သာသနာအစ သုဝဏ္ဏဘူမိက ဆိုစကားအတိုင်း အနော်ရထာမင်း လက်ထက်မှာ ရဟန္တာ ရှင်အရဟံ က သထုံပြည် မနူဟာမင်းမင်းထံက ပိဋကတ်တော်များကို အလှူခံရယူလာခဲ့ရတယ်။ ဗုဒ္ဓသာသနာတော် မြန်မာနိုင်ငံမှာ စတင်ထွန်းကားနိုင်တာ သထုံက မနူဟာမင်းရဲ့ ကျေးဇူးလို့ ရသေ့ကိုယ်တော်ကြီးက သတိရတယ် ထင်ပါရဲ့။ ဒါကြောင့် မင်းတုန်းမင်းကြီး မန္တလေးမြို့က ကုသိုလ်တော်ဘုရား အတွင်းမှာ ပိဋကတ်သုံးပုံကို ပါ ဠိတော်များကို စကျင်ကျောက်ပြားကြီး (၇၂၉) ချပ်ပေါ်မှာ ထွင်းထုပြီး လှူခဲ့သလို ပိဋကတ်သုံးပုံ ပါ ဠိတော်များကို စကျင်ကျောက်ပြားကြီး (၇၄၅) ချပ်ပေါ်မှာ ကောင်းမွန်မှန်ကန်စွာ ထွင်းထုစေပြီး သထုံမြို့ သိကြားဘုရားခေါ် တဲ့ ရွှေစာရံဘုရား မဟာရံ တံတိုင်းအတွင်း၌ ထားရှိ လှူဒါန်းတော်မူခဲ့ ပါတယ်။ ရသေ့ ကိုယ်တော်ကြီး က သထုံဟာ ရှေးတုန်းက သာသနာတော် ထွန်းကားခဲ့တဲ့ မူလဘူတမို့ ယခုလို ပိဋကတ်တော် ဓမ္မခ္ဓာ ကြွရောက်တာ သာသနာတော် အရှည် တည်တံ့မယ့် အဓိပ္ပါယ်လို့ ဆိုပါသတဲ့ ဟူ၍ လူထုဒေါ်အမာက ပြောဆိုခဲ့ပါသည်။
အဌကထာ နဲ့ ဋီကာများ အဌကထာ နဲ့ ဋီကာများ ကျောက်ချပ်ပေါင်း (၁၇၇၄) ချပ်ကို မန္တလေးမြို့ စန္ဒာမုနိဘုရားအတွင်းမှာ ထားရှိလှူဒါန်းတော်မူခဲ့ပါတယ်။ ရသေ့ကိုယ်တော်ကြီးက သူရွက်ဆောင်မယ့် သာသနာတော်အတွက် ဒီကိစ္စကြီးဟာ အလွန်ကြီးမားတာဖြစ်လေတော့ သူ့သဘောနဲ့သူ ပြုမူ ရွက်ဆော်တော် မမူပါဘူး။ တော်ခွင် သာသနာပိုင် ရဲ့ သဘောတူ ညွှန်ကြားချက်နဲ့ လေးပြင်လေးရပ်က ဆရာတော် သံဃာတော်ကြီးတွေ အားလုံး ရဲ့ သဘောတူညီချက်၊ ကူညီဆောင်ရွက်ပေးချက်များ နဲ့အတူ ဆောင်ရွက်သွားတာ ဖြစ်ပါတယ်။
No comments:
Post a Comment