တစ်မျိုး (သို့မဟုတ်) တစ်မျိုးထက်ပို၍ပါဝင်၏။ အရေအတွက်အားဖြင့် တစ်ရာကျော်မျှ
သော ထိုဓါတ်များသည် သဘာဝလောက၌ ဖြစ်ပေါ်လျက်ရှိသော်လည်း လူနှင့်
ပတ်ဝန်းကျင်သည် ၎င်းဓါတ်များမှ ကျွန်ုပ်တို့ နေ့စဉ်ဘ၀၌ မြင်နိုင် ကိုင်တွယ်အသုံးပြုနိုင်
သော အရာဝတ္ထုအားလုံး ဖြစ်ပေါ်အောင်ဖန်တီးယူလေသည်။
ဖြစ်နိုင်၏။ သို့သော် မည်သည့်ဓါတ်မျိုးပင် ဖြစ်စေကာမူ၊ ၎င်းသည် အနုမြူခေါ်သေးမွှား
သော အမှုန်ကလေးများနှင့်၊ ပေါင်းစပ်ထားခြင်းသာ ဖြစ်ပါသည်။ ယင်းအမှုန်ကလေးများ
မှာ သေးငယ်လွန်းလှ၍ အစွမ်းအထက်ဆုံး မှန်ဘီလူးများဖြင့် ကြည့်သည့်တိုင်အောင်
မမြင်ရချေ။ ထို့ပြင် ဓါတ်တမျိုးမျိုး သီးခြားပါဝင်သော အနုမြူမှုန်များသည်လည်း
အခြားဓါတ်မျိုးပါဝင်လေသည်။ အနုမြူမှုန်များနှင့် လုံးဝ ခြားနားကွဲပြားမြဲ ဖြစ်လေသည်။
ဥပမာ သံဟု ခေါ်တွင်သော ဓါတ်မျိုးပါဝင်သည့် အနုမြူမှုန်များ၌ ထူးခြားသော သဏ္ဍာန်
နှင့် သတ္တိများရှိပြီး ကြေးနီအောက်ဆီဂျင် သို့မဟုတ် အခြားဓါတ်များပါဝင်သောအနုမြူမှုန်
များ၏ သဏ္ဍာန် သတ္တိများနှင့် မလွဲမှားနိုင်အောင်ပင် ခြားနားလျက်ရှိ၏။
အနုမြူဆိုသည်မှာ ဓါတ်တစ်မျိုး၏ ခွဲစိတ်မရတော့သော အသေးငယ်ဆုံးမြူမှုန်
ဖြစ်သည်ဟု လက်ဦးပညာရှင်များက မှန်ကန်စွာ ၀ိဂြိုလ်ပြုခဲ့ကြသည်။ သို့ရာတွင်
အနုမြူ၏ သဏ္ဍာနကို ဖေါ်ထုတ်နိုင်ရန် အားထုတ်ကြရာ၌ကား ၎င်းတို့သည် လိုရင်းနှင့်နီးစပ်
အောင် မပြောနိုင်ကြပေ။ ၎င်းတို့အလိုသော် အနုမြူသည် အသေးငယ်ဆုံးသဲပွင့်နှင့်အလွန်တူ
သည့် အစိုင်အခဲလေးဖြစ်နေသည်။ ဓါတုဗေဒစမ်းသပ်မှု ပြုလုပ်နေကြသောသူများအတွင်း
၌လည်း ယင်း အယူအဆများတစ်ခု ၀င်လျက်ရှိ၏။
မျက်မှောက်ခေတ်၌မူ အနုမြူအစိုင်အခဲဟု မှတ်ယူသော အစွဲမှာ လုံးဝအခြေ
အမြစ်မရှိတော့ချေ။ ဓါတ်တစ်မျိုးနှင့် ဖွဲ့စည်းထားသဖြင့် သေးငယ်သော မြူမှုန်
ဖြစ်လာရသော မည်သည့်အနုမြူမဆို မစိုင်အခဲမဟုတ်ပါပေ။ ဘာမျှမရှိသောလေဟာနယ်
တမျှဖြစ်လေသည်။
အနုမြူမှုန်တိုင်းသည် မည်သည့်ဓါတ်ဖြင့် ဖွဲ့စည်းပေါ်ပေါက်လာသည်ဖြစ်စေ
ဝတ်ဆံပါသည်ချည်းဖြစ်သည်ဟု ရူပဗေဒပညာရှင်များက နောက်ဆုံး အတည်ပြုထောက်ခံ
ချက်ချထားခဲ့၏။ ယင်းဝတ်ဆံမှုန်ကို လှည့်ပတ်၍ ထို့ထက်ငယ်သော အမှုန်တစ်ခုကသော်
လည်းကောင်း၊ အမှုန်များကသော်လည်းကောင်း မခန့်မှန်းနိုင်သော အရှိန်ဖြင့် ရွေ့လျားနေ
ကြသည်။ အနုမြူမှုန်တစ်ခုအတွင်း၌ ယင်းအမှုန်ငယ်သုံးမျိုးပါဝင်၏။ ၎င်းတို့မှာ အီလက်ထရွန်
(အမဓါတ်)၊ ပရိုတွန်(အဖိုဓါတ်) နှင့် နျူထရွန် (အဖိုဓါတ်မဟုတ်သောဓါတ်) တို့ဖြစ်
ကြသည်။ ဟိုက်ဒရိုဂျင်အနုမြူ၌ နျူထရွန်ဓါတ်များ မပါချေ။ အဆိုပါသေးငယ်သော
အမှုန်များကြောင့်သာ ဓါတ်တစ်မျိုး ပါဝင်သော အနုမြူကို အခြားဓါတ်တစ်မျိုးပါဝင်
သည့် အနုမြူနှင့် ခွဲခြားနိုင်စွမ်းမရှိခြင်းဖြစ်သည်။ ထိုအမှုန်ကလေးများသာ မရှိပါက
အနုမြူစွမ်းအင်ဆိုသည်မှာလည်း ထွက်ပေါ်လာရန်အကြောင်းပင်မရှိချေ။
ဤအခန်းသည် အနုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချရေးအတွက်
ဖေါ်ပြသောအခန်းဖြစ်သော်လည်း အနုမြူစွမ်းအင်ဟူသည်ကို သဘောပေါက် နားလည်
ရန်အတွက် အနုမြူတည်ဆောက်ပုံအကြောင်းကို ထပ်မံသိရှိထားလိမ့်မည်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အနုမြူတည်ဆောက်ပုံကို ပြောင်းလဲပေးလိုက်မှသာလျှင်
အချို့သော အနုမြူများ၏ စွမ်းအင်ကို ထုတ်ယူရရှိနိုင်မည် ဖြစ်ပါသည်။
ရှေးဦးစွာ ကျွန်ုပ်တို့သည် အရှင်းဆုံး၊ အရိုးဆုံးဖွဲစည်းထားသော ဟိုက်ဒရိုဂျင်
အနုမြူအကြောင်းကို လေ့လာကြည့်ကြပါမည်။ ဟိုက်ဒရိုဂျင် အနုမြူဝတ်ဆံသည် ပရိုတွန်
မြူမှုန်တစ်ခုတည်းသာဖြစ်၏။ ၎င်းတို့ လှည့်ပတ်သွားနေသောအရာမှာ ထိုထက်
ငယ်သော အီလက်ထရွန် အမှုန်ကလေးပင်ဖြစ်သည်။
လောက၌ သဘာဝအလျောက် ဖြစ်ပေါ်လာသော ဓါတ်အမျိုးပေါင်း ကိုးဆယ့်
နှစ်မျိုးရှိသည်။ ၎င်းဓါတ်များသည် ဆိုင်ရာအနုမြူမှုန်များ ဖြင့်ပေါင်းစပ်ဖွဲ့စည်းလျှက်ရှိ၏။
ယင်းတို့ကို သိပ္ပံပညာရှင်များက နံပါတ်များတပ်ပေးထားသည်။ နံပါတ်များ တပ်ရာဝယ်
ဝတ်ဆံကို လှည့်ပတ်သွားနေသော အီလက်ထရွန် အနည်းအများ လိုက်၍ဖြစ်သည်။
ဟိုက်ဒရိုဂျင်အနုမြူ၏ ၀တ်ဆံကို လှည့်ပတ်နေသော အီလက်ထရွန်
မှုန်တစ်ခုသာရှိ၍ ၎င်းကိုအနုမြူနံပါတတ်(၁) ဟုကင်ပွန်းတပ်ထားသည်။ နံပါတ်များ
တိုးတက်၍ ပေးသွားရာဝယ် ဓါတ်ပေါင်းစုံပါဝင်သောအနုမြူသည် နံပါတ်ကြီးလာသည်
နောက်ဆုံးဖြစ်သော ယူရေနီယံဓါတ်သည် အနုမြူတည်ဆောက်သူမှုများထဲ၌ အရှုပ်ထွေး
ဆုံ့းဖြစ်သည့်အတွက် ၎င်းကို နံပါတ်(၉၂) ဟုတပ်လိုက်၏။ ယူရေနီယံ အနုမြူဝတ်ဆံ
တွင် ပရိုတွန်-၉၂-ခုနှင့် နျူထရွန်-၁၄၆-ခုပါဝင်ပြီး၊ အီလက်ထရွန်-၉၂-ခုက
လမ်းကြောင်း ခုနစ်ကြောင်းဖြင့် လှည့်ပတ်သွားနေ၏။
ဤနေရာ၌ အနုမြူညူကလိယာစ်ကို ဗဟိုပြု၍ သွေဝိုင်းသော လမ်းကြောင်း
များအတိုင်းလှည့်ပတ်လှုပ်ရှုားနေကြရသော လျှပ်စစ်အမဓာတ်သဘောဆောင်သည့်အီလက်
ထရွန်များသည် ပရိုတွန်များကို(ကျားကန်) ထားကြသလောဟု စောဒကတက်နိုင်၏။
ဝတ်ဆံသည် အနုမြူမှုန်၏ နှစ်သောင်းပုံပုံ တစ်ပုံသာရှိသော်လည်း၊ ၎င်းကို
ဖွဲစည်းထားသည့် နျူထရွန်နှင့်ပရိုတွန်တို့သည်သာ အနုမြူဝတ်မှုန်ထု (ရုပ်စု) ကိုဖြစ်
ပေါ်စေသော အရေးပါသည့် အစိတ်အပိုင်းများဖြစ်ကြသည်။ ထု(သို့မဟုတ် ရုပ်စု)
ဆိုသော စကားသည် အလေးချိန်ဆိုသော စကားနှင့်မကြာမကြာ ရောထွေးသွားတတ်၏။
အနုမြူထုကို ပြောရမည့်အစား အနုမြူအလေးချိန်ဟာ ပြောမိခြင်းက ပို၍ဆိုးလှသည်။
ထု (ရုပ်စု)သည် အရွယ်နှင့်လည်းကောင်း၊ အလေးချိန်နှင့်လည်းကောင်း ရောနှော
ရန်မရှိပေ။ ၎င်းသည် အလေးချိန်မရှိဘဲလည်း တည်နေနိုင်၏။ အရာဝတ္ထုတစ်ခုခု၏
ထုသည် ၎င်းအရာဝတ္ထု မပါဝင်သော ပစ္စည်းအရေအတွက်ကို ရည်ညွန်းပြီး၊ အရာဝတ္ထု
တစ်ခုခု၏ အလေးချိန်ဆိုသည်မှာ ဆွဲငင်အားကို တိုင်းတာပေးခြင်းမျှသာ ဖြစ်ပေသည်။
ဤကမ္ဘာပေါ်၌ အလေးချိန်ကို သတ်မှတ်ရာဝယ် မြေကြီးဆီသို့ ဆွဲယူသွားသော
ဆွဲငင်အားနှင့် သတ်မှတ်၏။ အရာဝတ္ထုတစ်ခုသည် ကမ္ဘာမြေကြီးနှင့် ဝေးလေလေ
ကမ္ဘာ၏ ဆွဲငင်အားကို ခံရနည်းလေလေပင်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ၎င်းကို စုပေါင်းဖွဲစည်း
ထားသော အရာများ၏ ပမာဏမှာ ကမ္ဘာ့ဆွဲငင်အားနှင့် ကမ္ဘာမြေကြီးမှ အဝေးအနီး
ကိုလိုက်၍ ပြောင်းလွဲခြင်းမရှိချေ။ တစ်နည်းဆိုသော် ဆွဲငင်အားက အရာဝတ္ထု၏
အလေးချိန်ကိုသာ ဖြစ်ပေါ်စေ၏။ ထု(ရုပ်စု)ကိုကား ပြောင်းလဲစေခြင်း မရှိပေ။
ထုနှင့်အလေးချိန်ကို ခွဲခြားနားလည်ရန် လေကြောင်းပညာသည်ကို သရုပ်ပြ
ကောင်းလှ၏။ အလေးချိန်-၁၀- တန်ရှိသော အာကာသယဉ်တစ်ခုသည် ကမ္ဘာမှနေ၍
အင်္ဂါဂြိုဟ်သို့ သွားသည်ရှိသော် ၎င်းယဉ်သည် မပစ်လွှတ်မီအချိန်က ကမ္ဘာမြေကြီး
ပေါ်၌ ၁၀-တန်သာ အလေးချိန် စီးမြဲစီးသော်လည်း ပစ်လွှတ်ပြီးနောက်၌ကား ကမ္ဘာနှင့်ဝေး၍
သွားခြင်းနှင့် ကမ္ဘာ၏ဆွဲငင်အားကို လျော့၍လျော့၍ ခံရတော့ရာ ယဉ်နှင့်တကွ
ယဉ်အတွင်းရှိ အရာဝတ္ထုမှန်သမျှသည် အလေးချိန် နည်း၍သွားတော့သည်။ နောက်ဆုံး၌
ထိုယာဉ်သည် မိမိလိုရာခရီးဖြစ်သော ကမ္ဘာနှင့်အလွန်ဝေးရာ ဖြစ်သည့်နေရာသို့
ရောက်အသွားတွင် ကမ္ဘာဆွဲငင်ခြင်းမရှိတော့ပေ။ ထိုနေရာ၌ အာကာသယာဉ်သည် ၎င်းတင်ဆောင်လာသောပစ္စည်းများနှင့်အတူ အလေးချိန်လုံးဝကင်းမဲ့သွားတော့သည်။
အဆိုပါ ပစ္စည်းများသည်ကား နဂိုသာ အရေအတွက် မလျော့ဘဲ ရှိနေ၏။အာကာသ၌
ထိုယာဉ်သည် ၁၀-တန် အလေးချိန်ကို ဆုံးရှုံးသွားသောလည်း ၎င်း၏ထု (ရုပ်စု) သည်
ယခင်ကဲ့သို့ပင် တည်ရှိနေ၏။
အနုမြူ အချိန်စီးများ အကြောင်းကို ကျွန်ုပ်တို့ ဆွေးနွေးလျှင် အနုမြူမှုန်တစ်ခုခု၌ ပါဝင်သောအရာဝတ္ထု အရေအတွက်ကို ဆိုလိုရင်းဖြစ်ကြောင်း နားလည်အပ်သည်။
ယင်းအနုမြူမှုန်၌ ပါဝင်သောအရာနည်းလေလေ ၎င်း၏ထု(ရုပ်စု)သည်ငယ်လေလေ
ဖြစ်သည်ဟု မှတ်ရမည်။ အနုမြူ၏ အလေးချိန်ကိုမူ နံပါတ်တစ်မျိုးနှင့်ဖေါ်ပြ၏။
သို့ပါသော် ယင်းနံပါတ်သည် ကျွန်ုပ်တို့ ပြောဆိုလေ့ရှိသော အလေးချိန်အောင်စ
စသည်တို့နှင့် ဘာမျှမဆိုင်ပေ။ တစ်ဖန် အနုမြူအချိန်စီးခြင်းများကို ပြရာနံပါတ်များမှာလည်း
ထုကိုဖေါ်ပြရာ ဂဏန်းများသာဖြစ်ပေသည်။
အနုမြူစွမ်းအင်ထုတ်ယူခြင်းသည် အနုမြူဝတ်ဆံထုကို ပြောင်းလွဲပေးခြင်း
ဖြစ်သည်။အနုမြူသဘောတရား ပုံသေနည်းသည် လျှပ်စစ်ပုံသေနည်းအပေါ်၌ လုံးဝ
အခြေခံထား၏။ လျှပ်စစ်ဓါတ်သည်လည်း အခြားမဟုတ်၊ သေးငယ်သော ရုပ်ဒြပ်
ကလေးများ လှုပ်ရှားခြင်းပင်ဖြစ်သည်။ အနုမြူ၌ ယင်းသေးငယ်သော အမှုန်များပါ၏၊
ဓါတ်အမျိုးပေါင်း ဟုဖွဲ့စည်းထားသော အနုမြူမှုန်များသည် တစ်ခုနှင့်တစ်ခု အရွယ်အစား
ရော ထု(ရုပ်စု)ပါ အကြီးအကျယ် ကွာခြားကြသော်လည်း ၎င်းတို့၌ ပါဝင်သောပစ္စည်းစုမှာ
ထပ်တူပင် ဖြစ်လေသည်။ လျှပ်စစ်ဓါတ်သည် အနုမြူမှုန်တိုင်းကို ဖွဲ့စည်းရာ၌
အရင်းခံဓါတ်အဖြစ်ပါဝင်၏။ အနုမြူမှုန်တိုင်း၌ အီလက်ထရွန်တစ်ခု သို့မဟုတ်
တစ်ခုထက်ပို၍ ၀တ်ဆံကို လှည့်ပတ်သွားနေသည်ဟူသော ကျွန်ုပ်တို့လက်ခံထားပြီး
မူကို လျှပ်စစ်ဓါတ်ကသာ ရှင်းလင်းချက်ပေးနိုင်စွမ်းရှိ၏။
လျှပ်စစ်ဓါတ်၏ အရင်းခံအကြောင်းတို့အနက် တစ်ခုမှာ တူညီသော ဓါတ်အား
ချင်းတွန်းကန်ပြီး၊ မတူညီသော ဓါတ်အားချင်း ဆွဲဆောင်ကြောင်းပင် ဖြစ်သည်။
လျှပ်စစ်ဓါတ်ဖိုချင်း ပေါင်းစပ်ထားသော အရာများသည် တစ်ခုနှင့်တစ်ခု တွန်းကန်၏။
ဓါတ်ဖိုသာ ပါဝင်သောအရာနှင့် ဓါတ်မသာပါဝင်သောအရာတို့မှာ တစ်ခုကိုတစ်ခုက
ဆွဲဆောင်ကြလေသည်။
အီလက်ထရွန်သည် လျှပ်စစ်ဓါတ်မပါဝင်သည့် သေးငယ်သော အမှုန်ဖြစ်ပြီး
၎င်းကို အနုမြူမှုန်ထုတ်ယူလိုက်သည့်အခါတွင် လျှပ်စစ်ဓါတ်သန့်သန့်ကိုရ၏။ ၎င်း၌ထု(ရုပ်စု) မရှိသလောက်ပင် တွေ့ရသည်။ အီလက်ထရွန်၏ အလေးချိန်သည် အပေါ့ဆုံး
အနုမြူလောက်ပင် အတောလျော့သေးသည်။ ဟိုက်ဒရိုဂျင်ဓါတ်သည် ဓါတ်အားလုံး
အနက် အပေါ့ဆုံးဖြစ်လင့်ကစား ဟိုက်ဒရိုဂျင် အနုမြူတစ်ခုသည် အီလက်ထရွန်(၁၈၄၀)
၏ အလေးချိန်မျှရှိ၏။ ပရိုတွန်ကား အီလက်ထရွန်၏ ဆန့်ကျင်ဘက် လျှပ်စစ်ဓါတ်ဖြစ်
သည်။ ၎င်းတွင် အီလက်ထရွန် ဓါတ်အပါဝင်သလောက်ပင် ဓါတ်ဖိုပါဝင်ပြီးထုအနည်း
ငယ်ရှိ၏။ နျူထရွန်၌မူ ပရိုတွန်နှင့်တူညီသောထုရှိ၏။ သို့သော် ၎င်းမှာလျှပ်စစ်ဓတ်
အားမပါချေ။ ဖေါ်ပြပါတို့ကို ထောက်၍ အနုမြူမှုန်တစ်ခုခု၏ထုထည် ၎င်း၏၀တ်ဆံ၌
ပါဝင်သောပရိုတွန်နှင့် နျူထရွန်များ၏ အစုအပေါင်းသာ ဖြစ်ပါကြောင်း မှတ်ထားသင့်ပေသည်။
သိပ္ပံမျိုး၏ သိပ္ပံနည်း ဗုဒ္ဓအဘိဓမ္မာ
အနုမြူသိပ္ပံနှင့် ပတ်သက်၍ အခြားမှတ်သားဖွယ်ရာအချို့ကို မြန်မာနိုင်ငံ
သိပ္ပံပညာရှင် စာရေးဆရာကြီး သိပ္ပံမျိုး၏ သိပ္ပံနည်း ဗုဒ္ဓအဘိဓမ္မာခေါ် စာစောင်မှ
ကောက်နှုတ်၍ အောက်တွင် ဖေါ်ပြလိုက်ပါသည်။
ဒေါက်တာအိုင်စတိုင်း၏ သီဝရီအရ ရုပ်ဒြပ်တို့၏ အသေးဆုံးအဆင့်ဖြစ်သော
အနုမြူကို ထပ်မံခွဲစိတ်၍ရသည့်အချိန်မှအစပြု၍ အနုမြူရုပ်ဓါတ် သိပ္ပံ( )နှင့်ရုပ်ဓါတ်
ခန္ဓာ ညူကလီးယားသိပ္ပံ( ) ပညာများသည် အဟုန်ပြင်းစွာဖြင့် တိုးတက်လာခဲ့ပေရာ
ယနေ့ဆိုလျှင် အနုမြူစကြာဝဠာဟု ခေါ်ဆိုရသောအခြေသို့ ဆိုက်ရောက်နေပေပြီ။
စကြာဝဠာကြီးအတွင်းသို့ ဒုံးပျံ ( ) နှင့် ဒုံးယာဉ် ( ) များလွှတ်
ကာ လူလိုက်ပါ၍ သုတေသနလုပ်ငန်းများ ပြုနေသည်နှင့် အလားတူသော လုပ်ငန်း
ျများကို ထောင်ပေါင်းများစွာ သိပ္ပံပညာရှင်ကြီးငယ်များသည် ဆိုက်ကလိုထရွန်
( )၊ ကော်စမိုထရွန် ( ) နှင့် ဆင်တရိုထရွန် ( ) အစရှိသော အနုမြူ
ခွဲစိတ်ကိရိယာကြီးများကို ငွေပေါင်းများစွာ ကုန်ကျခံကာ တည်ဆောက်၍ အနုမြူ
စကြာဝဠာအတွင်းသို့ ချဉ်းနင်းဝင်ရောက်ကာ စူးစမ်းလေ့လောနေကြပေ၏။
အနုမြူသည် စကြာဝဠာအတွင်းရှိ ရုပ်အဖွဲ့အစည်းဟူသမျှ၏ အခြေခံရုက်ဒြပ်ဖြစ်၍
အနုမြူ၏ ဖွဲ့စည်းပုံကို အလုံးစုံသိလျှင် စကြာဝဠာ၏ ရုပ်ပိုင်းဘ၀ ဖွဲ့စည်းပုံအားလုံးကို
သိနိုင်မည်ဟု ယုံကြည်ရပေ၏။
အနုမြူသိပ္ပံပညာရှင်များ ရင်ဆိုင်နေရသော အခြေခံအကျဆုံး ပြဿနာမှာ
ရုပ်ဖွဲ့စည်းရေး စွမ်းအားပြဿနာများပင်ဖြစ်၏။
အနုမြူ၏ဖွဲ့စည်းပုံတွင် အခိုင်မာဆုံး အကျစ်လစ်ဆုံးဖြစ်သော ညူကလီယာစ်
( ) ၌ ပါဝင်ကြသော ညူထရွန်နှင့် ပရိုတွန်တို့သည် မည်ကဲ့သို့သော စွမ်းအားဖြင့်
ဆွဲငင်ပေါင်းစည်းထား၍ ဤမျှကျစ်လစ်သိပ်သည်းကာ ခိုင်မာနေကြပါသနည်း။
ဤမေးခွန်းသည် ဘွင်းဘွင်းကြီး ပေါ်နေသော ပြဿနာကို တိုက်ရိုက်အဖြေရှာ
ခိုင်းသော မေးခွန်းဖြစ်သော်လည်း သိပ္ပံပညာရှင်ကြီးများစွာတို့အား အကြီးအကျယ်
ခေါင်းခဲစေသော မေးခွန်းဖြစ်လေသည်။
ညူထရွန်သည် လျှပ်စစ်ဓါတ်အဖိုအမ၊ ဓါတ်သဘောညီမျှနေသော ရုပ်ဓါတ်ဖြစ်၍
ယင်း၌ ဗဟိဒ္ဓစွမ်းအားသည် လျှပ်စစ်သဘောအရ လုံးဝမရှိချေ။ ဤသို့မရှိပါဘဲလျက်
ပရိုတွန်များကို ဆွဲငင်ပေါင်းစည်းထားခြင်းမှာ အဘယ့်ကြောင့်နည်း။
တစ်ဖန် ပရိုတွန်သည် လျှပ်စစ်အဖို ဓါတ်သဘောဆောင်သော ရုပ်ဓါတ်ဖြစ်ရာ
ပရိုတွန်အချင်းချင်း အကြီးအကျယ် တွန်းကန်ာကသော သဘောသာရှိ၏။
ဆွဲငင်နိုင်သောသဘော လုံးဝမရှိချေ။ ဤသို့ဖြစ်ပါလျက် ပရိုတွန်များသည် အနုမြူ
ညူကလိယာစ်အတွင်း၌ ဘယ်သို့ စုစုစည်းစည်းပေါင်းသင်း နေထိုင်ကြပါသနည်း။
ဤမေးခွန်းများသည် အနုမြူဖွဲ့စည်းပုံ၌ သိပ္ပံပညာက အလွန်ပင် အားကိုးအားထား
ပြုရသော လျှပ်စစ်စွမ်းအင်နှင့် လျှပ်စစ်အဖို၊ အမဓါတ်အားများ ( )သင် အရာ
မရောက်နိုင်တော့ကြောင်း ထောက်ပြလိုက်ခြင်းပင် ဖြစ်လေသည်။
သို့သော် ဤကိစ္စမှာ (ဆိတ်ကဆင်ကို ဖမ်းထားသည်)ဟု ယူဆရမည့် သဘော
ကြီးဖြစ်၍ လုံးဝအဓိပ္ပါယ်မရှိချေ။ ရုပ်ပမာဏ အလွန်သေး၍ အလေးချိန်ပင် မရှိ
သလောက်ဖြစ်သော အီလက်ထရွန်များကို အလေးချိန်ရှိသော ပရိုတွန်များကသာ ဆွဲငင်
ထားသည်ဟု ဆိုနိုင်ပါ၏။ ထို့အတူ အလေးချိန်အစီးဆုံးဖြစ်သော ညူထရွန်ကသာ
ပရိုတွန်များကို ဆွဲငင်ထားသည်ဟု ဆိုနိုင်ပါ၏။
သို့ဖြစ်လျှင် လျှပ်စစ်သဘောအရ (ဖိုမ) ဓာတ်သဘော ညီမျှနေသော ညူထရွန်
သည် ဗဟိဒ္ဓ၌လျှပ်စစ်စွမ်းအားလုံးဝမရှိပါပဲလျက် လျှပ်စစ်အဖိုဓာတ်ရှိသော ပရိုတွန်နှင့်
လျှပ်စစ်အမဓာတ်ရှိသော အီလက်ထရွန်များကို ဆွဲငင်စုစည်းထားခြင်းမှာ အံ့သြစရာကောင်း
လှသည် မဟုတ်ပါလော။
ညူကလိယာစ်အတွင်းရှိ ဆွဲငင်အားပမာဏမှာ ကြောက်ခမန်းလိလိ ကြီးမားလှပါ
သည်။ ညူကလိယာစ်အတွင်းမှ ညူထရွန်တစ်ခုကိုဖြစ်စေ၊ ပရိုတွန်တစ်ခုကိုဖြစ်စေ၊
ဆွဲထုတ်ရန်မှာ ပေါင်(၁၀၀) အားခန့်လိုကြောင်း သိပ္ပံပညာရှင်တို့ တွေ့ရှိထားကြပြီးဖြစ်သည်။
အရွယ်အစားနှင့် အလေးချိန် ပမာဏအားဖြင့် အလွန်တရာ သေးငယ်ကြသော
ညူထရွန်နှင့် ပရိုတွန်များအတွင်း ဆွဲငင်ပေါင်းစည်းထားသော စွမ်းအားသည် အလွန်
တရာ ကြီးမားသော စွမ်းအားထူးဖြစ်ရာ သိပ္ပံပညာက သိထားသော လျှပ်စစ်စွမ်းအား
လည်း လုံးဝမဖြစ်နိုင်ခြင်းကြောင့် ယင်းစွမ်းအားထူးကို ညူကလီယားစွမ်းအား( )
ဟု သိပ္ပံပညာတွင် သီးခြားခေါ်ဆိုကြရလေသည်။
ညူကလိယားစွမ်းအားအကြောင်းသိရှိရန် ညူကလိယာစ်ကို ခွဲစိတ်လေ့လာ
ကြရ၏။ ဤအလုပ်မှာ အပြောလွယ်သလောက် အလုပ်ခက်လှသည်။ အထက်တွင်
ဖေါ်ပြခဲ့သော ဆိုက်ကလိုထရွန်၊ ကော်စမိုထရွန်နှင့် ဆင်တရိုထရွန် ကိရိယာကြီးများသည်
ညူကလိယာစ်ကို ခွဲစိတ်စမ်းသပ်သော ကိရိယာကြီးများပင်ဖြစ်ကြပေသည်။
အလွန်ကျစ်လစ်သိပ်သည်းသော ညူကလိယာစ်ကို ခွဲကြည့်ရန်အတွက်ကြီးမား
သော ခွဲအားလိုသည်။ ယင်းခွဲအားမှာ ပရိုတွန်များ သို့မဟုတ် ညူထရွန်များဖြင့်
ညူကလိယာစ်ကို ပစ်ခွင်းခြင်းဖြင့်ရရှိလေသည်။ ပစ်ခွင်းတိုင်းထိရန် မလွယ်ကူသဖြင့်
ပစ်မှတ်ကိုထိရန် ကျည်ဆန်များစွာကုန်မှ တစ်ချက်တလေ ထိမှန်လေသည်။ ဤသို့
ထိမှန်အောင် စိတ်ရှည်လက်ရှည် ပစ်ခတ်ရနေသောအလုပ်သည် ညူကလီယား သိပ္ပံ
ပညာရှင်တို့အတွက် နေ့စဉ်လုပ်ရပ် တစ်ခုပင်ဖြစ်သည်။
ဤသို့ ပစ်ခတ်လေ့လာ၍ တစ်ချက်တလေ ထိမှန်သော အခါတွင် ညူကလိယာပ်စ်
သည် လှုပ်လှုပ်ရွရွဖြစ်လာခြင်း၊ ရုပ်ပြောင်းလဲသွားခြင်း၊ ဓာတ်ပြောင်းလဲသွားခြင်း၊
ဇီဝပြောင်းလဲသွားခြင်း စသော အဖြစ်များမှာ ထိမှန်မှုအတိုင်းအတာကိုလိုက်၍ ဖြစ်ပေါ်ကြသည်။
ဤသို့ဖြစ်ပေါ်လာသောအခြေအနေကိုအခွင့်ကောင်းယူ၍ညူကလီယာပ်ကို
ဖွဲ့စည်းထားသောစွမ်းအား၏အကြောင်းအရာကိုရှာဖွေလေ့လာရခြင်းဖြစ်သည်။ ခက်ခဲပင်ပန်းစွာအချိန်ယူ၍လေ့လာသောအခါညူထရွန်နှင့်ပရိုတွန်တို့အကြား၌ဆွဲအားကို
ဖြစ်ပေါ်စေသောမေဆွန်( )ဟုခေါ်သည့်ရုပ်သစ်တစ်မျိုးကိုတွေ့ကြရလေသည်။
ထိုအခါ(မေဆွန်)များသည် ညူကလိယာစ်ကို စုစည်းပေးသော အနုမြူ
ဘော်ဓာတ်များသည် ဖြစ်သည်ဟု ယူဆကာ ဆက်ရှုထွေးကာ လေ့လာရပြန်သည်။ ၄င်းတို့ကို
ပိုင်ယွန်ဓာတ်များ ( )နှင့် မြူယွန်များ ( )ဟု ခေါ်ဝေါ်သမုတ်ထား၏။
အထက်ပါ ညူကလီးယား သုတေသနများမှ ထွက်ပေါ်လာသော တစ်ခုတည်း
သော ရလဒ်မှာ အနုမြူအဆင့်ထက်နိမ့်သော ရုပ်ဓာတ်များနှင့် ရုပ်ဓာတ်ခန္ဓာများကို
ခွဲစိတ်လေ့လာသောအခါရုပ်ထွေးသော ရုပ်လက္ခဏာများကို တွေ့ရသော်လည်း အချုပ်
သဘောမှာ လျှပ်စစ် အဖိုဓါတ်၊ အမဓါတ်နှင့် သမဓါတ် သဘောတရားများကိုသာ ရှိကြောင်း
တွေ့ရခြင်းပင်ဖြစ်သည်။
ဤနေရာ၌ လျှပ်စစ်ဓါတ်ကို အခြေခံ၍ လျှပ်စစ်ဓါတ်ဖို ဓါတ်မနှင့် သမဓါတ်ဟု
ဆိုရသော်လည်း အနုမြူစွမ်းအားတို့သည် လျှပ်စစ်စွမ်းအားထက် အဆပေါင်းများစွာ
သာလွန်ကြီးမားကြောင်း သိပ္ပံပညာရှင်များ သိထားကြပြီးဖြစ်၏။
အထက်ပါ တွေ့ရှိလေ့လာချက်များ အရဆိုလျှင် လျှပ်စစ်စွမ်းအားနှင့် သံလိုက်
စွမ်းအားတို့ကို ဖြစ်ပေါ်စေသော လက္ခဏာရုပ်သည် (ပရိုတွန်) တစ်ခုသာလျှင် အကျုံးဝင်ပြီး
ကျန်လက္ခဏာရုပ်များမှာ အနုမြူစွမ်းအား သို့မဟုတ် ညူကလီးယားစွမ်းအား ဖြစ်ပေါ်
စေရာတွင် အကျုံးဝင်ကြောင်း တွေ့ရှိရလေသည်။
ထို့ကြောင့် အနုမြူထုကို ဖွဲ့စည်းဖြစ်ပေါ်စေသော စွမ်းအားသည် အနုမြူ
စွမ်းအားသာ ဖြစ်၍ လျှပ်စစ်စွမ်းအားနှင့် သံလိုက်စွမ်းအားများထက် အဆပေါင်းများစွာ
ကြီးမားကြောင်းထင်ရှားစွာ သိလာရလေသည်။ လျှပ်စစ်စွမ်းအားနှင့် သံလိုက်စွမ်းအား
များသည် အပူစွမ်းအား ( ) အလင်းရောင်စွမ်းအား ( ) စသော ရုပ်စွမ်း
အားများနှင့် အပြန်အလှန် ဆက်သွယ်လျက်ရှိသောလည်း အနုမြူစွမ်းအားမှာ ကားသီး
ခြား ဖြစ်ပေါ်လာကြောင်း တွေ့ရလေသည်။
အနုမြူစွမ်းမှာ ကြီးမားဆုံးဖြစ်၍ လျှပ်စစ်စွမ်းအား၊ သံလိုက်စွမ်းအား၊
အပူစွမ်းအား၊ အလင်းရောင်စွမ်းအား၊ အသံစွမ်းအား စသည်များ အသွင်ဖြင့် လှုပ်ရှား
သက်ဝင်နိုင်သော်လည်း စွမ်းအားငယ်များမှာ အနုမြူစွမ်းအား အဆင့်သို့ မည်သည့်နည်း
နှင့်မျှ မတက်လှမ်းနိုင်ကြချေ။
စွမ်းအားတို့၏ သဘာဝအရ စွမ်းအားကြီးမှ စွမ်းအားငယ်သို့ သက်ဆင်းနိုင်၏။
စွမ်းအားငယ်မှ စွမ်းအားငယ်သို့ မတက်ရောက်နိုင်ချေ။
ထို့ကြောင့် စွမ်းအားငယ် အဆင့်အတန်းသာရှိသော လျှပ်စစ်စွမ်းအား၊ သံလိုက်
စွမ်းအား၊ အပူစွမ်းအား၊ အလင်းရောင်စွမ်းအား၊ အသံစွမ်းအား စသည်များမှာ ရုပ်စွမ်းအင်
နှင့်ဆိုင်သော ရူပစွမ်းအင်များဖြစ်ကြပြီး အနုမြူစွမ်းအား၊ ညူကလိယား စွမ်းအားများမှာမူကား
စိတ်စွမ်းအင်နှင့် ဆိုင်သော အစိတ်အပိုင်းများ ပါဝင်နေကြ၍၊ ရုပ်စွမ်းအား သက်သက်
မဟုတ်ဟု ဗုဒ္ဓသိပ္ပံအရ တိကျပြတ်သားစွာ နားလည်းထားအပ်ပေသည်။
ယနေ့အထိဖြစ်သော အနုမြူသိပ္ပံပညာသည် စိတ်ပိုင်းဆိုင်ရာ တရားကို နားလည်
သဘောပေါက်နိုင်စွမ်း မရှိသေးသောကြောင့် အနုမြူစွမ်းအား၏ သဘောသဘာဝကိုလျှပ်စစ်
စွမ်းအား၏ သဘောသဘာဝနှင့် ယှဉ်၍သာလျှင် နားလည်ရန်ကြိုးပမ်းကြောင်းတွေ့ရ၏။
လျှပ်စစ်စွမ်းအား၏ အခြေခံသဘောမှာ လျှပ်စစ်အဖိုဓါတ်နှင့် လျှပ်စစ်အမဓါတ်၊
လျှပ်စစ်သမဓါတ်ဟူ၍ ရှိသည့်နည်းတူ ညူကလီးယားစွမ်းအား၏ အခြေခံသဘောမှာ
လည်း အနုမြူအဖိုဓါတ် အနုမြူအမဓါတ် အနုမြူသမဓါတ်ဟူ၍ ရှိရမည်ဟုကောက်နှုတ်
ချက်ချလေသည်။
ရုပ်ပရမတ်စွမ်းအင်နှင့် ပတ်သတ်၍ အိုင်စတိုင်းဖေါ်ထုတ်ခဲ့သော ရုပ်စွမ်းအင်တို့
၏ အညမညသမုတိသစ္စာတရား ( ) အထင်ရှားဆုံးဖြစ်လေသည်။
ဤတရားကို အိုင်စတိုင်း၏ ရုပ်သမုတိသစ္စာတရား (သို့မဟုတ်) အိုင်စတိုင်းသီဝရီဟု
အတိုကောက်အားဖြင့် ရည်ညွှန်းပြောဆို သုံးနှုန်းကြရပေသည်မှာ ယနေ့သိပ္ပံပညာလောက
တွင် သူမပါလျှင် မပြီးသော တရားကြီးဖြစ်ပေသည်။ သို့သော် အိုင်စတိုင်းသီဝရီသည်
ရုပ်ပရမတ်တရား၏ နိဒါန်းမျှသာဖြစ်ကြောင်း သတိပြုအပ်ပေ၏။
ဤတရားကို အိုင်စတိုင်းတွေ့ရှိရခြင်းအကြောင်မှာ ရုပ်ကိုနိုင်ပါသည်ဟု လူအများ
နားလည်ထားသော သိပ္ပံပညာ၏ ကျယ်ဝန်းသော ရုပ်ပြဿနာများအနက် တစ်ခုသော
ရုပ်ပြဿနာ၏ အဖြေကို ရှာကြရာမှ တွေ့လာရခြင်းဖြစ်သည်။
ယင်းပြဿနာမှာ အသေးဆုံးရုပ်ဒြပ် အနုမြူအတွင်း ရုပ်ဖွဲ့စည်းခြင်း ပြဿနာဖြစ်၏။
အနုမြူတစ်ခုအတွင်း၌ အဓိကဖွဲ့စည်းပါဝင်သော ညူထရွန်၊ ပရိုတွန်နှင့် အီလက်
ထရွန်ရုပ်များအနက် ညူထရွန်နှင့် ပရိုတွန်သည် အလေးချိန်အရှိဆုံးဖြစ်ကြောင်း
သိခဲ့ပြီးဖြစ်၏။
အနုမြူ၏အလေးချိန်မှာ ညူထရွန်နှင့် ပရိုတွန်တို့၏ အလေးချိန်သာ အဓိက
ဖြစ်သည်။ ယင်းတို့မှာလည်း အနုမြူ၏ ညူကလီးယာစ်တွင် ကျစ်လစ်သိပ်သည်းစွာ
ဖွဲ့စည်းပါဝင်ကြသဖြင့် အနုမြူတစ်ခုလုံး၏ အလေးချိန်ကို ( ) ညူထရွန်
အရေအတွက်နှင့် ပရိုတွန်အရေအတွက် ပေါင်းရကိန်းဖြင့် သတ်မှတ်သည်။
သို့သော် ရုပ်ဓါတ်တိုင်းတာရေးကိရိယာ ( ) ဖြင့် အနုမြူတို့၏
ညူကလိယာစ်များကို တိုင်းတာကြည့်သောအခါ ပါဝင်ကြသော ညူထရွန်အရေအတွက
နှင့် ပရိုတွန်အရေအတွက် ပေါင်းရကိန်းထက် အလေးချိန် (လျော့နည်း) နေကြောင်း
အံ့ဖွယ်တွေ့ကြုံရလေသည်။
ဥပမာ- ညူထရွန် (၁၄)ခုနှင့် ပရိုတွန် (၁၃)ခုတို့ဖြင့် ဖွဲ့စည်းထားသော
အလူမီနီယံသတ္တု၏ အနုမြူလေးသည် အလေးချိန်အရေအတွက်အားဖြင့် (၂၇) ရှိရမည
အစား ထိုထက် (အနည်းငယ်မျှလျှော့နည်းခြင်း) ဖြစ်သည်။ လျော့နေသောပမာဏမှာပရိုတွန်တစ်ခု၏
ဆယ်ပုံတစ်ပုံခန့်မျှသာရှိ၍ အလွန်နည်းသော ပမာဏသာဖြစ်သည်။
သို့သော် ဤအချက်ကလေး မဖြစ်စလောက်ကိုပင် သိပ္ပံပညာရှင်တို့သည်
လျစ်လျူမပြုတတ်ကြချေ။ ဘာ့ကြောင့်လျော့နည်းရသည်ကို အကြောင်းတရားရှာဖွေခဲ့
ကြပေသည်။ ယင်းအကြောင်းတရားကို သိပ္ပံပညာကျော် အိုင်စတိုင်းကတွေ့ရှိခဲ့၍ ကမ္ဘာ
တုန်သွားရခြင်းဖြစ်ပေသည်။
အိုင်စတိုင်းတွေ့ရှိသော အကြောင်းတရားမှာ (ရုပ်ဝတ္ထုတစ်ခုသည် ရုပ်စွမ်းအင်
တစ်စုံတစ်ရာ လျော့နည်းရသောအခါတိုင်း ပါဝင်သော ရုပ်ဓါတ်ပမာဏမှာလည်းအချိုးကျ
လျော့နည်းသွားရသည်)ဟူသော အချက်ပင်ဖြစ်၏။
ဤအချက်မှာ (၁၉၀၅) ခုနှစ်တွင် မှတ်ပုံတင်စာရေးလေး အိုင်စတိုင်းရေးသားခဲ့သော
စာတမ်းတွင် ပါဝင်ခဲ့စဉ်က ထိုအချိန်ရှိ သိပ္ပံပညာရှင်ကြီးများက ရယ်သွမ်းသွေးခဲ့ကြ
ပေ၏။ နောင်နှစ်ပေါင်း ၂၀-ခန့် ကြာသောအခါ ဒေါက်တာအိုင်စတိုင်းအနေဖြင့်
အဆိုပါသဘောတရားကို သင်္ချာဗေဒဖြင့် တွက်ချက်သက်သေပြလိုက်သောအခါ တစ်
ကမ္ဘာလုံးတုန်လှုပ်သွားလေသည်။
အိုင်စတိုင်းရှာဖွေခဲ့သောအတရားအကြောင်းမှာ ရုပ်နှင့်စွမ်းအင်တို့၏ အညမည သမုတိသစ္စာတရားဖြစ်ပြီး၊ သင်္ချာဗေဒပုံစံသွင်းလိုက်သောအခါ အောက်ပါအတိုင်း
ရလေသည်။
ရုပ်စွမ်းအင် = ရုပ်ဓါတ်ပမာဏ X (အလင်းရောင်ခရီးနှုန်း)2
ဤဆက်သွယ်မှု စနစ်အတွင်း ရုပ်စွမ်းအင် ( E )နှင့် ရုပ်ဝတ္ထုတွင် ဖွဲ့စည်းပါဝင်
သော ရုပ်ဓါတ်ပမာဏ ( m ) တို့ ဤအတွင်း၌ တိကျသေအချိုးအဆဖြင့်
အညမညတရားတို့ဂရှိကြောင်းညွှန်ပြလေသည်၊ ယင်းအချိုးအဆကို ပေါ်လွင်အောင်ပြရလျှင်
အထက်ပါ ဆက်သွယ်မှုစနစ်ကို အောက်ပါအတိုင်း ပြန်၍ရေးနိုင်၏။
ထို့ကြောင့် ရုပ်စွမ်းအင်နှင့် ရုပ်ဓါတ်တို၏ အချိုးအဆသည် မည်သည့်ရုပ်ဝတ္ထု
အသွင်သဏ္ဍာန်မှာမဆို အတူချည်းသာဖြစ်ကြ၏ ( )သည် အတူတူဖြစ်ကြောင်းပြသော
(မူသေကိန်း) ဖြစ်၏။ ယင်း(မူသေကိန်း)၏ တန်ဖိုးကို ရှာသောအခါ အိုင်စတိုင်းက
( )သည် အလင်းရောင်သွားသောနှုန်းဖြစ်ကြောင်း သက်သေပြခဲ့လေသည်။
အလင်းရောင်သည် တစ်စက္ကန့်တွင် (၁၈၆၀၀၀)မိုင်နှုန်းဖြင့် အာကာသရုပ်အတွင်း
ခရီးပြင်းနှင်နေ၏။ ဤမျှလျင်မြန်သော နှုန်းဖြင့် ခရီးပြင်းနှင်နေသော အလင်းရောင်
သည် အဘယ်သို့သော အရာမျိုးနည်း။
အလင်းရောင်ကို လူတိုင်းသိကြ၏ သို့သော် နားလည်ကြရန်ကား သိပ္ပံပညာရှင်
ကြီးများပင် စမ်းတ၀ါးဝါး ဖြစ်နေကြလေသည်။ ယနေ့ ထိပ်တန်းပညာရှင်ကြီးများစွာ
တို့မှာ အလင်းရောင်သည် အစိုင်အခဲလော၊ လှိုင်းလော၊ ( )ဟု မေးခွန်းထုတ်
လျက်ပင်ရှိကြသည်။
ဤမေးခွန်း၏အဖြေကို (အစိုင်အခဲ) ဟူ၍လည်းကောင်း၊ (လှိုင်း) ဟူ၍လည်းကောင်း၊ တဖတ်သတ်ဖြေရန် မဖြစ်နိုင်ကြ၍ ကွမ်တမ်သီဝရီမှာ ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ဆိုလျှင်မမှားချေ။
သိပ္ပံလောကတွင် ရေပန်းစားနေသော ကွမ်တီသီဝရီ ( )အရ အလင်းရောင်မှာ
အစိုင်အခဲဟု ခေါ်ချင်ကခေါ်နိုင်သော မတိကျသော စွမ်းအင်ပမာဏရှိ ( )
ဖိုတွန်များ ( ) ဖြင့် ဖွဲ့စည်းထားလျက် ယင်းအရာများ ရွေ့လျားသည့်အခါတွင်မူ
(ပိုးလောက်လန်းများပမာ) လှိုင်းများအသွင်ဖြင့် ( ) ခရီးသွားသည်ဟု ဖေါ်ပြလေသည်။
ဤနည်းအားဖြင့် ကွမ်တမ်သီဝရီသည်(အစိုင်အခဲ) သမားများအားလုံး လက်ခံ
နိုင်သော သီဝရီတစ်ခုဖြစ်လာကာ လက်တွေ့သိပ္ပံပညာတွင် အလင်းရောင်နှင့် ပတ်သတ်
သော ပြဿနာများကို တစ်ခါတစ်ခါတွင်(အစိုင်အခဲ) အသွင်ဖြင့်လည်းကောင်း၊ တစ်ခါ
တစ်ခါတွင် (လှိုင်း)အသွင်ဖြင့်လည်းကောင်း၊ ရှင်းပြခြင်းအားဖြင့် လူကြိုက်များကာ
ရေပန်းစားလာခြင်း ဖြစ်လေသည်။
ဗုဒ္ဓသိပ္ပံအရမူကား အလင်းရောင်သည် အစိုင်အခဲဖြစ်စေ၊ လှိုင်းပင်ဖြစ်စေ၊
မည်သို့ သောအသွင်အပြင်ရှိရှိ ၀ဏ္ဏ(အဆင်းရုပ်) ဟုသာ ပရမတ်ရုပ်သဘောကို
ညွှန်ပြထား၏။ တိကျပြတ်သား၍ အချင်းပွားစရာမလိုအောင် ပြည့်စုံတော်မူပါပေ၏။
ဗုဒ္ဓ၏ အတိုင်းမသိသော ဉာဏ်ပညာတော်ကား အံ့သြဖွယ်ကောင်းလှပါပေ၏။
အကြောင်းမူကား ယနေ့သိပ္ပံပညာတိုးတက်မှုများအရ သိရှိလာသည်မှာ အလင်း
ရောင်တွင် အစိုင်အခဲလော၊ လှိုင်းလောဆိုသည်မှာ အချက်အလက်မဟုတ်ပဲ အလင်း
ရောင်၏ အဆင်း (၀ဏ္ဏရုပ်)သည်သာလျှင် အချက်အချာဖြစ်ပေ၏။
အလင်းရောင်တွင် ဖွဲ့စည်းပါဝင်သော သိပ္ပံခေါ် (ဖိုတွန်)များသည် အရွယ်အစား
အားဖြင့် အားလုံးတူညီကြသောလည်း ပါဝင်သော စွမ်းအားပမာဏမှာ အလင်းရောင်
တစ်မျိုးနှင့်တစ်မျိုး မတူညီကြချေ။
သိပ္ပံပညာမှသိသော အခြေခံအလင်းရောင် (၈)မျိုးရှိရာ အနီရဲရဲ (red)မှ
အစပြု၍ အ၀ါ(yellow)၊ လိမ္မော်(orange)၊ အညို(brown)၊ အပြာ(blue)၊ အစိမ်း(green)၊ ခရမ်းနု(indego)နှင့် ခရမ်းရင့်(violet)ဟူ၍ ဖြစ်ကြ၏။ အဆိုပါအရောင် (၈)မျိုးတို့သည်
လူတို့သိသော နေရောင်ခြည်အလင်းရောင်တွင် အချိုးကျကျပေါင်းစပ်ပါဝင်နေကြသည်။
ဤအရောင်(၈) မျိုးတွင် အသီးသီးပါဝင်ကြသော (ဖိုတွန်များ)သည် အရွယ်အစား
တူလျက် ရုပ်စွမ်းအင်ပမာဏချင်း မတူကြချေ။ ထိုထက်ထူးခြားသည်မှာ အဆင်းဝဏ္ဏရုပ်
သည် ရုပ်စွမ်းအင်ပမာဏနှင့် မဆိုင်သော သဘောသတ္တိရှိကြောင်း တွေ့ရလေသည်။
ဥပမာ၊ အနီရဲရဲအလင်းရောင် (ဖိုတွန်များ)ကို စွမ်းအင်ကြီးမားလာစေရန် အရေ
အတွက်အားဖြင့် မည်မျှပင်တိုးစေကာမူ အ၀ါရောင်၏ သတ္တိကို မပြနိုင်ချေ၊ အထက်တွင်
ဖေါ်ပြထားသော အစီအစဉ်အလိုက် အရောင်(၈)မျိုးတို့သည် အဆင်းဝဏ်္ဏကို အကြောင်းပြု၍
သတ္တိချင်းမတူကြပဲ အနီရဲရဲမှာ သတ္တိအညံ့ဆုံးဖြစ်ပြီး ခရမ်းရင့်ရောင်မှာ သတ္တိအထက်ဆုံး
ဖြစ်လေသည်။
သိပ္ပံပညာတွင် အလင်းရောင်တို့၏ သတ္တိများကို ထိုအလင်းရောင်မှ လုပ်ပေးနိုင်
သော စွမ်းအားဖြင့် ညွှန်ပြခြင်းဖြစ်သည်။ ဥပမာ အနီရဲရဲအရောင်သည် အနုမြူတစ်ခုမှ
အီလက်ထရွန် တစ်ခုကိုပင် ထွက်လာအောင် မလုပ်နိုင်သောလည်း ခရမ်းရောင်သည်
ပရိုတွန်၊ ညူထရွန်များကိုပင် တွန်းထုတ်နိုင်သော သတ္တိရှိလေသည်။
ဤသို့သော ညူကလိယာစ်သပ္ပံသဘောများအရ ဗုဒ္ဓမြတ်စွာ ညွှန်ပြခဲ့သော
ဝဏ်္ဏရုပ်၏ အချက်အချာကျပုံကို သိသာလှ၏။ အလင်းရောင်သည် ၀ဏ္ဏရုပ်သာလျှင်
ဖြစ်၍ အလင်းရောင်၏ သတ္တိမှာ ၀ဏ္ဏအဆင်းရောင်ပေါ်တွင်သာ မူတည်ခြင်းကြောင့်
ဝဏ္ဏရုပ်ဟုခေါ်ခြင်းမှာ အလွန်တိကျမှန်ကန်လှပေသည်။
ဝဏ္ဏရုပ်တို့တွင် ပါဝင်သော ရုပ်အရေအတွက်ပမာဏကြီးသည် ငယ်သည်မှာ
ပဓါနမဟုတ်ဘဲ၊ အဆင်းသာလျှင် ပဓါနဖြစ်၍ အလင်းရောင်သွားနှုန်းတွင်တူညီကြ
ခြင်းဖြစ်သည်။ သို့ရာတွင် အလင်းရောင်များ ခရီးသွားရာ၌ (လှိုင်း)အသွင်ဖြင့် ရွေ့လျား
သောအခါ အဆင်းချင်းမတူသည်နှင့်အမျှ (လှိုင်းအတိုအရှည်) ကွဲပြားကြကြောင်းတွေ့
ရသည်။
အနီရဲရဲအရောင်သည် (လှိုင်းရှည်ကြီးများ) ဖြင့် ခရီးသွားတတ်ပြီး၊ ခရမ်းရောင်သည်
(လှိုင်းတို)များဖြင့် ခရီးသွားတတ်သည်။ ထို့ကြောင့် အလင်းရောင်တို့၏ အဆင်းသည်
လှိုင်းအတိုအရှည်ပေါ်တွင် မူတည်သည်ဟု သိပ္ပံပညာရှင်တို့ နားလည်ထားကြသည်။
သို့သော် ဤနေရာတွင် အလင်းရောင်တည်းဟူသော ရုပ်သည် သိပ္ပံပညာရှင်တို့
သိနားလည်သော ရုပ်စွမ်းအင်ဥပဒေသများကို ချိုးဖေါက်လျက်ရှိကြောင်း သတိပြုလာရ၏။
ရုပ်စွမ်းအင်တို့မည်သည် ပါဝင်သော ရုပ်ဓါတ်ပမာဏပေါ်တွင် မူတည်ရာ (ရုပ်ဓါတ်
ပမာဏကြီးလျှင် စွမ်းအင်ကြီးရမည်၊ စွမ်းအင်ကြီးလျှင် ရုပ်ဓါတ်ပမာဏကြီးရမည်)
ဟူသော သဘောတရားမှာ အိုင်စတိုင်း သီဝရီအတိုင်း မှန်ရမည်သာဖြစ်သည်။
သို့ပါလျက် အလင်းရောင်ရုပ်များတွင် အနီရောင်ရုပ်သည် ပမာဏမည်မျှပင်
ကြီးစေကာမူ အပြာရောင်၏သတ္တိကို မမှီချေ။ (အပြာရောင်ရုပ်၏ သတ္တိကို မမှီချေ)
အပြာရောင်ရုပ်သည် ပမာဏမည်မျှပင်ကြီးစေကာမူ ခရမ်းရောင်၏သတ္တိများကိုရရှိမလာနိုင်ချေ။
အနတ္တဓမ္မနှင့် ပတ်သတ်၍ နောက်ထပ်အကျယ်ကို ပူးတွဲတင်ပြထားသည့် အနတ္တ
လက္ခဏသုတ်တွင် ကြည့်နိုင်ပါသည်။
ပြောခဲ့သည့်အတိုင်းပင်၊ အနတ္တလက္ခဏသုတ်သည် သစ္စာလေးပါး ဒေသနာ
ဖြစ်သည်။ ဓမ္မစကြာသုတ်တွင် အပါအ၀င်ဖြစ်သည်ဟု သိထားရပါမည်။ သစ္စာလေးပါး
တရားတော်ဆိုလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုသည့် တိလက္ခဏာကြီးသုံးပါးစလုံး
အကျွမ်းဝင်ရပါမည်။ ထို့ကြောင့် လောကဆိုသည့် သုံးဆယ့်တစ်ဘုံဆိုသည့် ဒုက္ခသစ္စာနယ်မှာ
ရှိသည့် ခန္ဓါငါးပါး ရုပ်နာမ်ဓမ္မ အားလုံးတို့၏ သဘာဝကို ခြုံကြည့်လိုက်လျှင်
ဗုဒ္ဓဘာသာဝင်တို့ လိုလားတောင့်တအပ်သော ပန်းတိုင်ကိုရောက်ဖို့ (၀ါ)အိုဘေး၊ နာဘေး၊
စသည့် ဘေးအပေါင်း၊ ရန်အပေါင်း၊ ဒုက္ခအပေါင်းမှလွတ်မြောက်၍ အသင်္ခတဓါတ်ဟု
ဆိုအပ်သော နိဗ္ဗာန်ကို ရလွယ် မျက်မှောက်ပြုလွယ်စေခြင်း အကျိုးငှာ တစ်ခုတည်းသော
အရေးကြီးသည့်လုပ်ငန်းမှာ ဂင်္ဂါဝါဠ သဲစုမက ပွင့်တော်မူသော ဘုရားရှင်တို့ ဦးစွာပထမ
ဟောရမည့် မဟောလျှင်မဖြစ်သည့် အ၀ိဟိတဓမ္မ ဘုရားရှင်အဆူဆူတို့ စွန့်ပစ်ကျော်
လွှား မသွားနိုင်သော တရားတော်ဟုခေါ်သည့် ဤဓမ္မစကြာသစ္စာလေးပါးကို အထက်က
ပြောခဲ့သည့်အတိုင်း ပိုင်ပိုင်နိုင်နိုင် သိရန်ပင်ဖြစ်ပါသည်။ ပိုင်ပိုင်နိုင်နိုင် သိဖို့ဆိုသည်မှာ
သုတမယဉာဏ်ခေါ်သည့် ကလေးသိ(၀ါ) သညာသိ၊ စိန္တာမယဉာဏ်ခေါ်သည့် မိခင်သိ
(၀ါ) ၀ိဉာဏ်သိမျိုးတွင်သာမက ဘာဝနာမယဉာဏ်ခေါ်သည့် ပန်းထိမ်သည်၏ အသိ
(၀ါ) ပညာရှိသိဖြင့်လည်း သိဖို့ရန် လုံ့လကြိုးကုတ်အားထုတ်သင့်လှပေ၏။ မြတ်စွာဘုရား
ဟောတော်မူခဲ့သည့်တရားအားလုံးသည်-
စတုသစ္စံ ၀ိနိမုတ္တော ဓမ္မောနာမ နတ္ထိ။
စတုသစ္စံ သစ္စာလေးပါးမှ ၀ိနိမုတ္တော လွတ်ကင်းသော ဓမ္မောနာမ တရား
မည်သည် နတ္ထိမရှိဟူ၍လည်း ဟောတော်မူထားပါသည်။
ရှေးးဆရာတော်ကြီးများလည်း (သိ၊ ပယ်၊ ဆိုက်၊ ပွား၊ လေးပါးသစ္စာ အပိုင်ရ)
ဟူ၍လည်းကောင်း၊ (သစ္စာလေးချက် တစ်ပြိုင်နက် မဂ်ကိစ္စသာ)ဟူ၍လည်းကောင်း၊
(သစ္စာမမြင် မဂ္ဂင်မပါ လေ့ကျင့်ကာဖြင့် ချမ်းသာမြဲမည်မယုံကြည်၊ ကုန်ပြီ၊ သိလဗ္ဗတပ
ရာမာသ)ဟူ၍ လည်းကောင်း အသီးသီးမိန့်တော်မူခဲ့ကြပါသည်။ သုတ်မဟာဝါပါဠိတော်
တွင် မြတ်စွာဘုရားကိုယ်တော်တိုင်ကလည်း ဘိက္ခဝေ၊ ရဟန်းတို့၊ စတုန္နံ၊ လေးပါးကုန်
သော အရိယသစ္စာနံ အရိယသစ္စာတို့ကို အဒဿနာ၊ ဟုတ်တိုင်းမှန်စွာ ၀ိပဿနာ
ဉာဏ်ဖြင့်ထိုးထွင်း၍ မသိမြင်ခဲ့ခြင်းကြောင့် အပ္ပဋိဝေဓာ၊ မဂ်ဉာဏ်၊ ယထာ
ဘူတဉာဏ်တို့ဖြင့် မသိခဲ့ခြင်းကြောင့် အနနုဗောဓာ၊ ပရိညာသုံးပါးဖြင့် လျှော်လျှောက်ပတ်
စွာမမြင်သိခြင်းကြောင့် မမဉ္စေ၀ ငါဘုရားသည်လည်းကောင်း၊ တုမှာကဉ္စ။ သင်ချစ်သားတို့
သည်လည်းကောင်း၊ ဣဒံဒိဃမဒ္ဓါနံ၊ ဤရှည်လျားလှသော ကာလပတ်လုံး။ သံသာရေ
သံသရာ၌။ သန္ဓ၀ိတံ ဤဘ၀မှသည် ထိုဘ၀သို့ သံသရိကံ တပြောင်းပြန်ပြန် ကျင်လည်
ပြေးလွှားခဲ့ရလေပြီဟု ဟောတော်မူခဲ့ပါသည်။
တစ်ဖန် ၀က္ကလိ ရဟန်းကို ဆုံးမထားသည်မှာလည်း-
ယောဟု ပဿတိ သဒ္ဓမ္မံ၊ သောမံ ပဿတိ ပဏ္ဍိတော။
အပဿမာနော သဒ္ဓမ္မံ၊ မံပဿမ်္ပိ နပဿတိ။
ယောပဏ္ဍိတော၊ အကြင်အသိအလိမ္မာ ဉာဏ်ပညာဖြင့်ပြည့်စုံသောသူသည်
သဒ္ဓမ္မံ၊ သစ္စာလေးတန် တရားမှန်ကို။ ပဿတိ ကောင်းစွာပိုင်ပိုင်နိုင်နိုင် သိမြင်နိုင်၏။
သောပဏ္ဍိတော၊ ထိုသစ္စာမြင်သိ ပညာရှိသည်။ မံ၊ ငါဘုရားကို ပဿတိ၊ ယူဇနာတစ်ရာ
ဝေးသော်လည်း အမြဲမြင်သည်သာမည်၏။ ယောဗာလော၊ အကြင်။ အသိအလိမ္မာ
ဉာဏ်ပညာမရှိ လူဒိဋ္ဌိသည်။ သဒ္ဓမ္မံ၊ သစ္စာလေးတန် တရားမှန်ကို။ နပဿတိ အ၀ိဇ္ဇာ
တိမ်လုံး ပိတ်ကာဖုံးသဖြင့် လုံးလုံး မထင် မသိမြင်နိုင်။ သောဗာလော၊ ထိုသစ္စာမသိ
လူမိုက်သည်။ မံ၊ ငါဘုရားကို။ ပဿမ်္ပိ၊ မျက်လုံးနှစ်ဖက်ဖြင့် တစ်သက်လုံး
ထွက်အောင်ကြည့်သော်လည်း၊ နပဿတိ၊ ကောင်းစွာ ထင်ထင် မသိမြင်နိုင်တော့၏။
တစ်ဖန် ဗုဒ္ဓကဓမ္မစကြာတရားကို ဟောကြားတော်မူပြီးနောက်၊ ပဉ္စ၀ဂ္ဂီငါးဦးတို့
သောတာပန်ဖြစ်သွားကြရာ အရှင်ဝပ္ပမထေရ်သည် အောက်ပါအတိုင်းဥဒါန်းကျူးရင့်သည်ဟု
သိရပါသည်။
ပသော ပဿတိ ပဿန္တံ၊ အပဿန္တဉ္စ ပဿတိ။
အပဿန္တော အပဿန္တံ၊ ပဿန္တဉ္စ နပဿတိ။
ပေဿာ၊ မြင်သောသူသည်။ ပဿန္တံ၊ မြင်သောသူကို။ ပဿတိ၊ မြင်၏။အပဿန္တံ၊
မမြင်သောသူတို့လည်း။ ပဿတိ၊ မြင်၏။ အကဿန္တော မမြင်သောသူသည်အပဿန္တံ၊
မမြင်သောသူကိုလည်းကောင်း၊ ပဿန္တဉ္စ၊ မြင်သောသူကိုလည်းကောင်း။ နပဿတိ၊ မမြင်။
သစ္စာလေးပါးကို သိသောသူက သစ္စာလေးပါးကိုမြင်သောသူကိုသာ၊ အာသဝေါ
ကုန်သောသူ(၀ါ) နိဗ္ဗာန်ကို မျက်မှောက်ပြုသူဟု ဟောထားသည်လည်းရှိပါ၏။
ဇာနတော ဟံ ဘိက္ခဝေ၊ ပဿတော အာသ၀ါနံ ခယံ
ဝဒါမိ၊ နော အဇာနတော နော အပဿတော။
ဘိက္ခဝေ၊ ရဟန်းတို့။ ဇာနတော၊ သစ္စာလေးပါးကို သိသောသူအား။ အာသ၀ါနံ၊
အာသဝေါတရားတို့၏။ ခယံ၊ ကုန်ခြင်းကို (၀ါ) နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းကို။
အဟံ၊ ငါဘုရားသည်။ ၀ဒါမိ၊ ဟောတော်မူ၏။ အဇာနတော၊ သစ္စာလေးပါးကို
မသိသောသူအား။ အပဿတော၊ သစ္စာလေးပါးကို မမြင်သောသူအား။ အာသ၀ါနံ၊
အာသဝေါတရားတို့၏။ ခယံ၊ ကုန်ခြင်းကို (၀ါ) နိဗ္ဗာန်သို့ မျက်မှောက်ပြုခြင်းကို။
နောဝဒါမိ၊ ငါမဟော။
““ဗုဒ္ဓ၏ပုထုဇဉ်နှင့် အရိယာတို့၏ ပရိယေသနာရှာမှီးပုံ””
ဤနေရာတွင် ဗုဒ္ဓဘာသာဝင် ယောဂီသူတော်စင်တို့ မိမိကိုယ်တင် မိမိတို့
သုံးသပ် ကြည့်နိုင်ဘို့ရန်မြတ်စွာဘုရားက ပုထုဇဉ်တို့၏ ပရိယေသနရှာမှီးပုံနှင့်
သစ္စာလေးပါးကို သိမြင်သော အရိယာတို့၏ ပရိယေသနရှာမှီးပုံကို မဇ္ဈိမနိကာယ်ဝင်
မူလပဏ်္ဏာသပါဠိတော်၌ ဟောတော်မူထားသည်ကို အကျဉ်းချုံး၍ ဖေါ်ပြလိုပါသည်။
ဒွေမာ ဘိက္ခဝေပရိယေသနာ၊ အရိယာစပရိယေဿနာ
အနရိယာစ ပရိယေသနာ၊ ကတမာစ ဘိက္ခဝေ အနရိယာ
ပရိယေသနာ ဧကစ္စော အတ္တနာ ဇာတိဓမ္မာ သမာနော
ဇာတိဓမ္မံ သေ၀ ပရိယေသတိ၊ အတ္တနာ ဇရာဓမ္မော သမာ
သမာနောဗျာဓိဓမ္မံယေ၀ ပရိယေသတိ။
အတ္တနာ မရဏဓမ္မော သမာနော မရဏဓမ္မံယေဝ
ပရိယေသတိ၊ အတ္တနာ သောကဓမ္မော သမာနော
ဓမ္မံယေ၀ ပရိယေသတိ။ အတ္တနာ သံကိလေသဓမ္မော
သမာနော သံကိလေသဓမ္မံယေ၀ ပရိယေသတိ။
မြန်မာလို အဓိပ္ပါယ်အတိုချုပ်မှာ ပုထုဇဉ်တို့ရှာမှီးခြင်းနှင့် အရိယာသူတော်ကောင်း
တို့ ရှာမှီးခြင်းဟူ၍ နှစ်မျိုးရှိသည့်အနက် ပုထုဇဉ်တို့ရှာမှီးခြင်းမှာ ဇာတိပဋိသန္ဓေနေရခြင်း၊
အိုခြင်း၊ နာခြင်း၊ သေခြင်း၊ သောကပရိဒေ၀ စိုးရိမ်ပူဆွေးခြင်း၊ ကိလေသာညစ်နွမ်းခြင်း
တို့ကိုပင် ရှာမှီးနေကြပါသည်။
တစ်ဖန် မြတ်စွာဘုရားက ဘိက္ခဝေ ရဟန်းတို့၊ ဇာတိဇရာ ဗျာဓိ မရဏသောက
ပရိဒေ၀ သံကိလေသာ ပဋိသန္ဓေနေရခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေးခြင်း၊
ကိလေသာညစ်နွမ်းခြင်းဆိုသည့် တရားတွေဟာ ဘာတွေလဲဟု မေးခွန်းထုတ်ပြီး
မြတ်စွာဘုရားပင်ဖြေတော်မူသည်မှာ-
ဘိက္ခဝေ၊ ရဟန်းတို့ ပုတ္တဘရိယံ၊ သားမယားသည်။ (၀ါ) ပုတ္တသာမိကော
လင်နှင့်သားသည်။ ဇာတိဓမ္မော၊ ပဋိသန္ဓေနေရခြင်းသဘောရှိ၏။ ဇရာဓမ္မော၊ အိုရခြင်း
သဘောရှိ၏။ ဗျာဓိဓမ္မော၊ နာရခြင်းသဘောရှိ၏။ မရဏဓမ္မော၊ သေရခြင်းသဘောရှိ၏။
သောကဓမ္မော၊ စိုးရိမ်ပူဆွေးရခြင်းသဘောရှိ၏။ သံကိလေသာဓမ္မော၊ကိလေသာညစ်နွမ်းခြင်း
သဘောရှိ၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒါသိဒါသံ၊ ကျွန်ယောက်ျားကျွန်မိန်းမသည်။ အဇေဌကံ၊ သိုးသည်။ ကုက္ကုဋသုကရံ၊ ကြက်ဝက်သည်။ဟတ္တိဂ၀ဿတံ၊ ဆင်နွားမြင်းသည်။ ဇာတရူပဇတံ၊ ရွှေငွေပစ္စည်းဥစ္စာသည်။ ဇာတိဓမ္မါဇတံ၊ပဋိသန္ဓေနေရခြင်းသဘောရှိကုန်၏။ မရဏဓမ္မါ၊ သေရခြင်းသဘောရှိကုန်၏။ သောကဓမ္မါ၊စိုးရိမ်ပူဆွေးငိုကြွေးရခြင်းသဘောရှိကုန်၏။
သံကိလေသာဓမ္မါ၊ ညစ်နွမ်းခြင်းသဘောရှိကုန်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဥပါဒါဒ ယော တပ်မက်စွဲလမ်းစရာ အစရှိသည်တို့သည်။ ဧတေဓမ္မာ၊ ဤပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊
သေရခြင်း စိုး ရိမ်ပူဆွေးရခြင်း၊ ကိလေသာညစ်နွမ်းခြင်း သဘောတို့ပင်တည်း။
နောက် အရိယာတို့၏ ရှာမှီးခြင်သည် မည်သို့နည်းဟု မေးခွန်းထုတ်ပြီးဖြေတော်မူသည်မှာ-
ဧကစ္စေ အတ္တနာ ဇာတိဓမ္မော သမာနော
ဇာတိဓမ္မေအာဒိန၀ံ ၀ိဒိတွာ အဇာတံ
အနုတ္တရံ ယောဂက္ခေမံ နိဗ္ဗာနံ ပရိယေသတိ၊
အတ္တနာ ဇရာဓမ္မော သမာနော ဇရာဓမ္မေ
အာဒီန၀ံ ၀ိဒိတွာ အဇရံ အနုတ္တရံ
ယောဂက္ခေမံ နိဗ္ဗာနံ ပရိယေသတိ။
အတ္တနာ ဗျာဓိမ္မော သမာနော ဗျဓိမ္မေ
အာဒီန၀ံ ၀ိဒိတွာ အဗျာဓိံ
အနုတ္တရံ ယောဂက္ခေမံ နိဗ္ဗာနံ ပရိယေသတိ။
အတ္တနာ မရဏဓမ္မော သမာနော မရဏဓမ္မေ
အာဒိန၀ံ ၀ိဒိတွာ အမတံ အနုတ္တရံ ယောဂက္ခေမံ
နိဗ္ဗာနံ ပရိယေသတိ။
အတ္တနာ သောကဓမ္မာ သမာနော သောကဓမ္မေ
အာဒိန၀ံ ၀ိဒိတွာ အသောကံ အနုတ္တရံ ယောဂက္ခေမံ
နိဗ္ဗာနံ ပရိယေသတိ။ အတ္တနာ သံကိလေသ ဓမ္မော သမာနော
သံကိလေသဓမ္မေ အာဒိနံဝံ ၀ိဒိတွာ
အသံ ကိလိဋ္ဌံ အနုတ္တရံ ယောဂက္ခေမံ
နိဗ္ဗာနံ ပရိယေသတိ။ အယံ ဘိက္ခဝေ အရိယာ ပရိယေသနာ။
မြန်မာလို အတိုချုပ် အဓိပ္ပါယ်မှာ-
အရိယာပုဂိ္ဂုလ်တို့ ပရိယေသန ရှာမှီးပုံက အထက်ဖေါ်ပြပါ ပုထုဇဉ်တို့
ပရိယေသန ရှာမှီးသည့် ပဋိသန္ဓေနေရခြင်း သဘောရှိသော၊ နာရခြင်း သဘောရှိသော၊
သေရခြင်းသဘောရှိသော၊ စိုးရိမ်ပူဆွေးရခြင်းသဘောရှိသော၊ ကိလေသာ ညစ်နွမ်းခြင်း
သဘောရှိသော၊ တပ်မက်စွဲလမ်းစရာ ၀တ္ထုအာရုံ ကာမဂုဏ်၊ သတ္တ၀ါ၊ သင်္ခါရ၊
ရုပ်တရား၊ နာမ်တရားဟူသမျှ (၀ါ) သားမယား၊ လင်သား၊ ကျေးကျွန်၊ အခြံအရံ၊
ဆင်မြင်းကျွဲနွား၊ ကြက်ဝက်သိုးဆိတ် ရွှေငွေရတနာ ပစ္စည်းဥစ္စာအဖြာဖြာတို့ပေါ်တွင်
အာဒိန၀ဥာဏ်ဖြင့် အပြစ်ကိုပိုင်းခြားသိ၍ (၀ါ) အပြစ်ကိုရှု၍ ပဋိသန္ဓေမနေရာဖြစ်သော၊
မအိုရာဖြစ်သော၊ မနာရာဖြစ်သော၊ မသေရာဖြစ်သော၊ စိုးရိမ်ပူဆွေးစရာမဖြစ်သော၊
ကိလေသာ ညစ်နွမ်းစရာမဖြစ်သော၊ ၎င်းထက်မြတ်သော၊ တရားမရှိသော၊ ဘ၀နှောင်
ကြိုးတို့ ကုန်ရာဖြစ်သော (၀ါ) ယောဂလေးဖြာတို့ ကုန်ရာဖြစ်သော၊ နိဗ္ဗာန်ကို ရှာမှီးခြင်း
ပင်ဖြစ်ပါသည်။
ဆိုလိုသည်မှာ ယောဂလေးဖြာသံသရာဝဋ်ဒုက္ခမှကျွတ်လွတ်ရာ မဂ်ဖိုလ်နိဗ္ဗာန်
ချမ်းသာကို တကယ်အလိုရှိပါက(၀ါ) တကယ်တန်းရှာမှီးလိုပါက ဤတပ်မက်စွဲလမ်း
စရာ ဗဟိဒ္ဓစက္ခုအာရုံ ကာမဂုဏ်ရုပ်နာမ် ဓမ္မသင်္ခါရတို့တွင်မက၊ အထက်ပိုင်းတွင်အထပ်
ထပ်ပြောခဲ့သည့်အတိုင်း မိမိ၏ အဇ္ဈတ္တဏ္ဍာန် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ အပြစ်ကို
ပါကောင်းစွာအပြားအားဖြင့် ပိုင်းခြားသိမြင်၍ ငြီးငွေ့လာအောင် အာဒိန၀ဉာဏ်
(အပြစ်မြင်သောဉာဏ်) ကိုပွားများအားထုတ်ရပါမည်။ (၀ါ) ခန္ဓာငါးပါးရုပ်နာမ်တရား
တို့အား ဇာတိဇရာ ဗျာဓိမရဏ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေးတင်ကာ
လေးပါးသော သတိပဋ္ဌာန်နည်းတို့ဖြင့် အထက်တွင်ပြောခဲ့သည့်အတိုင်း ရှုပေးရပါမည်။
ဆင်ခြင်နှလုံးသွင်းရပါမည်။ ပွားများအားထုတ်ရပါမည်။
အဲဒီအာဒိန၀ဉာဏ် အားကောင်းလာစေရန် (၀ါ) အဓိပညာအဆင့်သို့ ရောက်စေ
ရန် ဗလငါးတန်တည်းဟူသော သတိဗိုလ် သဒ္ဓါဗိုလ် ပညာဗိုလ် ၀ိရိယဗိုလ် သမာဓိဗိုလ်
တို့ဖြင့် လုံ့လကြိုးကုတ်အားထုတ်ရပါမည်။ ထို့ကြောင့် နိဗ္ဗာန်ကိုရဖို့မလွယ်ဟု ပြောလေ့ရှိ
ကြခြင်း ဖြစ်ပါမည်။ နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်၌ မြတ်စွာဘုရားဟောတော်မူသည်မှာကလည်း။
နိဗ္ဗာန်ရဖို့၊ ရောက်ဖို့မလွယ်
နယိဒံ သိထိလ မာရဗ္ဘ၊ နယိဒံ အပ္ပေန ထာမသာ။
နိဗ္ဗာနံ အဓိဂန္တ အဓိဂန္တဗ္ဗံ၊ သဗ္ဗဒုက္ခ ပမောစနံ။
ဘိက္ခဝေ၊ ရဟန်းတို့။ သဗ္ဗဒုက္ခပမောစနံ၊ ဆင်းရဲအလုံးစုံမှ ကျွတ်လွတ်ရာ
ဖြစ်သော။ ဣဒံနိဗ္ဗာန်၊ ဤနိဗ္ဗာန်ကို။ သိထိလံအာရဗ္ဗ၊ လျော့ရဲစွာ အားထုတ်၍။
နအဓိဂန္တဗ္ဗံ။ မသိရောက်နိုင်ချေ။ (ကြီးကျယ်သော စွမ်းအားဖြင့်တင်းတင်းကြီးအားထုတ်မှ
သိနိုင်ရောက်နိုင်ဟု ဆိုလိုသည်။)
ဤသို့ဆိုလျှင်၊ မည်သူမဆို သည်လိုပင်ပန်းကြီးစွာအားထုတ်မှ နိဗ္ဗာန်ကိုသိနိုင်
ရောက်နိုင်မည်ဆိုပါက၊ ဘုရားတားမြစ်သော အတ္တကိလမထာနုယောဂဆိုသည့်
မိမိကိုယ်၏ ပင်ပန်းခြင်းကိုပြုသော အကျင့်ဖြစ်မသွားပေဘူးလားဟုမေးသော် ပုဂိ္ဂုလ်တိုင်း
ပင်ပန်းကြီးစွာ အရိုးကျေကျေ အရေခမ်းခမ်း လုပ်မှရမည်ဟု တစ်ထစ်ချ ဆိုလိုဟန်မရှိပါ။
ပုဂိ္ဂုလ်အနုအရင့် အဆင့်အတန်းအမျိုးမျိုး၊ စရိုက်အမျိုးမျိုးရှိကြရာ၊ လွယ်လွယ်ကူကူ
သက်သက်သာသာနှင့် များစွာပင်ပန်းခြင်းမရှိဘဲ၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊
ရဟန္တာဖြစ်သွားကြသော အရေအတွက်မှာ မနည်းလှပါ။ ဥပမာ ပဉ်္စ၀ဂ္ဂီငါးဦးအနက်
အရှင်ကောဏ္ဍညမှာ ဓမ္မစကြာသုတ်ကို မြတ်စွာဘုရား ဟောကြား၍ဆုံးလျှင် ဆုံးခြင်း
ဆိုသလိုပင် သောတာပန်တည်ပါသည်။ အရှင်ဝပ္ပ အစရှိသော ကျန်လေးဦးမှာ နောက်
လေးရက်အတွင်း တစ်ဦးစီ သောတာပန်တည်သွားကြပါသည်။ ငါးရက်မြောက်သော
နေ့၌ ဗုဒ္ဓဘုရားရှင်သည် ၎င်းတို့ငါးဦးစလုံးအား အနတ္တလက္ခဏသုတ်ကို ဟောတော်မူ
ရာ အားလုံးရဟန္တာဖြစ်သွားကြပါသည်။ ၀ိသာခါ အနာထပိဏ်၊ ကိဋ္ဌိ၊ ခုဇ်္ဇုတ္တရာ၊
သုဗ္ဗဗုဒ္ဓအနူကြီး၊ ကိသာဂေါတမီ၊ ဥက္ကာသေန အစရှိသည်တို့လည်း တရားနာရင်း
သောတာပန် တည်ကုန်ကြပါသည်။ ဤကိစ္စနှင့် ပတ်သတ်၍ အရှင်သာရိပုတ္တရာ
ကိုယ်တော်ကြီးလောင်း ဥပတိဿသည် အရှင်အဿဇိနှင့်တွေ့ပြီး သောတာပန်တည်
သွားခြင်းအကြောင်းသည် များစွာစိတ်ဝင်စားစရာ ကောင်းပါသည်။
““ယေဓမ္မာဟေတုပ္ပတ၀ါ””
ယေဓမ္မာ၊ အကြင်ဒုက္ခဆိုတဲ့ တေဘူမက ရုပ်နာမ်ဓမ္မသင်္ခါရတရားတို့သည်၊ ဟေတုပ္ပဘ၀ါ
အကြောင်းသမုဒယဆိုတဲ့ တဏှာလောဘကြောင့် ဖြစ်ပေါ်လာရကုန်၏ဟု အရှင်
အဿဇိက၊ စဟောရုံရှိသေး အရှင်သာရိပုတ္တရာအလောင်း ဥပတိဿက အကြောင်း
သမုဒယ ချုပ်လျှင်လည်း အကျိုးဒုက္ခဟာ ချုပ်မှာပဲဟု တစ်ဆက်တည်းဉာဏ် လှည့်ပြီး
မြင်လျက် သောတာပန် အလွယ်ကလေး ဖြစ်သွားသည်။ (ဟောနေသည့် အရှင်အဿဇိကို
တောင် ဆက်မဟောပါနှင့်ဟု တားလိုက်သေးသတဲ့) အရှင်အဿဇိဟောသည့် ဂါထာအပြည့်
အစုံမှာ-
ယေ ဓမ္မာ ဟေတုပ္ပိဘ၀ါ၊ တေသံ ဟေတုံ ထာဂတော
အာဟ တေသဉ္စ ယော နိရောဓေါ၊ ဧ၀ံဝါဒီ မဟာသမဏော။
ယေဓမ္မာ၊ အကြင်ဒုက္ခဆိုတဲ့ ရုပ်နာမ်ဓမ္မသင်္ခါရ တရားတို့သည်။ ဟေတုပ္ပဘ၀ါ၊
အကြောင်း သမုဒယတဏှာလောဘကြောင့် ဖြစ်ပေါ်၍ လာကြကုန်၏။ တေသံ၊ ထိုဒုက္ခတရားတို့၏။ ဟေတုံ ဖြစ်ပေါ်လာခြင်း အကြောင်းရင်းကို။ တထာဂတော၊ ဘုရားရှင်သည်။ အာဟ၊ဟောတော်မူပါပေ၏။
တေသဉ္စ၊ ထိုဒုက္ခဆိုသည့် ရုပ်နာမ်ဓမ္မသင်္ခါရ အပေါင်းတို့၏ ယေနိရောဓေါ၊
ချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုလည်း။ အာဟ၊ ဟောတော်မူ၏။ မဟာသမဏော၊ ရဟန်းမြတ်ဘုရားရှင်သည်။
ဧ၀ံ၊ ဤသို့ ၀ါဒီ၊ ယူဆဟောပြောတော်မူပါပေ၏။
တရားအားထုတ်ခြင်းနှင့်ပတ်သတ်၍၊ သီလ၊ သမာဓိ၊ ပညာအကြောင်းကို မြတ်စွာ
ဘုရားက မဟာဝဂ္ဂပါဠိတော်၌ ညွှန်ပြထားသည်မှာလည်း မှတ်သားဖို့ ကောင်းလှပါ၏။
ဣတိ သီလံ ဘိက္ခဝေ ဣတိ သမာဓိ ဣတိပညာ။
သီလပရိဘာဝိတော သမာဓိမဟာပ်္ဖလောဟောတိ
မဟာနိသံသော သမာဓိပရိဘာဝိတာ
ပညာမဟပ္ဖလာ ဟောတိ မဟာနိသံသာ။
ပညာပဂိဘာဝိတံ စိတ္တံ သမ္မာဒေ၀ အါသဝေတိ ၀ိမုစ္စတိ၊
သေယျထိဒံကာမာသ၀ါ ဘ၀ါသ၀ါ ဒိဋ္ဌာသ၀ါ အ၀ိဇ္ဇာသ၀ါတိ။
ဘိက္ခဝေ၊ ရဟန်းတို့၊ ဣတိ၊ ဤသည်ကား သီလံ သီလတည်း။ ဣတိ၊ဤသည်ကား
သမာဓိ၊ သမာဓိတည်း။ ဣတိ၊ ဤသည်ကား။ ပညာ၊ ပညာပေတည်း၊ သီလပရိဘာဝိတော၊
သီလ၌မှီ၍ဖြစ်သော။ သမာဓိ၊ သမာဓိသည်။ မဟပ္ပလော၊ များစွာ အကျိုးကြီးသည်။
မဟာနိသံသော၊ များစွာအာနိသင်ရှိသည်။ ဟောတိ၊ ဖြစ်၏။ သမာဓိပရိဘာဝိတော၊
သမာဓိ၌မှီ၍ ဖြစ်သော။ ပညာ၊ ပညာသည်။ မဟပ်္ဖလော၊ များစွာ အကျိုးကြီးသည်။
မဟာနိသံသော၊ များစွာအာနိသင်ရှိသည်။ ဟောတိ၊ ဖြစ်၏။ ပညာ ပရိဘာဝိတံ။
ပညာ၌မှီ၍ဖြစ်သော။ စိတ္တံ၊ စိတ်သည်၊ အာသဝေဟိ၊ အာသဝေါတရားတို့မှ၊
သမ္မာဒေ၀၊ ကောင်းစွာ၊ ၀မုစ္စတိ၊ လွတ်၏။ သေယျထိဒံ၊
အာဝေါတရားတို့ဟူသည် အဘယ်နည်း။ ကာမာသ၀ါ၊ အာမာသ၀လည်းကောင်း၊ ဘ၀ါသ၀ါ၊ ဘ၀ါသ၀လည်းကောင်း၊ ဒိဋ္ဌါသ၀ါ ဒိဋ္ဌါသ၀လည်းကောင်းဝိဇ်္ဇာသ၀ါ၊
ဝိဇ်္ဇသ၀လည်းကောင်း၊ ဣတိ ဤသည်တို့တည်း။
အာသဝေါတရားတို့မှ လွတ်မြောက်သည်ဟုဆိုခြင်းသည်နိဗ္ဗာန်ကိုမျက်မှောက်
ပြုခြင်း၊ရခြင်း၊ ရောက်ခြင်းပင်ဖြစ်၏။ ကျန်သည့်အဓိပ္ပါယ်ရှင်းပါပြီ။
အမှန်အားဖြင့် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ အစရှိသည့် အရယာမဂ္ဂင်ရှစ်ပါးသည်
သီလ၊ သမာဓိ၊ ပညာဆိုသည့် သိက္ခါသုံးရပ်ပင်ဖြစ်ပါ၏။ ထိုသိက္ခါသုံးရပ်ကို
တစ်သားတည်း (၀ါ) တစ်ပြိုင်တည်းအားထုတ်လျှင် အဆိုပါမဟာဝဂ္ဂသံယုတ်ပါဠိတော်
နှင့် ကိုက်ညီသည်ဟု ဆိုရပါမည်။
အနည်းငယ်ထပ်လောင်း၍ နှိုးဆော်လိုသည်မှာ ဗုဒ္ဓဘာသာဝင်ဆိုလျှင် နိဗ္ဗာန်ကိုတော့ ဆုတောင်းရမည်သာဖြစ်ပါသည်။ တောင့်တရမည်သာ ဖြစ်ပါသည်။ နိဗ္ဗာန်ကို မလိုချင်
သေးပါလျှင်လည်း လိုချင်လာအောင် တဖြည်းဖြည်းကျင့်ကြံ အားထုတ်ရပါမည်။
ဒီနိဗ္ဗာန်နှင့် နိဗ္ဗာန်ကို ရရာရကြောင်း ရောက်ရာရောက်ကြောင်း၊ မျက်မှောက်ပြုရာ
ကြောင်းဖြစ်သည့် မဂ်တရား၊ ဖိုလ်တရား အကြောင်းတရားတို့ကို အရှေ့ပိုင်းတွင်
အတော်ကလေး စုံလင်စွာ ပါဠိတော် အဋ္ဌကထာ ဋီကာတို့မှ ကောက်နှုတ်၍ တင်ပြခဲ့ပါ
သည်။ နောက်ပိုင်းတွင် တင်ပြမည့် ဓမ္မစကြာဒေသနာ အရိယာသစ္စာလေးပါး၊ အနတ္တ
လက္ခဏသုတ် အစရှိသည်တို့ကို လေ့လာပွားများပါက နိဗ္ဗာန်၏ ပရမတ္ထသဘာဝတို့ကို
နားလည်လာပြီး နိဗ္ဗာန်ချမ်းသာဆိုတဲ့ သန္တိသုခ ၀ိမုတ္တိရသကြီးကို လိုချင်လာမည်မှာ
အမှန်ပါပဲ။ ဤသို့ မလုပ်နိုင်လျှင်ကား ဗုဒ္ဓဘာသာဟု အမည်ခံဖို့ပင် တော်မည်မထင်ပါ။
အင်္ဂုတ္တုရ်ပါဠိတော်၌ မြတ်စွာဘုရားကိုယ်တော်တိုင် နိဗ္ဗာန်ကို ဦးစားပေးဆုတောင်းဖို့
တောင့်တဖို့ တိုက်တွန်းတော်မူခဲ့ပါသည်။
သီဝံပတ္ထေထ ဘိက္ခဝေ၊ သီလံပတ္ထေတွာန ဒါနံ ဒါတဗ္ဗံ
သီလံ ရက္ခိတဗ္ဗံ ဘာဝနာ ဘာဝေတဗ္ဗာ။
ဘိက္ခဝေ ရဟန်းတို့ သီဝံ ဧမြလှစွာသော နိဗ္ဗာန်ကို ပတ္ထေထ တောင်းတ
ကြကုန်လော့။ သီဝံ နိဗ္ဗာန်ချမ်းသာကို ပတေတွာန၊ တောင့်တကြကုန်ပြီး၍ ဒါနံ၊အလှူဒါနကို ဒါတဗ္ဗံ ပေးလှူရာ၏။ သီလံ၊ သီလကို ရက္ခိတဗ္ဗံ၊ စောင့်ထိန်းရာ၏။ ဘာဝနာ၊သမထ ၀ိပဿနာ
တရားများကို ဘာဝေတဗ္ဗ ပွားများရာ၏။ ဒါနပဲပြုပြု၊ သီလပဲဆောက်တည်ဆောက်တည်၊
ဘာဝနာပဲ ပွားများပွားများ နိဗ္ဗာန်ကိုတော့ ဆုတောင်းပတ္တနာပြုကြ၏ ဟူလို၏။
ယေဘုယျအားဖြင့်ပြောလျှင် အခြားဘာသာတွေထက် ဗုဒ္ဓဘာသာက ထူးကဲ
သည်မှာ နိဗ္ဗာန်ပင်ဖြစ်ပါသည်။ အနတ္တဓမ္မသည် နိဗ္ဗာန်၏လက္ခဏာပါပဲ။ နိဗ္ဗာန်နှင့်
အနတ္တမပါလျှင် ဗုဒ္ဓဘာသာသည် အခြားအခြားသော ဘာသာတွေနှင့် ထူးလိမ့်မည်
မဟုတ်ပါ။ ဗုဒ္ဓ၏နိဗ္ဗာန်အစစ်ကိုလည်း အမှန်သိဖို့လိုပါသည်။ နိဗ္ဗာန်ကို အမှန်မသိဘဲ
မဟုတ်တာကို နိဗ္ဗာန်ထင်ပြီး ဆုတောင်းလျှင်၊ တောင်းတလျှင် တဏှာဖြစ်ပြီး နိဗ္ဗာန်ကို
မရောက်ဘဲ အပါယ်သို့ ရောက်သွားမှာကိုလည်း စိုးရိမ်ရပါမည်။ နိဗ္ဗာန်နှင့် ပတ်သတ်၍
ပြောကြ ဟောကြရေးသားကြသည်မှာ အများကြီးကျယ်ဝန်းပါသည်။ အကျယ်
သိလိုလျှင်တော့၊ မဟာရွှေကျင်ဆရာတော်ဘုရားကြီးရေးသည့် အဘိဓမ္မတ္ထသရူပဒီပက
(တတိယတွဲ)နှင့် မဟာဝိသုဒ္ဓါယာမဆရာတော်ဘုရားကြီးရေးသည့် ပရမတ္ထသရူပဘေဒနိ
(ဒုတိယတွဲ)မှာ ကြည့်နိုင်ပါသည်။ ဘယ်လို ပင်ကြည့်သောလည်း ဒုက္ခသစ္စာကိုမမြင်ပါက
နိဗ္ဗာန်ကို မြင်နိုင်မည်မဟုတ်ပါ။ (၀ါ)ပစ္စတ္တံဝေဒီ တဗ္ဗောဝိညူဟိတိ ပညာရှိ(၀ါ)
မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် သိအပ်ခံစားအပ်၏ဟူ၍လည်း ဟောတော်မူပါ၏။ အမှန်အားဖြင့်
ဗုဒ္ဓဘာသာဆိုသည်မှာ ဗုဇ္ဈဟိတိ ဗုဒ္ဓေါလို့ဆိုသည့်အလျောက် သစ္စာလေးပါးကို သိခြင်း
ကိုယူရမည်။ ထို့ကြောင့် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာဆိုသည့်
သစ္စာလေးပါးကို ဗုဒ္ဓဘာသာဆိုလျှင် အနည်းဆုံးအထက်ကပြောခဲ့သလို သုတမယ
ဉာဏ်လောက်ဖြင့်တော့ သိထားဖို့လိုပါသည်။ ဤသို့ သိဖို့သည်လည်း အကျဉ်းအားဖြင့်
ရုပ်ပိုင်းနာမ်ပိုင်းဆိုင်ရာ ဗုဒ္ဓအဘိဓမ္မာ ဝေါဟာရတွေကို သိရှိနားလည်၍ ပရမတ္ထ
သဘာဝတို့ကို အတော်အတန် ခေါက်ထားရပါမည်။
ယောပဉ္စက္ခန္ဓေ ဒွါဒဿ အာယတနာနိ အဋ္ဌရသဓာတုယောစ
အာဇာနာတိတော ကလျာဏပုထုဇ်္ဇနော နာမ။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပဉ်္စ၊ ငါးပါးကုန်သော၊ ခန္ဓေ၊ ခန္ဓာတို့ကို
လည်းကောင်း၊ (၀ါ)ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့ကိုလည်းကောင်း။ ဒွါဒဿ အာယတနာနိ၊
ဆယ့်နှစ်ပါးသော အာယတနတို့ကိုလည်းကောင်း (၀ါ) စက္ခာယတနအစရှိသည့် ဤ
အတွင်း အာယတန ခြောက်ပါး၊ ရူပါယတန အစရှိသည့်အပြင် အာယတနခြောက်ပါးတို့ကိုလည်းကောင်း၊ အဋ္ဌာရသ၊ ဓာတုယောစ (၁၈)ပါးသော ဓာတ်တို့ကိုလည်းကောင်း (၀ါ)စက္ခုအစရှိသော အတွင်းရုပ်ဓာတ်ခြောက်ပါး၊ ရူပဓါတ်အစရှိသည့်အပြင်ရုပ်ဓါတ်ခြောက်ပါး၊ စက္ခုဝိညာဉ်အစရှိသော အတွင်းဝိညာဏဓာတ် ခြောက်ပါးတို့ကိုလည်းကောင်း၊ အာဇာနာတိ၊ သိရှိနားလည်၏။ သော၊ ထိုပုဂိ္ဂုလ်သည်။ ကလျာဏပုထုဇနောနာမ၊ ကလျာဏပုထုဇဉ်မည်၏ဟု ဟောတော်မူထားသည်ကို သတိပြုရပါမည်။ဤကဲ့သို့ ခန္ဓာအာယတနဓါတ်တို့ကို သိရှိနားလည်သော ကလျာဏပုထုဇဉ်အနေဖြင့်
ဆက်လက်အားထုတ်ပါက လွယ်ကူစွာပင် သောတာပန်ပုဂိ္ဂုလ်ဖြစ်လာနိုင်ပါသည်။
သောတာပန် အင်္ဂါကို သုတ်ပါထေယျပါဠိတော်၌ မြတ်စွာဘုရား ဟောထားသည်မှာ-
စတ္တာရိမာနိ ဘိက္ခဝေ သောတာပတ္တိယင်္ဂါနိ။
ကတမာနိ စတ္တာရိ၊ သပ္ပုရိသ သံသေဝေါ၊ သဒ္ဓမ္မဿဝနံ၊
ယောနိသောမနသိကာရော ဓမ္မာနုဓမ္မပဋိပတ္တိ။
ဘိက္ခဝေ၊ရဟန်းတို့။စတ္တာရိ၊လေးပါးကုန်သော၊ဣိမာနိ၊ဤတရားတို့သည်။ သောတာပတ္တိယင်္ဂါနိ၊သောတာပန်ဖြစ်ကြောင်းအင်္ဂါရပ်တို့ပေတည်း။စတ္တာရိ၊လေးပါးတို့သည်။
ကတမာနိ အဘယ်နည်းဟူမူကား သပ္ပုရိသ သံသေဝေါ၊သူတော်ကောင်းနှင့်ပေါင်းဖေါ်ခြင်းတစ်ပါး၊ သဒ္ဓမ္မဿဝနံ၊ သူတော်ကောင်းတရားကိုနာကြားမှတ်သားခြင်းတစ်ပါး။ယောနိသောမနသိကာရော၊
အသင့်အားဖြင့်နှလုံးသွင်းခြင်း။ ဓမ္မာနုဓမ္မပဋိပတ္တိ၊ တရားနှင့်လျော်စွာကျင့်ကြံအားထုတ်ခြင်း။ဣိမာနိစတ္တာရိ၊ဤလေးပါးကုန်သောတရားတို့သည်သောတာပတ္တိယင်္ဂါနိ၊သောတာပန်ပုဂ္ဂိုလ်၏
အင်္ဂါရပ်တို့ပေတည်း။
ဓမ္မပဒပါဠိတော်တွင် သောတာပန်ဖြစ်ရခြင်းသည် ဘုရင်ဧကရာဇ်ဖြစ်ရခြင်းထက်
လည်းကောင်း၊ နတ်ပြည်၌ ဖြစ်ရခြင်းထက်လည်းကောင်း၊ အလုံးစုံသော လောကကို
အုပ်စိုး မင်းလုပ်ရခြင်းသည်ထက်လည်းကောင်း၊ ထူးကဲမြင့်မြတ်သည်ဟု ဟောထားပါသည်။
ပထဗျာ ဧကရဇ္ဇေန၊ သဂ္ဂဿ ဂမနေန၀ါ။
သဗ္ဗလောကာတိပစ္စေန သောတာပတ္တိဖလံဝရံ။
ပထဗျာ၊ မြေပြင်၌။ ဧကရဇ္ဇေန၊ ဧကရာဇ်မင်းဖြစ်ရခြင်းသည်ထက်လည်းကောင်း၊သဂ္ဂဿ၊
နတ်ပြည်သို့၊ ဂမနေန၊ လားရောက်စံပျော်ရခြင်းထက်လည်းကောင်း။သဗ္ဗလောကာ ဓိပစ္စန၊
ခပ်သိမ်းသော လောကတို့ကို အုပ်ချုပ်မင်းလုပ်သည်ထက်လည်းကောင်း။ သောတပတ္တိ ဖလံ၊
သောတာပန်ပုဂ္ဂိုလ်ဖြစ်ရခြင်းသည်။ ၀ရံ၊ ထူးကဲမွန်မြတ်လှပေ၏။
အလှူဒါနတို့တွင်လည်း၊တရားဓမ္မဟောပြောရေးသား၊ဆွေးနွေးခြင်းစသော
ဓမ္မဒါနသည်သာ ထူးကဲမွန်မြတ်လှကြောင်းကို-
သဗ္ဗဒါနံဓမ္မဒါနံ ဇိနာတိ၊
သဗ္ဗဒါနံ၊ အလုံးစုံသော အလှူဒါနတို့တွင် ဓမ္မဒါနံ၊ တရားဟောပြောခြင်း၊ ဆွေးနွေးရေးသားခြင်းစသော ဓမ္မဒါနသည်။ ဇိနာတိ၊ အောင်နိုင် ၏ (၀ါ) သာလွန်၏။
ဓမ္မဒါနတို့တွင်လည်း သစ္စာလေးပါးကို ဟောပြောရေးသားဆွေးနွေးသော
ဓမ္မဒါနသည် အမြတ်ဆုံးဟု ဟောတော်မူပါသည်။
ဣမေဓမ္မာ အဘိညေယျာ၊ ဣမေ ဓမ္မာ ပရိယေညာ၊
ဣမေဓမ္မာ ပဟာတဗ္ဗာ၊ ဣမေဓမ္မာ သစ်္ဆိကာတဗ္ဗ၊
ဣမေ ဓမ္မာ ဘာဝေတဗ္ဗာတိ၊ သစ္စာနိ၊
ဘာဝေန္တော အမတာဓိဂမံ ဓမ္မံ ကထေတွာ ဒေတိ၊
ဣဒံသိခါပတ္တဓမ္မဒါနံ နာမ။
ဣမေဓမ္မာ၊ ဤသစ္စာလေးပါးတရားတို့ကို။ အဘိညေယျာ၊ ထူးသောဉာဏ်ဖြင့်
ဤကား ဒုက္ခသစ္စာ၊ ဤကား သမုဒယသစ္စာ၊ ဤကား ဒုက္ခနိရောဓသစ္စာ၊ ဤကား
ဒုက္ခနိရောဓ ဂါမိနိပဋိပဒါ မဂ္ဂသစ္စာတည်းဟု သိအပ်ကုန်၏။ ဣမေဓမ္မာ၊ ဤဒုက္ခသစ္စာတ
တရားတို့သည် (၀ါ) ဖြစ်ခြင်းရှိသမျှ တေဘူမကသင်္ခါရတရားတို့သည်။ ပရိညေယျာ၊
ပိုင်းခြား၍သိအပ်သောတရားတို့တည်း။ ဣမေဓမ္မာ၊ ဤဒုက္ခသစ္စာတရားတို့
သည်။ ပဟာတဗ္ဗာ၊ ပယ်အပ်သောတရားတို့သာတည်း။ ဣမေဓမ္မာ၊ ဤဒုက္ခနိရောဓ
သစ္စာနိဗ္ဗာန်သည်။ သစ်္ဆိအာတဗ္ဗ၊ မျက်မှောက်ပြုအပ်သော တရားသာတည်း။ ဣမေဓမ္မာ
ဤဒုက္ခချုပ်ကြောင်းဖြစ်သော သမ္မာဒိဋ္ဌိစသော မဂ္ဂင်အကျင့်တို့သည်။ ဘာဝေတဗ္ဗာ၊ ပွားများ
အပ်သောတရားတို့သာတည်း။ ဣတိ၊ ဤသို့။ သစ္စာနိ၊ သစ္စာတို့ကို။ ဘာဝန္တော၊
ပွားများလျက်။ အမတာဓိမံ၊ သေခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းတရားကို ဟော
ပြော၍။ ဒေတိ၊ တရားအလှူကိုပေး၏။ ဣဒံ ဤသို့ တရားအလှူကိုပေးခြင်းသည်။
သိခါပတ္တဓမ္မဒါနံနာမ၊ အထွတ်အထိတ်သို့ ရောက်သော(၀ါ) အမြတ်ဆုံးဖြစ်သော ဓမ္မဒါနမည်၏။
ဤသည်တို့ကား မြန်မာနိုင်ငံ၊ သီဟိုဠ်ကျွန်း၊ ယိုးဒယားနှင့် အခြားကမ္ဘာ
အရပ်ရပ်ရှိ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်လေးစားအားထားသည့် သံသရာ
ဝဲသြဃဆိုသည့် (၃၁)ဘုံဘေး၊ ဒုက္ခတို့မှလွတ်မြောက်ရာ လွတ်မြောက်ကြောင်း
မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်အမှန်တရားတို့ကို အကျဉ်းအားဖြင့် ဖေါ်ပြခြင်းဖြစ်ပါသည်။
ဤဗုဒ္ဓ၏ သဘောထားရေးရာ အတွေးအခေါ်များသည် အလွန်ကျယ်ဝန်း နက်နဲခက်ခဲ
သိမ်မွေ့လှပါ၍ စာတန်းတစ်ခုလောက်နှင့် ပြည့်စုံနိုင်ရန် မဖြစ်နိုင်ပါ။ အတော်အတန်
ပြည့်စုံဖို့ရန်ပင် စာတန်းစာမူပေါင်း မြောက်များစွာ လိုပါလိမ့်မည်။
ဤဗုဒ္ဓတရားတော် တစ်ခုလုံးကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူသော လက္ခဏာ
ရေးသုံးပါးအားဖြင့်လည်း ထင်မြင်နိုင်ပါသည်။ ဥပမာ- အနိစ္စဆိုသည်မှာ သုံးဆယ့်တစ်ဘုံ
ဟုခေါ်သော ရုပ်နာမ်ဓမ္မ သင်္ခါရလောကကြီးသည် အမြဲမပြတ် တရစပ် ဖြစ်ကာပျက်ကာ
ဓမ္မတာအတိုင်းရှိနေပုံ၊ ဤသို့ မရပ်မနား တရစပ်ဖြစ်ကာ ပျက်ကာနေခြင်းကြောင့်
ဒုက္ခဆင်းရဲရပုံ၊ အနတ္တဆိုသည်မှာ၊ ဘာမျှ အနှစ်သာရ အကောင်အထည်၊ ငါသူတစ်ပါး၊
ယောက်ျား၊ မိန်းမ၊ လူ၊ နတ်၊ ဗြဟ်္မာမဟုတ်၊ မည်သူမည်ဝါ အဘယ်သို့သော စက်
ယန္တရားမှ အစိုးမရ မတားဆီးနိုင်၊ မပိတ်ပင်နိုင်(အတ္တနော သဘာဝံဓါရေတိတိဓာတု)
သူ့သဘော သူဆောင်ကာဖြစ်ပြီး ပျောက်ပျောက်သွားသည့် အတ္တမဟုတ်၊ အနတ္တသာဟု
လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀-ကျော်က မြတ်စွာဘုရားသည် ယထာဘူတ အမှန်တရားက
အမှန်အတိုင်း မဖေါက်မပြန် သယမ္ဘူဉာဏ်ဖြင့် ဟောတော်မူခဲ့ပါသည်။ ဤကဲ့သို့
မြတ်စွာဘုရား ဟောတော်မူခဲ့သည့် ဒေသနာတော်တွေကို ယခုမျက်မှောက် အနုမြူခေတ်
တွင် တစ်ဟုန်ထိုးတိုးတက်နေသည့် လောကဓာတ်သိပ္ပံပညာကလည်း နောက်ကလိုက်ပါကာ တစ်နေ့တစ်ခြား တိုးကာတိုးကာ ထောက်ခံလာရကြောင်း ကမ္ဘာ့ပညာရှင်တို့
အသိပင် ဖြစ်ပါသည်။ ဤအကြောင်းတရားကို အထက်ပိုင်းတွင်လည်း တင်ပြခဲ့ပါပြီ။ ။
usumana.blogspot
No comments:
Post a Comment