၁။ သူတစ်ပါး နှစ်သက်တပ်မက်လောက်၍ လုယက်ခိုးယူနိုင်သော ပစ္စည်းဥစ္စာများ မရှိသူသည် သူ့မှာ သိမ်းဆည်းသိုးမှီစရာမလိုသောကြောင့် စိတ်ပူပန်ပူမရှိ၊ သွားချင်ရာသွားနိုင်ပြီး နောက်ကို လှည့်ကြည့် တွေးတောပူပန်စရာမလိုဘဲ စိတ်လွတ်လပ် ပေါ့ပါးသော ချမ်းသာသုခ။
၂။ မိမိမှာ ပစ္စည်းဥစ္စာပြည့်စုံ၍ လှူချင်တိုင်းလှူ၊ ပေးကမ်းချင်တိုင်း ပေးကမ်းနိုင်ကာ သုံးချင်သလိုသုံးနိုင်သော ချမ်းသာသုခ။
၃။ သူတစ်ပါးကို ပေးကမ်းနိုင်အောင်လည်း မချမ်းသာ၊ သူတစ်ပါးထံမှ အကြွေး ယူလောက်အောင် လည်း မဆင်းရဲဘဲ အလယ်အလတ် သင့်တင့်လျောက်ပတ်စွာ နေနိုင်စားနိုင်၍ အကြွေးမတင် အကြွေးတောင်းခံရခြင်းမှ ကင်းဝေးသော ချမ်းသာသုခ။
၎။ မကောင်းမှုလုပ်ပြီးမှ စားရေးဝတ်ရေး နေရေးထိုင်ရေး အဆင်ပြေမှာမဟုတ်၊ လူ့ဘ၀လေး ရရှိချိန်မှာ မကောင်းမှုလုပ်မှ အသက်ရှင် နေထိုင်ရမည်ဆိုတာ လက်မခံဘဲ အသက်ရှည်နေတဲ့ လူ့ဘ၀လေးကို မကောင်းမှုမလုပ်ဘဲ ကောင်းမှုများသာလုပ်ပြီး အသက်ရှင်ဟု ဆုံးဖြတ်ကာ မကောင်းမှုမှရှောင်ကြဉ်သော ချမ်းသာသုခ။
လူသားတိုင်းတွင် အထက်ဖော်ပြပါ ချမ်းသာ(၄)မျိုးအနက် တစ်မျိုးမျိုးသော် လည်းကောင်း နှစ်မျိုးသော်လည်းကောင်း ချမ်းသာသုခနဲ့ ပြည့်စုံနေသော ပုဂ္ဂိုလ်များချည်း ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ မိမိမှာ ချမ်းသာသုခ ရှိတယ်ဆိုတာ မမေ့သင့်ပါ။
သို့ရာတွင် တကယ်ရခဲလှတဲ့ လူ့ဘ၀လေးရရှိနေချိန် သိနိုင်ခဲတဲ့ အသိဉာဏ်ဗဟုသုတများ ရှိနေတဲ့ လူ့ဘ၀လေး တခဏတာ ရှင်သန်နေချိန်တွင် အထက်ပါချမ်းသာ(၄)မျိုးမှ နံပါတ်(၄) အချက်ကို အဓိကထား၍ ပြည့်စုံအောင် လိုက်နာ ကျင့်သုံးရန် အထူးလိုအပ်ပါလိမ့်မည်။
တကယ်တော့ လူ့ဘ၀ဆိုတာ ခဏလေးပါ။ ဒီခဏတာ ရနိုင်ခဲတဲ့ ဘ၀လေးမှာ မိမိအတွက်ပါမည့် ကောင်းမှုများမလုပ်ဘဲ မကောင်းမှုများလုပ်ပြီး ကုန်ဆုံးသွားမည်ဆိုလျှင် လူသားတို့ကိုလည်း အကျိုးမပြု မိမိကိုယ်ကိုလည်း အကျိုးမရှိ၍ အလဟဿ ဆန်ကုန်မြေလေးသော လူသားတစ်ဦး ဖြစ်ကာ လူ့ဘ၀၏တန်ဖိုး နှမြောစရာ ဘယ်လောက်များ ကောင်းလိမ့်မည်နည်း။
နောင်တဆိုတာ နောင်မှရတတ်၍ နောင်တလို့ခေါ်ဆိုသော်လည်း သတိမရှိ တရားမရှိ ဉာဏ်ပညာ နည်းပါးသူတို့ကြောင့် ဖြစ်ပေါ်လာသော စကားလုံးဟု သတ်မှတ်ကာ ငါသည် လူ့ဘ၀၏တန်ဖိုးကို ဒု၊ သ၊ န၊ သော သူဌေးသားလေးယောက်ကဲ့သို့ နောက်ဘ၀ မကောင်းကျိုးခံစားရမှ နောင်တမရ အောင် ယခု ရနေတဲ့လူ့ဘ၀လေးကို အကျိုးရှိအောင် အသုံးချမည့်ဟု စိတ်ဆန္ဒများ ဆုံးဖြတ်ကာ ပြုလုပ်လိုက်နာကျင့်သုံးကြပါစေလို့ ဆန္ဒပြုလိုက်ရပေသည်။ ဆန်နီနေမင်း
No comments:
Post a Comment