ဒါကြောင့် ဆရာကြီးရွှေဥဒေါင်း ရဲ့ အဆို ကို ကန့်ကွက်ပါတယ်။ ဆရာကြီးပြောသလို...((အမှန်စင် စစ်မှာ
လောကဓာတ်နည်း (သဘာဝနည်း) သည် သာလျှင် ခပ်သိမ်းသော အယူဝါဒများနှင့်
ပြဿာနာဟူသမျှကို တိုင်းတာရမည့် ပေတံကြီးသဖွယ် ဖြစ်သင့်ပေသည်။))..ဆိုတာ
ဘယ်နည်း နဲ့ မှ မဖြစ်နိုင်ပါဘူး။ ဘာသာတရား တွေ နဲ့ သိပ္ပံပညာ တွေ အလုပ်လုပ်
နေတဲ့ နယ်ပယ် နဲ့ လုပ်ထုံးလုပ်နည်း တွေ က တစ်ကမ္ဘာစီ တစ်ဘာသာစီ ဖြစ်လို့
ပါပဲ။
သိပ္ပံ ရဲ့ လုပ်ထုံး က အချက်အလက်တွေ ကို စုဆောင်းတယ်..တိုင်းတာသတ်မှတ် တယ်..ပြီးတော့ အနုမာနတွေ တည်ဆောက်တယ်..ဒါတွေ ကို လက်တွေ့စမ်းသပ်စစ်ဆေးကြည့်တယ်.. အချက်အလက်နဲ့
မကိုက် ရင် အနုမာန ကို ပြန်ပြင် တယ်။ စမ်းသပ်စစ်ဆေးမှုတွေ
နဲ့ကိုက်ညီသွားတဲ့ အနုမာန ကို သီအိုရီ အဖြစ်ထုတ်ယူ တယ်။ ပညာရှင်တွေ ရှေ့
စစ်ဆေးခံဖို့ ချပြရတယ်..။ ငြင်းဆိုမှုတွေ ထပ်မံ စမ်းသပ်မှုတွေ ကို
ရင်ဆိုင်ရတယ်..။ သီအိုရီ က အထပ်ထပ် စစ်ဆေးခံနိုင်ဖို့ လိုသလို တိကျတဲ့
ဟောကိန်း Predictions တွေ ကို လဲ ပေးနိုင်ရတယ်။ ဒါတွေ အားလုံးမှန်မှ
သိပ္ပံသီအိုရီ တစ်ခု ဟာ အသိအမှတ်ပြုခံရပြီး ရပ်တည်နိုင်ပါတယ်။ ဒါတောင်မှ
အမြဲထာဝရမှန်တဲ့ သစ္စာ လို့ မယူဆ ပါဘူး။ မှားကြောင်း သက်သေမပြနိုင်သေးသရွေ့
ယာယီ အားဖြင့် မှန်နေတဲ့ အမှန်တရားလို့ ပဲ သတ်မှတ်ပါတယ်။
ဒါကြောင့် ဗုဒ္ဓဘာသာ မှာ ရှိ တဲ့ အနက်ရှိုင်းဆုံး ဗောဓိဥာဏ် အတွေ့ အကြုံ ခရစ်ယာန် ဘာသာမှာ ရှိတဲ့ ဘုရားသခင်ရှေ့မှောက်မှာ လင်းပွင့်ခြင်း Illumination တွေ နဲ့ အစ္စလာမ် ဆူဖီသူတော်စင်ကြီးတွေ ရဲ့ အတ္တချုပ်ငြိမ်း ဘုရားထံ မွေးဖွား ရတဲ့ ဖနာ=ဗကာ နဲ့ ဟာကီကတ် အတွေအကြုံတွေ က သိပ္ပံပညာ ကို လွန်ပါတယ်။ ဘယ်တော့ မှ သိပ္ပံနည်းမကျနိုင်ပါ။ ကိုယ် ဓမ္မ ကိုယ် နှလုံးသား နဲ့ သိမြင် ရတာ ဖြစ်ပါတယ်။
သိပ္ပံပညာ မှာ ဖယ်ထုတ်ထားရတဲ့ အရာတွေ ဖြစ်တဲ့ ခံစားမှု တွေ ယုံကြည်သက်ဝင်မှု တွေ က ဘာသာတရားတွေ ရဲ့ ၀ိညာဏ်တွေ နှလုံးသည်းပွတ်တွေ ဖြစ်နေပြန်တယ်။ ယုံကြည်သက်ဝင်မှု မပါရင် ဘာသာတရား လမ်းကို လျှောက်လို့ မရနိုင်ဘူး။ ဘာသာရေး အသိအလင်း က သိပ္ပံပညာ ရဲ့ ဓမ္မ ဓိဋ္ဌာန် အမှန်တရားမျိုး မဟုတ်လို့ ပါ။ ဒါက သိပ္ပံ နဲ့ ဘာသာတရားတွေ ရဲ့ အကြီးမားဆုံး အဟ ပါပဲ။ ဒါကြောင့် ဘာသာတရားတစ်ခု ရဲ့ အမှန်တရား ကို လောကဓါတ်သိပ္ပံ နဲ့ တိုင်း တာ လို့ မရသလို ဘာသာတရားတစ်ခု ရဲ့ အမှန်တရား ကို တစ်ခြား ဘာသာတရား တစ်ခု နဲ့ လဲ တိုင်းတာလို့ မရပါဘူး။သူ့ယုံကြည်ချက် နဲ့သူ သူ့ စံ နဲ့ သူ ပါပဲ။ ဒါကြောင့် သိပ္ပံပညာ မှာ လက်တွေ့စမ်းသပ်ချက်နဲ့ မကိုက်ညီတဲ့ အနုမာန တွေ ကို ယတိပြတ်ပယ်ထုတ်လို့ ရပေမဲ့ ဘာသာတရားတွေ က ခံစားသိ နဲ့ ယုံကြည်မှု တွေ ရဲ့ နယ်ပယ်ဖြစ်လို့ အမြင်တိုင်းဟာ သူ့တန်ဖိုးနဲ့ သူလို့ ပဲ ဆို ရပေမယ်..ဗုဒ္ဓဘာသာပေတံ ကို ကိုင်ပြီး အစ္စလာမ် ကို မှားတယ် ပြော မရသလို အစ္စလာမ် ပေတံ ကို ကိုင်ပြီး ဟိန္ဒူ မှားတယ်လို့ လဲ ပြော မရပြန်ဘူး။ ဘာသာရေး က ကိုယ်တိုင် ကျင့်သုံးအားထုတ် လို့ ခံစားသိမြင်ရတဲ့ မိမိ အတွင်းအဇ္ဈတ္တ နဲ့ လုံးဝသက်ဆိုင်လို့ပါ။
သိပ္ပံ ရဲ့ လုပ်ထုံး က အချက်အလက်တွေ ကို စုဆောင်းတယ်..တိုင်းတာသတ်မှတ်

ဒါပေမဲ့
မျက်မြင်ဗဟိဒ္ဓ ရုပ်လောကကြီး နဲ့ သက်ဆိုင်တဲ့ နယ်ပယ်တွေ မှာ တော့ ဘာသာရေး ဟာ
သိပ္ပံ ကို နေရာပေးသင့်ပြီလို့ ထင်ပါတယ်။ ရူပဗေဒ ဓါတုဗေဒ နက္ခတ္တဗေဒ ဘူမိဗေဒ
ဇီဝဗေဒ သတ္တဗေဒ စတဲ့ သိပ္ပံဗေဒ အသီးသီးဟာ အဖိုးမဖြတ်နိုင်တဲ့ လူ့အသိပညာ
ဘဏ္ဍာတိုက်ကြီး ကို ဖြည့်ဆည်းပေးခဲ့ ကြပြီ ဖြစ်လို့ ဒီ အကြောင်း အရာ တွေ မှာ
တော့ ဘာသာတရား တွေ က အလျှော့ပေးကြရမယ်။ ဥပမာ မျက်မြင် ကမ္ဘာကြီး ရဲ့ သက်တမ်း
ကို သိချင်ရင် ဘူမိဗေဒ ကို သာ လေ့လာပါ..ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ ကျမ်းတွေမှာ
သွား ရှာ မနေပါနဲ့ တော့ လို့ ဆို လို ချင်တာပါ။ လူသား တွေ
စတင်ဖြစ်ပေါ်လာပုံ ကို လေ့လာချင်ရင် လဲ ထို နည်းတူပဲ ဇီဝဗေဒ သတ္တဗေဒ စတဲ့
သိပ္ပံဗေဒ ကို ပဲ လေ့လာ ကြရလိမ့်မယ်။ ဘာသာရေးကျမ်းဂန်တွေ ရဲ့ အဆို တွေ ကို
ထည့်မစဉ်းစားပါနဲ့ တော့။
ဘာသာရေး က ပေးတဲ့
တစ်ခုတည်းသော ဆုလာဘ် က လူ့ နှလုံးသား ရဲ့ အဇ္ဈတ္တ ပြောင်းလဲ ရေး နဲ့ စိတ်
ငြိမ်းချမ်းလွတ်မြောက်ရေး တွေ ပဲ ဖြစ်ပါတယ်။ ဒီ ကဏ္ဍလေး တစ်ခု နဲ့ တင်
ဘာသာတရားတွေ ဟာ လူ့ လေးမြတ်ပူဇော်မှုတွေ နဲ့ ထိုက်တန်တယ်လို့ မြင်မိပါတယ်။
သိပ္ပံ ရဲ့ တွေ့ရှိချက်တွေ ကို ဘာသာရေး ရဲ့ နှလုံးသား နဲ့ ပေါင်းစပ်ပေးမှ သာ
လူသားရဲ့ ပြီးပြည့်စုံတဲ့ အောင်မြင်မှု ဖြစ်နိုင်တယ်လို့ မြင်မိပါကြောင်း။
2012/9/17 Mr. Jugger
ဗုဒ္ဓ၀ါဒနှင့် လောကဓာတ်ပညာဗုဒ္ဓ၀ါဒသည် လောကဓာတ်နည်းနှင့် စံထိုး ခံနိုင်ဆုံးဖြစ်သည်ဟု အသားယူကြရခြင်း၊ လောက၀ိဓူကျမ်းက ဆိုတိုင်း ဘုရားဟောဖြစ်သည်ဟု မယူဆထိုက်ပုံ။ကျွန်ုပ်၏ ဆောင်းပါးများကို ဖတ်ရူကြသော ပုဂ္ဂိုလ်များ အနက်၊ ရဟန်းပုဂ္ဂိုလ်တစ်ပါးနှင့် လူပုဂ္ဂိုလ် အချို့က ဦးနှောက်ကို လုံးဝ အသုံးမပြုထိုက်ကြောင်းနှင့် ဘာသာရေးအယူအဆများအကြောင်းကို ဆင်ခြင်သုံးသပ်မိသည့်အလျောက် ကျွန်ုပ်၏ထင်မြင်ချက်များကို တင်ပြလိုသော ဆန္ဒဖြစ်ပေါ်လာပါတော့သည်။ကျမ်းကိုးနှင့် မပြီးသောခေတ်ဤခေတ်သည်ကား လောကဓာတ်ပညာ ထွန်းကားသောခေတ်ဖြစ်သည့်အလျောက် (လောကီ) အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသည်ဆိုသူများသည် ပြဿာနာတစ်ခုကို သဘာဝကျကျ စဉ်းစားတတ်ဖို့ (Scientific Minded) ကြိုးစားလေ့လာကြရလေသည်။ဗုဒ္ဓဘာသာဖြစ်လျှင် မည်သည့်ကျမ်းဂန်က မည်ကဲ့သို့ ဆိုသည်ဟူ၍ လည်းကောင်း၊ ခရစ်ယာန်ဖြစ်လျှင် သမ္မာကျမ်းစာ၌ မည်ကဲ့သို့ဆိုသည်ဟူ၍လည်းကောင်း၊ မူစလင်ဖြစ်လျှင် ကိုရန်ကျမ်းက မည်ကဲ့သို့ဆိုသည်ဟူ၍လည်းကောင်း၊ ဟိန္ဒူဖြစ်လျှင် ဥပနစ်ရှဒ်ကျမ်းက ဘယ်ကဲ့သို့ဆိုသည်ဟူ၍လည်းကောင်း၊ အကိုးအကား ထောက်ပြရုံမျှနှင့် မှန်ရမည်ဟု တစ်ခါတည်း လက်ခံယုံကြည်ကြသော ခေတ်မျိုးမဟုတ်တော့ချေ။ရှေးကျသော ဗုဒ္ဓဘာသာဝင်အချင်းချင်းဖြစ်စေ။ ခရစ်ယာန်အချင်းချင်းဖြစ်စေ၊ မူစလင်အချင်းချင်းဖြစ်စေ၊ ဟိန္ဒူအချင်းချင်းဖြစ်စေ၊ လက်ခံကောင်း လက်ခံကြပေမည်။စူးစမ်းဆင်ခြင်တတ်သော အလေ့အထ ထွန်းကားလျက်ရှိသော ဤခေတ်၌မူကား၊ ကျမ်းကိုးမူလောက်နှင့် လက်ခံကြတော့မည် မဟုတ်၊ ထိုကျမ်း၌ ဖော်ပြပါရှိသော အဆိုသည် လောကဓာတ်နည်းဖြင့် သဘာဝကျကြောင်းရှင်းရှင်းလင်းလင်း တင်ပြနိုင်မှသာလျှင် ၎င်းကျမ်းအဆို၏ မှန်ကန်ကြောင်းကို လက်ခံယုံကြည်ကြမည့် ခေတ်မျိုးဖြစ်လေသည်။
ဗုဒ္ဓဘာသာရော လောကဓာတ်ပညာပ် လေ့လာဖူးသည့် အကြားအမြင်များသော ပုဂ္ဂိုလ်များကမူ၊ ဗုဒ္ဓဘာသာသည် လောကဓာတ်ပညာနည်းဖြင့် အစမ်းသပ်ခံနိုင်ဆုံးသော ဘာသာကြီး (Most Scientific Religion) ဖြစ်သည်ဟူ၍ အသားယူလျက်ရှိကြရသည်။ဆိုလိုရင်းမှာ မည်သည့် အခြင်းအရာ (ဘာသာရေးလည်းပါဝင်သည်) ကို မဆို သဘာဝလည်းဟူသော ပေတံဖြင့် တိုင်းတာရမည်။ ချိန်ထိုးရမည်ဟူ၍ အဓိပ္ပာယ်ရှိ၏ ။ ကာလမသုတ်၌ ဗုဒ္ဓဟောတော်မူခြင်းမှာလည်း ဤသဘောပင် သက်ရောက်၏ ။သို့စဉ်လျက် ကျွန်ုပ်၏ နှလုံးနှင့် ဦးနှောက် ဆောင်းပါးကိုကန့်ကွက်ကြသော ပုဂ္ဂိုလ်များကမူ၊ ဗုဒ္ဓဘာသာကျမ်းဂန်များကို လောကဓာတ် (ဘဘာဝ) နည်းဖြင့် ချိန်ထိုးဖို့မလို လောကဓာတ်နည်းများသာလျှင် ဗုဒ္ဓဘာသာကျမ်းဂန်များဖြင့် ချိန်ထိုး ကြည့်ရမည်ဟု ရေးသားဖော်ပြကြသည်။ယင်းသို့ဆိုလျှင် ခရစ်ယာန်ကလည်း သမ္မာကျမ်းစာဖြင့် ချိန်ထိုးရမည်ဟူ၍လည်းကောင်း၊ ဟိန္ဒူကလည်း ဥပနစ်ရှဒ်ကျမ်းကြီးဖြင့်လည်းကောင်း၊ မူစလင်ကလည်း ကိုရန်ကျမ်းဖြင့် ချိန်ထိုးရမည်ဟူ၍လည်းကောင်း၊ အသီးသီးဆိုကြပေလိမ့်မည်။ ဤကဲ့သို့ အသီးသီးဆိုကြခြင်းပင်လျှင် နည်းလမ်းမကျ (သဘာဝမကျ)ဟု ကျွန်ုပ်နားလည်သည်။အမှန်စင်စစ်မှာ လောကဓာတ်နည်း (သဘာဝနည်း) သည် သာလျှင် ခပ်သိမ်းသော အယူဝါဒများနှင့် ပြဿာနာဟူသမျှကို တိုင်းတာရမည့် ပေတံကြီးသဖွယ် ဖြစ်သင့်ပေသည်။(ဗုဒ္ဓ၏ စကားတော်မှန်ခဲ့လျှင်လည်း လောကဓာတ်နည်းဖြင့် ပေတံထိုးခြင်း ခံနိုင်သည်ဟု ကျွန်ုပ်ယုံကြည်သည်)ရွှေဥဒေါင်း၏ ဗုဒ္ဓဘာသာ၏ ရှုထောင့်များ စာအုပ်မှ ကောက်နုတ်ချက်များ
No comments:
Post a Comment