Jan 29, 2014
ကျတော်တို့ ပြောပြောနေတဲ့ ခမ်းကောင်၊ ခမ်းဒွမ် ပြသာနာက ဘာတွေလ?
ကျတော်တို့ ပအိုဝ်းတိုင်းရင်းသားတွေကို အခြေခံအားဖြင့် ခမ်းကောင် (တောင်ပေါ်ပအိုဝ်း) နှင့် ခမ်းဒွုမ် (မြေပြန့် ပအိုဝ်း) လို့ သုံးနုန်းပြောဆိုလေ့ ရှိတက်ပါတယ်။ ဒါက ဒေသကို အခြေခံပြီး ပအိုဝ်းအချင်းချင်းကြားမှာ ခေါ်ဆိုနေကြတာပါ။ အခြားတိုင်းရင်းသားတွေက ပအိုဝ်းတွေကို ရှမ်းပြည်နယ်အပြင် အခြားပြည်နယ်မှာလည်း နေထိုင်နေကြတယ်လို့ သိထားကြပါတယ်။ ခမ်းကောင်၊ ခမ်းဒွမ်ဆိုတဲ့ နယ်မြေဒေသကို အခြေပြုပြီး ခေါ်ဆိုတာကိုတော့ သူတို့ သိချင်မှ သိကြပါလိမ့်မယ်။ ကျတော်တို့ ပအိုဝ်းတိုင်းရင်းသားတွေမှာ အခြားတိုင်းရင်းသားတွေလို ကိုးကွယ်သည့် ဘာသာမတူညီစိတ် နှင့် မျိုးနွယ်ကွဲစိတ်ကို အခြေခံပြီး ပေါ်ပေါက်ခဲ့တဲ့ ပြသာနာ၊ အမျိုးသား နိုင်ငံရေးခံယူချက်နှင့် ပတ်သတ်ပြီး သွေးကွဲခဲ့တဲ့ပြသာနာတွေ ထွေထွေထူးထူးတော့ မရှိခဲ့လှဘူးလို့ ထင်ပါတယ်။ သို့ပေမယ့် လက်ရှိမှာလည်း ကျတော်တို့ကြား အမြဲပြောနေကြတာကတော့ ခမ်းကောင်၊ခမ်းဒွမ် ပြန်လည်စည်းလုံးညီညွတ်ရေး၊ ပေါင်းစည်းရေးတဲ့။ ဒါက ဘာကိုဆိုလိုတာလဲ။ ပအိုဝ်း ဘာသာစကားနဲ့တောင် ရှိပါတယ်။ (ခမ်းကောင်သားလိတ် နီလိတ် ခမ်းဒွမ်သားလိတ် နီလိတ်၊ ပအိုဝ်းချင့်ချင့် ဖတ၀်းဝင့်၊ ခမ်းကောင်တဲ့ ပအိုဝ်း-ခမ်းဒွမ်တဲ့ ပအိုဝ်းဒျားနေနေ၊ ခမ်းကောင်-ခမ်းဒွမ် လွောင်းဗူးဝင့်) စတဲ့ ရှေးဆောင်ပုဒ်တွေကို အမြဲကြားနေရတာပါ။ သမိုင်းရှိခဲ့လို့လည်း ဒီဆောင်ပုဒ်တွေ ရှိလာခဲ့တယ်လို့ ထင်ပါတယ်။ လူကြီးတွေ ပြောသလို ကျတော်တို့ ခမ်းကောင်နဲ့ ခမ်းဒွမ် ပအိုဝ်းတွေကြားထဲမှာ ဘာတွေကို စည်းလုံးပြီး၊ ဘာတွေကို ပေါင်းဖို့ ပြောနေကြတာလဲ။ ဘာကို ဆိုလိုနေကြတာလဲ။ ကျတော်တို့ အချင်းချင်းတွေကြားထဲမှာ ဘယ်လိုပြသာနာတွေ ရှိနေတာလဲ။ ဘာအတွက်ကြောင့်လဲ။ ဒါက တကယ်ရော ပအိုဝ်းအမျိုးသားအချင်းချင်း သွေးကွဲစေတဲ့ ပြသာနာတွေလားဆိုတာ သိရှိ မြင်တက်ဖို့ လိုပါတယ်။ ဒါတွေကို သိမှလည်း ပြသာနာတွေကို ရှင်းလင်း အဖြေရှာနိုင်ပါလိမ့်မယ်။ သို့မဟုတ်ရင် ခမ်းကောင်၊ ခမ်းဒွမ်ပြသာနာလို့ လူကြီးတွေ ပြောတိုင်း လူငယ်တွေအဖို့ အတွေးမှား၊ အမြင်မှားတွေ ရှိလာနိုင်ပါတယ်။ ကိုယ်တိုင် စိတ်ထဲမှာလည်း လက်ခံယုံကြည်သွားနိုင်ပါတယ်။ ဒါကြောင့် ကျတော်တို့ အခြေခံကျကျ သိရှိနားလည်ဖို့တော့ လိုအပ်ပါတယ်။ ခမ်းကောင်၊ ခမ်းဒွမ် ပြသာနာဆိုတာ စာမှု နှစ်မျိုးဖြစ်နေတဲ့ ပအိုဝ်းစာပေကြောင့်လား။ ပအိုဝ်းစာပေမှာ စာမှု နှစ်မျိုးရှိပါတယ်။ အလံတရာ နှင့် တောင်ကြီး-ထီသိမ်းစာမှု။ နှစ်မျိုးလုံးကို လက်ရှိမှာ အသုံးပြုနေပါတယ်။ စာမှုနှစ်မျိုးနှင့် ပအိုဝ်းစာကို တရားဝင် တမျိုးတည်းသော အမျိုးသားစာပေအဖြစ် မသတ်မှတ်နိုင်သေးသည့်အတွက် ပအိုဝ်းချင်းချင်း သဘောထားကွဲခဲ့ရာမှ ခမ်းကောင်၊ခမ်းဒွမ် ပြသာနာ ဖြစ်ပေါ်လာတာလား။ သူ့စာပေ၊ ငါ့စာပေကို တရားဝင် စာပေအဖြစ် သတ်မှတ်ညှိနှိုင်းရာမှ ပအိုဝ်းချင်းချင်း သွေးကွဲသွားကြတာလား။ နောက်ဆုံး ခမ်းကောင်၊ ခမ်းဒွုမ်ပအိုဝ်းဆိုတဲ့ သုံးနုန်းပြောဆိုမှု ပေါ်ပေါက်လာတာလားဆိုတာ စဉ်းစားဖို့ လိုပါတယ်။ ထို့ပြင် လေယူလေသိမ် ကွဲပြားတဲ့ ပအိုဝ်းစကားကြောင့် ပအိုဝ်းချင်းချင်း သွေးကွဲစေသည့် အကြောင်းအရင်း ထဲက အချက်တချက်လား။ တောင်ပေါ်စကားကို မြေပြန့်ကပအိုဝ်း လုံးဝ နားမလည်၊ မြေပြန့်စကားကို တောင်ပေါ်က ပအိုဝ်း နားမလည်နိုင်တဲ့ အကြောင်းအရင်းကြောင့်ဖြစ်နေတာလား၊ တောင်ပေါ်၊ မြေပြန့် ပအိုဝ်းချင်းချင်း အပြန်အလှန် ကူးလူဆက်ဆံမှုနည်းပါးစေသည့် အကြောင်းအရင်းတရပ်လား။ ပအိုဝ်းချင်းချင်းကြား ယဉ်ကျေးမှု ထိန်းသိမ်းပုံ ကွာခြားခြင်း၊ ဓလေ့ထုံးတမ်း အစဉ်အလာ လက်ခံကျင့်သုံးပုံ ကွာခြားခြင်းနှင့် ဗမာဆန်ဆန် ပြုမှုနေထိုင်၊ ပြောဆိုသည့် အောက်ပြည်ပအိုဝ်းများရဲ့ အသွင်အပြင်တွေကြောင့်လား၊ ဒါမှမဟုတ် ခေတ်နောက်ကျပြီး ဖွံ့ဖြိုးမှု နိမ့်ကျနေသးသည့် တောင်ပေါ်ရှိ ပအိုဝ်းအချို့၏ ရှေးရိုးစွဲ အမြင်တွေကြောင့်လား ဆိုတာပြောဖို့ ခက်လှပါတယ်။ ဒီအခြေအနေတွေက အဓိက ပြသာနာအကြောင်းအရင်း မဟုတ်ရင် အဓိက ပြသာနာ အကြောင်းအရင်းတွေက ဘာတွေလဲ၊ တကယ်ရော ရှိနေသလား။ ဒါမှမဟုတ်ရင် ခမ်းကောင်-ခမ်းဒွုမ်ရဲ့ ပြသာနာက ပုဂိုလ်စွဲ၊ ဒေသစွဲကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ အစွဲတခုကြောင့်လား။ ဒါဆိုရင် ပုဂိုလ်စွဲ၊ ဒေသစွဲက အဓိက အရင်းခံပြသာနာဆိုရင် ပအိုဝ်းများ စည်းလုံးညီညွှတ်ရေကို သွေဖီစေမည့် ပုဂိုလ်စွဲ၊ ဒေသစွဲ လက်ကိုင်ထားမှု၊ အလွန်အကျွံ ကျင့်သုံးမှုတွေကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ လူဆိုသည်မှာ အစွဲနှင့်တော့ မကင်းတက်ပါဘူး။ လက်ခံနိုင်ပါတယ်။ လူတိုင်းမှာ အမျိုးချစ်စွဲ၊ ဒေသစွဲ၊ ဘာသာစွဲ၊ လူမျိုးစွဲ ရှိတက်ပါတယ်။ ဒါပေမယ့် အလွန်အကျွံဖြစ်ရင်တော့ ကိုယ်လည်းနစ်နာတက်သလို အမျိုးသားအတွက်လည်း နစ်နာတက်ပါတယ်။ အရင်တုန်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရေးလုပ်ခဲ့တဲ့ ရှေး ပအိုဝ်းခေါင်းဆောင်တွေကြားမှာလည်း ဒေသစွဲ ရှိကြလိမ့်မယ်လို့ ထင်မြင်ပါတယ်။ ကိုယ်တိုင်ကြုံခဲ့ဖူးမယ်လို့လည်း ထင်ပါတယ်။ ဒီအစွဲတွေ လက်ကိုင်ထားကြောင့် သူ့လူမှ သူ့လူ၊ ငါ့ဒေသလူမှ ငါ့ဒေသလူဆိုတဲ့ အစွဲမကင်းတာကြောင့် ပအိုဝ်းချင်းချင်းကြားမှာ သူ့လူအာဏာရမှ ငါ့ဒေသဖွံ့ဖြိုးမယ်၊ တိုးတက်မယ်၊ ငါ့ဒေသ နာမည်ကြီးမယ် စတဲ့ ရှေးဆန်တဲ့ ဒေသစွဲတွေ ကို ရှေ့တန်းတင်တာတွေ ရှိခဲ့တာကြောင့် ပအိုဝ်းချင်းချင်းကြားမှာ ပအိုဝ်းခေါင်းဆောင်များ” ခမ်းဒွုမ်၊ ခမ်းကောင် လွောင်းဗူးဝင့်” ဆိုတဲ့စကားကို မကြာခဏ ပြောခဲ့ကြောင်း ထင်မိပါတယ်။ ဒီအတွက်လည်း ယနေ့လူငယ်များ သမိုင်းဆောင်ပုဒ်အဖြစ် မှတ်သား သိရှိခဲ့ရပါတယ်။ ယနေ့အချိန်မှာ ကျန်နေသေးတဲ့ တော်လှန်ရေးကို ဆက်လုပ်နေတဲ့ ပအိုဝ်းခေါင်ဆောင်အချို့နှင့် လူငယ် အချို့ကြားမှာလည်း ဒီဒေသစွဲ ရှိနေတုန်းပါပဲ။ ဖွဲ့စည်းမဲ့ အဖွဲ့အစည်းတွေရဲ့ ဗဟိုကော်မတီမှာ ငါ့ဒေသက ပအိုဝ်းတစ်ယောက် ပါဝင်ရေး၊ ငါ့တို့ဒေသက လူကိုဘဲ မဲထည့်ရေး၊ ငါ့ဒေသက ပုဂိုလ်အတွက် မဲဆွယ်စည်းရုံးရေး စတဲ့ အတွေးတွေ၊ ဒေသစွဲတွေရှိနေတုန်းပါပဲ။ ဒါတွေကို ယနေ့အချိန်မှာ စဉ်းစားချင့်ချိန်ပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ သည့်အတွက်ကြောင့် ပအိုဝ်းလူငယ်တွေ “ခမ်းကောင်၊ ခမ်းဒွုမ် ညီညွှတ်ရေး၊ စည်းလုံးရေး” ဆိုတဲ့ ရှေးပအိုဝ်းအမျိုးသားဆောင်ပုဒ်၏ နောက်ကွယ်မှာ ဘယ်လိုပြသာနာ အရင်းအမြစ်တွေ ရှိနေသလဲဆိုတာ အဓိပါယ်ရှိရှိ ရှာဖွေ၊ သိရှိ၊ ဖော်ထုတ်သွားနိုင်လိမ့်လို့ မျှော်လင့်မိပါတယ်။
ခွန်နီပအိုဝ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment