(၁) မေတ္တာဂရုဏာထားသည်။ သို့သော်ပညာဖြင့်ထိန်းကွပ်သည်။
(၂) မခိုင်းဘဲလုပ်တတ်သည်။
(၃) အလုပ်ကို အများကြီးလုပ်သည်။ အခွင့်အရေးကို အနည်းငယ်သာယူသည်။
(၄) မည့်သည့်အစွဲမှ မထားဘဲ မှန်သည့်ဘက်မှ နေရဲသည်။
(၅) စာပေဗဟုသုတနှင့် ပြည့်စုံသည်။ (ဗိုလ်ချုပ်အောင်ဆန်း၊ ဟိုချီမင်း၊
မော်စီတုံးတို့သည် စာရေးဆရာများဖြစ်ကြသည်။
(၆) အတိုင်ခံရသူထက်၊ အတိုင်အတောထူသူကိုပို၍ သတိထားသည်။
(၇) မည်သည့်အခက်အခဲရှိရှိ ကျော်လွှားကာအလုပ်ကို အောင်မြင်အောင် လုပ်တတ်သည်။
မေတ္တာရှင်ရွှေပြည်သာ၏ လူတော်လူဆိုး စာအုပ်မှ
No comments:
Post a Comment