........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jul 23, 2013

သက်သတ်လွတ်စားခြင်းအကြောင်း သိကောင်းစရာ..


သက်သတ်လွတ်စားခြင်းအကြောင်းသည် လျော၏ မလျော၏ သင့်၏ မသင့်၏ကို အမြင်ရှင်းလင်းစေရန် ကျနော စုဆောင်းဖတ်မိထားသော သက်သတ်လွတ်စားခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများကို အနည်းငယ်မျှ ဆွေးနွေးတင်ပြလိုက်ပါတယ်.....။

(၁) သက်သတ်လွတ်စားခြင်းသည် စင်ကြယ်သော ကျင်စဉ် ဟုတ်မဟုတ်။ သက်သတ်လွတ်စားခြင်းသည် ဗုဒ္ဓ၏ တရားဓမ္မနယ်ပယ်တွင် ကျင့်စဉ်တစ်ရပ်အနေနှင့် ရှိခဲ့သလား။
သက်သတ်လွ...တ်စားခြင်းသည် စင်ကြယ်သော ကျင့်စဉ်တစ်ရပ်ဖြစ်ခဲ့ပါမူ ကျင့်စဉ်တစ်ရပ်အနေနှင့် ရှိသင့်လျင် ဘုရားဟော ပရိယတ်ပါဠိတော်များနှင့် အဠကထာ ဋီကာများတွင် ဟောကြားထားမည်ဖြစ်ပါသည် ယုခု မဟောကြားခဲ့ပါ မဖွင့်ဆိုခဲ့ပါ။
(၂) သက်သတ်လွတ်စားခြင်းသည် တစ်စုံတစ်ရာ အပြစ်ကျူးလွန်မူ့ရောက် မရောက်။
သက်သတ်လွတ်စားရုံသက်သက်နှင့် အပြစ်ကျူးလွန်ရာမေ၇ာက်ပါ။ သို့သော် သက်သတ်လွတ်စားခြင်းကို အကျင့်ကောင်း အကျင့်မှန်လို့ ယူဆပြီး ကုသိုလ်တရားဖြစ်စေတယ်လို့ ယူဆရင် မိစ္ဆာဒိဋ္ဌိ ဖြစ်သွားပါသည်။
(၃) သက်သတ်လွတ်စားခြင်းသည် ဗုဒ္ဓ၏ မေတ္တာစက်၊ မေတ္တာအာနိသင်ကို ဆန့်ကျင်သော သဘော ရှိမရှိ၊ အထောက်အကူပြုမပြု။
သက်သတ်လွတ်စားခြင်းသည် မေတ္တာစိတ်၊ မေတ္တာအာနိသင်ကို ဆန့်ကျင့်သော သဘောမရှိပါ။ သက်သက်လွတ်စားရုံသက်သက်နှင့်လဲ မေတ္တာစိတ်ကို အထောက်အကူမပြုပါ။
(၄) သက်သတ်လွတ်စားခြင်းသည် ရတနာသုံးပါးနှင့် ဗုဒ္ဓ၏တရားဓမ္မလမ်းစဉ်တွင် ခလုတ်ကန်းသင်း ဖြစ် မဖြစ်၊ ဓမ္မန္တရာယ်နှင့် ငြိမငြိ။
သက်သတ်လွတ်စားရုံသက်သက်နှင့် ရတနာသုံးပါး ဗုဒ္ဓ၏ ဓမ္မလမ်းစဉ်တွင် ခလုတ်ကန်းသင်းမဖြစ်ပါ။ ဓမ္မန္တရာယ်နှင့် မငြိပါ။ သို့သော် သက်သက်လွတ်စားမှ တရားရမယ်၊ မေတ္တာစိတ်ဖြစ်မယ် သက်သတ်လွတ်မစားပဲ မေတ္တာပွားများရင် အလကားပဲ စသော သက်သတ်လွတ်သမားများ၏ စကားများသည် ခလုတ်ကန်းသင်း ဖြစ်ပါတယ် ဓမ္မန္တရာယ် ဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာ မစားသင့်တဲ့ အသားကို ပညတ်ထားကတော့ ဒိဠသဒ္ဒါ၊ သုတသဒ္ဒါ၊ ပရိသင်္ကတသဒ္ဒါ၊ ဒိဠသဒ္ဒါဆို တာ မျက်စိနဲ့မြင်တဲ့ မြင်သား၊ သုတသဒ္ဒါဆိုတာ နားနဲ့ကြားတဲ့ ကြားသား၊ ပရိသင်္ကတသဒ္ဒါ ဆိုတာ ရည်ရွယ်ပြီးသက်တဲ့သားလို့ယုံမှားသံသယရှိတဲ့သား၊ ဒီအသားတွေသာ မစားအပ်တာပါ။ ဒီသဒ္ဒါ သုံးမျိုးကလွတ်ရင် ဘုရား၊ ပစ္စေကဗုဒ္ဓ၊ ရဟန္တာများ ဘုန်းပေးပါတယ်။ နောက်ပြီး သားကြီးဖြစ်တဲ့ (၁)လူသား(၂)ဆင်သား၊(၃)မြင်းသား၊(၄)ခြင်္သေ့သား၊ (၅)ကျားသား၊(၆) ကျားသစ်သား၊(၇) ၀က်ဝံသား၊(၈) ၀ံပုလွေသား ၊ (၉) ခွေးသား၊ (၁၀)မြွေသား၊ ဆိုတဲ့ ဆယ်မျိုးလဲမစားအပ်ပါဘူးလို့ ဘုရားဟောပညတ်ရှိပါတယ်။
ဒီပညတ်ချက်တွေကို ထောက်ကြည့်ရင် မြတ်စွာဘုရားသည် သက်သတ်လွတ်မစားပါဟု သိနိုင်ပါသည်။ ဒေသာနာတော်အရ သက်သတ်လွတ်စားပါသည်ဆိုလျင် ကျန်းမာရေးအတွက် စားခြင်းသာဖြစ်ပါသည် စားနိုင်ပါသည် အပြစ်မရှိပါ သို့သော် သက်သတ်လွတ်စားခြင်းအား အကျင့်ကောင်း အကျင့်မြတ် ကုသိုလ်ဖြစ်သည်ဟု ခံယူ၍သာ မစားသင့်ပါ။ ဘာကြောင့်လဲဆိုတော့ အစားအစာသည် ရုပ်တရားမျှသာဖြစ်ပြီး လူတစ်ယောက်ကို အထက်ဘုံနှင့်တကွ နိဗ္ဗာန်လည်း မပို့နိုင်သလို အပါယ်လဲ မကျနိုင်ပါ။ ဗုဒ္ဓမြတ်စွာဘုရား၏ မေတ္တာသုတ်တွင် မေတ္တာရှင်သည် ရသမျှနှင့် ရောင့်ရဲရမည် ကိစ္စနည်းရမည် ပေါ့ပါးသော အသက်မွေးမြူမူ့ ရှိရမည်ဟု ဟောခဲ့ပါတယ်။ သက်သတ်လွတ်စားခြင်းအား မေတ္တာပွားများရန် စားသည်ဟုလည်း ခံယူပြီးမစားသင့်ပါ ဘာကြောင့်လဲဆိုတော့ မေတ္တာဟူသည် သက်ရှိသတ္တ၀ါတွေ အပေါ်မှာသာ ပွားများ ပို့ရမည်သာဖြစ်သည် သက်မဲ့ဖြစ်သော ထမင်း၊ ဟင်းများပေါ် မေတ္တာပွားများရမည်ဟု မြတ်စွာဘုရားရှင် မဟေားကြားခဲ့ပါ။ သေကြေပျက်စီး၍ ဟင်းအဖြစ်သို့ရောက်နေသော ဟင်းကို မြင်မှ သေလေပြီးသော သတ္တ၀ါအား သနားခြင်းကို ရှေ့ရှူ့၍ မစားပါဟု ရှောင်ကြဉ်ခြင်းမျိုးသည် တိတ္တိတက္ကဒွန်းတို့၏ ရှောင်ကြဉ်မူ့မျိုးသာဖြစ်သောကြောင့် အယူမှားသော မိစ္ဆာဒိဋ္ဌိသာ ဖြစ်ပါတယ်။ ယခု ကျနောတို့ မြင်တွေ့နေရသည်မှာ သက်မဲ့အပေါ်တွင် မေတ္တာပွားများပြီး သက်ရှိသတ္တ၀ါများအပေါ်တွင် ညှင်းပန်း နိုပ်စက် မတရားပြုနေသည်ကိုသာဖြစ်သည်။
သက်သတ်လွတ်စားသုံးသူများသည် အကြောင်းအမျိုးမျိုးရှိပါသည် အကျင့်ကောင်း အကျင့်မြတ်ထင်၍စားခြင်း၊ အလိုနည်းခြင်၍စားခြင်း၊ ရွ့ရှာစက်ဆုပ်ဖွယ်ဟု ယူဆ၍စားခြင်း၊ ရောဂါနှင့်မတည့်၍ မိမိကျန်းမာရေးကြောင့်စားခြင်း၊ မျိုးရိုးအလိုက်စားခြင်း သတ္တ၀ါများအား သနား၍စားခြင်း၊ နတ်ချစ်စေလိုသောကြောင့် နတ်မကြိုက်သောကြောင့်သော်လည်ကောင်း၊ အထက်နတ်များ အကူအညီလိုသောကြောင့်သောလည်ကောင်း စသဖြင့် အကြောင်းများကြောင့် စားပါသည်။ ပြသာနာမရှိပါ လူအမျိုးမျိုးစိတ်အဖုံဖုံ ဖြစ်ပါသည် ပြသာနာရှိနေသည်မှာ သက်သတ်လွတ်စားသမားများသည် မိမိတို့စားခြင်းအပေါ် ဂုဏ်ယူဝါကြွား၍ မစားသူများအာ ပြစ်တင်ရှုံ့ချခြင်း၊ မိမိတို့ စားနေသည်မှာ မြတ်သော အကျင့် ဖြစ်သည် ကုသိုလ်တရားဖြစ်သည်ဟု ခံယူထားခြင်းသာ ဖြစ်သည်။ ယင်းမှာ မှားသော မယူသာမျှသာ ဖြစ်ပါသည်။

စကားချပ်။ ။ စောဒက တတ်စရာရှိနေသည်မှာ ဟိုးရှေးတုန်းက လူသားများတွင် လိုချင်ခြင်း၊ စားလိုခြင်း၊ အိုခြင်း ဆိုတဲ့ ရောဂါသုံးမျိုးသာရှိပါသည် ထို့နောက် အသားစားကျူးလာသောကြောင့် ရောဂါများစွာ ဖြစ်သည်ဟုဆိုနေကြခြင်းမှာ သက်သတ်လွတ်စားနေကြသော ပုဏ္ဏားများသည် ပုဏ္ဏားအကျင့်ပျက်လာ၍ ပုဏ္ဏားတွေကို ပုဂ္ဂလဓိဋ္ဌာန်ပြောသော အပြောသာဖြစ်ပါသည်။
မီးးလွတ်စားသင့်မသင့်

မီးလွတ်စားသင့်မသင့်နဲ့ပက်သက်ပြီး သဗ္မေသတ္တ၀ါတိုင်းတွင် ရှိကြသော အပူမီး (၁၁)မီးကို ဖော်ပြပေးလိုက်ပါတယ်။
၁။ လောဘ ဆိုတဲ့ လိုချင်တပ်မက်ချင်း။
၂။ ဒေါသ ဆိုတဲ့ အမျက်ထွက်ခြင်း။
၃။ မောဟ ဆိုတဲ့ တွေဝေခြင်း။
၎။ ဇာတိ ဆိုတဲ့ ပဋိသန္ဓေနေရခြင်း။
၅။ ဇရာ ဆိုတဲ့ အိုရခြင်း။
၆။ မရဏ ဆိုတဲ့ သေရခြင်း။
ရ။ သောက ဆိုတဲ့ စိုးရိမ်ခြင်း။
... ဂ။ ပရိဒေ၀ ဆိုတဲ့ ငိုကြွေးခြင်း။
၉။ ဒုက္ခ ဆိုတဲ့ ဆင်းရဲခြင်း။
၁၀။ ဒေါမနသာ ဆိုတဲ့ နှလုံးမသာယာခြင်း။
၁၁။ ဥပါယာသ ပြင်းစွာပူပန်ခြင်း။

မြတ်စွာဘုရားရှင်သည် (သတ္တကနိပါတ်၊ အဂုင်္တ္တရ နိကာယ်မှာ ဒုတိယ အဂ္ဂိသုတ်) တွင် မီးခုနှစ်မျိုးကို ဟောခဲ့ပါတယ် ၁။ လောဘမီး၊ ၂။ ဒေါသမီး၊ ၃။ မောဟမီး၊ အပူဇော်ခံမီး၊ အိမ်ရှင်မီး၊ အလှူခံမီး၊ ထင်းမီး တို့ဖြစ်ပါတယ်။
ဒီမီး (ရ) နှစ်မျိုးမှာ စွဲမက်မူ့ လောဘမီး၊ အမျက်ထွက်မူ့ ဒေါသမီး၊ တွေဝေစေမူ့ သုံးမျိုးဟာ ပယ်ရမဲ့ မီး ရှောင်ရမယ့်မီး၊ ဖြစ်ပါတယ်။ မီးလွတ်စားခြင်ရင် ဒီ မီး(၃)မျိုးကို အလွတ်စားမှ အပြစ်ကင်းပြီး အကျိုးကြီးပါတယ် အကျင့်မှန်ဖြစ်ပါတယ်၊ အကျင့်မြတ်ပါတယ်။ ဘယ်အစာကိုပဲ စားစား အစာအပေါ်မှာ သာယာနေရင် စွဲမက်နေရင် လောဘဆိုတဲ့ ရာဂမီး မလွတ်ပါဘူး အဲ့ဒီအစာပေါ်မှာ မကြိုက်မူ့ တွေဖြစ်နေရင် ဒေါသမီးမလွတ်ပါဘူး၊ အစာပေါ်မှာ ပိုင်ခြားမသိပဲ စားလို့သာစားရတယ် ကောင်းမှန်းမသိ မကောင်းမှန်းမသိ ပူမှန်းမသိ၊ အေမှန်းမသိ တွေဝေနေရင် မောဟမီးမလွတ်ပါဘူး။
နောက်မီး (၃)မျိုးကတော့ အပူဇော်ခံမီး၊ အိမ်ရှင်မီး၊ အလှူခံမီး ဆိုတဲ့ အလေးအမြတ်ပြုပြီး ဆောင်အပ်တဲ့ မီးပဲဖြစ်ပါတယ်။ အမိ အဖမှ သားသမီးဖြစ်လာခြင်းကြောင့် မိဘများသည် သားသမီးများရဲ့ အပူဇော်ခံမီးဖြစ်ပါတယ် အိမ်ဦးခန်းတွင် အရိုအသေ အလေးအမြတ်ပြုကာ မြတ်နိုးပူဇော်ပြိး ဆောင်အပ်ထားရပါတယ်။ အိမ်တစ်အိမ်တွင် အိမ်ရဲ့ အကျိုးကိုဆောင်ရွက်သူ အိမ်ရှင်ယောက်ျားကို သားသမီး၊ ဇနီးမယား ကျေးကျွန် အမူလုပ်အပေါင်း များရဲ့ အိမ်ရှင်မီးလို့ခေါ်ပါတယ် ဒီအိမ်ရှင်မီးကို အလေးအမြတ်ပြုပြီး မြတ်နိုးပူဇော်ကာ ဆောင်ထားအပ်ပါတယ်။ လွဲမှားသော အယူဝါဒမှ ရှောင်ကြဉ်ပြီး ကောင်းသောအမူ့၌သာ မွေ့လျော်သော သူတစ်ပါးအားလဲ ကောင်းမွန်စေရန် လမ်းပြဆုံးမတတ်သော မိမိစိတ်ကို ရာဂများမှ ကင်းငြိမ်းစေတတ်သော သူတော်စင် သူတော်မြတ်များကို အလှူခံမီး လို့ခေါ်ပါတယ်။ ဒီအလှူခံမီးကို အရိုအသေ အလေးအမြတ်ပြုပြီး ဆောင်ထားအပ်ပါတယ်။
နောက်ဆုံးဖြစ်တဲ့ မီးကတော့ အခု အများသုံးနေတဲ့ ထင်းမီးဖြစ်ပါတယ်။ ထင်းမီးကို ဘုရားရှင်က ရံဖန်ရံခါ တောက်စေအပ်၏ ရံဖန်ရံခါ လျစ်လှူရှူ့အပ်၏ ရံဖန်ရံခါ မငြိမ်းပဲ ထားအပ်၏ လို့ ဟေားပါတယ် ဖယ်ရမယ် ရှောင်ရမယ် မမှီဝဲရဘူးလို့ မဟေားပါဘူး လွတ်ရမယ်လို့ မဟောပါဘူး။ အဲ့ဒီထင်းမီးလွတ်ကို မစားသင့်ပါဘူး။ ဒါကြောင့် ယခုခေတ်တွင် ထင်းမီးလွတ်ကို စာနေကြသော သူများဟာ ဘုရားဟေားနဲ့ ကိုက်ညီမူ့မရှိပါဘူး ထင်းမီးဟာ ကုသိုလ်လဲ မဟုတ်၊ အကုသိုလ်လဲ မဟုတ်ပါဘူး။ မြတ်စွာဘုရားရှင်က အကုသိုလ်ဆိုရင် ပယ်ရမယ် ရှောင်ရမယ် မလုပ်ရဘူး။ ကုသိုလ်ဆိုရင် ဖြစ်အောင်လုပ်ရမယ် ဆောင်ရမယ်လို့ ဟောခဲ့ပါတယ်။ အချုပ်ကို ပြောရမယ်ဆိုရင် မီးလွတ်စားခြင်ရင် အကုသိုလ်ဖြစ်စေတဲ့ လောဘ၊ ဒေါသ၊ မောဟ မီးလွတ်ကိုသာ စားသင့်ပြီး ကုသိုလ်ဖြစ်စေတဲ့ မီးတွေကို ဆောင်သင့်ပါတယ် နောက်ဆုံးဖြစ်တဲ့ ထင်းမီးဆိုတာမျိုးကတော့ အကုသိုလ်မဟုတ် ကိလေသာမဟုတ် ပယ်ရမယ့် တရားမဟုတ်ပါဘူး နောက်ပြီး ထင်းမီးလွတ်စားခြင်းဟာလဲ ကုသိုလ်တရားမဟုတ်လို့ မမှီဝဲသင့် မစားသင့်ပါဘူး။

No comments:

Post a Comment