အချစ်ကို ပေမ ဟသုံးစွဲညည်၊
(၁ ) တဏှာပေမ(၂) ဂေဟသိတပေမ(၃) မေတ္တာပေမ၊
တဏှာပေမဟူသည် ယောကျာ်းနှင့် မိန်းမ အချင်းချင်း တဏှာလောဘ၏အစွမ်းဖြင့် ချစ်ကြိုက်ခြင်းကိုခေါ်၏၊
တဏှာပေမကို အလင်္ကာကျမ်းက သင်္ဂါရ ရသဟုခေါ်၏။
ဂေဟသိတပေမဟူသည် မိဘနှင်းသားသမီး၊ ညီအစ်ကို မောင်နှမ စသည်တို့ အချင်းချင်း ချစ်ခင်တွယ်တာမူ့ကိုခေါ်၏၊ သည်ချစ်ခြင်းကို အလင်္ကာကျမ်းက ၀စ္ဆလ ဟုခေါ်၏။
မေတ္တာပေမ ဟူသည် သူတကတို့၏ အကျိုးစီးပွားဖြစ်ထွန်းမူ့ကို လိုလားခြင်းတည်း၊ သည်ချစ်ခြင်းမေတ္တာတရားသည် သူတစ်ပါးတို့နှင့် မခွဲခွါ အမြဲယှဉ်တွဲ နေလိုခြင်းမရှိ၊ လူအချင်းချင်း စကြာဝဠာတစ်ခုစီပင် ဝေးကွာသည်နေစေကာမူ ထိုဝေးကွာ နေသူမှာ စီးပွားချမ်းသာခြင်း ဖြစ်သည်ဟု သိရလျင် ကျေနပ်၏၊ အတူမနေရတဲ့အတွက် ခက်ခဲဝန်လေးခြင်းမရှိ ၊ စင်ကြယ်မွန်မြတ်သော သဘောတရားဖြစ်သည်ဟု ဗြဟ္မာ့ဝိဟာရ ဟူသော အမည်ကိုလည်းရရှိ၏။
ငါးရာနှစ်ဆယ့်ရှစ်သွယ်မေတ္တာဆောင်ပုဒ်
မရည်ပဉ္စ၊ရည်သတ္တ ၊ တည်ထဆယ်ံနှစ်ပါး၊
အဝေရာမူ၊ တုလေးခု၊ သွန်းဆုမေတ္တာပွား၊
ရပ်ဆယ်မျက်နှာ ၊ ဆက်၍သာ ၊ မြှောက်ပါဆင့်မနား၊
ငါးရာနှစ်ဆယ်၊ ရှစ်ခုကယ်၊ ဘုန်းကြွှဟော၍ထား။
သောတုဇနပအိုဝျနပေန
No comments:
Post a Comment