မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်နေကြသော
မြန်မာလူမျိုးတို့တွင်
ဘာသာတရားရှိကြသည်။ ဘာသာတရား ရှိကြသည့်အလျှောက်၊
ဗုဒ္ဓဘာသာဝင်အများဆုံးရှိကြသည့်
နိုင်ငံလည်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တွေအားလုံးသည် ထေရ၀ါဒဗုဒ္ဓဘာသာဝင်များသာ
ဖြစ်ကြသည်နှင့်အညီ၊
ဘုရားရှင်၏ အဆုံးအမတော်အတိုင်း၊ လိုက်နာကျင့်သုံး နေထိုင်ကြပြီး၊ သံဃာတော်
အရှင်သူမြတ်များသည်လည်း
ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာတော်ကို ခေတ်အဆက်ဆက် ကပင်၊ အသက်စွန့်
ကာကွယ်စောင့်ရှောက်ခဲ့ကြသည့်၊
သာဓကများ သမိုင်းတွင်ရှိခဲ့သည်။ ယနေ့ခေတ်တွင်၊ အမည်ခံ ဗုဒ္ဓဘာသာဝင်တွေ နှင့်
မိရိုးဖလာ
ဗုဒ္ဓဘာသာဝင်တို့၊ များပြားလာသည်နှင့်အမျှ၊ ထေရ၀ါဒ ဗုဒ္ဓဘာသာသနာတော်၊
ကွယ်ပျောက်တော့မည့်အခြေအနေ
များဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်မှာ၊ အလွန်မှ ၀မ်းနည်းစရာ ကောင်းလှပေသည်။
ကျွန်တော်တော့သည်၊
တိုင်းတစ်ပါး ပြည်ပတွင်၊ ရောက်ရှိနေကြသည်၊ သို့သော် ကိုယ့်မြေ၊ ကိုယ့်ရေ၊
ကိုချစ်မြတ်နိုးကြသည်။
ကိုယ့်လူမျိုး၊ ကိုယ့်စာပေ၊ ယဉ်ကျေးမှုနှင့် အမျိုးသားယဉ်ကျေးမှုကို
တိုင်းတပါး ရောက်နေသော်လည်း၊
ထိမ်းသိမ်းစောင့်ရှောက်ကြသည်။ ထိမ်းသိမ်းစောင့်ရှောက်လာကြအောင်လည်း၊
မိမိတို့ တတ်သည့်၊
ပညာနှင့် လှုံဆော်ဖြန့်ဝေပေးနေကြသည်။ အမျိုး၊ဘာသာ၊ သာသနာနှင့်
အမျိုးသားစာပေယဉ်ကျေးမှုတွေကို
ဖျက်ဆီးလာသူကို လက်မခံနိုင်ကြ သည့် အားလျှော်စွာ ယခုဆောင်းပါးအား ဥက္ကံသ(
ဘဲချောင်း)
၏ စာမူအားလက်ခံရရှိ၍ ဖော်ပြပေးလိုက်သည်။ ကလောင်ရှင် ဥက္ကံသ( ဘဲချောင်း)သည်၊
ဓမ္မရုပ်စုံ
မဂ္ဂဇင်းကြီးမှာ ပင်တိုင်ရေးခဲ့ဘူးသူဖြစ်ပြီး၊ ဓမ္မရံသီနဲ့
မြတ်ပန်းရဂုံတို့မှာလည်း ရေးခဲ့တဲ့အပြင်။
၂၀၀၅ ခု ဇန်န၀ါရီလမှာ (မြတ်စွာဘုရားနှင့် ပုဏားများ) စာအုပ်ထွက်ခဲ့ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာဝင် ကောင်းများ ဖြစ်ကြပါစေ။
တာဝန်ခံအယ်ဒီတာ( ရွှေမော်ကွန်း)
သာသနာ
ဆရာ ဒါယကာ
ဥက္ကံ္ကံသ
(ဘဲချောင်း)
မြန်မာနိုင်ငံ သည် ထေရဝါဒ
ဗုဒ္ဓဘာသာ နိုင်ငံတော်အဖြစ် နိုင်ငံတကာအလယ်တွင် တင့်တယ်နေသောနိုင်ငံဖြစ်ပါ၏။
ထေရဒါဒ
ဗုဒ္ဓဘာသာတွင် သာသနာ ဆရာ ဒါယကာ ဟူသော ဒေါက်သုံးချောင်းဖြင့် သာသနာတော်
တည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်သည့် အစဉ်အလာသည်
သာသနာတော်တည်ရှိနေသမျှကာလပတ်လုံး
မပျက်မယွင်း တည်နေမည်သာဖြစ်ပါသည်။
ယင်းသို့သာသနာတော်
မှန်ကန်စွာတည်တံ့ပြန့်ပွားစေရန်မှာ
ဆရာကလည်း မြတ်စွာဘုရား၏ တရားတော်များကို
အသေအချာ ဂဃနဏသိဖို့လို၏။
သို့မှသာ တပည့်ဒါယကာ
ဒါယိကာမတို့ကို လမ်းမှန်သို့ရောက်အောင်
သွန်သင် လမ်းပြနိုင်မည်ဖြစ်ပေတော့၏။
ဗုဒ္ဓသာသနာ ဆိုသည်မှာ
သာသနံ နာမ ဟောတိ တိဝိဓံ၊
ပရိယတ္ထိ။ ပရိပတ္ထိ။ ပရိဝေဓ ဝနေ၊
သာသနာဆိုသည်မှာ
မြတ်စွာဘုရား၏အဆုံးအမတော်ကို
ခေါ်ခြင်းပင်ဖြစ်သည်။ သာသနာသုံးရပ်ရှိ၏၊
ပရိယတ္ထိသာသနာ။ ပရိပတ္တိသာသနာ။
ပရိဝေဓသာသနာ ဟူ၍ဖြစ်ပါ၏။
ပရိယတ္တိသာသနာဟူသည်မှာ မြတ်စွာဘုရား၏
စကားတော်များကို ပေထက်အက္ခ္ခရာ၊
ကျောက်ထက်အက္ခ္ခရာ၊ စာထက်အက္ခ္ခရာ
တင်ထားသည်များပင်ဖြစ်ပါ၏။
ထိုစကားတော် စာပေတို့သည်
ဆုံးမထိုက်၊ ဆုံးမသင့်သောကြောင့်
ပရိယတ္တိသာသနာဟုခေါ်ခြင်းဖြစ်သည်၊
ပရိပတ္တိသာသနာဆိုသည်မှာ မြတ်စွာဘုရား
ဟောကြားတော်မူခဲ့သော တရားတော်များအတိုင်း လိုက်နာ ကျင့်ကြံသည့်
အကျင့်မြတ်ကိုခေါ်ခြင်းဖြစ်သည်။ ထိုအကျင့်မြတ်တို့သည်လည်း
ဆုံးမထိုက် ဆုံးမသင့်သောကြောင့် ပရိပတ္တိသာသနာဟု
ခေါ်ဆိုရခြင်းပင်ဖြစ်သည်။ ပရိဝေဓဟူသည်မှာ
ထိုသို့ကျင့်ကြံ ကြိုးကုတ်အားထုတ်သဖြင့်
မဂ်ဖိုလ်ကိုရရှိခြင်းပင်ဖြစ်သည်။
မြတ်စွာဘုရား
အလောင်းတော်ကို
မြင့်မြတ်သောသာကိယနွယ်ဝင် မဟာသုဒ္ဓေါဒန
မင်းကြီးနှင့် မဟာမာယာဒေ၀ီ မိဖုရားကြီးတို့မှ
ဖွားမြင်တော်မူခဲ့သည်။ ၁၆နှစ်အရွယ်တွင် ယသော်ဓယာ
ဒေဝီနှင့်
အတူထီးနန်းစံတော်မူသည်။ ၂၉
နှစ်အရွယ်တွင် လောကီစည်းစိမ် ဥစ္စာအားလုံးကို
စွန့်ပစ်တော်မူကာ တောထွက်တော်မှူု
ရဟန်းပြုတော်မူခဲ့သည်။ ခြောက်နှစ်ပတ်လုံး
ပင်ပမ်း
ဆင်းရဲသောအကျင့်ဖြင့် ကျင့်နေရာမှ ခန္ဓာကိုယ် ပင်ပမ်းလွန်းပြီး
တရားထူးကို မရနိုင်သောကြောင့်
မဇ္ဈိမပဋိပဋ္ဌာခေါ်
အလယ်အလတ် လမ်းစဉ်ကို ကျင့်ကာ ဘုရားအဖြစ်
ရောက်ရှိတော်မူခဲ့၏။
ဘုရားစင်စစ်
ဖြစ်တော်မူသည့်အခါတွင်လည်း ဘုရားဖြစ်ပြီဟုပြောရုံဖြင့်
ယုံကြည်ကိုးကွယ်ခြင်းမခံရသေးဘဲ
စမ်းသပ်ခံ၊ စူးစမ်းလေ့လာခံပြီးမှ
စမ်းသပ်လေ့လာသူတို့ကိုယ်တိုင် ဗုဒ္ဓအပေါ် နားလည်ကြပြီး
ဗုဒ္ဓစင်စစ်ဖြစ်ပါပေတယ်ဟု ဝန်ခံကာ ဗုဒ္ဓကို ကြညိုဆည်းကပ်
လာကြခြင်းဖြစ်ပေသည်။ ဗုဒ္ဓသည်
ယင်းသို့ စူးစမ်းလေ့လာခံပြီးမှ ကြည်ညိုခံရသူဖြစ်ပြီး
ထိုသို့ စူးစမ်းလေ့လာပြီးမှ
ကိုးကွယ်လာကြသူများကိုလည်း ချီးမွမ်းတော်မူလေသည်။ (ဤနေရာတွင်
ငါ့ကို ကိုးကွယ်လေ သဘောကျလေဟူသည့် ပုဂ္ဂ္ဂိုလ် မျိုးမဟုတ်ကြောင်းနှင့်
ရမ်းသမ်းကိုးကွယ်မှုကို
လက်မခံသော ပုဂ္ဂ္ဂိုလ်ဖြစ်ကြောင်း
သတိပြုရပေမည်။)၊
သက္ကရာဇ် ၁ဝ၃ ခုနှစ်တွင် ဘုရားဖြစ်တော်မူပြီး
ထိုနှစ် ဝါဆိုလပြည့်နေ့တွင် ဓမ္ဓစင်္ကြာ
တရားဦးဟောရန် ပဉ္စ္စဝဂ္ဂီငါးဦးရှိရာ
မိဂဓါဝုန်တောသို့ ကြွခဲ့၏။ ပဉ္စ္စဝဂ္ဂီငါးဦးတို့ကလည်း
ဘုရားဖြစ်ပြီဆိုယုံနှင့် မယုံကြည်သေးဘဲ
စစ်မေးခြင်း (အပြန်အလှန် မေးမြန်း
ပြောဆိုခြင်း) ပြုပြီးမှသာ
ဘုရားဖြစ်ကြောင်း ကိုယ်တိုင်ယုံကြည်လာကြပြီး
တရားဦးဖြစ်သော ဓမ္မ္မစင်္ကြာဒေသနာတော်ကို
နာယူကြရသဖြင့်
ငါးဦးလုံးပင် ဗုဒ္ဓသာသနာတော်တွင် ဝင်ရောက်ကြလျက်
ရဟန်းအဖြစ်ခံယူကြသည်။
သံဃာရတနာ စတင်ပေါ်ပေါက်ခြင်းပါပေ။
ထိုနောက်
ယသ သတို့သားလည်း ဧဟိဘိက္ခ္ခုအခေါ်ခံရ၏။
ယသ သတို့သားဆိုသည်မှာလည်း
ဘုရားအလောင်းတော် သိဒ္ဓတ္တ္တမင်းသားကဲ့သို့ နွေအဆောင်၊
မိုးအဆောင်၊ ဆောင်းအဆောင်
ဟူသောအဆောင်သုံးဆောင်ဖြင့် အခြံအရံ
စည်းစိမ်ဥစ္စာ ပြည့်စုံသူဖြစ်သည်။ ယသ သတို့သား၏ သူငယ်ချင်းလေးဦးလည်း
သာသနာ့ဘောင်သို့ဝင်ရောက်ရဟန်းပြုကြသည်။ နောက်ထပ်
တဖန် သူဌေးသား ငါးကျိပ်(ငါးဆယ်) ရဟန်းပြုကြသည်။ ထိုအချိန်မှစ၍
ဗုဒ္ဓသာသနာတော် ပြန့်ပွားရေး စတင်ဆောင်ရွက်မှု သမိုင်းစတင်ပေတော့သည်။
အထက်ဖော်ပြပါတို့ကို ကြည်ရှုခြင်းဖြင့်
ဗုဒ္ဓသာသနာအတွင်းတွင် အမျိုးမြတ်သော အထက်တန်းစားပုဂ္ဂ္ဂိုလ်တို့ဖြင့်သာ
သံဃာရတနာစတင်ခဲ့ပြီး
သာသနာရေးဆောင်ရွက်မှုကိုလည်း
ဘုရားရှင်၏သြဝါဒအတိုင်း ထိုပုဂ္ဂိုလ်မြတ်
(ရဟန်းမြတ်) တို့ဖြင့်ပင် စတင်ခဲ့သည်မှာ ထင်ရှားလှပါပေ၏။
ဗုဒ္ဓမပွင့်ပေါ်မီကပင်
မိမိတို့ကိုယ်မိမိ ဗုဒ္ဓဟုကြော်ငြာကာ
သာဝတ္တိ၊
ရာဇဂြိုဟ် တဝိုက်
နောက်လိုက်တပည့်များစွာ ခြံရံလျက်
ကျော်ကြားပြီးဖြစ်သော ဆရာကြီးခြောက်ယောက်တို့ရှိနှင့်နေပြီ။ ၄င်းတို့မှာ
ပုရာဏကဿပ။ မက္ခလိဂေါသာလ။
နိကဏ္ဌနာဋ္ဋပုတ္တ။သဉ္စယဗေဠပုတ္တ။ မကုဓကစ္စာယန။
အဇိတကေသကမ္မလ တို့ဖြစ်ကြ၏။ ၄င်းတို့သည်
ဝန်ကြီးမူးမတ်။ ဗိုလ်မှူး
ဗိုလ်ချုပ်များ။ သူဌေးများ၏ ယုံကြည်ကိုးကွယ်မှုကိုခံယူကာ
တပည့်တို့အပေါ် လှည့်ဖြားပြီးအထင်ကြီးခံနေသူများဖြစ်သည်။
ကောသလ ဘုရင်ကြီးက ထိုဆရာကြီးခြောက်ယောက်ကို
နန်းတော်သို့ခေါ်ကာ “သင်တို့
ဗုဒ္ဓဟုတ်ကြသလား” ဟု တိုက်ရိုက်မေးရာ ထိုဆရာကြီးများက
ပြဿနာတွေ
အမေးခံရမှာကိုကြောက်လန့်ကာ “ဗုဒ္ဓမဟုတ်ပါ” ဟုအမှန်အတိုင်း
ဝန်ခံ ပြောဆိုကြာကာ နန်းတော်မှထွက်လာကြစဉ်
မိမိတို့ကို
အထင်ကြီးကိုးကွယ်နေသည့်
ဘုရားဒါယကာ၊ ကျောင်းဒယကာ အမည်ခံ
မူးမတ်စစ်ဗိုလ်တွေက သူတို့ဆရာကြီးတွေကို
ဘုရင်က ရာဇဂုရု တံဆိပ်ချီးမြှင့်မည်အထင်နှင့်
‘ အရှင်ဘုရားတို့
ဘုရင်မင်းမြတ် ရဲ့ ပြဿနာတွေကို
ဖြေကြားနိုင်သဖြင့် ဂုဏ်ပြုလိုက်ပါသလား” ဟု မေးရာ။
ဆရာကြီးတို့
ယုံအောင်ဖြေလိုက်ပုံက..
‘ရှင်ဘုရင်က ငါတို့ကို ဗုဒ္ဓွ ဟုတ်သလားလို့မေးတယ်၊
ငါတို့က ဗုဒ္ဓဖြစ်တယ်လို့
အမှန်အတိုင်း ပြောပြီး ဗုဒ္ဓအရာကနေ ပြဿနာတွေကို
ဖြေပြရင် ဒီဘုရင် ဥာဏ်မမီလို့ နားလည်မှာ
မဟုတ်ဘူး။ အဲဒီတော့ တို့ကိုအပြစ်ဖို့ရင်
သူ အကုသိုလ်ဖြစ်လိမ့် မယ်။ ဒါကြောင့်
ဗုဒ္ဓ မဟုတ်ဘူးလို့
ပြောခဲ့ရတယ်“ဟူ၍၊
မိမိကိုယ်မိမိ အဘယ်မျှတတ်သည်
ဘယ်အရာနှင့်သာ သင့်တော်သည်ကို အချို့မသိကြ။
အချို့က သိလျက်နှင့် ဟန်ဆောင်နေကြ၏။ ဤပုဂ္ဂိုလ်ခြောက်ယောက်သည်
မိမိတို့ ဗုဒ္ဓအဆင့် မရောက်သေးကြောင်းသိကြ၏။ ဒါပေမင့်
အများက ဗုဒ္ဓ ဟုအထင်ခံနေရခြင်းအပေါ် အရသာတွေ့ကာ ဆက်၍
ဆက်၍ လိမ်နေသူများသာဖြစ်ပါ၏။
ကောသလ
မဟာရာဇာသည် ဗုဒ္ဓနှင့် စတင် တွေ့တွေ့ချင်း
မယုံသေးဘဲ စူးစမ်းလေ့လာပြီးမှ
နှစ်နှစ်ကာကာ ယုံကြည်
လာကာ ဗုဒ္ဓသီတင်းသုံးတော်မူရာ မေဒါဠုပ ရွာသို့သွားရောက်စဉ်က
ဗုဒ္ဓ၏ ခြေတော်တို့ကို
ပါးစပ်ဖြင့် စုပ်ကာပင် ပူဇော်ခဲ့ပါ တော့သည်။ အလားတူပင်
ဗိမ္မိသာရ မင်းကြီးလည်း
ဗုဒ္ဓကို ဘဝနှင့် ထပ်တူ ကြည်ညိုကိုးကွယ်သူဖြစ်ပါ၏။ ဥပါလိ သူကြွယ်သည်
ဗုဒ္ဓကို ပြဿနာမေး စူးစမ်းပြီးမှ ဆရာကြီးခြောက်ယောက်ကို
မကိုးကွယ်တော့ဘဲ
ဗုဒ္ဓ ဒါယကာအဖြစ်ခံယူလာလေသည်။ ဗြဟ္မ္မာယုပါမောက္ခကြီးကလည်း
မိမိ၏ပညာဖြင့် ဗုဒ္ဓ၏လက္ခဏာတော်ကို
လေ့လာပြီးမှ ဗုဒ္ဓ၏ခြေတော်ကို ပါးစပ်ဖြင့် အကြိမ်ကြိမ်စုပ်ကာ
ရှိခိုးပူဇော်ခဲ့ပါ၏။ ဗုဒ္ဓ၏ဂုဏ်တော်အပေါင်းကား အနန္တ္တပါပေ၊
ဤနေရာတွင် ဗုဒ္ဓွအဆုံးအမ
များစွာတို့အနက်မှ ကာလာမသုတ်တော်ကို
လိုရင်းအချက်မျှ ကောက်နှုတ်ဖော်ပြ
လိုပါသည်။
ကြားဘူးနားဝ ဖြင့်မယုံနှင့်။
ဘိုးဘွားလက်ထက်က ယုံလာတယ်ဆိုပြီး မယုံနှင့်။
အခြားတယောက်က ဟုတ်တယ် မှန်တယ်ပြောလို့လည်းမယုံနှင့်။
ကိုယ့်စိတ်ကူးနဲ့ တူတယ်ဆိုပြီးမယုံနှင့်။ ဒီရဟန်းကား
ကိုးကွယ်ထိုက်တယ်ထင်ပြီးလည်း မယုံနှင့်။
ငါ့ဆရာကကောင်းတယ်ပြောလို့လည်း မယုံနှင့်
မကိုးကွယ်နှင့်၊
ကာလာမ အမျိုးသားတို့… ဤ အကျင့်များသည်
ကောင်းလည်းမကောင်း။ အပြစ်လည်းမကင်း။ ပညာရှိကဲ့ရဲ့ စရာလည်းဖြစ်၏။ ထိုအကျင့်များသည်
စီးပွားမဲ့ ဒုက္ခ္ခရောက်ဖို့သာဖြစ်၏ဟု ကိုယ်တိုင်နားလည်ကာ
စွန့်လိုက်ကြ၊ သုခ ရစရာ
အကျင့်များကိုသာကိုယ်တိုင်နားလည်အောင် ပြုကာ လိုက်နာပြုကျင့်ကြ၊ (တိကင်္ဂုတ္တရ ပါဠိတော်)
အထက်ပါ သုတ်တော်လာ
ဗုဒ္ဓအဆုံးအမများအတိုင်း ဒါယကာ ဒါယိကာမတို့ မိရိုးဖလာ
ဗုဒ္ဓဘာသာဝင် မိရိုးဖလာ
ကိုးကွယ်ခြင်းမျိုးမဟုတ်ကြဘဲ
ကိုယ်တိုင်နားလည်ပြီး
ယုံကြည်ဆည်းကပ် ထားထုတ်ကြပါကုန်၊
ဗုဒ္ဓသာသနာတော်မှာ စကတည်းကပင်အဖူးမြော်ခံ။
မော်ဖူးခံ ဖြစ်ပါ၏။
ခုမှ ငုံ့၍ကြည့်ခံရမည်ဆိုလျှင် မည်သူတွေ
အရှက်ရကြမည်နည်း စဉ်းစားကြပါလေ။
ဆရာဆိုသည်မှာ
ဗုဒ္ဓဘာသာရဟန်တော်များသည်
ဗုဒ္ဓသာသနာရေးတာဝန်ကို ဆောင်ရွက်ကြရာတွင်
လူတို့၏ဆရာများပင်ဖြစ်၏။ သာသနာတော်သုံးရပ်ကို
သိက္ခ္ခာတော်သုံးရပ် အကျင့်မြတ်ဖြင့်ထမ်းဆောင်ကြရန်
မြတ်စွာဘုရားဆုံးမတော်မူခဲ့၏။ သာသနာ တော်အတွင်း ရဟန်းတော်များ
တိုးပွားလာပြီး အချို့
အသွင်အပြင် အပြုအမူတွေ ချွတ်ယွင်းလာသဖြင့်
ဝိနည်းဥပဒေတော် ပေါ်လာရခြင်းဖြစ်ပါသည်။
ဘုရားရှင်သည် ရဟန်းများ
အစာအဟာရ၌ သာယာမက်မောခြင်းကို
လွန်စွာအပြစ်တင်တော်မူပါသည်၊(နိဒါနသံယုတ်။ မဟာဝဂ္ဂ
ပါဠိတော်)၊အလားတူပင် နိဒါနဝဂ္ဂ။ လာဘသက္ကာရ
သံယုတ် ပါဠိတော်တွင်လည်း ဗုဒဒမြတ်စွာက ရဟန်းတော်တို့ ပစ္စည်းလာဘ်ကို
ရဖို့ကြိုးစားခြင်း၊ အထင်ကြီးအောင်
ကြိုးစားခြင်း။ ကိုယ်တိုင်
နာမည်ကျော်ကြားအောင် လာဘ်ပေါများအောင်
ကြိုးစားခြင်းကို ရှုတ်ချတော်မူခဲ့ပါသည်၊
ရဟန်းတော်များအနေဖြင့်
တရားတော်များကို ဟောရန်ထက် နှလုံးသွင်းနေထိုင်ကြပြီး
တပည့် ဒါယကာ ဒါယိကာမ အပေါင်းကိုလည်း မိမိကဲ့သို့
နှလုံးသွင်းစေကာ နေထိုင်တတ်အောင် တနည်းအားဖြင့်
ယဉ်ကျေးလာအောင် ဆုံးမရပေမည်၊
ဆရာကောင်း အင်္ဂါရပ်များ
- သီလနှင့် ပြည့်စုံပြီး ချစ်မြတ်နိုးဖွယ်ဖြစ်ရမည်၊
- သမာဓိနှင့် ပြည့်စုံပြီး လေးစားကြည်ညိုဖွယ်ဖြစ်ရမည်၊
- ပညာနှင့် ပြည့်စုံပြီး ချီးမွမ်းဖွယ်ဖြစ်ရမည်၊
-တပည့်များ အနေနှင့်
မသင့်မတော်ပြောဆို နေထိုင်သည်ကို တွေ့လျှင်
လျစ်လျူမရှု ပြောဆိုဆုံးမရမည်၊
- သူတပါးတို့၏ ပြစ်တင်ပြောဆိုမှု ဟူသမျှကို
သည်းခံနိုင်ရမည်၊
- နက်နဲသော
တရားစကားကို ပြောကြားနိုင်ရမည်၊
- တပည့်များအား
မသင့်မတော်ရာကို မခိုင်းစေရ၊
ထိုအချက်များနှင့်
ပြည့်စုံသော ဆရာကောင်းကို မှီဝဲမှသာ တပည့်ဖြစ်သူ၏ သီလ သမာဓိ
ပညာ တို့လည်း တိုးပွားနိုင်မည် ဖြစ်၏။
( အင်္ဂုတ္တရ နိကာယ။ သတ္တက
နိပါတ်။ ဒေဝတာဝဂ်။ ဒုတိယမိတ္တသုတ်)
ဆီးပန်းနီဆရာတော် ဘုရားကြီးက ပရမတတ သရူပ၀ဏ္ဍနာ
ကျမ်းတွင် –
ဝိနည်းမကြိုက်။ လောကလိုက်။
ဘုန်းကြီးမိုက်နှင့် လွဲစေသော်၊
တရားမကြိုက်။ အများလိုက်။
မိဘမိုက်နှင့် လွဲစေသော်၊
ဘုရားမကြိုက်။ အမှားလိုက်။
ဆရာမိုက်နှင့် လွဲစေသော်၊
ဟုပြတ်ပြတ်သားသား ရေးသားခဲ့၏။
လယ်တီဆရားတော် ဘုရားကြီးကလည်း -
နဖူးစွန်းနှင့်။
ဒူးပွန်းခံကာ။
ကိုးကွယ်ပါလည်း။ ဆရာလွဲက။
ငရဲအပါယ်။ အမြစ်တွယ်။
ဝဋ်နွယ် ရှည်လျားရာ၊ ဟုညွှန်ပြခဲ့ပါသည်။
ဒါယကာ ဆိုသည်မှာ
ဒါယကာ ဟုဆိုရာ၌ ဗုဒ္ဓဘာသာဝင် ဥပသကာ ဥပါသိကာမ
အားလုံးကို ဆိုခြင်း
ဖြစ်ပါသည်၊ ဗုဒ္ဓသာသနာအကျိုး ဆောင်ရွက်နေကြသော
ဒါယကာ တပည့်အပေါင်းတို့သည်
မိမိတို့ ဆရာအဖြစ်ကိုးကွယ်နေကြသော
ကျောင်းထိုင် ဘုန်တော်ကြီးများ အပါအဝင် ရဟန်းတော်များ၏ သြဝါဒကို
လေးလေးစားစား လိုက်နာရမည်ဖြစ်ပါသည်။ ကိုးကွယ်ဆည်းကပ်ကြရာတွင်လည်း
ဆရာစွဲ ပုဂ္ဂ္ဂိုလ်စွဲ မထားသင့်ပေ၊ ထိုအစွဲဖြင့် ပစ္စ္စည်းလေးပါးတို့
အပိုအလျှံဖြစ်အောင်
လှူဒါန်းနေရုံဖြင့် မပြီးပါ။ ဗုဒ္ဓမြတ်စွာက
–
‘ အာနန္ဒ္ဒာ။ သရဏဂုံမျှတည်စေသော
ဆရာအား တပည့်ဖြစ်သူသည် ရှိခိုးခြင်း။ ခရီးဦးကြိုဆိုခြင်း။
လက်အုပ်ချီခြင်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတို့ကို
ပေးလှူခြင်းဖြင့် ဆရာအားကျေးဇူးတုံ့ပြန်ငြားအံ့။
ထိုပုဂ္ဂိုလ်သည် ဆရာအား ပြည့်စုံ လုံလောက်သော ကျေးဇူးတုံ့ပြန်ခြင်းဟူ၍
ငါမဆို ဟု ဟောတော်မူခဲ့ပေသည်၊
(ဥပရိ ပဏ္ဍာသ ပါဠိတော်။ ဒက္ခိဏ
ဝိဘင်္ဂသုတ်)၊
ဤနေရာ၌ သာသနာ့ဒါယကာတို့ မိမိတို့
ဆရာအား အကဲခတ် စူးစမ်းလေ့လာပြီး
ဆရာကောင်း ရှာဖွေနိုင်ကြရန်
ဗုဒ္ဓရှင်တော်ဟောကြားတော်မူခဲ့သော
အနာဂတဘယ သုတ်တော်မှ အနည်းငယ် ကောက်နှုတ်
ဖော်ပြရပါသည်။
ဘိက္ခ္ခုတို့ ဤဟောကြားအပ်သော
ဘေးတို့သည် ယခုအခါ (ထိုသုတ်တော်ကို ဟောတော်မူချိန်) မဖြစ်သေးဘဲ
နောင်အခါတွင် ဖြစ်ကြလိမ့်မည်၊
ထိုဘေးများ မပေါ်အောင် ကြိုးစားကြ။
ထိုဘေးတို့ကား
-
၁၊ သီလသိက္ခာ တိုးတက်မှုလည်းမရှိကြသော။
သမာဓိ တိုးပွားမှုလည်း မရှိကြသော။
လောကုတ္တရာတိုးပွားမှုလည်း မရှိကြသော
ရဟန်းတို့သည် သူတို့ကိုယ်သူတို့
ဥပဇျာယ်ဆရာကြီးလုပ်ကာ အခြားသူတို့ကို
ရဟန်းပြုပေးလိမ့်မည်၊ တပည့်များကို သီလ။ သမာဓိ။ပညာ
တိုးပွားအောင် ဆုံးမနိုင်ကြမည်မဟုတ်၊
ထိုတပည့်များကလည်း မိမိတို့
တပည့်များကို ရဟန်ပြုပေးကြဦးမည်၊
ဤသို့အဆက်ဆက်ပျက်ကာ ဝိနည်းပျက်သည့်ဘေး
ပေါ်လာလိမ့်မည်၊
၂၊ အထက်ပါကဲ့သို့ပင် နိဿရည်းဆရာ
လုပ်ကြလိမ့်မည်၊
၃၊ တရားများကို ဟောသောအခါ
မကောင်းသောစိတ်ထားဖြင့် သူတပါး (မိမိနှင့်မတည့်သူ ရဟန်း။ လူများ) ကို
ပုတ်ခတ်စော်ကားခြင်း။ပစ္စည်းရအောင်
(မြူဆွယ်ခြင်း။ ခြောက်လှန့်ခြင်းတို့ဖြင့်)
ဟောခြင်းဖြင့် တရားစစ် တရားသဘောအမှန်များ
ပျက်လိမ့်မည်၊
၎၊ ဗုဒ္ဓကိုယ်တော်တိုင် ဟောကြားသော
တရားတို့အပေါ် မှတ်သားလိုက်နာခြင်းမရှိဘဲ သာသနာပြင်ပမှ ဂါထာ
နည်းလမ်းများကို နာယူမှတ်သားကြလိမ့်မည်၊
၅၊ တရားကို အားထုတ်ရာ၌ အလျော့
အတင်းနှစ်မျိုးဝယ် အလျော့ဘက်ကိုသာ လိုက်လိမ့်မည်၊
နောက်တနည်းကား
အစားကောင်းကောင်း။
သင်္ကန်းကောင်းကောင်း။ ကျောင်းကောင်းကောင်းကို လောဘတက်ကာ မအပ်သောနည်းဖြင့်
ရအောင်
လုပ်ကြလိမ့်မည်၊ မိမိတို့ နာမည်ကြီးအောင်။
အခွင့်အရေးရရန်အတွက် သာသနာနှင့်ဆန့်ကျင်သော
(သာသနာတော် ပျက်ဆီးရာပျက်ဆီးကြောင်းဖြစ်သော)
အလုပ်များကို
မရှက်မကြောက်
လုပ်ကြလိမ့်မည်၊
အထက်ဖော်ပြပါ အဆုံးအမ
သုတ်တော်လာများကို နာယူကာ ဆရာရွေးမမှားကြဖို့
သတိပေးအပ်ပါသည်၊
ယခုမကြာမီ ရက်များအတွင်းက ပေါ်ထွက်လာသော ကုလားဘုန်းကြီးဟု
ခေါ်ဆိုနေကြသည့် ပုဂ္ဂိုလ်၏ လုပ်ရပ်သည်
ဗုဒ္ဓသာသနာတော်နှင့် မသက်ဆိုင်သည့်ပြင်
သာသနာပျက်စီးအောင် ဖျက်ဆီးခြင်းသာဖြစ်ပါ၏။
ဘာဘုန်းကြီး ဟု လူမျိုးတခုကို
ခေါင်းစဉ်မတတ်လိုပါ။ သို့သော်
ဘုန်းကြီးမဖြစ်နိုင်သည်မှာတော့
သေချာပါသည်၊ အဘယ်ကြောင့်ဆိုသော်
သိက္ခ္ခာ သုံးရပ် အကျင့်မြတ်
လုံးဝမရှိသောကြောင့် မည်သို့မျှ ဘုန်းမကြီးနိုင်သည့်အပြင်
ဘုန်းနိမ့်သည့်အဖြစ်နှင့်သာ
ကြုံရပေလိမ့်မည်၊
ကျွန်ုပ်တို့ အမွန်အမြတ်ထားရာ
သာသနာ့တံခွန်ဖြစ်သော
သင်္ကန်းတော်ကိုရုံထားပြီး
ရဟန်းနှင့် မအပ်စပ်သော မဖွယ်မရာ အလုပ်ကို လုပ်နေသည်မှာ
လောကပါလတရားနှစ်ပါးဖြစ်သော
ရှက်ခြင်း၊ ကြောက်းခြင်း တရားနှစ်ပါးနှင့်
ကင်းကွာနေသူ ဖြစ်ပါသည်။
ဗုဒ္ဓရဟန်းတော်များ
တရားဟောရာ၌ ပလ္လ္လင်တော်ပေါ်တွင် စက္ခ္စုနြေ္ဒ္ဒချကာ
ဟောကြားကြပါသည်၊ ယခုလို ဇာတ်စင်ပေါ်မှာ
လမ်းသလားပြီးမဟောကြပါ၊
အပေါ်က စပ်ဖြဲဖြဲမျက်နှာဖြင့်
ခြေကားယားလက်ကားယားလုပ်ပြ ပါးစပ်က
ပိန်ဖျင်းသောစကားသံတွေဆို အောက်က ပရိတ်သတ်က ဣနြေ္ဒ္ဒပျက်စွာ
မြူးတူးနေကြသည်မှာ အရှက်အကြောက်
ကင်းမဲ့ကြောင်း ဖော်ပြနေသဖြင့် ‘ ဘုန်းကြီးရူးနှင့်
လှေလူး” ဆိုသည်ထက်ပင်
အခြေအနေဆိုးနေပါတော့သည်။
ကျွန်ုပ်အနေဖြင့် ပုဂ္ဂ္ဂိုလ်ရေး
မပုတ်ခတ်လိုပါ။ မည်သည့်လူမျိုးဟု
မရိုးစွပ်လိုပါ။ ကျွန်ုပ်တို့
အမြတ်ဆုံးထားရာ သာသနာတော်ကို စော်ကားရောက်သဖြင့်သာ ဤဆောင်းပါးရေးဖြစ်ခြင်းဖြစ်ပါသည်၊
ဒါယကာ (သို့တည်းမဟုတ်) ဥပသကာ ဆိုသည်မှာ သာသနာ့နုဂ္ဂဟ
တာဝန်ကိုထမ်းဆောင်နေသူ ဖြစ်ပါသည်၊ ဥပသကာ၊ ဥပါသိကီ
တိုင်းတွင် သာသနာ့နုဂ္ဂဟ တာဝန် ရှိပါသည်။ သာနာတော်
တည်တံ့ပြန့်ပွားရေးအတွက် ရောက်ရာအရပ်တွင်
ထမ်းဆောင်မည်ဟူသော
တာဝန်ဖြစ်ပါသည်။ ဤစာရေးခြင်းသည်
ဤတာဝန်ကို စွမ်းနိုင်သလောက်
ထမ်းဆောင်ခြင်းပင်ဖြစ်ပါသည်၊
ထေရဝါဒ
ဗုဒ္ဓဘာသာနိုင်ငံတွင် ဤသို့
အတင့်ရဲစွာ လက်ရဲဇက်ရဲ အရှက်မဲ့စွာလုပ်ရဲသည်မှာလည်း
အကြောင်း ခိုင်လုံစွာရှိပါ၏။ လူမျိုးရေး ပဋိပက္ခ္ခ
ဖြစ်အောင်ဖန်တီးလေသလားဟုလည်း ယူဆနိုင်ပါသည်။ မည်သို့ဆိုစေ
ဗုဒ္ဓ ဘာသာဝင်မျာအနေဖြင့် သာသနာ့တာဝန်ကိုထမ်းဆောင်သည့်အနေဖြင့်လည်းကောင်း
သာသနာပြု
(ဗုဒ္ဓအဆုံးအမကို မပျက်စီးအောင် ထိန်းသိမ်းပြုပြင်)သည့်အနေဖြင့်လည်း ဤသာသနာဖျက်လုပ်ရပ်အား
ဗုဒ္ဓဘာသာဝင်တိုင်း ညီညွတ်စွာပါဝင် ဟန့်တားကြပါရန်
တိုက်တွန်းလိုပါသည်။
အဌကထာ ဆရာတို့ ရေးသားခဲ့သော အဆိုတရပ်ကို
ဖော်ပြကာ ကျွန်ုပ်. ဆောင်းပါးကို အဆုံးသတ်လိုပါသည်။
သာသနံ
နာမ ရာဇာနံ။ နိဿာယ
တိဌတေ ဣဓ၊
မိစ္ဆာဒိဌိက
ရာဇာနော သာသနံ။ ဒူသေန္တိ
သတ္တုနော၊ ၊
သမ္မာဒိဌိစ
ရာဇာနော။ ပဂ္ဂဏှန္တေဝ သာသနံ၊
ဧဝဉ္စသတိ အာကာသေ။ ဥလူ ရာဇာဝ ဒိဗ္မတိ၊ ၊
ဣဓ ဤွှအရပ်၌။
သာသနံ – သာသနာတော်သည်ဋ္ဌိတံ –တည်သည်မည်သည်ကား။
ရာဇာနံ
–မင်းကို။ နိဿာယ-အမှီပြှု။
တိဋ္ဌတေ – တည်၏။ မိစ္ဆာဒိဌိက ရာဇာနော – မိစ္ဆာအယူရှိကြကုန်သော
မင်းတို့သည်။ သတ္တုနော – မြတ်စွာဘုရား၏။ သာသနံ – သာသနာတော်ကို။
ဒူသေန္တ္တိ – ဖျက်ဆီးကြကုန်၏။
သမျွာဒိဋ္ဌိစ– ကောင်းသောအယူ ရှိကြကုန်သော။
ရာဇာနော – မင်းတို့သည်။
သာသနံ – သာသနာတော်ကို။ ပဂ္ဂဏှန္တေ္တဝ
–ချီးမြှောက်ကုန်သည်သာလျှင်တည်း၊
ဧဝဥဏသတိ – ဤသို့
မင်းချီးမြှောက်သည် ရှိသော်။ သာသနံ – သာသနာတော်သည်။
အာကာသေ
–ကောင်းကင်၌ ဥလူရာဇာဝ – လဆန်း
၁၅ ရက်နေ့၌ ကြွေ့ကြွေ့
ထွန်းတောက် ထွက်ပေါ်လာလတ်သော လပြည့်ဝန်းကြီးကဲ့သို့။
ဒိဗ္မတိ – ထွန်းလင်းတောက်ပ၏ ဟူ၍
ရှေးရှေးသော ကျမ်းတတ်အကျော် ဆရာတော်တို့
မိန့်ဆို ဆုံးမ။ သြဝါဒများ
ချီးမြှင့်ခဲ့ကြောင်းပါဗျာ။
No comments:
Post a Comment