ကျွန်တော်လုပ်မည့် နည်းလမ်းကတော့ ပိုတိုရှော့ဘာသာရပ်ကို ကျွမ်းကျွမ်းကျင်ကျင်
ရှိဖို့မလိုအပ်ပေမယ့် အခြေခံသဘောလောက်ကတော့သိမှ ဖြစ်မှာ ....
အခု အားလုံးတွေ့ဘူး ကြမှာ ဓာတ်ပုံလေးတွေ ဓာတ်ပုံကြည့်ဆော့ဝဲ အေစီဒီဆီး နှင့်
ဖွင့်လိုက်ရင် တစ်မျိုးပြီ တစ်မျိုး ပြောင်းနေတာလေ မာတီဆိုဒ်ထဲ မှာ အလှဆင် ထားတဲ့
လူတွေ အများကြီးဘဲ ....
အဲ့ဒီလို ပြောင်း နေတဲ့အထဲက gif ဖိုင် antmation လုပ်နည်းလေးပါ
(၁) ပိုတိုရှော့ ထဲမှ စာရွက်ဆိုဒ် သင့်လျောတဲ့ဆိုဒ် ကို တောင်းပါ စာရွက် မကြီးပါစေနဲ့..
(ဥပမာ - အလျား- 4 လက်မ ၊ အနံ- ၃ လက်မ ၊ ရီဆောလူးရှင်း -၇၂ )ထားပါ
မှတ်ချက် -ရီဆော်လူးရှင်း များလျင် ပုံဆိုဒ် မီဂါဘိုက်များပါသည်။ မီဂါဘိုက်များလျှင်
ကျွန်တော်တို့လို ကွန်မကောင်း သော ရွာမှ ရွာသားများအတွက် အင်တာ
နက်ပေါ်တင်လျှင် အဆင်မပြေပါ
(၂) မိမိ ထည့်လိုသော ပုံများကို မိမိတောင်းထားသော စာရွက်ဆိုဒ် အရွယ်အတိုင်း
အလျား၊ အနံ၊ ရီဆော်လူးရှင်းပါ အတူတူဖြစ်သွားအောင် လုပ်ပါ ...
(ထိုသို့လုပ်ရာတွင် cross key တွင် မိမိ လိုအပ်သော အလျား၊ အနံ၊ ရီဆော်လူးရှင်း
ကို ရိုက်ထည့်ပြီး ဓာတ်ပုံတွေကို ဖြတ်လိုက်ပါ လွယ်ပါတယ်)
(၃) မိမိအလှည့်ကျပေါ်လိုသော ဓာတ်ပုံ တစ်ပုံချင်းစီကို copy (ctrl + c) ယူပြီး
မိမိတောင်းထားသော စာရွက်တွင် မိမိအလှည်ကျပေါ်လိုသော အစီအစဉ်(layer )
အတိုင်း paste (ctrl+v)ပေး လိုက်ပါ... layer များ နှင့် ပုံတစ်ခုရလာပါမည်။
(၄) tol box ၏အောက်ဆုံးတွင်ရှိသော eidt in image ready ကိုကလစ်လိုက်ပါ
image ready သို့ ပြောင်းသွားပါမည်
(ပိုတိုရှော့ Cs 3 တင်ထားသူများ image ready မပါပါ)
(၅) menu bar မှ window > animation ကို ကလစ်လိုက်ပါ။
animation အတွက် ချိန်ညှိ ရမည့် animation စာမျက်နှာတစ်ခုကျလာပါမည်။
menu bar မှ window > layer ကို ကလစ်လိုက်ပါ။
မိမိ ပေါ်လိုသောရုပ်ကို ချိန်ညှိရန် layer စာမျက်နှာလေးကျလာပါမည်။
(၆) animation စာမျက်နှာတွင် မိမိ ပထမဆုံး ပေါ်လိုသော ပုံကို
layer စာမျက်နှာမှ မျက်လုံး ပုံလေးကို ကလစ်ပြီး လိုအပ်သလို ချိန်ညှိပါ
ပြီးလျှင် animation စာမျက်နှာ ပထမ (1)ပုံမှ o sec နေရာတွင် မိမိပေါ်လိုသောပုံ၏
ကြာချိန်ကိုရွေးပါ (ဥပမာ - .2 sec ကိုထားလိုက်)
(၇) animation စာမျက်နှာတွင် ဒုတိယ ပေါ်လိုသော ပုံကို ဖန်တီးရန်အတွက်
animation စာမျကနှာ အောက်တွင်ပါသော
စာရွက်လှန်နေသောအိုင်ကွန် (duplicates current frame) ကို ကလစ်လိုက်ပါ
စာမျက် နှာ အသစ်တစ်ခု (2)ဆိုပြီး animation စာမျက်နှာတွင် ပေါ်လာပါမည်။
ထိုအခါ ပထမနည်းအတိုင်း မိမိ ဒုတိယ ပေါ်လိုသော ပုံကို
layer စာမျက်နှာမှ မျက်လုံး ပုံလေးကို ကလစ်ပြီး လိုအပ်သလို ချိန်ညှိပါ
ပြီးလျှင် animation စာမျက်နှာ ပထမ (1)ပုံမှ o sec နေရာတွင် မိမိပေါ်လိုသောပုံ၏
ကြာချိန်ကိုရွေးပါ
မှတ်ချက် -ပထမပုံကြာချိန်အတိုင်းထားပါက နောက်ထပ်ရွေးစရာမလိုတော့ပါ
(၈) အမှတ်စဉ် (၇)ပါနည်းအတိုင်း နောက်ထပ် ပေါ်လိုသော ပုံများကို လိုသလောက်
ဖန်တီးယူုပါ။
(၉) အားလုံပြီးပါက animation စာမျက်နှာ အောကမှ play အိုင်ကွန်ကိုနှိပ်ပြီး
animation ကို စစ်ဆေးနိုင်ပါသည်။
(၁၀) gif ဖိုင်အဖြစ်သိမ်း ရန် အတွက်
menu bar မှ file > Save optimized As ကို ကလစ်ပြီး gif ဖိုင်အဖြစ်သိမ်းနိုင်
ပါသည်။
(၁၁) အင်တာနက်တွင်အသုံးများသည့် flash ဖိုင် (SWF ဖိုင်) အဖြစ် သိမ်းလိုပါက
Menu bar မှ File > Export > macaromedia flash ကို ကလစ်ပြီး
သိမ်းနိုင်ပါသည်။
အဆင်ပြေနိုင်ကြပါစေ ...
No comments:
Post a Comment