လက်တန်း ပါးစပ် ပုံပြင်တစ်ပုဒ်ရှိပါတယ်။ အဲသည်ပုံပြင်မှာ မိန်းမလက်နက် ဆိုတာကို သိရလိမ့်မယ်။ မိန်းမတွေရဲ့ လက်နက်က ပြင်းထန်တယ်။ ထိရောက်မှုရှိတယ်။
ဟိုးရှေးရှေးတုန်းက ကမ္ဘာဦးအစလောက်ကပေါ့။ အဲသည့်ကာလ တစ်ခုမှာ ကျားနဲ့မ ဟာ အတူတူမနေကြဘူးတဲ့။
မိန်းမတွေဟာ အသားစား ကျားသတ္တ၀ါ ထွားထွား ကျိုင်းကျိုင်းကြီးတွေ နဲ့သာ အတူနေချင်နေမယ်။ ယောက်ျား လူသတ္တ၀ါတွေနဲ့ အတူမနေဘူး။
ယောကျာ်းတွေကလည်း တိရစ္ဆာန် မျောက်မတွေ နဲ့သာ အတူနေမယ်။ လှပတဲ့ မိန်းမတွေနဲ့ အတူမနေကြဘူး။
ကျားနဲ့မ ဟာ ရန်ဘက်ပဲ။
ယောကျာ်းက တိုင်းပြည်တစ်ပြည်၊ မိန်းမက တိုင်းပြည်တစ်ပြည် သီးခြားနေထိုင်ကြတယ်။ သူတို့ထဲမှာ ဖောက်ပြန်သူရှိလို့ မိရင် အဲသည်မိန်းမ ကို ခေါင်းဖြတ်သတ် ယဇ်ပူဇော်တယ်။ ယောက်ျားတွေလည်း မိန်းမနဲ့ ငြိစွန်းပြီး မိလာသူရှိရင်လည်း အရှင်လတ်လတ် ကြိုးတုပ် မီးမြိုက်တယ်။ကျားနဲ့ မတို့ရဲ့စစ်ပွဲကို မကြာခဏ ဆင်နွဲကြတယ်။ ကျားကလာတိုက်လိုက်၊ မက လာတိုက်လိုက်နဲ့ ဘယ်ဘက်က စစ်ထိုးထိုး တိုက်ပွဲမှန်သမျှ မိန်းမ ကချည်းနိုင်တယ်။ ယောက်ျားတွေ ဘက်ကချည်းပဲရှုံးတယ်။အောင်မြင်စွာ မဆုတ်ခွာရပဲ ခွေးပြေ ၀က်ပြေး ပြေးရတယ်။ အဲလိုရှုံး ရတဲ့အကြောင်းအရင်းကို ရှာတော့ လုံ့လ၊ ၀ီရိယ၊ သတိ စသည်တို့မှာ မိန်းမတွေက ချည်းသာနေတယ်။
ဓားလှံ သုံးစွဲမှုအပိုင်းမှာလည်းအတူတူပဲ။ မိန်းမတွေက တိုက်ပွဲပြင်ဆင်ဖို့ ဖြတ်ထိုးဥာဏ် ရှိရုံမက သတိလည်း အမြဲရှိကြသတဲ့။ ယောက်ျားဘုရင်ကြီးဟာ ကြာတော့ သူ့ဘက်က အားနည်းချက်သိလာတယ်။ ဟေ့ကောင်တွေ မင်းတို့တစ်တွေ မိန်းမတွေကို မနိုင်မချင်း ဆက်ပြီးတိုက်ရမယ်။အဲလို အမိန့်နဲ့အတူ ထုတ်ပြန်တာ ကတော့....အခု တိုက်ပွဲမှာ မိန်းမတွေထက် ဓားလှံ လေးမြား မထက်မြက်တဲ့ ယောက်ျားမှန်သမျှကို ခေါင်းဖြတ်အပြစ်ပေးမယ်လို့ အမိန့်ပါ ပူးတွဲကြေညာလိုက်တာပေါ့။
သူ့ကျားတပ်ကို စိတ်တိုင်းကျဖြစ်တဲ့အခါ မိန်းမ ဘုရင်မကြီးဆီကို တိုက်ပွဲသတင်း၊ တိုက်ပွဲခေါ်သံ သ၀ဏ်လွှာကြိုပို့လိုက်တယ်။ (မောင်မောင်တို့အဖွဲ့လာမယ်ပေါ့၊ မချောတို့နာဖို့သာပြင်ပေ တော့လို့ဆိုတယ်။)
အဲသည်မှာ ဘုရင်မကြီးကလည်း တိုက်ပွဲကို လက်ခံ လိုက်တယ်။ စိန်ခေါ်ရင် တိမ်ပေါ်ထိ မမတိုက လည်း လိုက်တိုက်မယ်ပေါ့။ မမတို့က ကျားဆိုရင် အင်္ကျီအကျားတောင် မ၀တ်ဘူး လို့သတင်းပြန်လိုက်တယ်။ ဟီးးး
ပြန်စာတစ်စောင်လည်း ပေးလိုက်တယ်။ အဲဒီပြန်စာကတော့ ဒီမှာကိုရွေ ဘုရင်နာ ယောက်ျားကြီးရဲ့။ ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာ ငါတို့ မိန်းမတွေဟာ (သာမန်လက်နက်)ကိုသုံးစွဲတိုက်ခိုက်တယ်။ အခုတစ်ကြိမ်မှာတော့ အလွန်ထက်မြက်တဲ့ လက်နက်သုံးမှာဖြစ်လို့ စစ်ရှုးံ လျှင်တစ်သက်တာ ပတ်လုံး စစ်သုံ့ပန်းအဖြစ်နဲ့ ကျွန်ခံကြေးပဲလို့ ကတိပါတောင်းလိုက်တယ်။
ကျားဘုရင်ကြီး အနေနဲ့လည်း စစ်ရှောင်ဖို့က မဖြစ်နဲ့ ဒင်းတို့ကို တိုက်ဖို့က မလွယ်ပါလား နောက်ဆုတ်သူမှန်သမျှခေါင်းဖြတ်မယ်။ မမ အဖွဲ့ မမျှော်လင့်တဲ့ အချိန် ညဥ့်လယ်သန်းခေါင်ယံ အချိန်မှာ မသိအောင်တူးထားတဲ့ ဥမင်လိုဏ်တစ်ခုကနေ မြို့ထဲအရောက်ဝင်ရမယ်။ မိန်းမအိမ်မှန်သမျှ တစ်အိမ်တစ်ယောက်ဝင်ပုန်းရမယ်။ နံနက်လင်းလို့ အချက်ပေးတာနဲ့ သုံ့ပန်းမိန်းမတွေကို ရှေ့ကတင်ပြီးတော့ ဘုရင်မ ဆီကိုလာပေတော့လို့ တိုက်ပွဲ အစီအစဉ်ဆွဲတယ်။
ဘုရင်ကြီးကိုယ်တိုင်လည်း ဘုရင်မကြီးရဲ့ နန်းတော်ထဲကို ချဉ်းနင်းဝင်ရောက်တယ်။ ဟော...နံနက်လင်းလို့ တိုက်ပွဲလည်းခေါ်ပြီးရော ယောက်ျားတွေကို ကြိုးတုပ်ပြီး မိန်းမတွေက သုံ့ပန်းအဖြစ်နဲ့ဖမ်းလာကြတယ်။ အိပ်ချင်မူးတူးနဲ့ ဘုရင်ကြီးမျက်လုံးပြူးသွားတယ်။ ဟ ဘယ်လိုဖြစ်တာလဲ၊ ဘုရင်က ဒေါကန်ပြီး ဘုရင်မကြီးကိုဖမ်းလိုက်တယ်၊ပြီးတော့ လည်းပင်းကို ဓားနဲ့ တေ့ထားတယ်။ သူ့စိတ်ထဲမှာ သိချင်တာရှိတယ်။
ဘုရင်မ ဇက်ပေါ်ဓားတင်ပြီး... ကဲ မယ်မင်းကြီးမ သည်တိုက်ပွဲမှာ နင်တို့ မိန်းမတွေ ဘာလက်နက်သုံးလဲ၊ ပြောစမ်း၊ ငါ့ကောင်တွေ အားလုံးကြိုးတုပ်ခံထားရပြီ၊ ပြောစမ်း...ဖြေစမ်း။
အဲသည်မှာ ဘုရင်မကြီးက မျက်ရည်အသွယ်သွယ်ကျပြီးငိုတယ်။ မောင်မောင်တို့ရယ်၊ မမတို့က လက်နက်က အဲတာ ပါပဲလို့ ပြောနေသလိုပဲပေါ့။ သနားစဖွယ် ငိုနေတဲ့ ဘုရင်မကြီးကိုကြည့်ပြီး ဘုရင်ကြီးက စိတ်ပြောင်းသွားတယ်။ ဓားကို ချပြီး ချော့မော့မေးရတော့တယ်။
အဲတော့မ ဘုရင်မကြီးကဖြေတယ်။ မမတို့လက်နက် ကို မသိဘူးလား။ မမတို့လက်နက်က မျက်ရည်ပေါ့တဲ့၊ မောင်မောင်တို့ အဖွဲ့ဝင်အားလုံးဟာ အဲသည်မျက်ရည်လက်နက်မှာ အညံ့ခံလိုက်ရတယ်။
အဲသည်ကာလ ခေတ်ဆီက စလို့ မိန်းမလက်နက်ကို အံမတုနိုင်ကြတဲ့ မောင်မောင်တို့..........................။
No comments:
Post a Comment