Dec 30, 2012
သုခ နှင့် လွတ်လပ်ရေး”
~ အရက် မကြိုက်သူ..သောက်လျှင်ပူ မျိုလျှင် ခါး၏။
~ ကြိုက်တတ်သွားလျှင်..ပူခါးသည့် အရသာကိုပင်၊ တမြုံ့ မြုံ့ ဆစ်၍ ဆစ်၍ သောက်တတ်လာသည်။
~ ဆေးလိပ်မသောက်တတ်သူ..သောက်သူဘေး ထိုင်၍ပင်မရ။
~ ကြိုက်တတ်သူများကြတော့...ရွရွလေးဖွာ..မျှင်မျှင်လေးရှိုက်..သာသာလေးဖွာထုတ်... အချို့ များ..
လေထဲ လွင့်ပြယ် သွားသည့်၊ ဆေးလိပ်မီးခိုးကို ငယ်ဖော်နှင့် ခွဲရသလို..သံယောဇဉ် မျက်လုံးနှင့် လိုက်ကြည့်
တတ်ကြ၏ ။
~ ကွမ်းကြိုက်သူများလည်း..သူ့ နည်းသူ့ ဟန်နှင့် ရှိတတ်ကြ၏ ။
~ ဤသို့ ..အစ ခက်အဝင်လည်းမကောင်းသည့်အချိန်ကုန်ငွေပါးသည့်အရာများကို..သံယောဇဉ်
အမျှင်တန်းနေရပါသနည်း...ပျော်..ပျင်း..ပင်ပန်းတယ်..လွမ်းလိုစသည်ဖြင့်...စရိုက်သဘာဝကိုလိုက်၍၊
အဖြေများ ထွက်လာပေမည် ။
~ သေခြာသည်ကား...မိမိ စရိုက်အလိုက်..အကြိုက်ကို၊ ပြုကျင့်ပြည့်စုံပြီး၍ ဇြစ်ပေါ်လာသည့်
စိတ်ကျေနပ်မှူသည်..ပုထုဇဉ်သဘာဝဖြစ်၏ ။ တနည်း..လောကီသုခ ချမ်းသာဖြစ်၏ ။
~ ကို ( X ) ဆိုသော လူတယောက်ရှိပါသည်။ သူသည်.. တပတ်လျှင် ၆ ရက် မနေမနား အလုပ်ကြိုးစား
သည့်၊လုပ်ငန်းစုံ စီးပွားရေး ပိုင်ရှင်ဖြစ်၍...မိသားစုတာဝန် ကျေပွန်သူတဦးလည်းဖြစ်၏ ...။ ~ စနေည ရောက်လျှင်တော့..တနင်္ဂနွေ နောက်တရက်အတွက်၊ သူ..အိပ်ရေးဝအောင်အိပ်၏ ။ တနင်္ဂနွေ နံနက်၌...စိတ်ကြိုက်အိပ်ပြီး၍အိပ်ယာထပြုဘွယ်ကိစ္စတို့ ပြီးသည်နှင့်၊အသင့်စောင့်နေသောတပည့်ဒရိုင်ဘာနှင့်..
မိတ်ဆွေူများချိန်းရာသို့  အရောက် သွား၏။ လူစုံလျှင် ပိုကာဒေါင်း ကြသည်။
~ သူ...ပိုကာ ဒေါင်းပါပြီ...ဘယ်လက်ဖြင့် ဖဲကို ပွတ်၍..ညာလက်က ဖြန့် ထား၏။ တပည့်က..သူလိုသမျှ
နောက်ပါးမှ ဖြည့်ဆည်းပေးရ၏။ ဆရာ တပည့် အချိတ်အဆက် ညီ..အပေးအယူတည့်ကြ၏ ။
~ ကို ( X ) ဖဲပွတ်ရင်း ကွမ်းဝါး ၍ စီးကရက်လည်း ဖွာ၏ ။ ဖွာလက်စ စီးကရက်ကို ချ၍..ဝါးလက်စ ကွမ်းကို
ပါးစောင်၌သိမ်း.. အရက်ကို ကွမ်းဖတ်မပါရလေအောင် သပ်ယပ်စွာ သောက်ပြန်၏ ။ ဖုံးသံကြားက...တပည့်ကို
မျက်စပစ်၏။ လိုအပ်လျှင်တော့ ကိုယ်တိုင်ပြောသည်။
~ ဘေးလူအနေဖြင့် ကြည့်ပါက၊ ကို (X ) တယောက်..မကောင်းမှူအဖုံဖုံကို..စနစ်တကျပြည့်စုံစွာဖြင့်တချိန်
တည်း ခံစားနေသလို ရှိ၏ ။သူ့ အတွက်မူ.. တနင်္ဂနွေ နတ်စည်းစိမ်ပေတည်း။
~ တနင်္ဂနွေ ရောက်တိုင်း..အများက သူတယောက် ဤသို့ မဖွယ်မရာတို့ ကို ပြည့်စုံစွာ ပြုကျင့်လေ့ရှိ၏ဟုယူဆစရာရှိသော်လည်း..သူ့ ကိုအကြောင်းပြုပြီး တပါးထိခိုက်နစ်နာမှူမျိုးတော့မရှိ။ တဖန်..
ရက်သတ္တပတ်ကျန်ရှိသည့်၆ရက်တို့ ၌..မိသားစုတာဝန်မပျက်ကွက်သလို..အများမှီခိုအားထားရာလုပ်ငန်းရှင်တဦး
...ဖြစ်နေပြန်ပါသည် ။
~ ကို ( X ) အားကြည့်၍.. အဓိပါယ်တခု ဖြစ်လာ၏ ။
~ လူသားတိုင်းလိုပင်..ချမ်းသာ သုခကို လိုလားကြသည် ။
~ ချမ်းသာရေးအတွက်..ငွေကြေး..လုပ်အား..အချိန် အရင်းအစုစု ပြုကြရ၏။
~ ရည်ရွယ်သည့် အတိုင်းအတာပြည့်မြောက်ပြီးလည်း.. နောက်စီမံကိန်းတခု ဆက်ကြပြန်သည်။
တောင်တက်သူ ပမာ..တောင်ထိပ်ရောက်၍ လေနုအေးရှုရင်း ပတ်လေးလည်မြင်ကွင်းကို ကြည့်ရှူ ရ
သည့်အခါ..အတက်လမ်းကြမ်းသမျှ..မောပန်းသည်လည်းမရှိတော့။
~ စီမံကိန်း တခု အောင်မြင်သည့် သူကြွယ်တယောက်၏.. ကျေနပ်မှူ ပီတိအရသာနှင့်၊ စစ်တုရင် ပွဲကို..အောင်မြင်စွာအပြီးသတ်နိုင်သောသာမန်လူတယောက်၏စိတ်ကျေနပ်မှူပီတိအရသာမှာ..စိတ်ပညာ
အဆင့်အတန်းတန်ဘိုးအရ..အတူတူပင်ဖြစ်သည်ဟုဆိုနိုင်ပါက...ရုပ်ဝတ္တုတန်ဘိုးအားဖြင့်..ကွာခြားမှူ
ရှိကြသော်လည်း၊ ပုထုဇဉ် သဘာဝအရ..တူညီကြ၏။
~ ဤ သဘောသဘာဝသည်..ရှိနေခဲ့ပါသည်။ရှိနေဆဲ နှင့်..လူသားတို့ ရှိနေသမျှ..ရှိနေပေဦးမည် ။ပုထုဇဉ်လူသားတိုင်းလိုလို...ကိုယ်စိတ်နှစ်ပါး လွတ်လပ်ငြိမ်းချမ်းမှူကိုမြတ်နိုးကြသလို..ထိုအခြေအနေ
ပျက်ပြားမည်ကိုလည်း..မလိုလားကြပါပေ...
~ လူအဖွဲအစည်း..ပျော်ရွှင်စည်းလုံးငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်နိုင်ခြင်းသည်..လူတိုင်း၏
ကိုယ်ပိုင် ချမ်းသာ လွတ်လပ်မှူကို..ထိခိုက် မထိခိုက်စေခြင်းနှင့် တိုက်ရိုက် အချိုးကျပါသည် ။
~ ထိုအကြောင်း အရာကို..ထိခိုက် ပျက်စီးစေသည့် ကိစ္စရပ်များ၊ လူ့ အလွှာ အကြား ဖြစ်ပေါ်မှူများရှိလာခဲ့ပါက..လူ့ အဖွဲ့ အစည်း..ပျော်ရွှင် စည်းလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဟန်ချက်သည်လည်း...ယိုင်နဲ့ လာရ၏ ။
~ မြန်မာ့ရာဇဝင်..ကမ္ဘာ့သမိုင်းတလျှောက်၌..ဤဟန်ချက်ပျက်ပြား၍၊ ကိုယ်ပိုင်အချုပ်အခြာ ထိပါးလာ
ကြသည့်အခါများတွင်..လူ့ အသက်သွေးများ ချောင်းစီးခဲ့ကြရသည်။လူ့ သမိုင်းဦးကာလ၌ယဉ်ကျေးမှူနှင့်..
တရားဥပဒေသတို့ မထွန်းကားသေးသေါ်လည်း၊ဤကိစ္စရပ်များခေါင်းပါးခဲ့ခြင်းက..သက်သေဖြစ်၏ ။
“တန်ဆာ မဲ့ သုခ”
~ ဗာရာဏသီပြည် ၌ ကုမ္မာရ အမည်ရှိ လုလင်သည် သူကြွယ်မျိုးနွယ် တဦးတည်းသား ဖြစ်၍..
သုံးရာသီ လျော်ညီစွာ ခံစားနိုင်သော စည်းစိမ်ဥစ္စာ ခြွေရံသင်းပင်းနှင့် ပြည့်စုံ၏ ။
~ တနေ့ ...နောက်တေါ်ပါးတို့ နှင့် တောလည်ထွက်ရင်း..လူစုကွဲ လမ်းမှား၍ ဂူတခုကို တွေ့ သည်နှင့်
နားနေညည့်အိပ်ရန်အလို့ ငှာ..အဂူတွင်းသို့ ဝင်ရောက်လေသည် ။ဂူထဲ၌..ထက်ဝယ်ဖွဲ့ ခွေ တရားထိုင်
လျှက်ရှိသော ရသေ့ တပါး ကို တွေ့ ရှိ၍..အားတက်ခါ ရသေ့တရားထိုင် ထမည့်အချိန်ကို စောင့်လေ၏ ။
အတန်ကြာသည့်တိုင်.. ရသေ့အိုမှာ တရားထိုင်မှ မထ..ကုမ္မာရ လည်း တနေကုန် ပင်ပန်းဆာလောင်
မှူကြောင့် ငိုက်မြည်းရာမှ အိပ်မော ကျလေတော့သည် ။
~ ကုမ္မာရ .. အိပ်ယာမှ နိုးထပြီး မရှေးမနှေင်းပင်..ရသေ့အိုလည်း တရားမှ ထလေသည် ။ ကုမ္မာရ အား
သောက်ရေ သစ်သီးသစ်ဥ တို့ ကို တိုက်ကျွေး၏ ။ ဆာလောင်မှူ ပြေပျောက်သေါ်..ရသေ့အို ကို ရိုသေစွာ
ဝတ်ပြုလျှက် ဖြစ်ကြောင်း ကုန်စင် ပြောပြ ၍ဤသို့  မေးလျှောက်လေသည်...
~ “ရသေ့ကြီး...ယမန်နေ့ မှ ယ္ခုတိုင်အောင် ဤြ ငိမ်သက်ခြင်းမျိုးဖြင့်..ထိုင်နေခဲ့ ပါသလား...”
~ ရသေ့အို မှ..ဟုတ်မှန်သည့်အားဖြင့် ခပ်မဆိတ် နေ၏ ။
~ သူကြွယ့်သား မှ...“ကျွန်တေါ်မျိုး သည်..သူဌေးသား ဖြစ်သည့် အားလျော်စွာ ချမ်းသာမည် ထင်ရသော.
.ကောင်းနိုးရာရာ လောကီ ကာမဂုဏ် အဖုံဖုံ ကို ခံစား ဘူးပါသည် ။ ဒီ့အတွက် ငွေကြေးဝတ္ထု တပည့်တပန်း
မောင်းမမိဿံ..လောကီတန်ဆာ အစုစုကို အရင်းပြုရပါသည်... ။ အံ့ဘွယ် ထူးစွ ရသေ့ကြီး ...တပည့်တေါ် ကဲ့သို့  လောကတန်ဆာတို့ မပါဘဲ..အဘယ်ချမ်းသာမှူမျိုးဖြင့် ကာလရှည်ကြာ တကိုယ်တည်း ငြိမ်သက်အေးချမ်း
စွာ ထိုင်နေ နိုင်ပါသနည်း...”
~ ရသေ့အိုမှ လေပြေညင်း ပမာ အပြုံး ကိုဆောင်လျှက်..ဤသို့ အမေးအဖြေ တို့ ကို ပြုခဲ့လေသည် ။
~ “သူကြွယ့်သား ကုမ္မာရ....အသင်နှစ်သက်ရာ ကာမဂုဏ် အာရုံ သင့်စိတ်ဝယ် မွှမ်းထုံ ကျေနပ်ချိန်၌
ထို အာရုံနှင့် ဆိုင်ရာ..တပည့်လက်သား မောင်းမမိဿံ ကာမလောကတန်ဆာ တို့  သင့်စိတ်ပေါ် သက်ရှိ
ထင်ရှား ရောက်ရှိ လာပါ၏ လော...”
~ “မရောက်ရှိ မဖြစ်နိုင်ပါ ရသေ့ကြီး...”
~ “ကောင်းပြီ...အသင့်ရဲ့ ပျော်ရွှင်ကျေနပ်ပီတိစိတ်သည်လည်း..ထို လောကီတန်ဆာတို့ အပေါ်၌ထင်ရှား
ဖြစ်ထွန်း နိုင်ပါ သလော...”
~ “မဖြစ်ပေါ် မရောက်ရှိနိုင်ပါ...တပည့်တေါ် စိတ်၌သာ ဖြစ်ပေါ်လာရပါသည်...”
~ “ဒါဆို..မြင်,သိ,နံ,ကြား,ထိတွေ့ မှူ အာရုံတို့ နှင့် ဆက်စပ်သည့်အကြောင်းအကျိုး သဘောတရား
တို့ သည်..စိတ်၌သာ ဖြစ်ပေါ်ခံစားရသည်ကို ရော..သင် လက်ခံပါ၏လော...”
~ သူကြွယ့်သားလည်း...ခေတ္တတွေးဆ၍...“လက်ခံပါသည် ရသေ့ကြီး...”
~ “အသင် ကုမ္မာရ...ငါသည် ကာမဝတ္ထု လောကတန်ဆာတို့ မပါဘဲ..ချမ်းသာစွာ နေနိုင်သည့် နည်း
စနစ်ကို ကောင်းစွာ လေ့လာသဘောပေါက်ခဲ့ပြီး၏..အလေ့အထုံ ကောင်းစွာပြုပြီးလည်းဖြစ်၍...
အလိုရှိသလို အလိုရှိသလောက်..ငါချမ်းသာစွာနေနိုင်ပေ၏...”
~ “ငါ၏ တန်ဆာမဲ့ သုခ တရားသည်..ကာမတန်ဆာတို့ ၏ နှောင်ဖွဲ့ ခြင်းမှကင်း၍ ပြုပြင် စီရင်ရခြင်း
ဟူသော ဒုက္ခတို့  မရှိ...ဝါသနာ ဟူသော ကိလေသာ တန်ဆာ ၏ နှောင်ဖွဲ့ မှူ ကြောင့်..အသင် သည်ပင်
ယမန်နေ့ က ဒုက္ခ ကြုံ ခဲ့ ရသည် မဟုတ်လော...”
~ ကုမ္မာရ လည်း...ဝန်ခံသည့် အလား ရသေ့အို အား အရိုအသေ ပြု၏ ။ တဖန်..သူ့ ၌ စေးနဲ သော
လောဘ စရိုက် ရှိသည်ဖြစ်ရာ...အရင်း မလိုသော ချမ်းသာသုခနည်း...ငါရလေပြီဟု စိတ်နှလုံး ပိုက်လျှက်...
~ “ရသေ့ကြီး ၏..တန်ဆာမဲ့ သုခ ချမ်းသာ လမ်းစဉ်သည်..ဒုက္ခဝန်ထုပ် ကင်းသော အရင်း ရှိခြင်း
ကြောင့်..တပည့်တေါ် နှစ်ထောင်းအားရ ရှိလှ၍ အစဉ်သနားသည်ကို အကြောင်းပြု၍ ချီူးမြှင့်တေါ် မူပါ
ဟု..လျှောက်တင်လေ၏ ။
~ “အသင် သူကြွယ်သား...မျိုးစေ့ကောင်း ကြဲမည့် လယ်ယာ အား..ပိုမွှား ရောဂါ ကင်းစင်အောင်
ဦးစွာ ပဌမ မြေယာကို ပြုပြင်ရသကဲ့သို့ ..သိမ်မွေ့ သောစိတ် ချမ်းသာသုခ ရရှိရေးအတွက်..မြေရိုင်း
သဖွယ်စိတ်ကို အရင် ပြုပြင်ရပေမည်...အသင် လိုက်နာမည် ဆိုပါက ငါ ရသေ့..နည်းလမ်း ညွှန်ပါအံ့ ။
~ ကုမ္မာရ လည်း...“မိမိ စွမ်းနိုင်က လိုက်နာ ပါမည်”ဟု ပြန်လည်လျှောက်ထား သည့်အခါ...
~ ရသေ့အို မှ...“အသင် ကဲ့သို့  သူကြွယ်သား အတွက် စည်းမျဉ်း ဥပဒေသ များစွာ ငါမပေး လိုပါ..
အသင့် တိုင်းပြည်သို့ ပြန်၍..ရောက်သည့်အခါ မှစပြီး..သူတပါး ကိုလည်း အပြစ်မတင်..မိမိ ကိုယ်ကို
လည်း အပြစ်မတင်သော နေခြင်းမျိုး ရှိပါစေ...
~ “အိပ်ယာဝင် အိပ်ယာ ထတိုင်း...ငါ အပြစ်ကင်းပါ သလော..တပါးသူတို့  ကိုလည်း အပြစ် မြင်ခဲ့
၏လော..ဟူ၍ အမြဲ ဆင်ခြင်ပါ”
~ “အသင့် နေ့ စဉ် ဘဝ ၌...ဤ နှစ်ချက် ပြည့်စုံလျှင် ငါ့ထံ ပြန်လာခဲ့ပါ...ဤသို့  မပြည့်စုံ ဘဲ ငါ့ထံ
လာခြင်းဖြင့်..သင်နှင့် ငါ့ရဲ့  တန်းဘိုးရှိ အချိန်တွေ ကို အချီးနှီး မဖြစ်ပါစေလင့် သူကြွယ့်သား...”
~ ရသေ့အို မှာသည့်အတိုင်း..ကုမ္မာရ လည်း လိုက်နာ ပြုကျင့်၏...အစ၌ အခက်အခဲ ရှိသေါ်လည်း
အလေ့အထုံ များလာသည့် အခါ..သူတပါး အား မြည်တွန် ဆဲဆို ၍ ရသည့် ပူပန်ဒေါသ..မိမိကိုယ် ကို
အပစ်တင်သည့်.. ဖြစ်ရလေ အစရှိသော တဖန်နောင်တ သောကများ ခေါင်းပါးလာလျှက်..စိတ်အစဉ်
သည် ပေါ့ပါးကြည်လင်လာ၏..ဖြူစင်၍ လာ၏ ။
~ ဖြူစင်ခြင်း စိတ်သဏ္ဍာန်၌..စူးစိုက်မှူ အာရုံကို အချိန် အတိုင်းအတာ တခု..ထုံမွှမ်း နိုင်လာသည့်
အခါ..အေးမြတောက်ပ သော အလင်း အဝန်းအဝိုင်း သည်..ထက်ဝန်းကျင် ပြန့် နှံ့ သကဲ့သို့ ရှိတော့၏။
~ ရသေ့အို ဆိုလိုသော..“တန်ဆာ မဲ့ သုခ”ချမ်းသာ သဘောတရားသည်လည်း..ဥာဏ်၌ ထင်ရှား
ဖြစ်ပေါ် လာလျှက်..ရသေ့အို မိန့် ဆိုခဲ့သော “မြေယာ ပြုပြင်ချိန်၌ ပင်..ဤသို့ ချမ်းသာပါက သာလွန်
အဆင့်အတန်းမြင့်မား အခြေအနေ၏ အကျိုး...မည်မျှ ကြီးမားမည်ကို မှန်းဆ လာနိုင်တော့၏ ။
~ လူ့ လောက၌ ကျင်လည် လျှက် ရိနေသေးသော ကုမ္မာရ အဘို့ ..မောင်းမမိဿံ ခြွေရံသင်းပင်း
လောကတန်ဆာ တို့ နှင့် မကင်းသေါ်လည်း..ပူပင်ဒေါသ..ကြောင့်ကျ နောင်တကင်းသော အိပ်ယာဝင်
အိပ်ယာထ ဘဝကို..ရရှိ ပိုင်ဆိုင် ခဲ့ရပေပြီ...
~ ယ္ခင်က...သူ့ စရိုက်ကြောက်၍ ရှောင်ရှားခဲ့သော စီးပွားဘက် မိတ်ဆွေများ..ပြန်လည် ဝင်ဆန့် ၍
လာ၏...သူ၏ အပိုင်စား လယ်ယာမြေ တို့ မှ ဖယ်ခွာခဲ့ကြသော လယ်ယာလုပ်သားများ ဆိတ်ကွယ်ရာ
မနေ..မခိုမကပ် ကြိုးစား အားထုတ်မှူတို့ ကြောင့်..ဖခင် သူကြွယ် အကျိုးစီးပွားတို့ မှာလည်း..ပိုမို ၍
စည်ပင် ဖွံ့ ဖြိုး တိုးပွားလာရ လေသည် ။
~ မျိုးစေ့ မှန်သော မြေခံကောင်း၌ ပွင့်သော ပန်းသည် လေသင့်ရာ မွှေးသကဲ့သို့ ...
ရသေ့ကြီး ပဏ္ဍိတ နှင့် သူကြွယ်သား ကုမာရ တို့ ..ဆုံတွေ့ ခဲ့ရခြင်းကို အကြောင်းပြု၍...
ဗာရာဏသီ ပြည်သူအများ ချမ်းသာခဲ့ ကြရ ပါ၏ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment