဲ့ ပိုက်ဆံ ၅၀
အမေ ပေးမယ်နော် ....
သားဖြစ်သူမှအလွန်ပျော်သွားပီး အမေအားပြေးဖက်၏ ..

သားဖြစ်သူမှ သူ၏ စုဆောင်းထားသော ငွေ ၅၀ အား
ထုတ်ရာ ... အမေ မြင်သွားသောအခါ ... အမေ ခမျာ
တစ်ခါ ဒေါသထွက်ရပြန်၏ ...

အမေ။ ။ နင် ဒီလောက်ပိုက်ဆံတွေ ဘာသုံးဖို့လဲ ...?
ဘာ လုပ်ဖို့လဲ ...?

သားဖြစ်သူမှ အမေကို မပွင့်တပွင့်ဖြစ် ပြော၏ ..

သား ။ ။ သားမှာစုထားတဲ့ ၅၀ နဲ့ အမေပေးတဲ့ ၅၀ နဲ့ပေါင်းပီး ...
သားလေ အမေ့ဆီမှာ တစ်ခုလောက် . တောင်းဝယ်လို့
ရမလားဟင် ....
အမေ။ ။ ဘာဝယ်မလို့လဲ သားရဲ့ ပြောလေ ...

သား။ ။ ဒီ ၁၀၀ နဲ့ အမေ အခုအလုပ် လုပ်တဲ့အချိန်ထဲက သားကို
တစ်နာရီလောက် ပြန်ရောင်းပါလား ... အမေရယ် ..
သားလေ အမေနဲ့ ထမင်းအတူတူစားချင်လို့ပါ အမေရယ် .

အမေ။ ။ သားရယ် သားဖြစ်ချင်တဲ့ ခံစားချက်ကို အမေ မသိလို့
ပြောမိတာပါ သားရယ် .. အမေ့ကို စိတ်မဆိုးပါနဲ့. ..
သား ...ရယ် ...
အမေဖြစ်သူမှ သားအားပွေ့ဖက်ငို၍ ရင်ကွဲမတတ် ခံစားရပါတော့ တယ် ...............................

{ မိဘကိုချစ်သော သားသမီးများ ခံစားကြည့်ပါနော် }

No comments:

Post a Comment