ဗုဒ္ဓဘာသာတို့၏မေတ္တ္တာတရားသည် အခြားဘာသာတို့၏မေတ္တာတရားနှင့်မတူနိုင်ပါ။ မေတ္တာဟူသည်မှာ ချစ်ခင်မြတ်နိုးခြင်း ဟု အဓိပါယ်ရသည်။ တရားကိုယ်အားဖြင့် အဒေါသစေတသိက်ဖြစ်သည်။ ယင်းသည် ရုန်ရင်းကြမ်းတမ်းခြင်း၊ ငြူစူခြင်း၊ မနာလိုဝန်တိုခြင်း စသည်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ မေတ္တာဟူသော ဝေါဟာရသည် ဘာသာတရားတိုင်း အနီးအပါးတွင် ရှိကြည်။ သို့ရာတွင် ဗုဒ္ဓ၀ါဒအရ မေတ္တာတရားနှင့် အခြားဘာသာဝါဒတို့၏ မေတ္တာတရားမှာ မနှစ်သာရအားဖြင့် ကွာခြားပါသည်။
ဖန်ဆင်းရှင်ဝါဒအရ ဤကမ္ဘာ လောကအပါအ၀င် သက်ရှိ၊ သက်မဲ့ ၊ တောတောင်၊ ရေမြေတို့ကို အနန္တတန်ခိုးရှင် ထာဝရဘုရားသခင်က ကြီးမြတ်သော မေတ္တာကြောင့် ဖန်ဆင်းခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် ထိုထာဝရသခင်ကပင် လူသားတို့၏ အစားအစာအတွက် သတ္တ၀ါတို့ကို သတ်ဖြတ် စားသောက်ခွင့်ပြုပြန်သည်။ စစ်မှန်သောမေတ္တာသည် သတ္တ၀ါအားလုံးအပေါ် ထပ်တူညီမူ ဖြစ်သင့်သည်။ ခွဲခြားရှုမြင်သော မေတ္တာမှန်လျှင် မစစ်မှန်ပေ။ မိမိအားသတ်ရန် တရှိန်ထိုးပြးလာသည့် နာဠာဂီရိဆင် ၊ အသရေဖျက်သူ စိဉ္စာမာန အမျိုးသမီးကိုလည်း မဟာကရုဏောတော်ဖြင့်သာ တုန့်ပြန်၍ ငြိမ်းချမ်း စွာ အောင်မြင်တော်မူခဲ့သည်။
လက်စားချေရမည်ဟူသောဆုံမချက်ကိုဗုဒ္ဓ၀ါဒရေးရာ အလုံးစုံသော စာပေပိဋကတ်၌ မတွေ့ရခြင်းသည်ပင် ဗုဒ္ဓ၀ါဒမေတ္တာ၏ ထူးမြတ်သောအသွင်ပြင် လက္ခဏာတရပ်ဖြစ်သည်။ ဒေါသကို မေတ္တာဖြင့်၊ ရန်ကိုရန်မပြုခြင်းဖြင့်၊ ပညာမဲ့သူကို ပညာရှိခြင်းဖြင့် အောင်မြင်ရမည်ဟုသာ ဗုဒ္ဓညွန်ပြတော်မူပါသည်။
သိုရာတွင် ဗုဒ္ဓဘာသာဝင်တို့သည် အလုံးစုံးကို အရှုံးပေး အညံ့ခံသည်ဟူ၍ကားမဆိုလိုပေ။ မဟုတ်မတရား စွပ်စွဲပြောဆိုလာပါက မဟုတ်သည့်အကြောင်းကို အထောက်းအထားခိုင်လုံစွာပြ၍ ချေပပြောဆိုရမည်။ မိမိ၏ဓမ္မ၌ တကယ်ရှိ၊ ဟုတ်မှန်နေလျှင် ဤအချက်သည် မှန်ကန်ကြောင်း စွပ်စွဲလာသူအား ချေပပြောဆိုရမည်ဟု ဗုဒ္ဓညွန်ကြားပါသည်။ တဖက်သားက ကြမ်းတမ်းစွာ ဆဲရေးပြောဆိုလာပါမူ မိမိက နူတ်ဆိတ်၍ သီးခံနိုင်ရမည်။ မိမိကပြန်လည်၍ ဆဲဆိုကြိမ်းမောင်းလိုက်ပါက မိမိလည်းတဖက်သားကဲ့သို့ပင် ရိုင်းစိုင်းကြမ်းတမ်းသူ ဖြစ်သွားသောကြောင့်တည်း။
အချုပ်အားဖြင့်မူ ဗုဒ္ဓ၀ါဒမေတ္တာသည် သတ္တ၀ါအားလုံးကိုတန်းတူညီမှူ့ရှိသည်။ အခြားဘာသာဝါဒအရ မေတ္တာမှာ ချစ်သူ မုန်းသူ လူနှင့်တိရိ စ္ဆာန် မိမိလူမျိုးအခြားလူုးမျိုး စသည့်ဖြင့် ကွဲပြားစွာ ထားသည်။ ထို့ကြောင့် မေတ္တာဟူသော ဝေါဟာရ တူသော်လည်း အနှစ်သာရအတွင်းသရုပ်အားဖြင့် အရှေ့နှင့် အနောက်ပမာ ဆန့်ကျင်လှပါသည်...........။ ။
No comments:
Post a Comment