ကွန်းဖီးလ်သည် ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်းတစ်ခုတွင် တည်ကြည်ငြိမ်သက်သောနှစ်များစွာ ကို ဖြတ်သန်းကုန်ဆုံးစေခဲ့သည်။ ထိုကျောင်းတွင် သူသည် ပရိက္ခရာအနည်းငယ်ဖြင့် နေထိုင်သီတင်းသုံးကာ တင်းကြပ်သော ၀ိနည်းကျင့်ဝတ်များကို လိုက်နာကျင့်သုံးလျက် နေ့စဉ် တောရဆောက်တည်ကာ ၀ိပဿနာ ဘာဝနာပွားများနေခဲ့သည်။
သို့သော် အမေရိကန်တွင်တော့ သူသင်ယူဆည်းပူးခဲ့ရသော ၀ိပဿနာဘာဝနာပွားများနိုင်သည့် ဘုန်းတော် ကြီးကျောင်းကို သူမတွေ့ရှိခဲ့ပါ။ ထိုင်းနိုင်ငံတွင် သူကျင့်သုံးလိုက်နာခဲ့သော ၀ိနည်းစည်းကမ်းများသည် ဤအ မေရိကန်တွင် ကျင့်သုံးလိုက်နာရန်ခက်ခဲလှကြောင်း သူတွေ့လာရပါသည်။ ထိုင်းနိုင်ငံတွင် သူသည် အနာမာသ ၀တ္ထုငွေကြေးကို ကိုင်တွယ်သုံးစွဲရန်မလိုဘဲ တိုင်းသားပြည်သူတို့ ကြည်ဖြူရွှင်လန်း လှူဒါန်းသော ဆွမ်းကိုသာ အလှူခံဘုန်းပေးခဲ့ရသည်မဟုတ်ပါလား။
နောက်ဆုံးတော့ သူသည် လူထွက်ကာ တက္ကစီမောင်းရပါတော့သည်။ သူသည် စိတ်ပညာဖြင့် ပါရဂူဘွဲ့ယူကာ လူတိုင်း၏ ဘ၀နှင့် အဆင်ပြေစေမည့် သူသင်ယူဆည်းပူးခဲ့သည့်တရားကို အသုံးပြုလျက် ဗုဒ္ဓတရားတော်များကို သူ့နည်းသူ့ဟန်ဖြင့် ဆက်လက်ကျင့်သုံးခဲ့သည်။ အချိန်ကာလတစ်ခုအတွင်းမှာပင် သူသည် ဗုဒ္ဓဘာသာသစ် တစ်ခုကို တည်ထောင်ရန် စတင်ကြိုးပမ်းခဲ့လေသည်။
ဤထူးခြားကွဲပြားသောအမေရိကန်ဗုဒ္ဓဘာသာသစ်သည် လိုက်နာကျင့်သုံးလိုသူများအား ၀ိပဿနာတစ်ခုတည်း အတွက်သာမဟုတ် ဘ၀အစိတ်အပိုင်းအားလုံးတွင်ပါ သတိပဋ္ဌာန်တရားကို လိုက်နာကျင့်သုံးနိုင်စေရန် အား ပေးခဲ့ပါသည်။
“ဘာသာရေးကျင့်ဝတ်တစ်ခုထက် ဘ၀ကို အဓိပ္ပါယ်ရှိအောင်၊ ကျန်းမာအောင် ပြီးတော့ ကရုဏာ တရားတွေ အဇ္ဈတ္တမှာ မွေးမြူနိုင်အောင် နေထိုင်ဖို့ အထောက်အကူပြုနည်းလမ်းတစ်ခုအဖြစ် ထပ်ကာထပ်ကာ ကျွန်တော်တို့ သင်ကြားပေးနေကြပါတယ်။ ကျွန်တော်သင်ကြားပေးနေတဲ့လူအများစုက သူတို့ကိုယ် သူတို့ ဗုဒ္ဓဘာာသာ ၀င်လို့မထင်ကြဘူးဗျ၊ ဒါဟာ ကျွန်တော့်အတွက်တော့ လုံးဝ ကောင်းပါတယ်။ ဗုဒ္ဓဘာသာ ဖြစ်ဖို့ထက် ဗုဒ္ဓဖြစ်ဖို့က (ဗုဒ္ဓဘာသာနာမည်ခံဖို့ထက် သိမြင်သူဖြစ်ဖို့) ပိုကောင်းပါတယ်ဗျာ။” ဟု မကြာသေး မီက ကွန်းဖီးလ်က ပြောခဲ့သည်။
လွန်ခဲ့သော ရက်သတ္တပတ်က လော့စ်အင်ဂျလိစ်တွင် ကွန်းဖီးလ်က လုပ်ငန်းနှစ်ခုကို ဆောင်ရွက်ခဲ့သည်။ (သောကြာနေ့ညတွင် အာမန် ဟမ်းမာ ပြတိုက်၌ စိတ်ပညာရှင် ကားလ် ဂျွန်၏ ဂျာနယ်အကြောင်း စကား ပြောခြင်းနှင့် စနေနေ့တွင် အယ်လ်အေ ၀ိပဿနာစင်တာ၌ သုံးနာရီကြာ ၀ိပဿနာသင်တန်း ပေးခြင်း တို့ဖြစ်သည်။)
နိုင်ငံ၏ အထင်ရှားဆုံးဗုဒ္ဓဘာသာစင်တာများထဲမှ တစ်ခုဖြစ်သည့် ၀ိပဿနာအသင်းတည်ထောင်သူ တစ်ဦး အနေဖြင့် သူသည် တစ်ကမ္ဘာလုံးရှိ ၀ိပဿနာ တရားစခန်းများကို ဦးဆောင်လေ့ရှိသလို ထိ နတ် ဟန် (ဗီယက်နမ်ဘုန်းတော်ကြီး)နှင့် ဒလိုင်လားမား(တိဘက်ရဟန်းမင်း)တို့ကဲ့သို့သော ကျော်ကြားသည့် ဆရာတော် ကြီးများနှင့် အတူလိုက်ပါကာ သင်ကြားပို့ချပေးခဲ့သည်။ ကွန်းဖီးကို အမေရိကန်လူမျိုးများနှင့် သင့်လျော် လျောက်ပတ်သော ဗုဒ္ဓဘာသာကို အနောက်တိုင်းတွင် အခြေစိုက်နိုင်အောင် ဖန်တီးကူညီနေသည့် ဆရာ တစ်ဆူအဖြစ် အသိအမှတ်ပြုကြပါသည်။
ယနေ့မျက်မှောက်ခေတ်မှာတော့ အမေရိကန်တစ်နိုင်ငံလုံးတွင် ရာပေါင်းများစွာသော ဗုဒ္ဓဘာသာစင်တာများ ရှိနေခဲ့ပြီး စာသင်ကျောင်းများ၊အကျဉ်းထောင်များ၊ဆေးရုံများနှင့် စီပွားရေးဘုတ်အဖွဲ့ရုံးခန်းများတွင်ပင် ၀ိပဿ နာပရိုဂရမ်များ ရှိနေခဲ့ပါပြီ။ သို့သော်၁၉၇၆ ခုနှစ်က ၀ိပဿနာအသင်းကို ကွန်ဖီးလ် စုဖွဲ့ တည်ထောင်စဉ်က ဗုဒ္ဓဘာသာသည် အမေရိကတွင် အသစ်အဆန်းတစ်ခု ဖြစ်နေသေးသည်။ ကွက်ကွက်လေးသာရှိသော ဗုဒ္ဓဘာသာ အစုလေးများကိုလည်း ယုံကြည်ချက်စွဲမြဲခိုင်မာသည့် တိဘက်လားမားများနှင့် ဆာမူရိုင်းစိတ် ဓါတ်ဖြင့် ဗုဒ္ဓတရားကို သင်ကြားပို့ချသော ဇင်မာစတာများကဲ့သို့သော အာရှတိုက်သား ရဟန်းတော်များက ဦးဆောင်ခဲ့ကြသည်။
ကွန်းဖးလ်နှင့်အတူ စိတ်တူကိုယ်တူမိတ်ဆွေများဖြစ်ကြသည့် ရှရွန် ဆယ်လ်ဘတ်နှင့် ဂျိုးဇက်ဂိုးစတိန်းတို့က အမေရိကားတွင် အရှေ့တောင်အာရှနှင့် အိန္ဒိယ၏ ၀ိပဿနာကို လူအများကျင့်သုံးနိုင်မည့် နေရာတစ်ခုမဖြစ် မနေလိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ဇင်နှင့် တိဘက်ဗုဒ္ဓဘာသာတရားများထက်ပိုလွန်သော ၀ိပဿနာ ကျင့်စဉ်သည် အဇ္ဈတ္တသိမြင်ရေးအတွက် စနစ်ကျသောစူးစမ်းရှာဖွေမှုလိုအပ်ပါသည်။
ကွန်းဖးလ်နှင့်အတူ စိတ်တူကိုယ်တူမိတ်ဆွေများဖြစ်ကြသည့် ရှရွန် ဆယ်လ်ဘတ်နှင့် ဂျိုးဇက်ဂိုးစတိန်းတို့က အမေရိကားတွင် အရှေ့တောင်အာရှနှင့် အိန္ဒိယ၏ ၀ိပဿနာကို လူအများကျင့်သုံးနိုင်မည့် နေရာတစ်ခုမဖြစ် မနေလိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ ဇင်နှင့် တိဘက်ဗုဒ္ဓဘာသာတရားများထက်ပိုလွန်သော ၀ိပဿနာ ကျင့်စဉ်သည် အဇ္ဈတ္တသိမြင်ရေးအတွက် စနစ်ကျသောစူးစမ်းရှာဖွေမှုလိုအပ်ပါသည်။
သို့နှင့် မက်စ်၊ ဘားရ်သစ်တောရှိ ဗရင်ဂျီဘုန်းတော်ကြီးကျောင်းဟောင်းတစ်လုံးကို ၀ယ်ယူကာ တရားအား ထုတ်လိုသည့်ယောဂီများကို ရိပ်သာစခန်းပွဲများသို့ ဖိတ်ခေါ်ခဲ့ကြသည်။ ထိုင်ခြင်း၊ စင်္ကြန် လျှောက်ခြင်း ကမ္မဋ္ဌာန်းအားထုတ်မှုအပိုင်းတွင် ယောဂီများအား မိမိတို့၏ ခန္ဓာကိုယ်၊ အသက်ရှုသွင်းမှုနှင့် စိတ်အခြင်း အရာများကို သတိမပြတ်စောင့်ကြပ်ရှုမှတ်ရန် အားပေးကြပါသည်။
သင်တန်းသားများနှင့် ဆရာများသည် လမ်းဘေးအ၀တ်အစားများကို ၀တ်ဆင်ထားကြပြီး ဆရာဂုရုများက ယနေ့မျက်မှောက်ကမ္ဘာတွင် သတိတရားဖြင့် မည်သို့နေထိုင်ရှင်သန်ကြရမည်ဟူသော အသက်ဝင်သည့် အကြံ ဉာဏ်များကို ပေးကြသည်။
သင်တန်းသားများနှင့် ဆရာများသည် လမ်းဘေးအ၀တ်အစားများကို ၀တ်ဆင်ထားကြပြီး ဆရာဂုရုများက ယနေ့မျက်မှောက်ကမ္ဘာတွင် သတိတရားဖြင့် မည်သို့နေထိုင်ရှင်သန်ကြရမည်ဟူသော အသက်ဝင်သည့် အကြံ ဉာဏ်များကို ပေးကြသည်။
အာရှတိုက်မှာရှိသည့် ဗုဒ္ဓဘာသာဝင်ယောဂီအများစုမှာ ရဟန်းများဖြစ်ကြသော်လည်း အမေရိကန် ယောဂီ အများစုကတော့ မိသားစု၊ အလုပ်အကိုင်နှင့် အနောက်တိုင်းအမြင်ရှိသော လူဝတ်ကြောင်များဖြစ်ပါသည်။ ကွန်းဖီးကတော့ သူ့အတွေ့အကြုံအရ သူတို့နည်းသူတို့ဟန် အတိုင်း သွားမှဖြစ်ဟု သိနေပါသည်။
”ကျွန်တော်တို့စိတ်တွေဟာ အနာဂတ်စီမံကိန်းတွေ၊ အမှတ်ရမှုတွေ၊ နောက်ကြောင်းပြန်မှုတွေနဲ့ ပြန့်ကြဲ နေကြတာဗျ။ ပစ္စုပ္ပန်တည့်တည့်မှာ ကျွန်တော်တို့မနေနိုင်ကြဘူး။ ပစိဖိတ်သမုဒ္ဒရာနေ၀င်ချိန်တွေ မမြင်နိုင် လောက်အောင်ပဲ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ နစ်မွန်းပျောက်ကွယ်နေကြတာ၊ အိမ်ပြန်ချိန်မှာ တောင် ကျွန်တော်တို့ရင်သွေးလေးတွေရဲ့ မျက်ဝန်းလေးတွေကို မမြင်တော့ဘူး၊ ပန်းခြံလေးကို ကျွန်တော် တို့မမြင်ကြတော့ဘူးဗျ။” ဟု ကွန်းဖီးလ်က ပြောပါသည်။
ဝိပဿနာနှင့် စိတ်ပညာတို့၏ ဆက်နွှယ်မှုကို မြင်သော ကွန်ဖီးလ်က သူ၏ သင်တန်းသားများအား ရိုးရာ ကမ္မဋ္ဌာန်းတရားထိုင်ခြင်းနှင့် အာရုံခံစိတ်လေ့ကျင်မှုတို့ တွဲဖက်ရန် အားပေးလေသည်။ ဝေဘန်ရေး ဆရာအချို့ကတော့ ကွန်းဖီးလ်၏ ချဉ်းကပ်မှုနှင့် ပတ်သက်၍ ပေါ့ပျက်ပျက်ဗုဒ္ဓဘာသာအဖြစ် ဘေးဖယ်လိုကြသည်။ သို့သော် သူ၏ အရောင်းသွက်စာအုပ်များက ရည်ညွှန်းချက်တစ်စုံ တစ်ရာဖြစ်မည်ဆိုလျှင် သူ့ပြောချင်သော မက်ဆေ့ခ်ျက လူများစွာအတွက် ပဲ့တင်ထပ်နေခဲ့ပါသည်။
၁၉၇၀ နောက်ပိုင်း မက်ဆာချူးဆက်တွင် ရှိသည့် ၀ိပဿနာစင်တာသို့ ရောက်မလာမီက ဇင်နှင့် တိဘက် လားမားများထံတွင် နည်းခံခဲ့ဖူးသော ထရုဒီ ဂေါ့ဒ်မင်ဆိုသော အမျိုးသမီးက သူမအတွက် သူမ၏ အာရှနွယ်ဖွား ဆရာများနှင့် အချိတ်အဆက်မိရန်ခက်ခဲခဲ့ကြောင်း ပြောပါသည်။
၁၉၇၀ နောက်ပိုင်း မက်ဆာချူးဆက်တွင် ရှိသည့် ၀ိပဿနာစင်တာသို့ ရောက်မလာမီက ဇင်နှင့် တိဘက် လားမားများထံတွင် နည်းခံခဲ့ဖူးသော ထရုဒီ ဂေါ့ဒ်မင်ဆိုသော အမျိုးသမီးက သူမအတွက် သူမ၏ အာရှနွယ်ဖွား ဆရာများနှင့် အချိတ်အဆက်မိရန်ခက်ခဲခဲ့ကြောင်း ပြောပါသည်။
“ကျွန်မကတော့ ဂျက်ခ်ဟာ လေ့ကျင့်ခန်းနယ်ပယ်က ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာဘ၀တွေအတွက် ပိုင်အိုးနီး ယားတစ်ယောက်အဖြစ်နဲ့ ဗုဒ္ဓဘာသာကို ပြောင်းလဲခဲ့တာလို့ ကျွန်မခံစားမိပါတယ်” ဟု အယ်လ်အေ ၀ိပဿနာ စင်တာကို ဦးဆောင်နေသည့် သူမက ပြောပါသည်။
၁၉၈၈ ခုနှစ်မှာ ကွန်းဖီးလ်သည် သူယခုတိုင် ဦးဆောင်နေဆဲဖြစ်သော ဓမ္မကျောက်ဆောင်ဝိပဿနာစင်တာကို (Marin County community of Woodacre)တွင် တည်ထောင်ခဲ့ပါသည်။ သူ့တွင် စိတ်ပညာရှင်ဖြစ်သူ ဇနီး လီယာနာနှင့် ယခုနှစ်နွေရာသီတွင် ကမ္ဘောဒီယားနိုင်ငံ၌ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေ သည့် သမီး ကာရိုလိုင်းတို့ရှိပါသည်။
ကွန်းဖီးလ်သည် ဗုဒ္ဓဘာသာကို မိသားစုဘ၀အခြေခံကာ ချဉ်းကပ်နိုင်သည့် နေရာတစ်ခုအဖြစ် သူ၏ ၀ိပဿနာ စင်တာကို ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ အခြားလုပ်ငန်းများအနေဖြင့် သူနှင့် အခြားပုဂ္ဂိုလ်တို့က မိဘများနှင့် သက်ဆိုင်သည့်သင်တန်းများ အလယ်တန်းကျောင်းသားများအတွက် ဗုဒ္ဓဘာသာမိတ်ဆက်သင်တန်းများကို သင်ကြားပို့ချပေးလျက်ရှိပါသည်။
ကွန်းဖီးလ်က သူ့ကိုယ်ပိုင်ကျင့်စဉ်များကိုလည်း မြင့်မားအောင် အားထုတ်နေဆဲဖြစ်သည်။ သူ၏ အဆက်မပြတ် လည်ပတ်နေသောသင်ကြားပို့ချမှုဘ၀က သူ့အား ခန္တီတရားနှင့် သတိသမ္ပဇာဉ်ကို အားထုတ်နိုင်စေရန် အခွင့်အလမ်းများစွာ ပေးခဲ့သည် ဟု သူက ဆိုသည်။
သူ အိမ်ပြန်ရောက်သွားသောအခါ သူ့တရားရိပ်သာစခန်းမြေပြင်ပေါ်တွင် ရှိသည့် စာရေးတဲသေးသေးလေးတွင် အချိန်ကုန်ရသည်ကို သူနှစ်ခြိုက်သည်။ သူ့တဲလေး၏ ပြတင်းပေါက်မှ ကြည့်လျှင် စိမ်းလန်းသော တောင်ကုန်း များနှင့် စမ်းချောင်းလေးနံဘေးတွင်စိုက်ပျိုးထား သော သစ်ပင်တန်းများကို သူမြင်နိုင်လေသည်။
(Kate Linthicum , Los Angels Times ၏ Teacher who helped shape American Buddhism is still on a quest ကို ဘာသာပြန်ဆိုပါသည်။
http://articles.latimes.com/2010/may/29/local/la-me-beliefs-buddhist-20100529
ဓမ္မဂင်္ဂါ
Teacher who helped shape American Buddhism is still on a questJack Kornfield says 'we're teaching meditation not as a religious activity but as a support for living a wise and healthy and compassionate inner life.'
May 29, 2010|By Kate Linthicum, Los Angeles Times
In 1972, Jack Kornfield stepped off a plane in Washington, D.C., his head shaved and his body swathed in golden robes. He had come home to see if he could make it as a monk in America.
Kornfield had spent several contemplative years at a Buddhist monastery in Thailand, where he lived with few possessions, followed a strict monastic code and retreated each day to the lush forest for hours of meditation.
But in the U.S., he found no monasteries that practiced the Vipassana meditation he had studied. And the precepts he had followed in Thailand — which barred him from handling money and required that he eat only donated food — proved difficult to follow.
He gave up his robes and starting driving a taxi. He dated, got a doctorate in psychology and continued to practice Buddhism on his own terms, using the teachings he had learned to help cope with everyday life's ups and downs. And with time, he began to help build a new Buddhism.
This distinctly American incarnation encouraged students to find mindfulness in all parts of life, not just in meditation. It was less religion and more practice.
"More and more, we're teaching meditation not as a religious activity but as a support for living a wise and healthy and compassionate inner life," Kornfield said recently. "A number of the people I teach don't consider themselves Buddhists, which is absolutely fine with me. It's much better to become a Buddha than a Buddhist."
Kornfield is in Los Angeles this weekend for two events — a talk at the Armand Hammer Museum on Friday night about the psychologist Carl Jung's journals, and a three-hour meditation class on Saturday at the InsightLA meditation center.
As one of the founders of the Insight Meditation Society, one of the nation's most popular Buddhist centers, he has led retreats around the globe and has taught alongside eminent Buddhist monks such as Thich Nhat Hanh and the Dalai Lama.
Kornfield is credited as one of the teachers who helped Buddhism take root in the West by making it palatable and relevant for Americans.
These days, there are hundreds of Buddhist centers across the country, and meditation programs in schools, prisons, hospitals and even corporate boardrooms. But when Kornfield helped found the Insight Meditation Society in 1976, Buddhism was still a novelty in America. The small scene was dominated by Asian emigre monks — charismatic Tibetan teachers and Zen masters who taught Buddhism with a samurai-like intensity.
Kornfield and two similarly inclined friends, Sharon Salzberg and Joseph Goldstein, decided America needed a place where people could practice the Vipassana meditation of Southeast Asia and India. More so than is taught in Zen or Tibetan Buddhism, Vipassana calls for a systematic exploration of the inner self.
Together, they bought an old Catholic monastery in the woods of Barre, Mass., and invited spiritual seekers for retreats. In sitting and walking meditation sessions, they encouraged participants to be mindful of their bodies, their breath and the activity of their minds.
Students and teachers wore street clothes, and teachers gave real-life advice on how to live mindfully in the modern world.
Although nearly all students of Buddhism in Asia were monks, most American Buddhist students were laypeople with families, jobs and Western sensibilities. Kornfield knew from experience that they needed their own message.
"Our minds are quite scattered with planning and remembering and tracking and we don't live much in the present," he said. "We can be so lost in our minds that we don't see the sunset over the Pacific, we don't see the eyes of our children when we come home, we don't see the garden."
Kornfield, who sees affinities between meditation and psychology, encourages his students to pair traditional meditation practice — usually sitting — with forms of cognitive therapy.
Some critics have dismissed Kornfield's approach as "Buddhism lite." But if his bestselling books are any indication, his message resonates with many people.
Trudy Goodman, who had studied with Zen and Tibetan monks before she arrived at the Insight center in Massachusetts in the late 1970s, said it was sometimes harder to connect with her Asian-born teachers.
"I feel that Jack has changed Buddhism by being a pioneer for the inclusion of our emotional lives in the practice," said Goodman, who runs the InsightLA center.
In 1988, Kornfield founded the Spirit Rock Meditation Center in the Marin County community of Woodacre, which he still runs. He has a wife, Liana, a psychologist, and a daughter, Caroline, who is on an internship in Cambodia this summer. He opened the center as a place to explore a more family-oriented approach to Buddhism. Among other things, he and others lead classes in parenting and teach introductory Buddhist courses for middle school students.
Kornfield also continues to develop his own practice.
His roving life of teaching gives him plenty of opportunities to practice patience and mindfulness, he said. When he's home, he likes to spend time in his small writer's cottage on the retreat center's grounds. From the window, he can see rolling green hills and a line of bay trees planted along the edge of a stream.
No comments:
Post a Comment