........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jul 8, 2015

လူတစ်ယောက်အပေါ် အများကြီး မမျော်လင့်မိစေနဲ

လူတစ်ယောက်အပေါ်
အများကြီး မမျော်လင့်မိစေနဲ့
ဖြစ်မလာရင် ဝမ်းနည်းကြေကွဲရမှာ
ကိုယ်တစ်ယောက်တည်းရယ်……

မခွဲလိုတဲ့စိတ်တစ်ခုနဲ့
သံယောဇဉ်တွေ အရမ်းမချည်နှောင်မိစေနဲ့
သူ့ဘက်ကကျောခိုင်းခဲ့ရင် ကျန်နေခဲ့မှာ
ကိုယ်တစ်ယောက်တည်းရယ်……

သူမရှိရင်မဖြစ်ဘူးဆိုတဲ့အတွေးနဲ့
ကိုယ့်အနာဂါတ်ကို စိတ်ကူးမယဉ်နဲ့
လမ်းခွဲရအောင်လို့ပြောလာခဲ့ရင်
သွေးပျက်စရာ ခံစားရမှာ
ကိုယ်တစ်ယောက်တည်းရယ်……

အများကြီးမချစ်မိစေနဲ့
ကျောခိုင်းချိန်ရောက်ရင်
အများကြီးပိုခံစားရတယ်……။

@kndk

No comments:

Post a Comment