........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Jun 29, 2018

ရှင်ဥပဂုတ္တနှင့်ထေရဝါဒသာသနာ

 

ထေရဝါဒစစ်စစ်တွေကိုမှလက်ခံယုံကြည်ကိုးကွယ်ချင်တဲ့သူတွေကိုအသိပေးမှဖြစ်မယ့်အကြောင်းတစ်ခုဖြစ်ပါသည်

ယုံကြည်မှုအငြင်းပွားနိုင်ပေမယ့်ကျွန်တော်ရဲ့ဝါသနာအတိုင်းပြောကိုပြောမှဖြစ်မယ်လိုဆုံးဖြတ်ပြီးဒီပို့လေးကိုရေးလိုက်ခြင်းဖြစ်ပါသည်
အခြားအယူဝါဒတွေကိုလက်ခံတဲ့သူတွေကိုလဲမှားတယ်လို့ကျွန်တော်မဆိုလိုပါနောက်ထိုရှင်ဥပဂုတ္တမထေရ်ကိုယုံကြည်သက်ဝင်
တဲ့သူတွေကိုလဲမည်သို့မှစော်ကားလိုခြင်းအလျှင်းမရှိပါ..မိမိသက်ဝင်ယုံကြည်သောထေရဝါဒစစ်စစ်တွင်ထိုရှင်ဥပဂုတ္တမထေရ်မရှိ
ကြောင်းကိုသာထင်ရှားစေလိုခြင်းဖြစ်ပါသည်..ထေရဝါဒရှုဒေါင့်မှသာသုံးသပ်တင်ပြသွားပါမည်..
ထိုရှင်ဥပဂုတ္တမထေရ်ကိုယုံကြည်ကိုးကွယ်သူများနှင်အခြားအခြားသောကိုးကွယ်ယုံကြည်သူများတစ်ညီတညွတ်တည်းလက်ခံ
ယုံကြည်ထားတာကတော့ထိုမထေရ်သည်(ရဟန္တာ)ဖြစ်သည်..တန်ခိုးဣဒ္ဓိပါဒ် စွမ်းအားကြီးမားသည်..မိုးလေဝသ ကိုပြောင်းလဲ
နိုင်သည်..ထိုအချက်တွေကြည့်ခြင်းအားဖြင့်ထိုရှင်ဥပဂုတ္တမထေရ်ကိုကိုးကွယ်ယုံကြည်သူများဟာ..မိမိတို့အကျိုးကိုရလို
သောကြောင့်ကိုးကွယ်ယုံကြည်ကြတယ်ဆိုတာအနည်းငယ်ထင်ရှားစေပါတယ်..ထိုရှင်ဥပဂုတ္တမထေရ်ရဲ့သမိုင်းကြောင်းကတော့
(က) မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ပရိဗ္ဗာဇက၀ဂ်၊ စူဠသကုလုဒါယီသုတ်၌ အောက်ပါအတိုင်း တွေ့ရှိပါသည်။
ရှင်ဥပဂုတ္တရဟန္တာ အလောင်းအလျာဖြစ်သည့် စူဠသကုလုဒါယီ ပရိဗိုဇ်မှာ ဘုရားရှင်နှင့်တွေ့ခွင့်ရ၏။ ဘုရားရှင်ထံ ရဟန်းအဖြစ်ကို ရလိုကြောင်း ခွင့်တောင်းရာ ဘုရားရှင်က ခွင့်ပြုတော်မူသည်။ သို့ရာတွင် ၄င်း၏တပည့် ပရိဗိုဇ်များက ၀ိုင်းဝန်းတားမြစ်ကြသဖြင့် ရဟန်းပြုခွင့် မရရှိလိုက်ပေ။

မဇ္ဈိမပဏ္ဏာသ ပါဠိတော်နှင့် အဖွင့်အဋ္ဌကထာ ဋီကာတို့တွင် ပါရှိသည်မှာ စူဠသကုလုဒါယီ ပရိဗိုဇ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အနှစ်တရာရှိသော် သီရိဓမ္မာသောကမင်း (အသောကမင်း) လက်ထက်တွင် ရဟန္တာဖြစ်၍ တန်ခိုးဣဒ္ဓိပါဒ် စွမ်းအားကြီးမားတော်မူမည်။ သီရိဓမ္မာသောကမင်းသည် စေတီပေါင်း ရှစ်သောင်းလေးထောင် စသော ဒါနအလှူကြီးများ ပြုလုပ်သည့်အခါ မာရ်နတ်မင်းနှောင့်ယှက်ခြင်း မပြုနိုင်ရန် ကာကွယ်စောင့်ရှောက်လိမ့်မည်-ဟု ပါရှိပါသည်။

( ခ ) အထက်ပါကဲ့သို့ ရာဇ၀ံသကျမ်းတွင်လည်း သီရိဓမ္မာသောကမင်း၏ အလှူဒါနကို ၀ိုင်းဝန်းကူညီ စောင့်ရှောက်၍ အနုမောဒနာပြုသော ကာလ၌ ရှင်ဥပဂုတ္တမထေရ်မြတ်က မာရ်နတ်မင်းကို ဆုံးမတော်မူကြောင်း ပါရှိပါသည်။

(ဂ) လောကပညတ္တိကျမ်း၌လည်း အောက်ပါကဲ့သို့ တွေ့ရှိရပါသည်။
ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီးသည် သားသမီးမရရှိသောကြောင့် အမွေခံသားသမီးရရန် ကြီးစွာသော မဟာဒါနကို ပြုလုပ်ပေးလှူ၏။ ထိုစဉ် တံငါသည်တို့က ငါး၏၀မ်းထဲမှ လူမိန်ကလေး ရရှိသဖြင့် မင်းကြီးအား ဆက်သကြသည်။ မင်းကြီးလည်း ၀မ်းမြောက်စွာဖြင့် မွေးမြူထား၍ မစ္ဆဒေ၀ီဟု အမည်ပေးထား၏။ မစ္ဆဒေ၀ီ အရွယ်သို့ရောက်လာသော် ကိုယ်မှ မကောင်းသော အပုပ်နံ့ထွက်ရာ မည်မျှကုသပါသော်လည်း အပုပ်နံ့ မပျောက်ချေ။ ထို့ကြောင့် စားနပ်ရိက္ခာအပြည့်အစုံနှင့် ဖောင်ပေါ်တင်၍ မြစ်တွင် မျှောလိုက်လေသည်။

မြစ်အကွေ့တခုတွင် ရှင်ဥပမည်သော ရသေ့က မြစ်တဖက်ကမ်းသို့ကူးလို၍ ပို့ပေးရန်ပြောရာ မစ္ဆဒေ၀ီက သူ၏မျက်နှာကို မကြည့်လျှင် ပို့ပေးမည်ဟုပြော၏။ ရသေ့က မကြည့်ပါ ၀န်ခံသဖြင့် တဖက်ကမ်းသို့ ပို့ပေး၏။ ကမ်းသို့ရောက်သောအခါ ရသေ့က အမျိုးသမီး၏ အမျိုးအနွယ်ကို သိလိုသဖြင့် မစ္ဆဒေ၀ီအား ကြည့်လိုက်ရာ မျက်နှာချင်းဆုံမိသောကြောင့် မစ္ဆဒေ၀ီတွင် ပဋိသန္ဓေတည်ရှိသွားလေ၏။ ထို့ကြောင့် ရသေ့အား ပြောပြ၍ စောင့်ရှောက်ရန် မေတ္တာရပ်ခံရာ ရသေ့က သဘောတူသည်။ သားကိုဖွားမြင်သည့်အခါ ရသေ့ဥပ၏ စောင့်ရှောက်ကျွေးမွေးသည်ကို အစွဲပြု၍ ဥပဂုတ္တ-ဟု အမည်ပေး၏။ အရွယ်ရောက်သောအခါ ရဟန်းပြု၍ တရားကျင့်ရာ ဈာန်သမာပတ်တို့ကို ရရှိသော ရဟန္တာဖြစ်ပြီးလျှင် တောင်သမုဒ္ဒရာ၌ ကြေးပြာသာဒ်နှင့် စံနေတော်မူသည်။( တက္ကသိုလ် ခေမာ-ကျိုက်လတ် )
အထက်ပါသမိုင်းကြောင်းများကိုစာအုပ်များတွင်လည်းရေးကြသည်..အချို့သောရဟန်းများမှလဲတရားဟောရာတွင်ထည့်သွင်းဟော
ကြားကြသည်..သို့သော်လဲကျွန်တော်တို့ကိုးကွယ်ယုံကြည်လက်ခံထားသော..ထေရဝါဒရဲ့ သင်္ဂါယနာ(၆) တန်တင်ထားသော
မည်သည်ကျမ်းတွင်မှမပါရှိပေ..ထို သင်္ဂါယနာ(၆)တန်တင်ထားသောဘုရားဟောများသည်.. ဗုဒ္ဓ”ဘာသာနိုင်ငံများဖြစ်သည်
လာအို..ထိုင်း..တရုတ်..ကမ္ဘာဒီးယား..သီရိလင်္ကာ..မြန်မာ..နိုင်ငံများရဲ့ရဟန်းတော်များရှေ့မှောက်မှာ သင်္ဂါယနာ
တင်ထားခြင်းဖြစ်သည်...အကယ်လို့များရှင်ဥပဂုတ္တမထေရ်သည်ဘုရားသာသနာတော်ကိုတကယ်စောင့်ရှောက်ခဲ့ရိုး
မှန်ခဲ့သည်ရှိသော်..ထိုထိုဆရာတော်ကြီးများရဲ့ရှေ့မှောက်မှာအမေးအဖြေလုပ်ရာတွင်ဘာကြောင့်မပါဝင်ပါသနည်း..
ထိုနောက်အသောကမင်းကြီးရဲ့အလှူဖြစ်တဲ့ပထမသင်္ဂါယနာတင်ပွဲတွင်..ထိုရှင်ဥပဂုတ္တမထေရ်ကကူညီခဲ့သည်ဟု
ပြောဆိုကြပါသည်..အမှန်တကယ်သာအသောကမင်းကြီးရဲ့အလှူကိုကူညီခဲ့ရိုးမှန်လျှင်..အသောကမင်းကြီးရဲ့ကျောက်စာ
များတွင်ထည့်သွင်းဖေါ်ပြထားမည်မှာအမှန်ပင်မလွဲဖြစ်ပါသည်..သို့သော်ထိုကျောက်စာများရဲ့မည်သည့်နေရာတွင်မှ
ထိုရှင်ဥပဂုတ္တမထေရ်အကြောင်းကိုထည်သွင်းဖော်ပြထားခြင်းမရှိပေ..အသောကမင်းကြီးကမေ့လျော့ကာမဖော်ပြနိုင်ခဲ့ခြင်း
ဖြစ်သည်ဟုစောဒကတက်ချင်လျှင်တက်နိုင်ပေမယ့်.ထိုကြီးမားတဲ့အလှူကြီးတွင်ကြီးမားစွာကူညီပေးခဲ့သူကိုအသောကမင်းကြီး
ကမေ့လျော့နေမည်ဟုလုံးဝမထင်ပါ...အမှန်တကယ်မကူညီခဲ့၍သာကျောက်စာများတွင်ရှာမတွေ့ခြင်းဖြစ်သည်
(အသောကမင်းကြီးကျောက်စာများကို..အရှင်အာဒိတ္စ၀ံသမှမြန်မာဘာသာသို့ပြန်ဆိုထားပါသည်..ရှာဖတ်ကြပါလေ)
.ရှင်ဥပဂုတ္တမထေရ်သည်ရဟန္တာဖြစ်ကာအသက်ထောင်ချီရှည်၍တောင်သမုဒ္ဒရာ၌
နေသည်ဟုလူအများလက်ခံယုံကြည်ကြသည်..၄င်းကောင်းလက်ခံယုံကြည်မှုသည်မည်သို့မှသဘာဝယုတ္တိမရှိပေ
ဘုရားသော်မှသဘာဝတရားကြီးကိုလွန်ဆန်ပြီးဘာတစ်ခုမှမလုပ်ခဲ့ပေ..ပရိနိဗ္ဗာန်ပြုသင့်သည်အချိန်တွင်ပရိနိဗ္ဗာန်ပြုသည်
ထို့အတူသာဝကများနဲလက်ဝဲတော်ရံလက်ယာတော်ရံများလဲထို့အတူပင်..အနှစ်ချုပ်ရသော်..ကျွန်တော်တို့လက်ခံယုံ
ကြည်ကိုးကွယ်နေသော..သင်္ဂါယနာ (၆)တင်တဲ့အထဲတွင်မပါရှိခြင်း..အသောကမင်းကြီးကိုကြီးစွာကူညီခဲ့သည်
ဟုဆိုသော်လည်းအသောကမင်းကြီးရဲ့အလှူမှတ်တမ်းကျောက်စာတွင်မည်သည်နေရာတွင်မှရှာမတွေ့ခြင်း.
ဘုရားရှင်တော်မြတ်ကြီးတောင်မလွန်ဆန်ခဲ့သောသေခြင်းတရားကိုလွန်ဆန်ကာအသက်အလွန်ရှည်ခြင်း
စသည်စသည်လက်မခံနိုင်စရာအကြောင်းများကိုထောက်ဆခြင်းဖြင့်..ထိုရှင်ဥပဂုတ္တမထေရ်ဇာတ်လမ်းကြီးသည်
လုပ်ဇာတ်ကြီးတစ်ခုသာဖြစ်သည်ဟုတွေးဆနိုင်သည်..ထို့ကြောင့်တကယ်မရှိသောထိုလုပ်ဇာတ်ကြီးကို
ကိုးကွယ်ယုံကြည်နေမည်ဆိုပါက..ယုံကြည်ကိုးကွယ်သူအတွက်လဲအကျိုးမရှိနိုင်သလို..အကိုးကွယ်ခံမှာလဲ
တကယ်မရှိတဲ့အတွက်ကိုးကွယ်ခြင်းကိုမသိရှိနိုင်ပေ..ထို့ကြောင့်နှစ်ဦးနှစ်ဖတ်အကျိုးမရှိသောအရာများကို
စွန့်နိုင်ပါကအင်မတန်ကောင်းမြတ်သောအလုပ်ပင်ဖြစ်သည်..ကျွန်တော်တို့သည်လူငယ်များပီပီဘိုးဘွားတွေ
လက်ထက်ကကိုးကွယ်ယုံကြည်ခဲ့လို့မိမိလက်ထက်မှာဆက်လက်ကိုးကွယ်ယုံကြည်နေကြမယ်ဆိုရင်
ညံ့ရာရောက်ပေတော့မည်..ထို့ကြောင့်အရာအားလုံးကို..ကိုကိုးကွယ်ယုံကြည်ရာစံသတ်မှတ်ချက်များနှင့်
နှိုင်းယှဉ်စဉ်းစားသင့်ပေသည်..ဥပမာဆောင်ရသော်..နေအရမ်းပြင်းသောကာလတွင်..ဒန်ပေါက်တစ်ထုပ်ကို
မိခင်ကစားသောအခါ..တစ်လုပ်နှစ်လုပ်စားပြီးသည်နှင့်မိခင်မှာလဲကျသေဆုံးသွားသည်ရှိသော်..
ထိုဒံပေါက်ထမင်းကို..သားသမီးကဆက်စားမလား..လွှင့်ပြစ်မလား...မည်သူမှဆက်စားလိမ့်မည်မဟုတ်ပေ
ထို့အတူပင်..မိမိဘိုးဘွားတွေကိုးကွယ်ခဲ့သည်ဟုဆိုကာထိုအဆိပ်နဲ့တူသောအယူမှားအမြင်မှားတွေကို
ဆက်လက်..လက်ခံမကျင့်သုံးသင့်တော့ပေ...အရာရာကိုစဉ်စားတွေတောကြံဆခြင်း..မိမိထက်တတ်သိနားလည်
သောဆရာတော်မထေရ်မြတ်များကိုမေးမြန်ခြင်း..စာအုပ်စာပေများကိုရှာဖွေဖတ်ရှုခြင်းစသည်တို့ဖြင့်
မိမိနားမလည်မရှင်းသောသံသယများကိုတစ်လက်စတည်းစတင်ပယ်ဖျောက်သင့်ပေသည်...ကျွန်တော်တို့
ရဲ့ဘုရားရှင်ကြီးတောင်မှ..ငါဘုရားပြောတိုင်းလဲမယုံနှင့်ဦးလို့မိန့်ဆိုခဲ့တာဟာ....ဘာသာတရား
တစ်ခုကိုအလွယ်လေးခံယူလိုက်တတ်တဲ့လူသဘောကိုသတိရှိစေချင်လို့ဟုကျွန်တော်ယူဆပါသည်..
ထို့ကြောင့်ယုံကြည်မှုကိုအခြေတည်သည့်မည်သည့်ဘာသာတရားတိုင်းမဆိုကိုယ်ယုံကြည်ရာ
နေရာတွေမှာကိုယ်စိတ်နဲ့လက်ခံယုံကြည်ပေးလို့ရလောက်တဲ့အနေအထားရှိရဲ့လားဆိုတာကို
အစဉ်သဖြင့်စဉ်းစားတွေးတောသင့်ပေတော့သည်...

No comments:

Post a Comment