........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Jun 20, 2018

ကမၻာတည္သေ႐ႊ႕ တည္ရွိေနမည္ျဖစ္ေသာအရာဝတၳဳေလးပါး {ကပၸဌိ(၄)ပါး}

{Zawgyi Version}
ကမၻာတည္သေ႐ႊ႕
တည္ရွိေနမည္ျဖစ္ေသာအရာဝတၳဳေလးပါး {ကပၸဌိ(၄)ပါး}
~~~~~~~~~~~~~~~~~~~~~~~

ထုံးမတိမ္၊
ငုံး,အိမ္,က်ဴ,လ,ႏွယ္၊
တူမွ်စံနိုင္း၊
ထပ္တညီ၊
ကပၸဌိတင္ထိုက္တဲ့၊
ခင္သိုက္ကညာေမႏွင့္
ငါးဆင့္သမိုင္း။

အဓိပၸါယ္မွာ ကမၻာတည္သေ႐ြ႕ကာလ
ပတ္လုံး မတိမ္ေကာ မေပ်ာက္ပ်က္ဘဲ
အၿမဲတည္ရွိေနသည့္ အရာေလမ်ိဳး
ထိုေလမ်ိဳးမွာ-

(၁) ဘုရားအေလာင္း ငုံးမင္းျဖစ္စဥ္က
သစၥာစြမ္းအားေၾကာင့္ ငုံးမင္းေနခဲ့ရာ
အရပ္သည္ ကမၻာတည္သေ႐ႊ႕ မီးမ
ေလာင္နိုင္ျခင္း၊

(၂) ဃဋိကာရ အိုးထိန္းသည္၏ အိမ္ေနရာသည္ ကမၻာတည္သေ႐ႊ႕ မိုးမစြတ္ျခင္း၊

(၃) က်ဴပင္က်ဴရိုးမ်ားသည္ ဘုရားအေလာင္းေမ်ာက္မင္း၏
သစၥာပါရမီတန္ခိုးေၾကာင့္ ကမၻာတည္သေ႐ႊ႕အဆစ္အပိတ္မရွိဘဲ
ေတာက္ေလ်ာက္ အေခါင္းအေပါက္
ျဖစ္ေနျခင္း၊

(၄) ဘုရားအေလာင္းယုန္မင္း၏
သီလပါရမီ သစၥာပါရမီတို႔ေၾကာင့္
လေပၚ၌ ကမၻာတည္သေ႐ႊ႕
ယုန္႐ုပ္ လကၡဏာတည္ရွိ
ေနျခင္းတို႔ျဖစ္ပါသည္၊

ဤေလးမ်ိဳးအျပင္ ကမၻာတည္သေ႐ႊ႕
ေမာင္ႏွင့္ေမပါ ထည့္လိုက္လ်င္ သမိုင္းငါးဆင့္ ထိုးနိုင္ေလာက္သည္
ဟု ေရွးကသစၥာေဒြးခ်ိဳးကဗ်ာေလး
ျဖစ္သည္။

{ဘဒၵ}ကမၻာတည္သေ႐ြ႕ တည္ရွိေနမည္ျဖစ္ေသာ
ဤေလးပါတို႔ ကပၸဌိေလးပါး
ဟုဆို၍ ပိဋကတ္စာေပ
(ဇာ၊ ဌ-၁၊ ၁၁၅၊၂၂၈၊ ဇာ၊ဌ-၃၊၅၁၊
မ၊ဌ-၃ ၊၁၂၅၊စရိယာ-ဌ-၂၈၈)
တို႔ပါရွိေလသည္။

(၁)#ဘာေၾကာင့္ မီးမေလာင္ပါသနည္း
      စာေရးသူတို႔ ဗုဒၶဘာသာဝင္မ်ား အမ်ားသိၾကသည့္ပရိတ္ႀကီး
(၁၁)သုတ္လာ ဝဋၬသုတ္ပရိတ္ေတာ္
ပင္ ျဖစ္ပါသည္ ဤသုတ္ေတာ္သည္
ငုံးမင္းသစၥာဆိုျခင္းျဖစ္ပါသည္။
  ေရွးအခါက ေဂါတမဘုရားေလာင္း
ပါရမီျဖည့္စဥ္ဘဝကာလတြင္ ဤဘဒၵ
ကမၻာ မာဂတတိုင္း ေတာအုပ္တစ္ခု၌
ဥမွေပါက္ဖြားခါစ ငုံးမင္းငယ္ေလးျဖစ္
ၿပီး မေျပးနိုင္ မပ်ံနိုင္ေသးေသာ အ႐ြယ္
တြင္ သူတို႔သားအမိေနထိုင္ေသာ ေတာအုပ္ကို မီးႀကီးေလာင္ကြၽမ္း
သည္။

ထိုသို႔ ေတာမီးေလာင္ကြၽမ္းျခင္းေၾကာင့္ မိခင္
ဖခင္ႏွင့္ တျခားပ်ံနိုင္ၾကသည့္ငွက္မ်ား
တိရိစ္ဆာန္မ်ား မီးလြတ္ရာသို႔ ေျပးၾက
ပ်ံၾကေသာ္လည္း မပ်ံနိုင္ရွာေသးေသာ
ဘုရားအေလာင္း ငုံးငယ္ေလးသာ က်န္ရစ္ခဲ့ရွာသည္။ ငုံးငယ္ေလးသည္
ထိတ္လန့္ေၾကာက္႐ြံ႕စြာျဖင့္ မိမိျဖည့္
က်င့္ခဲ့သည့္ ဒါန သီလ စသည့္ပါရမီ
ကုသိုလ္မ်ားႏွင့္ ေရွးေရွးဘုရားရွင္
အေပါင္းတို႔၏ဂုဏ္ေတာ္ တရားဂုဏ္
ေတာ္တို႔ကိုဆင္ျခင္၍ သစၥာျပဳျခင္းသာ
အားကိုးရာျဖစ္ေတာ့သည္ဟု ဆင္ျခင္
၍ သစၥာဆိုျပဳေလသည္။

"အို.....ေတာမီး ငါ့မွာ အေတာင္ရွိ
ေသာ္လည္း မပ်ံနိုင္ေသး ေျခေတာက္ႏွစ္ေခ်ာင္းရွိေသာ္လည္း
မေျပးလြားနိုင္ေသး ငါ၏အမိအဖတို႔
သည္ ငါ့ကိုစြန့္ခြာ၍ ေျပးၾကကုန္ေလၿပီ
သည့္အတြက္ေၾကာင့္ အသင္ေတာမီး
ငါ့ေနရာအား ေရွာင္ရွား၍ သင္ျပန္
လည့္သြားပါေတာ့။"

ဤသို႔ ငုံးမင္းငယ္ေလး သစၥာျပဳလိုက္
သည္ႏွင့္ တစ္ၿပိဳင္နက္ သစၥာ၏တန္ခိုး
အာႏုေဘာ္ေၾကာင့္ ငုံးမင္းငယ္ေနတဲ့
ေနရာမွ တစ္ဆယ့္ေျခာက္ပယ္
ပတ္လည္အကြာအေဝးတြင္းသို႔ မီး
မဝင္ေရာက္ေတာ့ပဲ ေရွာင္ကြင္း
ၿငိမ္းေအးသြားေလသည္။

ထိုအခ်ိန္မွစ၍
ဤအရပ္ ဤေနရာသည္
ငုံးငယ္ေလး ေနေသာေနရာသည္
ကမၻာတည္တေ႐ြ႕ မီးမေလာင္ခဲ့ျခင္း
ျဖစ္ေလသည္။

(သည္အေၾကာင္းကို စုံနံ႕သာၿမိဳင္ဆရာ
ေတာင္တြင္းႀကီးဦးေၾကာ့က စုံနံသာ
ၿမိဳင္ ရွာပုံေတာ္တြင္ ငုံးမင္း၏သစၥာကို
တိုင္တည္ထားပါေသးသည္။
"ဘဂဝႏၱဳ သဗၺၫုႏုစဥ္ခါတုန္း
သစၥာငယ္သုံး ငုံးမင္းပါရမီ
ျမတ္ဝသီေၾကာင့္ ကပၸဌိတိ
အညီညွိ အတၳိေလာေက
ကမၻာငယ္ဆန္းကာမွ
ဥဒါန္းငယ္ေၾက ေအာငါေျမသန့္ရွင္း ညီးညီးငယ္ေျပာင္  မီးေရွာင္လို႔ကြင္း
ရတယ္    ရွစ္မင္းပယ္စာ ႏွစ္ျပန္တာႏွင့္
ျဖာျဖာႏွင္းေသာက္ ႏြယ္သတိုးေၾကာင့္
ဆယ့္ကိုးေခါက္ ေရာက္ခဲ့ေပါ့
ျမေညာက္ဒါ႐ူ ေတြ႕ရင္ျဖင့္ ပန္းပါဘူး
ပင္နန္းသူ"လို႔အလြမ္းကို သစၥာတိုင္
ဖြဲ႕ခဲ့ဖူးေလသည္။{တစ္ဆယ့္ေျခာက္
ပယ္ဟု ဆိုထားရာ စပါး ငါးတင္း
(ေလးအမၺလာ)မ်ိဳးႀကဲေလာက္ေသာ
ေျမကြက္အက်ယ္အဝန္းသည္ တစ္
ပယ္ျဖစ္၍ ေျမကြက္တဆယ့္ေျခာက္
ကြက္သည္ တဆယ့္ေျခာက္ပယ္ျဖစ္
သည္ဟု ေပါရာဏက်မ္းမ်ားတြင္
ဖြင့္ဆိုထားပါသည္})။

(၂)#ဘာေၾကာင့္ မိုးမစြတ္ရသနည္း

ကႆပဘုရားရွင္လက္ထက္
အခါက ျဖစ္ပါသည္။
ေကာသလတိုင္း ႐ြာႀကီးတ႐ြာတြင္
ဃဋိကာရအမည္ရွိ အိုးဖုတ္သမား
(ေရွးအခါ အိုးထိန္းသည္ဟု ေခၚဆိုသည္) တစ္ေယာက္ ရွိေလသည္။

ထိုဃဋိကာရအိုးထိန္းသည္သည္
ကႆပဘုရားရွင္၏ တပည့္ရင္း
အလုပ္အေကြၽး အနာဂါမ္အရိယာ
ျဖစ္ၿပီး မ်က္မျမင္မိဘႏွစ္ပါးကို အိုး
ဖုတ္ျခင္းအလုပ္ျဖင့္လုပ္ေကြၽးေနသူ
ျဖစ္သည္။ေဂါတမဘုရားအေလာင္း
ေဇာတိပါလလုလင္ႏွင့္လည္း အလြန္
ရင္ႏွီးကြၽမ္းဝင္သူ ျဖစ္ပါသည္။

တေန႕တြင္ ထို႐ြာ၌ရွိေသာ ကႆပ
ျမတ္စြာဘုရား၏ အရံေက်ာင္းသည္
မိုး႐ြာ၍ မိုးမလုံသျဖင့္ ကႆပဘုရား
ရွင္က ရဟန္းမ်ားအား ဃဋိကာအိမ္
တြင္ မိုးထားေသာျမက္သက္ငယ္မ်ား
ကို သြားေရာက္ခြာယူရန္ မိန့္ၾကား
ေတာ္မူပါသည္။

ရဟန္းေတာ္မ်ားလည္း ကႆပဘုရား
ရွင္၏ အမိန့္အတိုင္း ဃဋိကာရ၏အိမ္
အမိုးတို႔ကို သြားေရာက္ျဖဳတ္ခြာၾက
ေလသည္။ဤအခ်ိန္တြင္ ဃဋိကာရ
အိမ္တြင္မရွိဘဲ ေတာသို႔သြားေနေလ
သည္။အမိအဖက အိမ္အမိုးျဖဳတ္ခြာ
ေနသံၾကားရ၍ 'ဘယ္သူေတြတုံး'ဟု
ေမးျမန္းရာ ရဟန္းမ်ားက 'ဒါယိကာ
မႀကီး'က်ဳပ္တို႔ ရဟန္းေတာ္မ်ားျဖစ္
ပါသည္။ျမတ္စြာဘုရားေက်ာင္းေတာ္
မွာ မိုးမလုံ၍ အမိုးမိုးရန္ ဃဋိကာရ
အိမ္မွ အမိုးကို ျဖဳတ္ခြာယူရန္ အမိန့္
ရွိလာ၍ ျဖဳတ္ခြာေနရျခင္းျဖစ္သည္
ဒါယိကာမႀကီး'ဟု ရဟန္းေတာ္မ်ား
က ေျပာၾကားေလသည္။

ဃဋိကာရ၏ မိဘႏွစ္ပါးကလည္း
သဒၶါတရားထက္သန္သူမ်ားျဖစ္ၾက၍
'အရွင္ဘုရားတို႔ အလိုရွိသေလာက္
သာ ျဖဳတ္ခြာယူၾကပါဘုရား'ဟု ခြင့္
ျပဳေလသည္။

ဃဋိကာရအိမ္သို႔ ျပန္ေရာက္လာ
ေသာ္  အိမ္အမိုးကို ဟာလာဟင္းလင္း
ျဖစ္ေနသည္ကို ျမင္ရ၍ မိဘႏွစ္ပါးကို
ေမးျမန္းရာ မိဘတို႔က အျဖစ္မွန္ကို
ေျပာျပၾကေလသည္။ သည္အခါ
အိုးထိန္းသည္ ဃဋိကာရ ဝမ္းေျမာက္
ဝမ္းသာ ေႂကြးေၾကာ္ေလသည္။

"ဪ ငါ အရေတာ္ေလစြ ငါ့လို႔လူ
ဇမၺဴမွာ ရွိပါေသးသလား။ေကာင္းစြာ
ရအပ္ေပသကား။ပူေဇာ္အထူးကို
ခံယူေတာ္ထိုက္ေသာ ကႆပျမတ္
စြာဘုရားသည္ ငါ့အား အလြန္အမင္း
အေရးေပး၍ ခ်ီးေျမာက္ပါေပသည္။
ဃဋိကာရသည္ ဤသို႔ေႂကြးေၾကာ္ၿပီး
(၁၅)ရက္ပတ္လုံး ဝမ္းေျမာက္ဝမ္းသာ
ပီတိျဖစ္ေနသည္။

ဤကဲ့သို႔ ဃဋိကာရ အိုးထိန္းသည္မိ
သားစုတို႔၏    ထက္သန္ေသာသဒၶါ
တရား ေစတနာအဟုန္တို႔ေၾကာင့္
ဃဋိကာရ အိမ္ေနရာသည္ ဘဒၵကမၻာ
တည္တေ႐ြ႕ မိုးမစြတ္ျခင္း ျဖစ္ရေလ
သည္။

(၃)#ဘာေၾကာင့္က်ဴရိုးတို႔
ေတာက္ေလ်ာက္အေခါင္း
ျဖစ္ေနရပါသနည္း

လြန္ေလၿပီးေသာအခါက
ေကာသလတိုင္း ေတာအုပ္ႀကီးတစ္ခု
တြင္ ေရကန္ႀကီးတကန္ ရွိေလသည္။
ထိုေရကန္ပတ္လည္တြင္ က်ဴပင္မ်ား
ဝိုင္းအုံေပါက္လ်က္ရွိပါသည္။
ထိုေရကန္ကို ေဝႆဝဏ္နတ္မင္းႀကီး
၏ ခြင့္ျပဳခ်က္ျဖင့္ ဘီလူးတို႔အုပ္စိုးေန
ၿပီး ထိုေရကန္သို႔ ဆင္း၍ ေရေသာက္
ေရခ်ိဳးၾကေသာ လူႏွင့္တိရိစ္ဆာန္တို႔ကို
ဘီလူးမ်ားက ဖမ္းယူစားေသာက္
ေလ့ရွိသည္။

ထိုအခ်ိန္တြင္ စာေရးသူတို႔၏ေဂါတမ
ဘုရားအေလာင္းေတာ္သည္ ေမ်ာက္
မင္းဘဝတြင္ျဖစ္ေနၿပီး ေမ်ာက္ရွစ္ေသာင္းကို အုပ္ခ်ဳပ္လ်က္
ေတာတြင္း၌ လွည့္လည္က်က္စား၍
ေနေလသည္။  ဘုရားအေလာင္း
ေမ်ာက္မင္းသည္ ေမ်ာက္အေပါင္းတို႔
အား သူမသိပဲ သူ႕အားမပန္ၾကားပဲ မစားဖူးသည့္ အစားအစာ အသီး
အ႐ြက္ႏွင့္ ေရတို႔ကို မစားမေသာက္
ၾကရန္ ဩဝါဒေပးထားေလသည္။

တစ္ေန႕တြင္ ေမ်ာက္အေပါင္းတို႔သည္
မေရာက္ဖူးသည့္ ဘီလူးမ်ားေစာင့္
ၾကပ္ေနေသာ ေရကန္နားသို႔ ေရာက္
ရွိလာၾကေလသည္။အၿခံအရံ ေမ်ာက္
အေပါင္းတို႔သည္ ေရငတ္ေနၾက၍ ေရ
ကန္တြင္းသို႔ ေရဆင္းေသာက္ခြင့္ျပဳရန္
ဘုရားေလာင္းေမ်ာက္မင္းအား ပန္
ၾကားၾကေလသည္။ေမ်ာက္မင္းသည္
ၾကည္စိမ္းေနၿပီး ၾကာငါးပါးတို႔ဖူးပြင့္
ေနသည့္ေရကန္ကို ၾကည့္ရႈေလ့လာ
ရာ ေရကန္တြင္းသို႔ဆင္းသည့္ ေျခရာ
မ်ားသာေတြ႕ရၿပီး ျပန္သက္လာသည့္
ေျခရာမ်ားကို မေတြ႕ရ၍ ဆင္း၍မေသာက္ တားျမစ္ေလသည္။

ထို႔ေနာက္ ေရကန္ထဲသို႔မဆင္းေစရဘဲ
ေရေသာက္နိုင္ရန္ ေမ်ာက္မင္းသည္
က်ဴပင္ကို သြားႏုတ္ခိုင္းၿပီး ကမၻာေပါင္းမ်ားစြာ ျဖည့္က်င့္ခဲ့ေသာ
ပါရမီတို႔ကို သစၥာျပဳေလသည္။
"ကြၽန္ပ္ကိုင္ထားေသာ က်ဴပင္ႏွင့္
အတူ ေရကန္ပတ္လည္ က်ဴပင္
အားလုံးတို႔သည္ အရင္းမွအဖ်ားတိုင္
အဆစ္အပိတ္မရွိ အေခါင္းေပါက္ျဖစ္
ပါေစတည္း"ဟု အဓိဌာန္ျပဳၿပီး က်ဴရိုး
ကို မႈတ္ထုတ္ေလလ်င္ က်ဴပင္တို႔
သည္ ေမ်ာက္မင္း၏ သစၥာပါရမီတန္
ခိုးေတာ္ေၾကာင့္ တိုးလ်ိဳေပါက္ အေပါက္မ်ားျဖစ္သြားေလသည္။
ေမ်ာက္အေပါင္းတို႔လည္း ေရကန္
တြင္းသို႔ မဆင္းရဘဲ က်ဴရိုးပိုက္ျဖင့္
ေရကို ဝဝလင္လင္ ေသာက္သုံး
ရေလသည္။ဘီလူးတို႔လည္း ေမ်ာက္
တစ္ေကာင္မွ မစားရေတာ့ေခ်။

ဘုရားေလာင္းေမ်ာက္မင္း၏ သစၥာ
တန္ခိုးေတာ္ေၾကာင့္ ဤဘဒၵကမၻာ
တည္ေနသေ႐ြ႕  က်ဴရိုးတို႔သည္ အဆစ္အပိတ္မရွိေတာ့ဘဲ ေတာက္
ေလ်ာက္ ေရပိုက္သဖြယ္ ေအပါက္ျဖစ္
ေနေလသည္။

(၄)#ဘာေၾကာင့္ လေပၚ၌
ယုန္႐ုပ္ထင္ေနပါသနည္း

ေရွးအခါ ဗာရဏသီျပည္
ေတာအုပ္တေနရာ၌ ျမတ္စြာ
ဘုရားပါရမီႏုစဥ္ ယုန္မင္းဘဝျဖင့္
ထိုေတာအုပ္တြင္ က်က္စားေန
ေလသည္။ ထိုေတာအုပ္ထဲတြင္
ယုန္မင္း၏အဆိုအဆုံးအမကို နာယူ
ၾကသည့္ ေမ်ာက္ ေျမေခြး ဖ်ံ သုံးဦး
တို႔လည္း ေနထိုင္ၾကေလသည္။
ထိုယုန္မင္း ေမ်ာက္မင္း ေျမေခြး ဖ်ံ
ေလးဦးတို႔သည္ မိမိတို႔အစား
အေသာက္မ်ားကို အလႉခံတို႔အား
လႉဒါန္း၍ သီလျဖင့္ ေနထိုင္ၾက
ေလသည္။

ယုန္မင္းသည္ သီလကိုဆင္ျခင္၍ ျမက္
ခင္းျပင္၌ ဝပ္ကာ စဥ္းစားေလသည္။
"အလႉခံပုဂၢိုလ္မ်ားေရာက္လာလ်င္
ငါဘာလႉရပါမည္နည္း။ငါသည္ ျမက္
ကိုသာစားေသာ သတၱဝါျဖစ္၍ ျမက္ကို
အလႉခံပုဂၢိုလ္တို႔ စားမည္မဟုတ္။
သည္ေတာ့ ငါ့အသားကို မီးကင္၍လႉ
မည္"ဟု ဆုံးျဖတ္ကာ ဘာဝနာပြားမ်ား
၍ ေနေလသည္။

ယုန္မင္း၏ သီလစြမ္းအားေၾကာင့္
သိၾကားမင္း၏ ပ႑ဳကမၺလာေနရာ
သည္ ပူႏြေးလာေလသည္။သိၾကား
မင္းသည္ မိမိေနရာ ပူႏြေးလာျခင္းကို
စုံစမ္းရာ ယုန္မင္း၏ သီလအစြမ္းကို
ျမင္မိ၍ ယုန္မင္းသီလကိုစမ္းရန္
လူ႕ျပည္သို႔ ဆင္းလာေလသည္။

သိၾကားမင္းသည္ ပုဏၰားအေယာင္
ေဆာင္ၿပီး ယုန္မင္း၏ မိတ္ေဆြမ်ား
ျဖစ္သည့္ ဖ်ံ ေျမေခြး ေမ်ာက္တို႔ထံ
သို႔ အလႉခံရာ ထိုသုံးဦးကလည္း
သူတို႔ထံတြင္ရွိသည့္ အစားအစာမ်ား
ကို လႉဒါန္းၾကေသာ္လည္း လက္မခံ
ဘဲ ယုန္မင္းရွိရာသို႔ ထြက္လာေလ
သည္။

ယုန္မင္းလည္း ပုဏၰားလာသည္ကို
ျမင္၍ 'အဘယ္အတြက္ႂကြလာ
သနည္း'ဟု ေမးေလသည္။ပုဏၰားက
'တစ္စုံတရာအစားအစာ ရလို၍ လာပါ
သည္။အစာအာဟာရ ရလ်င္ ဥပုသ္
ေစာင့္လိုပါသည္'ဟု ပုဏၰားက ေျပာ
ေလသည္။

"အို  အသင္ပုဏၰား အကြၽန္ပ္ထံ
ေရာက္လာျခင္းသည္ ေကာင္းေသာ
ေရာက္လာျခင္းျဖစ္ပါသည္။
အကြၽန္ပ္သည္ မည္သူမွ်မလႉဖူးေသာ
အသားကို လႉဒါန္းပါမည္။အကြၽန္ပ္
တြင္ ႏွမ္း ပဲ ေျပာင္း သားငါး စသည္
တို႔ေတာ့ မရွိပါ။အကြၽန္ပ္အသားကို
သာ လႉဒါန္းပါမည္။အသင္ပုဏၰား
တြင္ သီလရွိသူျဖစ္ပါသည္။ပါဏာတိ
ပါတကံ ျပဳမည္မဟုတ္ပါ။သို႔အတြက္
အသင္ ထင္းမ်ားစုေဝး၍ မီးဖိုေပးေစ
လိုပါသည္။ထိုမီးပုံ ထဲသို႔ ကြၽန္ပ္ဆင္း
သက္၍ က်က္ၿပီးေသာအသားကို စား
သုံး၍ သီလေဆာက္တည္ပါေလ။

သိၾကားမင္းပုဏၰားလည္း  ယုန္မင္း
ေျပာသည့္အတိုင္း မီးဖို၍ မီးက်ီခဲက်
ေအာင္ ေမႊးေလသည္။မီးက်ီခဲ ရဲရဲ
ေတာက္လာသည္ႏွင့္ ယုန္မင္းသည္
မီးက်ီခဲတြင္းသို႔ ခုန္ဆင္းေလလ်င္ မီး
က်ီခဲမ်ားသည္ ယုန္မင္း၏ အေမြးမ်ား
ကိုမွ် မေလာင္ကြၽမ္းဘဲ ဆီးႏွင္းခဲတြင္း
သို႔ ဝင္ရသလို ျဖစ္​ေနေလသည္။

"အသင္ပုဏၰား အသင္ေမႊးေသာမီး
သည္ အလြန္ေအးပါသည္။ အကြၽန္ပ္
အေမြးမ်ားကိုပင္ မေလာင္ပါလား။
အေၾကာင္းရင္းက ဘာေၾကာင့္ပါနည္း

"အို ယုန္ပညာရွိ ငါကား ပုဏၰားအစစ္
မဟုတ္ သိၾကားမင္းျဖစ္ေလသည္။
အသင့္သီလႏွင့္ ဒါနကို စုံစမ္းလို၍
အကြၽန္ပ္လာျခင္းျဖစ္သည္။

"အို သိၾကားမင္း သင့္ကိုမွ်မဆိုထားဘိ
တစ္ေလာကလုံးတြင္ရွိေသာ ပုဂၢိုလ္အ
ေပါင္းတို႔ စုံစမ္းၾကပါမူ။အကြၽန္ပ္၏
ဒါန သီလတို႔ျဖင့္သာ လႉဒါန္းမည္ကို
အသင္ေတြ႕ရေပမည္။ ယုန္မင္းက
မြန္ျမတ္ေသာစကားျဖင့္ ျပန္၍ေျပာ
ၾကားေလသည္။

"အို    ယုန္ပညာရွိ  သင္၏ဂုဏ္ေက်းဇူး
တရားတို႔သည္ ဤဘဒၵကမၻာတြင္ ထင္
ရွားေစသတည္း"ဟု သိၾကားမင္းက
ဤသို႔ အဓိဌာန္ျပဳၿပီး ေတာင္ကိုညစ္၍
အဆီကိုယူကာ လဝန္းေပၚ၌ ေတာင္ကို ကညစ္တံလုပ္ၿပီး ယုန္႐ုပ္ကို
ေရးထြင္းေပးခဲ့ေလသည္။ ယုန္မင္းကို
လည္း မီးပုံအလယ္မွ မခ်ီ၍ ေနၿမဲျမက္
ခင္းေပၚသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး သိၾကား
မင္းလည္း နတ္ျပည္သို႔ ျပန္သြားေလ
သည္။

ကဲ စာဖတ္သူအားလုံးတို႔ေရ ဘဒၵကမၻာတည္ေနသေ႐ြ႕ မေျပာင္း
မလဲဘဲ တည္ရွိေနတဲ့ အရာဝတၳဳ
ေလးမ်ိဳးရဲ႕ ဝတၳဳသြားအက်ဥ္းေလး
ေတြဘဲျဖစ္ပါတယ္။

သာဓု သာဓု သာဓု အဲသလို
ဘုရားအေလာင္းေတာ္ႏွင့္တကြ
ေရွးေရွးသူေတာ္ေကာင္းတို႔ရဲ႕ သစၥာ
သီလ ဒါန ၿမဲပုံကို ႏွလုံးမူၿပီး
ဒို႔ဗုဒၶဘာသာဝင္အေပါင္းတို႔ကလည္း
သစၥာ သီလ ဒါန-တို႔ကိုတတ္စြမ္းသမွ်
ႀကိဳးစားလုပ္ကိုင္ျပဳနိုင္ၾကပါေစလို႔
တိုက္တြန္းရင္း•••••••••

သုခီတာ ေဟာထ*
20-6-2018
©ND
၂၀၀၈ ဒီဇင္ဘာလထုတ္ ဂမၻီရမဂၢဇင္းမွ
ျပန္လည္မွ်ေဝျခင္းျဖစ္ပါသည္။
@thotuzana blogspot.com
[Unicode Versin}
ကမ္ဘာတည်သရွှေ့
တည်ရှိနေမည်ဖြစ်သောအရာဝတ္ထုလေးပါး {ကပ္ပဌိ(၄)ပါး}
~~~~~~~~~~~~~~~~~~~~~

ထုံးမတိမ်၊
ငုံး,အိမ်,ကျူ,လ,နှယ်၊
တူမျှစံနိုင်း၊
ထပ်တညီ၊
ကပ္ပဌိတင်ထိုက်တဲ့၊
ခင်သိုက်ကညာမေနှင့်
ငါးဆင့်သမိုင်း။

အဓိပ္ပါယ်မှာ ကမ္ဘာတည်သရွေ့ကာလ
ပတ်လုံး မတိမ်ကော မပျောက်ပျက်ဘဲ
အမြဲတည်ရှိနေသည့် အရာလေမျိုး
ထိုလေမျိုးမှာ-

(၁) ဘုရားအလောင်း ငုံးမင်းဖြစ်စဉ်က
သစ္စာစွမ်းအားကြောင့် ငုံးမင်းနေခဲ့ရာ
အရပ်သည် ကမ္ဘာတည်သရွှေ့ မီးမ
လောင်နိုင်ခြင်း၊

(၂) ဃဋိကာရ အိုးထိန်းသည်၏ အိမ်နေရာသည် ကမ္ဘာတည်သရွှေ့ မိုးမစွတ်ခြင်း၊

(၃) ကျူပင်ကျူရိုးများသည် ဘုရားအလောင်းမျောက်မင်း၏
သစ္စာပါရမီတန်ခိုးကြောင့် ကမ္ဘာတည်သရွှေ့အဆစ်အပိတ်မရှိဘဲ
တောက်လျောက် အခေါင်းအပေါက်
ဖြစ်နေခြင်း၊

(၄) ဘုရားအလောင်းယုန်မင်း၏
သီလပါရမီ သစ္စာပါရမီတို့ကြောင့်
လပေါ်၌ ကမ္ဘာတည်သရွှေ့
ယုန်ရုပ် လက္ခဏာတည်ရှိ
နေခြင်းတို့ဖြစ်ပါသည်၊

ဤလေးမျိုးအပြင် ကမ္ဘာတည်သရွှေ့
မောင်နှင့်မေပါ ထည့်လိုက်လျင် သမိုင်းငါးဆင့် ထိုးနိုင်လောက်သည်
ဟု ရှေးကသစ္စာဒွေးချိုးကဗျာလေး
ဖြစ်သည်။

{ဘဒ္ဒ}ကမ္ဘာတည်သရွေ့ တည်ရှိနေမည်ဖြစ်သော
ဤလေးပါတို့ ကပ္ပဌိလေးပါး
ဟုဆို၍ ပိဋကတ်စာပေ
(ဇာ၊ ဌ-၁၊ ၁၁၅၊၂၂၈၊ ဇာ၊ဌ-၃၊၅၁၊
မ၊ဌ-၃ ၊၁၂၅၊စရိယာ-ဌ-၂၈၈)
တို့ပါရှိလေသည်။

(၁)#ဘာကြောင့် မီးမလောင်ပါသနည်း
      စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များ အများသိကြသည့်ပရိတ်ကြီး
(၁၁)သုတ်လာ ဝဋ္ဋသုတ်ပရိတ်တော်
ပင် ဖြစ်ပါသည် ဤသုတ်တော်သည်
ငုံးမင်းသစ္စာဆိုခြင်းဖြစ်ပါသည်။
  ရှေးအခါက ဂေါတမဘုရားလောင်း
ပါရမီဖြည့်စဉ်ဘဝကာလတွင် ဤဘဒ္ဒ
ကမ္ဘာ မာဂတတိုင်း တောအုပ်တစ်ခု၌
ဥမှပေါက်ဖွားခါစ ငုံးမင်းငယ်လေးဖြစ်
ပြီး မပြေးနိုင် မပျံနိုင်သေးသော အရွယ်
တွင် သူတို့သားအမိနေထိုင်သော တောအုပ်ကို မီးကြီးလောင်ကျွမ်း
သည်။

ထိုသို့ တောမီးလောင်ကျွမ်းခြင်းကြောင့် မိခင်
ဖခင်နှင့် တခြားပျံနိုင်ကြသည့်ငှက်များ
တိရိစ္ဆာန်များ မီးလွတ်ရာသို့ ပြေးကြ
ပျံကြသော်လည်း မပျံနိုင်ရှာသေးသော
ဘုရားအလောင်း ငုံးငယ်လေးသာ ကျန်ရစ်ခဲ့ရှာသည်။ ငုံးငယ်လေးသည်
ထိတ်လန့်ကြောက်ရွံ့စွာဖြင့် မိမိဖြည့်
ကျင့်ခဲ့သည့် ဒါန သီလ စသည့်ပါရမီ
ကုသိုလ်များနှင့် ရှေးရှေးဘုရားရှင်
အပေါင်းတို့၏ဂုဏ်တော် တရားဂုဏ်
တော်တို့ကိုဆင်ခြင်၍ သစ္စာပြုခြင်းသာ
အားကိုးရာဖြစ်တော့သည်ဟု ဆင်ခြင်
၍ သစ္စာဆိုပြုလေသည်။

"အို.....တောမီး ငါ့မှာ အတောင်ရှိ
သော်လည်း မပျံနိုင်သေး ခြေတောက်နှစ်ချောင်းရှိသော်လည်း
မပြေးလွားနိုင်သေး ငါ၏အမိအဖတို့
သည် ငါ့ကိုစွန့်ခွာ၍ ပြေးကြကုန်လေပြီ
သည့်အတွက်ကြောင့် အသင်တောမီး
ငါ့နေရာအား ရှောင်ရှား၍ သင်ပြန်
လည့်သွားပါတော့။"

ဤသို့ ငုံးမင်းငယ်လေး သစ္စာပြုလိုက်
သည်နှင့် တစ်ပြိုင်နက် သစ္စာ၏တန်ခိုး
အာနုဘော်ကြောင့် ငုံးမင်းငယ်နေတဲ့
နေရာမှ တစ်ဆယ့်ခြောက်ပယ်
ပတ်လည်အကွာအဝေးတွင်းသို့ မီး
မဝင်ရောက်တော့ပဲ ရှောင်ကွင်း
ငြိမ်းအေးသွားလေသည်။

ထိုအချိန်မှစ၍
ဤအရပ် ဤနေရာသည်
ငုံးငယ်လေး နေသောနေရာသည်
ကမ္ဘာတည်တရွေ့ မီးမလောင်ခဲ့ခြင်း
ဖြစ်လေသည်။

(သည်အကြောင်းကို စုံနံ့သာမြိုင်ဆရာ
တောင်တွင်းကြီးဦးကြော့က စုံနံသာ
မြိုင် ရှာပုံတော်တွင် ငုံးမင်း၏သစ္စာကို
တိုင်တည်ထားပါသေးသည်။
"ဘဂဝန္တု သဗ္ဗညုနုစဉ်ခါတုန်း
သစ္စာငယ်သုံး ငုံးမင်းပါရမီ
မြတ်ဝသီကြောင့် ကပ္ပဌိတိ
အညီညှိ အတ္ထိလောကေ
ကမ္ဘာငယ်ဆန်းကာမှ
ဥဒါန်းငယ်ကြေ အောငါမြေသန့်ရှင်း ညီးညီးငယ်ပြောင်  မီးရှောင်လို့ကွင်း
ရတယ်    ရှစ်မင်းပယ်စာ နှစ်ပြန်တာနှင့်
ဖြာဖြာနှင်းသောက် နွယ်သတိုးကြောင့်
ဆယ့်ကိုးခေါက် ရောက်ခဲ့ပေါ့
မြညောက်ဒါရူ တွေ့ရင်ဖြင့် ပန်းပါဘူး
ပင်နန်းသူ"လို့အလွမ်းကို သစ္စာတိုင်
ဖွဲ့ခဲ့ဖူးလေသည်။{တစ်ဆယ့်ခြောက်
ပယ်ဟု ဆိုထားရာ စပါး ငါးတင်း
(လေးအမ္ဗလာ)မျိုးကြဲလောက်သော
မြေကွက်အကျယ်အဝန်းသည် တစ်
ပယ်ဖြစ်၍ မြေကွက်တဆယ့်ခြောက်
ကွက်သည် တဆယ့်ခြောက်ပယ်ဖြစ်
သည်ဟု ပေါရာဏကျမ်းများတွင်
ဖွင့်ဆိုထားပါသည်})။

(၂)#ဘာကြောင့် မိုးမစွတ်ရသနည်း

ကဿပဘုရားရှင်လက်ထက်
အခါက ဖြစ်ပါသည်။
ကောသလတိုင်း ရွာကြီးတရွာတွင်
ဃဋိကာရအမည်ရှိ အိုးဖုတ်သမား
(ရှေးအခါ အိုးထိန်းသည်ဟု ခေါ်ဆိုသည်) တစ်ယောက် ရှိလေသည်။

ထိုဃဋိကာရအိုးထိန်းသည်သည်
ကဿပဘုရားရှင်၏ တပည့်ရင်း
အလုပ်အကျွေး အနာဂါမ်အရိယာ
ဖြစ်ပြီး မျက်မမြင်မိဘနှစ်ပါးကို အိုး
ဖုတ်ခြင်းအလုပ်ဖြင့်လုပ်ကျွေးနေသူ
ဖြစ်သည်။ဂေါတမဘုရားအလောင်း
ဇောတိပါလလုလင်နှင့်လည်း အလွန်
ရင်နှီးကျွမ်းဝင်သူ ဖြစ်ပါသည်။

တနေ့တွင် ထိုရွာ၌ရှိသော ကဿပ
မြတ်စွာဘုရား၏ အရံကျောင်းသည်
မိုးရွာ၍ မိုးမလုံသဖြင့် ကဿပဘုရား
ရှင်က ရဟန်းများအား ဃဋိကာအိမ်
တွင် မိုးထားသောမြက်သက်ငယ်များ
ကို သွားရောက်ခွာယူရန် မိန့်ကြား
တော်မူပါသည်။

ရဟန်းတော်များလည်း ကဿပဘုရား
ရှင်၏ အမိန့်အတိုင်း ဃဋိကာရ၏အိမ်
အမိုးတို့ကို သွားရောက်ဖြုတ်ခွာကြ
လေသည်။ဤအချိန်တွင် ဃဋိကာရ
အိမ်တွင်မရှိဘဲ တောသို့သွားနေလေ
သည်။အမိအဖက အိမ်အမိုးဖြုတ်ခွာ
နေသံကြားရ၍ 'ဘယ်သူတွေတုံး'ဟု
မေးမြန်းရာ ရဟန်းများက 'ဒါယိကာ
မကြီး'ကျုပ်တို့ ရဟန်းတော်များဖြစ်
ပါသည်။မြတ်စွာဘုရားကျောင်းတော်
မှာ မိုးမလုံ၍ အမိုးမိုးရန် ဃဋိကာရ
အိမ်မှ အမိုးကို ဖြုတ်ခွာယူရန် အမိန့်
ရှိလာ၍ ဖြုတ်ခွာနေရခြင်းဖြစ်သည်
ဒါယိကာမကြီး'ဟု ရဟန်းတော်များ
က ပြောကြားလေသည်။

ဃဋိကာရ၏ မိဘနှစ်ပါးကလည်း
သဒ္ဓါတရားထက်သန်သူများဖြစ်ကြ၍
'အရှင်ဘုရားတို့ အလိုရှိသလောက်
သာ ဖြုတ်ခွာယူကြပါဘုရား'ဟု ခွင့်
ပြုလေသည်။

ဃဋိကာရအိမ်သို့ ပြန်ရောက်လာ
သော်  အိမ်အမိုးကို ဟာလာဟင်းလင်း
ဖြစ်နေသည်ကို မြင်ရ၍ မိဘနှစ်ပါးကို
မေးမြန်းရာ မိဘတို့က အဖြစ်မှန်ကို
ပြောပြကြလေသည်။ သည်အခါ
အိုးထိန်းသည် ဃဋိကာရ ဝမ်းမြောက်
ဝမ်းသာ ကြွေးကြော်လေသည်။

"ဪ ငါ အရတော်လေစွ ငါ့လို့လူ
ဇမ္ဗူမှာ ရှိပါသေးသလား။ကောင်းစွာ
ရအပ်ပေသကား။ပူဇော်အထူးကို
ခံယူတော်ထိုက်သော ကဿပမြတ်
စွာဘုရားသည် ငါ့အား အလွန်အမင်း
အရေးပေး၍ ချီးမြောက်ပါပေသည်။
ဃဋိကာရသည် ဤသို့ကြွေးကြော်ပြီး
(၁၅)ရက်ပတ်လုံး ဝမ်းမြောက်ဝမ်းသာ
ပီတိဖြစ်နေသည်။

ဤကဲ့သို့ ဃဋိကာရ အိုးထိန်းသည်မိ
သားစုတို့၏    ထက်သန်သောသဒ္ဓါ
တရား စေတနာအဟုန်တို့ကြောင့်
ဃဋိကာရ အိမ်နေရာသည် ဘဒ္ဒကမ္ဘာ
တည်တရွေ့ မိုးမစွတ်ခြင်း ဖြစ်ရလေ
သည်။

(၃)#ဘာကြောင့်ကျူရိုးတို့
တောက်လျောက်အခေါင်း
ဖြစ်နေရပါသနည်း

လွန်လေပြီးသောအခါက
ကောသလတိုင်း တောအုပ်ကြီးတစ်ခု
တွင် ရေကန်ကြီးတကန် ရှိလေသည်။
ထိုရေကန်ပတ်လည်တွင် ကျူပင်များ
ဝိုင်းအုံပေါက်လျက်ရှိပါသည်။
ထိုရေကန်ကို ဝေဿဝဏ်နတ်မင်းကြီး
၏ ခွင့်ပြုချက်ဖြင့် ဘီလူးတို့အုပ်စိုးနေ
ပြီး ထိုရေကန်သို့ ဆင်း၍ ရေသောက်
ရေချိုးကြသော လူနှင့်တိရိစ္ဆာန်တို့ကို
ဘီလူးများက ဖမ်းယူစားသောက်
လေ့ရှိသည်။

ထိုအချိန်တွင် စာရေးသူတို့၏ဂေါတမ
ဘုရားအလောင်းတော်သည် မျောက်
မင်းဘဝတွင်ဖြစ်နေပြီး မျောက်ရှစ်သောင်းကို အုပ်ချုပ်လျက်
တောတွင်း၌ လှည့်လည်ကျက်စား၍
နေလေသည်။  ဘုရားအလောင်း
မျောက်မင်းသည် မျောက်အပေါင်းတို့
အား သူမသိပဲ သူ့အားမပန်ကြားပဲ မစားဖူးသည့် အစားအစာ အသီး
အရွက်နှင့် ရေတို့ကို မစားမသောက်
ကြရန် ဩဝါဒပေးထားလေသည်။

တစ်နေ့တွင် မျောက်အပေါင်းတို့သည်
မရောက်ဖူးသည့် ဘီလူးများစောင့်
ကြပ်နေသော ရေကန်နားသို့ ရောက်
ရှိလာကြလေသည်။အခြံအရံ မျောက်
အပေါင်းတို့သည် ရေငတ်နေကြ၍ ရေ
ကန်တွင်းသို့ ရေဆင်းသောက်ခွင့်ပြုရန်
ဘုရားလောင်းမျောက်မင်းအား ပန်
ကြားကြလေသည်။မျောက်မင်းသည်
ကြည်စိမ်းနေပြီး ကြာငါးပါးတို့ဖူးပွင့်
နေသည့်ရေကန်ကို ကြည့်ရှုလေ့လာ
ရာ ရေကန်တွင်းသို့ဆင်းသည့် ခြေရာ
များသာတွေ့ရပြီး ပြန်သက်လာသည့်
ခြေရာများကို မတွေ့ရ၍ ဆင်း၍မသောက် တားမြစ်လေသည်။

ထို့နောက် ရေကန်ထဲသို့မဆင်းစေရဘဲ
ရေသောက်နိုင်ရန် မျောက်မင်းသည်
ကျူပင်ကို သွားနုတ်ခိုင်းပြီး ကမ္ဘာပေါင်းများစွာ ဖြည့်ကျင့်ခဲ့သော
ပါရမီတို့ကို သစ္စာပြုလေသည်။
"ကျွန်ပ်ကိုင်ထားသော ကျူပင်နှင့်
အတူ ရေကန်ပတ်လည် ကျူပင်
အားလုံးတို့သည် အရင်းမှအဖျားတိုင်
အဆစ်အပိတ်မရှိ အခေါင်းပေါက်ဖြစ်
ပါစေတည်း"ဟု အဓိဌာန်ပြုပြီး ကျူရိုး
ကို မှုတ်ထုတ်လေလျင် ကျူပင်တို့
သည် မျောက်မင်း၏ သစ္စာပါရမီတန်
ခိုးတော်ကြောင့် တိုးလျိုပေါက် အပေါက်များဖြစ်သွားလေသည်။
မျောက်အပေါင်းတို့လည်း ရေကန်
တွင်းသို့ မဆင်းရဘဲ ကျူရိုးပိုက်ဖြင့်
ရေကို ဝဝလင်လင် သောက်သုံး
ရလေသည်။ဘီလူးတို့လည်း မျောက်
တစ်ကောင်မှ မစားရတော့ချေ။

ဘုရားလောင်းမျောက်မင်း၏ သစ္စာ
တန်ခိုးတော်ကြောင့် ဤဘဒ္ဒကမ္ဘာ
တည်နေသရွေ့  ကျူရိုးတို့သည် အဆစ်အပိတ်မရှိတော့ဘဲ တောက်
လျောက် ရေပိုက်သဖွယ် အေပါက်ဖြစ်
နေလေသည်။

(၄)#ဘာကြောင့် လပေါ်၌
ယုန်ရုပ်ထင်နေပါသနည်း

ရှေးအခါ ဗာရဏသီပြည်
တောအုပ်တနေရာ၌ မြတ်စွာ
ဘုရားပါရမီနုစဉ် ယုန်မင်းဘဝဖြင့်
ထိုတောအုပ်တွင် ကျက်စားနေ
လေသည်။ ထိုတောအုပ်ထဲတွင်
ယုန်မင်း၏အဆိုအဆုံးအမကို နာယူ
ကြသည့် မျောက် မြေခွေး ဖျံ သုံးဦး
တို့လည်း နေထိုင်ကြလေသည်။
ထိုယုန်မင်း မျောက်မင်း မြေခွေး ဖျံ
လေးဦးတို့သည် မိမိတို့အစား
အသောက်များကို အလှူခံတို့အား
လှူဒါန်း၍ သီလဖြင့် နေထိုင်ကြ
လေသည်။

ယုန်မင်းသည် သီလကိုဆင်ခြင်၍ မြက်
ခင်းပြင်၌ ဝပ်ကာ စဉ်းစားလေသည်။
"အလှူခံပုဂ္ဂိုလ်များရောက်လာလျင်
ငါဘာလှူရပါမည်နည်း။ငါသည် မြက်
ကိုသာစားသော သတ္တဝါဖြစ်၍ မြက်ကို
အလှူခံပုဂ္ဂိုလ်တို့ စားမည်မဟုတ်။
သည်တော့ ငါ့အသားကို မီးကင်၍လှူ
မည်"ဟု ဆုံးဖြတ်ကာ ဘာဝနာပွားများ
၍ နေလေသည်။

ယုန်မင်း၏ သီလစွမ်းအားကြောင့်
သိကြားမင်း၏ ပဏ္ဍုကမ္ဗလာနေရာ
သည် ပူနွေးလာလေသည်။သိကြား
မင်းသည် မိမိနေရာ ပူနွေးလာခြင်းကို
စုံစမ်းရာ ယုန်မင်း၏ သီလအစွမ်းကို
မြင်မိ၍ ယုန်မင်းသီလကိုစမ်းရန်
လူ့ပြည်သို့ ဆင်းလာလေသည်။

သိကြားမင်းသည် ပုဏ္ဏားအယောင်
ဆောင်ပြီး ယုန်မင်း၏ မိတ်ဆွေများ
ဖြစ်သည့် ဖျံ မြေခွေး မျောက်တို့ထံ
သို့ အလှူခံရာ ထိုသုံးဦးကလည်း
သူတို့ထံတွင်ရှိသည့် အစားအစာများ
ကို လှူဒါန်းကြသော်လည်း လက်မခံ
ဘဲ ယုန်မင်းရှိရာသို့ ထွက်လာလေ
သည်။

ယုန်မင်းလည်း ပုဏ္ဏားလာသည်ကို
မြင်၍ 'အဘယ်အတွက်ကြွလာ
သနည်း'ဟု မေးလေသည်။ပုဏ္ဏားက
'တစ်စုံတရာအစားအစာ ရလို၍ လာပါ
သည်။အစာအာဟာရ ရလျင် ဥပုသ်
စောင့်လိုပါသည်'ဟု ပုဏ္ဏားက ပြော
လေသည်။

"အို  အသင်ပုဏ္ဏား အကျွန်ပ်ထံ
ရောက်လာခြင်းသည် ကောင်းသော
ရောက်လာခြင်းဖြစ်ပါသည်။
အကျွန်ပ်သည် မည်သူမျှမလှူဖူးသော
အသားကို လှူဒါန်းပါမည်။အကျွန်ပ်
တွင် နှမ်း ပဲ ပြောင်း သားငါး စသည်
တို့တော့ မရှိပါ။အကျွန်ပ်အသားကို
သာ လှူဒါန်းပါမည်။အသင်ပုဏ္ဏား
တွင် သီလရှိသူဖြစ်ပါသည်။ပါဏာတိ
ပါတကံ ပြုမည်မဟုတ်ပါ။သို့အတွက်
အသင် ထင်းများစုဝေး၍ မီးဖိုပေးစေ
လိုပါသည်။ထိုမီးပုံ ထဲသို့ ကျွန်ပ်ဆင်း
သက်၍ ကျက်ပြီးသောအသားကို စား
သုံး၍ သီလဆောက်တည်ပါလေ။

သိကြားမင်းပုဏ္ဏားလည်း  ယုန်မင်း
ပြောသည့်အတိုင်း မီးဖို၍ မီးကျီခဲကျ
အောင် မွှေးလေသည်။မီးကျီခဲ ရဲရဲ
တောက်လာသည်နှင့် ယုန်မင်းသည်
မီးကျီခဲတွင်းသို့ ခုန်ဆင်းလေလျင် မီး
ကျီခဲများသည် ယုန်မင်း၏ အမွေးများ
ကိုမျှ မလောင်ကျွမ်းဘဲ ဆီးနှင်းခဲတွင်း
သို့ ဝင်ရသလို ဖြစ်​နေလေသည်။

"အသင်ပုဏ္ဏား အသင်မွှေးသောမီး
သည် အလွန်အေးပါသည်။ အကျွန်ပ်
အမွေးများကိုပင် မလောင်ပါလား။
အကြောင်းရင်းက ဘာကြောင့်ပါနည်း

"အို ယုန်ပညာရှိ ငါကား ပုဏ္ဏားအစစ်
မဟုတ် သိကြားမင်းဖြစ်လေသည်။
အသင့်သီလနှင့် ဒါနကို စုံစမ်းလို၍
အကျွန်ပ်လာခြင်းဖြစ်သည်။

"အို သိကြားမင်း သင့်ကိုမျှမဆိုထားဘိ
တစ်လောကလုံးတွင်ရှိသော ပုဂ္ဂိုလ်အ
ပေါင်းတို့ စုံစမ်းကြပါမူ။အကျွန်ပ်၏
ဒါန သီလတို့ဖြင့်သာ လှူဒါန်းမည်ကို
အသင်တွေ့ရပေမည်။ ယုန်မင်းက
မွန်မြတ်သောစကားဖြင့် ပြန်၍ပြော
ကြားလေသည်။

"အို    ယုန်ပညာရှိ  သင်၏ဂုဏ်ကျေးဇူး
တရားတို့သည် ဤဘဒ္ဒကမ္ဘာတွင် ထင်
ရှားစေသတည်း"ဟု သိကြားမင်းက
ဤသို့ အဓိဌာန်ပြုပြီး တောင်ကိုညစ်၍
အဆီကိုယူကာ လဝန်းပေါ်၌ တောင်ကို ကညစ်တံလုပ်ပြီး ယုန်ရုပ်ကို
ရေးထွင်းပေးခဲ့လေသည်။ ယုန်မင်းကို
လည်း မီးပုံအလယ်မှ မချီ၍ နေမြဲမြက်
ခင်းပေါ်သို့ ပို့ဆောင်ပေးခဲ့ပြီး သိကြား
မင်းလည်း နတ်ပြည်သို့ ပြန်သွားလေ
သည်။

ကဲ စာဖတ်သူအားလုံးတို့ရေ ဘဒ္ဒကမ္ဘာတည်နေသရွေ့ မပြောင်း
မလဲဘဲ တည်ရှိနေတဲ့ အရာဝတ္ထု
လေးမျိုးရဲ့ ဝတ္ထုသွားအကျဉ်းလေး
တွေဘဲဖြစ်ပါတယ်။

သာဓု သာဓု သာဓု အဲသလို
ဘုရားအလောင်းတော်နှင့်တကွ
ရှေးရှေးသူတော်ကောင်းတို့ရဲ့ သစ္စာ
သီလ ဒါန မြဲပုံကို နှလုံးမူပြီး
ဒို့ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကလည်း
သစ္စာ သီလ ဒါန-တို့ကိုတတ်စွမ်းသမျှ
ကြိုးစားလုပ်ကိုင်ပြုနိုင်ကြပါစေလို့
တိုက်တွန်းရင်း•••••••••

သုခီတာ ဟောထ*
20-6-2018
©ND
၂၀၀၈ ဒီဇင်ဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းမှ
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
@thotuzana blogspot.com


No comments:

Post a Comment