........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Apr 29, 2013

ဗုဒ္ဓခေတ် အာဇာနည်အမျိုးသမီး (၁၀)ယောက်


၁။ ရှေးဦးစွာ သရဏဂုံတည်ရာ၌ ဘွဲ့တံဆိပ်ရသူ
သေနိယသူဌေးသမီး သုဇာတာ

... ၂။ အလှူဒါနအများဆုံးအရာ၌ ဘွဲ့တံဆိပ်ရသူ

ပုဗ္ဗာရုံကျောင်းအမကြီး ၀ိသာခါ


၃။ အကြားအမြင်ဗဟုသုတအရာ၌ ဘွဲ့တံဆိပ်ရသူ
ခုဇ္ဇုတ္တရာ
(သူမသည် သာမာဝတီအမှူးပြုသော မောင်းမငါးရာတို့အား ကျမ်းဂန်များ သင်ကြားပို့ချပေးရပြီး ထိုကျမ်းသည် သုတ္တန္တပိဋက၌ ဣတိဝုတ္တကဟူသော အမည်ဖြင့် သီးခြားရှိသည်။)

၎။ မေတ္တာဖြင့်နေသောအရာ၌ ဘွဲ့တံဆိပ်ရသူ
သာမာဝတီ

၅။ ဈာန်ဝင်စားရာ၌ ဘွဲ့တံဆိပ်ရသူ
နန္ဒမာတာ ဥတ္တရာ

၆။ အကောင်းအမြတ်ပေးလှူရာ၌ ဘွဲ့တံဆိပ်ရသူ
ကောလိယမင်းသမီး သုပ္ပ၀ါသာ

၇။ သူနာကိုအကောင်းဆုံးပြုစုလုပ်ကျွေးရာ၌ ဘွဲ့တံဆိပ်ရသူ
သုပ္ပိယာ

၈။ မတုန်မလှုပ်ကြည်ညိုရာ၌ ဘွဲ့တံဆိပ်ရသူ
ကာတိယာနီ

၉။ ဘုရားရှင်နှင့် အကျွမ်းဝင်ခြင်းအရာ၌ ဘွဲ့တံဆိပ်ရသူ
နကုလမာတာ (နကုလပိတာနှင့်တူ)

၁၀။ တစ်ဆင့်ကြားကာမျှဖြင့် ဘုရားကို ကြည်ညိုသောအရာ၌ ဘွဲ့တံဆိပ်ရသူ
ကာလီ

ကျမ်းကိုး
(အင်္ဂုတ္တရပါဠိတော်၊ ပထမအုပ်၊ စာမျက်နှာ ၂၃)

အရှင်သုနန္ဒာလင်္ကာရ-ပန်းကမ္ဘာ

Apr 27, 2013

ကမ္ဘာတလွှားနှိုက်ဗုဒ္ဒခြေတော်ရာချခဲ့သည့်နေရာဆယ်နေရာဖြစ်ကြောင်းကိုလေ့လာတွေ့ရှိရပါသည်

(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ...။(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ...။(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ ခြေတော်ရာတစ်ဆူ...။(တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက်သုံးလိအကွာ၌ ခြေတော်ရာတစ်ဆူ...။(ဖာယီယန်၏ မှတ်တမ်းအရ)(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ...။(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ရွှာအနီး၌ ခြေတော်ရာတစ်ဆူ...။(၇) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ဆံတော်ရှင်ဓာတ်တော် အနီးရှိ ခြေတော်ရာတစ်ဆူ...။(၈) မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း(မန်းရွှေစက်တော်)၌ အောက်,အထက်ခြေတော်ရာနှစ်ဆူ...။(၉) မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌ ခြေတော်ရာတစ်ဆူ...။(၁၀) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာတစ်စုံ...။စသည်တို့ ဖြစ်ကြကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောက်ရပ်၊ မဟာသုခပါဠိတက္ကသိုလ်မှဆရာတော် ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာသမိုင်း စာအုပ်တွင် မှတ်တမ်းပြုထားပါသည်...။မြတ်စွာဘုရားရှင်သည်...မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွသုနာပရန္တ ယောနကတိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မကုမြို့နယ်လယ်ကိုင်းကျောင်းတော်ရာ ဒေသ)သို့လည်း ကြွရောက်ခဲ့တော်မူ၏...။ဘုရားရှင်သည်...သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ပြန်အကြွ နမ္မဒါမြစ် (ယခု မန်းချောင်း) အနီးသို့ရောက်သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်းနဖူး ကျောက်ဖျာထက်တွင်လက်ဝဲခြေတော်ရာကို ချပေးခဲ့၏...။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်...။ဆက်လက်၍ ကြွမြန်းစဉ် ထိုမြစ်အနီး သစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော် ရသေ့၏လျှောက်ထားတောင်းပန်ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်ရာကိုတံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်...။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြသည်ဟုဆိုကြသည်။သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ်ခြေတော်ရာဖူးရင်း စေတီများတွင်ပွဲတော်များ ကျင်းပခဲ့လေသည်...။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ပြီးတောင်ဖီလာ ဆရာတော်ကြီး (ဓားမကူးဆရာတော်)၏ ဖော်ထုတ်မှုဖြင့် ပွင့်ပေါ်လာခြင်းဖြစ်ကြောင်းမှတ်သားရပါသည်...။

ဘ၀ထဲက ဘာဝနာ

ဗုဒ္ဓဘာသာဝင်တွေရဲ့နေ့စဉ် ကုသိုလ်ကိစ္စတွေဆိုတာ ဒါန(စွန့်လှူခြင်း) သီလ(ကိုယ်နဲ့နှုတ် စောင့်စည်းခြင်း)နဲ့ ဘာဝနာ(ပွားများအားထုတ်ခြင်း)တို့ပဲဖြစ်တယ်ဆိုတာ အားလုံးသိကြပါတယ်။
ဘုရားရှင် လက်ထက်ကတော့ ရဟန်းတော်တွေဟာ ဗုဒ္ဓထံမှာ ကမ္မဋ္ဌာန်း တောင်းခံပြီး မိမိတို့နဲ့ သပ္ပါယဖြစ်စေမယ့် တော အရပ် တွေမှာသွားပြီး တရားအားထုတ် ကြပါတယ်။ အရည၀ါသီ- တောရမီလို့ ဆိုကြပါတယ်။
အဲဒါကို အတုယူကြကာ ရှေးတုန်းက ဆရာတော်ကြီး များဟာ တောရ ဆောက်တည်ပြီး တရား အားထုတ်ကြတယ်၊ရိုးသားစွာ တရား အားထုတ် ကြုခြင်းပဲ ဖြစ်ကြပါတယ်။ မာယာ သာဌေယျမရှိ၊ အလိုနည်းခြင်း အပ္ပိစ္ဆဂုဏ်နှင့် ပြည့်စုံကြတယ်။ ရောင်ရဲခြင်း သန္တုဌီဂုဏ်နဲ့လည်း ပြည့်စုံကြပါတယ်။ (ပစ္စည်းအလိုနည်းခြင်းနဲ့ မိမိတို့ တရားအားထုတ် နေတာကိုပင် လူသိမှာ မလိုလား ခြင်းကို အပ္ပိစ္ဆတာဂုဏ်လို့ ခေါ်ပါတယ်။)
ဘာဝနာကုသိုလ်ကို အားလပ်ရက်ဖြစ်တဲ့ သင်္ကြန်၊ အောက်တိုဘာ ဟောလီးဒေးနဲ့ ဒီဇင်ဘာ လကုန်ရက်တွေမှာ ဗုဒ္ဓဘာသာဝင် လူငယ် လူကြီးအများစု ရိပ်သာဝင်ပြီး ဒုလ္လဘရဟန်းဝတ်နဲ့ တစ်မျိုး၊ သီလရှင်ဝတ်နဲ့တစ်ဖုံ၊ လူဝတ်ကြောင် ယောဂီအဖြစ်နဲ့တ၀ တရားအားထုတ်လာ ကြပါတယ်။
တရားစခန်းခေါ် ရပ်သာများကလည်း တစ်နှစ်ပတ်လုံး၊ တစ်လ၊ နှစ်လ၊ တစ်ပတ်၊ ကိုးရက် စသဖြင့် တရားအားထုတ် ရက်များကို သတ်မှတ်ပြီး အားထုတ်စေကြပါတယ်။
ဝမ်းမြောက်ဖွယ် သာဓုခေါ်ဖွယ်တွေဘဲ ဖြစ်ပါတယ်။ ယခုဆို နယ်ရော၊ မြို့တော်ကြီးတွေ မှာပါ ဘာနာလို့ဆိုတဲ့ ကုသိုလ် ခရီးဟာ အတော်ကို ခရီးတွင်နေပါပြီ။
အမှန်တကယ် ကိုယ်တိုင်လည်း အားထုတ်ပြီး ကမ္မဋ္ဌာန်းတရားကို ကျကျနနပြသပေးကြတဲ့ ဆရာတော်များ၊ ကမ္မဋ္ဌာန်း ဆရာများရဲ့ ကျေးဇူးတော်ကြောင့်၊ အချို့အရပ်တွေဆို အသောက် အစား ခုံမင်ကြတဲ့ ဒကာများပင်လျှင် တရားစခန်းမှ ထွက်တော့ အသောက်အစား ကင်းသွား ကြတာတွေကိုပါ ကြားသိရတော့ တရားထူးတရားမြတ်ကို မသိစေဦးတော့ အတော်ကို အကျိုး ရှိလှပါတယ်။ အိမ်ပြန်ရောက်တော့လည်း နေ့စဉ်အချိန်တစ်ချိန် သတ်မှတ်လို့ အားထုတ်ဖြစ်နေ ကြတာကိုလည်း သိရပါတယ်။ အကျိုးကြီးတယ်လို့ဘဲ ပြောရမှာပါ။
ဒါဟာ တရားတော်ကို ပြသပေးတဲ့ဆရာရဲ့ ကိုယ်တိုင်သိ ဓမ္မစွမ်းအားနဲ့ မေတ္တာပေါင်းစပ်မိပြီး ယောဂီ သူတော်စင် ထိတွေ့ခံစားရလို့ဘဲ ဖြစ်ပါတယ်။
သဘာဝအားလျော်စွာ အရသာကို ပြည့်ပြည့် ၀၀ ခံစားမိရင် ထိုအရသာကို စွဲမက်စေပါ တယ်။ ရိပ်သာထဲမှာ တရားထား ခဲ့သူများကတော့ ဓမ္မအရသာကို ထိထိမိမိ မခံစားခဲ့ရဘူးလို့ပဲ ပြောရတော့မည်။
စာရေးသူတို့ရဲ့ ဗုဒ္ဓဘာသာကို ထေရ၀ါဒလို့ ဆိုရပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီး ဗုဒ္ဓရဲ့ မျက်မှောက် မရှိတော့တဲ့ နောက်မှာ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ အရှင်ဥပါလိ၊ အရှင် အနုရုဒ္ဓါစတဲ့ မထေရ်မြတ်တွေက ဘုရားရှင်ရဲ့ တရားတော်တွေကို ဆက်လက် လက်ဆင့်ကမ်း သယ်ဆောင်ပေးခဲ့တာမို့ “ထေရ၀ါဒ” လို့ ခေါ်ဆိုရခြင်းပဲ ဖြစ်ပါတယ်။
ထေရ၀ါဒဆိုတာ ဘုရားရှင်ဟောခဲ့တဲ့ တရားတော်တွေလို့ အသေအချာ မှတ်သားကြရ ပါမယ်။
စာနယ်ဇင်းတွေမှာ ဗေဒင်၊ ယတြာ၊ ဓာတ်ရိုက်၊ ဂါထာ၊ မန္တရား၊ ဘိုးတော်၊ မယ်တော်၊ နတ်စတာတွေကို ကိုးကွယ် ယုံကြည်ခြင်းဟာ ထေရ၀ါဒနဲ့ မညီဘူးဆိုပြီး ပြင်းထန်တဲ့စကားလုံး တွေနဲ့ ထုချေနေကြတာတွေကိုလည်း ဖတ်ရပါရဲ့။
ပိဋကတ်မှာ အမှန်ဆိုတာက ထိုတို့ကို အားကိုးယုံကြည်ခြင်းသည် ကမ္မဿကတာသမ္မာဒိဋ္ဌိ (ကံသာလျှင် ကိုယ်ပိုင် ရှိတယ်ဆိုတဲ့ အသိ) မဟုတ်ဘူး။ မိစ္ဆာဒိဋ္ဌိ(လွဲမှားတဲ့အသိ၊ ဖောက်ပြန်တဲ့ အမြင်)ဟူ၍သာ ဆိုထားခြင်းဖြစ်ပါတယ်။ မယုံရဘူးလို့တော့ တိုက်ရိုက်အဆိုမရှိပါဘူး။ ရဟန်း တော်များကို ဒါတွေနဲ့ ပစ္စည်းလေးပါးအတွက် လုပ်ကိုင် စားသောက် နေရင်တော့ မိစ္ဆာဇီဝ မှားယွင်း အသက်မွေးမှု၊ အနေသန- ရဟန်းတော်များနဲ့ မအပ်စပ်တဲ့ ရှာဖွေမှု၊ ကုလဒူသန- သာသနာ ကို အမှန်ယုံကြည်သူ ဒကာ၊ စကာမတွေရဲ့ သဒ္ဓါတရားဖျက်ဆီးမှု အာပတ် သင့်ပါတယ်။ ကြီးမားတဲ့ အာပတ်တော့ မဟုတ်ပြန်ပါဘူး။
ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အရာတွေမှာ ဘယ်အရာမျိုးကိုမဆို ထေရ၀ါဒနဲ့ညီညွတ်ဖို့ အထူးလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဗုဒ္ဓအဆုံးအမတော် ဓမ္မရိပ်ခိုခြင်းဟာ ၀ိမုတ္တိရသ (ဘ၀လွတ်မြောက်မှု ရသကို) ခံစားဖေဖို့ဖြစ်တော့ ထေရ၀ါဒနဲ့ မညီရင် ၀ိမုမ္တိရသနဲ့ ဝေးသွားမှာ သေချာနေလို့ပါပဲ။ ဒါကြောင့် ဘာဝနာပွာများအားထုတ်ခြင်း ကိစ္စမှာလည်း ထေရ၀ါဒလာ ပိဋကတ်တော်တွေနဲ့ ညီညွတ်စေဖို့ကို ပိုပြီးလိုအပ်၍ အထူးအလေးထားပြီး ဟောပြောပေးကြ ရပါမယ်။ မိမိတို့ကိုယ်တိုင်ပင် အားထုတ်နေတဲ့ ဘာဝနာကုသိုလ်ဟာလည်း ထေရ၀ါဒနဲ့အညီ ဖြစ်စေကြရပါမယ်။ ဗုဒ္ဓသာသနာနဲ့ ကြုံတွေ့ခွင့်ရခြင်းရဲ့ အဓိကဟာ ဘာဝနာကုသိုလ်အားထုတ်ဖို့ ဖြစ်လို့ပါ။ သာသနာပနဲ့ အခြားသာသနာတွေမှာလည်း ကိုယ်ကျင့်သီလနဲ့ ပိုင်ဆိုင်မှု စွန့်လွတ် ခြင်း ဒါနတို့ ရှိနေပါတယ်။
ဘုရားရှင်သည်ပင် ဒုက္ကရစရိယာဖြင့် မမှန်လမ်းကို လျှောက်လှမ်းမိ၍ အကျိုးမပြီး အချည်းနှီး ဖြစ်ခဲ့ရတဲ့ (၆)နှစ်ကို မိမိတို့အတွက် စံနမူနာ ယူကြရမယ့် အရာသာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာဝနာကိစ္စဟာ ပိုပြီးထေရ၀ါဒ စစ်စစ် ဖြစ်ရန် အရေးကြီး လှပါတယ်။
ရှေးတုန်းက ဆရာတော်ကြီးများ ကမ္မဋ္ဌာန်း ဆရာကြီးများဟာ နှစ်ပေါင်းများစွာ ကိုယ်တိုင် ကိုယ်ကျ အားထုတ်ပြီးပါမှ ဓမ္မရဲ့အေးချမ်းတဲ့ သန္တရသကို လူသားများ ထိတွေ့ခံစားနိုင်ရန် မေတ္တာ၊ ကရုဏာတော်တို့ဖြင့် ဟောပြောပေးကြတာ ဖြစ်ပါတယ်။
ယနေ့ခေတ် နွေရာသီနဲ့ အားလပ်ရက်တွေမှာ မပြတ်လပ်အောင် တရားစခန်းများကို သတင်းစာများမှာ ကြော်ငြာနဲ့ခေါ်ပြီး ဖွင့်နေရကြတာတွေ ရိပ်သာတွေမှာလည်း ကြပ်ညပ် စည်ကားနေတာတွေကို မြင်နေကြရမှာပါ။
များလာတဲ့အခါမှာ သဘာဝအားလျှော်စွာ မလျော်ကန်တဲ့ လွန်ကျူးမငတွေ၊ အကြံအဖန် ရှာကြံမှုတွေ၊ လုပ်စားခြင်းတွေ၊ အတုအယောင်တွေ (စာအလို ၀ီတိက္ကမ)ဖြစ်လာတတ်ပါတယ်။
ကိုယ်တိုင်လည်း အားမထုတ်ဘူး ပိဋကတ်တော်ကိုလည်း တတ်မြောက်ခြင်းမရှိ၊ ဆရာရဲ့ ဥပနိဿယကို အာဂုံကျက်ပြီး၊ ဘာနည်း ညာနည်းဆိုတဲ့ တံဆိပ်ကပ်ပြီး ဂွင်ချက်တဲ့ အလုပ်ပေး တရားဟောပြောခြင်းမျိုးမှာ အမှားအယွင်းတွေ ရောထွေး သွားတတ်ပါတယ်။
ဒါ့အပြင် ထေရ၀ါဒနဲ့အညီ အမှန်အကန်အားထုတ်ထားတဲ့ ယောဂီများကလည်း တရား ပေနေတဲ့ ကမ္မဋ္ဌာန်းဆရာမှာ သေသေချာချာ အားထုတ်ထားခြင်းမရှိတာကို သိနေကြတော့ သာသနာကို အထင်သေး သွားပါတော့တယ်။ ဒီထက်ပိုဆိုးတာကတော့ လောဘ ဒေါသ နည်းအောင်၊ ပါးအောင် အားထုတ်ရတဲ့ ဘာဝနာကိစ္စမှာ လောဘစွန်း၊ ဒေါသစွန်းတွေထင်ပြီး ထွက်နေတတ်ပါတယ်။ (ဥပမာ-အကြောင်းပြ လွန်ကဲစွာ အလှူခံခြင်းမျိုး၊ ဆူငေါက်နေတာမျိုး)
ဒါကြောင့် ဒကာ၊ ဒကာမတွေ အများအပြား အားထုတ်လာကြတဲ့ ဒီလိုအချိန်မျိုးမှာ ပိဋကတ် တတ်တဲ့ ဆရာတော်တွေ တရားပြပေးခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှ ပိဋကတ်နဲ့ညီ ညွတ်ပြီး ဗုဒ္ဓအလိုတော်ကျ ထေရ၀ါဒတရား အားထုတ် နည်း စစ်စစ်ဖြစ်မှာ။
တရားပြတဲ့ ကမ္မဋ္ဌာန်းဆရာအချို့က ပြောကြပါတယ်။ စာသိက တခြား၊ ကိုယ်တိုင် အားထုတ် သိက တခြားတဲ့။ ဒါကြောင့် စာနဲ့လာ မပြောနဲ့တဲ့။ သေချာ အားထုတ်ထားရင် ယောဂီရဲ့ ဓမ္မအသိအမြင်ဟာ ပိဋကတ်နဲ့ တစ်ထပ်တည်းဖြစ်နေတာကို ကမ္မဋ္ဌာန်းဆရာ မသိတာ ကြေကွဲစရာပါပဲ။
ဒကာ ဒကမတွေ အများစုက ပိဋကတ်တော်နဲ့ အလှမ်းဝေးကြတော့ ပုထုဇဉ်ပီပီ နှစ်နှစ် ခြိုက်ခြိုက် အသေစွဲကိုင် အားထုတ်နေမယ်ဆိုရင် မျှော်မှန်းတဲ့ ၀ိပဿနာဉာဏ်ကို မရတဲ့အပြင် အစွဲကြောင့်ပင် အပါယ်ဘေးက မလွတ်နိုင်ပဲလည်း ဖြစ်တတ်ပါတယ်။ သတိထားကြရပါမယ်။ တရားအားထုတ်ကြတယ်ဆိုတာ အစွဲဒိဋ္ဌိစင်ဖို့ဖြစ်တာကို မေ့ဖို့မသင့်။
အစွဲမထားကြပါနဲ့ စစ်မှန်တဲ့ တရားအားထုတ်နည်း ဘယ်နည်းနဲ့ပဲ အားထုတ် အားထုတ် တရားသိဖို့ မျှော်မှန်းတဲ့ ၀ိပဿနာ ဉာဏ်နဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ လိုတာကို ရဖို့က အဓိကဖြစ်တယ်ဆိုတာကို ယောဂီတို့အား ပြောပေးသင့်ပါတယ်။ ကုလမစ္ဆရိယ ဖြစ်မနေသင့်။ အမှန်တရား သိသူတွင် ဓမ္မမစ္ဆရိယမရှိ။ (မိမိကို ကိုးကွယ်သူ ဒကာ၊ ဒကာမ အခြားသူကို ကိုးကွယ်မှာကို စိုးရိမ်မှု ကုလမစ္ဆရိယ)
အပြစ်ပြောခြင်း မဟုတ်ပါ၊ တရားအစွဲနဲ့ မဟုတ်ဘဲ ရိပ်သာစွဲနဲ့ တရားစခန်းဝင်နေကြတဲ့ ယောဂီတွေကို မြင်နေ ကြားနေ သိနေကြတယ် မဟုတ်ပါလား။
“ပုဂ္ဂိုလ်ခင်မှ တရားမင်တယ်” လို့ဆိုပေမယ့် တရားအားထုတ်ရာမှာတော့ ခင်မှုသံယောဇဉ် အမျှင်တန်းနဲ့ပဲ အစွဲအလမ်းဥပါဒါန် ဖမ်းဆုတ်မှုကို ရှင်ခန်းဖြတ်ဖို့အတွက် အားထုတ်ခြင်း ဆိုတာကို ယောဂီ သူတော်စင်များကလည်း မေ့မထားသင့်ပါဘူး။
ဒါအပြင် အယူစင်ကြယ်မှ အပါယ်မလားမှာ ရိပ်သာကပြန်လာတယ်၊ တရားကို မစွဲဘဲ ရိပ်သာကိုပဲ စွဲနေကြတာဟာ တိမ်းစောင်းတဲ့ လွဲမှားမှုပါ။ သတိထား ရပါလိမ့်မယ်။
“ရိပ်သာမှာ တရားမရှိ၊ ခန္ဓာမှာသာ တရားရှိဆိုတာ” အားထုတ်ဖူးကြတဲ့ ယောဂီတိုင်း သိကြ ပါတယ်။
ဘာလို့လဲဆိုရင် ရိပ်သာဆိုတာက အားထုတ်နည်းတွေ ဟောပြောပေးပြီး၊ အားထုတ်ကြရ တာ ကတော့ မိမိကိုယ်လို့ပြောနေတဲ့ ခန္ဓာဆိုတာ ရုပ် နာမ်ရဲ့ဖြစ်နေ၊ ပျက်နေဟန် သဘာဝ မှန်ကို စည်းချက်မှန် အဖန်ဖန်စေ့ငု သိအောင်မြင်အောင် ရှုသိကြရတာ ဖြစ်လို့ပါပဲ။
ဒါကြောင့် “ဘ၀ထဲက ဘာဝနာ”လို့ ဆိုရတာပေါ့။
ဒါဆို ဘာလို့ တရားစခန်းသွားကြတာလဲပေးရင်-----
လူမှုကိစ္စတွေ ခေတ္တ ခွာရှောင်ပြီး လူနဲ့မြို့၊ ရွာအူသံ မဆူညံပဲ တိတ်ဆိတ်ငြိမ်သက်တဲ့ အရပ်မှာ အေးချမ်းစွာ တရားကို ရှာမှီးချင်လို့ပဲ ဖြစ်ပါတယ်။ ၀ိဝေကသုခ (ငြိမ်းသက်ခြင်းချမ်းသာ)နဲ့ နိက္ခမဓာတ် (အနှောင်အဖွဲ့တို့မှ ထွက်ခွာလာခြင်း)တို့ အကူရရင် အားထုတ်ရတာ ပိုပြီး တရား အသားတက်တတ်ပါတယ်။
တရားအားထုတ်နည်းကို သိထားရင် အိုးမကွာ အိမ်မကွာ တရားအားထုတ်လို့ ရပါတယ်။ ဘုရားလက်ထက် အရိယာ သူတော်ကောင်းတွေ အိုးမကွာ အိမ်မကွာ စီးပွားရှာ မပျက်ဘဲနဲ့ တရားထူးရကြပါတယ်။ ၀ိသာခါကျောင်းအမ(၇)နှစ် သမီးမှာ သောတာပန်အရိယာ ဖြစ်ပါ တယ်။ (၁၆)နှစ်မှာ အိမ်ထောင်ကျတယ်။ သားသမီး(၂၀)မွေးပါတယ်။ လေဥတစ်ယောက်မှ မပါ ပါဘူး။ မြေးမလေးသေတော့ ကျောင်းအမ မျက်ရည်မဆယ်နိုင်ဖြနေလို့ ဘုရားက တရား ပြရပါတယ်။ အနာထပိဏ်သူဌေး စီးပွားပျက်စီးလို့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဖြစ်ရပါတယ်။
အများစုက အိုးပစ် အိမ်ကွာမှ၊ တရားအလုပ် လုပ်လို့ရတယ်လို့ ထင်နေကြပါတယ်။ အမှန် တော့ အိုးမကွာ၊ အိမ်မကွာ၊ စီးပွားရှာလျက်နဲ့ တရားရသွားကြသူတွေ၊ အရိယာအဖြစ်နဲ့ဘဲ အိုးအိမ် ဇနီး မယား စီးပွားတွေနဲ့ နေသွားကြသူတွေ ဘုရား လက်ထက်မျာ ရဟန်းတွေထက် များပါတတယ်။
ဒါကြောင့် တရားအားထုတ်ခြင်းတွေမှာ အသိတိမ်နေတတ်တာလေးတွေကစလို့ စင် ကြယ်ပြီး ထေရ၀ါဒနဲ့ညီတဲ့ တရား အားထုတ်နည်းများကိုသာ တစ်ရစ်ခြင်း ယောဂီများ အားထုတ်ဖြစ်ဖို့ ကမ္မဋ္ဌာန်းဆရာများက အလေးထားပြီး ဟောပေးကြရမှာ ဖြစ်ပါတယ်။ တစ်ချို့ ကမ္မဋ္ဌာန်းဆရာများက ပရိယတ်မသိတော့ အာစရိယ ဥပနဿယကိုပဲ အသေဆုပ်ကိုင် ပုံစံခွက်နဲ့ ဟောတတ်ကြပါတယ်။
အလုပ်ပေးဒတရားတော်များ ဟောကြားရာမှာ-
ဗုဒ္ဓဒေသနာတော်များက ဝေနေယျသတ္တ၀ါများစွာတို့ရဲ့ အလိုနဲ့အကြိုက်၊ စရိုက်နဲ့ဉာဏ်လို့ ဆိုတဲ့ အဇ္ဈာသယအလိုက် ဟောထားတာဖြစ်တဲ့အတွက် ကျယ်ဝန်း များပြားလှပါတယ်။
ဆရာသခင် အားထုတ်ခဲ့တဲ့နည်းကလည်း ဆရာရဲ့ ထက်မြက်တဲ့ဉာဏ်နဲ့ ဆရာသိတဲ့ တရား အသိဟာ ဆရာသိသလို တပည့်များက အားထုတ်ဆဲ ကာလမှာ သိပုံအချင်းအရာ တစ်ထပ် တည်း ကျမည်မဟုတ်ပါဘူး။
တမဂ်တစ်ဖိုလ်ဆိုက်ပါမှ သစ္စလေးပါးကို သိတဲ့အသိခြင်း၊ အမြင်ခြင်း တူသွားကြတာ ဖြစ်ပါတယ်။ သစ္စာသိတဲ့ဉာဏ်ကို “ပဋိဝေဓဉာဏ်”လို့ ခေါ်ပါတယ်။ ပညတ်ကို ထွင်းဖောက် ၍ ပရမတ္ထကို သိတဲ့အသိလို့ မှတ်သားပါ။
ဒါကြောင့်-- ဗုဒ္ဓဒေသနာတော်နဲ့ အာစရိယဥပနိဿယကို မှီ၍ မိမိကိုယ်တိုင် ကိုယ်ကျ ပွားများ အားထုတ်နေတဲ့ ကိစ္စတွင် လိုရင်းမျှကိုသာ စာသိ ကိုယ်ပိုင်အားထုတ်သိ နှစ်သိဖြင့် ပေါင်းစပ်ဟောကြားပြေးပြီး ယောဂီများကို အားထုတ်စေသင့်ပါတယ်။
ယောဂီများကလည်း တရားအားထုတ်မယ်ဆိုရင် ပိဋကတ်နဲ့ အလှမ်းကွာသူများဖြစ်ကြလို့ ကမ္မဋ္ဌာန်းဆရာထံမှာ မလွဲမသွေ နည်းခံကြရပါလိမ့်မယ်။
ယထာဘူတဉာဏာယ သတ္ထာ ပရိယေသိတဗ္ဗော။
ထင်ရှားတဲ့အတိုင်း ဖြစ်နေတဲ့အတိုင်း သိနိုင်တဲ့ ၀ိပဿနာဉာဏ်အတွက် ကိုယ်တိုင်ကိုယ်ကျ အားထုတ်ဖူးတဲ့ ကမ္မဋ္ဌာန်းဆရာကို ရှာမှီးထိုက်တယ်လို့ ဗုဒ္ဓက ခိုင်မာစွာ အမှာတော်ထားခဲ့ ပါတယ်။
ဧကစ္စခီဏာသ၀တော ဗဟုသုတော ကမ္မဋ္ဌာနဒါနေ သေယျော။
အချို့ ရဟန္တာပုဂ္ဂိုလ်ထက် ပရိယတ်ကျမ်းဂန် တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်ဟာ ကမ္မဋ္ဌာန်း(အလုပ်ပေး) တရား ဟောပြရာတွင် သာလွန်၏-တဲ့။ ကဲ ဒါထက် သေချာတာ ဘာရှိ တော့မှာလဲ။
ဤဒေသနာတို့ကို ထောက်ဆပါက ပရိယတ်လည်း ကျွမ်းကျင်၊ ကိုယ်တိုင်လည်း တရား အားထုတ်တဲ့ ကမ္မဋ္ဌာန်း ဆရာရဲ့ထံမှာ နည်းခံ၍ အားထုတ်ခြင်းဟာ အကောင်းဆုံးပါပဲ။
အချိန်မှန်မှန် တရားအားထုတ်လာတဲ့အခါမှာ သိရာရှုစရာများကို ခန္ဓာက ပြလာ တတ်ပါတယ်။ ထိုအခါမှ စာသိ(ပရိယတ်အသိ)ကို သိချင်ပါက ကမ္မဋ္ဌာန်းဆရာကို မေး လျှောက်ရင်ပိုပြီး နက်နက်ရှိုင်းရှိုင်းနဲ့ အသိရှင်းပါတယ်။ ဘာမျှ အားမထုတ်ရသေးပဲနဲ့ သိနေတဲ့ စာအသိဟာလည်း မလေးနက်လှပါဘူး။ ကိုယ်ပိုင်အားထုတ်သိ မပါသေးလို့ပဲ ဖြစ်ပါတယ်။
တရားနာလို့သိတဲ့ နာသိ၊ စာဖတ်လို့သိတဲ့ စာသိ၊ ကိုယ်တိုင်ကိုယ်ကျ အားထုတ်လို့သိတဲ့ ပွားသိတို့ရဲ့ ထူးခြားလေးနက်မှုဟာ ကိုယ်တိုင်အားထုတ်ပါမှ ကွဲပြားမှာပါ။ တထပ်တည်း မကျနိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် တရားတော်ကိုက သန္နဋ္ဌိကဓမ္မမို့လို့ပါ။ (သန္နိဋ္ဌိက- ကိုယ်တိုင်မဖောက်မပြန် အမှန်သိရတဲ့တရား)
တရားလုံးဝ မနာဖို့ကို ဆိုလိုတာမဟုတ်ပါဘူး။ တရားနာခြင်းဖြင်း ကြားနာသိ သုတမယ ဉာဏ်နဲ့ ပွားများအားထုတ်သိ ဘာဝနာမယဉာဏ်ကို အချိုးညီ၊ ပေါင်းစပ်၍ အားထုတ်ကြရမှာ ပါ။ အများကြီးကို ကြားနာရန် မလိုတာကို ပြောလိုရင်းဖြစ်ပါတယ်။
ဗုဒ္ဓဉာဏ်တော်နဲ့ ဆရာတော်ကြီးများရဲ့ ဉာဏ်တော်ကို ယောဂီတိုင်း လိုက်မီဖို့ မဖြစ်နိုင်တဲ့ အတွက် ၀ိပဿနာအရာမှာ လိုအပ်သလောက် ယောဂီများ လိုက်နိုင်သလောက်ကို မသိရင် မဖြစ်နိုင်တဲ့ အရာများကို ဘာဝနာကိစ္စအတွက် အလုပ်ပေးတရားတော်ကို ဟော ကြားပြသ ပေးရပါမယ်။
အနောတတ္ထရေအိုင်က ရေကို ချိုးလို သောက်လို သုံးလိုပါက မိမိထောက်တည်လို့ရတဲ့ ကမ်းစပ်အနီးမှာပင် စိတ်တိုင်းက ကျေနပ်အောင် ရေချိုးလို့ သုံးသောက်လို့ ရပါတယ်။ ရေအိုင်ရဲ့ အတိမ်အနက်၊ အကျယ်အ၀န်း၊ ရေအိုင်ဖြစ်ပေါ်လာပုံ ရာဇ၀င်ကို သိစရာမလိုပါဘူး၊ လိုရင်းက ရေကို စိတ်ရှိတိုင်း အားရပါးရ သုံးစွဲဖို့ပဲ မဟုတ်ပါလား။
အဲသလိုပါဘဲ ယောဂီများ ဘာဝနာအလုပ် အားထုတ်ကြရာမှာ ဘာဝနာဉာဏ် ဖြစ်ဖို့ကို လိုအပ်သလောက် သိရင် ကိစ္စပြီး ပါတယ်။ သမားဂုဏ် ပြနေစရာမလိုပါ။ ယောဂီရဲ့အလိုနဲ့ စရိုက်ကို မခန့်မှန်းနိုင်တဲ့အတွက် ပုံစံခွက်ထဲက အလုပ်ပေးတရား တွေချည်း မဖြစ်စေဘဲ၊ ပိဋကတ်လာ အလုပ်ေးတရားများကိုလည်း ဟောပြပေးရပါမယ်။
ထေရ၀ါဒနဲ့အညီ စစ်မှန်တဲ့ ဘာနာကိစ္စဖြစ်ရန် အလေးထားကြရပါမယ်။ လမ်းမှန်ပါမှ ရည်မှန်းချက်သို့ တိုက်ရိုက် ရောက်ပါတယ်။ ခရီးလည်းတွင်ပါမှ ဖြစ်ပါတယ်။
ပိဋကတ်ကို မတတ်ဘဲနဲ့ တရားထူးတရားမြတ်တွေကို သိမြင်သွားကြတဲ့ ပုဂ္ဂိုလ်ထူးတွေဟာ စာတတ်သူအရေအတွက်ထက်များပါတယ်။ အဲဒါ ဘာကြောင့်လဲဆိုရင် အားထုတ်နည်းမှန်လို့ပါ။ ဗုဒ္ဓအလိုကျ ထေရ၀ါဒ စစ်စစ်ဖြစ်လို့ပါ။
တရားအားထုတ်သူကို “ယောဂီ”လို့ခေါ်ပါတယ်။ အားမထုတ်ရင်တော့ “ယောဂီ”အတု၊ အင်ယောဂီလို့ ဆိုရမှာပါ။
အားထုတ်ရင်ဘာအကျိုးရလဲ။
အားထုတ်တဲ့ ဘာဝနာဉာဏ်မှသည် ထင်ရှားတဲ့အတိုင်း(ဟုတ်မှန်စွာ) ခန္ဓာရဲ့လက္ခဏာရေး သုံးပါးကို သိတဲ့ ၀ိပဿနာ ဉာဏ်ဖြစ်ပေါ်ကာ ထိုမှတစ်ဆင့်တက် မဂ်ဥာဏ် ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန် ကို မျက်မှောက်ပြုဖို့ အကျိုးအတွက် ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အရှိအတိုင်း ထင်ထင်ရှားရှား ဖြစ်နေတာကို ထင်ရှားခိုက် သိတဲ့ဉာဏ်ဟာ “ယထာဘူတဉာဏ်”ပါပဲ။
ထိုဉာဏ်ဖြစ်ပေါ်ဖို့ဆိုတာ အလိုလိုဖြစ်လာတာ မဟုတ်ပါဘူး။ စနစ်ကျစွာ အားထုတ်ရင်းနဲ့ အားထုတ်ဖန်များလာတဲ့ အတွက် တစ်ဆင့်ချင်း တစ်ရစ်ချင်း ခန္ဓာမှာရှိနေတဲ့ သဘာဝတရားနဲ့ အသိဉာဏ်ပေါင်းစပ်မိပြီး ပွင့်လင်းနိုးကြားတဲ့ အသိမျိုးဖြစ်ပါတယ်။
ထက်မြက်တဲ့ဉာဏ်ကြီးရှင် ခိပ္ပါဘိညပုဂ္ဂိုလ်များကြတော့လည်း တစ်ထိုင်တည်းနဲ့ ဉာဏ်ပွင့် လင်းတတ်ပါတယ်။ ဒါကြောင့် အားထုတ်ပွားများခိုက်မှာ တစ်ဦးနဲ့တစ်ဦး အသိအမြင် ဖြစ်ပေါ်မှုခြင်း မတူတတ်တာကို သိရပါတယ်။
ဗုဒ္ဓဒေသနာအလိုဆိုတဲ့ ထေရ၀ါဒလာ အားထုတ်နည်းများ၊ အာစရိယ ဥပနိဿယ (ဆရာရှင် အားထုတ်ခဲ့တဲ့နည်း) တွေနဲ့အညီ အားထုတ်ကြရင်တော့ “ထေရ၀ါဒ ယောဂီ”ဖြစ် ပါတယ်။ ဆရာသခင်ရဲ့ အားထုတ်ခဲ့တဲ့နည်းဟာလည်း ဗုဒ္ဓဟောခဲ့တဲ့နည်းတွေမှာ အကျုံးဝင် တယ်ဆိုတာ ယောဂီသိနေရပါမယ်။
ရိပ်သာထဲမှာ တရားကို မထားခဲ့ပဲ၊ အိုးမကွာ အိမ်မကွာ နေ့စဉ်လူနေမှုဘ၀ထဲမှာ တရား အားထုတ်လို့ရပါတယ်ဆိုတာ ကိုသိပြီး “ထေရ၀ါဒယောဂီ”ဖြစ်အောင်လည်း ကြိုးစားကြပါလို့ လည်း တိုက်တွန်းပါတယ်၊ ထေရ၀ါဒလာ တရားအားထုတ် နည်းများကို တဆင့်ချင်း ရေးသား သွားပါမယ်။
အရှင်ပညာသီဟာဘိဝံသ
(ပဉ္စနိကာယ်)

ပရာဘ၀သုတ္တန်

အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ နတ်အပေါင်းတို့သည် မြတ်စွာဘုရားတော်ထံမှ မင်္ဂလသုတ် တရားကိုကြားနာရ၍ မိမိတို့ အလိုရှိအပ်သော သတ္တ၀ါတို့၏ ကြီးပွားချမ်းသာကြောင်းများကို သိရှိသွားကြသည်။ ထို့ပြင် သတ္တ၀ါတို့၏ ပျက်စီးဆုတ်ယုတ်ကြောင်းကိုလည်း သိလိုကြပြန်သေးသည်။ မြတ်စွာဘုရားထံ ထပ်မံလျှောက်ထားရန် အကြံဖြစ်ပေါ်လာသည်။ မင်္ဂလသုတ် တရားတော်ကို နာကြားရပြီး နောက်တစ်နေ့၌ သကြားမင်း၏ စေခိုင်းချက်အရ နတ်သားတစ်ပါးက လျှောက်ထားမေးမြန်း၍ ဤပရာဘ၀သုတ်တော်ကို ဟော်တော်မူခဲ့ပါသည်။
ပရာဘ၀ (ဆုတ်ယုတ်ပျက်စီးကြောင်း)တရား (၁၂) ပါး
၁။ ဒုစရိုက်တရား ဆယ်ပါးကို ပြုကျင့်ခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၂။ မိစ္ဆာဒိဋ္ဌိ အယူရှိသူများနှင့် သူယုတ်မာတို့ကို ပေါင်းသင်းဆက်ဆံခြင်း ၊ သူတော်ကောင်းတို့နှင့် မပေါင်းသင်း မဆက်ဆံခြင်း ၊ သူယုတ်မာတို့၏ တရားနှင့်အယူဝါဒများကို နှစ်သက်ခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၃။ အလွန်အကျွံအိပ်ခြင်း ၊အပေါင်းအဖော်၌ မွေ့လျော်ပြီး အချိန်ဖြုန်းတီးနေခြင်း ၊ ထကြွလုလ္လမရှိခြင်း ၊ အလွန်ပျင်းရိခြင်းနှင့် အမျက်ဒေါသကြီးခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၎။ ရဟန်းစသော သူတော်စင် အလှူခံများနှင့် သူတော်ကောင်းတို့ကို ပေးလှူမည်ဟု ဖိတ်ကြားဝန်ခံထားပြီး မလှူဒါန်း မပေးကမ်းခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၅။ မိဘတို့ကို ကျွေးမွေးပြုစုနိုင်ပါလျက် မကျွေးမွေးမပြုစုခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၆။ပစ္စည်း ဥစ္စာပေါများသူ ဖြစ်ပါလျက် အခြားသူများကို မလှူဒါန်း မဝေငှဘဲ မိမိတစ်ဦးတည်း သုံးဆောင်ခံစားခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၇။ မာန်မာန တက်ကြွမောက်မာခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၈။ ကာမဂုဏ် အပျော်အပါးလိုက်စားခြင်း ၊ အရက်သေစာ ၊ မူးယစ်ဆေးဝါး သောက်စားမှီဝဲခြင်းနှင့် လောင်းကစားခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၉။ ပြည့်တန်ဆာမနှင့် သူတစ်ပါးမယားတို့၌ ပြစ်မှားလွန်ကျူးခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၁၀။ အသက်ကြီး အရွယ်လွန်သူဖြစ်ပါလျက် ငယ်ရွယ်သူ အမျိုးသမီးနှင့် အိမ်ထောင်ပြုခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၁၁။ အ၀တ်အစား မတ်မောလွန်းသူ ၊ အသုံးအစွဲမတက်သူကို အကြီးအကဲအရာ၌ ခန့်ထားခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏။
၁၂။ မိမိနှင့် မတန်သော အရာကို အလိုရှိခြင်းသည် ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းဖြစ်၏
         ဤသို့ မြတ်ဗုဒ္ဓဟောကြားတော်မူသော ဆုတ်ယုတ်ပျက်စီးခြင်း သိရှိဆင်ခြင်ရှောင်ကြဉ်လိုက်နာပါ ယခုမျက်မှောက်ဘ၀၌ပင် ကြီးပွားတိုးတက်ခြင်းကို ရရှိစေမည့်အပြင် နောက်ဘ၀တွင်လည်း နတ်ပြည် သုဂတိကို လားရောက်ပေမည်။

Apr 25, 2013

Adobe Photoshop webdesingners Guide


ဒီစာအုပ်လေးကတော့ ၀က်ဆိုက်ရေးသားလိုတဲ့သူများအတွက် ဖတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်ခုပါ။ Webside ရေးသားရာ အတော်အသုံးဝင်မယ် ရေးသားထားမှုတွေကလည်း ရှင်းရှင်းလင်းလင်းဆိုတော့ လေ့လာ
ကြတဲ့သူတွေအတွက်တော့ ရှိထားသင့်ပါတယ်။ ၀က်ဆိုက်နှင့်ပါတ်သက်လို့ ရေးသားထားတဲ့စာအုပ်တွေ ရှိပေ
မယ့်လည်း ဒီစာအုပ်လေးက ၀က်အကြောင်းအရာ သိကောင်းစရာတွေ တစ်ပုံတစ်ပင်ပါဘဲဗျာ။ ကျုပ်တော့ စာ
ဖတ်တာ နည်းနည်း အားနည်းတော့ မကြည့်ဖြစ်ဘူးလို့ဘဲ ၀န်ခံပါရစေတော့ဗျာ။ ဒေါင်းလော့ချတာဘဲ အားသန်
နေတယ်။ မရှိသေးဘူးထင်တဲ့စာအုပ်ကတော့ ကျုပ်မရ ရအောင်ဆွဲတာဘဲဗျာ လိုအပ်သူများအတွက် ဝေမျှပေးလို့
ရတာပေါ့။ နောက်ပြီး ကိုယ်တစ်ကယ်အသုံးလိုလို့ ကြည့်ချင်ရင် ဘယ်မှာရှာလို့ ရှာရမှန်းမသိ ဖြစ်နေမှာစိုးလို့
ကောင်းတာမှန်သမျှ အကုန်ဒေါင်းထားတယ်။ ဒေါင်းလော့မချရသေးတဲ့ စာအုပ်တွေလည်းရှိဦးမှာဘဲ ကိုညီနေမင်း
ဆိုက်လေး တွေ့ဖူးကတည်းက ဒေါင်းလော့ချရတာ ၀ါသနာပါနေတာ စာအုပ်တွေက အကောင်းတွေချည်းကိုးဗျ။
2010 မတိုင်မခင်က သူ့ဆိုက်က ယ္ခုသုံးနေတဲ့ ဆိုက်မဟုတ်ဘူး။ အတိုက်ခံလိုက်ရတော့ မျက်ခြေပြတ်သွားတယ်
နောက်တော့ ပြန်တွေ့တာ စာအုပ်တွေ ဆော့ဝဲတွေ ဒေါင်းပြီးသူငယ်ချင်းတွေနဲ့ လက်တွေ့သင်တန်း ဆင်းကြရတာ
ဘဲဗျာ။ ကဲဗျာ အတိတ်တွေက အရိပ်တွေလိုပါဘဲ ကျန်ခဲ့ပါပြီ။ စာဖတ်ဝါသနာပါတဲ့ လေ့လာလိုတဲ့သူများ ဆွဲကြပါ။

۩۩۩۩  DOWNLOAD HERE  ۩۩۩۩

သာသနာရေးဦးစီးဌာနမှ ထုတ်တဲ့ ဗုဒ္ဓဘာသာကောင်းတစ်ယောက်

စလေဆရာ ဦးပုညက “ယုန်မင်းဝတ္ထု ” မှာ
ယခုခါမူ၊ လူလည်းဖြစ်လာ၊  သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊
ဟောကြားမည့်သူ၊ လူလည်းမရှား၊ သို့ပါလျက်သားနှင့်မူ၊
တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊ အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်၊
အပါယ်လေးလီ၊ မြစ်နဒီတွင်၊   ပလုံစီမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်။

ကဲဗျာကျုပ်တို့ဟာ ဗုဒ္ဓအယူဝါဒနောက်လိုက်ကြသည့်ပုဂ္ဂိုလ်တွေဖြစ်သည့်အလျောက် ကံ ကံ၏အကျိုးကို ယုံကြည်ကြတယ်လေ။ မကောင်းတာလုပ်ရင် ယ္ခုဘ၀တွင်းလည်း အပြစ်ခံရတယ်။ နောက်နောင်ဘ၀တွေမှာ လည်းခံရတယ်ဆိုတာ ကလေးကအစသိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျုပ်တို့ ယုံကြည်အားကိုးတဲ့
ဗုဒ္ဓမြတ်စွာ ဘုရားအလောင်းတော်ရဲ့ ဘ၀ဖြစ်တော်စဉ်တွေ ဓမ္မပဒစာအုပ်လေးတွေ ကြည့်ရင်သိနိုင်တာဘဲလေ
သြော်သူကတော့ ဘုရားအလောင်းမို့ ဆိုပြီးခွင့်လွတ်တာမရှိဘူး မကောင်းတာလုပ်ရင် ကိုယ်တိုင်မကောင်းကျိုး
ခံစားရတယ်။ သူများဘာသာတွေတော့ အဲလိုမဟုတ်ဘူးထင်ပါတယ်။ ဥပမာ ကိုယ်လူသတ်မှုကျူးလွန်ရင် ဘယ်သူခံရမလဲ အရင်ဦးဆုံး မိမိသည်သာ ထောင်းနန်းစံရတာဘဲမဟုတ်လား။ နောက်ပြီး ဒီမကောင်းမှုရဲ့ဆိုးကျိုး
ဟာ ကိုယ်တစ်ယောက်တည်းသာ ခံရသည်မဟုတ် မိမိတို့ရဲ့ ညီအစ်ကို မောင်းဖားသားချင်းတွေပါ ငွေကုန်လူပန်း
စိတ်မချမ်းသာစရာတွေ ဖြစ်တယ်မဟုတ်လား။ အဓိကတစ်ခုပြောချင်တာက အကုသိုလ်ဘဲဖြစ်ဖြစ် ကုသိုလ်ဘဲဖြစ်
ဖြစ် အမျှဝေလို့ ရတယ်ဆိုတာပါဘဲ။ 


ဇာတ်တော်တစ်ခုရှိပါတယ် ရှင်သာရိပုတ္တရာလောင်းလား ပြည့်တန်ဆာမက
ပြည့်တန်ဆာ ရာထူးအာဏာကျတော့ ဥယျာဉ်မှာ သီတင်းသုံးနေတဲ့ ဆံပင်ဆုတ်ဖွါးနဲ့ရသေ့မြင်တော့ တံတွေးထွေးတဲ့ ၀တ္ထုရှိပါတယ်။ နောက်ဆုံးအခန်းမှာ စစ်တိုက်သွားရာမှ မင်းကြီးနှင့်တကွ မှူးမတ်ဗိုလ်ပါအပေါင်း
တို့ဟာ ရသေ့ခေါင်းကို တံတွေးနှင့်ထွေးလျှင် စစ်ပွဲနိုင်လိမ့်မယ်ဆိုတော့ အားလုံးဝိုင်းထွေးကြရော စစ်ပွဲလည်းနိုင်
ရှာပါတယ်။ ဒါပေမယ့် စစ်ပွဲနိုင်လို့ အောင်ပွဲခံပြန်လာတော့ တိုင်းသူပြည်သားတွေကလည်း ၀မ်းပန်းတသာနဲ့ ရှင်ရသေ့ဦးခေါင်းတံထွေးနဲ့ထွေးလို့နိုင်တာကို ၀မ်းသာပီတိဖြစ်ကြတယ်လေ အကုသိုလ်မှာလဲ ( ၀မ်းသာပီတိဖြစ်တယ်ခင်ဗျာ) ကုသိုလ်မှာသာ ၀မ်းသာပီတိဖြစ်တာမဟုတ် အကုသိုလ်လည်း ၀မ်းသာပီတိရှိတယ်
အမျှဝေလို့ရတယ်။ အဲဒီလိုဝမ်းသာပီတိဖြစ်တာဟာ မိမိတို့မှာ အကုသိုလ်တွေရသွားတာပေါ့၊ကဲရတော့အကျိုးပေး
ပါပြီ။ အကောင်းပေးတာတော့မဟုတ်ဘူး။ တိုင်းသူပြည်သားတွေ ပျော်သွားအောင် ရွှေမိုးငွေမိုးတွေ ရွာချပေးလိုက်တယ်။ ရွှေမိုးငွေမိုးရွာတယ်ဆိုတော့ ကလေးရောလူကြီးပါ အိမ်အပြင်ထွက်ကောက်ကြတော့တာ
ဘဲ။ ဒီကောင်တွေ လောဘကြီးပြီး ရွှေတုံး ၊ငွေတုံး ပတ္တမြားတုံး ကောက်နေချိန်မှာ ဓါမိုးလှံမိုးတွေ ရွာချလိုက်တော့
ကလေးရောလူကြီးပါ။ အကုန်သေကုန်တော့တာပေါ့။ ဒါနဲ့တင်အားမရလို့ နတ်တွေစိတ်ဆိုးတော့ တိုင်းပြည်တစ်ခု
လုံးကို ပြာပူမိုး သဲမိုးတွေ ရွာချလိုက်တာ တိုင်းပြည်တစ်ခုလုံး သဲကန္တာရကြီးဖြစ်သွားတယ်ဆိုပြီး ဇာတ်တော်တွေ
ရှိပါတယ်ဗျာ။ ကဲ ဘာပြောပြော ကျုပ်တို့တစ်တွေဟာ လူကြီးတွေဖြစ်လို့ အိုလို့နာလို့ သေကြရဦးမယ်၊ မသေခင်
မှာ မိမိတို့အွက် စည်းစိမ်ဥစ္စာ ကုသိုလ်ရိက္ခာလေးတွေပါအောင် မိမိတို့တတ်နိုင်သမျှ ပြုကြပါလို့တိုက်တွန်းရင်းဖြင့်
သာသနာရေး ဦးစီးဌာနက ထုတ်တဲ့ဗုဒ္ဓဘာသာကောင်းတစ်ယောက် ဆိုတဲ့ စာအုပ်လေးကို ဖတ်ချင်တယ်ဆိုရင်
ဖြင့်အောက်မှာ ဒေါင်းလော့ချသွားလိုက်ပါ။ စာအုပ်ဆိုင်မှာလည်း မိမိတို့ ကြိုက်နှစ်သက်တာလေးတွေ ၀ယ်ဖတ်လို့
ရပါတယ်။ ဒါပေမယ့် ဒီမှာအွန်လိုင်းပေါ်ရောက်တုန်း အပျင်းလည်းပြေ ဗဟုသုတလည်းရ ကုသိုလ်လည်းရအောင် တင်ပေးလိုက်ပါတယ်။

ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသောမေးခွန်းနှင့်ပြဿနာများ(ဒဂုန်ဦးစန်းငွေ)


ကဲဗျာ စာဖတ်ဝါသနာပါတဲ့မိတ်ဆွေများဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့တဲ့ ပြဿနာများဆိုတဲ့ စာအုပ်လေး ဗုဒ္ဓဘာသာ
ထေရ၀ါဓမ္မဆိုတဲ့ ဖေ့ဘုတ်လေးမှာတွေ့လို့ မျှဝေပေးလိုက်ပါတယ် မိမိတို့ဟာဗုဒ္ဓဘာသာဖြစ်သည့်အလျောက် တတ်နိုင်သမျှ ဘုရားရဲ့တရားတော်တွေကို လေ့လာမှတ်သားသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ခေတ်စနစ်
တွေ ပြောင်းလာနေတဲ့အချိန်မှာ အနောက်နိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေနှင့် စကားပြောရာမှာ မိမိတို့ဟာ ဗုဒ္ဓ
အကြောင်းကိုလည်းမသိ သမိုင်းကြောင်းကိုလည်းမသိဆိုရင် ဘာသာခြားတို့ရဲ့ကဲ့ရဲ့မှုဒဏ်ကို ခံကြရမှာပါ။ ဗုဒ္ဓဘုရားဟာ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်လာတယ် အခြေအမြစ်မရှိဘဲ ဖြစ်ပေါ်လာတဲ့ ဖန်ဆင်းရှင်ဘုရား မဟုတ်ဘူး စသဖြင့် ရှင်းပြနိုင်အောင် လေ့လာထားသင့်တယ်လို့ထင်ပါတယ်။ အထူးသဖြင့် ခေတ်လူငယ်တွေဟာ
နည်းပညာနောက်ဘဲလိုက်ပြီး  ဗုဒ္ဓဘာသာအကြောင်းမလိုက်စားကြတော့ဘူး များသောအားဖြင့်ပေါ့ဗျာ။ ဒါဟာ
ဆုတ်ယုတ်ခြင်းလက္ခဏာတွေပါဘဲဗျာ။ ဒါ့ကြောင့် ဒါလေးတွေလည်း ဖတ်ကြပါဦးလို့ တိုက်တွန်းပါရစေတော့ဗျာ။
ကဲလေ့လာ မှတ်သားချင်တယ် ဖတ်ချင်တယ်ဆိုရင်ဖြင့် အောက်မှာ ဒေါင်းလော့ချသွားပါ။ ခုလောလောဆယ်
တော့ ကျုပ်ကိုယ်တိုင်မတင်ထားရသေးဘူး သူများလင့်ဘဲပေးခဲ့တာကိုခွင့်လွတ်ပါ။

♣♣♣♣ Download mediafire ♣♣♣♣

ယေရှုဘ၀ဖြစ်စဉ် အနည်းအကျဉ်း ဗဟုသုတဖြစ်ဖတ်လိုလျှင်

ကဲဗျာမိတ်ဆွေများကျုပ်ရေရှုအကြောင်းလည်းမသိဘူး မြေရှုအကြောင်းလည်းမသိဘူး မီးရှုအကြောင်းလည်းမသိ၊ နေရှုအကြောင်းလည်းမသိ ၊ လေရှုအကြောင်းလည်းမသိပါဘူး ဒါပေမယ့် ရေရှုရဲ့အကြောင်းလေးတွေ့လို့ အမှတ်တရ အနေနဲ့ တင်ပေးလိုက်ပါတယ်။ မူရင်းကတော့ ချိုးငှက်ကပါ။ ယေရှုနဲ့ ပါတ်သက်ပြီး ရှာကြည့်တော့အများကြီး ကျလာပါတယ်။ ရှာနည်းကတော့ Friefox Browser ရဲ့ညာဘက်ချမ်းက ရှာဖွေရေးမှာ ယေရှုလို့ ရိုက်လိုက်ရင် ကျလာပါလိမ့်မယ့်။ ကိုယ်ရှာချင်တာကို အဲဒီမှာ အားလုံးရှာလို့ရပါတယ်။ ကိုယ်ဝါသနာပါတာ။ လိုချင်တာကို ရှာနိုင်ပါတယ်။အားလုံးသိပြီးသား ပါလို့ထင်ပါတယ် မသိသေးတဲ့ အခုမှအင်တာနက်သုံးစ ပုဂ္ဂိုလ်များအတွက်ပေါ့ဗျာ။ ကဲစလိုက်ရအောင်ရေရှု အကြောင်း...
မြင့်မြတ်ရာ
အရှင်ဥတ္တမ၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်း

ခရစ်တော်၏ဟောပြောချက်များသည် ဗုဒ္ဓ၏ဟောပြောချက်များနှင့် အဘယ်ကြောင့်ဆင်တူနေသနည်း။ ခရစ်တော်သည် အရိမိတ္တေယျဘုရားအလောင်းတော်ဖြစ်သည် ဟူသောစကား မှန်ပါသလော။
(မေးမြန်းလျှောက်ထားသူ - ခရစ်ယာန်ဘုန်းကြီး ဂျေ၊ ဝစ်(လ်)ဆင်၊ အမ်အေ (အောက်စဖို့တက္ကသိုလ်) ဘုံဘိုင်မြို့၊ အက်လီဖင်စတုံးကောလိပ်ကျောင်း၊ အင်္ဂလိပ်ဘာသာပါမောက္ခ၊ ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)


ဆရာတော်အရှင်အရိယဓမ္မ။ ချစ်ခင်ကြင်နာစိတ်ထားရှိရေး၊ ကရုဏာတရားပွားများရေး၊ သည်းခံရေး၊ အပြစ်မှခွင့်လွှတ် ရေး စတဲ့ အရေးကိစ္စတို့နဲ့ပတ်သက်ပြီး ခရစ်တော် ဟောပြောထားတဲ့တရားများဟာ ဗုဒ္ဓကိုယ်တော်မြတ်ကိုယ်တိုင် ဟောပြောတော်မူခဲ့တဲ့တရားများနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဒီလို ဆင်တူ သလိုလိုရှိတာနဲ့ ခရစ်တော်ဟာ အရိမိတ္တေယျ အလောင်းတော်ပဲဖြစ်တယ်ဆိုတဲ့ စကားကတော့ အကြောင်းအ ကျိုးဆက်စပ်မှုသဘောတရားနဲ့ ကန့်လန့်ဆန့်ကျင်ဖြစ်နေတယ်။ အဲဒီတော့ ဒီအယူအဆကို ပယ်ရှားပစ်ဖို့ရန် ဦးပဉ္ဇင်းက အမေးပုစ္ဆာအချို့ကို မေးဖို့ လိုပါလိမ့်မယ်။ အဲဒီ အမေးပုစ္ဆာတွေကို ဒကာကြီးက ဖြေဆိုစေလိုပါတယ်။(ဤကဲ့သို့ ဆရာတော်က မိန့်မြွက်တော်မူပြီးနောက် အောက်ပါမေးခွန်းကို စတင်မေးပါသည်။)
ဆရာတော်။ဘယ်အရွယ်မှာခရစ်တော်ဟာ ရေဟူဒီလူမျိုးတို့ရဲ့ဘုရားကျောင်းမှထွက်ခွာပြီး ပျောက်ကွယ်သွားပါ သလဲ ဒကာကြီး။ဝစ်လဆင်။ ခရစ်တော်ဟာ(၁၂)နှစ်အရွယ်မှာ ရေဟူဒီလူမျိုးတို့ရဲ့ဘုရားကျောင်းမှ ထွက်ခွာပြီး အမိအဘတို့ကို စွန့်ခွာသွားခဲ့ပါတယ်။
ဆရာတော်။ ခရစ်တော်ဟာ ဘယ်အရွယ်ကစပြီး တရားဟောသလဲ။
ဝစ်လဆင်။ ခရစ်တော်ဟာ သူ့ရဲ့တရားဓမ္မတို့ကိုသက်တော် (၃၀)က စတင်ဟောခဲ့ပါတယ် ဆရာတော်။
ဆရာတော်။ ဒါဖြင့်ရင် အသက် (၁၂)နှစ်က အသက်(၃၀)အထိ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘယ်သွား နေပါသလဲ။
ဝစ်လဆင်။ ဒီ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ သူ့ရဲ့မွေးစားဖခင် သျှင်ယောသ (စိန့်ဂျိုးဇက်) နဲ့အတူတကွ   နေထိုင်လျက် ရှိပါတယ် ဆရာတော်။
ဆရာတော်။ ဒီ အဘိုးတန်တဲ့(၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘာများ လုပ်နေပါသလဲ။
ဝစ်လဆင်။ သူ့ရဲ့မွေးစားဖခင် သျှင်ယောသကို ကူညီပြီး လက်သမားအလုပ်ကို လုပ်နေဟန်တူပါတယ် ဆရာတော်။
ဆရာတော်။ ဒါဖြင့် ခရစ်တော်ဟာ လူသားတို့အား အကုသိုလ်ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန် မွေးဖွားလာခြင်းမဟုတ်ဘဲ သျှင်ယောသကို လက်သမားအလုပ်မှာဝင်ရောက်ကူညီဖို့ရန်   မွေးဖွားလာရတယ်လို့ ဆိုလို ပါသလား ဒကာကြီး။
ဝစ်လဆင်။ ခရစ်တော်ဟာ လူသားတို့ကို အကုသိုလ်ကံတရားမှ တနည်းအားဖြင့် ငရဲဘုံမှ ကယ်တင်ရန် ဖွားမြင်လာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ၏တရားဓမ္မတို့ကို ဟောပြောရန် ဖခင်ထာဝရဘုရားသခင်ရဲ့  အမိန့်တော်ကို စောင့်မျှော်နေခြင်းပဲ ဖြစ်ပါတယ်ဘုရား။
ဆရာတော်။ ဒါဖြင့် ခရစ်တော်ဟာ ဖခင်ထာဝရဘုရားသခင်ရဲ့အမိန့်တော်ကိုစောင့်နေဆဲ (၁၈)နှစ်ကာလ အတွင်း သေကြရတဲ့ သန်းပေါင်းများစွာသော လူတွေဟာ ကောင်းကင်ဘုံနန်းကိုပဲသွားသလား၊ ငရဲပြည်ကိုပဲ သွားကြရသလား။
ဝစ်လဆင်။ ဒီ(၁၈)နှစ်ကာလအတွင်း သေကြေပျက်စီးကြရတဲ့ လူတွေဟာ အကုသိုလ်ကံထဲနစ်မွန်းပြီး ငရဲဘုံသို့ ရောက်ကုန်ကြရပါတယ် ဆရာတော်။ ဘာပြုလို့လဲဆိုတော့ အဲဒီလူသားတွေအတွက် ကောင်းကင် ဘုံနန်းတံခါး မပွင့် သေးလို့ပါ ဆရာတော်
ဆရာတော်။ ဒကာကြီး ယခုပြောတဲ့စကားအရဆိုရင် ခရစ်တော်ဟာ လူသားတရပ်လုံးကိုကယ်တင်တဲ့ပုဂ္ဂိုလ် မဟုတ်ဘဲ သူ့ကို လက်ဝါးကပ်တိုင်မှာ ကပ်ချည်ပြီးနောက်ပိုင်း သေကြရတဲ့လူတွေကိုသာ ကယ်တင်တဲ့ပုဂ္ဂိုလ်ပေါ့။
ဝစ်လဆင်။ ဒီမေးခွန်းဟာ ခက်ခဲရှုပ်ထွေးတဲ့ မေးခွန်းဖြစ်တဲ့အတွက် တပည့်တော် မဖြေတတ်ပါ ဆရာတော်။
ဆရာတော်။ ဒကာကြီး ဒါကို မဖြေနိုင်ရင် ဒကာကြီးတို့ရဲ့ ဂိုဏ်းမကြီးဖြစ်တဲ့ အင်္ဂလန်ပြည်ဂိုဏ်းချုပ်က ဖြေနိုင်ပါ့ မလား။
ဝစ်လဆင်။ ဒါဟာ နက်နဲရှုပ်ထွေးတဲ့ပြဿနာတရပ်ဖြစ်တဲ့အတွက် အင်္ဂလန်ပြည် ကင်တာဘာရီမြို့က ဂိုဏ်းချုပ် ကြီးလည်း ဖြေနိုင်မှာ မဟုတ်ပါဘူး ဆရာတော်။
ဆရာတော်။ "နက်နဲရှုပ်ထွေးတဲ့" ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ဟာ ဘာလဲ ဒကာကြီး။
ဝစ်လဆင်။ နက်နဲရှုပ်ထွေးတယ်ဆိုတာဟာ သာမန်လူသားထက် တတ်သိနားလည်တဲ့ နတ် အစရှိတဲ့ သူတို့ ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ထားတဲ့အမှန်တရားပါပဲ ဆရာတော်။ ဒီတရားကို ထာဝရဘုရားသခင် ကိုယ်တော် မြတ် သာလျှင် ဖြေရှင်းနိုင်ပါမယ် ဆရာတော်။
ဆရာတော်။ ဒါဖြင့် ဒကာကြီးတို့ရဲ့ ခရစ်ယာန်ဘာသာမှာလျှို့ဝှက်တဲ့ အမှန်တရားများ ပါဝင်လျက်ရှိတယ်ပေါ့။ ဒါဖြင့်ရင် ခရစ်ယာန်ဘာသာတရားတော်ဟာမပြည့်စုံသေးဘူးလို့ ဆိုရပေလိမ့်မယ်။ ယခုတိုင် ခရစ်ယာန်ဘာသာတရား နဲ့ ဆိုင်ရာ တရားအချို့ဟာ မှောင်ထဲမှာပဲ ရှိနေသေးတယ်ပေါ့။ ဟုတ်သလား ဒကာကြီး။
ဝစ်လဆင်။ တပည့်တော်မှာ အခြားအဖြေပေးစရာမရှိလေတော့ ဟုတ်ပါတယ်လို့ပဲ ဝန်ခံရမှာပဲ ဆရာတော်။
ဆရာတော်။ ခရစ်တော်ရဲ့ ဒီ(၁၈)နှစ်လုံးလုံး တိမ်မြုပ်ပျောက်ကွယ်နေတဲ့ဘဝကို အမေရိကတိုက် ချီကာဂိုမြို့က ကမ္ဘာကျော်ခရီးလှည့်လည်သူ သုတေသနပုဂ္ဂိုလ် ပါမောက္ခ ဂိုးရစ်(ခ်)ရဲ့ မှတ်တမ်းအရ ဦးပဉ္ဇင်း ယခု ရှင်းလင်းပြပါ့မယ်။ ဒကာကြီး ဂရုစိုက်ပြီး နားထောင်စေချင်ပါတယ်။ပါမောက္ခ ဂိုးရစ်(ခ်)ဟာတိဘက်ပြည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများမှ ခရစ်တော်ကိုယ်တိုင် ဟေဗြဲဘာသာနဲ့ ရေးသားထားတဲ့မှတ်စုကို ရခဲ့ပြီး ၁၉၂၅ခုနှစ်က ၁၉၂၅ခုနှစ်က "ခရစ်တော်၏ မသိသေးသော သွန်သင်ဟောပြောချက်များ" (The untold teachings of the Christ by Prof. Goldricke 1925) ဆိုတဲ့ နာမည်နဲ့ စာအုပ်တအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ ခရစ်ယာန်ဘာသာကို အလွန်သက်ဝင်ယုံကြည်တဲ့ ပါမောက္ခ ဂိုးရစ်(ခ်)ဟာ (၁၈)နှစ်လုံးလုံး ခရစ်တော် ဒီလိုနစ်မြုပ်ကွယ်ပျောက်နေတဲ့အကြောင်းကို အလွန်သိလိုလှလို့ အမေရိက မှာရှိတဲ့ ခရစ်ယာန်ဘာသာဂိုဏ်းချုပ် ဂိုဏ်းအုပ်တို့ကို မေးမြန်းကြည့်တယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်သူက မှ သူ့ကိုရှင်းလင်းမပြောနိုင်ခဲ့ဘူး။ ဒါနဲ့ပဲ ဒီကိစ္စနဲ့ပတ်သက်လို့ သူကိုယ်တိုင် သုတေသနလုပ်ငန်း ထွက်လုပ်တယ်။ ဒီလို ဘယ်သလီဟန်၊ ဂျေရုဆလင်၊ ကိုင်ရို၊ တူရကီ၊ အိန္ဒိယနဲ့ တိဘက်ပြည်တွေမှာ အားတက်သရော ကြိုးပမ်းပြီး လိုက်လံ စုံစမ်းတော့ နောက်ဆုံး တိဘက်ပြည်တောင်ပိုင်းမွန်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် မဟာထေရ်မြတ် ကို ခရစ်တော်ကိုယ်တိုင် စာရွက်ပေါင်း (၁၀၀)ပေါ်မှာသူကိုယ်တိုင်ဒီ(၁၈)နှစ်အတွင်း   တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ တွေကို မှတ်တမ်းတင်ပြီး ကြိုးနဲ့ ကျကျနန ချည်နှောင်ကာ သူ့ကို တရားဓမ္မများ ဟောပြောသွန်သင်တဲ့အနေနဲ့ ကန်တော့ခဲ့တဲ့ မှတ်တမ်းကို ရခဲ့တယ်။ အဲဒီမှတ်တမ်းထဲမှာ ခရစ်တော်ကိုယ်တိုင် အောက်ပါအတိုင်း ရေးသားထားတာ ကို တွေ့ရှိရတယ်လို့ ဂိုးရစ်(ခ်)က ရေးသားပြတယ်။
"ကျွန်ုပ်အား အသက်(၁၂)နှစ်အရွယ်သို့ရောက်သောအခါ ရေဟူဒီလူမျိုးတို့၏ ထုံးတမ်းအစဉ်အလာအရ   ရေဟူဒီဘုန်း တော်ကြီးကျောင်းသို့ နွေဦးရာသီပွဲတော်အတွင်း ခေါ်သွားကြပါသည်။ ထိုရေဟူဒီကျောင်း၌   ရေဟူဒီဆရာတော်ကြီးများ သည် ထာဝရဘုရားသခင်၏ ဖန်ဆင်းခြင်း၊ သူ၏ကရုဏာ၊ သူ၏ဒေါသအမျက်၊ သူ၏တရားမှန်ကန်ခြင်း စသည့် တရား တို့ကို ဆွေးနွေးနှီးနှောနေကြ၏။ ကျွန်ုပ်အဘိုး၏ အရှိန်အဝါဖြင့် ကျွန်ုပ်သည် ရေဟူဒီဘုန်းတော်ကြီးများအား ကျွန်ုပ် မသိနားမလည်သည့် အချက်တို့ကို ဝင်၍ မေးမြန်းခွင့်ရရှိခဲ့၏။ ကျွန်ုပ် ပထမဦးဆုံး မေးမြန်းသည့် မေးခွန်းကား -
"ယေဟိုးဝါသည် အချို့ကို လူချမ်းသာ၊ အချို့ကို လူဆင်းရဲ၊ အချို့ကို ပညာရှိ၊ အချို့ကို လူ့အန္ဓ၊ အချို့ကို လူကောင်း၊ အချို့ကို လူယုတ်မာ၊ အချို့ကို ရုပ်ရည်အလှအပ၊ အချို့ကို အရုပ်ဆိုးအကြည့်တန်၊ အချို့ကို အသက်ရှည်ရှည်၊ အချို့ကို အသက်တိုတို၊ အချို့ကို မျက်စိအကောင်း၊ အချို့ကို မျက်စိမမြင်၊ အချို့ကို ကျန်းကျန်းမာမာ၊ အချို့ကို ရောဂါသည်၊ အချို့ကို အားအင်အကောင်း၊ အချို့ကို အားအင်အချည့်အနဲ့ အစရှိသည်ဖြင့် လူအချင်းချင်း ကွဲပြား ခြားနားစွာ အဘယ်ကြောင့် ဖန်ဆင်းထားပါသလဲ" ဟု ဖြစ်၏။
ထိုအခါ ရေဟူဒီဘုန်းတော်ကြီးများနှင့် ပရိဿတ်အားလုံးသည် အံ့အားသင့်သွားကြ၍ ကျွန်ုပ်၏မေးခွန်းကို မဖြေနိုင် ကြသဖြင့် -
"အို သူငယ်၊ ဤအချက်ကို ယေဟိုးဝါသာလျှင် သိနိုင်သည်"ဟု ရေဟူဒီဘုန်းတော်ကြီးများက ပြန်ပြောကြ၏။
တဖန် ကျွန်ုပ်က -
"ယေဟိုးဝါသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ သုံးပါးသောကာလတို့ကို သိပါလျက်နှင့် အဘယ့်ကြောင့် ငရဲဘုံကို ဖန်ဆင်းခဲ့ပါသနည်း" ဟု မေးမြန်းပါသည်။
ထိုအခါ ရေဟူဒီဆရာတော်များက -
"ယုတ်မာညစ်ညမ်းသူတို့ကို အပြစ်ဒဏ်ပေးရန် ငရဲဘုံကို ဖန်ဆင်းခဲ့သည်" ဟု ပြန်ဖြေ၏။
ထိုနောက်တဖန် -
"ယေဟိုးဝါသည် သူ၏ဖန်ဆင်းမှုဆိုင်ရာ အနာဂတ်ကာလ၏သဘောကို သိမြင်ပါလျက်နှင့် အဘယ့်ကြောင့် ယုတ်မာ ညစ်ညမ်းသူတို့ကို ဖန်ဆင်းရပါသနည်း" ဟု ကျွန်ုပ်က ထပ်၍မေးလိုက်ပြန်သည်။ ထိုအခါ အားလုံးသော ရေဟူဒီဘုန်း တော်ကြီးများသည် မည်သို့မျှ မဖြေနိုင်ကြတော့ဘဲ ကျွန်ုပ်အား သူတို့အားလုံး၏ ဂိုဏ်းချုပ်အဖြစ် ရွေးကောက် တင်မြှောက်ကြ၏။ ထို့နောက် ကျွန်ုပ်သည် ကျွန်ုပ်၏ မြင့်မြတ်သည့် ရာထူးအရှိန်ကို အသုံးပြုလျက် နှင်တံတချောင်းကို ယူကာ ဘုရားတန်ဆောင်းထဲ၌ သူတို့လုယက်တိုက်ခိုက်၍ရသော ပစ္စည်းတို့ကို ရောင်းချနေကြသူများအား နှင်တံနှင့် ရိုက်ပြီး -



"ဤနေရာကား ယေဟိုးဝါ ဘုရားတန်ဆောင်းဖြစ်သည်။ အသင်တို့အတွက် ဈေးရောင်းစရာ နေရာမဟုတ်" ဟုဆိုကာ နှင်ထုတ်ပစ်လိုက်၏။ယေဟိုးဝါ၏တရားကား ရှက်ဖွယ်ဖြစ်နေကြောင်း၊ အခြေအမြစ်မရှိကြောင်းကို သိမြင်လာသော ကျွန်ုပ်သည် အလွန်မြင့် မြတ်သည့် ဂုဏ်ထူး၊ နေရာထူးတို့ကို ရနေသည့်တိုင်အောင် ဤမဟုတ်မမှန်သောစကားကိုရွံရှာမုန်းတီး၍ 'အမှန်တရား' ကို မတွေ့တွေ့အောင်ရှာကြံမည်ဟု သန္နိဋ္ဌာန်ချလိုက်၏။ ထိုနောက် ကျွန်ုပ်သည် ဘုရားရှိခိုးကျောင်းထဲမှထွက်၍ မြို့တော်မှ ထွက်ခွာလာခဲ့၏။ ငါးမိုင် ခြောက်မိုင်ကျော်ခန့်လမ်းလျှောက်မိသောအခါ ခရီးသွားကုန်သည်တစုနှင့်တွေ့၏။ သူတို့၏ဝတ်စားဆင်ယင်ပုံမှာ ရေဟူဒီလူမျိုးများနှင့်ကွဲပြားခြားနားလျက်ရှိရာ သူတို့သည် တိုင်းတပါးမှ လာရောက်ကြ သည့် ကုန်သည်များ ဖြစ်ရမည်ဟု သတိပြုမိ၏။ သို့နှင့် သူတို့အနီးသို့ချဉ်းကပ်လိုက်ရာ ကံအားလျော်စွာ သူတို့ ခေါင်းဆောင်နှင့် တွေ့ပြီး သူတို့အား "မည်သည့်အရပ်မှ မည်သည့်ကိစ္စဖြင့် လာကြသနည်း" ဟု မေးမြန်းလိုက်ပါသည်။


ထိုအခါ ခရီးသွားကုန်သည်များ၏ခေါင်းဆောင်များက သူတို့သည် တိဘက်ပြည်မှဖြစ်ကြောင်း၊ တိဘက်ပြည် သားရေ များ၊ ဦးချိုများနှင့် ထူးဆန်းသည့်ပစ္စည်းများကို ဂျေရုဆလင်မြို့မှ ရွှေငွေ ကျောက်သံပတ္တမြားနှင့် အခြားအဘိုးတန်ဆေးဝါးတို့နှင့် ဖလှယ်ရန် လာကြကြောင်း ပြောပြ၏။ ကျွန်ုပ်သည် ခေါင်းဆောင်၏ စိတ်နေသဘော ထားကို သဘောကျမိသဖြင့် စကားပြောရင်းဆိုရင်းနှင့်ပင် လောက၌ အချို့လူတို့က ဆင်းရဲ၊ အချို့က ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းမာ၊ အချို့က ချည့်နဲ့လျက် အဘယ်ကြောင့် မညီမမျှမွေးဖွားကြသနည်း ဟူသော ရေဟူဒီဘုန်းကြီးများအား ပထမဆုံးမေးသည့် မေးခွန်းကို မေးကြည့်၏။
ထိုအခါ ကုန်သည်အဖွဲ့ခေါင်းဆောင်က -
"အို ချစ်လှစွာသောသူငယ်၊ လူသားများအနက် အချို့က ဆင်းရဲ၊ အချို့က ချမ်းသာ၊ အချို့က ပညာရှိ၊ အချို့က ပညာမဲ့၊ အချို့က ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းကျန်းမာမာ၊ အချို့က အင်အားချည့်နဲ့ အဖြစ်ဖြင့် တဦးနှင့်တဦး အသွင်မတူဘဲ မွေးဖွားကြရသည်မှာ အတိတ်ဘဝက ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော ကမ္မ သတ္တိတို့ကြောင့်ပင်ဖြစ်၏။ ရုပ်အဆင်းအားဖြင့် လှပချောမွေ့၍ လှပသော အဝတ်တန်ဆာတို့ကို ဝတ်ဆင်ပြီးလျှင် မှန် ရှေ့တွင် ရပ်လိုက်သောအခါ လှပ၍ကျက်သရေရှိသောအသွင်သဏ္ဌာန်သည် ထင်လာကာ ရုပ်အဆင်းအားဖြင့် ဆိုးဝါး ၍ စုတ်ပြတ်ဟောင်းနွမ်းသော အဝတ်တို့ကို ဝတ်ဆင်ထားသူတယောက်သည် မှန်ရှေ့တွင် ရပ်လိုက်သောအခါ အရုပ်ဆိုး၍ ကျက်သရေယုတ်လှသည့် အသွင်သဏ္ဌာန်သည် ထင်လာဘိသကဲ့သို့ အချို့လူသားတို့သည် အတိတ်ဘဝက ကမ္မသတ္တိကောင်းကြသဖြင့် စည်းစိမ်ဥစ္စာချမ်းသာကြ၏။ ရုပ်အဆင်းသဏ္ဌာန်လှကြ၏။ ပညာဉာဏ် ထက်မြက်ကြ၏။ ကျန်းမာသန်စွမ်းကြ၏။ ကိုယ်လက်အင်္ဂါ ပြည့်စုံကြ၏။ အသက်ရှည်ကြ၏။ အချို့လူသားတို့ကား အတိတ်ဘဝက ကမ္မသတ္တိ ညံ့ဖျင်းကြသောကြောင့် ဆင်းရဲနွမ်းပါးကြ၏။ အရုပ်ဆိုးအကျည်းတန်ကြ၏။ အသိဉာဏ် ကင်းမဲ့ ထုံထိုင်းကြ၏။ အင်အားချည့်နဲ့ကြ၏။ ကိုယ်အင်္ဂါ မပြည့်မစုံချို့တဲ့ကြ၏။ ဤကဲ့သို့ လူသားအချင်းချင်း တဦးနှင့် တဦး ကွဲပြားခြားနားကြရခြင်းမှာ အထက်ကပြောခဲ့သကဲ့သို့ အတိတ်ဘဝက ကမ္မသတ္တိ အဆိုးနှင့်အကောင်းအရသာ ဖြစ်၏။ မည်သည့် ထာဝရဘုရား၊ သို့မဟုတ် ယေဟိုးဝါ၏ ဖန်ဆင်းမှုကြောင့်မျှ မဟုတ်ချေ။ တနည်းအားဖြင့် ဥပမာ ပေးရသော် ဥယျာဉ်မှူးတယောက်သည် ချိုမွှေးသောအပင်ကို စိုက်လျှင် ချိုမွှေးသော အသီးကို စားရ၍ ခါးသောအပင် ကို စိုက်လျှင် ခါးသောအသီးကို စားရဘိသကဲ့သို့ ဖြစ်၏"
ကုန်သည်ခေါင်းဆောင်ကြီးက ဖြေလိုက်သည့်အဖြေကို ကြားလိုက်သောအခါ ကျွန်ုပ်သည် အလွန်ဝမ်းသာအားရဖြစ် ကာ သူ့အား "မည်သူဟောကြားသည့်တရားတို့ကို လိုက်နာပါသနည်း" ဟု မေးမိ၏။
ထိုအခါ ကုန်သည်ခေါင်းဆောင်ကြီးက - "အို ချစ်လှစွာသောသူငယ်၊ ကျွန်ုပ်ကား ဗုဒ္ဓကိုယ်တော်မြတ် ဟောကြား တော်မူသော တရားကိုသာ လိုက်နာကျင့်သုံး၏။ ဗုဒ္ဓကိုယ်တော်မြတ်သည် လောကသုံးပါးတွင် ပညာအရှိ ဆုံး ဖြစ်သည်။ အလုံးစုံသော တရားတို့ကို အကြွင်းမဲ့သိတော်မူသည့် သဗ္ဗညုတရွှေဉာဏ်တော်ရှင်လည်း ဖြစ်သည်။ ဓမ္မစကြာတရားရှင်လည်း ဖြစ်သည်။ သစ္စာလေးပါး တရားတော်ကိုလည်း ပိုင်းခြားထင်ထင် သိမြင်တော်မူသည်။ အနန္တဉာဏ်တော်၊ အနန္တတန်ခိုးတော်ရှင်လည်း ဖြစ်တော်မူသည်" ဟု ပြန်၍ ဖြေကြား၏။ ထိုအခါ ကျွန်ုပ်သည် ဗုဒ္ဓ ကိုယ်တော်မြတ် ဟောကြားတော်မူသည့် တရားဒေသနာတို့ကို လိုက်နာကျင့်သုံးလိုလှသဖြင့် ကျွန်ုပ်၏မိတ်ဆွေသစ် ကုန်သည်ခေါင်းဆောင်ကြီးအား ကျွန်ုပ်ကို တိဘက်ပြည်သို့ ခေါ်ဆောင်၍ ဆရာတော်ကြီးတပါးထံ အပ်နှံပေးပါရန် တောင်းပန်လိုက်၏။ ကျွန်ုပ်က ဤကဲ့သို့ တောင်းပန်လိုက်သောအခါ ကုန်သည်ခေါင်းဆောင်ကြီးက - "အို သူငယ်၊ ကျွန်ုပ်သည် သင့်အား ကျွန်ုပ်တို့တိဘက်ပြည်သို့ ခေါ်သွားလိုပါ၏။ သို့ရာတွင် သင်သည် အသက်အရွယ်အားဖြင့် အလွန်နုနယ်၍ မိဘနှစ်ပါးတို့၏ အုပ်ထိန်းခြင်းမှ မကင်းလွတ်သေးသဖြင့် သင်၏မိဘများကိုယ်တိုင် သင့်အား ကျွန်ုပ်၏ လက်တွင်းသို့ မအပ်နှံသမျှ ကျွန်ုပ်သည် သင့်အား တိဘက်ပြည်သို့ ခေါ်၍မသွားနိုင်ပါ" ဟု ပြန်၍ဖြေဆိုပါသည်။
ဤတွင် ကျွန်ုပ်က -
"အို မိတ်ဆွေ ကုန်သည်ခေါင်းဆောင်ကြီး၊ ဤကိစ္စနှင့်ပတ်သက်၍ စိုးစဉ်းမျှ မစိုးရိမ်ပါလင့်။ ကျွန်ုပ်သည် အသက် အရွယ် အားဖြင့် အလွန်နုနယ်လှသော်လည်း အသိပညာနှင့်ပတ်သက်သောအခါ မနုနယ်ပါ။ ရာထူးဌာနန္တရအားဖြင့် မြင့်မားသူ တဦးဖြစ်ပါသည်။ ကျွန်ုပ်၏ ခန့်ညားထယ်ဝါလှသည့် ဝတ်စုံနှင့် ဤအထိမ်းအမှတ်လက်စွပ်တို့ကိုကြည့်ပါ။ ကျွန်ုပ်သည် ဤမြို့မှ ရေဟူဒီဘုန်းကြီးများထဲတွင် အချုပ်အခြာဖြစ်ပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်မသိမမြင်ခဲ့ဘူးသည့် ယေဟိုးဝါ၏ မူမမှန်သောတရားတို့ကို မုန်းတီးရွံရှာလှသဖြင့် သစ္စာတရားကို မရရအောင်၊ မတွေ့တွေ့အောင် ရှာဖွေ လေ့လာမည် ဟူသော ဆုံးဖြတ်ချက်ဖြင့် ကျွန်ုပ်၏ကျောင်းကို စွန့်ခွာခဲ့သူ ဖြစ်၏။ အကယ်၍သာ ကျွန်ုပ်သည် သင်နှင့် ယခုကဲ့သို့ မတွေ့ခဲ့ပါက သစ္စာတရားကိုရှာဖွေရန် တောကြီးမျက်မည်းထဲသို့ ရောက်နေမည်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ် သည် သင်နှင့် တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ၊ သင်က ခေါ်သည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ၊ ဤမြို့ ဤဒေသမှ အမှန်မုချ ထွက်ခွာမည် ဖြစ်သည်"
ကုန်သည်ခေါင်းဆောင်ကြီးသည် ကျွန်ုပ်၏ ရဲရင့်တိကျသောစကားနှင့် ပြင်းထန်သောဆုံးဖြတ်ချက်တို့ကို ကြားသော အခါ ကျွန်ုပ်အား တိဘက်ပြည်သို့ ခေါ်သွားရန်နှင့် တိဘက်ပြည်သို့ရောက်သောအခါ သူ ကိုးကွယ်ဆည်းကပ်သည့် ဆရာတော်ကြီးထံ အပ်နှံပေးရန် သဘောတူလေ၏။
ကံကောင်းထောက်ပံ့သဖြင့် ခရီးသွားကုန်သည်တို့သည် ထိုနေ့မှာပင် တိဘက်ပြည်သို့ ပြန်ကြရန် စီစဉ်ထားကြသော ကြောင့် ကျွန်ုပ်သည် ချက်ချင်းပင် သူတို့နှင့်အတူ တိဘက်ပြည်သို့ လိုက်သွားခွင့်ရခဲ့၏။ (၄)လကြာမျှ အလွန်ပြင်းပြင်း ထန်ထန်နှင့် ခရီးကြမ်းနှင်ခဲ့ကြပြီးနောက် ကျွန်ုပ်သည် တိဘက်ပြည်တောင်ပိုင်း မွန်ဘုန်းတော်ကြီးကျောင်း၊ ကျောင်း ထိုင်ဆရာတော် အရှင်အရိယပုတ္တမဟာထေရ် ထံသို့ရောက်ခဲ့၏။ ကျွန်ုပ်သည် တိဘက်ဘာသာစကားကို မတတ်ကျွမ်း သော်လည်း ခရီးသွားကုန်သည်ခေါင်းဆောင်ကြီး၏ အကူအညီဖြင့် အရှင်အရိယပုတ္တမဟာထေရ်မြတ်၏ ခြေတော်ရင်း တွင် ခိုလှုံလိုကြောင်း လျှောက်ထားနိုင်ခဲ့၏။
ဆရာတော်မဟာထေရ်မြတ်သည် ကျွန်ုပ်အား အစမ်းသဘောဖြင့် (၆)လတိတိ သူ၏ခြေတော်ရင်းတွင် ပညာသင်ကြား ပေးကာ စောင့်ကြည့်ခဲ့၏။ ထိုအချိန်ကာလအတွင်း ကျွန်ုပ်သည် တိဘက်ဘာသာကို လေ့လာခဲ့၏။ (၆)လစေ့သော အခါ မဟာထေရ်မြတ်သည် ကျွန်ုပ်၏ ဆန္ဒပြင်းပြမှုကို ယုံကြည်စိတ်ချကာ ကျွန်ုပ်အား သံဃာအပါး ၃၀ ကျော်နှင့် အလွန်ကြီးမားလှသည့် ပရိဿတ်ရှေ့မှောက်၌ သာမဏေ ဇီဝကိရိတ ဟူသောဘွဲ့ (ဟေဗြဘာသာအရ "ယေရှု ခရစ်တော်") ဖြင့် ရှင်သာမဏေအဖြစ်နှင့် သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းချီးမြှင့်တော် မူလေ၏။"
"တိမ်မြုပ်နေသော ခရစ်တော်၏ဟောပြောချက်များ" ဟူသောကျမ်းသည် စာမျက်နှာပေါင်း (၆၀၀)ကျော်ရှိရာ ထို ကျမ်းဂန် တခုလုံးကို ကုန်အောင် ဦးပဉ္ဇင်းဟာ အကြိမ် (၂၀) ထက်မနည်း ဟောရမယ်ဖြစ်တယ်။ ဒါကြောင့် ကျန်တဲ့ အပိုင်းကို အကျဉ်းချုပ်ပြီး ဟောပါရစေ။
သာမဏေရ ဇီဝကိရိတ (သို့မဟုတ်) ရှင်သာမဏေဟာ ၇နှစ်နှင့်၆လတိုင်တိုင် ရှင်သာမဏေတို့ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်သိက္ခာတို့ကို ကျကျနန ထိန်းသိမ်းခဲ့လေတော့ ရှင်အရိယပုတ္တမဟာထေရ်မြတ်က အသက် (၂၀) အရွယ်သို့ ရောက်တဲ့အခါမှာ ရဟန်းတော်အဖြစ် ဥပသမ္ပဒါ ပြုပေးတော်မူသတဲ့။
ရဟန်းတော် ရှင်ကိရိတ ဟာ စိတ်အားလည်း ထက်သန်၊ ဗုဒ္ဓရဲ့တရားကိုလည်း အလွန်ယုံကြည်ကိုးစားတော်မူတဲ့ အတွက် စာပေပရိယတ်ကိုလည်း တဖက်က သင်အံကျက်မှတ်၊ တဖက်က သမထတရားတို့ကို လေ့လာအားထုတ်နေ တော့ မကြာမီအတွင်းမှာ ဈာန်အဘိညာဉ်တွေကိုရပြီး တန်ခိုးတွေကို ပြနိုင်လာသတဲ့။ သူ့ရဲ့ဆရာတော် အရှင်အရိယ ပုတ္တ ကလည်း ရဟန္တာတပါး ဖြစ်လေတော့ ခရစ်တော်ရဲ့ အနာဂတ်အရေးကို သိမြင်တော်မူတယ်တဲ့။
ခရစ်တော်ဟာ အလွန်ဆိုးဝါးတဲ့ သေခြင်းတရားနဲ့ တွေ့ကြုံရမယ့် အရေးကို မြင်တော်မူသတဲ့။ ဒါကြောင့် ရဟန်းတော် ဇီဝကိရိတ က သူ့အရပ် သူ့ဌာနသို့ ပြန်ရန် အခွင့်တောင်းတော့ အခွင့်မပြုဘဲ ငြင်းဆန်နေသတဲ့။ ဒါပေမယ့် တကြိမ်မျှ သာမဟုတ်ဘဲ အကြိမ်ကြိမ် အဖန်ဖန်လျှောက်ထား တောင်းပန်လေတော့ -
"အို ချစ်သား ဇီဝကိရိတ၊ ချစ်သားဟာ အောက်ပါအချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် ချစ်သားအား သွားခွင့်ပြု မယ်။ ဆရာတော်လိုလားတဲ့အချက်တွေကတော့
(၁) အကယ်၍ ရေဟူဒီလူမျိုးများ (သို့မဟုတ်) ဣသရေလလူမျိုးများကသင့်အား တံတွေးများထွေး၍ ရှုံ့ချကဲ့ရဲ့ကြသည့် တိုင်အောင်၊ ခဲအုတ်များနှင့် ပေါက်သည့်တိုင်အောင်၊ ဆဲရေးတိုင်းထွာသည့်တိုင်အောင် ချစ်သားက ချစ်သား၏ ဈာန် အဘိညာဉ်တန်ခိုးကို အသုံးပြု၍ မတုံ့ပြန်ပါနှင့်။
(၂) အကယ်၍ တစုံတယောက်သောသူက သင့်အား မဟုတ်မမှန် မတရားသဖြင့် စွပ်စွဲသည့်တိုင်အောင် ချစ်သားက ပကတိ တည်ငြိမ်သောသဘောနှင့် သည်းခံရမည် ဖြစ်၏။
(၃) အကယ်၍ တစုံတယောက်သောသူက သင်၏မျက်မှောက်မှာပင် ဗုဒ္ဓကိုယ်တော်မြတ်ကိုလည်းကောင်း၊ တရား တော်မြတ်ကို လည်းကောင်း၊ သံဃာတော်အရှင်မြတ်တို့ကိုလည်းကောင်း၊ သွားပုပ်လေလွင့် မတရားသဖြင့် ပြောသည့် တိုင်အောင် နည်းပရိယာယ်ကို သုံးလျက် သူတို့၏မိုက်မှားမှုကို သိမြင်လာအောင် ဟောပြောညွှန်ပြရမည် ဖြစ်၏။ အကြောင်းသော်ကား သူတို့သည် ဘာမျှမသိမမြင် နားမလည်ကြ၍သာ ပြုမူကြခြင်းဖြစ်ရာ သူတို့အား အပြစ်မှ အခွင့် လွှတ်ရမည် ဖြစ်၏။
(၄) အကယ်၍ တစုံတယောက်သောသူက အထင်အမြင်လွဲမှားသည်ရှိသော် နားလည်လာသည့်တိုင်အောင် ဥပမာ ဥပမေယျ များကိုဆောင်ကာ ဟောပြောရှင်းလင်းရမည်ဖြစ်၏။
(၅) မည်ကဲ့သို့ပင်ဖြစ်စေ၊ သင့်အား ကန့်လန့်ဆန့်ကျင်ပြုလုပ်နေကြသည့် သင်၏ရန်သူများအား မုန်းတီးခြင်း၊ ဒေါသ ဖြစ်ခြင်း စသည့် အရိပ်လက္ခဏာတို့ကို မပြပါနှင့်။
(၆) သင်သည် အခါမလပ်မမေ့မလျော့သောစိတ်ဓါတ်နှင့်ဈာန်အဘိညာဉ်တရား တို့ကိုပွားများပါလေ။   မေတ္တာကမ္မဋ္ဌာန်း ကို ပွားများကာ ကမ္ဘာလောကကြီးတဝှမ်းလုံးကို သင်၏မေတ္တာကရုဏာတရားဖြင့် လွှမ်းမိုးပါစေ။
(၇) အကယ်၍ တစုံတယောက်သောသူ (သို့မဟုတ်) လူတစုက သင့်အားရိုက်နှက်သတ်ဖြတ်စေကာမူ သေသည်အထိ အသိတရားကင်းမဲ့စွာ မိုက်မှားသူတို့အပေါ်တွင် မေတ္တာ၊ ကရုဏာတရားများ ပွားများကာ နောက်ဆုံးသေသည့်အချိန် အထိ ဗုဒ္ဓကိုယ်တော်မြတ်၏ ဂုဏ်တော်တရားကို အခါမလပ် ဆင်ခြင်အောက်မေ့ပါလေ။ သို့မှသာလျှင် သင်သည် သေ သည်၏အခြားမဲ့၌ အလွန်ချမ်းသာသုခနှင့် ပြည့်စုံသော ဗြဟ္မာ့ဘုံသို့ ရောက်မည်ဖြစ်၏။
ချစ်သား၊ သင်သည် ဤအချက် (၇)ချက်ကို လိုက်နာကျင့်သုံးပါမည်ဟု ကတိပေးခဲ့လျှင် သင်သည် ရေဟူဒီလူမျိုးများ အား မည်သည့်နည်းနှင့်မျှ မပြုပြင် မပြောင်းလဲနိုင်မှန်းကို သိလျက်နှင့် အခွင့်ပေးရချေမည်။ သင်သည် ဣသရေလ လူမျိုးများအား ပြုပြင်နိုင်သော်လည်း သူတို့သည် သင်၏တရားများကို အထင်အမြင်မှားကာ သင်ကွယ်လွန်ပြီးနောက် သင်ဟောပြောသည့်တရားတို့ထဲမှ
(၁) ချစ်ခင်ကြင်နာခြင်း၊ (၂) ကရုဏာပွားများခြင်း၊ (၃) လေးစားခြင်း၊ (၄) ဥပေက္ခာ ပြုခြင်း၊ (၅) သည်းခံခြင်း၊ (၆) အပြစ်မှခွင့်လွှတ်ခြင်း (၇) ကြိုးပမ်းအားထုတ်ခြင်း စသည့် အချက်အလက်တို့ကိုသာ ဆက်လက်ထိန်းသိမ်း၍ သင်၏နာမည်ဖြင့် ဘာသာအယူဝါဒတရပ်ကိုထူထောင်ကြလိမ့်မည်" ဟူ၍ အမိန့်ရှိကာ အရိယ ပုတ္တ မထေရ်မြတ်ဟာ ဇီဝကရိတ အား ပြန်ခွင့်ပြုလိုက်တယ်။ ဇီဝကရိတကလည်း သူ့ရဲ့ဆရာတော် အမိန့်ရှိတော်မူတဲ့ အချက်အလက်တွေကို သေသည်အထိ လိုက်နာကျင့်သုံးပါ့မယ်လို့ ကတိကဝတ်ပြုကာ သူရဲ့ နေရပ်ဌာနသို့ ပြန်လာခဲ့ တယ်။
အဲဒီနောက် ယုဒယာမြို့မှာ ခရစ်တော် ပထမဦးဆုံး တရားဟောတဲ့အခါမှာ တရားနာသူတွေက ယေဟိုးဝါဘုရားသခင် ကိုယ်တော်မြတ်ရဲ့ တရားတွေမဟုတ်ဘဲ ဗုဒ္ဓကိုယ်တော်မြတ် ဟောတဲ့တရားတွေသာ ဖြစ်တယ်လို့ဆိုပြီး သူ့ကို ဝိုင်းပြီး ပုတ်ခတ် ပြောဆိုကြတယ်။ ဂျေရုဆလင်နဲ့ ဘသာလီဟန်မြို့တွေမှာဟောပြန်တော့လည်း ဒီအတိုင်းဘဲ ဖြစ်ရပြန်တယ်။ သူတို့က သူဟောတဲ့တရားတွေဟာ ဘယ်လောက်ပဲကောင်းကောင်း တနည်းနည်းနဲ့တိုက်ဖျက်ကာ ရှုံ့ချပုတ်ခတ်ကြ သတဲ့။
ဒီလိုအဖြစ်အပျက်နဲ့ရင်ဆိုင်ရတဲ့အခါမှာ ခရစ်တော်ဟာ သူ့ရဲ့ဆရာ အရိယပုတ္တမထေရ်က သူ့ကိုမှာလိုက်တဲ့ ပရိယာယ် သုံးရမယ်ဆိုတဲ့စကားကို အမှတ်ရပြီး သူဟောတဲ့တရားဟာ ယေဟိုးဝါဟောတဲ့ တရားများဖြစ်ကြောင်း၊ သူဟာ ယေဟိုးဝါရဲ့ သားတော်ဖြစ်ကြောင်းဖြင့် လှည့်စားပြီး ပြောလိုက်သတဲ့။ အမှန်ကတော့ သူဟာ ပရိယာယ်သုံးရမယ်ဆိုတဲ့ စကားကို အဓိပ္ပာယ်အကောက်မှားပြီး ယခုလိုလှည့်စားလိုက်ခြင်းဖြစ်တယ်။ ဒီလိုအလှည့်စား မှားလိုက်တဲ့အတွက် ခရစ်တော်ဟာလက်ဝါးကပ်တိုင်မှာကပ်ပြီး   ရေဟူဒီဘုန်းကြီးများနဲ့ ရောမလူမျိုးတို့ရဲ့ အသတ်ခံသွားရသတဲ့။
ခရစ်တော်ဟာတန်ခိုးပြာဋိဟာတွေကိုပြနိုင်ပေမယ့် ရေဟူဒီလူမျိုးတွေနဲ့ ရောမလူမျိုးတွေရဲ့ နှိပ်စက်မှုတွေကို သေသည် အထိ တည်ငြိမ်စွာနဲ့ပဲ ခံသွားရှာတယ်။ သူဟာ သူ့ရဲ့ဆရာက မှာလိုက်တဲ့အတိုင်း မည်သည့် ဈာန်အဘိညာဉ်ကိုမျှ မသုံးတဲ့ တကယ့်အာဇာနည်ပုဂ္ဂိုလ်ပီပီ သေခြင်းတရားကို ရင်ဆိုင်သွားခဲ့တယ်။ ဒါကြောင့် ရေဟူဒီလူမျိုးတွေဟာ ခရစ် တော်လို သူတော်ကောင်းတယောက်ရဲ့အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်မိကြတဲ့အတွက် ယနေ့အထိ ကိုယ့် တိုင်းပြည်ရယ်လို့ လက်ညှိုးထိုးပြစရာ တိုင်းပြည်မရှိဘာမရှိနဲ့ ကလေကဝ ဖြစ်နေကြရတာပေါ့။
မြင့်မြတ်ရာ
အရှင်ဥတ္တမ၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်း
http://www.ohnthar.blogspot.com

Apr 24, 2013

အလိမ်ခံရခြင်း အကြောင်းရင်းများ

သူတို့ကြောင့် အလိမ်ခံရတာ
လောက၌ သူတစ်ပါးလိမ်လည်ခြင်းကို ခံရသောသူဟူသမျှသည် သူတစ်ပါးတို့၏ ကောက်ကျစ်သောဉာဏ်ဟူသော သူတစ်ပါးတို့၏ ကောက်ကျစ်စဉ်းလဲ့သော ဉာဏ်ဟူသော ဗစိဒ္ဓရန်သူကို မိမိ၏ လိုချင်ရမ္မက်ငမ်းငမ်းတက်ခြင်းဟူသော အတွင်းရန်သူ နှင့်
မိုက်မဲခြင်း၊ အဆင်ခြင်ပညာမရှိခြင်း ဟူသော မောဟ၊ အတွင်းရန်သူနှစ်ယောက်တို့က ပူးပေါင်းအားပေးကာ နှိပ်စက်ကြခြင်းကြောင့် အတိဒုက္ဘရောက်၍ အလိမ်ခံရခြင်း ဖြစ်ချေသည်။

သူတစ်ပါးကို လိမ်တက်သော သူတို့သည်လည်း မည်သည့် ဆေး၊ အင်းအိုင်၊ လက်ဖွဲ့သည်တို့ကြောင့် မဟုတ်။
စင်စစ်ကား သူတစ်ပါးတို့၏ လောဘကို တက်ကြွအောင်ပြုခြင်း၊ သူတစ်ပါးတို့၏ မောဟကို ပွားများစေခြင်း၊ လူရိပ်လူကဲကို ချင့်ချိန်တက်ခြင်း၊ မိမိ၏ဥစ္စာကို ဦးစွာ မနှမြောခြင်း၊ စကားကို သူတစ်ပါး ယုံကြည်အောင် ယုတ္တိဆင်၍ ပြောတတ်ခြင်း၊ လုံ့လ၀ိရိယရှိခြင်း ဟူသော အင်္ဂါပေတည်း။
(ဦးပြုံးချို (မဟာဂီတ) ၏ နေအေးလိမ်နည်း စာအုပ်မှ)


အလိမ်ခံရခြင်း အကြောင်းရင်းများ

၁။ သနားတတ်လွန်းခြင်း

၂။ အားနာတတ်လွန်းခြင်း

၃။ ဗဟုသုတနည်းပါးလွန်းခြင်း

၎။ လိုချင်လောဘကြီးမားလွန်းခြင်း

၅။ ဖြစ်နေသောရောဂါပျောက်ချင်လွန်းအားကြီးခြင်း

၆။ လူလိမ်၏ အစည်းအရုံးခံထားသော မိမိလူကို စိတ်ချယုံကြည်လွန်းအားကြိးခြင်း

သင်သည် ဖိနပ်စီးထားလျှင် ဆူးပေါ်သို့ နင်း၍ လျှောက်နိုင်၏။ ဘာသာရေးအသိ ပညာရှိထားလျှင် အန္ဆရာယ်များသည် လောကအတွင်းဝယ် ဘေးကင်းစွာ ကျက်စားနိုင်၏။
လောကို မည်သို့ ကောင်းကျိုးပြုသနည်းဟူသော ပေတံဖြင့် တိုင်းတာပြီးမှသာလျှင် ကြည်ညိုလေးစားခြင်းကို ပြုသင့်ပေသည်။


မသူတော်၏ ကိုယ်ချင်းစာတရား
သူတော်ကောင်း ကိုယ်ချင်းစာလျှင်
သူတစ်ပါး ချမ်းသာသည်။
မသူတော် ကိုယ်ချင်းစာလျှင်
သူတစ်ပါး ဆင်းရဲသည်။
မိန်းမယောကျာ်း၊ မြင်ဖန်များသော်
သနားချစ်ခင်၊ စိတ်ကျွမ်းဝင်၍
ကျွန်ပင်တမင်၊ ဖြစ်လင့်ကစား
မိုးနတ်သားသို့၊ ထင်မှားမယွင်း
တပ်မက်လျှင်းခဲ့။
(မာဃဒေ၀)



ယုံမှတ်လို့ ပုံအပ်မိသူများအကြောင်း ၂ စာအုပ်မှာ ဥစ္စာပေါ ရုပ်ချော ဘွဲ့ရ အထက်တန်းပြ ဆရာမလေး တစ်ယောက်ကို မယားကြီးရှိသူ အရက်သမား၊ ဖဲသမား တစ်ယောက်က လိမ်လည်ပြီး လက်ထက်ယူလိုက်ပုံ အပြင် ဘယ်သို့ကြောင့် ဒီဆရာမလေး အနှိပ်စက်ခံရပုံကို အကျယ်ဖတ်နိုင်ပြီး အမျိုးသမီးများသည်လည်း ထိုသို့သော ယောကျာ်းမာယာ၊ အသနားခံ၊ သူတစ်ပါးလိမ်ညာမှုမှ လွတ်မြောက်၍ ကိုယ့်ဘ၀ကို တန်ဘိုးရှိသော၊်ဆင်ခြင်သုံးသပနိုင်သော အမျိုးကောင်းသမီးများ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
ထို မသူတော်မျိုးကို ပထမရွှေကျင်ဆရာတော်ဘုရားကြီးက ခုလိုဆုံးမတော်မူခဲ့ပါတယ်။


ရွံစရာ မသူတော်
ကျင်ကြီးသည် အေးသည်ဖြစ်စေ၊ နွေးသည်ဖြစ်စေ၊
အဆင်းလှသည် ဖြစ်စေ၊ မလှသည်ဖြစ်စေ
ရွံဘွယ်သာတည်း။
မသူတော်သည် အမျက်ထွက်သည် ဖြစ်စေ၊ မထွက်သည်ဖြစ်စေ၊
စကားလှသည် ဖြစ်စေ၊ မလှသည် ဖြစ်စေ ရွံဘွယ်သာတည်း။
မီးခဲသည် ပူသောအခါ လက်ကိုမည်းစေ၏။
မသူတော်သည် ဒေါသအခါ ကြောက်စရာ
လောဘအခါ ရွံစရာ ဖြစ်၏။
(ပထမ ရွှေကျင် ဆရာတော်ဘုရားကြီး)


ယုံမှတ်လို့ ပုံအပ်မိသူများအကြောင်း ၂ စာအုပ်တွင် နတ်ကတော်တွေရဲ့လိမ်ညာမှု၊ ရောဂါသည်ပေါ်မှာ ရက်စက်စွာ လိမ်ညာမှု၊ လူအချင်းချင်းလိမ်ညာမှု တွေကို အကျယ်ဖတ်နိုင်ပါသည်။ မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိ မိသားစု၊ အသိုင်းအ၀ိုင်းများဖြစ်စေ ထိုသို့လိမ်လည်မှုတွေမှ ကင်းဝေးကြပါစေ။


အရှင်ဇ၀န(မေတ္တာရှင်)ရွှေပြည်သာ

Apr 22, 2013

ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် ကိုးကွယ်ခြင်းနဲ့ ပတ်သတ်၍




မေး။ ။ အရှင်ဘုရား တပည့်တော်စိတ်ထဲမှာ မတင်မကျဖြစ်နေတာလေး တစ်ခုမေးလျှောက်ခွင့်ပြုပါဘုရား။ အဘဘိုးဘိုးအောင် ဘိုးမင်းခေါင်တို့သည် ဘုရားဟောပိဋကတ်တော်တွင် ပါဝင်သည်ဆိုတာ ဟုတ်ပါသလားဘုရား။ တပည့်တော်ငယ်စဉ်ကတည်းက ယခုအချိန်ထိ အနန္တောအနန္တငါးပါးကိုသာ ကိုးကွယ်ပူဇော်ဦးချရာဟု သတ်မှတ်ထားပါသည်ဘုရား။ ဘုရားဝတ်ပြုတိုင်းတော့ အမျှဝေရာတွင် အဘဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်တို့ကို အမျှဝေပါတယ်ဘုရား။ သို့ပေမဲ့ ဦးချရှိခိုးခြင်းတော့မပြုပါဘုရား။အဲဒါတပည့်တော်မှာ အပြစ်ရှိပါသလားဘုရား။

တပည့်တော်မရဲ့ မိတ်ဆွေအချို့က ရှိခိုးသင့်တယ်။ ပိဋကတ်တော်မှာ သူတို့အကြောင်းပါတယ် စသဖြင့်ပြောကြပါတယ်ဘုရား။ တပည့်တော်ခံယူတာကတော့ အနန္တောအနန္တငါးပါးကလွဲ၍ ပူဇော်ရာရှိခိုးဦးချရာမရှိဟု သတ်မှတ်ပါသည်ဘုရား။ တပည့်သိချင်တာလေး ကို ဖြေကြားပေးတော်မူပါဘုရား။



ဖြေ။ ။ ကိုးကွယ်ရာနဲ့ပတ်သတ်ပြီး ပိဋကတ်တွင်လာရှိတာများကို ပထမဦးဆုံး ဖော်ပြပေးပါမယ်။

(၁) မိမိကိုယ်ကိုသာ အားကိုးရာ ဖြစ်တယ်။ တစ်ပါးသူဟာ အားကိုးရာမဟုတ်ပါ။ မိမိကိုယ်ကို အားကိုးပြီးကြိုးစားအားထုတ်မှသာ ကောင်းစွာရခဲရောက်နိုင်ခဲလှတဲ့ သူတော်ကောင်းတရားများကို ရပါလိမ့်မယ်။ (ဓမ္မပဒပါဠိတော်၊ ၃၇)

(၂) ဘုရား၊ တရား၊ သံဃာ ရတနာ(၃)ပါးကို အောက်မေ့သတိရနေသူမှာ ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်းထခြင်းတို့ ပျောက်သွားပါလိမ့်မယ်။ (ဓဇဂ္ဂသုတ်၊ ဒီ၊ ပါ၊ ၃၊ ၂၂၁)

(၃) မိဘဆွေမျိုး၊ သားသမီးစတဲ့ အခြံအရံများဟာ ကိုးကွယ်အားထားရာ မဟုတ်ကုန်၊ မိမိကိုယ်ကို အားထားမှသာ လိုရာခရီးရောက်ပါလိမ့်မယ်။ (ဓမ္မပါဠိတော်၊ ပထမတွဲ၊ ၂၈၈။ ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၂၇၂။)

(၄) ဘုရား၊ တရား၊ သံဃာ သရဏဂုံသုံးပါးကို ကိုးကွယ်ဆည်းကပ်သူဟာ သစ္စာလေးပါးကို မြင်ရလိမ့်မယ်။ ရတနာသုံးပါးကို ကိုးကွယ်သူအား အလုံးစုံသော ဒုက္ခအပေါင်းမှ ကင်းလွတ်လိမ့်မယ်။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၅၉)

တဖန် နတ်ကိုးကွယ်ခြင်းနဲ့ပတ်သတ်ပြီး ပိဋကတ်တော်များတွင်လာရှိတာများကို ဖော်ပြပေးရမယ်ဆိုရင်

(၁) နတ်တို့ချစ်မြတ်နိုးစေရန် မေတ္တာသုတ်ကို အမြဲရွတ်ဆိုပေးပါ။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၂၀၁)

(၂) နတ်ဆိုတာ သမုတိနတ်၊ ဥပပတ္တိနတ်၊ ၀ိသုဒ္ဓိနတ်ဆိုပြီး (၃)မျိုးသာ ရှိတယ်။ မင်း၊ မိဖုရား၊ မင်းသားတွေဟာ သမုတိနတ်များ ဖြစ်တယ်။ ဥပပါတ်ပဋိသန္ဓေနဲ့မွေးဖွားလာတဲ့ စတုမဟာရာဇ်စတဲ့ နတ်ပြည်(၆)ထပ်ဟာ ဥပပတ္တိနတ်များ ဖြစ်တယ်။ ပူဇော်အထူးကို ခံယူထိုက်တဲ့ ဘုရား၊ ရဟန္တာများဟာ ၀ိသုဒ္ဓိနတ်များ ဖြစ်တယ်။ အလှူပေးခြင်း၊ ဥပုသ်သီလစောင့်ထိန်းခြင်းများ ပြုလုပ်သူဟာ မင်းစည်းစိမ်၊ သူကြွယ်စည်းစိမ်၊ နတ်ပြည်ခြောက်ထပ်စည်းစိမ်တို့ကို ခံစားရပါတယ်။ လူတို့ရဲ့အသက်ဟာ အသက်(၁၀၀)ကနေ တစ်ရာထက် အနည်းငယ်လွန်ပြီး (၁၆၀)မျှလောက်သာ အသက်ရှည်ကြပါတယ် လို့ မြတ်ဗုဒ္ဓက မိန့်ကြားခဲ့ပါတယ်။ (၀ိဘင်္ဂပါဠိတော်-၄၃၇)

(၃) ကုသိုလ်ကောင်းမှုပြုပြီးတိုင်း နတ်တို့ကို အမျှဝေရင် နတ်တို့က ပြန်လည်စောင့်ရှောက်ပေးကြတယ်။ သူတို့ကို အမျှဝေခြင်းနဲ့ပူဇော်ရင် နတ်တွေဟာ အထူးနှစ်သက်တယ်။ အမျှဝေခြင်းနဲ့ ပူဇော်တဲ့သူကို နတ်တွေက တုံ့ပြန်တဲ့အနေနဲ့ မိခင်တစ်ယောက်က မိမိရင်သွေးကို စောင့်ရှောက်ကာကွယ်သလို ပြုလုပ်ပေးကြတယ်။ နတ်တွေရဲ့ စောင့်ရှောက်မှုကို ခံရသူဟာ မကောင်းတဲ့အနိဋ္ဌာရုံများနဲ့ မတွေ့ရဘဲ ကောင်းတဲ့အာရုံများနဲ့သာ ကြုံတွေ့ရပါတယ်။ (ဥဒါန၊ ပါ၊ ၁၈၈၊ ဋ္ဌ၊ ၃၇၉)

(၄) နတ်တို့ကို အမျှဝေပေးတဲ့သူကို နတ်တို့ကစောင့်ရှောက်ကြတဲ့အတွက် ဖြစ်ပေါ်နေတဲ့ဒုက္ခတွေ ငြိမ်းစေနိုင်ပြီး စည်းစိမ်တိုးပွားပါတယ်။ (အံ၊ ဋ္ဌ၊ ၇၊ ၁၅၄)

(၅) အကြင်သူတို့သည် နေ့၌လည်းကောင်း၊ ည၌လည်းကောင်း နတ်များကို ပူဇော်ကြတယ်။ ထိုသူတို့ကို အကြင်နတ်များက မမေ့မလျှော့ဘဲ ကာကွယ်စောင့်ရှောက်ကြပါလို့ မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ပါတယ်။ (ခုဒ္ဒကပါဠိတော်၊ ၅)

(၆) ဗေဒင်သုံးးပုံတက်ကျွမ်းသူ၊ မင်းဘုရင်၊ နတ်မင်းကြီးလေးယောက်၊ တာဝတိံသာနတ်စသူတို့က ရှိခိုးရတဲ့ သိကြားမင်းဟာ ကောင်းမှုကုသိုလ်ပြုလုပ်သူ၊ သီလရှိသူ၊ ရတနာသုံးပါးကို ဆည်းကပ်သူ၊ တရားနဲ့အညီ မိဘ၊ သားမယားကို လုပ်ကိုင်ကျွေးမွေးသူတို့ကို ရှိခိုးပါတယ်။ (သံ၊ ၁၊ ၂၃၆)

သိကြားမင်းကတောင် အထက်ပါအင်္ဂါ(၄)ချက်နဲ့ ပြည့်စုံသူကို ရှိခိုးတယ်ဆိုမှတော့ မိမိတို့ကသာ အထက်ပါအချက်များပြည့်စုံအောင် ပြုလုပ်နေထိုင်ဖို့ လိုပါတော့တယ်။ သိကြားမင်း ရှိခိုးခံရတဲ့သူဆိုရင် သိကြားမင်းထက်နိမ့်တဲ့ပုဂ္ဂိုလ်တွေက ဒုက္ခပေးမှာ ကြောက်စရာ မလိုတော့သလို သိကြားမင်းလောက်မှ အစွမ်းအစမရှိတဲ့သူတွေက ကူညီစောင့်ရှောက်မယ်ဆိုတာလည်း ယုံကြည်စရာ မလိုတော့ပါဘူး။ တကယ်တမ်း ကူညီမစထိုက်တဲ့ပုဂ္ဂိုလ်ဆိုရင် သိကြားမင်းကိုယ်တိုင် ကူညီမစပေးပါလိမ့်မယ်။

ဒါဆို မိမိတို့က သိကြားမင်းထက်သာလွန်တဲ့ ရတနာသုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်ပြီး မိဘဆရာသမားတို့ ကျေးဇူးကိုသိတတ်တဲ့ အနေနဲ့ ကျေးဇူးဆပ်ကာ ရှိခိုးဖို့ လိုပါတော့တယ်။ သိကြားမင်းထက်နိမ့်တဲ့ ကျန်တဲ့ပုဂ္ဂိုလ်တွေကို ကိုးကွယ်ရှိခိုးစရာလည်း မလိုတော့ပါဘူး။ ကျန်တဲ့အရာများကို ကိုးကွယ်ရှိခိုးတယ်ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ အထက်ပါအင်္ဂါ(၄)ချက်နဲ့ မပြည့်စုံလို့သာ ဖြစ်ပါလိမ့်မယ်။

ရှိခိုးတဲ့အခါ ရှိခိုးသူနဲ့ ရှိခိုးခံသူတို့မှာ ရှိခိုးသူကသာ ကုသိုလ်ရပြီး ရှိခိုးခံသူက ကုသိုလ်မရပါ။ ရှိခိုးခံသူဟာ ရှိခိုးခံထိုက်တဲ့ အရည်အချင်းများ မရှိဘူးဆိုရင် အပြစ်သာ ရပါတယ်။ ဒါကြောင့် မိမိတို့က သူတစ်ပါးကို ရိုသေလေးစားထိုက်တဲ့ အရည်အချင်များရှိပါက ရှိခိုးနိုင်ပါတယ်။ ရှိခိုးခံရသူကသာ မိမိမှာ အရည်အချင်း ရှိမရှိ စမ်းသပ်ပြီး ရှိခိုးခံသင့် မခံသင့်ကို စဉ်းစားရပါမယ်။ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံစံတစ်ရပ်ဖြစ်လို့ တစ်ဦးနဲ့တစ်ဦး လက်အုပ်ချီတာမျိုးဆိုရင်တော့ ဒါဟာ နှစ်ဦးနှစ်ဘက်လုံးပေါ် လေးစားမှုသာပြတာကြောင့် ဘယ်သူမှာမှ အပြစ်မဖြစ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ လက်အုပ်ချီသူစိတ်ထဲမှာ ယဉ်ကျေးမှုဓလေ့ အနေနဲ့သာ ပြုလုပ်ခြင်းကြောင့် ဖြစ်ပါတယ်။

ဒါကတော့ ဦးဇင်းလေ့လာတွေ့ရှိသမျှ ကိုးကွယ်ခြင်းနဲ့ပတ်သတ်တာ၊ နတ်ပူဇော်ခြင်းနဲ့ ပတ်သတ်တာတွေပါ။

မေးခွန်းရှင်ပြောတဲ့ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်တို့ဟာ ဗုဒ္ဓဘာသာနဲ့ပတ်သတ်တဲ့ ပိဋကတ်တော်များတွင် မပါရှိပါ။ နတ်များကို ပူဇော်ပသခြင်းများ ပြုလုပ်ရမယ်ဆိုတာ အပေါ်မှာတွေ့ရှိရတဲ့ ကျမ်းဂန်လာများအရ ကုသိုလ်ကောင်းမှုကိုသာ အမျှဝေပေးခြင်းသာဖြစ်ပြီး ကျန်တဲ့ စားသောက်ပစ္စည်းတွေနဲ့ ပူဇော်စရာ မလိုဘူးဆိုတာ ထင်ရှားနေပါတယ်။

ဒီနေရာမှာ ဆက်စပ်မိတာနဲ့ သူရဿတီနတ်ကိုကိုးကွယ်မှုကို ပြောချင်ပါသေးတယ်။ သူရဿတီနတ်ဟာ ဟိန္ဒူဘာသာတို့ရဲ့အယူအရ ကမ္ဘာလောကကြီးကအစ ဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်နတ် ဖြစ်ပါတယ်။ အဲဒီလိုဖန်ဆင်းရှင် နတ်စတာတွေကိုးကွယ်ရင် ကမ္မဿကတ-ကံ, ကံရဲ့အကျိုးကို ယုံကြည်မှုကင်းမဲ့သွားလို့ သရဏဂုံပျက်စီးပြီး ဗုဒ္ဓဘာသာအဖြစ်ကနေ ဟိန္ဒူဘာသာ ဖြစ်သွားပါတယ်။

အဲဒီစကား ခိုင်မာမှုရှိဖို့ရန်အတွက် ကျမ်းဂန်များတွင် လိုက်လံရှာဖွေကြည့်ရာ “ရတနာသုံးပါးကို လောကဓာတ်တစ်ခုလုံးရဲ့ အမြတ်ဆုံးအလှူခံဟု မှတ်ယူကာ ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ အရိုအသေပြုခြင်းတို့ပြုလုပ်ရင် သရဏဂုံယူပြီးဖြစ်သွားတယ်။ သရဏဂုံ တည်ပြီးဖြစ်သွားတယ်။ သရဏဂုံ တည်ပြီးတဲ့ ဗုဒ္ဓဘာသာဝင်ဟာ ရတနာသုံးပါးမှတစ်ပါး အခြား နတ်၊ ဘိုးတော်၊ တိတ္ထိရဟန်းစတဲ့ တစ်ဦးဦးကို တစ်လောကလုံးရဲ့ အမြတ်ဆုံးပုဂ္ဂိုလ်လို့ နှလုံးသွင်းကာ ကိုးကွယ်ဆည်းကပ်ခြင်း စသည်တို့ပြုမိရင် မူလဆောက်တည်ထားတဲ့ သရဏဂုံ ပျက်သွားပေတယ်" လို့ သီလက္ခန်အဋ္ဌကထာဆရာက ဖွင့်ဆိုပြထားတာ တွေ့ရပါတယ်။ (ဒီ၊ ဋ္ဌ၊ ၁၊ ၂၀၇)

အဲဒီတော့ မိမိတို့က ကြောက်လန့်လို့ဖြစ်စေ၊ ရမ်းသမ်းပြီးတော့ဖြစ်စေ တခြားနတ်ဆိုး၊ နတ်မိစ္ဆာ၊ မကောင်းဆိုးဝါး၊ လောကမှာမရှိတဲ့အရာတွေကို ယုံကြည်မယ်ဆိုရင်လည်း မိမိတို့ ခံယူထားတဲ့ ဗုဒ္ဓဘာသာအဖြစ်ကနေ လျှော့ကျမသွားအောင် သရဏဂုံပျက်လောက်အောင်တော့ ရတနာသုံးပါးထက် ပိုမိုပြီး မကိုးကွယ်ကြနဲ့ပေါ့လေ။ ဘုရားစင်ဆိုတဲ့နေရာမှာ ဘုရားဆင်းတုတော်ပဲထားပြီး တခြားအရာများ အရံသဘောအဖြစ် သူများပြောတာ အဟုတ်မှတ်ကာ ယုံကြည်ကိုးကွယ်ချင်လည်း တခြားနေရာမှာ သီးသန့်ထားကြပါ။

လောကမှာ အမှန်တကယ်ရှိတဲ့ စတုမဟာရာဇ်နတ်အစရှိတဲ့ နတ်တွေဟာ မိမိပြုလုပ်တဲ့ ကောင်းမှုကုသိုလ် ကို အမျှဝေပေးဖို့ပဲ လိုတယ်ဆိုတာ အထက်ကတရားတော်တွေ ထောက်ဆကြည့်ရင် သိနိုင်ပါတယ်။ တကယ်လည်း နတ်တွေဟာ လူ့ပြည်က အစားအသောက်တွေကို မစားနိုင်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နတ်သုဒ္ဓါလောက်မှ မကောင်းတဲ့အစားစာတွေ ဖြစ်နေလို့ပါ။ လူတို့ကပြုလုပ်တဲ့ ကောင်းမှုကို အမျှဝေတဲ့အခါ သာဓုခေါ်ရင်တော့ သာဓုခေါ်တဲ့နတ်တွေဟာ ကောင်းမှုတိုးပြီး စည်းစိမ်ချမ်းသာ၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်းတွေ တိုးပွားသွားကြပါတယ်။ ဒါကြောင့် နတ်တွေကို ကောင်းစားစေချင် တယ်၊ မိမိတို့ကိုလည်း စောင့်ရှောက်ကာကွယ်ပေးစေချင်တယ်ဆိုရင်တော့ မိမိကောင်းမှုလုပ်ပြီးတိုင်း အမျှဝေပေးကြပါလေ။

ဒါပြင် ထေရ၀ါဒဗုဒ္ဓဘာသာဝင် အမည်ခံအချို့ဟာ အသေထွက်၊ အရှင်ထွက်ဆိုတဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုသူများကို ကိုးကွယ်နေကြတာ တွေ့ရပါတယ်။ အသေထွက်ဆိုတာ လက်ရှိဘ၀က သေလွန်ပြီးပေမဲ့ အစွမ်းသတ္တိဆက်လက်ရှိနေသေးသူ၊ အရှင်ထွက်ဆိုတာ သက်တမ်းများစွာ ရှည်ကြာလျက်ရှိနေသူများလို့ ယုံကြည်နေကြတာပါ။

သဗ္ဗညုတဘုရားရှင်ဟာ တန်ခိုးအရာ၊ ပညာအရာစတာတွေ အထူးကဲဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ အဲဒီလို သဗ္ဗညုတဘုရားရှင်သော်မှ သူတစ်ပါးဒုက္ခကို ကယ်တင်မပေးဘဲ ဘယ်လိုလုပ်ဆိုတာလောက်ပဲ လမ်းညွှန်ပေးပြီး ကိုယ်လုပ်မှ ကိုယ်ရမယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကို ခု ထွက်ရပ်ပေါက်တွေ၊ သိဒ္ဓိရှင်တွေ၊ နတ်အမျိုးမျိုးတွေက ကယ်တင်ပေးမယ်။ မင့်တို့လုပ်စရာမလိုဘူး။ ငါတို့လုပ်ပေးမယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားစေချင်ပါတယ်။

မြတ်ဗုဒ္ဓသေလွန်(ပရိနိဗ္ဗာန်စံ)တဲ့အခါမှာလည်း မင့်တို့ကို ငါသေသွားပေမဲ့ ကယ်တင်နိုင်သေးတယ်၊ ကယ်တင်ပေးဦးမယ်လို့ မပြောခဲ့ပါဘူး။ မင့်တို့ဒီလိုလုပ်ရင် ဒီလိုအကျိုးတရားတွေတော့ ခံစားရမယ်ဆိုပြီး နည်းလမ်းပဲပေးခဲ့ပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရမှာပါ။ လောကမှ အသာလွန်ဆုံး၊ အတုမရှိတဲ့ မြတ်ဗုဒ္ဓသော်မှ သေလွန်တဲ့အခါ ဘာအစွမ်းမှ မရှိတော့ဘဲ မသေခင်က အဓိဋ္ဌာန်တာများသာ ရှိနေတော့တာမို့ ကျန်တဲ့ပုဂ္ဂိုလ်တွေက သေပြီးအစွမ်းသတ္တိတွေ ရှိနေသေးတယ်ဆိုတာ ယုတ္တိရှိရဲ့လား၊ ဖြစ်နိုင်ပါမလား။

သိဒ္ဓိရှင်၊ ၀ိဇ္ဇာသမားတွေကို ကိုးကွယ်ယုံကြည်နေသူများက အဲဒီလူတွေဟာ သေပြီးသော်လည်း တန်ခိုးနဲ့ ကယ်တင်သေးတယ်လို့ ယုံကြည်ကြတယ်။ တချို့က မသေဘဲအသက်ရှင်လျက် ရှိနေသေးတယ်လို့ ယုံကြည်ကြပါတယ်။ တကယ်တော့ ယခုလူ့သက်တမ်းဟာ တစ်ရာသက်တမ်းဖြစ်တဲ့အတွက် အထက်မှာမြတ်ဗုဒ္ဓပြောခဲ့တဲ့အတိုင်း အသက်(၁၀၀)ထက် အနည်းငယ် ကျော်လွန်သူ (၁၆၀)ပတ်ဝန်း ကျင်သာ အသက်ရှည်မယ်လို့ ပထမအာယု၊ ဒုတိယအာယုသုတ် (သံ၊ ၁၊ ၁၁၀) တို့မှာလည်း မိန့်ကြားထားခဲ့ တာကို ထောက်ဆကြည့်ရင် ထင်ရှားနေတာမို့ အသက်မသေဘဲ ကယ်တင်စောင့်ရှောက်နေတဲ့သူ မရှိဘူးလို့ သတ်မှတ်ရပါလိမ့်မယ်။

မိမိတို့ ယုံကြည်ကိုးကွယ်နေတဲ့သူတွေဟာ မြတ်ဗုဒ္ဓလုပ်မပေးနိုင်တာကို လုပ်ပေးနိုင်တယ်။ မြတ်ဗုဒ္ဓထက် သာလွန်သူတွေဖြစ်နေ ရင်တော့ မြတ်ဗုဒ္ဓဟာ အတုမရှိ မြတ်ဗုဒ္ဓမဟုတ်တော့ဘဲ ဖြစ်သွားပါ လိမ့်မယ်။ဒါကြောင့် ယုံကြည်တဲ့နေရာမှာ မိမိတို့ အဓိကထားယုံကြည်နေတဲ့ မြတ်ဗုဒ္ဓထက် သာလွန်နေသူများကို ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဆင်ခြင် ယုံကြည်ဖို့လိုတယ်ဆိုတာ မမေ့ပါနဲ့။ မြတ်ဗုဒ္ဓထက် သာလွန်သလိုဖြစ်နေတဲ့ ဒီလိုပုဂ္ဂိုလ်တွေကို ယုံကြည်မိရင် မိမိတို့ဟာ ဗုဒ္ဓဘာသာ ဖြစ်ပါဦးမလားဆိုတာ စဉ်းစားဆင်ခြင်ကြည့်ရင် သိပါလိမ့်မယ်။

ဦးဇင်းတက်သိသမျှ ရေးဖြေပေးခြင်းကို ယခုတော့ ဒီမျှနဲ့ပဲ နားပါရစေ။ စာဖတ်ပရိသတ်များအားလုံး အသိပညာကြွယ်ဝကြပြီး ကိုးကွယ်ရာအစစ်ကို ကိုးကွယ်ရင်း အမှန်တရားရှိရာသို့ လျင်မြန်စွာ ရောက်ရှိ ခံစားနိုင်ကြပါစေလို့ ဆန္ဒပြုလျက်......။




အရှင်ကောမလ ဆန်နီနေမင်း