ကျေးဇူးတင်လိုက်ပါ
****************
ကိုယ့်ကို အရေးမလုပ်သူ
တစ်ချို့ကြောင့်
တစ်ယောက်တည်း
ခပ်အေးအေးနေတတ်သွားတယ်။
စွန့်ခွာသွားတဲ့သူတစ်ချို့ကြောင့်
မတည်မြဲခြင်းဆိုတဲ့ ဓမ္မအသိနဲ့
တရင်းတနှီးဖြစ်လာတယ်။
စကားကို ..
ဗလောင်းဗလဲပြောတတ်သူ
တစ်ချို့ကြောင့်
စကားမမှားရအောင်
ဆင်ဆင်ခြင်ခြင်ပြောတတ်တဲ့
အကျင့်တစ်ခုရလာတယ်။
အပြစ်မြင်လွယ်တတ်သူတစ်ချို့ကြောင့်
ခံစားဖို့ တုန့်ပြန်ဖို့ မလိုအပ်တာတွေက
ို သိမြင်လာရတယ်။
တာဝန်မဲ့သူတစ်ချို့ကြောင့်
ကိုယ့်ကြောင့် လောကကြီး
အကျည်းမတန်အောင်
ပိုသတိထားဖြစ်သွားတယ်။
ရှုံ့ချတတ်သူတစ်ချို့ကြောင့်
လူကဲ့ရဲ့စရာမဖြစ်အောင်
ကိုယ့်ကိုကိုယ် ပိုဆင်ခြင်မိသွားတယ်။
အနိုင်ကျင့်လွန်းသူတစ်ချို့ကြောင့်
တော်ရုံနဲ့သိပ်မဖြုံပဲ ကိုယ့်ရဲ့
စိတ်ဓာတ်တွေ ပိုမာကျောလာတယ်။
ကိုယ့်အပေါ်အခွင့်အရေးယူလွန်းသူတစ်ချို့ကြောင့်
လိမ္မာပါးနပ်ဖို့ မဖြစ်မနေ
သင်ယူတတ်လာတယ်။
တစ်ကယ်ပါ ......
သူတို့ကြောင့်ပဲ ...
ပိုရင့်ကျက်လာတယ်။
သူတို့ကြောင့်ပဲ ....
ဆင်ခြင်တုံတရား ပိုရှိလာတယ်။
သူတို့ကြောင့်ပဲ ....
ပိုသတိရှိလာတယ်။
သူတို့ကြောင့်ပဲ .....
လူတွေအကြောင်းကို ပိုသိလာတယ်။
အပြစ်မြင်ရတာ
အပြစ်တင်ရတာ
စိတ်ပင်ပန်းပါတယ်။
ကြံဖန်ကျေးဇူးတင်လိုက်တာ
ကောင်းပါတယ်လေနော်။
ကျေးဇူးတင်ကြရအောင်ဗျာ..
သူတို့ကြောင့် ကိုယ့်စိတ်ဓာတ်တွေ
ပြောင်းလဲသွားလို့......
Credit ......
Jun 22, 2018
ကျေးဇူးတင်လိုက်ပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment