
သံသရာလမ်းမှ ဘ၀ရထား"
တစ်ဘူတာပြီး တစ်ဘူတာကျော်
ချစ်တဲ့သူကိုခေါ်
မုန်းတဲ့သူမို့လည်း ကျော်လိုဘူး။
မှန်မှန်မောင်းသွား ဒီရထားဝယ်
ပျော်သူတွေလည်းစီး
အပူသည်တွေချည်း ဟုတ်ပေဘူး။
ရင်ဆိုင်ရင်းဝေးကွာ
ကျောကိုင်းလာပြန်စုံ
သွေဖည်လို့ ရနိုင်ဘူး။
ဘယ်ခရီးက စ,လာ
ဘယ်ဝယ်တွင်ဆုံး
လုံးလုံး သိချေဘူး။
မသိ၍ တန့်မနေ
ဆက်ကာလေသွား
ဖန်ဖန်ပင်များခဲ့ပြီ။
မသိခြင်းကို သိမှပင်
စုန်-ဆန်ဝင်ဒီရထား
စက်ရပ်ကာနား…….။ ။
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
No comments:
Post a Comment