ေဒ၀ဒူတ သုတၱာန္ ပါဠိေတာ္ႀကီး (ယမမင္းစစ္တမ္း)
ယမမင္း ။ ။ ေမာင္မင္း .. သင္သည္လူ႕ျပည္၌ ပထမေသမင္းတမန္ ထင္ထင္ရွားရွား ျဖစ္သည္ကို မျမင္ပါသေလာ။
ငရဲသား ။ ။ ကြၽႏု္ပ္ မျမင္မိပါ။
ယမမင္း ။ ။ ေမာင္မင္း .. သင္သည္ လူ႕ျပည္၌ မိမိ၏က်င္ႀကီးက်င္ငယ္ မသုတ္သင္နိုင္ဘဲ လူးလိမ့္ကာ ေနရရွာေသာ ကေလးသူငယ္မ်ားကို မေတြ႕ခဲ့ဘူးလား ။
ငရဲသား ။ ။ ကြၽႏု္ပ္ ျမင္မိပါသည္။
ယမမင္း ။ ။ မိမိကိုယ္တိုင္နားလည္ေသာ အ႐ြယ္သို႔ေရာက္ေသာအခါ ထိုကေလးမ်ားကိုၾကည့္၍ ““ငါသည္ ဘာမွ်မသိနားမလည္ရွာေသးေသာ ယခုလို ကေလးသူငယ္ျဖစ္ဖို႔ရာ ေနာင္ခါ ပဋိသေနၶေနရဦး မည္။ ပဋိသေနၶ ေနျခင္းသေဘာကို မလြန္ဆန္နိုင္ေသးအံတကား ။ ယခုငါသည္ ကိုယ္၊ ႏႈတ္၊ စိတ္ တို႔ျဖင့္ ေကာင္းမႈကုသိုလ္မ်ားကိုျပဳေတာ့မွေတာ္ကာၾကေတာ့မည္”” ဟု အႀကံအစည္မ်ား အေမာင္ မျဖစ္ခဲ့ဘူးလား ။
(အလြန္ၾကင္နာစြာေမးသည္။)
(ေအာ္...ဘယ္လိုေမးခြန္းႀကီးပါလိမ့္ ၊ ဒီလိုေမးလိမ့္မယ္လို႔တစ္ခါမွမထင္ခဲ့ပါဘူး။ ငယ္ငယ္တုန္းက ယမမင္း ေမးရင္ မင္းလူ႕ျပည္မွာ ဘာေကာင္းမႈလုပ္ခဲ့သလဲ။ သတိရရင္ လြတ္ၿပီ။ ဒီလိုဘဲ ထင္ခဲ့တာ။ အခုေတာ့ ေတြ႕ၿပီ ။ ကဲ သင္တို႔ေရာ ဒီလို အႀကံအစည္ျဖစ္ဖူးပါသလား။ ကဲေျဖလိုက္ပါ ...)
ငရဲသား ။ ။ ကြၽႏု္ပ္ မတတ္နိုင္ခဲ့ပါ။ ေမ့ေလ်ာ့ခဲ့ပါသည္။ ဟို... ကြၽႏု္ပ္ မိဘေတြကို လုပ္ေကြၽးေန ..
ယမမင္း ။ ။ ေတာ္ေတာ္ .. ေမာင္မင္း ...မင္းမိဘ ေဆြမ်ိဳးညာတကာ ဆရာ ေတြကျပဳေပးသည္မဟုတ္။ သူတို႔နဲ႕မဆိုင္။ ေမာင္မင္း ကိုယ္တိုင္ ျပဳခဲ့သည္ျဖစ္လို႔ အေမာင့္ ေမ့ျပစ္ အေမာင္သာဆိုင္တယ္။ ဘာမွ ဆင္ေျခေပးလို႔မရေတာ့ဘူး။
ကဲရွိေစေတာ့ ... ထပ္ေမးမယ္ ... ေမာင္မင္း
ယမမင္း ။ ။ အေမာင္လူ႕ျပည္မွာတုန္းက ဒုတိယ ေသမင္းတမန္ထင္ထင္ရွားရွား ျဖစ္သည္ကို မျမင္ပါသေလာ။
ငရဲသား ။ ။ ကြၽႏု္ပ္ မျမင္မိပါ။
ယမမင္း ။ ။ အေမာင္လူသား ... သင္သည္လူ႕ျပည္၌ ေတာင္ေ၀ွးကိုသာမွီခို အားထားရာရွိလ်က္၊ ဆံျဖဴ၊ သြားက်ိဳး၊ အေရတြန႔္လိပ္ ..စသည္ျဖင့္ တုန္တုန္ခ်ည့္ခ်ည့္ျဖင့္ ေနာက္ဆုံးအ႐ြယ္သို႔ေရာက္ရွိေန ေသာ အိုမင္းရင့္ေရာ္ေနသည္ လူသားတို႔ကို အေမာင္ေတြ႕မိခဲ့ပါသလား..။
ငရဲသား ။ ။ ကြၽႏု္ပ္ ျမင္မိပါသည္ အရွင္ယမမင္းႀကီး။
ယမမင္း ။ ။ ေအး .. ဒါဆိုကြာ ... သင္မိမိကိုယ္တိုင္နားလည္ေသာ အ႐ြယ္သို႔ေရာက္ေသာအခါ ထိုသူတို႔ကို ၾကည့္ၿပီး ၊“ေအာ္ငါသည္လည္း စင္စစ္ ဤသို႔ အိုရျခင္းသေဘာကို မလြန္ဆန္နိုင္အံ။ ယခုငါသည္ ကိုယ္၊ ႏႈတ္၊ စိတ္ တို႔ျဖင့္ ေကာင္းမႈကုသိုလ္မ်ားကိုျပဳေတာ့မွေတာ္ကာၾကေတာ့မည္” ဟု အႀကံအစည္မ်ား အေမာင္ မျဖစ္ခဲ့ဘူးလား ။
ငရဲသား ။ ။ ကြၽႏု္ပ္ မတတ္နိုင္ခဲ့ပါ။ ေမ့ေလ်ာ့ခဲ့ပါသည္ အရွင္ယမမင္းႀကီး။ ဒီလိုပါ ...
ယမမင္း ။ ။ ေတာ္ၿပီ ... အေမာင့္ ေမ့ျပစ္ဟာ အေမာင္သာဆိုင္တယ္။ ဘာမွ ဆင္ေျခေပးမေနနဲ႕။
ဤနည္းအတိုင္း တတိယေသမင္းတမန္အျဖစ္ .. သူနာ ကိုၫႊန္ျပေလသည္။
ဤနည္းအတိုင္း စတုတၴေသမင္းတမန္အျဖစ္ .. သူေသ ကိုၫႊန္ျပေလသည္။
ဤနည္းအတိုင္း ပၪၥမေသမင္းတမန္အျဖစ္ .. ႏွိပ္စက္ခံေနရေသာ အက်ဥ္းသား၊ ေထာင္သား၊ ရာဇ၀တ္သား ကိုၫႊန္ျပေလသည္။
၅ ႀကိမ္တိုင္ေအာင္ေမး၍ ေမ့ေလ်ာ့ေပါ့ဆခဲ့သျဖင့္ .. သတိမရနိုင္လွ်င္ .. ယမမင္းႀကီးကိုယ္တိုင္ “လူ႕ဘ၀တယ္ ထိုသူ ကုသိုလ္ျပဳခဲ့ဖူးသလား၊ ျပဳသည့္အခါတုန္းက မိမိအား အမွ်အတန္း ေ၀ခဲ့ဖူးသလား” ဟုစဥ္းစား၏။
စဥ္းစား၍ရလွ်င္ထိုကုသိုလ္ကို ေဖာ္ျပ၏။ ယမမင္းကေျပာေသာေၾကာင့္ျဖစ္ေစ၊ ြၽိမိဘာသာ သတိရ၍ျဖစ္ေစ ကုသိုလ္ကို သတိရသည္ႏွင့္ တစ္ၿပိဳင္နက္ ငရဲမွလြတ္ေျမာက္ရေလသည္။
(ထိုအခ်ိန္မ်ိဳးမွာ မိမိ၏ ကုသိုလ္မ်ား အားထားရေၾကာင္းထင္ရွားေပသည္။ ေကာင္းမႈကုသိုလ္မ်ားျပဳလုပ္ပါ သူငယ္ခ်င္းအေပါင္းတို႔ ..)
ယမမင္းႀကီး ကိုယ္တိုင္စဥ္းစာတိုင္စဥ္းစား၍ မရေသာအခါ ဆိတ္ဆိတ္ေနရေတာ့၏။ ထိုအခါ ငရဲေကာင္ သတၱဝါကို ငရဲထိန္းတို႔ ယူေဆာင္လ်က္ အမ်ိဳးမ်ိဳးႏွိပ္စက္ၾကကာ ငရဲခံရရွာေတာ့သည္။
ေရွးဦးစြာ ထိုသူကို ငရဲထိန္းမ်ားသည္ ႏွောင္ဖြဲ႕ျခင္း ငါးရပ္ေခၚေသာ – လက္ႏွစ္ဖက္၌၄င္း၊ ေျခႏွစ္ဖက္၌၄င္း၊ ရင္လယ္၌၄င္း၊ သံနပူျဖင့္ စိုက္ႏွက္ျခင္းတည္းဟူေသာ ခ်ဳပ္ႏွောင္ျခင္းကိုျပဳၾက၏။
ထိုေနာက္ - ထိုသူကို ငရဲထိန္းမ်ားသည္ ရဲရဲၿငီးေသာ သံေျမျပင္၌ လွဲအိပ္လွိမ့္လိုက္ကာ ဒါးမ မ်ားျဖင့္ အမ်ိဳးမ်ိဳးခုတ္ေ႐ႊၾက၏။
ေျခကိုမိုးေမွ်ာ္၊ ဦးေခါင္းေဇာက္ထိုး၊ ဆြဲကိုင္ကာ ပဲကြတ္မ်ားျဖင့္ ခုတ္ေ႐ႊၾက၏။
ရထားမွာတပ္၍ မီးေတာက္ေလာင္ေနေသာေျမ၌ ေရွ႕တိုး၊ ေနာက္ဆုတ္ သြားခိုင္းၾက၏။
ေျခကိုမိုးေမွ်ာ္၊ ဦးေခါင္းေဇာက္ထိုး၊ ဆြဲကိုင္ကာ သံအိုးပူထဲ၌ ပစ္ခ်ၾက၏။
သံရည္ပူမ်ား၊ ေၾကးရည္ပူမ်ား ကို တိုက္ၾက၏။ ထို သံရည္၊ ေၾကးရည္ပူမ်ားသည္ အတြင္းကိုယ္အဂၤါမ်ားကို က်က္က်က္ဆူေစၿပီးမွ ဒြါရကိုးေပါက္မွ ေန၍ျပန္ထြက္သည္။
သံအိုးပူထဲတြင္လည္း ျမဳပ္ခ်ည္ ေပၚခ်ည္ ဖီလာကန႔္လန႔္ က်က္စားရေတာ့၏။
သို႔ေသာ္ မေသနိုင္ဘဲ စူးရွၾကမ္းတမ္း၍ ခါးစပ္ေသာ၊ သည္းထန္ေသာ ဆင္းရဲေ၀ဒနာမ်ားကို ခံစားရေလေတာ့သည္။
ဤသည္မွာ ယမမင္းႀကီးထံ စစ္ေမးၿပီး၍ ငရဲျပည္၏ အႀကိဳအစမ္းႏွိပ္စက္ျခင္း (ငရဲျပည္၏ ႀကိဳဆိုေရး Reception) မွာပင္ရွိေသး၏။
ထိုေနာက္မွ ထိုသူကို ငရဲထိန္းတို႔သည္ သူႏွင့္သက္ဆိုင္ရာ ငရဲႀကီးရွစ္ထပ္ရွိငရဲမ်ားကို ငရဲငယ္မ်ားကို တစ္ငရဲၿပီးတစ္ငရဲ ျဖတ္သန္း အဆင့္ဆင့္ခံ၍ ငရဲႀကီးသို႔က်ေရာက္ခံစားရေလေတာ့သတည္း။
ငါ၏ခ်စ္သား ရဟန္းတို႔ .. စင္စစ္ ငါဘုရားသည္ ထိုငရဲ၌ က်ေရာက္ခံစားရပုံတို႔ကို ကိုယ္ေတာ္တိုင္ သိျမင္ထင္လင္းၿပီးေသာ အေၾကာင္းတို႔ကိုသာလွ်င္ ငါဘုရားေဟာၾကားေတာ္မူေပသည္။
ငရဲ၏ ဒုကၡ ဆင္းရဲတို႔ကို ငါဘုရား ထိုင္ေျပာေနလွ်င္ ၿပီးမည္မဟုတ္... အင္မတန္ဆိုး႐ြားလွသျဖင့္ သတိထား၍ ကုသိုလ္တရား၊ ဘာ၀နာတရား၊ ၀ိပႆနာတရားတို႔ကို အားထုတ္ၾကေလာ့ ။
ဤ ေဒ၀ဒူတသုတၱန္ ၏ အဆုံး၌ တရားကို အားထုတ္ၾက၍ ရဟႏၱာျဖစ္ေသာ ပုဂၢိုလ္ျမတ္မ်ား ၊ ေသာတာပန္၊ သကဒါဂါမ္၊ အနာဂါမ္ တည္ေသာ ပုဂၢိုလ္ျမတ္မ်ား မေရမတြက္နိုင္ေအာင္ရွိခဲ့ဖူးၿပီ။
ဘုရားရွင္အဆူဆူလည္း ဤ ေဒ၀ဒူတသုတၱန္ကို ေဟာေတာ္မူၿမဲပင္ ျဖစ္ေလေတာ့သတည္း ။
ဒေ၀ဒူတ သုတ္တာန် ပါဠိတော်ကြီး (ယမမင်းစစ်တမ်း)
ယမမင်း ။ ။ မောင်မင်း .. သင်သည်လူ့ပြည်၌ ပထမသေမင်းတမန် ထင်ထင်ရှားရှား ဖြစ်သည်ကို မမြင်ပါသလော။
ငရဲသား ။ ။ ကျွနု်ပ် မမြင်မိပါ။
ယမမင်း ။ ။ မောင်မင်း .. သင်သည် လူ့ပြည်၌ မိမိ၏ကျင်ကြီးကျင်ငယ် မသုတ်သင်နိုင်ဘဲ လူးလိမ့်ကာ နေရရှာသော ကလေးသူငယ်များကို မတွေ့ခဲ့ဘူးလား ။
ငရဲသား ။ ။ ကျွနု်ပ် မြင်မိပါသည်။
ယမမင်း ။ ။ မိမိကိုယ်တိုင်နားလည်သော အရွယ်သို့ရောက်သောအခါ ထိုကလေးများကိုကြည့်၍ ““ငါသည် ဘာမျှမသိနားမလည်ရှာသေးသော ယခုလို ကလေးသူငယ်ဖြစ်ဖို့ရာ နောင်ခါ ပဋိသနေ္ဓနေရဦး မည်။ ပဋိသနေ္ဓ နေခြင်းသဘောကို မလွန်ဆန်နိုင်သေးအံတကား ။ ယခုငါသည် ကိုယ်၊ နှုတ်၊ စိတ် တို့ဖြင့် ကောင်းမှုကုသိုလ်များကိုပြုတော့မှတော်ကာကြတော့မည်”” ဟု အကြံအစည်များ အမောင် မဖြစ်ခဲ့ဘူးလား ။
(အလွန်ကြင်နာစွာမေးသည်။)
(အော်...ဘယ်လိုမေးခွန်းကြီးပါလိမ့် ၊ ဒီလိုမေးလိမ့်မယ်လို့တစ်ခါမှမထင်ခဲ့ပါဘူး။ ငယ်ငယ်တုန်းက ယမမင်း မေးရင် မင်းလူ့ပြည်မှာ ဘာကောင်းမှုလုပ်ခဲ့သလဲ။ သတိရရင် လွတ်ပြီ။ ဒီလိုဘဲ ထင်ခဲ့တာ။ အခုတော့ တွေ့ပြီ ။ ကဲ သင်တို့ရော ဒီလို အကြံအစည်ဖြစ်ဖူးပါသလား။ ကဲဖြေလိုက်ပါ ...)
ငရဲသား ။ ။ ကျွနု်ပ် မတတ်နိုင်ခဲ့ပါ။ မေ့လျော့ခဲ့ပါသည်။ ဟို... ကျွနု်ပ် မိဘတွေကို လုပ်ကျေွးနေ ..
ယမမင်း ။ ။ တော်တော် .. မောင်မင်း ...မင်းမိဘ ဆွေမျိုးညာတကာ ဆရာ တွေကပြုပေးသည်မဟုတ်။ သူတို့နဲ့မဆိုင်။ မောင်မင်း ကိုယ်တိုင် ပြုခဲ့သည်ဖြစ်လို့ အမောင့် မေ့ပြစ် အမောင်သာဆိုင်တယ်။ ဘာမှ ဆင်ခြေပေးလို့မရတော့ဘူး။
ကဲရှိစေတော့ ... ထပ်မေးမယ် ... မောင်မင်း
ယမမင်း ။ ။ အမောင်လူ့ပြည်မှာတုန်းက ဒုတိယ သေမင်းတမန်ထင်ထင်ရှားရှား ဖြစ်သည်ကို မမြင်ပါသလော။
ငရဲသား ။ ။ ကျွနု်ပ် မမြင်မိပါ။
ယမမင်း ။ ။ အမောင်လူသား ... သင်သည်လူ့ပြည်၌ တောင်ေ၀ှးကိုသာမှီခို အားထားရာရှိလျက်၊ ဆံဖြူ၊ သွားကျိုး၊ အရေတွန့်လိပ် ..စသည်ဖြင့် တုန်တုန်ချည့်ချည့်ဖြင့် နောက်ဆုံးအရွယ်သို့ရောက်ရှိနေ သော အိုမင်းရင့်ရော်နေသည် လူသားတို့ကို အမောင်တွေ့မိခဲ့ပါသလား..။
ငရဲသား ။ ။ ကျွနု်ပ် မြင်မိပါသည် အရှင်ယမမင်းကြီး။
ယမမင်း ။ ။ အေး .. ဒါဆိုကွာ ... သင်မိမိကိုယ်တိုင်နားလည်သော အရွယ်သို့ရောက်သောအခါ ထိုသူတို့ကို ကြည့်ပြီး ၊“အော်ငါသည်လည်း စင်စစ် ဤသို့ အိုရခြင်းသဘောကို မလွန်ဆန်နိုင်အံ။ ယခုငါသည် ကိုယ်၊ နှုတ်၊ စိတ် တို့ဖြင့် ကောင်းမှုကုသိုလ်များကိုပြုတော့မှတော်ကာကြတော့မည်” ဟု အကြံအစည်များ အမောင် မဖြစ်ခဲ့ဘူးလား ။
ငရဲသား ။ ။ ကျွနု်ပ် မတတ်နိုင်ခဲ့ပါ။ မေ့လျော့ခဲ့ပါသည် အရှင်ယမမင်းကြီး။ ဒီလိုပါ ...
ယမမင်း ။ ။ တော်ပြီ ... အမောင့် မေ့ပြစ်ဟာ အမောင်သာဆိုင်တယ်။ ဘာမှ ဆင်ခြေပေးမနေနဲ့။
ဤနည်းအတိုင်း တတိယသေမင်းတမန်အဖြစ် .. သူနာ ကိုညွှန်ပြလေသည်။
ဤနည်းအတိုင်း စတုတၴသေမင်းတမန်အဖြစ် .. သူသေ ကိုညွှန်ပြလေသည်။
ဤနည်းအတိုင်း ပဉ္စမသေမင်းတမန်အဖြစ် .. နှိပ်စက်ခံနေရသော အကျဉ်းသား၊ ထောင်သား၊ ရာဇ၀တ်သား ကိုညွှန်ပြလေသည်။
၅ ကြိမ်တိုင်အောင်မေး၍ မေ့လျော့ပေါ့ဆခဲ့သဖြင့် .. သတိမရနိုင်လျှင် .. ယမမင်းကြီးကိုယ်တိုင် “လူ့ဘ၀တယ် ထိုသူ ကုသိုလ်ပြုခဲ့ဖူးသလား၊ ပြုသည့်အခါတုန်းက မိမိအား အမျှအတန်း ေ၀ခဲ့ဖူးသလား” ဟုစဉ်းစား၏။
စဉ်းစား၍ရလျှင်ထိုကုသိုလ်ကို ဖော်ပြ၏။ ယမမင်းကပြောသောကြောင့်ဖြစ်စေ၊ ျွိမိဘာသာ သတိရ၍ဖြစ်စေ ကုသိုလ်ကို သတိရသည်နှင့် တစ်ပြိုင်နက် ငရဲမှလွတ်မြောက်ရလေသည်။
(ထိုအချိန်မျိုးမှာ မိမိ၏ ကုသိုလ်များ အားထားရကြောင်းထင်ရှားပေသည်။ ကောင်းမှုကုသိုလ်များပြုလုပ်ပါ သူငယ်ချင်းအပေါင်းတို့ ..)
ယမမင်းကြီး ကိုယ်တိုင်စဉ်းစာတိုင်စဉ်းစား၍ မရသောအခါ ဆိတ်ဆိတ်နေရတော့၏။ ထိုအခါ ငရဲကောင် သတ္တဝါကို ငရဲထိန်းတို့ ယူဆောင်လျက် အမျိုးမျိုးနှိပ်စက်ကြကာ ငရဲခံရရှာတော့သည်။
ရှေးဦးစွာ ထိုသူကို ငရဲထိန်းများသည် နှောင်ဖွဲ့ခြင်း ငါးရပ်ခေါ်သော – လက်နှစ်ဖက်၌၄င်း၊ ခြေနှစ်ဖက်၌၄င်း၊ ရင်လယ်၌၄င်း၊ သံနပူဖြင့် စိုက်နှက်ခြင်းတည်းဟူသော ချုပ်နှောင်ခြင်းကိုပြုကြ၏။
ထိုနောက် - ထိုသူကို ငရဲထိန်းများသည် ရဲရဲငြီးသော သံမြေပြင်၌ လှဲအိပ်လှိမ့်လိုက်ကာ ဒါးမ များဖြင့် အမျိုးမျိုးခုတ်ရွှေကြ၏။
ခြေကိုမိုးမျှော်၊ ဦးခေါင်းဇောက်ထိုး၊ ဆွဲကိုင်ကာ ပဲကွတ်များဖြင့် ခုတ်ရွှေကြ၏။
ရထားမှာတပ်၍ မီးတောက်လောင်နေသောမြေ၌ ရှေ့တိုး၊ နောက်ဆုတ် သွားခိုင်းကြ၏။
ခြေကိုမိုးမျှော်၊ ဦးခေါင်းဇောက်ထိုး၊ ဆွဲကိုင်ကာ သံအိုးပူထဲ၌ ပစ်ချကြ၏။
သံရည်ပူများ၊ ကြေးရည်ပူများ ကို တိုက်ကြ၏။ ထို သံရည်၊ ကြေးရည်ပူများသည် အတွင်းကိုယ်အင်္ဂါများကို ကျက်ကျက်ဆူစေပြီးမှ ဒွါရကိုးပေါက်မှ နေ၍ပြန်ထွက်သည်။
သံအိုးပူထဲတွင်လည်း မြုပ်ချည် ပေါ်ချည် ဖီလာကန့်လန့် ကျက်စားရတော့၏။
သို့သော် မသေနိုင်ဘဲ စူးရှကြမ်းတမ်း၍ ခါးစပ်သော၊ သည်းထန်သော ဆင်းရဲေ၀ဒနာများကို ခံစားရလေတော့သည်။
ဤသည်မှာ ယမမင်းကြီးထံ စစ်မေးပြီး၍ ငရဲပြည်၏ အကြိုအစမ်းနှိပ်စက်ခြင်း (ငရဲပြည်၏ ကြိုဆိုရေး Reception) မှာပင်ရှိသေး၏။
ထိုနောက်မှ ထိုသူကို ငရဲထိန်းတို့သည် သူနှင့်သက်ဆိုင်ရာ ငရဲကြီးရှစ်ထပ်ရှိငရဲများကို ငရဲငယ်များကို တစ်ငရဲပြီးတစ်ငရဲ ဖြတ်သန်း အဆင့်ဆင့်ခံ၍ ငရဲကြီးသို့ကျရောက်ခံစားရလေတော့သတည်း။
ငါ၏ချစ်သား ရဟန်းတို့ .. စင်စစ် ငါဘုရားသည် ထိုငရဲ၌ ကျရောက်ခံစားရပုံတို့ကို ကိုယ်တော်တိုင် သိမြင်ထင်လင်းပြီးသော အကြောင်းတို့ကိုသာလျှင် ငါဘုရားဟောကြားတော်မူပေသည်။
ငရဲ၏ ဒုက္ခ ဆင်းရဲတို့ကို ငါဘုရား ထိုင်ပြောနေလျှင် ပြီးမည်မဟုတ်... အင်မတန်ဆိုးရွားလှသဖြင့် သတိထား၍ ကုသိုလ်တရား၊ ဘာ၀နာတရား၊ ၀ိပဿနာတရားတို့ကို အားထုတ်ကြလော့ ။
ဤ ဒေ၀ဒူတသုတ္တန် ၏ အဆုံး၌ တရားကို အားထုတ်ကြ၍ ရဟန္တာဖြစ်သော ပုဂ္ဂိုလ်မြတ်များ ၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် တည်သော ပုဂ္ဂိုလ်မြတ်များ မရေမတွက်နိုင်အောင်ရှိခဲ့ဖူးပြီ။
ဘုရားရှင်အဆူဆူလည်း ဤ ဒေ၀ဒူတသုတ္တန်ကို ဟောတော်မူမြဲပင် ဖြစ်လေတော့သတည်း ။
Jul 8, 2017
ဒေ၀ဒူတ သုတ္တာန် ပါဠိတော်ကြီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment