........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jan 8, 2016

တောင်သူအမည်ခံ ပျူ (ပအို၀်း) လူမျိုးများ

တောင်သူအမည်ခံ ပျူ (ပအို၀်း) လူမျိုးများ
*****************************

ပအို၀်းလူမျိုးများနှင့် ပျူလူမျိုးများသည် သီးခြားလူမျိုးများ မပာုတ်ဘဲ လူမျိုးတစ်မျိုး တည်းဖြစ်ကြောင်း ဆက်စပ် ထုတ်ဖော်ပြနိုင်ပါသည်။ ပအို၀်းပာူသော ေဝါပာာရနှင့် ပျူပာူသော ေဝါပာာရတို့သည် မြန်မာ ဘာသာ မြန်မာေဝါပာာရ များမပာုတ်ဘဲ ပျူ ( ပအို၀်း) တို့၏ ေဝါပာာရသာဖြစ်ပါသည်။ ပျူနှင့် ပအို၀်း ပာူသော ေဝါပာာရ များသည် ဦး၊ ပေါက်ဦး၊ ပေါ်ဦး၊ ဦးစွာ၊ စောစွာ၊ လျင်စွာ၊ ဗိုလ် စသည်ဖြင့် ဆိုလိုချက် တူသော အဓိပ္ပါယ်ရှိသည့် ေဝါပာာရများ ဖြစ်ပါသည်။

ထို့အပြင် ပျူကိုသော် လည်းကောင်း ပအို၀်းကိုသော်လည်းကောင်း သမိုင်းမှတ်တမ်းများ၌ ရှေးရေးထုံး အရ တိရ်စုလ် ( တောင်သူ ) ပာု အထင်အရှား တွေ့ရပါသည်။

မွန်တို့သည် ပျူတို့ကို တိရ်စုလ်ပာူ၍ လည်းကောင်း ပါရှသားတို့သည် သူတို့ကို တြသူလ် ပာူ၍လည်း ကောင်း ခေါ်ေဝါ်ကြသည်ပာု တွေ့ရသည်။

ထို့အပြင် ရည်စိန်၏ လင်(န်)ယန်(င်) နှင့်ဆက်စပ်သော ရှေးပောာင်း မြန်မာနိုင်ငံ သမိုင်းတစ်ရပ် စာ တမ်းတွင် ပျူတို့က မွန်တို့ကို တန်လှိုင် ပာုခေါ်သော် မွန်တို့က ပျူတို့ကို တိရ်စုလ် Tirsul ပာုခေါ်တွင်ခဲ့သည် ပာုတွေ့ရှိရပါသည်။

တရုတ်မှတ်တမ်းလာ ထူလော်ကျူးသည် ထီးလှိုင်မင်းနန်းတည် ကျောက်စာ၌ ပါရှိသော တိရ်စုလ် နှင့် ထပ်တူဖြစ်ကြောင်း ဆရာကြီး လုစ်က ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ထူလော်ကျူးပာူသော တရုတ်စာလုံး သုံးလုံး၏ ရှေးပောာင်း အသံထွက်သည် တိရ်စုလ် နှင့် နီးစပ်ပါသည်။ ထို့နောက် ဆရာကြီး လုစ်သည် ပါရှမှတ်တမ်းတွင် ပါ ရှိသော တြသူလ်/ဋူသူလ်ကိုပါဖော်ပြသေးကြောင်း ထို့ကြောင့် တရုတ်မှတ်တမ်း လာထူလော်ကျူးသည် လည်း ကောင်း မွန်အခေါ်တိရ်စူလ်သည် လည်းကောင်း ပါရှအခေါ် တြသူလ်/ဋူသူလ်သည် လည်းကောင်း ထပ်တူဖြစ် သည်မှာ ယုံမှားဖွယ် ရာမရှိချေ ပာုလည်းတွေ့ ရှိမှတ်သားရ ပါသေးသည်။

ထို့ကြောင့် ပျူ လူမျိုးများကို တောင်သူပာု ခေါ်ဆိုခဲ့ကြကြောင်း ထင်ရှားပါသည်။ ယနေ့ ခေတ်ကာလ တွင် ပျူတစ်ဖြစ်လဲ ပအို၀်း လူမျိုးများကို တောင်သူလူမျိုး ပာုခေါ်ဆိုခဲ့ကြကြောင်းမှာ အများသိပြီးကိစ္စ ဖြစ်ပါ သည်။ ပျူကိုလည်းတောင်သူ၊ ပအို၀်း ကိုလည်း တောင်သူ ပာုခေါ်ဆိုခဲ့ကြသည်မှာ တစ်မျိုးတည်း သော လူမျိုး သာ ဖြစ်သောကြောင့် ဖြစ်ကြောင်း အငြင်းပွားဖွယ် မရှိပေ၊ ထိုတောင်သူပာူ သော အမည်နာမ၏ ဆိုလိုရင်း အဓိပ္ပါယ် များသည် မည်သို့ ရှိနေမည်ကို စူးစမ်းလေ့လာရန် လိုအပ်လာပါသည်။

တောင်သူပာူသော စကားကို မနှစ်သက်သောကြောင့် တောင်သူမှ ပအို၀်း ပာုခေါ်ေဝါ် သုံးစွဲရန် ၁၉၄၈ ခုနှစ်တွင် ပအို၀်း အမျိုးသား အဖွဲ့မှ သထုံးဦးလှဖေ ခေါင်းဆောင်သော ပအို၀်းလူထု ဆန္ဒ ပြပွဲကို သထုံ မော်ကျော့ရပ် ရေကျော် ဘုန်တောင်ကြီးကျောင်း ၀င်းတွင် ကျင်းပခဲ့သည်။ ယင်းဆန္ဒ ပြပွဲမှ ပအို၀်း တိုင်းရင်း သား တို့ကို တောင်သူပာု ခေါ်ဆိုရာမှ ပအို၀်း ပာူ၍ ပြောင်းလဲခေါ် ေဝါ်ရန်ဆုံးဖြတ်ခဲ့ ကြသည်။ ဤဆုံးဖြတ်ချက် ကို သက်ဆိုင်ရာ တို့က အသိမှတ်ပြု ခဲ့လေသည်။

ထို့ကြောင့် ပျူမှ တောင်သူ ပာုခေါ်ခဲ့ရာမှ တောင်သူ အမည်ကို ပအို၀်း ပာု ပြောင်းလဲ သုံးနှုန်း လေသော အခါ သမိုင်း ပညာရှင်များက ထိုအပြောင်းအလဲကို အမှတ်သညာ မပြုမိတော့ဘဲ ပျူလူမျိုးများ ဆိတ် သုဉ်း ကွယ်ပျောက်ခဲ့ ပြီပာု ထင်မြင်ယူဆကြ လေတော့သည်။

ပျူ လူမျိုးများကို တောင်သူပာု ခေါ်ဆိုရခြင်း အကြောင်းရင်းကို ရှင်းလင်းဖော်ပြ ထားခြင်းမရှိသော် လည်း ပျူ လူမျိုးများကို မွန်လူမျိုးများက တောင်သူ ပာုခေါ်ဆိုခဲ့ကြကြောင်းကို အထက်၌ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

ပအို၀်း တိုင်းရင်းသား တို့သည် ၎င်းတို့အား တောင်သူလူမျိုး ပာုခေါ်ခြင်းထက် ပအို၀်းပာုခေါ် ခြင်ကို ပို၍ နှစ်သက်ကြသည်။ အဘယ်ကြောင့်ဆိုသော် -

(၁)    တောင်သူ ပာူသော စကားမှာ တောင်ယာ လုပ်ငန်းဖြင့် အသက်မွေး သူပာု အဓိပ္ပါယ်ရ၍ တောင်သူ လယ်သမား နှင့် တောင်သူ လူမျိုးကို မရောယှက်လိုခြင်း။

(၂)    ပအို၀်း ဘာသာစကားဖြင့် မိမိလူမျိုး အခေါ်အေဝါ် ကို ပိုမိုနှစ်ခြိုက်စွာ အသုံးပြုလိုခြင်း။

(၃)    ယခင်အချိန်က တောင်သူ လယ်သမားများသည် စာပေမတတ်၊ ဗပာုသုတ ခေါင်းပါးပြီး ထုံထိုင်း ရိုးအသောသူပာု အယူရှိကြသဖြင့် တောင်သူ ပာုခေါ်ခြင်းကို မနှစ်လိုခြင်း တို့ဖြစ်လေသည်။ ထို့ပြင် ရှမ်းပြည်နယ်တွင် ပဒေသရာဇ်စနစ် ထွန်းကားလာစဉ်က အလုပ်အကျွေးပြုရသော လူတန်းစား အဖြစ်သတ်မှတ် ခံရသော ကြောင့် ဖြစ်လေသည်။ ပာုဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်။

ထိုဖော်ပြချက်များဖြင့် အခြေတည်ကာ ခေါ်ဆိုခြင်း ဖြစ်ပါက လက်မခံလို ခြင်းမှာ သဘာ၀ကျပါသည်။ သို့သော် ကနဦးကာလ၌ ထိုအကြောင်း များကို ခြေခံပြီးပျူ ( ပအို၀်း) တို့ကို တောင်သူ ပာုခေါ်ဆိုခဲ့ကြ ခြင်း ပာုတ်ပာန်မတူပေ။ တောင်သူ ေဝါပာာရနှင့် ပတ်သက်ပြီး ဂုဏ်ယူလက်ခံ နိုင်စရာ ကောင်းမြတ်သော ဆိုလိုရင်း အဓိပ္ပါယ် များရှိနေမည်ပာု ယုံကြည်ပါသည်။ ထို့ကြောင့် တောင်သူ ပာူသော ေဝါပာာရ ဆိုင်ရာ ဆိုလိုရင်း အဓိပ္ပါယ်များကို လက်လှမ်းမီသမျှ လေ့လာဖော် ထုတ်တင်ပြလိုပါသည်။

မြန်မာနိုင်ငံ ရှိ တိုင်းရင်းသား များအား၏ မူရင်းဒေသမှာ မွန်ဂိုလီးယား ကုန်းပြင်မြင့် မှ ဆင်းသက်ခဲ့ သောအဆိုမှာ ယနေ့ တိုင် အခိုင်အမာ လက်ခံနိုင်ကြဆဲ ရှိပါသေးသည်။ ပုံတောင် ပုံညာမှ ပရိုင်းမိတ် တွေ့ရှိမှု အထောက်အထား များအရ တိဘက်မှ မြန်မာသို့ ဆင်းသက်ခဲ့ကြောင်း ဆိုသော အဆိုကို ပြောင်းပြန် လှန်ရမည့် အနေ အထားရှိနေပြီ ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ မွန်ဂိုလွိုက် မျိုးနွယ်များ၏ မူလအရင်း အမြစ်သည် မြန်မာ နိုင်ငံ မှ ပျူလူမျိုးပင် ဖြစ်နိုင်စရာ အကြောင်းရှိလေသည်။ ပျူ ( ပအို၀်း) တို့၏ သမိုင်း ဥဒါန်းစကားသည် ထိုဆိုလို ချက်ကို  ထောက်ခံနေကြောင်း ထူးခြားစွာ လေ့လာတွေ့ ရှိနိုင်မည့် သဘောရှိနေပါသည်။

သို့သော် လက်ရှိအခြေနေအရ မွန်ဂိုလွိုက်မျိုးနွယ်များ မွန်ဂိုလီးယား ကုန်ပြင်မြင့်မှ ဆင်းသက်လာ ခဲ့ခြင်းဖြစ်ကြောင်း ပာူသည့် အဆို ဖြင့်သာ တောင်သူေဝါပာာရ နှင့် ဆက်စပ် ပတ်သက်ပြီး ဆွေးနွေး တင်ပြလို ပါသည်။

ဇမ္ဗူဒီပါ လက်ကျၤာတောင်ကျွန်း ပာူသော စကားကို ကြားဖူးနား၀ ရှိကြပေလိမ့်မည်။ မြန်မာ့ဇာတ် သဘင်တွင် ရှေးရိုး မြန်မာ့ အစဉ်အလာအရ အကထွက်ရာ၌ ဇာတ်စင် အတွင်းညာဖက်မှ ထွက်လေ့ရှိပြီး ဇမ္ဗူဒီ ပါ လကျၤာတောင်ကျွန်း ပာူသော အဓိပ္ပါယ်ဆောင် ခြင်းဖြစ်ကြောင်း လေ့လာမှတ်သား ရဖူးပါသည်။ ဇမ္ဗူဒီပါ လက်ကျၤာတောင်ကျွန်း ( အချို့ သောင်းကျွန်း ပာု သုံးသည်) သြဘာနမိတ် ထွန်းသည့် ကမ္ဘာဦးလူသား ပေါ်ဦးလူသား အဖြစ် ရှေးဦး မြန်မာများဖြစ်သည့် ပျူ ( ပအို၀်း) လူမျိုးများ သက်၀င်ယုံကြည်ခဲ့ကြပါသည်။

ထိုအကြောင်း ကြောင့်သာလျှင် ပျူ (ပအို၀်း) လူမျိုးများသည် ဇမ္ဗူဒီပါ လက်ကျၤာတောင်ကျွန်း အရပ်၌ ဦးစွာ ပေါက်ဖွား အခြေချ နေထိုင်ခဲ့ကြခြင်း ဖြစ်သောကြောင့် ဦးစွာ ပေါက်ဖွားခြင်းကို ပဦ/ပအူ ပာုခေါ်ဆိုနိုင် သည့် အပြင် တောင်ကျွန်းသူ တောင်ကျွန်းသား အမည်ခံရပြီး တောင်သူတောင်သား လူမျိုးများ အဖြစ် တောင်သူပာု အမည်တွင်လာခဲ့မည်ပာု ပထမဦးဆုံး အချက်အနေဖြင့် ယုံကြည်လက်ခံမိပါသည်။ ပဦ/ပအူ ပာူသောအရေး အသားသည် ပျူပာူသော ေဝါပာာရ ကို ရရှိလာရန် ခြေခံကျသော အသုံးအနှုန်းဖြစ်ပါသည်။ သဒ္ဒဗေဒနည်းအရ ပဦ/ ပအူမှာ ဗျည်း သရတွဲထားသော ရေးသားမှု စနစ်ဖြစ်ပါသည်။ ဧက၀ဏ္ဏရေး နည်းဖြင့်ရေးပါက ပဦ/ပအူမှာ ပျူဖြစ်ပါသည်။ သမိုင်းမှတ်တမ်းများ၌ Piao ပာူ၍လည်းကောင်း Pyu ပာူ၍လည်း ကောင်း ဖော်ပြထားသည်ကို တွေ့ရှိမှတ် သားရပါသည်။

ထိုတောင်သူ တောင်သားပျူ (ပအို၀်း) များသည် မွန်ဂိုလ်လွိုက် မျိုးပင်ဖြစ်သော်လည်း တောင်သူလူမျိုး ပာု အခေါ်ခံ ထိုက်အောင်ပင် မွန်ဂိုလ်လီးယား ကုန်းပြင်မြင့်မှ ပာိမ၀န္တာတောင် ကိုကျော်ဖြတ်ကာ တောင်ဖက် ဒေသ ဆီသို့ ဦးစွာခွဲထွက် လာခ့ဲသူများ ဖြစ်ပါသည်။ ဦးစွာထွက်ခြင်းကို ပျူ (ပအို၀်း) ဘာသာအားဖြင့် ဖဦ/ဖအူ ပာုခေါ်ပါသည်။ အထက်ပါနည်းအတိုင်း ဖဦ/ဖအူ ကို ဖျူ ပာုအသံထွက်နိုင်ပါသည်

ပညာရှင်တို့က ကမ္ဘာလူမျိုးကြီး (၃) မျိုးအနက် မွန်ဂိုလွိုက် အမျိုးသည် လွန်ခဲ့သော နှစ်ပေါင်း လေး သောင်းခန့်မှ အစပြု၍ မြန်မာ့မြေပေါ် တွေ့ရှိနေကြပြီးပာု အခိုင်အမာ ဆိုထားပြီးဖြစ်သည်။ ထို မွန်ဂိုလွိုက် များထဲတွင် မြောက်ဖက်မျိုး သမုဒ္ဒရာ ထဲရှိ ကျွန်းများက အမျိုး အမေရိကန် ဖက်သို့ သွားရောက်သည့် အမျိုး ပာူ၍ ခွဲခြားထားရာ မြန်မာ့မြေပေါ်တွင်နေရစ်ခဲ့ကြသည့် မွန်ဂိုလွိုက်များမှာ တောင်ဖက်နေ လူမျိုးများဖြစ်သည်။ ပာုဖော်ပြထား ပါသည်။

မွန်ဂိုလွိုက်မျိုးနွယ်ချင်း တူလင့်ကတစား တောင်ဖက်မျိုးနွယ်မှ ဦးစွာဆင်းသက်ပေါက်ဖွားလာသော ပျူ (ပအို၀်း) များကိုသာ တောင်သူလူမျိုးပာု ကင်ပွန်းတပ်ခဲ့ကြသည်မှာ ထူးခြားလေသည်။ ထို့ကြောင့် ပျူ ( ပအို၀်း) တို့အား တောင်သူခေါ်ဆို ခဲ့ခြင်းမှာ မွန်ဂိုလွိုက် (၄) မျိုးတွင် တောင်ဖက်အရပ်မှ ဦးစွာပေါက်ဖွား တောင်ဖက် ပာိမ၀န္တာ တောင်ကြီးပေါ်သို့ လည်းကောင်း ပာိမ၀န္တာ တောင်ဖက် အရပ်ဒေသဆီ သို့ လည်းကောင်း ဦးစွာ ဆင်းသက် နေထိုင်ခဲ့ကြသူများ ဖြစ်ခြင်းကြောင့် လည်းကောင်း တောင်သူပာု ခေါ်ထိုက်ခဲ့ပေသည်။

တောင်ဖက် ပင်လည်သမုဒ္ဒရာအတွင်း ဦးစွာနေထိုင်ခဲ့ကြသူများ အဖြစ်လည်း တောင်သူပာုအခေါ်ခံ ထိုက်ပါသည်။ ပျူ (ပအို၀်း) လူမျိုးများ တောင်ဖက် ပင်လယ် သမုဒ္ဒရာရှိ ကျွန်းကြီးများပေါ်တွင် အခြေချနေထိုင် ခဲ့မှု မလွဲမသွေရှိခဲ့သော ကြောင့်ဖြစ်သည်။ သိုသော် ပျူလူမျိုးများ၏ ဒေသကို ခရစ်မပေါ်မီ ကာလနှင့် ခရစ် ပေါ် ပြီးနောက်နှစ်ပေါင်း ခုနှစ်ရာကျော်ခန့်တွင် ပျူတို့ဒေသသည် ကုန်းတွင်းနိုင်ငံတစ်ခု ဖြစ်၏ ယုတ်စွအဆုံး ခရစ်နှစ် ခြောက်ရာစု အချိန်တွင် ဤသို့ ဖြစ်နေသေးသည်။ ပျူတို့သည် ဧရာ၀တီ မြစ်၀ှမ်းတစ်လျောက် ကျယ်ပြန့် သော လွင်ပြင် သာမက ယခုရှမ်းပြည်နယ် ပာု ခေါ်တွင်သောဒေသနှင့် စစ်တောင်းမြစ် အညာပိုင်းမှာလည်း ပျံ့နှံ့နေ ထိုင်ကြ၏ ပာု ဖော်ပြထားသည်ကို တွေရှိရရာ တောင်ဖက်သမုဒ္ဒရာ အတွင်း ပျူလူမျိုးများနေထိုင်ခြင်း ရှိ/မရှိ အတွက် မရှိပာု ဆိုနိုင်စရာ အချက်ဖြစ်နေလေသည်။

ပျူ (ပအို၀်း) တို့၏ တိုင်းပြည် သု၀ဏ္ဏဘုမ္မိသည် အလွန်ပင်ကြီးမား ကျယ်ပြန့်ခဲ့သည်။ ဗုဒ္ဓသာသနိက ပထ၀ီ၀င်ကျမ်းတွင် သု၀ဏ္ဏဘူမိသည် စုမတြာကျွန်း ဖြစ်ကြောင်း ဤသို့ အထောက်အထားပြု၍ ဆိုထား၏ အိနိ္ဒယပြည် ကမ္ပည်းကျောက်စာ ဘက်ဆိုင်ရာက ထုတ်ေ၀သော နာလန္ဒာ အကြောင်းစာအုပ်၌ ဖော်ပြပါရှိသော နလန္ဒာ ကျောင်းကြီးတူးဖော်တွေ့ရှိပုံ အကြောင်းအရာတွင် အောက်ပါအချက်များ ပါရှိသည်။ ( တူးဖော်တွေ့ရှိ ရာ၌ နံပါတ် ၁ ဧည့်ခန်းမကြီးအ၀င် အနောက်မြောက်ထောင့် တစ်နေရာတွင် ၀င်္ဂတိုင်းပါလမင်း ဆက်သုံးဆက် မြောက် ခရစ်နှစ် ၉၀၀ သာသနာနှစ် ၁၄၄၄ခု၊ နောက်ပိုင်း အနှစ် ငါးဆယ်လောက်က အုပ်စိုးခဲ့သော ဒေ၀ပါလ မင်းထား ခဲ့သော ကြေးပုရပိုက်၌ ဖော်ပြထားသည်မှာ သု၀ဏ္ဏဒွိပခေါ် သုမတြာကျွန်း ဘုရင်သီရိဗလပုတ္တဒေ၀ သည် နာလန္ဒာ ကျောင်းကြီး တည်မြဲစေရန် အစောင့်အရှောက် အထောက်အပံ့ ဖြစ်စေရန်နှင့် ၎င်းကျောင်း၌ လာရောက် သီတင်းသုံး၍ ပညာသင်ကြားကုန်သော ရပာန်းတော်များ ချမ်းသာစေရန်အလို့ငှာ သီရိနာကရခေါ် ဋလိပုတ် ခရိုင်နိုင်ငံအတွင်း ရာဇဂပာဂယာစီရင်စု များတွင်ရှိသော ရွာငါးရွာကို ပေးလှူရာ ၎င်းရွာငါးရွာ အဖို့ မိမိ ပိုင်ဆိုင်သော သု၀ဏ္ဏဘူမိရှိသော ရွာငါးရွာကို အစားထိုး၍ ထိုအခါက ပါဋလိပုတ် ခရိုင်နိုင်ငံကို ပိုင်ဆိုင်သော ဒေ၀ပါလ မင်းအားဖလှယ်ပေးကြောင်း ဤသို့ဖော်ပြထားသည်။ ဤသို့ဆိုအပ်ခဲ့သော အလွန်ရှေးကျသော ပုရပိုက်စာ ရှိစကားကို ထောက်၍ မူလသု၀ဏ္ဏဘူမိ အဖြစ် သုမတြာ (စုမတြာ) ကျွန်းကိုပြဆိုရသည်။ (ဗုဒ္ဓသာ သနိက ပထ၀ီ၀င်စာမျက်နှာ ၂၃၃။)

ထို့ပြင် ထိုကျမ်းစာ မျက်နှာ ၂၃၂ ၌ ထိုမှတစ်ပါး မပာာဖနက ဇာတကစသော သာသနိကကျမ်းရာမ ယနစသော လောကိယ ကျမ်းမှတ်တမ်းလာ စကားများအရ အိနိ္ဒယမှ သု၀ဏ္ဏဘူမိသို့ သာသနာရေးအားဖြင့် လည်းကောင်း လောကရေးအားဖြင့် လည်းကောင်း များစွာ အကူအသန်း အဆက်အသွယ်ရှိခဲ့ကြပုံ ယခုတိုင်  သာသနာ အခြေအနေနှင့် ရှေးပောာင်း အဆောက်အအုံများ တည်ရှိနေကြပုံများကို ထောက်ထား၍ သု၀ဏ္ဏဘူမိ နယ်သည် စုမတြာကျွန်း မျှသာ မပာုတ်ဘဲ ၎င်းကျွန်းကို အရင်းခံထား၍ အခြားနီးစပ်ရာ ဘင်္ဂလားအော် အရှေ့ဘက်ကမ်း၌ တည်ရှိကြသော ဂျားဝါးကျွန်း ၊ ဗာလီကျွန်း ဘိုရညိုကျွန်း ၊ သိင်္ဃပူရခေါ် စင်္ကပူ ၊ မလ္လာယုခေါ် ပသျှူးကျွန်း ၊ ကမေ္ဗာဒီးယားခေါ် ခမင်ပြည် ၊ လာအိုခေါ် လောပြည် ( ဣနေ္ဓာစီနအင်ဓိုကျီး နား)၊ ယိုးဒယားပြည်၊ တနသာၤရီ မြန်မာပြည်အောက်ပိုင်း ရာမညတိုင်းများပါ သု၀ဏ္ဏဘူမိ အပါအ၀င် သု၀ဏ္ဏ ဘူမိ နယ်များဖြစ်သင့်သည်ပာု ပြဆိုခဲ့ပေသည် ပာုရေးသားထားပေသည် ပာူ၍တွေ့ရှိ ရပါသည်။

ထိုသုမတြာကျွန်းပေါ်ရှိ သု၀ဏ္ဏဘူမိ ကိုပင်ညွန်းလိုခြင်း သဘောရှိပာန် တူသော ပျူဘုရင်၏ မြို့တော် နှင့် ပက်သက်၍ အေဒီသုံးရာစုအတွင်းက တရုတ်ပြည်မှ အိနိ္ဒယပြည်သို့ ကုန်းလမ်းခရီးဖြင့် မြန်မာနိုင်ငံမှ ဖြတ်သွားစဉ် ပင်လယ်ရေပြင်ထဲရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ပျူဘုရင်၏ ရွေှမြို့တော်ရှိ၏ ဘုရင်ကိုယ်တိုင်က စာပေကျမ်းဂန်ကို ရေးသားပြုစုတတ်၏ မျက်မြင်တွေ့ရှိခဲ့ရသော ကျမ်းတစ်ဆူသည် စကားလုံးအရေအတွက် သုံးထောင်တို့ နှင့်တကွဖြစ်၏ စသည်ဖြင့် တရုတ်ဘုန်းတော်ကြီး နှစ်ပါးက တရုတ်ဘာသာဖြင့် မှတ်တမ်းပြုခဲ့ ဖူး၏ ပာူ၍လည်းလေ့လာမှတ်သားရပါသေးသည်။

မည်သို့ဆိုစေ သု၀ဏ္ဏတိုင်းသား အဖြစ် ခံယူထားသော ပအို၀်း (ပျူ) လူမျိုးများ၏ လေးနက်သိမ်မွေ့လှသော သမိုင်းကြောင်းသည် သမိုင်းပညာရှင်များ၏ မျက်ကွယ်တွင် နက်နက်ရှိုင်းရှိုင်း နေရာယူနေမည် တည်ရှိနေအုံး မည်ပာု ယုံကြည်ယူဆမိပါသည်။

ထို့အပြင် သမိုင်းမှတ်တမ်းများကို အထောက်အထား ပြုလျှင်ပင် ပျူနိုင်ငံ၏ အကျယ်အ၀န်းသည် ထိုထက်မက ကျယ်၀န်းကြောင်း တွေ့ရပါသည်။

ပါရှစာရေးဆရာတစ်ဦးရေးသားခဲ့သည့် ဒောဒီ ၈၀၀ လောက်က ပြုစုသည့် The Ancint Pyu စာတမ်း သည် မှတ်သားဖွယ် ကောင်းလှပါသည်။ ထိုစာအုပ်အကြောင်းကို အခြေပြ မြန်မာနိုင်ငံ ရေးသမိုင်း ပထမတွဲ စာမျက်နှာ ၂၁၂ တွင် ဖော်ပြ ထားပါသည်။

ထိုစဉ်က ပျူနိုင်ငံ (မြန်မာနိုင်ငံ)၏ အကျယ်အ၀န်းမှာ အရှေ့ကိုလားသော် ကမေ္ဘာဇ (ကမေ္ဘာဒီးယား) ၊ တောင်ကိုလားသော် ပင်လယ် ၊ အနောက်တောင် (အရှေ့တောင်) ကိုးလားသော် ဒါွရ၀တီ (သို့) ရှေးပောာင်း ယိုးဒယားပြည်၊ အနောက်ကိုလာသော် အိနိ္ဒယအရှေ့ပိုင်း၊ မြောက်ကိုလားသော် နန်စောပြည် (တရုတ်ပြည်) ပာု ဆိုထားပါသည်။

ပျူနိုင်ငံတွင် လက်အောက်ခံ ပြည်ထောင်ပေါင်း ၁၈ ပြည်ထောင်ရှိသည်။ အထူးသဖြင့် ဖလမ်းပင်( Palem bang) ၊ ဂျာဗား(Java) ၊ ရှာ၀တိ္တ (သာ၀တိၳ Sravasti) ၊ ချမ်ပါ (စမ္ပာ Champa) အပါအ၀င် မြန်မာပြည် တောင်ဘက် ဒေသများ ပါ၀င်သည်ပာု ဆိုထားလေသည်။ [ Parisan Author Ya’qubi. The historian of the “ Abbasid Kingdoms of T-risul, Musha and Mayd, which are neighbor to China, on which they make war. The Ancient Pyu BRSFAP (2) 309]”

အာဖဂန်နစ္စတန် မှတ်တမ်းအရ အေဒီ ၉၈၂ လောက်က ရေးသားခဲ့သည့် ပထ၀ီ၀င်စာအုပ်ဖြစ်သည်။ Hududal – A Lam (ပထ၀ီကျမ်း) Written in 982 A.D in the Gibb Memorial Series of the Royal Asiatic Societ 1939, B 1/p/242-243 စာအုပ်များတွင် ရှေးခေတ် ပျူ လူမျိုးတို့၏ နိုင်ငံတော်သည် အိနိ္ဒယ အရှေ့ပိုင်း ကောသလတိုင်း အင်္ဂတိုင်းတို့ အထိ ကျယ်ပြန့်ကြောင်း ရေးသားထားလေသည် ပာုတွေ့ရပါသည်။

ထိုသောအကြောင်း အချက်များကို ထောက်ဆပြီး ပျူ(ပအို၀်း) လူမျိုးများသည် တောင်သူပာု အခေါ်ခံ ထိုက်အောင် ပာိမ၀န္တာတောင် စဉ်တန်းနှင့် တောင်ဘက်ဒေသများနှင့် တောင်ဘက် ပင်လယ် သမုဒ္ဒရာရှိ ကျွန်း ကြီးများအထိ ဦးစွာဖြန့်ကျက်နေထိုင်ခဲ့ကြမည်ပာု အသေအချာ လက်ခံယုံကြည် နိုင်ပါသည်။

ထို့အပြင် ပျူတို့၏ ဒေသသည် တရုတ်၊ အိနိ္ဒယကုန်သွယ်ရေး လမ်းကြောင်း (သို့) တရုတ်မှ ပါရှားသို့ ကုန်သွယ် ကူးသန်းရာ လမ်းကြောင်းပေါ်တွင် တည်ရှိနေသည်မှာ ထင်ရှားပါသည်။ ထို့ကြောင့် ထိုလမ်းကြောင်း မှယေဘုယျအားဖြင့် ပိုးလမ်းမကြီး၏ တောင်ဘက်ဒေသတွင် နေထိုင်လျှက်ရှိသော လူမျိုးများ အဖြစ် တောင်သူ ပာု အညွန်းပြုခေါ်ဆိုလျှင်လည်း ခေါ်ဆိုထိုက်သော အနေအထား ရှိကြောင်းတွေ့ရပါသည်။

သု၀ဏ္ဏဘူမိတိုင်းသည် တောင်ဘက် ပင်လယ်သမုဒ္ဒရာ ထဲရှိကျွန်းအထိ ကျယ်ပြန့်ခဲ့ကြောင်း ဖော်ပြပြီး ဖြစ်ရာ တောင်ဖက် သု၀ဏ္ဏဘူမိ တိုင်းသားများအဖြစ် တောင်သူ ပာုခေါ်ခြင်းကိုလည်း လက်သင့်ခံနိုင်စရား အကြောင်းဖြစ်ပေသည်။

သမိုင်းတွင်ထင်ရှား ခဲ့သောကိစ္စများ သထုံဘုရင်မနုပာ၀် (မနုပာာ) မကုဋမင်းကို အနော်၇ထာမင်းက ပုဂံသို့ ခေါ်ဆောင်ခဲ့ပြီး ပုဂံ မြို့တောင်ဖက်အရပ်ရှိ ယနေ့တိုင်ထင်ရှားလျက်ရှိသေ မြစေတီနှင့် ဂူပြောက်ကြီး တောင်ဖက်ဒေသ မြင်းကပါရွာအနီးတွင် နေရာချရပ် နေထိုင်ခြင်းကို ပြုစေခဲ့လေသည်။ မနုပာာပါသွားသော အရပ်ဖြစ်သောကြောင့် ပျူ (ပအို၀်း) တို့က မင်းကပါ အရပ်ပာုပင် ခေါ်ေဝါ်ခဲ့ကြပါသည်။

ပျူ (ပအို၀်း) လူမျိုးများသည် တောင်တန်းပျော် လူမျိုးများပာု ကင်ပွန်းတပ်သော် လွန်အံ့မထင်။ သမိုင်းဦး လူမျိုးပီသစွာပင် မြေပြန့်လွင်ပြင် များဆီသို့ မဆင်းသက်ခဲ့ကြမီက တောင်စဉ် တောင်တန်းများ ပေါ်ရှိ ဂူကြီး များတွင် အခြေချနေထိုင် ခဲ့ကြဖူးမည်မှာ ဧကန်လွနိုင်မည့် ကိစ္စမပာုတ်ပေ။ မြေညီချိုင့် ၀ှမ်းလွင်ပြင်အရပ် များဆီသို့ ဆင်းသက်ကာ ကြီးကျယ်ထင်ရှားသော ပျူမြို့ပြနိုင်ငံကြီးများကို တည်ထောင်ကာ သမိုင်းခြေရာ (သို့) သမိုင်းအမွေကို အသေအချာထား ရစ်နိုင်ခဲ့ကြသကဲ့သို့ မြေပြန့်ဒေသရှိ မြို့ပြနေရာများကို စွန့်လွတ် ထားရစ်ခဲ့ပြီးသော အခါ တောတောင်အရပ် ဒေသရှိနေရပ်ပောာင်း သို့ပင် ပြန်လည်ခို၀င်ခဲ့ကြလေသည်။ ထို့ကြောင့် ပျူ(ပအို၀်း) လူမျိုးတို့ကို တောင်သူပာုပင် သီးခြား လူမျိုးအနေဖြင့် မြင်သိခဲ့ကြလေသည်။

တောင်သူလူမျိုး နှင့် ပတ်သက်ပြီး တောင်သူအလုပ် ပာူသောေဝါပာာရကိုလည်း မေ့ပျောက်ပစ်ပယ် ထားရန်သင့်မည် မပာုတ်ပာုတ် ယူဆပါသည်။ လူ့သမိုင်း၏ တိုးတက်ပြောင်းလဲ့မူ ဖြစ်စဉ်တွင် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာသည်နှင့် အမျှအမဲလိုက် သတ်ဖြတ်စားသောက် တတ်သောဓလေ့မှ ကောက်ပဲသီးနှံ များကို ကိုယ်တိုင် စတင်စိုက်ပျိုး ထုတ်လုပ်နိုင်ခြင်းသည် ကြီးမားသော အောင်မြင်မှု ခြေလှမ်းကို တစ်ဆင့်တက် လှမ်းနိုင်ခဲ့ခြင်းဖြစ် လေသည်။

ထို့ကြောင့် ပျူ (ပအို၀်း) လူမျိူးများကို ပေါ်ဦးလူမျိုး၊ ဦးစွာ ထွန်းကားသော လူမျိုးပာု ယုံကြည်လက်ခံပါ က တောင်သူလယ်သမား အလုပ်ကို စွန့်ဦးတီထွင် လုပ်ကိုင်ခဲ့သော အသိညဏ်ရှင်သန် ဖွံ့ဖြိုးစွာ ရှေ့တန်းမှ ဦးဆောင် ကြိုးပမ်း နိုင်ခဲ့သော လူမျိုးအဖြစ် တောင်သူပာု ကျေနပ်စွာ အခေါ်ခံနိုင်ရမည်သာ ဖြစ်လေသည်။

ကွယ်လွန်သူများ၏ အလောင်းကို ဦးခေါင်းမြောက် အရပ်ဖက်ထားကာ ခြေထောက်ကို တောင်ဖက် အရပ် ထားပြီး င်္သဂြိုလ်လေ့ရှိသော ဓလေ့ရှိသည့် လူမျိုးအဖြစ် တောင်သူလူမျိုး ပာုကင်ပွန်းတပ် ခေါ်ဆိုနိုင် ကြောင်း တင်ပြလိုပါသည်။ မြို့ကြီး တစ်ချို့ရှိ တိုင်းရင်းသားမျိုးစုံ နှင့် ရောနှောနေလေ့ရှိသော ပအို၀်းတိုင်းရင်း သားများ အတွက် ထိုဓလေ့ရှိရာ အစဉ်အလာအတိုင်း လိုက်နာဆောင်ရွက်နိုင်မှု အားနည်းခဲ့ပြီ ဖြစ်သော်လည်း ပအို၀်း အများစု နေထိုင်ရာ မြို့ကျေးရွာ ဒေသများတွင် ထိုဓလေ့ကို လိုက်နာဆောင်ရွက် ဆဲပင်ဖြစ်ပါသည်။

ပအို၀်းတိုင်းရင်းသားတို့သည် အသုဘကို မြေမြုပ်င်္သဂြိုလ်ရာတွင် ဦးခေါင်းမြောက် အရပ်ဖက်ထားပြီး ခြေထောက်ကို တောင်ဖက်အရပ်တွင် ထား၏ ပြန်လည် အောက်မေ့နိုင် စေရန် အတွက်ပာုဆို၏ ပာူ၍ မှတ်တမ်းတင်ထားမှုကို တွေ့ရှိနိုင်ပါသည်။ ထိုအဓိပ္ပါယ်ထက် မကလေးနက် သို၀ှက်သော သဘောကို ဆောင် နေမည်ပာု ယူဆရပါသည်။

ပျူခေတ်ပာု မသတ်မှတ်ခင်ကပင်လျှင် ထိုဓလေ့ကို ကျင့်သုံးလိုက်နာခဲ့ကြကြောင်း သတိပြုရမည်ဖြစ်ပါ သည်။ ရှေးပောာင်း သင်္ချိုင်းနေရာတွင် ရုပ်ကြွင်းအများစုသည် မြောက်ဘက်သို့ ဦးခေါင်းထား၍ မြုပ်နှံသည့် ဓလေ့ ရုပ်ကြွင်းများ၏ အရပ်အမောင်း ခန္ဓာကိုယ်ကြီးထွားမှု ရုပ်ကြွင်းများနှင့် အတူအရိုးအိုးများ၊ အသုံးအ ဆောင်များ စားသောက်ဖွယ်ရာ သားကောင်များနှင့် လက်နက်ပစ္စည်းများကိုပါ ထည့်သွင်း၍ စနစ်တကျမြုပ်နှံ သည့်အခြေအနေ ရုပ်ကြွင်းအချို့တွင် လက်ကောက်၀တ်နေရာ၌ ကျောက်ကွင်းများ ၀တ်ဆင်ထား လျက်ရှိနေ သည့်ဓလေ့နှင့် အရိုးအိုးမျိုးစုံကို ချောက်ကမ်းပါးယံတွင် မြုပ်နှံသည့်ဓလေ့ ကြေးလက်နက်ကိရိယာများ ကျောက်ပုတီးစေ့ (ဆလင်ဒါပုံများ) မြေပုတီးစေ့ (ဆလင်ဒါပုံနှင့်အ၀ိုင်းပုံများ) ကျောက်ကွင်းများ စသည့် အသုံးအဆောင် ပစ္စည်းများအရ ရှေးပောာင်း ကြေးခေတ်လူတို့၏ သင်္ချိုင်းနေရာ ဖြစ်မည်ပာု ခန့်မှန်းရကြောင်း အသုံးအဆောင်ပစ္စည်းများနှင့် အရိုးအိုးတို့၏ အသွင်အပြင် အခြယ်အလှယ်၊ မွမ်းမံမှုလက်ရာများအရ လွန်ခဲ့ သောနှစ်ပေါင်း ၁၅၀၀ ခန့်က ပာန်လင်းမြို့တော်ပောာင်းနှင့် နှစ်ပေါင်း ၂၀၀၀ခန့်က ဗိဿနိုးမြို့ ပောာင်းတွင် တွေ့ရှိရသည့် ပျူခေတ် လက်ရာများထက် ပိုမိုရှေးကျကြောင်း ဖော်ပြထားသည်မှာ ပျူ (ပအို၀်း) တို့၏ အစဉ် အလာဓလေ့နှင့် များစွာတူညီနေပါသည်။ ရှေးထုံးမပယ်ခြင်းဖြင့် လူမျိုးတစ်မျိုး၏ သမိုင်းကြောင်း ခိုင်မာမှု ကိုသက်သေပြုနိုင်လေသည်။

ရှေးဦးမြန်မာများဖြစ်သည့် ပျူ (ပအို၀်း) လူမျိုးတို့သည် သာကီယ မျိုးပာု ကြွေးကြော်လေ့ ရှိခဲ့ကြ ပါသည်။ သာကီယမျိုးသည် ဗုဒ္ဓဂေါတမဘုရားရှင်၏ အမျိုးအနွယ် ဖြစ်ကြောင်း ထင်ရှားခဲ့ပြီးဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်သည် အိနိ္ဒယနွယ်ဖွား မပာုတ်ဘဲ ရှေးပောာင်း အိနိ္ဒယ မြေဖွားသာ ဖြစ်ကြောင်း သတိပြုကြရမည် ဖြစ်ပါသည်။ အိနိ္ဒ နွယ်ဖွားပာုသာ ထင်မြင်လက်ခံနေပါက သာကီမျိုးပာု ကြွေးကြော်ခဲ့ခြင်းသည် အဓိပ္ပါရှိတော့ မည်မပာုတ် ကြောင်းဆင်ခြင်မိဖို့ လိုအပ်မည်ဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင် မည်သည် အဓိပ္ပါယ်ရှိသော အလုပ်ကို သာလုပ်လေ့ရှိသည်ကို အထူးပြောစရာလိုမည် မထင်ပေ။ ဗုဒ္ဓဘုရားရှင်သည် သုံးလောက၏ အကျိုးငှာ ပွင့်ထွန်း ပေါ်ပေါက် တော်မူလာခဲ့သည်မှာ အမှန်ဖြစ်သော်လည်း ဆွေတော်မျိုးတော်တို့၏ အကျိုးကို လည်းမျက်ကွယ် မပြုခဲ့ကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ဗုဒ္ဓသည် ဆွေတော်မျိုးတော်များအား သံသရာမှ ထွက်မြောက်ရာ အမှန်နိဗ္ဗာန် အမြိုက်ဆေးတရား ရေအေးကို နေပြည်တော် အရောက်ပြန်ကြွတော်မူပြီး တိုက်ကြွေး တော်မူကယ်ချွတ် ထိုက်သူကို ကယ်တင်ခဲ့တော်မူ သကဲ့သို့ ၀ိဋဋျုပဘေးကိုလည်း သုံးကြိမ်တိုင် တားမြစ် ပယ်ရှားတော် မူပေးခဲ့ပါသည်။ နောက်ဆုံးအကြိမ်အထိ ပရိနိဗ္ဗာန်စံယူတော်မူ ကာလနှင့် ပတ်သက်၍ ပရိနိဗ္ဗာနသုတ် ပါဠိတော်၌ ဥတ္တရသီကံမဉ္စပညပေသိ ပာုလာ ရှိသည်ဖြစ်လျက် အချို့ဆရာတို့က မျက်နှာတော် ကိုသာ မြောက်ထားသည်၊ ဦးခေါင်းတော်ကား အရှေ့ကိုပင် ပြုသည် ပာုဆိုကြသည် အချို့ကည်း ပြုဗ္ဗုတ္တရာ ရပ်ဒိသာကို လျောင်းကာတူရှု ဦးခေါင်းမူ၍ ပာုဆိုကြသည်။ ထိုစကားကို ကိုးစာလောက်သော ကျမ်းကြီး ကျမ်းခိုင် မရှိလေ။ ဥယျာဉ်အတွင်း၌ အင်ကြင်းပင်ပျိုနှစ်ပင်ကား တောင်မြောက်ယှဉ်လျက် ယှက်တင်သော အကိုင်းအခက် အရွက်အညွန့် ရှိသည်။ ပင်လုံးကျွတ်ပွင့်သည်။ ထိုအပင်၏အကြေား၌ မြောက်အပင်ကို ခေါင်းရင်းထား၍ ခင်းသည် ပာူ၍ လည်းကောင်း ဘုရားမြတ်စွာသည် ရတနာသလွန် ညောင်စောင်း၌ မြောက်သို့ ဦးခေါင်းပြု၍ လျောင်းတော်မူသော အခါပာူ၍ လည်းကောင်းတွေ့ ရှိရသည်။

ထိုအနေအထား အတိုင်းပင် နောက်ဆုံးအကြိမ်အထိ ကျွတ်ထိုက်သော ေ၀နေယျာများကို တရားပောာ ပြဆုံးမပြီးနောက် ဈာန်များ၀င်စားပြီ ပရိနိဗ္ဗာန်စံ၀င်တော်မူ ခဲ့သည်မှာ အမှတ်တမဲ့ အနေအထားအပြုအမှုပာု မယူဆအပ်ပေ။ သာကီမျိုးတို့၏ အစဉ်အလာကို အသိအမှတ်ပြုတော်မူခြင်း ဖြစ်တန်ရာပါသည်။ ထိုအပြုအမူ သည်လည်း ပျူ (ပအို၀်း) တို့၏ အစဉ်အလာ လိုက်နာကျင့်သုံးခဲ့သော ဓလေ့ဖြစ်နေသည်မှာ ဖြစ်ခဲ့သော တိုက်ဆိုင်မူပာု မဆိုထိုက်ချေ။ မျိုးနွယ်အစဉ်အလာအားဖြင့် တာ၀န်ကျေခဲ့ခြင့် ကြောင့်သာဖြစ်ကြောင်း မှတ်ယူ အပ်ပေသည်။

ရှေးပောာင်းပုံပြင်အရ ဖြူသားမစားသော ပျူ (ပအို၀်း) ကို ကရင်တို့က တအော်သူ ပာုခေါ်ခဲ့ရာမှ တခြား လူမျိုးများက လိုက်ခေါ်ဆိုကြရာ ပီပီသသ အသံမထွက်နိုင်ဘဲ တောင်သူ ပာု ဖြစ်လာကြောင်း လေ့လာတွေ့ ရှိရပါသည်။

ထို့အပြင်မှတ်သညာ ကောင်းသူ လိမ္မာသူ ရိုးသားဖြောင့်မတ်သူကို ပျူ (ပအို၀်း) ဘာသာအားဖြင့် တောင်စူ ပာုခေါ်ရာမှ ရွှေ့လျောလာသော ေဝါပာာရအဖြစ် တောင်သူ ပာုဖြစ်လာရကြောင်းလည်း မှတ်တမ်း အဆိုရှိလေသည်။

သမိုင်းတွင် ထင်ရှားလှသော ပျူလူမျိုးများသည် တိမ်ကောဆုတ်ယုတ် သွားခဲ့ပြီး အခြားလူမျိုးများနှင့် သွေးနှောကာ အသွင်ပြောင်းပြီး ပျောက်ကွယ်သွားခဲ့ပြီပာု ထင်မြင်ယူဆခဲ့ကြသည်။ ပျူလူမျိုးများ မိမိတို့အမျိုး အနွယ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်နိုင်စွမ်းမရှိသောကြောင့် လည်းကောင်း စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့သောကြောင်း လည်းကောင်း ကွယ်ပျောက်မှေးမှိန်ရ ကြောင်းမှတ်ချက်ပြုခဲ့ကြသည်။

ချောင်းရိုးမြစ်ရိုးသာ တိမ်ကော်ရိုးထုံးစံရှိသည်။ လူမျိုးပာူသည် တိမ်ကော်ရိုး ထုံးစံမရှိပာူသော စကားရှိ ပါသည်။ ထိုစကားမှန်ပါသည် တကယ့် သမိုင်းပညာရှင်များသည် သမိုင်းဖြစ်စဉ် အကြောင်းကို နည်းအမျိုးမျိုး ဖြင့် လေ့လာထားကြပြီး တွေ့ရှိချက်များကို မှတ်တမ်းရေးသား ပြုစုခဲ့ကြမည်ပာု ယုံကြည်ပါသည်။ သို့သော် ပျူ(ပအို၀်း) တို့နှင့်ပတ်သက်၍ မှု ထိန်ချန်သို၀ှက်ထားမှု များရှိနေလိမ့်မည်ပာု ယူဆမိပါသည်။ ပျူသည် မည်သည့် တိုင်းရင်းသား ဖြစ်ကြောင်း ဆက်စပ်လေ့လာ သုတေသနပြုထားသော မှတ်တမ်းများ မရှားသော်လည်း ထိုမှတ်တမ်း ဖော်ပြချက်ပါ ပျူအဆက်အနွယ် တိုင်းရင်းသား လူမျိုးများကို အလေးအနက် ထားဆက်လက် လေ့လာခြင်းမပြုဘဲ နေနိုင်ခဲ့ကြသည့် သမိုင်းပညာရှင်များအပေါ် သံသယ၀င်စရာ ဖြစ်နေပါသည်။

နိမ့်ပါးနေသော ပျူလူမျိုးအဖြစ်ကို အထင်သေးသောကြောင့်လော။ အတိတ်သမိုင်းတွင် ကြီးကျယ် ထင်ရှားခဲ့သော အခြေအနေ နှင့် မျက်မှောက်ကာလ အခြေအနေကို ဆက်စပ်ဖော်ပြပေးရန် ၀န်လေးနေကြ သည့် သဘောသည် သမိုင်းကို မပိုင်နိုင်သေးသော အဖြစ်နှင့် သမိုင်းအမှန်ကို ပြုပြင်ဖုံးကွယ် လိုသောကြောင့် အချိန်ယူ နေခြင်းလေပာု ယူဆတွေးတောမိပါသည်။

ပျူလူမျိုးသည် မည်သည့် တိုင်းရင်းသား ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုရန် စောနေသေးကြောင်း နှင့် ပျူ ပာုအမှန်သိနိုင်သော အတတ်ပညာများကို တတ်မြောက်နားလည်ထားပါလျက် ထုတ်ဖော်ပြောကြားရန် ပျက်ကွက် နေခြင်း ခက်ခဲနေခြင်းမှာ ရိုးသားဖြောင့်မတ်သော သဘောနှင့် ဖီလာဆန့်ကျင် ဖြစ်နေပါသည်။ မည်သို့ဆိုစေ ကမ္ဘာ့လူမျိုး အသီးသီးသည် မိမိသမိုင်းကို မိမိတို့သာရေးရန် တာ၀န်ရှိနေပါသည်။ ပျူတို့ သမိုင်းကို ပျူတို့ရေးနေခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်ပါသည်။ အများသိစေရန် အမှန်ကို အတိတ်ကာလဆီ၌ ထင်းထင်းကြီးရေးခဲ့ သကဲ့သို့ ယနေ့ခေတ်ကာလမှာလည်း တိုးတိတ်ညင်သာသော နည်းဖြင့် သိမ်မွေ့စွာ ရေးသားနေသည်မှာ ပျူ (ပအို၀်း) တို့၏ ဂုဏ်ရည်ပင် ဖြစ်ပါသည်။

ပျူ ပာု ပအို၀်း ကိုလိုက်ရာ ရောက်အောင် ဆွဲယူထားခြင်း ပာုအပေါ်ယံ ယူဆကောင်း ယူဆပေမည်။ သို့သော် ပျူသည် ပအို၀်း ပာုတ်မပာုတ် အသေအချာ စူးစမ်းလေ့လာရန် သမိုင်း သုတေသီများကို ကြိုဆိုဖိတ် ခေါ်လိုပါသည်။ အမှန်တရားကို သိခြင်းအားဖြင့် လွတ်လပ်ပေါ့ပါးသော ဘ၀ကို အလွယ်တကူ တည်ဆောက် ကြပါစေပာု ဆန္ဒပြုရင်း ပျူ နှင့် ပအို၀်း သည်တောင်သူ အမည်ခံခဲ့သော ပျူ ( ပအို၀်း) လူမျိုးများ အကြောင်းကို တင်ပြလိုက် ရပါသည်။

#ခွန်ကျော်မြင့် (တောင်ကြီး)

၈.၁၀.၂၀၀၅

အညွန်း (၁)     နိုင်ငံသမိုင်း သုတေသနစာစောင် ၄ ပျူခေတ်မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေး စာမျက်နှာ ၂၄ Luce, Ancient Phy 27(3),pp,242-2 သို့မပာုတ် BRSFAP No.2,pp,309-10

အညွန်း (၂)     ရှာရှာဖွေဖွေမြန်မာ သမိုင်းအတွဲ ၂ စာမျက်နှာ ၁၉။

အညွန်း (၃)     နိုင်ငံသမိုင်း သုတေသနစာစောင် ၅ တရုတ်မှတ်တမ်းလာရှေးပောာင်း မြန်မာနိုင်ငံ အမည် တစ်ခု စာမျက်နှာ ၂၀။

အညွန်း (၄)     မောင်ခွန်နွယ် (အင်းလေး) ပအို၀်း စာမျက်နှာ ၇၅။

အညွန်း (၅)     ၎င်း စာမျက်နှာ ၇၅။

အညွန်း (၆)     ဗိုလ်ကျော်ဆန်း ပွဲဦးရွေှအလင်္ကာ စာမျက်နှာ ၄၇။

အညွန်း (၇)    နိုင်ငံသမိုင်း သုတေသန စာစောင် ၅ စာမျက်နှာ ၁၄။ အမှန်စင်စစ် Piao (ဖျောက်) (ပျူ) ပာူသောအမည်ကိုရှေး တရုတ် တို့က ခရစ်မပေါ်မီ ၂ ရာစု ကတည်းက သိခဲ့ ပြီးဖြစ်သည်။

အညွန်း (၈)    နိုင်ငံသမိုင်းသုတေသနစာစောင် ၅ စာမျက်နှာ ၂၀ ။ G..H Luce, Names of the Pyu, JBRS, Vol.XXII, ii (1932),p.90

အညွန်း (၉)    နိုင်ငံသမိုင်းသုတေသနစာစောင် ၃ ခရစ်နှစ် ၈၀၂ ခုနှစ် တရုတ်နိုင်ငံရောက် ပျူသံအဖွဲ့ စာမျက်နှာ ၅။

အညွန်း (၁၀)    ဗိုလ်မှူးချုပ်သန်းထွန်း မြန်မာ့ဦးစွန်း မြန်မာ့မော်ကွန်း  စာမျက်နှာ ၂၅၃။

အညွန်း (၁၁)    ရှာရှာဖွေဖွေ မြန်မာသမိုင်းအတွဲ ၂ (ရည်စိန်) လင်(န်)ယန်(င်) နှင့် ဆက်စပ် ရှေးပောာင်း မြန်မာနိုင်ငံသမိုင်းတစ်ရပ် စာမျက်နှာ ၁၉

အညွန်း (၁၂)     ရေ၀ထွန်း ဘိက္ခုနီသာသနာနှင့် သီလရှင်သမိုင်း ၉၈

အညွန်း (၁၃)    ၂၀၀၀ ပြည့်နှစ်ထုတ် သုတစွယ်စုံ မဂ္ဂဇင်း အမှတ် ၂၁၇ ဒဂုံညွန့် မြန်မာစာတိုက်ကြီးများ စာမျက်နှာ ၁၁၈။

အညွန်း (၁၄)    ဦးလှသိန်းထွဋ် ဓမ္မာစရိယ (ဘီအေ) ဗုဒ္ဓနှင့်မြန်မာလူမျိုး စာမျက်နှာ ၁၅၃/၁၅၄။

အညွန်း (၁၅)     မောင်ခွန်နွယ် (အင်းလေး) ပအို၀်း စာမျက်နှာ ၃၄၈။

အညွန်း (၁၆)    မွန် (မြက်ခင်းသစ်) သမိုင်းကွက်လပ်ဖြည့်ဆည်းမူနျင့်ဖျက်ဆီးမူ (၉.၈.၂၀၀၀) ထုတ် မြန်မာ့အလင်း စာမျက်နှာ ၄ ။

အညွန်း (၁၇)     ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီး ဇိနတ္တ ပကာသနီကျမ်း စာမျက်နှာ ၆၉၈၊ ၎င်း စာမျက်နှာ ၆၉၉။

အညွန်း (၁၈)    မောင်ခွန်နွယ် (အင်းလေး) ပအို၀်း စာမျက်နှာ ၃၆။

#Credit>>Posted by Pa O Kham
http://www.pa-onational.com/2013/08/blog-post_11.html?m=1 မွ

No comments:

Post a Comment