မြစ်နှင့်လူ
မြစ်သဘာဝ
မြင့်ရာမြစ်ဖျား
စီးသွားနှိမ့်ရာ
သွင်ပမာသည်
သဘာဝပင်ဖြစ်သည်တဲ့။
လူ့သဘာဝနှိမ့်ရာမှသည်
မြင့်ရာဆီသို့
ဦးတည်ပမာ
သွင်ပမာလည်း
သဘာဝပင်ဖြစ်သည်တဲ့။
ထိုသဘာဝ
ကြောင်းနှစ်ခွကြောင့်
အလှဆင်သူဆင်နိုင်၏
ရှင်းပြနိုင်စွမ်းခက်ပါဘိ။
ဆည်းဆာ
မိုးကုတ်စက်ဝန်း
အနှောက်ကျွန်းပေါ်
ရွှေရည်ပတ်လောင်း
ညနေစောင်းပြီ
ဗျိုင်းဖြူတစ်သိုက်
တောင်ပံရိုက်ကာ
အိပ်တန်းတက်ပျံ
လေဟုန်ဆန်၏။
တိမ်ဝါထိန်ကြည်
နေနီနီနှင့်
တောင်ပြာတန်းက
လေနုသွန်းယှက်
ကြက်သွန်တက်ပြေး
မြစ်ဖြူဖွေးပေါ်
လှုပ်လှုပ်ပေါ်သည်
မြင်ပြန်ခဏ
ထိုအလှကို
သညာတွင်ခေါ်
ဆည်းဆာခေါ်၏။ ။
ပန်းတိုင်သို့
နှောင်းခဲ့ကြမ္မာ၊ ဘေးဘယာကို
ရန်ရှာပူဆွေး၊ မငိုကြွေးနှင့်
နုပျိုဝင်းပ၊ ခုခဏတွင်
နိုးထပျော်ရွှင်၊ မြန်မောင်းနှင်လော့
ကောင်းသော လှသော၊ ဘ၀တောကို
ဆန္ဒဇောနှင့်၊ တက်ကြမယ်။ ။
No comments:
Post a Comment