........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jun 13, 2013

မာနကာမသုတ်...

သာဝတ္ထိနိဒါန်း

ထိုနတ်သားသည် တစ်ခုသော နေရာ၌ ရပ်တည်ကာ မြတ်စွာဘုရား၏ ထံတော် ပါး၌ ဤဂါထာကို လျှောက်၏-

''ဤလောက၌ ထောင်လွှားမှု 'မာန'ကို လိုလားသူအား တည်ကြည်မှုနှင့် စပ်သော ဆုံးမကြောင်းတရားသည် မရှိနိုင်၊ တည်ကြည်မှု မရှိသူအား သစ္စာလေးပါးကို သိသော မဂ်ဉာဏ်သည် မရှိနိုင်၊ တော၌ တစ်ယောက်တည်း နေလျက် မေ့လျော့ သော သူသည် သေခြင်း၏ တည်ရာ တေဘူမကဝဋ်၏ တစ်ဖက်ကမ်း နိဗ္ဗာန်သို့ မကူးမြောက်နိုင်ရာ'' ဟု လျှောက်၏။

ထောင်လွှားမှု 'မာန'ကိုပယ်၍ ကောင်းစွာ တည်ကြည်သော စိတ်ရှိသော ကောင်း သော စိတ်ရှိသော မမေ့မလျော့သော ထိုသူသည် အလုံးစုံသော ခန္ဓာစသည်တို့၌ တပ်မက်မှုမှ ကင်းလွတ်သည်ဖြစ်၍ တော၌ တစ်ယောက်တည်း နေလျက် သေခြင်း၏ တည်ရာ တေဘူမကဝဋ်၏ တစ်ဖက်ကမ်း နိဗ္ဗာန်သို့ ကူးမြောက် နိုင်ရာ၏ ဟု ဟောတော်မူ၏။

၉ - မာနကာမသုတ်၊ နဠ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

No comments:

Post a Comment