စိတ်ပျံ့လွင့်သော်
စိတ်ပျံ့လွင့်တာကို အတင်းထိန်းမထားပါနဲ့၊ပျံ့လွင့်ရင် ပျံ့လွင့်မှန်း သိဖို့ပဲ။
စိတ်မငြိမ်တာကို မငြိမ်မှန်သိဖို့၊စိတ်ပြေးရင် ပြေးမှန်း၊တွေးရင်တွေးမှန်း၊စိတ်ကူးရင် စိတ်ကူးမှန်း၊ ကြံရင် ကြံမှန်း သိနေရုံပဲ။
သိရင်တော်ပြီ၊တည်ငြိမ်လို့ကောင်းလို့သဘောကျနေရင်လည်း မဟုတ်သေးဘူး၊တည်တာကို ကောင်းတယ်ထင်ပြီးတော့လဲ မစွဲရဘူး၊ပျံ့လွင့်တာကို မကောင်းဘူးထင်ပြီးတော့လည်း စိတ်မပျက်ရဘူး၊သိနေဖို့ပဲ။
ကောင်းကောင်း မကောင်းကောင်း တည်တာကိုလည်း သိ၊ မတည်တာကိုလည်း သိရမယ်။
စိတ်မငြိမ်တာကို မငြိမ်မှန်သိဖို့၊စိတ်ပြေးရင် ပြေးမှန်း၊တွေးရင်တွေးမှန်း၊စိတ်ကူးရင် စိတ်ကူးမှန်း၊ ကြံရင် ကြံမှန်း သိနေရုံပဲ။
သိရင်တော်ပြီ၊တည်ငြိမ်လို့ကောင်းလို့သဘောကျနေရင်လည်း မဟုတ်သေးဘူး၊တည်တာကို ကောင်းတယ်ထင်ပြီးတော့လဲ မစွဲရဘူး၊ပျံ့လွင့်တာကို မကောင်းဘူးထင်ပြီးတော့လည်း စိတ်မပျက်ရဘူး၊သိနေဖို့ပဲ။
ကောင်းကောင်း မကောင်းကောင်း တည်တာကိုလည်း သိ၊ မတည်တာကိုလည်း သိရမယ်။
အားလုံး သတ္တ၀ါတွေ မီးဝိုင်းခံနေရတယ်။ မီးဆယ့်တစ်ပါး ၀ိုင်းဝိုင်းလည်နေတယ်။ သတိထားနေရင် မီးလွတ်နေတယ်၊ လောဘမီး၊ ဒေါသမီး၊ မောဟမီး၊ ဘ၀သစ်ဖြစ်ရတဲ့ ဇာတိမီး၊ ရင့်အိုရတဲ့ ဇရာမီး၊ စက္ကန့်တိုင်း အမြဲလောင်နေတယ်။ မရဏမီးကလည်း ရုပ်ရော နာမ်ရော၊ သိစရာရော၊ သိတာရော အမြဲမပြတ်လောင်နေတယ်။ သောကမီး၊ သောကတွေကတော့ မျိုးစုံပဲ။ ပရိဒေ၀မီး၊ ငိုကြွေးရလို့ မျက်ရည်ပင်လယ်ဝေအောင် ကျခဲ့ရပေါင်း များပြီ။ တန်ခူး၊ ကဆုန်နေပူတာ ပြင်းထန်တယ်ဆိုပေမယ့် မျက်ရည်ကျလောက်အောင်တော့ မပူပါဘူး။ သောက ပရိဒေ၀မီးကြောင့် မျက်ရည်ပေါက်တွေ တောက်တောက်ကျရတယ်။ ဘယ်လောက်ပူသလဲကြည့်၊ အပူငြိမ်းတဲ့ တရားကတော့ သတိပဲ။ ရှုရင်းနဲ့ ကိုယ့်မီးဝိုင်းတာကို မီးဝိုင်းမှန်း သိသွားရင် သိပ်တန်ဖိုးရှိတယ်။ တစ်ချို့ယောဂီတွေ အဲ့လိုမသိဘူး။ မီးဆိုတာ တစ်ခြားက လာတာမဟုတ်ဘူး ကိုယ့်စိတ်ထဲက ထွက်လာတာပါ။
စိတ်ဆိုတာ တရားမပါရင် ဘယ်အာရုံနဲ့မှ မတည့်ဘူး။ အာရုံတိုင်းနဲ့ အကုန်ရန်ဖြစ်တဲ့ သဘောရှိတယ်။ အသံထွက်ပြီး မဖြစ်လည်း အသံတိတ် ရန်ဖြစ်တယ်၊ စိတ်ထဲက မကျေနပ်ဘူး။ စားရင်းနဲ့လည်း သူကအစားကြီးတယ်၊ သူကလက်သွက်တယ်နဲ့ ရန်ဖြစ်တယ်။ အာရုံနဲ့စိတ် အဆင်ပြေဖို့ကတော့ သတိထားတဲ့ တရားကပဲ အာမခံပါတယ်။ သတိကင်းမဲ့ မေ့လျောနေရင် လောဘ၊ ဒေါသ၊ မောဟ အပူတွေနဲ့ လောင်မြိုက်ခံနေရတယ်။
ဆားမပါတဲ့ဟင်း အရသာမရှိသလို သတိမပါတဲ့ အပြောအဆို အလုပ်အကိုင်တွေလည်း ပေါ့ပြက်ပြက်ပဲ။ သတိရှိတယ်ဆိုတာ ကိုယ်နဲ့စိတ် ဖြစ်တာတစ်ခုခုပေါ် သတိမလွတ်ဖို့ ပြောတာပါ။ ပါးစပ်က လိုက်ဆို၊ လိုက်မှတ်နေဖို့ မဟုတ်ဘူး။
သတိထားရင်းက သတိရှိလာတယ်၊ သတိရှိလာရင် သက်တောင့်သက်သာရှိတယ်၊ ပထမတော့ အားမရစရာလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ သိနေရလို့ အားမရသလို ဖြစ်တယ်။ နည်းနည်းလေး စိတ်စိုက်အားကြီးရင် တင်းကျပ် ပင်ပန်းလာတယ်။ ခေါင်းရော ကိုယ်ရော တင်းကျပ်လာတယ်။ ဒါဆိုရင် သတိထားရင်းနဲ့ သတိလွတ်နေပြီ၊ သတိမရှိတော့ဘူး။ စိတ်ကိုလျှော့ပေးပါ။ တစ်ချို့ ယောဂီတွေ တော်တန်ရုံနဲ့ ပြန်လျှော့လို့ မရဘူး စိတ်ရော ကိုယ်ရော လျှော့ပြီး အေးအေးလေး ကြည့်ပေးပါ။ ပုဂ္ဂိုလ်ရဲ့ အလုပ်က သတိထားတာ။ သတိထားလို့ သတိရှိလာပြီဆိုရင် ဓမ္မအလုပ် ဖြစ်သွားတယ်။ ဓမ္မအလုပ်ဖြစ်သွားရင် မှန်ကန်တဲ့ အသိ၊ မှန်ကန်တဲ့ အားထုတ်မှု၊ အဲ့ဒါတွေက သဘာဝဖြစ်နေတယ်။
ရွှေဥမင် ဆရာတော်ဘုရားကြီး
No comments:
Post a Comment