မင်းကျင့်တရားဆိုသည်မှာ နိုင်ငံအုပ်ချုပ်မင်းလုပ်နေသော မင်းများသည် သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့် အဓွန့်ရှည်အောင် စိုးအုပ်ခွင့်ရရန် ပေးတဲ့အကြံဉာဏ်ကိုခေါ်ပါသည်။ မြန်မာမင်းတို့သည် သားစဉ်မြေးဆက် မင်းကျင့်တရားများ ကျင့်နိုင်ရန် မင်းကျင့်တရား (၁၀)ပါးကို မှတ်တမ်းတင်ခဲ့ကြသည်။
မင်းကျင့်တရား ၁၀ ပါးမှာ -
၁။ အလှူပေးခြင်း၊ (ဒါန)
၂။ ငါးပါးသီလ ဆောက်တည်ခြင်း၊ (သီလ)
၃။ ပေးကမ်း စွန့်ကြဲခြင်း၊ (ပရိစာဂ)
၎။ ဖြောင့်မတ်မှန်စွာကျင့်ခြင်း၊ (သမ္မာပဋိပန္န)
၅။ ကိုယ်နှုတ် နူးညံ သိမ်မွေ့ခြင်း၊ (မုဒုက)
၆။ အခါအားလျှော်စွာ ရှစ်ပါးသီလစောင့်ခြင်း၊ (ဥပေါသထ)
၇။ မျက်မထွက်ခြင်း၊(အက္ကောဓ) ၈။ ရဟန်းရှင်လူပြည်သူတို့ကို မညှင်းဆဲခြင်း၊ (အ၀ိဟိံသန)
၉။ သည်းခံခြင်း၊ (ခန္တီ) ၁၀။ ရဟန်းရှင်လူ ပြည်သူတို့နှင့် မဆန့် ကျင်ခြင်း၊(၀ိရောဓ)တို့ဖြစ်သည်။
ထို့အပြင် မြန်မာမင်းတို့သည် ထွက်ပြီးသာဆင်စွယ် ပြန်ဝင်ရိုးမရှိသလို ပြောပြီးသားစကားကို တည်အောင် ကတိတည် ခဲ့ကြသည်။ ထို့အတွက်ကြောင့် မြန်မာစကားပုံတွင် "မင်းမှာကတိ လူမှာ သစ္စာ" ဟု ဆိုရိုးစကား ရှိခဲ့သည်။
မင်းကျင့်တရား(၁၀)ပါး
"၁၉၈၉ ခုနှစ် အမရပူရမြို့တွင် ဟောကြားတော်မူခဲ့သော တရား" လို့ http://soundcloud.com မှာ တွေ့ရပါတယ်။ အရှင် ဉာဏိဿရ ရဲ့ အသံဖိုင် ဖြစ်ပါတယ်။
No comments:
Post a Comment