ကောင်းတာ၊ မကောင်းတာ အစုံပါ၊ (ယမက၀ဂ်မှာ ဟောကြားတာ)
သတိ မမေ့ပါနဲ့ဗျာ၊ (အပ္ပမာဒက မိန့်မြွက်တာ)
စိတ်ဆိုတာက ဆန်းကြယ်သား၊ (စိတ္တ၀ဂ်က သင်ပြထား)
ပန်းလိုမွှေးသည့် စိတ်ကိုပွါး၊ (ပုပ္ဖ၀ဂ်မှာ ညွှန်ပြထား)
မိုက်သည့်စိတ်ကို မမွေးရာ၊ (ဗာလ၀ဂ်တွင် ဖေါ်ပြပါ)
ပညာရှိများ ဖြစ်ကြဗျား၊ (ပဏ္ဍိတ၀ဂ်၌ ဆုံးမထား)
ရဟန္တာဖြစ်ရန် ကြိုးစားပါ၊
တစ်ဆင့်ထပ်တက်ကာ၊ (အရဟန္တ၀ဂ်က နည်းပြလာ)
ထောင်သောင်းရက်ထက် ဂုဏ်လွန်ကဲ
အရိယာဖြစ်က တစ်ရက်တည်း၊ (သဟဿဝဂ်က ထောက်ပြဆဲ)
ဂုဏ်ကြက်သရေတွေ ထပ်ဆင့်ကဲ၊
ခုပဲရသည်ပဲ၊
ခုလိုရသည့် စိတ်တန်ခိုး၊
ဓမ္မပဒ ဖတ်ရကျိုး၊
နေ့စဉ်လဲပဲ ကုသိုလ်တိုး။
No comments:
Post a Comment