........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Nov 9, 2013

သားသမီး လေးမျိုး

သားသမီး လေးမျိုး

( ၁ ) ငယ်ရွယ်စဉ်မှာ မိဘ စကားကို တသွေ မတိမ်း နားထောင်ပြီး ကြီးလာသော အခါ ဆိုးသွမ်းပြီး မိဘ ကျေးဇူး မသိ မိုက်မဲ ကြမ်းကြုတ်သော သားသမီး။

( ၂ ) ငယ်ရွယ်စဉ် မှာ ဆိုးသွမ်း သော်လည်း ကြီးလာ သော အခါ လိမ္မာ ယဉ်ကျေးကာ မိဘ ကျေးဇူး ကို သိတတ်ပြီး အလုပ် အကျွေး ပြုသော သားသမီး။...

( ၃ ) ငယ်ရွယ်စဉ် မှာ လည်း လိမ္မာတယ် ကြီးလာ သော အခါမှာ လည်း လိမ္မာပြီး မိဘ ကို ကျေးဇူး ဆပ်သော သား သမီး။ အလွန်ပင် ယဉ်ကျေးလိမ္မာ သော သားသမီး။

( ၄ ) ငယ်ရွယ်စဉ် ကတည်းက ဆိုးသွမ်း ပြီး ကြီးလာ သော အခါတွင် လည်း မိဘ ကို ကျေးဇူး မဆပ် သည့် အပြင် မိဘကို နည်း အမျိုးမျိုး သုံးပြီး စိတ်ဒုက္ခ များ ပေးတတ် သော သားသမီး။

ထို သားသမီး လေးမျိုး ရှိသည့် အနက် မိမိ သည် ယဉ်ကျေး လိမ္မာ ပြီး မိဘ ကျေးဇူး ကို အမှန်တကယ် သိတတ် သော သားသမီး ဖြစ်နိုင် ပါစေ။

No comments:

Post a Comment