........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 12, 2019

သဗ္ဗမင်္ဂလာဂာထာ

☸သဗ္ဗမင်္ဂလာဂါထာပါဠိတော်☸
❀ ❆ ♕ ❀ ❆ ♕ ❀ ❆ ♕ ❀ ❆ ♕ ❀

(၁)  ဒိဝါ တပတိ အာဒိစ္စော ၊
       ရတ္တိမာ ဘာတိ စန္ဒိမာ ။

       သန္နဒ္ဓေါ ခတ္တိယော တပတိ
       ဈာယီ တပတိ ဗြဟ္မဏော ။

       အထ သဗ္ဗ မဟောရတ္တိံ
       ဗုဒ္ဓေါ တပတိ တေဇသာ ။

(၂)  တာဒိသံ တေဇသမ္ပန္နံ ၊
       ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ ။

       နမက္ကာရာ နုဘာဝေန ၊
       သဗ္ဗေ ပူရေ န္တု သင်္ကပ္ပါ  ။   ။
❆ ❦ ❆ ❦ ❆ ❦ ❆ ❦ ❆ ❦ ❆ ❦ ❆

☸[ဂါထာတော် မြန်မာပြန် အနက်]
************************
☸(၁)နေမင်းသည် နေ့အခါ၌သာ
တောက်ပ၏။

လမင်းသည် ညဥ့်အခါ၌သာ တောက်ပ၏။

☸ရှင်ဘုရင်သည်  
မင်းမြှောက်တန်ဆာငါးပါး
ဆင်ယင်ထားမှသာ  တောက်ပ၏   ။

☸ရဟန္တာသည်   ဈာန်ဝင်စားနေမှသာ
တောက်ပ၏ ။

☸မြတ်စွာဘုရားရှင်သည်ကား   နေ့ရောညပါ 
အခါခပ်သိမ်း  တန်ခိုးတော်   အမျိုးမျိုးဖြင့်    
အချိန်တိုင်း  တောက်ပ၏    ။

☸(၂)ထိုသို့နေရော ညဥ့်ပါ ဘယ်ခါမလပ် တန်ခိုးရှိန်စော်အာနုဘော်တော်တို့ဖြင့်ထွန်းလင်းတောက်ပတော်မူသောဘုရားရှင်အား
ဘုရားတပည့်တော်သည်
ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား။

☸ဤသိုရှိခိုးပူဇော်ရသော
အကျိုးအားကြောင့်
အလုံးစုံကုန်သော လောကီစီးပွါး အထွေထွေစည်းစိမ် ဥစ္စာရတနာအထွေတို့နှင့်
လျှင်လျှင်မြန်မြန
် ပြည့်စုံနိုင်ရပါစေသား အရှင်မြတ်ဘုရား။
*******************************
☸ရွတ်ဆိုလိုပြီး ပါဠိအသံကို ပီပြင်အောင် မရွတ်ဖတ်တတ်သော သူများအတွက် ရည်ရွယ်ပါသည် ဖတ်တတ်သူများက ကျော်သွားပေးပါ

            ☸မြန်မာအသံထွက်
             ***************
(၁)  ဒိဝါ တပတိ အာဒိတ်စော
       ရတ်တိမာ ဘာတိ စန်ဒိမာ

       သန်နတ်ဒေါ ခတ်တိယော တပတိ
       ဈာယီ တပတိ ဗြင်မဏော

       အထ သပ်ဗ မဟော ရတ်တိန်
       ဗုဒ်ဓေါ တပတိ တေဇသာ

(၂)  တာဒိသံ တေဇသံပန်နံ
       ဗုတ်ဓံ ဝန်ဒါမိ အာဒရံ

       နမက်ကာရာ နုဘာဝေန
        သပ်ဗေ ပူရင်တု သင်ကပ်ပါ။

☸(ရကောက် အသံရွတ်လျှင် အင်္ဂလိပ်အသံထွက် ® လိုလျှာလိပ်သံဖြင့်ထွက်ပါ
ယပလက်အသံ ယတ်ဟု မထွက်ပဲ ရတ် ဟုပီပြင်အောင်ထွက်နိုင်ရန်ကြိုးစားပါ
ယံ အသံ မထွက်ပဲ ရံ ဟု ပီးပြင်အောင်ကြိုးစားပါလေ)

☸ဘုရားရှင် ဟောကြားတော်မူခြင်း      **************************
☸မြတ်စွာဘုရား သာဝတ္ထိပြည် 
ပုပ္ပာရုံကျောင်း
မိဂါရမာတုပြဿဒ်၌သီတင်းသုံးတော်မူစဉ်
အရှင်အာနန္ဒာ၏ လျှောက်ထားမူကို အကြောင်းပြု၍
ဘုရားရှင်က ဤဂါထာကို ဟောကြားတော်မူပါသည်။

☸အရှင်အာနန္ဒာသည် သီတင်းကျွတ် လပြည့်နေ့ဆည်းဆာအချိန်တွင်
အနောက်ဂေါယာကျွန်း ယွန်းမည့်ဆဲဆဲ နေအရောင်၏ တင့်တယ်မှု
အရှေ့လောကဓာတ်မှ ထွက်ပြူစ
လမင်း၏ တင့်တယ်မှုတို့ကို
တွေ့မြင်နှစ်သက်ပီတိဖြစ်တော်မူသည်။

☸ထိုသို့ အာရုံခံစားမူ ဖြစ်နေစဉ်၌
စစ်အင်္ဂါလေးပါး ခြံရံကာ
မင်းမြှောက်တန်ဆာ ဝတ်ဆင်လာပြီး
ပန်းနံ့သာစွဲကိုင်လျှက်
ဘုရားရှင်ထံ ရှေးရှု့လာနေသော
ပသေနဒီကောသလ မင်းကြီး၏ တင့်တယ်မှုကို မြင်ရ၍လည်း နှစ်သက်ပီတိဖြစ်ရပြန်သည် ။

☸ထို့ပြင် အရှင်အာနန္ဒာသည်
ကာဠုဒါယီ ရဟန္တာမထေရ်
ဈာန်ဝင်စားသဖြင့်  ကိုယ်တော်မှ အရောင်အဆင်းများ တောက်ပထွန်းပေါ်နေသည်ကို မြင်ရသဖြင့် ..
နှစ်သက်ပီတိ ဖြစ်တော်မူပြန်လေသည်။

☸ထို့နောက် ဘုရားရှင်၏ အရောင်အဆင်း
ထွန်းလင်းတောက်ပခြင်းမှာ အထက်ပါ
နေမင်း' လမင်း' ရှင်ဘုရင်' ရဟန္တာ'တို့ထက် 
သာလွန် လွှမ်းမိုး ထူးကဲကြောင်း တွေ့ရသဖြင့် ဘုရားရှင်အားလျှောက်ထားရာ...

☸ဘုရားရှင်က
ဒိဝါတပတိ အစချီသော ဤဂါထာတော်ကို
ဟောကြားတော်မူလေသည် ။

☸(၂)ဂါထာတော်မှာ နှောင်းပညာရှိသူတော်ကောင်းသူမြတ်လောင်းတို့မှ ရွတ်ဖတ်ပူဇော်သူ အမျိုးကောင်းသား အမျိုးကောင်းသမီး သူတော်ကောင်းတို့ အကျိုးပေးထက်သန်စေရန်ရည်သန်လျှက်
ရှိခိုးဆုတောင်းဂါထာကို ထည့်သွင်းလျှက်ရွတ်ဖတ်ပူဇော်စေရာ မှ ဒုတိယ(၂)ဂါထာထာ ပါဝင်လာခြင်းဖြစ်ပေသည်။

(ဓမ္မပဒ)


No comments:

Post a Comment