ဝိဇ္ဇာ (၃)ပါး
ဝိဇ္ဇာ
(၃)ပါး ဆိုတာ ပု-ဒိ- အာ ဆိုပြီး အလွယ်မှတ်နိုင်ပါတယ်၊
ပု-
ဆိုတာက ရှေးအတိတ်ဘ၀က ဘယ်လိုဘ၀တွေမှာ ဖြစ်ခဲ့တယ်၊ ဘယ်လိုနေရာ ဘုံဋ္ဌာနတွေမှာ ခံစား စံစားခဲ့ရတယ်
စသည်ဖြင့် အသေးစိတ် သိမြင်နိုင်သော တန်ခိုးအဘိဥာဉ်တစ်မျိုးကို ( ပုဗ္ဗေနိဝါသ- ရှေး၌နေခဲ့ဖူးသော
ခန္ဓာအစဉ်ကို၊ အနုဿတိ- ပြန်လည်မြင်ယောင် မှတ်မိနိုင်သော၊ အဘိဥာဏ- တန်ခိုး အဘိဥာဉ် )လို့
ခေါ်ပါတယ်။
ဒိ-
ဆိုတာ ဘယ်လောက်ပင် တောတွေတောင်တွေ၊ နံရံတွေ
ကာရံထားသည်ဖြစ်စေ နတ်မျက်စိကဲ့သို့ ထုတ်ချင်းပေါက် မြင်နိုင်စွမ်းသော တန်ခိုးမျိုးကိုတော့
(ဒိဗ္ဗစက္ခု- နတ်မျက်စိကဲ့သို့ မြင်နိုင်စွမ်းသော၊ အဘိဥာဏ- အဘိဥာဉ် ) လို့ ခေါ်ဆိုရပါတယ်၊
အာ
-ဆိုတာကတော့ ကိလေသာကုန်ခန်းကာ အရိယာဖြစ်သွားသူများမှာရရှိတတ်တဲ့ ( အာသ၀-ကိလေသာများ၊
ခယ-ကုန်ခမ်းသွားခြင်း ) ဆိုတဲ့ အာသ၀က္ခယ အဘိဥာဉ်ပါ။
ဝိဇ္ဇာ ဆိုတာ ဥာဏ်အလင်းရခြင်း လို့ အဓိပ္ပါယ်ရပြီး
မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ ဘုရားဖြစ်ခါနီး မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့
မရောက်ခင် ညဦးယံအချိန်အခါမှာ အထက်ပါ ၃ မျိုးထဲက ပထမဥာဏ် တော်ကို ရတော်မူပြီး၊ ညသန်းခေါင်ယံအချိန်မှာ
ဒိဗ္ဗစက္ခုဥာဏ်၊ မနက်လင်းအားကြီးအချိန် အာရုံတက်ခါနီးအချိန်မှာ အာသ၀က္ခယ ဥာဏ်တော်ကို ရတော်မူပြီး
ဘုရားစင်စစ် ဧကန်ဖြစ်တော်မူပါတယ်၊
ဝိဇ္ဇာ ( ၈ )ပါး
ဆောင်ပုဒ်။ ။ သုံးပါး ၀ိဇ္ဇာ၊ ပု-ဒိ-အာနှင့်၊ ၀ိဇ္ဇာရှစ်ရပ်၊
ဝိပဿ်၊ စေတော၊ မနောမယိဒ်၊ ဒိနှင့် ဣဒ် ၊ ထည့်သိပ် ရေတွက်လေ။ ဆိုပြီး ငယ်ငယ်က မှတ်မိလွယ်အောင်ကျက်ခဲ့ဖူးတယ်။
ဆိုလိုတာက
အထက်ပါ သုံးပါးထဲကို နောက်ထပ် (၅)မျိုး ထပ်ပေါင်းလိုက်ခြင်းပဲ။
၁။ ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်
၂။
ဒိဗ္ဗစက္ခု အဘိညာဉ်
၃။
အာသ၀က္ခယ အဘိညာဉ်
၎။
ဝိပဿနာအဘိညာဉ်
၅။
စေတောပရိယ အဘိညာဉ်
၆။
မနောမယိဒ္ဓိ အဘိညာဉ်
၇။
ဒိဗ္ဗသောတ အဘိညာဉ်
၈။
ဣဒ္ဓိ၀ိဓ အဘိညာဉ်
၁။
ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်ဆိုတာက အတိတ်က ခန္ဓာအစဉ်ကို သိခြင်းပါပဲ။
၂။
ဒိဗ္ဗစက္ခု အဘိဥာဉ် ဆိုတာကတော့ နတ်မျက်စိကဲ့သို့ မြင်နိုင်ခြင်းပါ။
၃။
အာသ၀က္ခယ အဘိဥာဉ် ဆိုတာကတော့ အာသဝေါ ကုန်ခမ်းခြင်းပါ။
၎။ ၀ိပဿနာဥာဏ်ဆိုတာ တေဘူမက သခါင်္ရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တစသည့်ဖြင့် ရှုတဲ့ဥာဏ်ကို ခေါ်ပါတယ်။
၎။ ၀ိပဿနာဥာဏ်ဆိုတာ တေဘူမက သခါင်္ရတရားတွေကို အနိစ္စ ဒုက္ခ အနတ္တစသည့်ဖြင့် ရှုတဲ့ဥာဏ်ကို ခေါ်ပါတယ်။
၅။
စေတောပရိယအဘိဥာဉ် ဆိုတာ သူတစ်ပါးရဲ့  စိတ်အကြံအစည်တွေကို သိနိုင်တာ။
၆။ မနောမယိဒ္ဓိ ဆိုတာ ကတော့ ခန္ဓာကိုယ်တစ်ခုပြီး တစ်ခု ဖန်ဆင်းခြင်း အလိုရှိသလောက်ကြီးမားတဲ့ ခန္ဓာကိုယ် သေးငယ်တဲ့ ခန္ဓာကိုယ်ကို ဖန်ဆင်းနိုင်ခြင်းကို ဆိုလိုပါတယ်။
၇။ ဒိဗ္ဗသောတ အဘိဥာဉ် ဆိုတာ နတ်တို့ရဲ့  နားပမာဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ ကြားနိုင်ခြင်းပါ။
၈။ ဣဒ္ဓိ၀ိဓ အဘိဥာဉ် ဆိုတာ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းပါ။
ဒီအထိက ၀ိဇ္ဇာ သုံးပါး၊ ၀ိဇ္ဇာရှစ်ပါး အကျယ် ဖြစ်ပါတယ်။
၆။ မနောမယိဒ္ဓိ ဆိုတာ ကတော့ ခန္ဓာကိုယ်တစ်ခုပြီး တစ်ခု ဖန်ဆင်းခြင်း အလိုရှိသလောက်ကြီးမားတဲ့ ခန္ဓာကိုယ် သေးငယ်တဲ့ ခန္ဓာကိုယ်ကို ဖန်ဆင်းနိုင်ခြင်းကို ဆိုလိုပါတယ်။
၇။ ဒိဗ္ဗသောတ အဘိဥာဉ် ဆိုတာ နတ်တို့ရဲ့  နားပမာဝေးသည်ဖြစ်စေ နီးသည်ဖြစ်စေ ကြားနိုင်ခြင်းပါ။
၈။ ဣဒ္ဓိ၀ိဓ အဘိဥာဉ် ဆိုတာ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းပါ။
ဒီအထိက ၀ိဇ္ဇာ သုံးပါး၊ ၀ိဇ္ဇာရှစ်ပါး အကျယ် ဖြစ်ပါတယ်။
နောက်ထပ် စရဏ (၁၅)ပါး ဆိုတာကတော့ --
အကျဉ်းချုပ်
မှတ်လိုရင်-
ဘော-
ဇာ - သီ- ဣံ- ဈာန်လေးကြိမ်နှင့်၊ သူတော်ဥစ္စာ၊
ခုနှစ်ဖြာ၊ မှတ်ပါ စရဏ။
ဆိုပြီး
ဆောင်ပုဒ်လေးနဲ့ ကပ်မှတ်နိုင်ပါတယ်။
သီ ဣံ ဘော ဇာ၊ သဒ္ဓမ္မာ၊ သတ္တရူပ၊ ဈာန်စတုက္က- လို့လဲ ဆောင်ပုဒ် ရှိပါသေးတယ်။
အဓိပ္ပါယ်များကတော့
-
၁။ ဘော- ဆိုတာ ဘောဇန မတ္တညူ- မဂ်ပေါက်ဖိုလ်ပေါက် အရိယာစခန်းကို တက်လှမ်းလိုတဲ့
ယောဂီသူတော်ကောင်းများ ဟာ အစာစားရာမှာ အတိုင်းအတာ ပမာဏကို သိရပါမယ်၊ ဒီအစားအစာက ကိုယ်နဲ့သင့်တော်ရဲ့လား၊
မသင့်တော်ဘူး လား၊ အများကြီးစားရင် ဗိုက်လေးပြီး ထိန မိဒ္ဓဖြစ်လာမယ်၊ အတက်စာတွေစားလိုက်ရင်
ခေါင်းကိုက်နေပြီး ၀ိပဿနာ တရား မရှုမှတ်နိုင်ပဲ ဖြစ်တတ်တာမို့ အစာစားရာမှာ ကိုယ့်ကိုယ်ကို
အတိုင်းအတာ ပမာဏသိရပါမယ်။
၂။ ဇာ- ဆိုတာ ဇာဂရိယ အနုယုတ္တ- ကမ္မဋ္ဌာန်းအားထုတ်နေချိန်မှာ
အမြဲတမ်း နိုးနိုးကြားကြား သတိရှေ့ဆောင်နေ ရပါမယ်၊ လျော့တိရော့ရဲ၊ ပျင်းရိစွာ မနေရပါဘူး၊
ဝတ်ကျေတန်းကျေ အားထုတ်နေတာမျိုး မဖြစ်ရပါဘူး လို့ ဆိုလိုပါတယ်။
၃။ သီ- ဆိုတာက သီလသံဝရ- လူဖြစ်လျင် ငါးပါးသီလ၊ ရှစ်းပါးသီလ စတာတွေကို လုံခြုံအောင်
ထိန်းသိမ်းရပါမယ်၊ ရဟန်းတော်များမှာလဲ သိက္ခာပုဒ်အသေးလေးတွေကအစ အာပတ်အကြီးစား ပါရာဇိကအာပတ်များအထိ
စောင့်ထိန်းရပါ မယ်၊ အဲလို စောင့်ထိန်းပြီးမှသာ တရားအားထုတ်သင့်ပါတယ်၊ ဘုရားသာသနာတော်မှာ
သီလ- သမာဓိ၊ ပညာ သိက္ခာ သုံးပါးကို အစဉ်အလိုက်ဖြည့်ကျင့်သင့်ပါတယ်၊ အစဉ်လိုက် ဖြည့်ကျင့်မှလဲ
ထိရောက်သော အကျိုးရလဒ်ကို ရရှိစေမှာပါ။ ကိုယ်ကျင့်သီလ လုံပါမှ သမာဓိအားကောင်းထက်သန်လာပြီး
ပညာဥာဏ်ရင့်သန်ကာ မဂ်ဖိုလ်စခန်းကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်၊ အခြေခံ ကိုယ်ကျင့်သီလတောင်မှ
မလုံခြုံပါဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို မမျှော်မှန်းနိင်ပါဘူး။
၎။ ဣံ- ဆိုတာ ဣန္ဒြိယေသု ဂုတ္တဒွါရ- မျက်စိအာရုံ၊
နားအာရုံ၊ နားခေါင်းအာရုံ၊ လျာအာရုံ၊ ကိုယ်ခန္ဓာအထိအတွေ့အာရုံ၊ စိတ်အာရုံဆိုတဲ့ အာရုံ(၆)
ပါးကို ဣနြေ္ဒကြီးကြီး ၊ သတိကြီးကြီးထားပြီး စောင့်ထိန်းရပါမယ် တဲ့၊ စိတ်အလိုမလိုက်ရဘူး
လို့ ဆိုလိုပါတယ်။
မျက်စိက မြင်ချင်တာမြင်၊ ကြည့်ချင်တာ ကြည့်ပြီး
တဏှာရာဂစိတ်၊ အကုသိုလ်စိတ်ဖြစ်နေတာမျိုး၊ အကြားအာရုံ၊ အနံ့ အာရုံ၊ အရသာကောင်းကောင်းနဲ့ ဆုံလို့ လောဘရမ္မက် တက်မက်စိတ်ဖြစ်နေတာမျိုး၊
အထူးသဖြင့် ကိုယ့်စိတ် ကိုလဲ အလိုလိုက်ပြီး ဖြစ်ချင်တာ ဖြစ်ပါစေ ဆိုပြီး လွှတ်ထားတာမျိုးမဖြစ်စေပဲထိန်းချုပ်ခြင်းကို
ဣန္ဒြိယေသု ဂုတ္တဒွါရ- ဣနြေ္ဒတွေ ကို စောင့်ထိန်းတယ် လို့ ခေါ်ပါတယ်။
၅။ ပထမဈာန်၊
၆။ ဒုတိယဈာန်၊
၇။ တတိယဈာန်၊
၈။ စတုတ္ထဈာန် စတဲ့ ဈာန်များကို ရရှိခြင်း၊
ရရှိအောင် ကျင့်ကြံအားထုတ်ခြင်းကို ဆိုလိုပါတယ်။
၉။ သဒ္ဓါ- ရတနာသုံးပါးအပေါ်မှာ ယုံကြည်သက်ဝင်တဲ့သဒ္ဓါမျိုး၊
ကောင်းတာလုပ်ရင်ကောင်းကျိုးရမယ်၊ မကောင်းတာ လုပ်ရင် မကောင်းကျိုးခံစားရမယ် လို့ ကံနဲ့
ကံရဲ့အကျိုးတရားကို ယုံကြည်တာကို သဒ္ဓါလို့ ခေါ်ပါတယ်။
၁၀။
သီလ- ဆိုတာ အထက်က ပြောခဲ့တဲ့ ငါးပါး ရှစ်ပါး သီလကိုပဲ ရည်ရွယ်ပါတယ်၊ ဒီနေရာမှာတော့
သာသနာပ အခါမှာ စောင့်ထိန်းနိုင်တဲ့ သီလတွေလဲ အကျုံးဝင်ပါတယ်။ နံပါတ် ၃ မှာဖော်ပြခဲ့တဲ့
သီလတွေက ရဟန်းတော်တွေမှာ သာသနာပ အခါ စောင့်ထိန်းရမယ့် သီလ မရှိပါဘူး၊ သာသနာပအခါမှာ သံဃာဆိုတာ မရှိနိုင်တဲ့ အတွက်ကြောင့်ပါ။
လူတို့စောင့်ထိန်းအပ်တဲ့ ငါးပါးရှစ်ပါးသီလတွေသာ သာသနာပ၊ သာသနာတွင်းရှိနိုင်ပါတယ်။
၁၁။ ဟိရီ- မကောင်းမှုမှန်သမျှကို လူရှေ့မှာဖြစ်စေ၊
မမြင်ကွယ်ရာ မှာဖြစ်စေ ကိုယ့်လိပ်ပြာ ကိုယ်လုံပြီး ပြုလုပ်ရမှာ ရှက်ရွံ့တတ်တဲ့တရားကို
ဟိရီလို့ခေါ်ပါတယ်၊ အထူးသဖြင့် ဘယ်သူမှ မသိဘူး ဆိုသော်လည်း ကိုယ်စောင့်နတ်များ၊ သာသနာကို
ကြည်ညိုကြတဲ့နတ်ဗြဟ္မာများ၊ တန်ခိုးကြီးတဲ့ နတ်များက ကိုယ်မကောင်းမှုလုပ်တာကို သိနေမြင်နေကြရ
တာမို့ မလုပ်မိအောင် ရှောင်ရပါမယ်။
၁၂။ သြတပ္ပ- မကောင်းမှုမှန်သမျှကို လုပ်ရမှာ
ကြောက်လန့်တတ်တဲ့စိတ်ကို ခေါ်ပါတယ်။
၁၃။ သုတ-
ဘာသာရေး အသိပညာစသော သံသရာမှ ထွက်မြောက်ကြောင်း သူတော်ကောင်းတရားမှန်သမျှကို
တတ်သိ နားလည်နိုင်ခြင်းပါ။
၁၄။ စာဂ- သူတပါးအပေါ် ပေးကမ်းစွန့်ကျဲခြင်း၊
သာသနာတွင်းဖြစ်လျင် စေတနာထက်သန်စွာဖြင့် လှူဒါန်းခြင်း ဖြစ်ပါတယ်။
၁၃။ ပညာ- ဆိုတာ သံသရာမှ ထွက်မြောက်စေနိုင်သော
သူတော်ကောင်း တရားမှန်သမျှကို တတ်သိနားလည်ခြင်း၊ နားလည်ရုံမျှ မကပဲ ကျင့်ကြံအားထုတ်ခြင်း၊
သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ များကို လေ့လာဆည်းပူး အားထုတ်ခြင်း စတဲ့ မဂ်ဖိုလ်နိဗ္ဗာန်အထိ ရောက်စေနိုင်တဲ့ ပညာများအားလုံးကို
ရည်ရွယ် ပါတယ်။
အကျဉ်းချုပ် ကတော့--
ဘော- ဇာ - သီ- ဣံ လေးပါးနှင့်၊ ဈာန် လေးပါး၊
ပေါင်း (၈) ပါးကို
နောက်ထပ် သူတော်ကောင်းတရား (၇) ပါးပေါင်းထည့်လျင်
စရဏ (၁၅) ပါးပြည့်သွားပါတယ်။ ဒါလောက်ဆိုလျင် စရဏ (၁၅)ပါး အားလုံးပြည့်စုံသွားပါပြီ။
အထက်မှာ ဆိုခဲ့သော ၀ိဇ္ဇာသုံးပါး၊ ၀ိဇ္ဇာရှစ်ပါး၊
စရဏတစ်ဆယ့်ငါးကို ဘုရားဂုဏ်တော်ကိုးပါးတွင် ပါဝင်သော ၀ိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော်မှာ ထည့်သွင်းထားတာမို့
စာရေးသူတို့ရဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ဂုဏ်တော်အားလုံးနှင့် ပြည့်စုံ တော် မူပါတယ်၊
အဲဒီလို ဂုဏ်တော်များနှင့် ပြည့်စုံတော်မူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို
အာရုံပြု ရည်မှန်းကာ ဖြည့်ကျင့်ပွားများ နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
No comments:
Post a Comment