........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Feb 28, 2014

ကာမေသုမိစ္ဆာစာရ


ကာမေသုမိစ္ဆာစာရဆိုတာ ပါဠိစကားလုံးပါ..
ခွဲခြမ်းစိပ်ဖြာကြည့်မယ်ဆိုရင် ကာမေသု+မိစ္ဆာ+အာစာရ လို့ သုံးပုဒ်ထွက်ပါတယ်..
ကာမေသုပုဒ်အရ ကာမဆိုတဲ့အရာနှစ်မျိုးရှိပါတယ်
၁။ အဝတ...်အစား အိပ်ရာနေရာ ရွှေငွေဥစ္စာ
အသုံးအဆောင် ဇိမ်ခံပစ္စည်း စတာတွေမှာ
တပ်မက်နှစ်သက် ဖြစ်ပေါ်တတ်တဲ့ ဝတ္ထုကာမနဲ့
၂။ မိန်းမ ယောက်ျားနှစ်ဦးသားတို့ ဆန္ဒတူတူ
မတူတူပဲ ခံစားကြတဲ့ တဏှာရာဂနဲ့စပ်တဲ့
ကာမဂုဏ်အာရုံခံစားမှု ကိလေသာကာမ
တို့ဖြစ်ပါတယ်..

`မိစ္ဆာ´ဆိုတာ ဖောက်ပြန်မှားယွင်းမှုလို့ အဓိပ္ပာယ်ရပြီး `အာစာရ´ဆိုတာက အကျင့်ပါ..
အားလုံးပေါင်းစပ်လိုက်တဲ့အခါ
"အထက်ဖော်ပြပါ ကာမတွေမှာ ဖောက်ပြန်မှားယွင်းစွာ ပြုကျင့်လုပ်ဆောင်ခြင်း"လို့
အဓိပ္ပာယ်အပြည့်အစုံ ရပါတယ်..

အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ
တစ်ဦးနဲ့တစ်ဦး ဆန္ဒတူတူ မတူတူ မှောက်မှားခဲ့တာများ ရှိခဲ့သလား? မရှိခဲ့ဘူးလား?ဆိုတာ မိမိကိုယ်ကို
မလိမ်ညာပဲ ရဲရဲတွေးကြည့်ပါ..
"နှစ်ဦးသဘောတူ ဖြစ်ခဲ့တာပဲလေ"ဆိုပြီး
ဖြေတွေး မတွေးလိုက်ပါနဲ့..

အိမ်ထောင်ရှိရှိမရှိရှိယောက်ျားတစ်ယောက်အနေနဲ့
မသွားလာအပ်တဲ့ မိန်းမအမျိုးအစား နှစ်ဆယ်ရှိပါတယ်..အဲဒါတွေကတော့
၁။မိခင်ကိုယ်တိုင် စောင့်ရှောက်အုပ်ထိန်းထားတဲ့
မိန်းမ..

၂။ဖခင်ကိုယ်တိုင် စောင့်ရှောက်အုပ်ထိန်းထားတဲ့
မိန်းမ..

၃။မိဘနှစ်ပါးစုံ စောင့်ရှောက်အုပ်ထိန်းထားတဲ့
မိန်းမ..

၎။မောင်ကြီးမောင်ငယ်
စောင့်ရှောက်အုပ်ထိန်းထားတဲ့ မိန်းမ..

၅။အစ်မ ညီမ စောင့်ရှောက်အုပ်ထိန်းထားတဲ့ မိန်းမ

၆။ဆွေမျိုး စောင့်ရှောက်အုပ်ထိန်းတဲ့ မိန်းမ..

၇။အမျိုးအနွယ်တူ စောင့်ရှောက်အုပ်ထိန်းထားတဲ့ မိန်းမ..

၈။တရားကျင့်ဖော် ကျင့်ဖက်က စောင့်ရှောက်အုပ်ထိန်းထားတဲ့ မိန်းမ..
(စတဲ့ စောင့်ရှောက်အုပ်ထိန်းသူရှိတဲ့ မိန်းမ ၈ယောက်)

၉။မိခင် ကိုယ်ဝန်တည်ကတည်းက ပြောဆိုကြောင်းလမ်းပြီးသော မိန်းမ..

၁၀။မင်းများ တော်ကောက်ယူရန် သတ်မှတ်ထားသော မိန်းမ..

၁၁။ဥစ္စာဖြင့်ဝယ်၍ ပေါင်းသင်းနေထိုင်သော မိန်းမ..

၁၂။အလိုတူ၍..

၁၃။စည်းစိမ်အပ်နှင်း၍..

၁၄။အဝတ်တန်ဆာဆင်ပေး၍..

၁၅။လူကြီးစုံရာ ပြောကြား တောင်းယူ၍..

၁၆။ထင်းခွေ ရေခပ် စသည် တောက်တိုမယ်ရ လုပ်ကိုင်ပေးရသောမိန်းမကို ထိုအလုပ်များ မလုပ်စေပဲ ပေါင်းသင်းနေထိုင်သော..

၁၇။မယားပြုခံရသော ကျွန်မ..

၁၈။မယားပြုခံရသော အိမ်ဖော်အလုပ်သမ..

၁၉။မယားအဖြစ် ပေါင်းသင်းခံရသော သုံ့ပန်းမိန်းမ

၂၀။ပြည့်တန်ဆာမ
ဆိုပြီး စုစုပေါင်း နှစ်ဆယ်ဖြစ်ပါတယ်..

ဒီနှစ်ဆယ်ထဲက ရှေ့ပိုင်း ၁ ကနေ ၈ အထိ မိန်းမ ၈ယောက်တို့ဟာ အုပ်ထိန်းသူရှိပေမယ့် သူတို့ရဲ့တွေ့ထိခံစားမှု ဖဿအာရုံ သဘောတရားကို အုပ်ထိန်းသူတို့က မပိုင်ကြပါဘူး..
(စော်ကားမှု အနိုင်ကျင့်မှု မတော်တရော်လုပ်မှု စသည်တို့မဖြစ်အောင် ကာကွယ် တားဆီး စောင့်ရှောက်နိုင်ရုံမျှသာ)

ပထမဦးစွာ အမျိုးသမီးဘက်ကနေ ပြောပါမယ်..
အထက်ဖော်ပြပါ အမျိုးသမီး၈ယောက်အနေနဲ့ အရွယ်ရောက်ပြီးဖြစ်ပေမယ့် အုပ်ထိန်းသူရှိပေမယ့် ကာမပိုင် လင်ယောက်ျားမရှိသေးတာကြောင့် အခြားယောက်ျားနဲ့ နှစ်ဦးသဘောတူ ကျူးလွန်မိကြမယ်ဆိုရင် ကာမေသုမိစ္ဆာစာရကံ မထိုက်ကြပါဘူး..
ဒါပေမယ့် အဲဒီအမျိုးသမီး ၈ယောက်ဟာ ငါတို့မှာ ကာမေသုမိစ္ဆာစာရကံမထိုက်ဘူးလို့လည်း ဝမ်းမသာကြစေချင်ပါဘူး..
ကံမထိုက်ပေမယ့်
ကာမေသုမိစ္ဆာစာရ-ကာမဖောက်ပြန်တဲ့ အကုသိုလ်ကံတော့ ဖြစ်ပါတယ်..

သဘောပေါက်အောင် ထပ်ရှင်းရရင်တော့ ကံထိုက်သူဟာ အပါယ်ငရဲသို့ အမှန်မသွေကျရောက်နိုင်ပြီး
ကံမထိုက်သူက အပါယ်ငရဲကျရောက်စေနိုင်တဲ့ ကံကို တွန်းအားပေးတာနဲ့တူတယ်လို့ မှတ်သားကြစေချင်ပါတယ်..
ယခုမျက်မှောက်ဘဝမှာတော့ အခန့်မသင့်လို့ မဖြစ်သင့်တာတွေဖြစ်လာခဲ့ရင် အရှက်တကွဲ အကျိုးနဲဖြစ်ရတတ်ပါတယ်..
ပူပန်သောက ရောက်ရတတ်ပါတယ်..
ထို အကုသိုလ်ကံကြောင့် အပါယ်ငရဲကို ကျရောက်နိုင်ပါတယ်..

နံပါတ်(၉)နဲ့နံပါတ်(၁၀)မိန်းမနှစ်မျိုးကတော့ ရည်စူးသတ်မှတ်ထားသူ ရှိပြီးသားဖြစ်လို့ တစ်ခြားယောက်ျားတစ်ယောက်နဲ့ ကျူးလွန်မိတယ်ဆိုရင် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတယ်..
အနှစ်ချုပ်လိုက်တဲ့အခါ ၉ ကနေ ၂၀အထိ မိန်းမ ၁၂မျိုးဟာ ကာမပိုင်လင်ယောက်ျား ရှိပြီးသား ဖြစ်တာကြောင့် အခြားယောက်ျားမပြောနဲ့ တိရစ္ဆာန်အထီးနဲ့တောင်မှ ကာမဖောက်ပြန်ရင် ကာမေသုမိစ္ဆာစာရကံ ထိုက်ပါတော့တယ်..
ဘာကြောင့်လဲဆိုတော့ လင်ယောက်ျားပိုင်ထားပြီဖြစ်တဲ့ မိမိကာမဂုဏ် အတွေ့အထိ(ဖဿ)ကို မိမိလင်ယောက်ျားမသိအောင် တစ်ခြားသူကို ပေးအပ်မွေ့လျော်စေတာကြောင့် ဖြစ်ပါတယ်..

ယောက်ျားတွေဘက်ကို ပြောရမယ်ဆိုရင်တော့..
ဖော်ပြပါ မိန်းမ ၂၀ ထဲက တစ်ယောက်ယောက်နဲ့ ကာမကျူးလွန်မိရင်ကို ဧကန်မုချ ကာမေသုမိစ္ဆာစာရကံ ထိုက်တယ်ဆိုတာပါပဲ..
နောက်ထပ် တစ်ခုကတော့ အပြစ်ကြီးငယ်ကိစ္စဖြစ်ပါတယ်..
အမျိုးသမီးရဲ့ ဂုဏ်တရားနဲ့ ဆိုင်ပါတယ်..
ကိုယ်ကျင့်သီလရှိတဲ့အမျိုးသမီးကို ကျူးလွန်မိရင် ပိုပြီးအပြစ်ကြီးပါတယ်..
သီလမရှိတဲ့ မိန်းမပဲဆိုပြီး နိုင်ထက်စီးနင်း ကျူးလွန်မိခဲ့ရင်လည်း အပြစ်ကြီးတာပါပဲ..
နှစ်ယောက်အလိုတူ ကျူးလွန်ရင်တော့ အပြစ်သေးပါတယ်..

မိန်းမဘက်ကဖြစ်စေ ယောက်ျားဘက်ကဖြစ်စေ-
၁။မှားယွင်းလိုသော စိတ်သဘောလည်းမရှိ..
၂။အလိုဆန္ဒလည်းမတူညီပဲ နိုင်ထက်စီးနင်း လွန်ကျူးခံလိုက်ရရင် ကျူးလွန်ခံလိုက်ရသူမှာ ကာမေသုမိစ္ဆာစာရကံ မဖြစ်ပါဘူး..
ကျူးလွန်သူမှာသာ ဖြစ်တာပါ..

အိမ်ထောင်ရှိ ယောက်ျားတွေအဖို့ အထက်ဖော်ပြပါ
မိန်းမ၂၀ကိုကျူးလွန်မှ ကာမေသုမိစ္ဆာစာရကံထိုက်တာ မဟုတ်သေးပါဘူး..
မိမိ တရားဝင်လက်ထပ်ပေါင်းသင်းယူထားတဲ့ မိန်းမကိုတောင်မှ ကျူးလွန်သွားလာရင် ကံထိုက်တဲ့အခါတွေ ရှိပါသေးတယ်..
ဒါတွေကတော့-
၁။ရောဂါ(သို့)ကိုယ်ဝန်အလွန်ရင့်နေသောအခါ
၂။မိဘဆရာ သူတကာတို့ အမြင်မသင့်သောနေရာ
၃။ကျင့်ရိုးမဟုတ်ကျင့်ခြင်း
၎။ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက်လွန်သောအခါ
တို့ ဖြစ်ပါတယ်..

ဒါကြောင့် ကာမေသုမိစ္ဆာစာရအရာဆိုတာ လွယ်လွယ်တွေးရင် လွယ်လွယ်ပဲသိပြီး သေချာလေ့လာရင်တော့ ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခုဖြစ်တယ်ဆိုတာ သတိပြုစေချင်ပါတယ်..
အကုသိုလ်ကံအကျိုးပေးပုံကို လက်တွေ့ကျကျမမြင်ရသူ ကံကိုမယုံကြည်သူတွေအဖို့ကတော့ ဒီကာမေသုမိစ္ဆာစာရကိစ္စဟာ ထမင်းစားရေသောက် အလုပ်တစ်ခုလောက်ပဲ အဆင့်ရှိပါတယ်..
ဘုရားရှင်လက်ထက်တော်က ဘုရားရှင်ရဲ့အလုပ်အကျွေးအရှင်အာနန္ဒာနဲ့ ထေရီအဋ္ဌကထာမှာပါတဲ့ ဣသိဒါသီ အမည်ရှိတဲ့ ရဟန္တာထေရီမတို့ဟာ ရှေးဘဝကပြုမိခဲ့တဲ့ ကာမေသုမိစ္ဆာစာရကံရဲ့ အကျိုးကို ဘယ်လိုခံစားခဲ့ကြရတယ်ဆိုတာကိုတော့ စာရှည်မှာစိုးလို့ မဖော်ပြတော့ပါဘူး..

ကာမေသုမိစ္ဆာစာရ ကျူးလွန်သူများအနေနဲ့ သေလွန်တဲ့အခါ အပါယ်ငရဲကျပြီး လွတ်လို့ လူဖြစ်ရင်လည်း-
၁။လူမုန်းများခြင်း
၂။ရန်သူများခြင်း
၃။ပစ္စည်း လာဘ်ရှားပါးခြင်း
၎။ချမ်းသာသုခ မရခြင်း
၅။မျက်နှာပျက် အရှက်တကွဲ ဖြစ်ရခြင်း
၆။စိုးရိမ်သောကအားကြီးရခြင်း
၇။ချစ်သူနှင့် ကွေကွင်းရခြင်း
စတဲ့ မကောင်းတဲ့အကျိုးဆက်ကို ခံစားရနိုင်ပြီး
၈။ဖြစ်လေရာဘဝတွေမှာ မိန်းမဖြစ်ရခြင်း
၉။မိန်းမယောက်ျားအင်္ဂါနှစ်မျိုးလုံးမပါသူ(နပုန်းပဏ္ဍုက်)
၁၀။မိန်းမယောက်ျားအင်္ဂါနှစ်မျိုးလုံးပါသူ(ဥဘတောဗျည်း)
၁၁။ယောက်ျားမဟုတ် မိန်းမ မဟုတ် ဖြစ်ရခြင်း
၁၂။အမျိုးယုတ်မှာ ဖြစ်ရခြင်း
၁၃။ခြေလက်အင်္ဂါ ချို့ယွင်းခြင်းစတဲ့ မကောင်းကျိုးအနန္တကိုလည်း ခံရနိုင်ပါတယ်..

မိန်းမဖြစ်ရခြင်း အကြောင်းတရားတွေထဲမှာ ရှေးဘဝက ကာမေသုမိစ္ဆာစာရကံကျူးလွန်ခဲ့ခြင်း မိန်းမဘဝဖြစ်နေတာကို သာယာတပ်မက်မှုတဏှာရှိခြင်း ဆိုတဲ့ အချက်နှစ်ချက်ကို တွေ့ရပါတယ်..
ယခုဘဝအမျိုးသမီးဖြစ်နေသူတွေအနေနဲ့ (သံသရာဝဋ်ကမလွတ်သေးလို့)ယောက်ျားဘဝကို ရယူချင်တယ်ဆိုရင်တော့ ဒီဘဝမှာ ကာမေသုမိစ္ဆာစာရကံ မဖြစ်အောင် စောင့်ထိန်းပါ..
ယခုဘဝ မိမိ၏လင်ယောက်ျားကို ရိုရိုသေသေ လေးလေးစားစား ပြုစုလုပ်ကျွေးရပါမယ်(သိကြားမင်း၏မိဖုရားကဲ့သို့)..
ဒီကျင့်ဝတ်နှစ်ပါးကို ဆောင်ရွက်ကျင့်ကြံရင်း ယောက်ျားဘဝကိုရောက်အောင် ဆုတောင်းကျင့်ကြံအားထုတ်မယ်ဆိုရင် ဧကန်မုချ ယောက်ျားဘဝကို နောင်ကာလတွေမှာ ရနိုင်မှာဖြစ်ပါတယ်..

ကိုယ်ဒီဘဝ ယောက်ျားဖြစ်တယ်ဆိုပြီးတော့ ဘဝင်မြင့်နေလို့ မရပါဘူး..
ဘာလို့လဲဆိုတော့ ဗျာဒိတ်ရပြီးသား ဘုရားလောင်းပုဂ္ဂိုလ်တွေကလွဲရင်
[ဗျာဒိတ်ရတဲ့ဘဝကစပြီး ဘယ်တော့မှ မိန်းမ မဖြစ်တော့ပါဘူး။ဗျာဒိတ်မရခင်ရှေ့မှာတော့ ယောက်ျားလည်းဖြစ် မိန်းမလည်းဖြစ်ပါတယ်] အားလုံးဟာ ယောက်ျားဖြစ်လိုက် မိန်းမဖြစ်လိုက်နဲ့ သံသရာမှာ ကျင်လည်နေရတာပါ..
ဒါကြောင့် ယောက်ျားတွေအနေနဲ့ နောင်ဘဝတွေမှာပါ ယောက်ျားဘဝကိုရချင်ရင် ကာမေသုမိစ္ဆာစာရကံကို ဝေးဝေးက ရှောင်ကြဉ်သင့်ပါတယ်..

(မှတ်ချက်-မကောင်းမှုကိုပြုလုပ်နေပါလျက် ကောင်းကျိုးခံစားရသူ တစ်ချို့ကို တွေ့မြင်နိုင်ပါ၏။
ထိုသူပြုသော မကောင်းမှု အကုသိုလ်ကံက မကောင်းကျိုးပေးရန် အချိန်မရောက်သေးသောကြောင့်သာ ဖြစ်၏။
ထို့ကြောင့် အကုသိုလ်ကံကို သေးသေးလေးဟု မှတ်ထင်ပြီး မပြုအပ်ချေ။)

တဒင်္ဂ တစ်ခဏ အပျော်အတွက် စိတ်အလို မလိုက်မိပါစေနှင့်..

---------------------

"ကာမရောဂါ ကိုယ်တွင်းနာကား
ကုရာ နတ္ထိ ဆေးမရှိဘူး..
မိမိပညာ သတိသာလျှင်
မဟာသြသဓ ဆေးမည်စွရှင့်"

(မဃဒေဝ)

ဖန်ဆင်းရှင် ရှိနိုင်/မရှိနိုင်…

ဖန်ဆင်းရှင် ရှိနိုင်/မရှိနိုင်ဆိုတာကို ဆွေးနွေးလိုပါတယ်။ ဗုဒ္ဓ ဘာသာမှတပါး ကျန်ဘာသာအားလုံးနီးပါးဟာ ဖန်ဆင်းရှင် နတ်ဘုရား(လူသားဘုရားမဟုတ်)ကို လက်ခံယုံကြည်ကြပါတယ်။ ဘာသာအားလုံးကို ခြုံငုံပြောရလျှင် ဖန်ဆင်းရှင်များဟာ ကျွန်တော် တို့ နိုင်ငံက ငွေကြေးဈေးကွက်လို အလွန်ဖောင်းပွနေတာကို တွေ့နိုင်ပါတယ်။

ဟိန္ဒူမှာ ဗြဟ္မာ၊ ဂျူးမှာ ဂျစ်ဟိုးဗာ(ယေဟိုးဝါ)၊ ခရစ်မှာ ဂေါ့ဒ်၊ အစ္စလာမ်မှာ အလ္လ...ာဟ်ဆိုပြီးတော့ ဖန်ဆင်းရှင် ကိုယ်စီ ရှိ ကြပါတယ်။ ဖန်ဆင်းရှင်တစ်ဦးဦးက အမှန်ဖြစ်ခဲ့လျှင် ကျန် ဖန်ဆင်းရှင်ဝါဒအားလုံးဟာ အလိမ် အညာတွေချည်း ဖြစ်သွားပါလိမ့်မည်။ ဒါကြောင့် ဖန်ဆင်းရှင် ဘာသာဝင်တွေဟာ တစ်ဖက်နဲ့ တစ်ဖက် မှားတယ်လို့ ပုတ်ခတ်ပြောဆိုတာမျိုး မလုပ်ရဲကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ဟာ ဘ၀တူ ဖြစ်နေကြလို့ပါပဲ။ တခါတရံ သူတို့ဟာ ဖန်ဆင်းရှင်တစ်ဦးတည်းကိုပဲ နာမည် အမျိုး မျိုး တပ်ပြီး ကိုးကွယ်နေကြသလိုလို ပြောဆိုနေကြတာကိုလည်း ကြားရဖူးပါတယ်။

ဖန်ဆင်းရှင်တစ်ဦးတည်းကို နာမည်ပြောင်းပြီး ကိုးကွယ်တာပါလို့လည်း သူတို့ ၀န်မခံကြပါ ဘူး။ အကြောင်းကတော့ နောက်မှပေါ်တဲ့ ခရစ်ယာန်နှင့်,အစ္စလာမ်တို့ဟာ ဟိန္ဒူနှင့် ဂျူးဖန်ဆင်းရှင် ယေဟောဝါ တို့ကိုပဲ နာမည်ပြောင်းပြီး ကိုးကွယ်နေရသလို ဖြစ်နေလို့ပါပဲ။ သမိုင်းကြောင်းမရှိတဲ့အတွက် မသေချာ မရေရာတဲ့ ဟောပြောချက်တွေကိုပဲ စမ်းတ၀ါးဝါနဲ့ လက်ခံယုံကြည်နေရရှာပါတယ်။

ဤကမ္ဘာကြီးကို ဖန်ဆင်းရှင်တစ်ဦးဦးက ဖန်ဆင်းခဲ့တယ်ဆိုတဲ့အချက်ကို သိပ္ပံပညာရှင်တွေ လက်မခံကြပါဘူး။ ကမ္ဘာကြီးကို လေ့လာလိုက်တဲ့အခါ “ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့တဲ့ အရိပ်အရောင် (သို့) သက်သေခံအထောက်အထား (သို့) သဲလွန်စ တစ်ခုမှ မတွေ့ရပါဘူး”လို့သာ သိပ္ပံပညာရှင် တွေ ဆိုခဲ့ကြတာပါ။ ဖန်ဆင်းရှင်က ဖန်ဆင်းခဲ့တယ်ဆိုရင်လည်း အဲဒီဖန်ဆင်းရှင်ဟာ အဂတိ လိုက်စားတတ်ပါသလားဆိုတာ စဉ်းစားစရာရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ၎င်းဟာ လူတွေကိုပဲ ဖြစ်ဖြစ်၊ ကမ္ဘာမြေကြီးကိုပဲဖြစ်ဖြစ် ဘက်လိုက်ပြီး မညီမမျှ ဖန်ဆင်းခဲ့လို့ပါပဲ။ ဖန်ဆင်းရှင် မဖန် ဆင်းခဲ့တဲ့ အခြားအခြားသော ဂြိုဟ်နက္ခတ်တာရာတွေ ဘီလျံပေါင်း မရေမတွက်နိုင်အောင် တွေ့ရှိ ရခြင်းဟာလည်း ဖန်ဆင်းရှင်ကို ပိုမိုသံသယရှိစေပါတယ်။ “အရာအားလုံးကို ဖန်ဆင်းခဲ့တယ်” ဆိုရင်လည်း လူအများ အငြင်းမပွားဖို့ အမှတ်အသားများ အထင်အရှား ချန်ထားခဲ့သင့်ပါတယ်။

သိပ္ပံပညာရပ်များနဲ့ ယုတ္တိဗေဒများ အလွန်ပင်ထွန်းကားတဲ့ ယနေ့ကမ္ဘာကြီးမှာ ဖန်ဆင်းရှင်ဝါဒ အလွန်ကျယ်ပြန့်နေတာဟာ အံ့သြစရာအလွန်ကောင်းတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

ဗြဟ္မာ(Brahma)၊ ယေဟိုးဝါ(Gehovah)၊ ဂေါ့ဒ်(God)၊ အလ္လာဟ်(Allah)-ဟူသော ကမ္ဘာကို ဖန်ဆင်းကြတဲ့ ဘုရားသခင်လေးဦးထဲတွင် တစ်ဦးဦးက အရင်ပေါ်ပြီး ကမ္ဘာကို ဖန်ဆင်း လိုက်ရင် ကျန်သုံးဦးအတွက် ဖန်ဆင်းစရာ ကျန်မှ ကျန်ပါဦးမလား? အရင်ပေါ်တဲ့ တစ်ဦးက (ပြိုင်ဘက်လို ချင်လို့) ကျန်သုံးဦးကို ဖန်ဆင်းခဲ့တာလား? လေးဦးလုံး တပြိုင်နက်ပေါ်တယ်ဆိုရင်လည်း တစ်ဦးနဲ့ တစ်ဦး အလုအယက်ဖန်ဆင်းပြီး ဒီဘုရားတွေ ရန်မဖြစ်ကြဘူးလား? ဒါမှမဟုတ် ဘုရားလေးပါးဟာ (ကွန်ဖရင့်) Conference လုပ်ပြီး ဝေပုံကျ ဖန်ဆင်းသွားတာလား? စသည်ဖြင့် မေးစရာ,တွေးစရာ ပြဿနာများ ပေါ်ပေါက်လာပါတယ်။ အဖြေကိုတော့ ယခုထိ မသိရသေးပါဘူး။

အမေရိကန်နိုင်ငံ တင်နက်ဆီပြည်နယ်၊ မြို့တော်နက်ရှဗီးရဲ့ ဗန်ဒါဗစ်တက္ကသိုလ်မှာ ၁၉၈၇-ခု လောက်က (တစ်လနှစ်ကြိမ်)ကျင်းပခဲ့တဲ့ Multi-Creed Seminar လို့ခေါ်တဲ့ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ပွဲ (ဘာသာပေါင်းစုံ Conference) မှာ ဟိန္ဒူ, ဂျူး, ခရစ်ယာန် နှင့် အစ္စလာမ်ဘာသာရေးခေါင်းဆောင် တွေကို အထက်ပါအတိုင်း သီတဂူဆရာတော်က မေးခွန်းထုတ်ခဲ့ပါတယ်။

ထိုအခါ ဂျူးဘုန်းတော်ကြီးတစ်ပါးက “သူတို့ရဲ့ ယေဟိုးဝါ ဘုရားသခင်က အရင်ဆုံး ပေါ်ခဲ့ တယ်”ဟု ပြောဆိုခဲ့ပါတယ်။ ထိုအခါ-
သီတဂူ ။ ။ ဒါဆို အခြားဘုရားတွေ ဖန်ဆင်းဖို့ ချန်ထားခဲ့သေးလား? ဒါမှမဟုတ်ရင် နောက် ပေါ် ဘုရားတွေက ပထမဖန်ဆင်းပြီးသားကို Update(မွမ်းမံ) / Upgrade (အဆင့်မြှင့်) လုပ်တဲ့အနေနဲ့ ဖန်ဆင်းခဲ့တာလား?
ဂျူးဘုန်းကြီး ။ ။ “အဲဒါတော့ ကျုပ်လည်း မဖြေတတ်ဘူးဗျာ”
သီတဂူ ။ ။ “မဖြေတတ် ဖြေတတ်အောင်ဖြေကွာ၊ နောက်တစ်ပတ် ဆွေးနွေးပွဲမှာ မင်းရဲ့ အဖြေ ငါစောင့်မယ်”

နောက်တစ်လအကြာ ဆွေးနွေးပွဲပြန်စတော့-
သီတဂူ ။ ။ (ဂျူးဘုန်းကြီးကို) “မင်းအဖြေ ငါ စောင့်နေတုန်းပဲ” လို့ မေးလိုက်တယ်။
ဂျူးဘုန်းကြီး ။ ။ “ဆက်စောင့်ပါဦး” တဲ့။
သီတဂူဆရာတော်က ဆက်လက်အမိန့်ရှိပါတယ်။ “အမေရိကန်က ပြန်သာ လာခဲ့ရတာ အဲဒီ ဂျူးဘုန်းကြီးဆီက အဖြေမရခဲ့ဘူး” ဟူ၍။

လောကမှာ ဖန်ဆင်းရှင်လို့ဆိုတဲ့ ဘုရားသခင် ရှိ/မရှိ ဆိုတာကိုတော့ ဘုရားသခင်ပဲ သိပါလိမ့်မယ် ခင်ဗျား။

Credit to:
သမိုင်းပေးတဲ့သင်ခန်းစာ စာအုပ်မှ--

Feb 27, 2014

"ခေါင်းနဲ့ကိုယ်ပမာ မြန်မာနဲ့ဗုဒ္ဓသာသနာ"


ပုဂံခေတ် ရှင်အရဟံမထေရ်မြတ်နှင့် အနော်ရထာမင်းတို့ မြန်မာ့မြေမှာ သာသနာ့မျိုးစေ့ စတင်ချခဲ့သည်မှစပြီး ယနေ့အချိန်ထိအောင် မြန်မာလူမျ...ိုးနဲ့ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာနဲ့မြန်မာလူမျိုးဆိုတာ မခွဲမခြားတစ်သားတည်း ရှိခဲ့ကြပါတယ်။ မြန်မာလူမျိုးလို့ဆိုလိုက်တာနဲ့ ရှေ့က ဗုဒ္ဓဘာသာလို့ပါမှ ခေါ်ရတာ အရသာရှိသလို အနှစ်သာရ လည်းပြည့်ဝတယ်လို့ ထင်ရပါတယ်။ ဗုဒ္ဓဘာသာလို့ ဆိုလိုက်ပြန်ရင်လည်း နောက်က မြန်မာလူမျိုးလို့ဆိုပြီးပါမှ ပိုပြီးပြည့်စုံတယ်လို့ ထင်ရလောက်အောင်ပါပဲ။

လူတစ်ယောက်မှာ ဦးခေါင်းမရှိရင် အသက်ဆက်မရှင်နိုင်သလို ခန္ဓာကိုယ်မရှိလည်း အသက်မရှင်နိုင်နိုင်ပါဘူး။ ဦးခေါင်းရော၊ ခန္ဓာကိုယ်ပါ နှစ်ခုလုံးပြည့်စုံမှ လူ့ဘဝကြီးဟာ အသက်ဆက်ရှင်နိုင်မှာဖြစ်ပါတယ်။ အဲဒီလိုပါပဲ၊ မြန်မာလူမျိုးနဲ့ ဗုဒ္ဓသာသနာဟာလည်း လူတစ်ယောက်မှာရှိတဲ့ ဦးခေါင်းနှင့်ခန္ဓာကိုယ်ပမာ အမြဲတမ်းဒွန်တွဲ လျက်ရှိပါတယ်။ မြန်မာလူမျိုးတွေကြောင့် ဗုဒ္ဓသာသနာတော်မြတ်ကြီး အမိမြန်မာပြည်မှာ ရေရှည်တည်တံ့နေ သလို ဗုဒ္ဓသာသနာတော်မြတ်ကြီးကြောင့်လည်း မြန်မာလူမျိုးတွေ ဘုန်းတန်ခိုးကြီးခဲ့ရပြီး စစ်မှန်တဲ့ ဓမ္မရသ ကိုလည်း ခံစားခဲ့ရပါတယ်။

ယနေ့အမိမြန်မာပြည်မှာသာသနာတော်မြတ်ကြီးနေလိုလလိုထွန်းလင်းတောက်ပနေတာဟာမြန်မာလူမျိုး
တွေကထောက်ပံ့လှူဒါန်းနေကြလို့ပဲ ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေကသာ ထောက်ပံ့လှူဒါန်းမှု မရှိဘူးဆိုရင် သာသနာတော်မြတ်ကြီးလည်း အမိမြန်မာပြည်မှ ရွေ့လျားသွားနိုင်ပါတယ်။ ပုဂံခေတ်မှစပြီး ယနေ့ချိန်ထိအောင် သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ သာသနာရေးဆိုင်ရာ ကိစ္စအဝဝတွေအတွက် မြန်မာလူမျိုးတွေက ထောက်ပံ့လှူဒါန်းခဲ့ကြတဲ့ ငွေကြေး ပမာဏဟာ ကုဋေကုဋာ သင်္ချာ ဘယ်၍ဘယ်မျှ ဂဏန်းချ၍တောင် ရေတွက်ပြဖို့ မစွမ်းနိုင်လောက်တော့ပါဘူး။

အဲဒါကြောင့်မို့ မြန်မာလူမျိုးတွေဟာ ဗုဒ္ဓသာသနာတော်မြတ်ကြီးအတွက် အလွန်တစ်ရာမှ ကျေးဇူးများလှတဲ့ လူမျိုးများဖြစ်ပါတယ်။ သစ်ပင်တစ်ပင်မှာ ရေသောက်မြစ်ဟာ အရေးကြီးသလို ဗုဒ္ဓသာသနာတော်မှာလည်း မြန်မာလူမျိုးတွေတည်တံ့မှ ဗုဒ္ဓသာသနာတော်မြတ်ကြီးဟာလည်း အရှည်ခန့်မှာဖြစ်ပါတယ်။ ယနေ့ ဗုဒ္ဓသာသနာတော်မြတ်ကြီး ရေရှည်တည်တံ့နိုင်ဖို့ သာသနာ့တာဝန် ထမ်းဆောင်နေကြတဲ့ ရဟန်းသာမဏေများ မှာလည်း မြန်မာလူမျိုးများဖြစ်သလို ထောက်ပံ့ လှူဒါန်းနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း မြန်မာလူမျိုးများသာ ဖြစ်ပါတယ်။ “ဘယ်ဘာသာခြား ဘယ်လူမျိုးခြားတွေကမှ ဗုဒ္ဓသာသနာ့တာဝန်ကို လာပြီးထမ်းဆောင်နေကြတာ မဟုတ်ပါဘူး။ နောက်ပြီး ဆွမ်းတစ်ဇွန်း၊ ကျောင်းတစ်ဆောင်၊ ဆေးတစ်ပြား၊ ပေတစ်ရွက်ဆိုပြီး လာပြီးလှူဒါန်း နေကြတာမျိုးမရှိပါဘူး။ ဒါကြောင့်မို့ မြန်မာလူမျိုးများ မျိုးတုံးပျောက်ကွယ်သွားပြီးဆိုရင် ဗုဒ္ဓသာသနာတော်မြတ် ကြီးလည်း အလိုလိုရွေ့လျားသွားမယ်ဆိုတာ အသေအချာပါပဲ။”

သာသနာတော်အတွက် ဤရွေ့ဤမျှ ကျေးဇူးကြီးမားလှတဲ့ မြန်မာလူမျိုးတွေကို ယခုအချိန်မှာ လူမျိုးခြား ဘာသာခြားတွေက စီးပွားရေးကို မက်လုံးပေး၊ မြန်မာမိန်းကလေးတွေကို ရသလောက်ယူ၊ ကလေးတွေကို လည်း ရသလောက်မွေး၊ နောက်ပြီးမွေးလာတဲ့ကလေးတွေကိုလည်း သူတို့လူမျိုး၊ သူတို့ဘာသာထဲ သွတ်သွင်းပြီး သွေးနှောမျိုးဖျက်တဲ့စနစ်ကြောင့် မြန်မာတစ်မျိုးသားလုံး မျိုးတုံးပျောက်ကွယ်မည့် ဥာတိဗျသန ဘေးကြီးနဲ့တွေ့ကြုံနေရပါတယ်။ ဒီအခြေအနေအရပ်ရပ်ကို ဆင်ခြင်သုံးသပ်ပြီး ဗုဒ္ဓဘာသာ ဗုဒ္ဓသာသနာတော် ဆိုင်ရာ အဖွဲ့အစည်းအားလုံးမှ ဆရာတော်သံဃာတော်များနှင့်လူပုဂ္ဂိုလ်များအနေဖြင့် သာသနာတော်အတွက် ကျေးဇူးကြီးမားလှတဲ့ မြန်မာလူမျိုးများ၊ လူမျိုးခြား၊ ဘာသာခြားတွေရဲ့ ဝါးမျိုခြင်းခံရမည့် ဥာတိဗျသနဘေးကြီး ကို တတ်နိုင်သမျှအချိန်မှီ တားဆီးကာကွယ်သွားကြဖို့ လိုအပ်နေပါပြီ။

ဒီလိုတားဆီးကာကွယ်သွားတဲ့နေရာမှာလည်း လူမျိုးခြား ဘာသာခြားတွေကို မလိုမုန်းထားရှိတဲ့ စိတ်မျိုးနဲ့ မဟုတ်ဘဲ သာသနာတော်မြတ်ကြီးရဲ့ ရေသောက်မြစ်သဖွယ်ဖြစ်တဲ့ မြန်မာလူမျိုးများ မတိမ်ကောမပပျောက် လိုတဲ့ စေတနာမေတ္တာတွေဖြင့်လည်းကောင်း၊ မြန်မာလူမျိုးများ မိစ္ဆာဒိဋ္ဌိအယူရှိသူတွေရဲ့ လွှမ်းမိုးဝါးမျိုခံရမည့် ဘေးကို အစဉ်သနားဂရုဏာထားသောအားဖြင့်လည်းကောင်း၊ စွမ်းနိုင်သလောက် တားဆီးကာကွယ်သွားကြဖို့ အကြံပြုတိုက်တွန်းလိုတာပါ။

ဖြစ်ပေါ်လာမည့်အရေးကိုမျှော်တွေးပါ
မြတ်စွာဘုရားရှင်ဟာ သတ္တဝါအပေါင်းကို သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ အဓိကထားပြီး ဟောကြားတော်မူခဲ့ပါတယ်။ ဒါပေမယ့် မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ လိုနာကျင့်သုံးတတ်သူတိုင်း လောကုတ္တရာရေးရာသာမက လောကီရေးရာကိစ္စများမှာလည်း များစွာအကျိုးရှိနိုင်ပါတယ်။ သာဓကတစ်ခု အနေနဲ့ “သတ္တနိပါတ် ကောဋသိမ္ဗလိဇာတ်မှာ သေကၤယ် သကိတဗၺာနိ ရေကၡယ်နာဂတံ ဘယံ” အစခ်ီတဲ့ ဂါထာဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ခုရောနောင်ပါ နှစ်ဖြာသော လောကအကျိုးကို မျှော်ကိုးပြီး ကြိုတင်စိုးရိမ် ကာ ဆင်ခြင်ပြုလုပ်သင့်ကြောင်း ညွှန်ကြားတော်မူခဲ့ပါတယ်။ ပညာရှိပုဂ္ဂိုလ်ကြီးများဟာ ဂါထာရဲ့ သဘောဓိပ္ပာယ်ကိုနွယ်ပြီး အောက်ပါအရေးကိစ္စများကို သတိပေးခဲ့ကြပါတယ်။
၁။ ညောင်စေ့ကလေးမှ ညောင်ပင်ကြီးဖြစ်လာမည့်အရေးကိုမြင်လျှင် ကြိုတင်စိုးရိမ်ပြီး အမြန်ဖယ်ရှားပစ်သင့် ပါတယ်။
၂။ ကြွေးမြီကလေးများကို မထီမဲ့မြင်မပြုဘဲ လျှင်မြန်စွာရှင်းလင်းသင့်ပါတယ်။
၃။ မီးကြွင်းမီးကျန်များကို အနည်းငယ်လေးပဲလို့ အမှတ်မဲ့မေ့လျှော့ပေါ့ဆခြင်းမရှိဘဲ အမြန်ဖယ်ရှား မီးငြိမ်းသတ်ရပါမယ်။
၎။ ရန်ငြိုးတစ်စုံတစ်ရာရှိလာလျှင် ပေါ့လျှော့မနေဘဲ သတိပြုဂရုစိုက်ကာ တစ်နည်းနည်းဖြင့် ဖျောက်ပျက်အောင် ကြိုးစားပြီးရှင်းလင်းရပါ့မယ်။ မပြောပလောက်တဲ့ ရန်စကလေးက တဖြည်းဖြည်းကြီးထွားလာတတ်တာကို ကြိုတင်စိုးရိမ်ရပါ့မယ်။
၅။ ရောဂါတစ်စုံတစ်ရာ ကပ်ရောက်လာပြီဆိုရင် အရေးမကြီးပါ၊ ကိစ္စမရှိပါဆိုပြီး ဂရုမပြု အလေးမထားခြင်း မလုပ်ဘဲ ရောဂါနုစဉ်ကတည်းက အမြန်ပျောက်ကင်းအောင် ကုစားရပါ့မယ်။
၆။ မိမိတို့ အမျိုးသား အမျိုးသမီးများ သိုက်မြိုက်အေးချမ်းစွာနေထိုင်တဲ့ နိုင်ငံတွင်းသို့ အမျိုးမတူ ဘာသာမတူတဲ့ လူမျိုးကွာများ အတည်တကျနေထိုင်ကြရန် ဝင်ရောက်လာပါက ပေါ့လျော့စွာမနေဘဲ အရေးယူကာကွယ်မှုများ ပြုလုပ်ရပါ့မယ်။ နိုင်ငံခြားမှ ဇာတ်မတူဘဲ လူမျိုးကွဲတွေ တစ်စတစ်စ ကြီးပွားပေါများလာရင် တိုင်းရင်းသားများကို လွှမ်းမိုးဝါးမျိုသွားနိုင်ပါတယ်။
၇။ မိမိတို့ကိုးကွယ်တဲ့ သာသနာကို ထိခိုက်နှောက်ယှက်လာတဲ့ သာသနာ့တစ်မျိုးဝင်လာရင် လျှင်မြန်စွာ ဖယ်ရှင်းအောင် ပြုလုပ်ရပါ့မယ်။ အဲဒီပုဂ္ဂိုလ်တို့ ဓလေ့ထုံးတမ်းများတွင်ကျယ်လာရင် မိမိတို့ကိုးကွယ်တဲ့ ဘာသာသာသနာများ ညှိုးမှိန်ပျက်စီးသွားတတ်ပါတယ်။
၈။ မိမိတို့ ပိုင်ဆိုင်တဲ့မြေကွက်များ မဆိုင်သူများဝင်လာရင် လျှင်မြန်စွာဖယ်ရှားပစ်သင့်ပါတယ်။အနေကြာလာတဲ့ အခါ မြေရှင်ကိုတော်လှန်ဒုက္ခပေးတတ်ပါတယ်။
၉။ မိမိတို့သားသမီး၊ တူသားမောင်မယ်များ မကောင်းတဲ့အမူအကျင့်၊ အပြောအဆို၊ အနေအထိုင်များ တွေ့မြင်သော်မိရိုးဖလာယဉ်ကျေးမှုများကို သင်ကြားပြုပြင်ပေးပြီး အကျင့်ဆိုးများ၊ အမြစ်မတွယ်ခင် လိမ္မာရေးခြားရှိအောင် ကြိုတင်ကာကွယ်စောင့်ရှောက်ရပါ့မယ်။

ရှင်တော်မြတ်ဘုရားရဲ့ အထက်ပါဂါထာဟာ ကြိုတင်ကြံဆ စိုးရိမ်ရမည့် အရေးကိစ္စတို့ကို သတိပေးထားရာ လောကီအရေးတွေမှာလည်း အလွန်အကျိုးကြီးမားကြောင်း တင်ပြလိုက်ရပါတယ်။
ကိုးကား။ ။ ဒို့အမျိုးဒို့ဘာသာ မကွယ်ပျောက်စေဖို့စာအုပ်(ဖိုးပညော- သပိတ်ကျင်း)
ဘာသာ သာသနာကိုချစ်မြတ်နိုးသူတိုင်း တစ်ဆင့်မျှဝေပေးစေချင်ပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
 

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ကမ္ဘာမှအသိအမှတ်ပြုခဲ့သော မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်

ယခုတစ်ကြိမ်တွင်တော့ ကမ္ဘာမှအသိအမှတ်ပြုခဲ့သော
မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အကြောင်းတင်ပြချင်ပါသည်။
သူသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ရာကျော်မှ...
ပုဂ္ဂိုလ်ဖြစ်သည်ဟုဆိုလျှင် အံ့သြကြမည်ထင်ပါသည်။
ထို့ထက်ပို၍ သူသည် ကုန်းဘောင်ဆက်၏မင်းမျိုးမင်းနွယ်ဖြစ်ကြောင်းပြောလျှင်
ပို၍အံ့အားသင့်ကြပေလိမ့်မည်
ကနောင်မင်းသားများလားဟု မေးစရာရှိပါသည်။ မဟုတ်ပါ။
ကျွန်တော်တင်ပြမည့်ပုဂ္ဂိုလ်မှာ
ဘိုးတော်ဘုရား(ဗဒုံမင်း)၏သားတော် မက္ခရာမင်းသားကြီးဖြစ်ပါသည်။

ရှေးဦးမြန်မာ့သိပ္ပံပညာရှင် မက္ခရာမင်းသားကြီးသည်
ငယ်စဉ်ကတည်းကသွက်ချာပါဒလေငန်းရောဂါရှိသူဖြစ်ပြီး
အခြားမင်းသားများကဲ့သို့ နန်းတွင်းရေးကို စိတ်မ၀င်စားခဲ့ဘဲ
နိုင်ငံနှင့်လူမျိုးအတွက် နှလုံးရည်နှင့်အလုပ်အကျွေးပြုရန်
ပညာရေးနယ်ပယ်တွင် သူ့ဘ၀ကို မြုပ်နှံခဲ့သူဖြစ်ပါသည်။
သူသည် ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်း၊
ပါဋ္ဌိသက္ကတဘာသာရပ်ကျမ်း (၂၃၄)ကျမ်းခန့်
စုဆောင်းကာ မြန်မာဘာသာသို့ ပြန်ဆိုခဲ့သည်။

နောက်ပိုင်း အနောက်တိုင်းသားများ နန်းတွင်းသို့ဝင်ထွက်လာကြသောအခါ
ထိုသူတို့နှင့် တွေ့ဆုံနှီးနှောပြီး အင်္ဂလိပ်စာသင်ယူရာမှတဆင့်
သိပ္ပံပညာကို စိတ်ဝင်စားလာသည်။
သင်္ချာဘာသာရပ်ကိုကား အထူးဝါသနာပါသည်။
ထိုခေတ်က မြန်မာတို့သည် အနောက်တိုင်းဝိဇ္ဇာ၊သိပ္ပံပညာရပ်များကို
မတတ်မြောက်ကြသေး၊ ခေတ်မမီကြသေးပေ။

ထို့ကြောင့် မင်းသားကြီးသည် မြန်မာများခေတ်မီစေရေးအတွက်
မြှော်တွေးကာ အစွမ်းကုန်ကြိုးပမ်းရန် စိတ်ပိုင်းဖြတ်ခဲ့ဟန်တူပါသည်။
ထို့နောက်သူသည် အင်္ဂလိပ်ကုန်သည်
ချားလိန်းထံမှ (Ree's Encyclopedia) စွယ်စုံကျမ်းကြီးကို
ဝယ်ယူရရှိခဲ့ရာ အထူးတလည်လေ့လာဆည်းပူးခဲ့သည်

ထိုကျမ်းကြီးသည် အနောက်တိုင်းခေတ်သစ်အတတ်ပညာ
စာပေ၊ ဗဟုသုတများကို AမှZအထိ စုပေါင်းပြုစုထားသေားကျမ်းကြီးဖြစ်ရာ
မင်းသားကြီးသည် ထိုကျမ်းကြီး၏ အကျိုးအာနိသင်များကို
သိမြင်လာပြီး မြန်မာများ ခေတ်နှင့်ရင်ပေါင်တန်းနိုင်စေရန်
ထိုကျမ်းကြီးမှ အကြောင်းအရာများကို မြန်မာများသိရှိစေလိုသော
စေတနာဖြင့် ချားလိန်း၏အကူအညီယူကာ စတင်ဘာသာပြန်ဆိုပါသည်။
သို့သော်ကျမ်းကြီးမှာ အုပ်ရေ၄၅အုပ်အထိရှိသောကြောင့်
နှစ်ပေါင်းများစွာဘာသာပြန်ဆိုမှ ပြီးစီးမည်ဖြစ်ကြောင်းတွက်ဆမိပြီး
သူဘာသာပြန်ဆိုနေစဉ်အတောအတွင်း မြန်မာများအင်္ဂလိပ်စာ
လေ့လာနိုင်စေရန် အကြံထုတ်ဟန်တူပါသည်။

ထို့ကြောင့် မင်းသားကြီးသည် သူ့အားဆေးကုသပေးသော
ဒေါက်တာပရိုက်၏အကူအညီနှင့် ဒေါက်တာဂျပ်ဆင်ဆိုသူ ပြုစုခဲ့သော
အင်္ဂလိပ်အဘိဓာန်ကို စတင်ဘာသာပြန်ဆိုပါသည်။
နောက်ပိုင်း ဒေါက်တာပရိုက်ပြန်သွားသောအခါ ချားလိန်းနှင့်
ပူးပေါင်းပြီး ဘာသာပြန်ဆိုရန်အားထုတ်ခဲ့ရာ နောက်ဆုံးတွင်
ပထမဆုံးသော အင်္ဂလိပ်-မြန်မာအဘိဓာန်ဖြစ်သော
လိန်း-မက္ခရာအဘိဓာန် ထွက်ပေါ်လာခဲ့ပါသည်။
မြန်မာနိုင်ငံကို ယခုမှရောက်ဖူးသည့် စာပေပညာရှင်မဟုတ်သော
အင်္ဂလိပ်ကုန်သည်တစ်ဦးနှင့် အင်္ဂလိပ်စာနှင့်အဘိဓာန်ကို
ယခုမှ မြင်ဖူးသော မြန်မာမင်းသားတစ်ပါးတို့သည် မူလပြုစုသူ
ဒေါက်တာဂျပ်ဆင်က ရှစ်နှစ်ကြာပြုစုခဲ့ရသော
အဘိဓာန်ကို ငါးနှစ်နှင့် ဘာသာပြန်ဆိုနိုင်ခဲ့သည်မှာ အံ့ချီးဖွယ်ရာပင်ဖြစ်ပါသည်။

ထိုခေတ်အခါက အင်းဝနေပြည်တော်ရောက်
အနောက်တိုင်းသားများ အလေးစားဆုံးပုဂ္ဂိုလ်မှာ
မက္ခရာမင်းသားကြီးဖြစ်ကြောင်း ၄င်းတို့၏မှတ်တမ်းများအရ သိရှိရပါသည်။
မင်းသားကြီး၏စာကြည့်ဆောင်၌ အပူအအေးတိုင်းသော
သာမိုမီတာနှင့် လေဖိအားတိုင်းသော ဘာရိုမီတာတို့ပင် ရှိပါသည်။
မင်းသားကြီးသည် ကမ္ဘာလုံးသည်ဟူသော အယူအဆကို လက်ခံသူလည်းဖြစ်ပါသည်။
မင်းသားကြီးသည် လောဂရစ်သမ်ဂဏာန်း
သင်္ချာကိုလည်း ကောင်းစွာတတ်မြောက်ပြီး
အနောက်တိုင်းနက္ခတ္တဗေဒနှင့် ပထ၀ီဝင်ကိုလည်း လေ့လာလိုက်စားခဲ့ပါသည်။
နောက်ဆုံးကံတော်ကုန်ချိန်အထိ အနောက်တိုင်းခေတ်သစ်သိပ္ပံပညာရပ်အများအပြားကို
လေ့လာလိုက်စားခဲ့သူလည်းဖြစ်ပါသည်။

ထို့ပြင် ထိုခေတ်အခါက အာရှတိုက်မှ
ဒိပ်ဒိပ်ကြဲပညာရှင်သုတေသီများသာ အသင်းဝင်ခွင့်ပြုသော
ဘင်္ဂလားအာရှဆိုင်ရာဝိဇ္ဇာသိပ္ပံသုတေသနအသင်းကြီးမှ
ဂုဏ်ထူးဆောင်အသင်းသားသိပ္ပံပညာရှင်အဖြစ်
ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါသည်။
မင်းသားကြီးသည် မင်းတုန်းမင်းနန်းမတက်ခင်
အသက်၅၇နှစ်အရွယ်၌ ကံတော်ကုန်ခဲ့ပါသည်။
အသက်၅၇နှစ်ဆိုသည်မှာ အသက်ကြီးပြီဟုမဆိုနိုင်သောကြောင့်
နှမြောစရာကောင်းလှပါသည်။
ကနောင်မင်းသားကြီးနှင့်လက်တွဲအလုပ်မလုပ်နိုင်ခဲ့သည်က
ပိုပြီးနှမြောဖို့ကောင်းပါသည်။
သူပြုစုခဲ့သော အဘိဓာန်စာအုပ်မှာ ယခုထိ မပျက်စီးဘဲ
ကျန်နေသည်မှာ နှစ်အုပ်သာရှိကြောင်း ဆိုပါသည်။

တစ်အုပ်မှာ အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီမြို့တော်၊
ကွန်ဂရက်စာကြည့်တိုက်တွင်ဖြစ်ပြီး ကျန်တစ်အုပ်မှာ
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အမျိုးသားစာကြည့်တိုက်တွင် ရှိကြောင်းသိရပါသည်။
ထို့ကြောင့် မက္ခရာမင်းသားကြီးအား ကမ္ဘာမှ အသိအမှတ်ပြုခဲ့သော
မြန်မာ့ပထမဆုံးသိပ္ပံပညာရှင်အဖြစ် ကျွန်တော်အနေဖြင့်
မှတ်တမ်းတင်ဂုဏ်ပြုကာ တင်ပြလိုက်ရပါသည်။

စိတ်ကူးပျော်ရာဆိုဒ်မှ စာရေးသူ မင်းအရိပ်၏ ရေးသားမှု.အားပြန်လည်မျှဝေပ
ါတယ်

ဖုန်းထဲမှာဖတ်ချင်ရင်ဒီမှာယူလို့ရပါတယ် ( သောတုဇနပအိုဝ်းပေး.apk )

 

သောတုဇနပအိုဝ်းပေး.apk  ဒီမှာဒေါင်းပါ

Feb 26, 2014

တဏှာဖြစ်လာရင် ဖယ်ရှားနည်း

တရားဆိုတာက နေရာတိုင်း၊ အချိန်တိုင်း ကျင့်လို့ရပါတယ်။ ကမ္မဌာန်းထိုင်နေမှ တရားကျင့်တာမဟုတ်ပါ။
တရားဆိုတာ ဣရိယာပုတ် လေးပါးစလုံးနဲ့
ကိုယ်ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ အညစ်အကြေးတွေကို သန့်ရှင်းအောင်လုပ်တာဟာ တရားပါပဲ။ ......
လက်တွေ့ကျင့်သုံးနေတယ်လို့ ခေါ်ပါတယ်။

တရားထိုင်နေတဲ့ ပုဂ္ဂိုလ်သာ တရားကျင့်တယ်လို့ မအောင့်မေ့နဲ့။ အာရုံတွေနဲ့ တွေ့နေတဲ့အခါမှာ မကောင်းတဲ့ အာရုံတွေကို ဖယ်ရှားပစ်နေတာလည်း တရားကျင့်တာပါပဲ။
မျက်စိက နှစ်သက်စရာအာရုံတွေ့လို့၊ နားက နှစ်သက်စရာအသံကြားလို့၊ ကျန်တဲ့အာရုံတွေကလည်း နှစ်သက်စရာ ဆုံမိလို့ တဏှာလောဘတွေ နှစ်သက်စရာတွေ တွေ့လာပြီဆိုရင်
ဖယ်ရှားနိုင်ရပါမယ်။

အဲဒီ နှစ်သက်စရာအာရုံဆိုတာ သက်ရှိရှိတယ်၊ သက်မဲ့ရှိတယ်။
သက်ရှိပေါ်မှာ တွယ်တာစိတ်၊ ချစ်ခင်စိတ်၊ တဏှာလောဘပေါ်လာရင် အသုဘ ဘာဝနာပွားပြီး ဖယ်ရှားပစ်ပါ။

တစ်ခါက ရှင်ဝင်္ဂီသ အရပ်ထဲ ဆွမ်းခံသွားတုန်း နှစ်သက်စရာ မာတုဂါမ တစ်ယောက်နဲ့တွေ့လာလို့ စိတ်တွေဖောက်ပြန်လာတဲ့အခါ
အရှင်အာနန္ဒာကို ဖွင့်ပြောတယ်။
“တပည့်တော်, ဘုရား။ ကာမဂုဏ်အာရုံတွေ လွှမ်းမိုးနေပါတယ်။
အဲဒီ စိတ်တွေကြောင့် စိတ်ထဲမှာ ပူလောင်နေပါတယ်။
တပည့်တော်ကို ငြိမ်းအေးအောင် အရှင်ဘုရား ဆုံးမပါ” တဲ့။
အဲဒီတော့ ရှင်အာနန္ဒာက “အေး မင်း အမှတ်သညာလွှဲနေလို့ ဒီလိုဖြစ်တာ၊ မင်း သညာလေးကို ပြောင်းလိုက်။
စိတ်ထဲမှာ လှတယ်ဆိုတဲ့ အတွေးကြောင့် ဒီလိုဖြစ်တာ။
မလှဘူးဆိုတာ ပေါ်အောင်တွေး။
တင့်တယ်တယ်ဆိုလို့ ဒီလိုဖြစ်တာ၊ မတင့်တယ်ဘူးဆိုတာ ပေါ်အောင်တွေး။ မတင့်တယ်ဘူးဆိုတဲ့ ရွံ့စဖွယ်တွေကို လိုက်ရှာတွေး။

လူရဲ့ခန္ဓာကိုယ်မှာ ရွံ့စရာတွေ အများကြီးရှိတယ်။
ရွံ့စရာတွေမတွေးဘဲနဲ့ နှစ်သက်စရာတွေ တွေးနေရင်တော့
လောဘဖြစ်တယ်။
“အသုဘာယ စိတ္တံ ဘာဝေဟိ၊ မာနာနုသယ မုဇ္ဇဟ” တဲ့။
ဒါဟာတားဆီးတဲ့ နည်းတစ်ခုပဲ။
အဲဒီနည်းနဲ့ ဖြေဖျောက်လိုက်တဲ့ အခါမှာ ပူလောင်နေတဲ့ သူရဲ့ တဏှာရာဂ စိတ်တွေဟာ ချိုးနှိမ်ပြီးသား ဖြစ်သွားတယ်။

ကိုယ့်သန္တာန်မှာ လောဘဖြစ်ရင် ဖြစ်မှန်းသိရမယ်၊ မဖြစ်အောင်ထိန်းရမယ်။ မာနဖြစ်ရင် ဖြစ်မှန်းသိရမယ်။
အဲဒီ စိတ်ရဲ့ အညစ်အကြေးတွေ၊ သဘာဝတွေကို သိလာပြီဆိုလို့ရှိရင် သူတို့ရဲ့ ထွက်ပေါက်ကို ရှာရမယ်။
အဲဒီ ထွက်ပေါက်ရှာပြီး ဖယ်ရှားပစ်တာဟာ တရားကျင့်တာပါပဲ။

ဒါကြောင့် တရားချစ်ခင် သူတော်စင်တို့ အနေနဲ့ ဗုဒ္ဓမြတ်စွာ ဟောထားတဲ့ ဓမ္မကို လက်တွေ့ကျင့်သုံးခြင်းဖြင့် သာသနာတော်နဲ့ ကြုံတွေ့ရကျိုးနပ်ပြီး ဓမ္မကိုကျင့်သုံးခြင်းကြောင့် မိမိတို့၏ စိတ်နေသဘောထားအားလုံး အလွန်မွန်မြတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေကုန်သတည်း။

 https://www.facebook.com/thadhana.wundan

သောတုဇနပအိုဝ်းပေး.apk

thotuzanapaohpay.apk 

သူငယ်ချင်းတို့ရေ.... ဒီနေ့ စာမျက်နှာတစ်ခုမှာ ...ဘာသာခြားတစ်ယောက်မေးထားတာလေးတွေကို.... ဥါဏ်မှီသလောက် ..ဖြေထားတာလေး ...တင်ပေးလိုက်ပါတယ်။။ အစ္စလာမ်ဘာသာဝင်တစ်ယောက်ရ...ဲ့ အမေး ၁၀ ချက်


သူငယ်ချင်းတို့ရေ.... ဒီနေ့ စာမျက်နှာတစ်ခုမှာ ...ဘာသာခြားတစ်ယောက်မေးထားတာလေးတွေကို....
ဥါဏ်မှီသလောက် ..ဖြေထားတာလေး ...တင်ပေးလိုက်ပါတယ်။။

အစ္စလာမ်ဘာသာဝင်တစ်ယောက်ရဲ့ အမေး ၁၀ ချက်

Do Ar

https://www.facebook.com/groups/differentviewsofreligions/permalink/335603629909172/ 

ကျွန်တော် အစ္စလာမ်ဘာသာဝင်ပါ.... ကျွန်တော်တို့ ဘာသာ မှာကိုးကွယ် မှုပုံစံ၊ပညတ်ချက်စ တာတွေကို ကုရ်အာန်မှာ ကသတ် မှတ်ပေးထားပါတယ်...ကျွန်တော်တို့ ဘာသာရဲ့ အဆုံးအမ မှာလည်း သူများယုံကြည်ရာကိုစော်ကားခွင့်မပေးထားပါဘူး....စော်ကားမယ့်အစီ အစဉ်လည်းမရှိပါဘူး...အခုကျွန်တော်သိချင် တာလေးတွေ ကို ဗုဒ္ဒဘာသာဝင်အကိုအမ များကငြိမ်းချမ်းစွာဖြေပေးပါ... 

(1) ဗုဒ္ဒကသူ့ ကို ဆင်းတုများပြုလုပ်ပူဇော်ရမယ် လို့ ပြောခဲ့ဖူး ပါသလား..အဲလိုလုပ်ရပ်ကိုသူကိုယ်တိုင်ရောကြိုက်ပါရဲ့ လား
(2)ဆင်းတုများစေတီများပြုလုပ်ပူဇော်ခြင်းက သူရှိစဉ်ကတည်းကပါလား၊သူမရှိမှလား

(3)ဆင်းတုများစေတီများပြုလုပ်ခွင့်ကိုတောင်းဆိုခဲ့ရတယ်လို ပိုစ်တစ်ခုမှာပြောထားတာတွေ့ ရတဲ့အတွက်....ကမ္ဘာပေါ်မှာမည့် သည့်စေတီက ပထမဆုံးပါလဲ...

(4)စေတီတိုင်းမှာအများအားဖြင့်ဆင်းတုတော်တွေ အများကြီးတွေ့ ရ ပါတယ်... .စေတီတည် တဲ့အခါ အဓိကလို အပ်ချက်ကဘာပါလဲ၊

(5)ဗုဒ္ဒဘာသာရဲ့ ကိုးကွယ်မှုဖြစ်တဲ့..ရတနာသုံးပါးဆိုတာကို ဗုဒ္ဒကချ မှတ်ပေး ထားခဲ့ခြင်းလား

(6) ဗုဒ္ဒဘာသာရဲ့ ပညတ်ချက်တွေကဘာပါလဲ..

(7)ရတနာသုံးပါးအပြင်မိဘဆရာ အစရှိတာတွေက ဘုရားနဲ့ တစ်ဂိုဏ်းတည်းသတ်မှတ်ထားတာဆိုရင် သံဃာနဲ့ မိခင်ဘယ်သူကပိုမြတ်ပါသလဲ။

(8)ဗုဒ္ဒဘုရားရှင် ယခုရှိပါသေးလား။အစ္စလာမ်ရောခရစ်ယာန်တွေပါ ဆုတောင်းမှုပြုရင်..ဖန်ဆင်းရှင်ဆီမှာသာတောင်း ခံကြပါတယ်.... ဗုဒ္ဒဘာသာမှာဘယ်သူ့ ဆီကဆုတောင်းနေကြတာပါလဲ...

(9)ဗုဒ္ဒဘာသာကိုဝင်ချင်လို့ နိုင်ငံခြားသားတစ်ယောက်က ဗုဒ္ဒကို ဘယ်လိုသုံးနှုန်းမလဲ.. ကျွန်တော်မေးချင်တာက.. .မြန်မာမှာ ဆိုဘုရား လို့ သုံးတယ်..ထိုင်းမှာဆိုလည်းဖကျောင်း ဆိုပြီးသုံးနှုန်း ပါတယ်... အဲဒီမှာအာရှ ကမဟုတ်တဲ့ အမေရိကန်တစ်ယောက်က ဘုရားရှစ်ခိုးမယ် ဆိုရင်... ဘုရားဆို တဲ့နေရာမှာ ဘယ်လိုအသုံး အနှုန်းကိုသုံးလို့ ရနိုင်မလဲ..

(10)ဘုရားဟောတာတွေက သိပ်ကောင်းနေပါ ရဲ့ နဲ့ ဗုဒ္ဒဘာ သာဝင်တော်တော်များများကဘာလို့ မကျင့်သုံးနိုင်ကြတာပါလဲ... ဥပပမာ..ခက်လို့ လား ဒါမှမဟုတ် မလုပ်နိုင်လို့ လား ဆိုတာသိပါ ရစေ.....

ဖြေပေးတဲ့အကိုအမများအားလုံးကိုလေးစားပါတယ်.... ဒီထဲကအသုံးအနှုန်းတခုခုကရိုင်းသွားရင်လည်းခွင့်လွတ်ပေးပါ....
-------------------------------------------------------------------------------------------------------------------------------------

နံပါတ် ( ၁ ) ( ၂ ) ( ၃ ) ( ၄ ) အ ဖြေ ပါ

မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်အခါတုန်းက ဘုရားရှင်ကို ကြည်ညိုတဲ့သူတွေ မြတ်စွာဘုရားကို ပူဇော်ဘို့ လှူဒါန်းဘို့ အခါအားလျှော်စွာ မြတ်စွာဘုရားထံလာကြ ပါတယ်...။ မြတ်စွာ ဘုရား ကျောင်းတော် မှာ ရှိနေစဉ်အချိန်မှာတော့ မြတ်စွာ ဘုရားကို လှူကြတာပေါ့ မြတ်စွာဘုရား မရှိတဲ့အခါ ပါလာတဲ့ပစ္စည်း ဘယ်ကို လှူဒါန်းခဲ့ရမှန်းမသိတော့ဘူး။ မြတ်စွာ ဘုရားကို လှူဒါန်းဘို့ စိတ်ကူးနဲ့ လာကြတာကိုး။ဒီတော့ ကျောင်းဒကာ အနာထပိဏ်သူထေးက ဘုရားထံ လှူဒါန်းဘို့ လာတဲ့သူတွေ ဘုရားရှင် မရှိလည်း လှူဒါန်းလို့ အဆင်ပြေအောင် သင့်လျှော်တဲ့နေ ရာစီစဉ်ဘို့ ရှင် အာနန္ဒာကို လျှောက်ထားပါတယ်။ ရှင်အာနန္ဒာ ကလည်း ဒီ ကိစ္စ ကို မြတ်စွာဘုရား နဲ့တွေ့တော့လျှောက် ထားပါတယ်.... မြတ်စွာဘုရားက လှူဒါန်းပူဇော်သင့်တဲ့ အရာ သုံးမျိုးကို ပြောပြခဲ့ပါတယ်။
၁။ ဓာတ်တော်မွေတော်အပါအ၀င် မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်
၂။ မြတ်စွာဘုရားရဲ့ အသုံးအဆောင်များ
၃။ မြတ်စွာဘုရားကို အာရုံယူဘို့ မြတ်စွာဘုရားကို ရည်ညွှန်းထားသော ရုပ်တု၊ စေတီ ကိုလှူဒါန်း ပူဇော်သင့်ကြောင်း မိန့်ခဲ့ပါတယ် ။

တစ်ဖန် ရှင်အာနန္ဒာက မြတ်စွာဘုရားသက်ရှိထင်ရှားရှိတုန်း စေတီပုထိုးတည်ထားကိုးကွယ်ရရင် အဆင်ပြေနိုင်မလားလို့ ဆက်လျှောက်တဲ့အခါ ဘုရားရှင်က ..... စေတီကို ငါဘုရား ပရိနိဗ္ဗာန်စံပြီးမှ ငါဘုရားရဲ့ အရိုးတော် ဓာတ်တော်တွေနဲ့ တည်ဆောက် ပူဇော် သင့်ကြောင်း

သူ့ကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်
စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့ပါတယ်။

( ၁ ) ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့
ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

( ၂ ) ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို
ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

( ၃ ) ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊
ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊
အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊
ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

( ၃ ) ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊
သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား
ဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊
ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီး
ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊
ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ပါဘူး။။ 

ဘုရားရှင်က ဒီလို စေတီပုထိုးတော်တွေကို ပူဇော်တာဟာ ရုပ်ကို အခြေခံပြီး ပူဇော်တာမျိုး မဟုတ်ကြောင်း၊ စေတီပုထိုးတော်တွေ ကို ပူဇော်တာဟာ စိတ်ရဲ့အလုပ်ဖြစ်ကြောင်း ဆက်လက်မိန့်ကြားပါတယ်။
(((( စေတီပုထိုးကို ကြည့်၊ ဘုရားအစစ် (သက်ရှိထင်ရှားမြတ်ဘုရား) ရဲ့ဆုံးမသြ၀ါဒတွေကို စိတ်နဲ့အာရုံပြုပြီး ပူဇော်ရမှာ လို့ နားလည် မိပါတယ်။ တနည်းအားဖြင့် ပုံနောက်က ဂုဏ်ကို စိတ်အာ ရုံရောက်အောင်ပြု၊ ပူဇော်ရမှာဖြစ်ပါတယ်။)))))
စေတီပုထိုးမတည်သေး ဘဲနဲ့ သူတရားအားထုတ် ခဲ့တဲ့ ဗောဓိညောင်ပင် ကို စိုက်ပျိုးပြီး သူမရှိတဲ့အခါ သူခရီးထွက်နေ သခိုက် သူ့ကိုယ်စား ဗော ဓိညောင်ပင်ကို ပူဇော်ဘို့ မြတ်စွာဘုရားက ရှင်အာနန္ဒာကို အကြံပြုပါတယ်။ဒီနောက် ရှင်အာနန္ဒာ ဟာ ရှင်မဟာမော ဂ္ဂလာန် အကူအညီနဲ့ ဗုဒ္ဓဂယာ က ဗောဓိညောင် မျိုးစေ့ကိုယူပြီး ဇေတ ၀န်ကျောင်းနဲ့ မလှမ်းမကမ်းမှာ စိုက်ပါတယ်။ အဲ့ဒီဗောဓိညောင်ပင်ကို အာနန္ဒဗောဓိပင်လို့ အမည်တွင်စေခဲ့ပါတယ်။ ယနေ့ အိန္ဒိယကို ဘုရားဖူးသွားကြတဲ့သူတွေ အဲဒီအာနန္ဒဗောဓိပင်ကို တွေ့ကြမှာပါ။ ဒီဇာတ်လမ်းအဖြစ်အပျက်ကို အကြောင်းပြုပြီး သီဟို ဠ် (သီရိ လင်္ကာ) နိုင် ငံ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ကို ဘုန်းကြီးကျောင်း အင်္ဂါရပ် (၁) ချက်အဖြစ် ထည့်သွင်းထားပါတယ်။ သီဟိုဠ် ဘုန်းကြီးကျောင်း (၁) ကျောင်းတည်ထောင်ရင် ကျောင်းဝင်းထဲမှာ
၁၊ ဘုရားကျောင်းသီးသန့် (ဘုန်းကြီး၊ လူမနေရ၊ ဂန္ဓကုဋိကဲ့သို့)
၂၊ စေတီတစ်ဆူ
၃၊ ဗောဓိညောင်ပင် တစ်ပင်
၎၊ သံဃာနေဆောင် တို့ရှိရပါတယ်။
ပထမဆုံး စေတီတော်ကတော့ ဘုရားရှင်ကို ပထမဆုံး ဖူးမြော်ကြည်ညိုခွင့်ရသူ ဥက္ကလာပတိုင်းသား ကုန်သည်ညီနောင် တဖုဿ နှင့် ပလ္လိကာ ကဘုရားရှင်ထံမှပင့်ဆောင်လာသော ဆံတော်များကို ဥက္ကလာပမင်းကြီးထံ ဆက်သရာမှ ဖြစ်ပေါ်လာသော လက်ရှိအားလုံးဖူးမြော်နေရပါသော နှစ်ပေါင်း ၂၆၀၀ နီးပါးသက်တမ်းရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီးပါပဲရှင်...။ 

( ၅ ) ( ၆ ) ( ၇ ) အဖြေပါ

ရတနာသုံးပါးကိုသိမြင်ဖို့ မြတ်ဗုဒ္ဓက လမ်းပြခဲ့တာပါ... ချမှတ်ခဲ့တာ မရှိပါ ရတနာသုံးပါးအပြင်.. မိဘ ဆရာသမားကိုလဲ တစ်ဂိုဏ်းထဲထား ရိုသေသင့်တယ်လို့သွန်သင်ဆုံးမခဲ့ပါတယ်... သံဃာ ရယ် ဘုရားရယ်မိခင်ရယ် မဟုတ်ပါဖူး. စော်ကားမိရင် တူညီတဲ့ ငရဲ ရမှာဖြစ်ပါတယ်။ တစ်ဂိုဏ်းထဲမှာဆိုမှ ဘယ်ဟာပိုကြီးလဲ လုပ်နေတယ်။ပြီးတော့ ဘုရား ရှင်က ၀ိနယလို့ခေါ်တဲ့ ၀ိနည်းတွေကိုသာ ပညတ်ခဲ့ပါတယ်။ ကျန်တာတွေ တော့ လောကရဲ့ သစ္စာတရားတွေကို ညွှန်ပြခဲ့တာပါ..။
ပညတ်ချက်တွေကိုအောက်လင့်မှာသွားဖတ်နိုင်ပါတယ်.....
http://moenatvilla.blogspot.com/2013/09/blog-post_8.html 

( ၈ ) နဲ့ ( ၉ ) အဖြေပါ
ဘုရားရှင်ကိုယ်တော်မြတ်ကြီး က အတ္တာဟိ အတ္တနော နာတော... မိမိကိုယ် ကိုသာ ကိုးကွယ် ရာ၏ လို့ဆိုခဲ့ တဲ့အတွက် သာသနာတော်ဝင်တွေ က ဆုတောင်းတာမဟုတ်ပါ သူတို့ပြုခဲ့တဲ့ ကုသိုလ် အားလုံးကို တိုင်တည်ပြီး ဘယ်အကျိုး ကိုစွမ်းဆောင်နိုင်တဲ့ အားအင်ရချင်ပါတယ်လို့ တိုင်တည် ဆုပန်တာပါ။ ဗုဒ္ဓကို တစ်ကမ္ဘာလုံး BUDDHA လို့သုံးပါတယ်။ ထိုင်းမှာသုံးတာက ဖရာ့ကျောက် ပါ ကျောက် ဆိုတာက သခင် ၊ ဦးထိပ်ပန်ဆင်သူလို့ အမည်ရပြီး ဖရာ့ ကတော့ ဘုရား ပါ အတူတူပါပဲ။

နံပါတ် ( ၁၀ ) တော့ ဘာသာတိုင်းမှာ ရှိတတ်တဲ့သဘာဝပါ ... ကျမတို့ဘာသာဝင် အများစု မကျင့်သုံး နိုင်ရင်လေ... ကျမတို့သာသနာ ကမ္ဘာမှာအနူးညံ့ အသိမ်မွေ့ဆုံး သာသနာတော်အဖြစ် လက်မထောင် မနေဖူးရှင် ကျမတို့ သာသနာတော်ကြောင့် စစ်ခင်းရတာ သွေးချောင်းစီးရတာ... မရှိပါရှင်... ချမ်းမြေ့ ပါစေ

မာ လု
သူငယ်ချင်းတို့ရေ.... ဒီနေ့ စာမျက်နှာတစ်ခုမှာ ...ဘာသာခြားတစ်ယောက်မေးထားတာလေးတွေကို....
ဥါဏ်မှီသလောက် ..ဖြေထားတာလေး ...တင်ပေးလိုက်ပါတယ်။။

အစ္စလာမ်ဘာသာဝင်တစ်ယောက်ရ...ဲ့ အမေး ၁၀ ချက်

Do Ar

https://www.facebook.com/groups/differentviewsofreligions/permalink/335603629909172/

ကျွန်တော် အစ္စလာမ်ဘာသာဝင်ပါ.... ကျွန်တော်တို့ ဘာသာ မှာကိုးကွယ် မှုပုံစံ၊ပညတ်ချက်စ တာတွေကို ကုရ်အာန်မှာ ကသတ် မှတ်ပေးထားပါတယ်...ကျွန်တော်တို့ ဘာသာရဲ့ အဆုံးအမ မှာလည်း သူများယုံကြည်ရာကိုစော်ကားခွင့်မပေးထားပါဘူး....စော်ကားမယ့်အစီ အစဉ်လည်းမရှိပါဘူး...အခုကျွန်တော်သိချင် တာလေးတွေ ကို ဗုဒ္ဒဘာသာဝင်အကိုအမ များကငြိမ်းချမ်းစွာဖြေပေးပါ...

(1) ဗုဒ္ဒကသူ့ ကို ဆင်းတုများပြုလုပ်ပူဇော်ရမယ် လို့ ပြောခဲ့ဖူး ပါသလား..အဲလိုလုပ်ရပ်ကိုသူကိုယ်တိုင်ရောကြိုက်ပါရဲ့ လား
(2)ဆင်းတုများစေတီများပြုလုပ်ပူဇော်ခြင်းက သူရှိစဉ်ကတည်းကပါလား၊သူမရှိမှလား

(3)ဆင်းတုများစေတီများပြုလုပ်ခွင့်ကိုတောင်းဆိုခဲ့ရတယ်လို ပိုစ်တစ်ခုမှာပြောထားတာတွေ့ ရတဲ့အတွက်....ကမ္ဘာပေါ်မှာမည့် သည့်စေတီက ပထမဆုံးပါလဲ...

(4)စေတီတိုင်းမှာအများအားဖြင့်ဆင်းတုတော်တွေ အများကြီးတွေ့ ရ ပါတယ်... .စေတီတည် တဲ့အခါ အဓိကလို အပ်ချက်ကဘာပါလဲ၊

(5)ဗုဒ္ဒဘာသာရဲ့ ကိုးကွယ်မှုဖြစ်တဲ့..ရတနာသုံးပါးဆိုတာကို ဗုဒ္ဒကချ မှတ်ပေး ထားခဲ့ခြင်းလား

(6) ဗုဒ္ဒဘာသာရဲ့ ပညတ်ချက်တွေကဘာပါလဲ..

(7)ရတနာသုံးပါးအပြင်မိဘဆရာ အစရှိတာတွေက ဘုရားနဲ့ တစ်ဂိုဏ်းတည်းသတ်မှတ်ထားတာဆိုရင် သံဃာနဲ့ မိခင်ဘယ်သူကပိုမြတ်ပါသလဲ။

(8)ဗုဒ္ဒဘုရားရှင် ယခုရှိပါသေးလား။အစ္စလာမ်ရောခရစ်ယာန်တွေပါ ဆုတောင်းမှုပြုရင်..ဖန်ဆင်းရှင်ဆီမှာသာတောင်း ခံကြပါတယ်.... ဗုဒ္ဒဘာသာမှာဘယ်သူ့ ဆီကဆုတောင်းနေကြတာပါလဲ...

(9)ဗုဒ္ဒဘာသာကိုဝင်ချင်လို့ နိုင်ငံခြားသားတစ်ယောက်က ဗုဒ္ဒကို ဘယ်လိုသုံးနှုန်းမလဲ.. ကျွန်တော်မေးချင်တာက.. .မြန်မာမှာ ဆိုဘုရား လို့ သုံးတယ်..ထိုင်းမှာဆိုလည်းဖကျောင်း ဆိုပြီးသုံးနှုန်း ပါတယ်... အဲဒီမှာအာရှ ကမဟုတ်တဲ့ အမေရိကန်တစ်ယောက်က ဘုရားရှစ်ခိုးမယ် ဆိုရင်... ဘုရားဆို တဲ့နေရာမှာ ဘယ်လိုအသုံး အနှုန်းကိုသုံးလို့ ရနိုင်မလဲ..

(10)ဘုရားဟောတာတွေက သိပ်ကောင်းနေပါ ရဲ့ နဲ့ ဗုဒ္ဒဘာ သာဝင်တော်တော်များများကဘာလို့ မကျင့်သုံးနိုင်ကြတာပါလဲ... ဥပပမာ..ခက်လို့ လား ဒါမှမဟုတ် မလုပ်နိုင်လို့ လား ဆိုတာသိပါ ရစေ.....

ဖြေပေးတဲ့အကိုအမများအားလုံးကိုလေးစားပါတယ်.... ဒီထဲကအသုံးအနှုန်းတခုခုကရိုင်းသွားရင်လည်းခွင့်လွတ်ပေးပါ....
-------------------------------------------------------------------------------------------------------------------------------------

နံပါတ် ( ၁ ) ( ၂ ) ( ၃ ) ( ၄ ) အ ဖြေ ပါ

မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်အခါတုန်းက ဘုရားရှင်ကို ကြည်ညိုတဲ့သူတွေ မြတ်စွာဘုရားကို ပူဇော်ဘို့ လှူဒါန်းဘို့ အခါအားလျှော်စွာ မြတ်စွာဘုရားထံလာကြ ပါတယ်...။ မြတ်စွာ ဘုရား ကျောင်းတော် မှာ ရှိနေစဉ်အချိန်မှာတော့ မြတ်စွာ ဘုရားကို လှူကြတာပေါ့ မြတ်စွာဘုရား မရှိတဲ့အခါ ပါလာတဲ့ပစ္စည်း ဘယ်ကို လှူဒါန်းခဲ့ရမှန်းမသိတော့ဘူး။ မြတ်စွာ ဘုရားကို လှူဒါန်းဘို့ စိတ်ကူးနဲ့ လာကြတာကိုး။ဒီတော့ ကျောင်းဒကာ အနာထပိဏ်သူထေးက ဘုရားထံ လှူဒါန်းဘို့ လာတဲ့သူတွေ ဘုရားရှင် မရှိလည်း လှူဒါန်းလို့ အဆင်ပြေအောင် သင့်လျှော်တဲ့နေ ရာစီစဉ်ဘို့ ရှင် အာနန္ဒာကို လျှောက်ထားပါတယ်။ ရှင်အာနန္ဒာ ကလည်း ဒီ ကိစ္စ ကို မြတ်စွာဘုရား နဲ့တွေ့တော့လျှောက် ထားပါတယ်.... မြတ်စွာဘုရားက လှူဒါန်းပူဇော်သင့်တဲ့ အရာ သုံးမျိုးကို ပြောပြခဲ့ပါတယ်။
၁။ ဓာတ်တော်မွေတော်အပါအ၀င် မြတ်စွာဘုရားရဲ့ ခန္ဓာကိုယ်
၂။ မြတ်စွာဘုရားရဲ့ အသုံးအဆောင်များ
၃။ မြတ်စွာဘုရားကို အာရုံယူဘို့ မြတ်စွာဘုရားကို ရည်ညွှန်းထားသော ရုပ်တု၊ စေတီ ကိုလှူဒါန်း ပူဇော်သင့်ကြောင်း မိန့်ခဲ့ပါတယ် ။

တစ်ဖန် ရှင်အာနန္ဒာက မြတ်စွာဘုရားသက်ရှိထင်ရှားရှိတုန်း စေတီပုထိုးတည်ထားကိုးကွယ်ရရင် အဆင်ပြေနိုင်မလားလို့ ဆက်လျှောက်တဲ့အခါ ဘုရားရှင်က ..... စေတီကို ငါဘုရား ပရိနိဗ္ဗာန်စံပြီးမှ ငါဘုရားရဲ့ အရိုးတော် ဓာတ်တော်တွေနဲ့ တည်ဆောက် ပူဇော် သင့်ကြောင်း

သူ့ကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက်
စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့ပါတယ်။

( ၁ ) ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိင်္ုဟ်တဲ့အခါ ကျန်ရစ်တဲ့
ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

( ၂ ) ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့
ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို
ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

( ၃ ) ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊
ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊
အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊
ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

( ၃ ) ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊
သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား
ဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊
ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီး
ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊
ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ပါဘူး။။

ဘုရားရှင်က ဒီလို စေတီပုထိုးတော်တွေကို ပူဇော်တာဟာ ရုပ်ကို အခြေခံပြီး ပူဇော်တာမျိုး မဟုတ်ကြောင်း၊ စေတီပုထိုးတော်တွေ ကို ပူဇော်တာဟာ စိတ်ရဲ့အလုပ်ဖြစ်ကြောင်း ဆက်လက်မိန့်ကြားပါတယ်။
(((( စေတီပုထိုးကို ကြည့်၊ ဘုရားအစစ် (သက်ရှိထင်ရှားမြတ်ဘုရား) ရဲ့ဆုံးမသြ၀ါဒတွေကို စိတ်နဲ့အာရုံပြုပြီး ပူဇော်ရမှာ လို့ နားလည် မိပါတယ်။ တနည်းအားဖြင့် ပုံနောက်က ဂုဏ်ကို စိတ်အာ ရုံရောက်အောင်ပြု၊ ပူဇော်ရမှာဖြစ်ပါတယ်။)))))
စေတီပုထိုးမတည်သေး ဘဲနဲ့ သူတရားအားထုတ် ခဲ့တဲ့ ဗောဓိညောင်ပင် ကို စိုက်ပျိုးပြီး သူမရှိတဲ့အခါ သူခရီးထွက်နေ သခိုက် သူ့ကိုယ်စား ဗော ဓိညောင်ပင်ကို ပူဇော်ဘို့ မြတ်စွာဘုရားက ရှင်အာနန္ဒာကို အကြံပြုပါတယ်။ဒီနောက် ရှင်အာနန္ဒာ ဟာ ရှင်မဟာမော ဂ္ဂလာန် အကူအညီနဲ့ ဗုဒ္ဓဂယာ က ဗောဓိညောင် မျိုးစေ့ကိုယူပြီး ဇေတ ၀န်ကျောင်းနဲ့ မလှမ်းမကမ်းမှာ စိုက်ပါတယ်။ အဲ့ဒီဗောဓိညောင်ပင်ကို အာနန္ဒဗောဓိပင်လို့ အမည်တွင်စေခဲ့ပါတယ်။ ယနေ့ အိန္ဒိယကို ဘုရားဖူးသွားကြတဲ့သူတွေ အဲဒီအာနန္ဒဗောဓိပင်ကို တွေ့ကြမှာပါ။ ဒီဇာတ်လမ်းအဖြစ်အပျက်ကို အကြောင်းပြုပြီး သီဟို ဠ် (သီရိ လင်္ကာ) နိုင် ငံ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ကို ဘုန်းကြီးကျောင်း အင်္ဂါရပ် (၁) ချက်အဖြစ် ထည့်သွင်းထားပါတယ်။ သီဟိုဠ် ဘုန်းကြီးကျောင်း (၁) ကျောင်းတည်ထောင်ရင် ကျောင်းဝင်းထဲမှာ
၁၊ ဘုရားကျောင်းသီးသန့် (ဘုန်းကြီး၊ လူမနေရ၊ ဂန္ဓကုဋိကဲ့သို့)
၂၊ စေတီတစ်ဆူ
၃၊ ဗောဓိညောင်ပင် တစ်ပင်
၎၊ သံဃာနေဆောင် တို့ရှိရပါတယ်။
ပထမဆုံး စေတီတော်ကတော့ ဘုရားရှင်ကို ပထမဆုံး ဖူးမြော်ကြည်ညိုခွင့်ရသူ ဥက္ကလာပတိုင်းသား ကုန်သည်ညီနောင် တဖုဿ နှင့် ပလ္လိကာ ကဘုရားရှင်ထံမှပင့်ဆောင်လာသော ဆံတော်များကို ဥက္ကလာပမင်းကြီးထံ ဆက်သရာမှ ဖြစ်ပေါ်လာသော လက်ရှိအားလုံးဖူးမြော်နေရပါသော နှစ်ပေါင်း ၂၆၀၀ နီးပါးသက်တမ်းရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီးပါပဲရှင်...။

( ၅ ) ( ၆ ) ( ၇ ) အဖြေပါ

ရတနာသုံးပါးကိုသိမြင်ဖို့ မြတ်ဗုဒ္ဓက လမ်းပြခဲ့တာပါ... ချမှတ်ခဲ့တာ မရှိပါ ရတနာသုံးပါးအပြင်.. မိဘ ဆရာသမားကိုလဲ တစ်ဂိုဏ်းထဲထား ရိုသေသင့်တယ်လို့သွန်သင်ဆုံးမခဲ့ပါတယ်... သံဃာ ရယ် ဘုရားရယ်မိခင်ရယ် မဟုတ်ပါဖူး. စော်ကားမိရင် တူညီတဲ့ ငရဲ ရမှာဖြစ်ပါတယ်။ တစ်ဂိုဏ်းထဲမှာဆိုမှ ဘယ်ဟာပိုကြီးလဲ လုပ်နေတယ်။ပြီးတော့ ဘုရား ရှင်က ၀ိနယလို့ခေါ်တဲ့ ၀ိနည်းတွေကိုသာ ပညတ်ခဲ့ပါတယ်။ ကျန်တာတွေ တော့ လောကရဲ့ သစ္စာတရားတွေကို ညွှန်ပြခဲ့တာပါ..။
ပညတ်ချက်တွေကိုအောက်လင့်မှာသွားဖတ်နိုင်ပါတယ်.....
http://moenatvilla.blogspot.com/2013/09/blog-post_8.html

( ၈ ) နဲ့ ( ၉ ) အဖြေပါ
ဘုရားရှင်ကိုယ်တော်မြတ်ကြီး က အတ္တာဟိ အတ္တနော နာတော... မိမိကိုယ် ကိုသာ ကိုးကွယ် ရာ၏ လို့ဆိုခဲ့ တဲ့အတွက် သာသနာတော်ဝင်တွေ က ဆုတောင်းတာမဟုတ်ပါ သူတို့ပြုခဲ့တဲ့ ကုသိုလ် အားလုံးကို တိုင်တည်ပြီး ဘယ်အကျိုး ကိုစွမ်းဆောင်နိုင်တဲ့ အားအင်ရချင်ပါတယ်လို့ တိုင်တည် ဆုပန်တာပါ။ ဗုဒ္ဓကို တစ်ကမ္ဘာလုံး BUDDHA လို့သုံးပါတယ်။ ထိုင်းမှာသုံးတာက ဖရာ့ကျောက် ပါ ကျောက် ဆိုတာက သခင် ၊ ဦးထိပ်ပန်ဆင်သူလို့ အမည်ရပြီး ဖရာ့ ကတော့ ဘုရား ပါ အတူတူပါပဲ။

နံပါတ် ( ၁၀ ) တော့ ဘာသာတိုင်းမှာ ရှိတတ်တဲ့သဘာဝပါ ... ကျမတို့ဘာသာဝင် အများစု မကျင့်သုံး နိုင်ရင်လေ... ကျမတို့သာသနာ ကမ္ဘာမှာအနူးညံ့ အသိမ်မွေ့ဆုံး သာသနာတော်အဖြစ် လက်မထောင် မနေဖူးရှင် ကျမတို့ သာသနာတော်ကြောင့် စစ်ခင်းရတာ သွေးချောင်းစီးရတာ... မရှိပါရှင်... ချမ်းမြေ့ ပါစေ

ိဒိဋ္ဌိ ဖြုတ်ရန် အရေးကြီးသောအချက် သောတာပန်တည်ရန် အင်္ဂါ၎ပါး

၁။သစ္စာတရားဟောပြနိုင်သောဆရာကောင်း ကိုရှာဖွေရမည်။
(သပ္ပုရိသ သံသေဝ )
၂။တရားများကိုနာယူရမည်။...
(သဒ္ဓမ္မသဝန)
၃။နှလုံးသွင်းမှန်အောင် ဆင်ခြင်နိုင်ရမည်။
( ယောနိသောမနသီကာရ )
၎။လောကုတ္တရာတရား၉ ပါးအားလျော်သောအကျင့်ကို ကျင့်ရမည်။
( ဓမ္မနုဓမ္မပဋိပတ္တိ )

၁။သစ္စာတရားဟောပြနိုင်သောဆရာကောင်း ကိုရှာဖွေရမည်။
(သပ္ပုရိသ သံသေဝ )

သစ္စာတရားဟောတတ်သောဆရာသမားကောင်း ရှိခြင်း၊တွေ့ ခြင်းသည် အလွန်အရေးကြီးလှ သည်။သစ္စာတရားများကို ခန္ဓာဥာဏ်ရောက်အောင် သင်ပြပေးနိုင်သော ဆရာကောင်း အရိယာသူတော်ကောင်းများ ထံမှ အဖိုးမဖြတ်နိုင် သည့် အဆုံးအမစကားများသည် သိမ်မွေ့ နက်ရှိုင်းသော
(အယူမှား၊အမှတ်မှား၊အထင်မှား)အစွဲမှားများကို အချိန်တိုတိုအတွင်းမှာ အမြင်မှန် လမ်းမှန်သို့ ရောက်စေနိုင်သည်၊

"ယထာဘူတံဥာဏာယ သတ္တာပရိယေသိတဗ္ဗာ"ယထာဘူတဥာဏ်ရနိုင်
ရန် ဆရာမှန်ရှာအပ်သည်ဟု မြတ်စွာဘုရားသည် ၄၄-ကြိမ်တိုင်တိုင် သတိပေးတော်မူခဲ့ သည်။ဆရာသမားကောင်း၊ မိတ်ဆွေကောင်းရှိခြင်း၊ ဆရာသမားတို့ ၏စောင့်ရှောက်မှုကိုခံရခြင်း၊ အဆုံးအမစကားများ
နာကြားရခြင်းသည် အရိယာမဂ်ဆိုက်၍နိဗ္ဗာန်ရောက်ရန် ၁၀၀% ရာနှုန်းပြည့်သေချာသည်ဟု မြတ်စွာဘုရားမိန့်ကြားခဲ့ သည်၊

ဘဝသံသရာကြီးမှ လွတ်မြောက်ဘို့ရန် ဆရာကောင်းရှိရမည်။
ဆရာကောင်း၏အဆုံးအမများသည် နိဗ္ဗာန်အမြင်ရနိုင်ဖို့ ရာဦးတည်လျက်
သုတမယဥာဏ်( သုတ =ကြားခြင်း မယ =ြ)အကြားအမြင်နှင့် ပြီးမြောက်သော ဥာဏ်ကို အချိန်တိုတိုအတွင်း၌ပင်ဖြစ်စေနိုင်သည်၊

ဥပမာ-အာရုံ ဒွါရတိုက်၍ ပေါ်လာသမျှသော စိတ်(သဘောခန္ဓာများ) သည် ချက်ခြင်းပင်ပျက်စီးသွားသဖြင့် ( အနိစ္စ)မမြဲ၊ ( ဒုက္ခ) ဆင်းရဲမှုသက်သက်၊ ဒုက္ခသစ္စာ၊ သူ့ သဘောသူဆောင်ကိုယ်မပိုင်သော (အနတ္တ) ဓာတ်သဘော
မျှသာဖြစ်သည်ဟု အဖိုးမဖြတ်နိုင်သော သစ္စာဆိုက်တရားရှင်းလင်း
ဟောပြသော ဆရာ့စကားများကို မှတ်သားလိုက်ရုံနှင့် ကိလေသာများ တစတစ ခန်းခြောက်ရတော့မည့် ပါရမီရှင်ဖြစ်ကြ ရပေမည်။

သပ္ပုရိသသံသေဝ (ဒိဋ္ဌိပြုတ်၊သစ္စာ ဆိုက်ခန္ဓာဥာဏ်ရောက်တရားများကို
ဟောပြောပေးနိုင်သောဆရာ)ရှိပါက သံသရာမှ ၁၀၀% လွတ်မြောက်ရန်
သေချာပေသည်ဟုမှတ်ချက်ချလိုက်ပါ၊

၂။တရားများကို နာယူရမည်
(သဒ္ဓမ္မသဝန )

ဒိဋ္ဌိ ဖြုတ်တရားများ၊ သစ္စာဆိုက်တရားများကို နာကြားခြင်းသည်
အဖိုးမဖြတ်နိုင်ေ သာတရားထူးရရန် အလွန်အရေးကြီးသည်။
အဘိဓမ္မာကိုသင်ယူလေ့လာခြင်း၊ တရားနာခြင်းသည်လွန်စွာအကျိုးများ
သည်။ပညာဉာဏ်ကို ပို၍ ထက်သန်စေသည်။

ဘုရားစကားများအဆုံးအမများကို နားလည်အောင်ကြိုးစားသင်ယူရမည်၊ ဘုရားစကား အဆုံးအမများကိုတရားနာယူ ကျင့်သုံးမှသာ သိနိုင် နားလည်နိုင်သည်။၊လောကစကားတွေအားလုံးနားလည်လာမည်။
အရိယာသူတော်ကောင်းများသည် ရုပ်ရယ်၊ နာမ်ရယ် ၊ တရားရယ်ထို သုံးဦးနှင့်သာ ပျင်းရိခြင်းမရှိအဖော်ပြုနေ ကြသည်။

တရားနှင့်နေပြီးတရားနှင့်ဖြေကာ လူ့ ဘဝခဏလေးမှာ ခန္ဓာအတွက်
စီးပွားရှာရင်း၊သံသရာမရှည်အောင်တရားရှိအောင်
တရား ရှုမှတ်ကြရမည်သာ၊

၃။ နှလုံးသွင်းမှန်အောင်ဆင်ခြင်နိုင်ရမည်
( ယောနိသော မနသီကာရ )

တရားနှင့် အိပ်စက်ခြင်း၊ တရားနှင့်နိုးထခြင်း၊ တရားနှင့်နေ့ စဉ်
မွေ့ ပျော်ခြင်းသည် အပ္ပမာဒတရားမမေ့မလျော့တရားနှင့် နေခြင်းမည်၏၊

သတိသည်အရေးအကြီးဆုံး၊ ထိတိုင်းထိတိုင်း သိသိနေ၊ သိတိုင်းသိတိုင်းဖြစ် ချုပ်ကာ မမြဲ ၊ ဆင်းရဲ၊ မခေါ်ဘဲ ပေါ်လာသောအာရုံများက မနှင်ဘဲ
ပျောက်ကွယ် သွားကြသည်ကို မြင်အောင်ကြည့်ပါ၊

မြင်သည့်အပေါ် ကြားသည့်အပေါ် အနံ့ရသည့်အပေါ် စားသည့်
အရသာအပေါ် ထိသည့်အပေါ် တွေးကြံသည့်အပေါ် သတိထား၊ သတိထားလျှင် တရားမြင်မည်၊ သတိမထားရင်အမှားဝင်မည်။

မည်သည့် ပုဂ္ဂိုလ်မဆို အဖိုးတန်လှသော သာသနာတွင်းကာလနှင့်ဆုံခိုက်၊ ကြုံခိုက် တရားအားထုတ်သင့်သည်။တရားအားထုတ်ရန်အားသည်
ဖြစ်စေ၊ မအားသည်ဖြစ်စေ ကြိုးစားရှုမှတ်သင့်သည်၊ သေချင်သည်ဖြစ်စေ ၊ မသေချင်သည်ဖြစ်ေ စ မုချမသွေသေကြရမည်သာ၊ သေချိန်ရောက်သော်
မအားသေးဟုပြော၍ မရ။ဝိပဿနာတရားအားထုတ်သည် ဆိုသည်မှာ တရားကို အချိန်တိုင်းနှလုံးသွင်းနေရမည့် ”စိတ် ”အလုပ်သာဖြစ်သည်၊

၎။ လောကုတ္တရာ တရား၉ ပါး(မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန်) အားလျော်သောအကျင့်ကို ကျင့်ရမည်။ ( ဓမ္မနုဓမ္မပဋိပတ္တိ )

သီလ၊ သမာဓိ၊ ပညာကိုလက်ကိုင်စွဲ၍ ဝိပဿနာဘာဝနာကိုနေ့ စဉ်ညတိုင်း ရှုပွား ကျင့်သုံးရမည်၊ခန္ဓာကသူ့ တရားသူပြမည်၊ ကြည့်တတ်ဘို့ကအဓိက၊ တရားအားထုတ်ရာ နည်းမှန် လမ်းမှန် အားထုတ်ပါက အလွန်အေးချမ်း
သောအလုပ်၊အလွန်ငြိမ်းချမ်းသောအလုပ်ဟုမှတ်ယူ၍ ကျင့်သုံးသင့်
ပေသည်။

ခန္ဓာမှပြသောအရှိ(ရုပ်နာမ်သဘော)ကို ဥာဏ်ပညာဖြင့် ကြည့်ရမည်။
အပြင်မှာ လောကဓံများ မည်သို့ ပင်တိုက်ခိုက်ပါစေ၊ အတွင်း၌ တရားရှုမှတ်ရင်း အေးချမ်းအောင်နေ တတ်ရမည်၊၊ တရားသိအောင် တရားနာ၊ တရားရှိအောင်တရားရှု၊ တရားအားထုတ်ရင်း နေတတ်သူသည် အရှုတ်ထဲမှာ ရှင်းအောင်နေတတ် သူမည်၏၊

တရားသိမှတရားမြင်မှတရားရှိမှ တရားကျင့်မှ အကုသိုလ်ပယ်၊ ကုသိုလ်နှင့်ကယ်နိုင်ဆယ်နိုင်မည်။အရှုံးထဲမှ အမြတ်များရလာမည်။ လောကီတစ်ဘဝချမ်းသာထက် လောကုတ္တရာ တစ်သံသရာလုံးမှာ ချမ်းသာမည့်ဝိပဿနာအလုပ်လုပ် ရခြင်းသည် သေချာပေါက်အကျိုးရှိ
မည်ကို တရားရှိ၊ တရားသိမှသာ အမှန်မြင်လာနိုင်သည်၊

စိန္တာမယဥာဏ် (စိန္တာ =ကြံခြင်း၊ မယ=ပြီးမြောက်ခြင်း )ကိုယ့်ခန္တာကို
ဥာဏ်ဖြင့်ကြည့်ကာ အကြံနှင့် အပြီးအစီးသို့ ရောက်သောဥာဏ်၊ ထိုဥာဏ်သည် ကိလေသာခန်းခြောက်ရုံသာမက ကိလေသာပျောက်စေ
သည်။ တရားနာလျှင်ကိလေသာ ခန်းခြောက်စေကာ ကိုယ်တိုင်တရားရှု
မှတ်ပွားများလျှင် ကိလေသာတစတစပျောက်ပြီး ဒိဋ္ဌိ၊ဝိစိကိစ္စပယ်သတ်က အရိယာ သောတပန်ဖြစ်ပေမည်။

ဆရာကောင်း၏သစ္စာဆိုက်တရားများလိုအပ်၍ အရေးကြီးသကဲ့သို့ မိမိကိုယ်လဲ ကောင်းအောင် ကိလေသာပျောက်တရားများ ရှုမှတ်ပွားများ နှလုံးသွင်းမှန်ဘို့ ရာအရေးကြီး၏။

အရေးကြီးသော ဆရာ ရော၊ ဒကာ ရော နှစ်ဦးစလုံးကောင်းပါက သာသနာကြီးဆိပ်ကွ ယ်ပျက်သုံး လိမ့်မည်မဟုတ်ပါ။ဆရာ့စကား
တသွေမသိမ်းလိုက်နာသော ဒကာ၊ဒကာမ များသည် သာသနာကြီး
မပျက်စီး၊ မညစ်နွမ်းရလေအော င် သာသနာကို စောင့်ရှောက်
သောသူများအဖြစ်အမြဲ ရပ်တည်နေနိုင်မည်သာ။

ကိလေသာများကို စိတ်ဖြင့်ဖြတ်ရမည်၊ စိတ်ကို တရားဖြင့် ပြုပြင်ရမည်၊ တရားရှိအောင် တရားအားထုတ်ကြရမည်၊ တရားကသာ ကိလေသာကို ဖြတ်နိုင်၊ ပြတ်နိုင်အောင် လုပ်ပေးမည်သာ၊ အကုသိုလ်ကို ပယ်သတ်မည်သာ၊

(အရှင်ဝါသေဋ္ဌာဘိဝံသ)

နန်းရှေ့ သားမှ ကူးယူဖော်ပြသည်။

Feb 24, 2014

အချစ်ဘယ်က စခဲ့သလဲ

အချစ်အကြောင်းပြောပြီဆိုရင် “အချစ်စတင်ဖြစ်ပုံလေး”
ပါပြောပြမှ ပြည့်စုံသွားမှာပါ။ အချစ်စတင်ဖြစ်ပုံအကြောင်းလေးကို အကျဉ်းချုပ်လောက် ပြောပြရအောင်ပါ။

ကမ္ဘာကြီးပျက်တော့ ကမ္ဘာသစ်တစ်ခု ပြန်တည်တဲ့
အခါမှာ ဘယ်သူတွေအရင်ရောက်လာသလဲဆိုတော့ဗြဟ္မာတွေ၊ ဗြဟ္မာ့ပြည်ကနေစုတေပြီး လူ့ပြည်မှာ
ဥပပတ်ပဋိသန္ဓေစိတ်နဲ့ လူလာဖြစ်ကြပါတယ်။
...
အဲလိုလူလာဖြစ်တဲ့အချိန်မှာ ယောင်္ကျား၊မိန်းမဆိုတဲ့
ဣတ္ထိဘ၀ရုပ်၊ ပုရိသဘာဝရုပ် ထင်ထင်ရှားရှားမဖြစ်သေးပါဘူး။ ပြီးတော့ ကိုယ်ရောင်ကိုယ်ဝါတွေနဲ့
ဆိုတော့ နေတွေလတွေလည်း မလိုအပ်သေးပါဘူး။

အဲဒီမှာ တစ်ခုသတိထားရမှာက ဗြဟ္မာတွေ လူ့ပြည်ကို
ဆင်းလာတာ မဟုတ်ပါဘူး။ စုတေပြီး လူ့ပြည်မှာ လူလာဖြစ်ကြတာပါ။ တချို့ က ကမ္ဘာဦးအစမှာ ဗြဟ္မာ
တွေ ဗြဟ္မာ့ပြည်ကဆင်းလာတယ်လို့ ပြောပြောနေကြလို့ပါ။
ဗြဟ္မာ့ပြည်က စုတေစဆိုတော့ “ပီတိလေး”
တွေနဲ့ပဲ နေနေကြပါတယ်။ဘာမှမစားကြသေးပါဘူး

ကမ္ဘာပြုမိုးရွာထားပြီး တဖြည်းဖြည်းနဲ့ ရေတွေခန်း
ခြောက်သွားတာဆိုတော့ မြေအထက်မှာ အပေါ်ယံမြေဆီတွေ ကျန်နေခဲ့ပါတယ်။ အဲဒီ မြေဆီတွေက
နို့ရည်အထက်မှာ တက်နေတဲ့ မလိုင်လို ချိုဆိမ့်တဲ့ အနံ့အရသာ ရှိနေတယ်လို့ဆိုပါတယ်။

အဲဒီအထဲကမှ တစ်ယောက်က မွှေးကြိုင်နေတဲ့
မြေဆီလေးတွေကို “ဘယ်လိုအရသာရှိမလဲ”ဆိုပြီး လက်နဲ့တို့ပြီးလျက် ကြည့်လိုက်ပါတယ်။ “ဟာ...
တော်တော်ကောင်းတာပဲ”ဆိုပြီး ဆက်စားပါတော့တယ်။ ကျန်တဲ့သူတွေကလည်း သူစားသလို လိုက်စား
ပါတော့တယ်။ ဒီတော့ ရသတဏှာဝင်လာပြီး ကိုယ်ယောင်ကိုယ်ဝါတွေလည်း ပျောက်သွားရော
ဆိုပါတော့။

အဲဒီမှာ တချို့ အဆိုတော်တွေက “ဗြဟ္မာတွေ မြေသင်း
စားလို့ ထူးဆန်းတဲ့ အချစ်ဖြစ်ပေါ်သည်...”စသည်ဖြင့်သီချင်းလုပ်ဆိုကြပါတယ်။တကယ်တော့ အဲဒီအချိန်မှာ“အချစ်” မဖြစ်ကြသေးပါဘူး။ သူတို့ရဲ့ သန္တာန်မှာ “ရသ
တဏှာ” ပဲ ၀င်လာသေးတာပါ။ နောက်တစ်ခုက ဗြဟ္မာတွေစားတာမဟုတ်ပါဘူး။
ဗြဟ္မာပြည်က စုတေပြီး
“လူ” တွေဖြစ်နေပြီဖြစ်လို့လူတွေစားတာပါ။

ဒီလိုနဲ့ မြေဆီတွေစားရင်း စားရင်း ကုန်သွားတော့
ကံအားလျော်စွာ “သလေးဆန်”တွေ ပေါ်လာပါတယ်။ဒီသလေးဆန်တွေဟာ အိုးထဲထည့် မီးကျောက်ပေါ်
တင်လိုက်တာနဲ့ အလိုလိုမီးတောက်ပြီး ထမင်းကျက်တာနဲ့ မီးလည်းငြိမ်းသွားပါတယ်။

မြေဆီမြေလွှာတွေ စားနေတုန်းကတော့ စားသမျှ
အဆီအသားတွေဖြစ်ပြီး အဖတ်အကာ တချို့ သာကျန်တယ်လို့ဆိုပါတယ်။ အဲဒီအဖတ်အကာ တစ်ချို့
ကိုလည်း ၀မ်းမီးကလောင်လိုက်တဲ့အတွက် ကုန်ခန်းကုန်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျင်ကြီး ကျင်ငယ်ဆိုတာ မဖြစ်သေးပါဘူး။
သလေးဆန်တွေ စားလာတဲ့အခါမှာတော့ “ကျင်ကြီး၊ကျင်ငယ်” ဆိုတာဖြစ်လာပြီး ကျင်ကြီးကျင်ငယ် ထွက်ရာအပေါက်တွေလည်းဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ဒီတော့မှ “ယောင်္ကျား၊ မိန်းမပုံ” သဏ္ဌာန်ဖြစ်တဲ့ “ဣတ္ထိဘာဝရုပ်၊ ပုရိသဘာဝရုပ်” တွေလည်း ထင်ထင်ရှားရှား
ဖြစ်လာပါတော့တယ်။

ဗြဟ္မာ့ပြည်မရောက်ခင်က မိန်းမဖြစ်ခဲ့တဲ့သူက ဣတ္ထိ
ဘာဝရုပ်ပေါ်လာပြီး ယောင်္ကျားဖြစ်ခဲ့တဲ့သူက ပုရိသဘာဝရုပ်ပေါ်လာတယ်လို့ ဆိုပါတယ်။ “နားနဲ့မနာ
ဖ၀ါးနဲ့နာ” ဆိုတဲ့အတိုင်း နားနဲ့မဖတ်၊ ဖ၀ါးနဲ့ဖတ်လို့ ပြောရတော့မလား မသိပါဘူး။ တစ်ယောက်နဲ့
တစ်ယောက်အင်္ဂါတွေမတူလို့ ၊ တစ်ယောက်အင်္ဂါတစ်ယောက်ကြည့်ပြီး တပ်နှစ်သက်တဲ့ တဏှာရာဂ
တွေဖြစ်လောပြီး စိတ်ကိုမချုပ်တည်းနိုင်တော့ဘဲကာမကိစ္စကို စတင်မှီဝဲကြပါသတဲ့။

ဒီတော့ ကျန်တဲ့သူတွေက မပြုကောင်းတာ ပြုရပါ့မလား
ဆိုပြီးခဲနဲ့ဝိုင်းပေါက်ကြပါသတဲ့။ ကာမကိစ္စကို ပြုတဲ့သူတွေဟာ ပုန်းအောင်းရင်း အိမ်ရာများ သီးခြား
တည်ထောင်ကြပါသတဲ့။ ဒီခေတ် မင်္ဂလာဆောင် ခဲပေါက်တဲ့ဓလေ့ဟာ ကမ္ဘာဦးကတည်းက စခဲ့တာလို့ဆိုပါတယ်။

ဒါဟာ ကမ္ဘာဦးအစအချစ်စတင်ဖြစ်ပေါ်ပုံ အကျဉ်းပါပဲ။
အကျယ်သိချင်တယ်ဆိုရင်တော့ “သုတ်ပါထေယျပါဠိတော်မြန်မာပြန် အဂ္ဂညသုတ်” နဲ့ ဆရာတော် အရှင်
ဇနကာဘိဝံသရဲ့ သဂြိုဟ်ဘာသာဋီကာ၊ အခြေပြုပဌာန်းတရားတော် စာအုပ်တို့မှာ မြန်မာလို အကျယ်ရေးပြထားပါတယ်။ဒီမှာတော့ လိုရင်းခပ်ကျဉ်းကျဉ်းပဲ ရေးပြ လိုက်တာပါ။

အချစ်ဆိုတဲ့ တဏှာရာဂ၊ ကာမဂုဏ် ကိစ္စတွေကို ခံစား
တာကို စာမှာဘယ်လို ဥပမာပေးထားသလဲဆိုတော့နူနာရောဂါသည်ဟာ ကိုယ့်ရဲ့ နူနာရောဂါ ယားယံလာတဲ့အခါသက်သာလိုသက်သာငြား မီးကင်တာနဲ့တူပါတယ်။
မီးကင်နေတုန်းမှာ အယားတဒင်္ဂ သက်သာသွားတယ်လို့ထင်ရပေမယ့် နောက်-ပိုးတွေ ပြန်ထိုးတော့ပြန်ယားပြီးပြန်ကင်ရတာပါပဲ။ နူနာရောဂါကို အမြစ်ပြတ်အောင် ဆေး
သောက်လိုက်မှပဲ မကင်ရတော့မှာပါ။

အာရုံငါးပါးကာမဂုဏ်တရားတွေကို ခံစားတာဟာ နူနာမီးကင်တာနဲ့ တူတယ်ဆိုတော့ -

♦ ကိုးရီးယားကားလေး ကြည့်နေတာလည်းမီးကင်နေတာပါပဲ။
♦ ဘောလုံးပွဲတွေ ကြည့်နေနေတာလည်းမီးကင်နေတာပါပဲ။
♦ ကာရာအိုကေဆိုင် သွားတာလည်း မီးကင်နေတာပါပဲ။
♦ အလှပြင်ဆိုင်မှာ ဆံပင်သွားဖြောင့်တာလည်းမီးကင်နေတာပါပဲ။
♦ ချောင်းသာသွားတာလည်း မီးကင်နေတာပါပဲ။

ဆိုင်ရာမဂ်အဆင့်ဆင့်ကို မရသေးသရွေ့ တော့ မီးကကင်ကင်
နေရဦးမှာပါ။ ဆိုင်ရာ မဂ်တွေမရသေးရင်တောင် ကိုယ်မီးကင် နေတာလေးကို မီးကင်နေတယ်လို့ သိနေရင်ပဲ မဆိုးလှပါဘူး။ ဒီတော့ ကိုးရီးယားကားလေးကြည့်နေရင်လည်း “ဩော် ငါ
မီးကင်နေတာ၊ ငါ မီးကင်နေတာ” လို့ သူများမကြားအောင်တိုးတိုးလေးဆင်ခြင်လိုက်ပါ။

ဆံပင်ဖြောင့်နေရင်လည်း “ဩော် ငါမီးကင်နေတာ၊ ငါမီးကင်
နေတာ” လို့တိုးတိုးလေးဆင်ခြင်လိုက်ပါ။ ဆင်ခြင်နေတဲ့သူဟာ ကိုယ့်မှာဖြစ်နေတဲ့ နူနာရောဂါကိုကုဖို့ သတိပေးနေတာနဲ့တူပါတယ်။ ဒီတော့ အလွန်အကျွံတွေလည်း မဖြစ်တော့ပါဘူး။

မီးကင်နေတဲ့သူချင်းတူပေမယ့် ကိုယ်ကမီးကင်နေတာ
လေးကို သိနေတော့ ဘာပဲပြောပြော သူတို့နဲ့စာရင် ကိုယ်ကသူတို့ထက် မသိမသာလေးတော့ သာနေတာပါပဲ။ဆင်ခြင်ရင်း ဆင်ခြင်းရင်းနဲ့ကြာလာရင်သံဝေဂဥာဏ်တွေ များများ
လာပါလိမ့်မယ်။ သံဝေဂဥာဏ်တွေများလာတဲ့ တစ်နေ့မှာကိုယ့်ရဲ့ နူနာကိုလည်း အမြစ်ပြတ် ကုချင်စိတ်ပေါက် လာပါလိမ့်မယ်။အနာရှိရင် ဆေးရှိတာပါပဲ။နူနာရောဂါ ပျောက်ဖို့
အတွက် ဆေးကတော့“သတိပဌာန်ဝိပဿနာဆေး”ပါပဲ။

သတိပဌာန်ဝိပဿနာတရား ရှုမှတ်နေတဲ့အချိန်ဟာ တဒင်္ဂ
အားဖြင့် အကုသိုလ်ကိလေသာတွေ ငြိမ်းနေတာပါ။တဒင်္ဂ အကုသိုလ်ကိလေသာငြိမ်းနေတဲ့ အချိန်လေးဟာသိပ်ပြီးချမ်းသာနေတာပါ။ အဲဒီချမ်းသာမှုဟာ လောကီ
ချမ်းသာတွေနဲ့နှိုင်းယှဉ်လို့ကို မရပါဘူး။

ဒါတောင် အမြစ်ပြတ် အကုသိုလ်ကိလေသာ ငြိမ်းသေးတာ
မဟုတ်ပါဘူး။ အမြစ်ပြတ်ငြိမ်းသွားတယ်ဆိုရင်တော့ အထူးပြောစရာမလိုတော့ပါဘူး။ ကိုယ်က ဒီသဘောလေးကို အာရုံပြုပြီး သတိပဌာန် ၀ိပဿနာဆေးလေးကို မကြာခဏ
သောက်သောက်ပေးဖို့ပါ။လူ့လောကမှာက မီးကင်စရာ ခပ်များများရယ်။ပုထုဇဉ်သဘာဝအရ ကိုယ်ကမကင်းနိုင်သေးလို့ မီးကင်နေရရင်လည်း ကိုယ်မီးကင်နေတယ်ဆိုတာ
လေးကို သိနေဖို့ပါပဲ။

ကာမဂုဏ်အာရုံတွေနောက်ကို လိုက်နေသရွေ့တော့
ဘယ်တော့မှဆုံးမှာမဟုတ်ပါဘူး။ တိုးလို့တိုးလို့သာခံစားနေချင်မှာပါ။ ဒီကာမဂုဏ်အာရုံတွေကြောင့်ပဲ
“စိတ်ဆိုးရ၊စိတ်ကောက်ရ၊ နာကြည်းခဲ့ရ၊ လွမ်းရ၊ဆွေးရ၊ မိတ်ပျက်ရ၊နောက်ဆုံး ထောင်ကျရ၊ ငရဲကျ
သွားရတဲ့ အထိပါပဲ။ ကိုယ့်ဝန်းကျင်မှာဒါတွေက နေ့စဉ်တွေ့နေရတာပါ။

တကယ်လို့ ကိုယ်က ကိုယ်ရဲ့  နူနာရောဂါကို အမြစ်ပြတ်အောင်
မကုချင်သေးဘူးဆိုရင်တောင် တဒင်္ဂအားဖြင့် ရောဂါသက်သာဖို့သတိပဌာန်ဝိပဿနာဆေးလေးကို တစ်နေ့ကို ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်တော့ သောက်သောက်နေသင့်ပါတယ်။

သောက်ရင်းသောက်ရင်း ဆေးရဲ့ အာနိသင်ကို သိသိလာပြီး
တိုးတိုးသောက်ချင်လာမှာပါ။ ဘာပဲပြောပြော စာဖတ်သူရယ်၊နူနာရောဂါ တဒင်္ဂသက်သာဖို့ သတိပဌာန် ၀ိပဿနာဆေးလေးကို တစ်နေ့ကိုဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်တော့
သောက်ဖြစ်အောင်ကြိုးစားလိုက်ပါနော်။

[အရှင်ရာဇိန္ဒ ( ရဝေနွယ် -အင်းမ)၏ “ အချစ်နှင့် ဝိပဿနာ ”
နှာ ၂၂ မှ ၂၈ ထိ ကောက်နှုတ်ပူဇော်ပါသည် ။ ]

Feb 22, 2014

“နောင်တ မရစေဖို့ သတိထားရန် အချက်များ”


[နောင်တ တရားကြီး (၁၀) ပါး (သို့မဟုတ်)
ကုက္ကုစ္စ (၁၀) ပါး]
...
(၁) ငယ်ရွယ်စဉ်က ပညာသင်ကြားရန် အခွင့်အရေး
ရပါလျက် ပညာကို မသင်ကြားဘဲ ဆိုးပေတေကာ
ကျောင်းပြေးလုပ်၍ နောင်အခါမှ အသက်မွေးမှု
မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။
(ငယ်စဉ်က ပညာ မသင်ခဲ့မိခြင်း)

(၂) ငယ်ရွယ်စဉ် အခါက ပစ္စည်းဥစ္စာ မရှာမိခဲ့၍
အိုမင်းရင့်ရော် နောင်သောအခါမှ
မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာ ရခြင်း။
(ဒုတိယ အရွယ်က ဥစ္စာ မစုခဲ့မိခြင်း)

(၃) ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့်
ရန်တိုက်ပေးခဲ့ မိသောကြောင့် သေရာညောင်စောင်း
လဲလျောင်းမိသောအခါ “ငါပြုခဲ့မိတာမှားလေခြင်း” ဟု
နောင်တကြီးစွာ ရခြင်း။
(သူတစ်ပါး၏ ချစ်ခင်မှုများကို ဖျက်ဆီးခဲ့မိခြင်း)

(၄) သတ္တ၀ါများအား သနားမဖက်
ရက်စက်ကြမ်းကြုတ်စွာ သတ်ခဲ့မိခြင်းကြောင့်
သက်ရွယ် ကြီးရင့်လာသောအခါ
ယူကြုံးမရ ဖြစ်ကာ နောင်တကြီးစွာ ရခြင်း။
(သူ့အသက်ကို သတ်၍ စားခဲ့မိခြင်း)

(၅) မသွားလာအပ်သော သူ့မယားနှင့် သမီးများကို
သွားလာပေါင်းသင်း ဖျက်ဆီးမိခြင်းကြောင့်
မိမိသားသမီးများ ရလာပါက နောင်တတဖန် ပူပန်ရခြင်း။
(သူတစ်ပါး သားမယားကို ဖျက်ဆီးခဲ့မိခြင်း)
www.facebook.com/youngbuddhistassociation.mm
(၆) များစွာသော ပစ္စည်းဥစ္စာ ဂုဏ်အင်္ဂါနှင့် ပြည့်စုံခဲ့ပါလျက်
“ဒါန”တည်း ဟူသော လှူဒါန်းပေးကမ်းရန် သတိမရဘဲ
မွဲပြာကျကာမှ ငါမလှူခဲ့မိတာ
မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။
(ပစ္စည်းရှိလျက် အလှူဒါန မစွန့်ကြဲခဲ့မိခြင်း)

(၇) မိဘို၊ ဖအိုများကို ကျွေးနိုင်မွေးနိုင် ဥစ္စာအင်အား ရှိပါလျက်
အသက်ထင်ရှား ရှိစဉ်က ကျွေးမွေးရန် သတိမရဘဲ သေလွန်သွားပါမှ
“ငါမကျွေးခဲ့မိတာ မှားလေခြင်း” ဟု နောင်တကြီးစွာ ရခြင်း။
(မွေးမိ၊ မွေးဘတို့ကို မကွယ်လွန်မီ မပြုစုခဲ့ရခြင်း)

(၈) မွေးသည့် မိခင်၊ ဖခင် ကျေးဇူးရှင်တို့အား
မထေမဲ့မြင် ပြုခဲ့ ၊ပြောခဲ့ ၊မိသောကြောင့်
နောင်သောအခါမှ ရင်ထုမနာ ဖြစ်ရခြင်း။
(ကျေးဇူးရှင်များအား ကျေးဇူးကန်းခဲ့မိခြင်း)

(၉) သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော
ရဟန်းကောင်း၊ ရဟန်းမြတ် လူပုဂ္ဂိုလ်များ ရှိပါလျက်
မဆည်းကပ် မကိုးကွယ် မိခြင်းကြောင့်
နောင်တကြီးစွာ ရခြင်း။
(သူတော်ကောင်း၊ ပညာရှိတို့၏ ဆုံးမစကား
နည်းနာများကို မနာယူမိခဲ့ခြင်း)

(၁၀) ငြိမ်သက်သော အကျင့်၊ ခြိုးခြံသောအကျင့်သည်
ကောင်း၏ဟု သူတော်ကောင်းများ ဟောကြားခဲ့ပါလျက်
တွေဝေသည့်အတွက် မကျင့်ကြံခဲ့မိသောကြောင့်
အခါနှောင်းကာမှ နောင်တကြီးစွာ ရခြင်း။
(၀ိပဿနာ တရားများ ကျင့်ကြံအားထုတ်မှု မရှိခဲ့ခြင်း)

ဤ နောင်တတရား စာစုကို ဖတ်ရှုခြင်းဖြင့်
ကုသိုလ်ကောင်းမှုများ ပွားများအားထုတ်နိုင်ကြပါစေ။

ပအိုဝ်း ဘိုးဘွားအမွေအနှစ်တွေကို ဖော်ထုတ်မြှင့်တင်မယ်ဆိုရင်



ပအိုဝ်းအမျိုးသမီးသုံး ဆံတိုး

ပအိုဝ်း မိရိုးဖလာ သနက်ဖက်လုပ်ငန်း


ပအိုဝ်း မီးရူးပွဲ

သထုံမြို့က ပအိုဝ်းတန်ဆောင်တိုင်


လူမျိုးတိုင်မှာ သူ့ကိုယ်ပိုင် ယဉ်ကျေးမှု၊ ဘိုးဘွားစဉ်ဆက်အသုံးပြုခ...ဲ့တဲ့ အမွေအနှစ်၊ ကိုယ်ပိုင်အသုံး အဆောင်များ ရှိကြပါတယ်။ ဒီရှေးအမွေအနှစ်၊ အသုံးအဆောင်များကို ရှေးလူကြီးတွေ အစဉ်တဆက် အသုံးပြုခဲ့လို့ ယနေ့ခေတ်လူတွေလည်း ၄င်းတို့ရဲ့ နေ့စဉ် လှုပ်ရှားသွားလာမှု ဘ၀တွေမှာ တွေ့မြင်ကြရပါတယ်။

ပအိုဝ်းတိုင်းရင်းသားများမှာလည်း ၄င်းတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုပုံစံ၊ မိရိုးဖလာ အသုံးအဆောင်ပစည်းတွေ၊ အသက်မွေးဝမ်းကျောင်းနှင့်ပတ်သတ်ရာ ကိုယ်ပိုင်ဖန်တီးကိရိယာ ပစ္စည်းတွေ၊ ၀တ်စားဆင်ယင်မှုနှင့် ဆက်နွယ် တဲ့ အသုံးအဆောင်တွေ အမှတ်သား သင်္ကေတတွေ ရှိခဲ့ပါတယ်။ ဒါဟာ ပအိုဝ်းတိုင်းရင်းသားများရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု အမွေအနှစ်တွေပါပဲ။ ထိန်းသိမ်းတက်ဖို့ပဲ လိုပါတယ်။

ဒါတွေကို တချို့ လူကြီးတွေ၊ လူငယ်တွေ သတိထားမိချင်မှ ထားမိလိမ့်မယ်။ တချို့က တန်ဖိုးထားတက်ချင်မှ ထားပါလိမ့်မယ်။ တချို့တွေက ယဉ်ကျေးမှု အမွေအနှစ်လို့ ခံယူချင်မှ ခံယူပါ့မယ်။ သို့ပေမယ့် ဒါတွေဟာ ပအိုဝ်းတိုင်းရင်းသားနဲ့ ဆိုင်တဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေပါ။ ဆက်လက်ရှာဖွေ ဖော်ထုတ်ပြီး၊ မြှင့်တင်ဖို့ လိုအပ် ပါတယ်။

ပအိုဝ်းတိုင်းရင်းသားတွေရဲ့ မိရိုးဖလာခြံလုပ်ငန်းမှာ ပုံမှန် အသုံးအပြုလေ့ရှိတဲ့ ပေါက်တူး၊ တောင်း၊ ပလိုင်း၊ ဓါးစတဲ့ ကိရိယာ ပစ္စည်းတွေဟာ ကျတော်တို့ရဲ့ ကိုယ်ပိုင် မိရိုးဖလာအသုံးအဆောင်ပါ။ ဒါတွေဟာ ကျတော်တို့ရဲ့ ဘိုးဘွားအသုံးအဆောင်၊ အမွေအနှစ်တွေပါ။ မှတ်တမ်းတင်ပြီး ပြန်လည်ဖော်ထုတ်ပြသဖို့ လိုအပ်ပါတယ်။ ပအိုဝ်းများရဲ့ တောင်ယာခြံလုပ်ငန်းနဲ့ ပတ်သတ်တဲ့ လူမှုဘ၀ကို ပုံဖော်စေဖို့ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုအက တခုအဖြစ် ပေါ်ပေါက်လာအောင် လုပ်ဆောင်ရင် ပအိုဝ်းယဉ်ကျေးမှု အမွေအနှစ်တရပ်ကို ထိန်းသိမ်းရာရောက်ပါတယ်။ ဥပမာအားဖြင့် ပအိုဝ်းတိုင်းရင်းသားများရဲ့ တောင်ယာ ခြံလုပ်အက၊ မီးရူး- မိုးခေါ်အက၊ သနပ်ဖက် ၊ လက်ဖက် စိုက်ပျိုးပုံ နှင့် ခူးပုံအက စတဲ့ မိရိုးဖလာနှင့်ဆိုင်တဲ့ လုပ်ငန်းတွေ၊ အလေ့အထတွေကို ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် ဖော်ထုတ်၊ မြှင့်တင်ဖို့ လိုအပ်ပါတယ်။

အရင်ကဆို ရှေးခေတ် အောက်ပြည် ပအိုဝ်း (တောင်သူ) တွေမှာ မိရိုးဖလာ လက်မှုလုပ်ငန်း ကျွမ်းကျင်ကြတယ် လို့ သမိုင်းများက ဆိုပါတယ်။ ရှေးခေတ် အိမ်ဆောက်တဲ့အခါ လိုအပ်တဲ့ ကိရိယာ ပစ္စည်းများကို ကိုယ်တိုင်ဖန်တီးတက်မှု၊ အိမ်တွင်းအသုံးအဆောင်ဖြစ်တဲ့ သစ်ယောင်းမ၊ ခွက်၊ ပန်ကန်းတွေကို ပြုလုပ်ဖန်တီးမှု၊ ခြံ၊တောင်ယာသုံးဖြစ်တဲ့ ပေါက်တူး၊ ထွန်ခြစ်၊ ဓါး၊ သစ်လေးခွ စတာတွေကို ဖန်တီးလုပ်ဆောင်တက်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ယနေ့အချိန်မှာတော့ ပျောက်ကွယ်ခဲ့ကုန်ပါပြီး။ ယနေ့ခေတ် ပအိုဝ်းလူငယ်တွေလည်း သိရှိသူ နည်းပါးလှပါတယ်။

နောက်ပြီး ပအိုဝ်းတိုင်းရင်းသားများရဲ့ ရှေးလက်ခံယုံကြည်မှု ဖြစ်တဲ့ မွိုးနဂါး- ဖာဝိဇ္ဇာ ဆိုတဲ့ ယဉ်ကျေးမှုကို ပုံဖော်စေတဲ့ အကတွေ၊ ရိုးရာဝတ်စားဆင်ယင်မှုတွေ၊ အသုံးအဆောင် ပစ္စည်းတွေကို ပြန်လည်ဖော်ထုတ်ပြီး ပအိုဝ်းကိုယ်ပိုင်ယဉ်ကျေးမှုသဖွယ် ထင်ထင်ရှားရှား လုပ်ဆောင်နိုင်ရင် ယနေ့ခေတ် ပအိုဝ်းလူငယ်လူရွယ်တွေ ပအိုဝ်းအမျိုးသားအမွေအနှစ်တွေကို ဆက်လက် လက်ဆင့်ကမ်း ထိန်းသိမ်း၊ ဂုဏ်ယူနိုင်ပါလိမ့်မယ်။

ဒါမဟုတ်ရင် ကိုယ့် ပအိုဝ်းကိုယ်ပိုင်ယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်မှု၊ ထိန်းသိမ်း တန်ဖိုးထားတက်မှု မရှိဘဲ တခြားသော ယဉ်ကျေးမှုအသုံးအဆောင်တွေကို ကိုယ့်ယဉ်ကျေးမှုအမွေအနှစ်သဖွယ် ပြသ၊ မှတ်တမ်းတင် နေရင်၊ ပအိုဝ်းများရဲ့ တကယ်စစ်မှန်တဲ့ ပအိုဝ်းကိုယ်ပိုင်ယဉ်ကျေးမှု၊ အမွေအနှစ်၊ အသုံးအဆောင် ပစ္စည်း တွေမှာ မကြာမှီ တိမ်ကော၊ ပျောက်ကွယ်သွားနိုင်ပါတယ်။

ဒါကြောင့် ယနေ့ခေတ် ပအိုဝ်းလူငယ်များ မိမိတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖော်ထုတ်မြှင့်တင်ပြီး ထိန်းသိမ်း ခံယူတက်ဖို့ လိုပါတယ်။

ခွန်နီပအိုဝ်း

ပအိုဝ်းအမျိုးသားခေါင်းစဉ်အောက်မှာ အတူတကွ လုပ်ဆောင်သွားမယ်ဆိုရင်

ကျတော်တို့ ပအိုဝ်းတွေ နေထိုင်ရာဒေသကွဲပြားကြတယ်။ စကားပြော လေယူလေသိမ်း ကွာခြားကြတယ်။ ရိုးရာ ဓလေ့ထုံးထမ်းနှင့် ပြုမှုနေထိုင်ပုံချင်း အနည်းငယ်စီ ကွဲပြားခြားနား ကြတယ်ဆိုတာ ဟုတ်ပါတယ်။ သို့ပေမယ့် ကျတော်တို့ဟာ ယနေ့အချိန်အထိ ပအိုဝ်း အမျိုးသားခေါင်းစဉ်အောက်မှာ တစုတစည်းတည်း၊ အတူတကွ လုပ်ဆောင်နေကြတုန်းပါပဲ။ ဆက်လက်လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်။

တောင်ပေါ်၊မြေပြန့်ရှိ ကျတော်တို့ ဘိုးဘွားတွေဟာ အမျိုးသားရေးအတွက် ပအိုဝ်းအမျိုးသားခေါင်းစဉ်အောက်မှ အပြန်အလှန် ကူးလူဆက်ဆံပြီး၊ လုပ်ဆောင်ခဲ့ကြတယ်ဆိုတာ ရှေးခေတ် ပအိုဝ်းအမျိုးသားတော်လှန်ရေး သမိုင်းမှအစ နောက်ဆုံး အမျိုးသား ယဉ်ကျေးမှု၊ စာပေနှင့် ကိုးကွယ်ရာ ယုံကြည်မှုတွေမှာပါ အတူတကွ ညှိနှိုင်းလုပ်ဆောင်ခဲ့ကြတာကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။

ကျတော်တို့ဟာ ပအိုဝ်းအမျိုးသားရေးအတွက် ရှေးပအိုဝ်းလူကြီးတွေ လုပ်ဆောင်ခဲ့သလို ယနေ့အချိန်မှာလည်း တခုတည်းသော ခေါင်းစဉ်အောက်မှာ အတူတူ အလုပ်လုပ်ရမှာပါ။ အတူတူ တိုင်ပင်ညှိနှိုင်းမှု ရှိရမှာဖြစ်ပါတယ်။ တချိန်ကျရင် ပအိုဝ်းတမျိုးသားလုံးနှင့်ဆိုင်တဲ့ အရေးကိစ္စ အထူးသဖြင့် နိုင်ငံရေးကိစ္စတွေ ဆွေးနွေးပြောလာတဲ့အခါမှာ မြန်မာပြည်တွင်းရှိ၊ ပြည်နယ်အသီးသီးမှာ နေထိုင်နေတဲ့ကြတဲ့ ပအိုဝ်းတိုင်းရင်းသားတွေက အပြန်အလှန် ထောက်ခံအားပေးမှု၊ တိုင်ပင်ညှိနှိုင်းမှု၊ ပါဝင်ပူးပေါင်းမှုတွေကိုတော့ လုပ်သွားရပါလိမ့်မယ်။

ကျတော်တို့ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းတွေဟာ အခြားသော ကရင်၊ မွန်၊ ကယားပြည်နယ် နှင့် ပဲခူးတိုင်းဒေသရှိ ပအိုဝ်း လူဦးရေထက် ရှမ်းပြည်မှာ အများဆုံး နေထိုင်ပါတယ်ဆိုတာ ဟုတ်ပါတယ်။ ရှမ်းပြည်တောင်ပိုင်းဟာ ကျတော်တို့ ပအိုဝ်းတော်လှန်ရေး အုပ်မြစ်ချခဲ့ရာအရပ်၊ နယ်ပယ်အသီးသီးမှ ပအိုဝ်းခေါင်းဆောင်များ လာရောက်စုဆုံပြီး ပအိုဝ်းအမျိုးသား တော်လှန်ရေးကို ရှင်သန်စေတဲ့အရပ်လည်း ဖြစ်ပါတယ်။ ဒါ့ပြင် ပအိုဝ်းတော်လှန်ရေးအတွက် ပအိုဝ်းပြည်သူတွေ ထဲထဲဝင်ဝင် ကူညီပံ့ပိုးပြီး မပြီးသေးတဲ့ တော်လှန်ရေးကို ယနေ့ထက်ထိ ဆက်လက်လုပ်ဆောင်နေ လျက် ရှိနေပါတယ်။

ပအိုဝ်းအရေးနှင့်ပတ်သတ်လာရင် ပအိုဝ်းတွေ မြန်မာပြည် အထက်အောက် သီးခြား စီနေထိုင်ကြပြီး၊ စုပေါင်းလုပ်ဆောင်တဲ့အခါ ခက်ခဲတယ်လို့ ပြောကြပေမယ့် တကယ်တမ်းတော့ ပအိုဝ်းတွေမှာ အားသာချက်တွေ များစွာ ရှိပါတယ်။ ကျတော်တို့တွေ စုစုစည်းစည်းနှင့် ညီညွတ်မှုကို လုပ်ဆောင်နိုင်ရင် ကျတော်တို့မှာ နိုင်ငံရေး အခွင့်အရေးများစွာ ရှိပါတယ်။

ကရင်ပြည်နယ်မှာ နေထိုင်တဲ့ ပအိုဝ်းတွေဟာ ကရင်ပြည်နယ်က လူများစုကရင်များနှင့် သဟဇာတ ရှိပါတယ်။ အပြန်အလှန် အကျိုးစီးပွားခြင်းထိဆက်နေပါတယ်။ ကရင်ပြည်နယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှ ဒေသတွင်း လူများစု ကရင်များနှင့် ညီအစ်ကို မျိုးနွယ်စုချင်းပမာ တသွေးတသာတည်း ရှိပါတယ်။ မွန်ပြည်နယ်ရှိ ပအိုဝ်းများလည်း လူများစု မွန်လူမျိုးများနှင့် အပြန်အလှန် ရိုင်းပင်းမှု ရှိကြပါတယ်။ ရှည်လျားသော ခေတ်ဟောင်း သုဝဏ္ဏဘုမ္မိသထုံ သမိုင်းရာဇ၀င်ကို ကိုယ့်ရှု့ထောင့် သူ့ရှု့ထောင့်နှင့် ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် သက်ဝင်ယုံကြည် လက်ခံနေကြပါတယ်။ နောက်ဆုံးအထိ ပအိုဝ်းလူနည်းစု ကိုယ်စားလှယ် တစ်ဦးစီ သက်ဆိုင်ရာပြည်နယ်တွေမှာ ပေါ်ထွန်းလာတဲ့အထိ အပြန်အလှန် သဟဇာတရှိနေပါပဲ။ ပဲခူးတိုင်းက ပအိုဝ်းတွေလည်း ထို့နည်တူပါပဲ။

ဒါကြောင့် တမျိုးသားလုံးနှင့်ဆိုင်တဲ့ ပအိုဝ်းအရေးအတွက်ဆိုရင် ဘယ်ပြည်နယ်မှာ နေထိုင်နေတဲ့ ပအိုဝ်းမဆို ဒေသတွင်းပြည်နယ်တခုချင်းဆီကသော်လည်ကောင်း၊ ကိုယ်နေထိုင်ရာအခြားသော တိုင်းရင်းသားအုပ်စုတွေ ကြားကသော် လည်ကောင်း၊ ပြည်နယ် လွတ်တော်တွေကြား ကသော်လည်ကောင်း အပြန်အလှန် အရေးဆိုနိုင်ပါတယ်။

ကျတော်တို့မှာ ပအိုဝ်းအရေးအတွက် လုပ်ဆောင်နိုင်မယ့် လုံလောက်တဲ့ လူဦးရေ ရှိပါတယ်။ အမျိုးသားနိုင်ငံရေးပါတီတွေလည်း ရှိလာပါပြီး။ ကျန်နေသေးတဲ့ ပအိုဝ်း တော်လှန်ရေးတပ်လည်း ရှိပါတယ်။ အခြားသော ပြည်နယ်များမှာ ပြန့်နှံနေထိုင်နေတဲ့ ပအိုဝ်းတွေဟာလည်း ကျတော်တို့အတွက် အားသာချက် ဖြစ်ပါတယ်။

တချိန်ကြရင် စစ်မှန်တဲ့ မြန်မာပြည် ဖယ်ဒရယ်ပြည်ထောင်စု စနစ်တည်ဆောက်သည့်အခါ လက်ရှိအများဆုံး နေထိုင်နေတဲ့ ရှမ်းပြည်၊ တောင်ပိုင်းက ပအိုဝ်းလူဦးရေကလည်း ပြည်နယ်သစ် ဖွဲ့စည်းဖို့ ဖယ်ဒရယ်နည်းနာ၊ ၀ိသေသများနှင့် ကိုက်ညီ၊ ဘောင်ဝင်ပါတယ်။ အထူးသဖြင့် “ပအိုဝ်းပြည်နယ်သစ်” ဖွဲ့စည်းဖို့၊ မြန်မာပြည် ပြည်ထောင်စုသစ်ထဲမှာ ပြည်နယ် တပြည်နယ်အဖြစ်ပါဝင်ဖို့ လကဏာများနှင့် ပြည်စုံတယ်လို့ ဆိုရမှာပါ။

ဒါကြောင့်မို့ ကျတော်တို့တွေ ဘယ်လိုပုံစံ နိုင်ငံရေးအဆင့်အတန်း သတ်မှတ်ခြင်သလဲဆိုတာပဲ လိုပါတယ်။ ပအိုဝ်းအားလုံးနှင့်သာ သက်ဆိုင်ပါတယ်။ ပအိုဝ်းအရေးအတွက် သက်ဆိုင်ရာပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့ ပအိုဝ်းတွေက အကျိုးစီးပွားချင်းနီးစပ်တဲ့ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းယူရမှာပါ။ အပြန်အလှန် ထောက်ခံအားပေးမှု ကို ပြည်နယ်တွင်းသာမက၊ အခြားပြည်နယ်တွေ၊ အခြားနိုင်ငံရေးပါတီ ကြီးတွေ၊ ပြည်ထောင်စုလွတ်တော်တွေမှာပါ လုပ်ဆောင်ဖို့ လိုပါတယ်။

သို့ပေမယ် ဘယ်လို ပအိုဝ်းအရေးအတွက် လုပ်ဆောင်သည်ဖြစ်စေ၊ ပအိုဝ်းတို့ရဲ့နိုင်ငံရေး အဆင့်အတန်း တရပ်ကို ချမှတ်နိုင်အောင် လုပ်ဆောင်သည်ဖြစ်ပါစေ လက်ရှိ ပအိုဝ်းလူဦးရေ အရေအတွက်ထက် အရည်အချင်း ရှိထားမှုက ကျတော်တို့ ပအိုဝ်းတွေမှာ အလိုအပ်ဆုံးပဲလို့ ဆိုရမှာပါ။

နိုင်ငံရေး အရည်အသွေး ပြည့်ဝလာအောင် ၊ခေတ်အမျှော်အမြင်ရှိ လူငယ်တွေ ပေါ်ထွန်းလာအောင်၊ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး ရေစီးကြောင်းထဲ သွားနိုင်တဲ့ ပအိုဝ်းလူငယ်လူရွယ်တွေ များများ ရှိလာအောင် မွေးထုတ်ဖို့ လိုအပ်ပါတယ်။ ဒါတွေကို တဖြည်းဖြည်း ပြောင်းလဲ လာတဲ့ မြန်မာပြည် နိုင်ငံရေးစီးကြောင်းကို အမှီပြုပြီး ပညာရေးဘက်မှ တဆင့် လုပ်ယူသွားရပါလိမ့်မယ်။

ခွန်နီပအိုဝ်း

Feb 16, 2014

အမျိုးချစ်စိတ်၊ မြတ်နိုးစိတ်နှင့်သာ ပအိုဝ်း အမျိုးသားလက္ခဏာကို ထိန်းသိမ်းနိုင်မည်။


လူမျိုးတစ်မျိုး၏ စာပေနှင့် စကားမှာ လူမျိုးတစ်မျိုး ရှင်သန်ရေး နှင့် ရေရှည်တည်တံရေးအတွက် အဓိက ရေသောက်မြစ်လို့ ဆိုနိုင်ပါတယ်။ ယဉ်ကျေးမှု၏ အခန်းကဏ္ဍမှာလည်း လူမျို...းတစ်မျိုး မပပျောက်ရေးအတွက် အရေးပါ အရာရောက်လှပါတယ်။

ယနေ့အချိန်မှာ ခေတ်ရေးစီနှင့် ဂလိုဘလိုင်ဇေရှင်းများကြောင့် လူမျိုးတိုင်း၏ ယဉ်ကျေးမှုများမှာ ခေတ်ပေါ်ယဉ်ကျေးများနှင့် ရောစပ်ပြီး တိုးတက်ထွန်းကားလာပါတယ်။ အမြင်ဆန်၊ အသစ်ဆန်တွေနဲ့ ထီထွင်ဖန်တီလာကြတယ်။ ထို့အတူ စာပေတွေ၊ စကားတွေ၊ အနုပညာတွေ၊ အတွေးအခေါ်တွေပါ တိုးတက်ဖွံ့ဖြိုးလာတာ ငြင်းဆန်လို့ မရပါဘူး။

ဒီလိုအခြေအနေများကြောင့် လူမျိုးစုငယ်များပါ ရိုက်ခတ်မှုတွေ ရှိလာပါတယ်။ လူမျိုးကြီးများရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်မှု ပုံစံတွေပါ လူမျိုးစုငယ်ကြား လွှမ်းမိုးခြင်းများ ပိုမိုရှိလာပါတယ်။ အချို့ဆိုရင် အမျိုးသား လက္ခဏာ (သို့) လူမျိုးငယ်တခုလုံးတောင် ပပျောက်သွားဖို့ ရှိနေပါတယ်။ ဒါတွေက သက်ဆိုင်ရာ နိုင်ငံတိုင်းရှို လူဦးရေအရ၊ ယဉ်ကျေးမှုအရ နယ်ပယ်အသီးသီးကို ဦးဆောင်နေသည့် လူများစုတွေ၊ လူမျိုးကြီးတွေရဲ့ လွှမ်းမိုးမှု ဖြစ်တယ်ဆိုတာ နိုင်ငံတိုင်းမှာ ရှိတက်စမြဲပါ။ တွေ့ရစမြဲပါပဲ။ ဒါကို လူမျိုးရေး ကျဉ်းမြောင်သည့် အမြင်နှင့် ကြည့်ပြီး ပြောတာတော့ မဟုတ်ပါဘူး။

ဒေသတွင်း၊ နယ်ပယ်အတွင်းရှိ မထင်မရှား လူမျိုးစုငယ်များအဖို့တော့ ၄င်းတို့လူမျိုးနှင့် အမျိုးသားလက္ခဏာများ ဘယ်နေ့ ပျောက်သွားမလဲ၊ ယဉ်ကျေးမှု ဘယ်တော့လွှမ်းမိုးခံရမလဲ၊ ဘာသာစကား ဘယ်တော့ တိမ်ကောမလဲဆိုတာပဲ စိုးရိမ်နေရပါတယ်။ အမှန်တကယ်လည်း လူနည်းစုတိုင်းရင်းသားများ ပျောက်ကွယ်ဖို့ဆိုတာ လွယ်ကူလှပါတယ်။ ယနေ့အချိန်မှာလည်း ဒီအခြေအနေမျိုးကို ရင်ဆိုင်နေရပါပြီး။ မြန်မာနိုင်ငံမှာလည်း သာဓကတွေ၊ သင်ခန်းစာတွေ အများကြီး ရှိခဲ့ပါတယ်။

ခေတ်အခြေနေများကြောင့် ယခင်လူမျိုးစုကြီးဘ၀မှ ကိုယ်ထီးကိုယ့်နန်း နှင့် နေထိုင်ခဲ့တဲ့ အချို့တိုင်းရင်းသားများစွာ လူမျိုးစုငယ်ဘ၀ ရောက်သွားခဲ့ပြီး ယဉ်ကျေးမှု၊ စာပေ နှင့် အမျိုးသားအမွေအနှစ်တွေ ပျောက်ကွယ်၊ လွှမ်းမိုးခံရတာတွေလည်း မြန်မာ့သမိုင်းမှာ ရှိခဲ့ပါတယ်။ ဒါဟာ စစ်ကြောင့် ဖြစ်နိုင်သလို၊ အချင်းချင်း နယ်မြေချဲ့ထွင်မှုများကြောင့် ဖြစ်နိုင်သလို၊ လူမျိုးကြီးသူမှ ငယ်သူသို့ သိမ်းသွင်းမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာသာ၊ အယူဝါဒကို အခြေခံပြီး လွှမ်းမိုးနယ်ချဲ့မှုလည်း ဖြစ်နိုင်ပါတယ်။

ယနေ့အချိန်မှာ ကမ္ဘာကြီး ကွန်ယက် ဆက်နွှယ်မှုများကြောင် နိုင်ငံကြီးသေး၊ လူမျိုးစုကြီးသေး မကျန် အကျိုးများစွာ ရရှိလာတယ်။ ဖွံဖြိုးလာတယ်။ လူသားတွေ ပိုပြီး အပြန်အလှန် နည်းပညာအရ ချိတ်ဆက်လာတယ်။ လူမှုရေးအရ ကူးလူဆက်ဆံလာတယ်။ လက်ထက်ပေါင်းသင်ကြတယ်။ အခြားယဉ်ကျေးမှုက အခြား ယဉ်ကျေးမှုကို လွမ်းမိုးလာတယ်။ ဒါက ၂၁ ရာစု၏ အခြေအနေသစ်၊ ပုံစံသစ်ပါ။ ယခင် လက်နက်အားကိုး နယ်ချဲ့သည့် အခြေအနေသည့်ခေတ်နှင့် တူချင်မှ တူပါမယ့်။

ဒါကြောင့် ကိုယ့်ပအိုဝ်းယဉ်ကျေးမှု၊ ကိုယ့်စာပေ၊ ကိုယ့်စကား၊ ကိုယ့်ဘိုးဘွားအမွေအနှစ်တွေကို ကိုယ်တိုင်ထိန်းသိမ်းမှ၊ အထင်ကြီးမှ၊ ချစ်တက်မှ၊ နောင်လာနောက်သားတွေကို လက်ဆင့်ကမ်းနိုင်မှ ပအိုဝ်း လူမျိုးတစ်မျိုးအဖြစ် အနာဂတ်မှာ ရှင်သန် ကျန်ရစ်နေထိုင်နိုင်မည်။

ပအိုဝ်းစကား သင်ကြားခွင့်မရှိလို့၊ အစိုးရက ဖမ်းမှာ ကြောက်လို့၊ မိဘများနှင့် လူကြီးများက ကူညီထောက်ပံ့မှု မရှိလို့ဆိုတာ လက်တလော ဖြစ်နိုင်ပေမယ့် ကိုယ့်အမျိုးသား မပပျောက်ဖို့ဆိုတာ ကိုယ်တိုင် ထိန်းသိမ်းခြင်မှ ရပါမည်။ ကိုယ်တိုင် အထင်ကြီးကြီး သင်ချင်၊ တက်ချင်၊ ပြောချင်၊ ထိန်းသိမ်းခြင်းစိတ်ရှိမှ ပအိုဝ်း အမျိုးသား လက္ခဏာ၊ လူမျိုး ရေရှည် တည်တံနိုင်မည်။

ခေတ်ချိန်ခါအရ ကိုယ်တိုင် မြတ်နိုးချင်မှ၊ အသိတရားဖြင့် ထိန်းသိမ်း တန်ဖိုးထားနိုင်မှ ကိုယ့်အမျိုးသားလက္ခဏာမှာ မြန်မာတိုင်းရင်းသား လူမျိုးများအကြား ရှင်သန်နေနိုင်မည်။ သည့်အတွက် ကိုယ့်ကိုယ်တိုင် လုပ်ဆောင်နိုင်မှ တော်ရာကျပါတယ်။ ခေတ်စနစ်ကြောင့်၊ အာဏာရှင်အစိုးရ တစ်စုကြောင့်၊ လူမျိုးကြီးဝါဒများကြောင့် ကိုယ့်အမျိုးသား ယဉ်ကျေးမှု၊ စာပေ၊ စကား ပျောက်ကွယ်သွားခဲ့ရတယ်လို့ ယနေ့အချိန်မှာ ဝေဖန်ပြောဖို့၊ အပြစ်တင်ဖို့ဆိုတာ ခက်ခဲသွားလေပြီး။


ခွန်နီပအိုဝ်း

Feb 13, 2014

တွေ့မြင်နိုင်သေးတဲ့ နေ၊ လ ဆိုတဲ့ ပအိုဝ်း သာသနာ့ အလံ


မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုတွေတိုင်းမှာ ကိုယ်ပိုင်အမျိုးသား...အလံ၊ အဖွဲ့အစည်းအလံ၊ တော်လှန်ရေးအလံ၊ ပါတီအလံဆိုတဲ့ အလံအမျိုးမျိုးရှိကြပါတယ်။ အလံတိုင်းလည်း သူ့အဓိပါယ်၊ သူ့ခံယူချက်၊ ဦးတည်ချက်တွေက တခုနဲ့တခု တူညီချင်မှ တူကြပါတယ်။ သို့ပေမယ့် မြန်မာနိုင်ငံမှာ လူများစုကိုးကွယ်တဲ့ သာသနာ့အလံကတော့ တမျိုးတည်းသာ အသုံးပြုနေတာကို တွေ့ရပါတယ်။ ကမ္ဘာတ၀န်းရှိ ဗုဒ္ဓဘာသာကို ကိုယ်စားပြုတဲ့ အလံကို ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံတွေက သာသနာ့ အလံအဖြစ် သုံးနေကြပါတယ်။

မြန်မာနိုင်ငံရှိ ပအိုဝ်းတိုင်းရင်းသားများမှာလည်း အမျိုးသားလုံးဆိုင်ရာ အလံ၊ ပါတီ၊ အဖွဲ့အစည်းအလံ အသီးသီး ရှိပါတယ်။ ထိုအထဲမှာ ပအိုဝ်း သာသနာ့အလံက ထူးခြားမှု ရှိနေပါတယ်။ ပအိုဝ်းတိုင်းရင်းသားများရဲ့ သာသနာ့အလံမှာ မြန်မာနိုင်ငံမှာ လူများစုသုံးနေတဲ့ အလံပုံစံ မဟုတ်ပါဘဲ ကိုယ်ပိုင် သီးသန့် အလံဖြစ် နေပါတယ်။ ယနေ့ထက်ထိ အသုံးပြုနေတာကို တွေ့မြင်ရပါတယ်။

မြန်မာပြည်အောက်ပိုင်း (ခမ်းဒွမ်) ပအိုဝ်းဒေသတွေဘက်၊ အထူးသဖြင့် သထုံခရိုင်အတွင်းရှိ သက္ကတောင်တန်း ဘက်တွေ၊ အလံတရာဘုရားဘက်တွေ၊ ကရင်ပြည်နယ်အတွင်းရှိ သာမညဘက်တွေမှာ ယနေ့ထက်တိုင်း ပအိုဝ်းတိုင်းရင်းသားကို ကိုယ်စားပြုတဲ့ နေ နှင့် လ ပုံစံ- သာသနာ့အလံကို အသုံးပြုနေဆဲပါပဲ။ တောင်ပေါ် ပအိုဝ်းဒေသဘက်မှာတော့ နေ နှင့် လ တံဆိပ်ပါ ပအိုဝ်းသာသနာ့အလံကို သုံးတာတော့ တွေ့ရလေ့ မရှိပါဘူး။ ယခင်က ရှမ်းပြည်နယ်၊ ဆီဆိုင်ဘက်တွေမှာ အသုံးပြုတယ်လို့ ကြားဖူးလေ့ရှိပါတယ်။

မြေပြန့် (ခမ်းဒွမ်)ပအိုဝ်းတွေ အသုံးပြုတဲ့ သာသနာ့အလံက အဖြူရောင် ပိတ်စပေါ်မှာ နေ၊ လဆိုတဲ့ သင်္ကေတ နှစ်ခုကို ယှဉ်ပြီး ဖော်ပြထားပါတယ်။ ၄င်းသင်္ကေတ က သူရိယ စန္ဒာမင်းကြီးရဲ့ မွေးနေ့ဖြစ်တဲ့ နေ၀င်၊ လထွက်အချိန်ကို ကိုယ်စားပြုပြီး ဖြစ်ပေါ်လာတယ်လို့ ဆိုကြပါတယ်။ မင်းကြီးရဲ့ ကျေးဇူးတော်ကြောင့် ပအိုဝ်းတိုင်းရင်းသားများ ဗုဒ္ဓသာသာကို စတင်ကိုးကွယ်ခွင့် ရရှိခဲ့သည့်အတွက် ၄င်းမွေးနေ့ကို အစွဲပြုပြီး နေ၊ လ ပါတဲ့ ပအိုဝ်းသာသနာ့အလံကို ထင်ရှားတဲ့ ပအိုဝ်းဆရာတော်တွေက ယနေ့ထက်ထိ အသုံးပြုခဲ့တယ်လို့ ပအိုဝ်းသမိုင်း အချက်အလက်များက ဆိုပါတယ်။

ယနေ့ထက်တိုင် နေ၊ လ အလံကို ပအိုဝ်းသာသနာ့အလံအဖြင့် ခမ်ဒွမ်းဘက်က ဘာသာရေးပွဲတွေ၊ အလှူပွဲတွေ၊ ပအိုဝ်းအမျိုးသားပွဲတွေ၊ စာပေနှင့် ယဉ်ကျေးမှုပွဲတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတာကို တွေ့ရနေသေးပါတယ်။ တချို့ဆိုရင် နေ၊လ သင်္ကေတကို ဆိုင်းပုတ်တွေ၊ ပအိုဝ်းဘုန်းကြီးကျောင်း မုဒ်ဝတွေမှာ ရေးထိုးတက်တာကို တွေ့မြင်နိုင်သေးပါတယ်။

ဒါက ပအိုဝ်းတွေ ရှေးလက်ခံယုံကြည်မှုအရ ဖြစ်ပေါ်လာတဲ့ ပအိုဝ်းသာသနာ့ အလံပါ။ ပအိုဝ်းတွေရဲ့ ထူးခြားတဲ့ ရှေးဟောင်း အမွေအနှစ်တခုလို့ ပြောလို့လည်း ရပါတယ်။

Feb 8, 2014

ရှေးဓါတ်ပုံကပြောတဲ့ ရှေးပအိုဝ်းအမျိုးသမီး ၀တ်စားဆင်ယင်မှုပုံစံ။


ပအိုဝ်းအမျိုးသမီးဝတ်စုံက ရှေးကျလှတယ်လို့ ဆိုရမှာပါ။ အမျိုးသားဝတ်စုံထက်တောင် အရင်ဦးဆုံး ပေါ်ထွန်းလာဟန် ရှိပါတယ်။ ရှေးခေတ် ပအိုဝ်း ရှားပါးဓါတ်ပုံတွေ ကို ပြန်ရှာကြည့်လိုက်ရင် ပအိုဝ်းအမျိုးသမီး ၀တ်စုံကို ထင်ထင်ရှားရှား တွေ့ရှိတက်ပါတယ်။ အမျိုးသားဝတ်စုံကိုတော့ ပေါ်ပေါ်လွင်လွင် မတွေ့ရပါဘူး။ နောက်ပိုင်းမှ လူမှုနေထိုင်မှု တိုးတက်ပြောင်းလဲလာမှုများကြောင့် အမျိုးသားဝတ်စုံ ဖြစ်ပေါ်လာဟန် ရှိပါတယ်။

ဓါတ်ပုံထဲမှ ၁၉၀၀ ခုနှစ်က ရှေးပအိ...ုဝ်း(တောင်သူ) အမျိုးသမီးရဲ့ ၀တ်စားဆင်ယင်ပုံ လို့ ပြောထားပါတယ်။ ဒီဓါတ်ပုံထဲကိုတော့ သထုံဘက်ကလို့ ဆိုပါတယ်။ သထုံဆိုတော့ ရှမ်းပြည် ဆီဆိုင်(ယခင်အခေါ် သထုံလေးလား)၊ မွန်ပြည်နယ်က သထုံကြီးလား ဆိုတာတော့ ပြောရခက် ပါတယ်။ သထုံကြီးရှိရင် ရှေးပအိုဝ်းတို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းကြောင်း ဖြစ်တည်ရာ မှုရင်းနေရာဖြစ်နိုင်ပါတယ်။

စ၀်ခွန်ကြည်ရဲ့ ရှမ်းပြည်အမှားတော်ပုံ သမိုင်းမှတ်တမ်းမှာ ပအိုဝ်းတွေ ကို ရှေးယခင်က တောင်သူလို့ ခေါ်ပါတယ်။ ၄င်း၏ သုံးနုန်းဖော်ပြထားတာကို ကြည်ခြင်းအားဖြင့် ပအိုဝ်းတွေဟာ တောင်သူအဖြစ် မြန်မာပြည်အောက်ပိုင်း သထုံဒေသနှင့် အခြားဒေသများမှာ သီးသန့်လူမျိုးတစ်မျိုးအဖြစ် ထင်ထင်ရှားရှား ရှိနေခဲ့ပါတယ်။ ဒီရှေးဓါတ်ပုံကလည်း သထုံကြီးဒေသဘက်ကလည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး သထုံကြီးဘက် မှာ ရှေးပအိုဝ်းဘိုးဘွားတွေဟာ ပအိုဝ်းဝတ်စုံကို တ၀က်တပျက် ၀တ်ဆင်တက်တဲ့ အလေ့အထရှိပါတယ်။ ဥပမာ။ ။ အပေါ်က ပအိုဝ်းခေါင်းပေါင်း-အောက်က ဗမာလုံချည်၊ အောက်က ပအိုဝ်းဘောင်းဘီ-အပေါ်က ဗမာခေါင်းပေါင်းအစသဖြင့် ၀တ်လေ့ရှိတက်ပါတယ်။

ပအိုဝ်းအမျိုးသမီးဝတ်စုံနှင့် ပတ်သတ်ပြီး ရှေးခေတ်မှာ ပအိုဝ်းဝတ်စုံကို ပုံစံအမျိုးမျိုးနဲ့ ဒေသအလိုက် ၀တ်ဆင်ကောင်း ၀တ်ဆင်ကြလိမ့်မယ်။ ဒါကြောင့်မို့လဲ ရှေးခေတ် ပအိုဝ်းဓါတ်ပုံအချို့မှာ အနည်းငယ်စီ ကွဲပြားတဲ့ အမျိုးသမီးဝတ်စုံတွေကို တွေ့ရလေ့ရှိပါတယ်။
ယနေ့ခေတ်မှာတာ့ ဒီလို ရှားပါးတဲ့ ၀တ်စားဆင်ယင်မှုပုံစံတွေကို ပအိုဝ်းအမျိုးသမီး ၀တ်စုံတွေထဲမှာ တွေ့ရခဲပါတယ်။ သို့ပေမယ့် ပအိုဝ်းတိုင်းရင်းသားအမျိုးသမီးဝတ်စုံကို ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဌာနမှ ပြန်လည်ဖော်ထုတ်ပြီး မြှင့်တင် ထိန်းသိမ်းဖို့ ပြန်လည်လုပ်ဆောင်လာတာကို တွေ့ရတော့ ပိုပြီးကောင်းပါတယ်။

လူငယ်တွေအဖို့လည်း ရှေးခေတ်ဆန်ဆန် ပအိုဝ်းအမျိုးသမီး ၀တ်စားဆင်ယင်မှုမျိုးဟောင်း ကို ပြန်လည်သိရှိခွင့်၊ ပြန်လည်လေ့လာခွင့် ရပါတယ်။ တဘက်တွင်လည်း ရှေးပအိုဝ်းနေထိုင်မှုနှင့် ၀တ်စားဆင်ယင်မှုပုံစံတွေကို ဒီထက် ပြန်လည်ဖော်ထုတ်၊ မြှင်တင့်၊ထိန်းသိမ်းဖို့ ပိုမို လိုအပ်ပါလိမ့်မယ်။

 https://www.facebook.com/pages/Khun-Nipaoh/1417777945123327

Feb 7, 2014

အာရုံဆွမ်းမစားပဲ ပြန်ကြွခဲ့သည့် ဆရာတော်


 တစ်ခါက မန္တလေးမြို့ စာသင်တိုက်ကြီးတစ်တိုက်မှ 

ဆရာတော်ဘုရားကြီးကို ကျောင်းဒကာလည်းဖြစ် 

ဆွမ်းဒကာလည်းဖြစ် သော ဒကာတစ်ဦးကသူ့သမီးအိမ်ထောင်ကျလို့ 

မင်္ဂလာဦးဆွမ်းကြွေးကြဖို့ပင့်လျှောက်ပါတယ်။


 ဆရာတော်ဘုရားကြီးကလည်း အလွန်ရင်းနှီးတဲ့ကျောင်းဒကာ၊ 

ဆွမ်းဒကာက ပင့်တာဆိုတော့ မင်္ဂလာဦးဆွမ်းကြွေးကို လက်ခံခဲ့ပြီး 

ပင့်လျှောက်တဲ့ရက်ရောက်တဲ့အခါ နောက်ပါ သံဃာလေးပါးနှင့်အတူ 

မညည်းမညူဘဲ မင်္ဂလာဦးဆွမ်းကြွေးပွဲကို ကြွရောက်ခဲ့ပါတယ်။

ဆွမ်းစားနံနက် အာရုံတတ် မင်္ဂလာဦးဆွမ်းစားပါ။ 

အာရုံးဆွမ်းစားဆိုတော့ ဆရာတော်ကြီးကအာရုံမတတ်ခင်ကတည်းက 

ခပ်စောစောလေး ကြွရောက်ခဲ့ပါတယ်။ မင်္ဂလာဦးဆွမ်းစားကို 

ခပ်စောစောလေးကြွရောက်ခဲ့ရတဲ့ ဆရာတော် ဘုရားကြီးရဲ့ 

ရည်ရွယ်ချက်ကတော့ မင်္ဂလာဦးအာရုံဆွမ်းစားဆိုတာ 

တစ်ခြားအာရုံဆွမ်းစားတွေနဲ့မတူပါဘူး။ 

တစ်ခြားအာရုံဆွမ်းစားတွေက ဆရာတော်တွေ ဆွမ်းဘုဉ်းပေးပြီးတာနဲ့ 

လာရောက်တရားနာတဲ့ ပရိသတ်တွေကို တစ်ခါတည်း 

ဧည့်ခံကြွေးမွေးလိုက်ရင် ပြီးတာပါပဲ။ 

မင်္ဂလာဦးဆွမ်းကျွေးကျတော့အဲသည်လိုမဟုတ်ပါတော့ဘဲ

 နေ့ခင်းပိုင်းမှာ  လူတွေကို တသီးတခြား ဧည့်ခံကျွေးမွေးရပါတယ်။ 

အဲဒါကြောင့် မင်္ဂလာဦးဆွမ်းကျွေးပွဲကို ဆရာတော်ဘုရားကြီးက 

အချိန်ပေးပြီး ခပ်စောစောလေး ကြွရောက်ခဲ့တာပါ။

ဆရာတော်ဘုရားကြီးက ဆွမ်းဘုဉ်းမပေးခင် 

တရားအရင်နာကြမယ်လို့ ပြောပါတယ်။ ဆရာတော်ဘုရာကြီးရဲ့ 

စကားကြောင့် တရားနာကြမယ့် ပရိသတ်တွေကလည်း 

လက်အုပ်ကလေးတွေချီပြီး သြကာသကန်တော့ကျိုးဆိုဖို့ 

ဟန်ပြင်နေတုန်း ဆရာတော်ဘုရားကြီးကလက်ကလေးနဲ့ဟန့်တားပြီး 

“ တရားနာရအောင် မင်္ဂလာဦးဆွမ်းကြွေးမယ့် 

သတို့သားရော ခေါ်လိုက်ဦးလေ “ လို့ပြောပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ စကားကြောင့် တရားနာလာရောက်ကြတဲ့ 

ပရိသတ်တွေကလည်း 

ဘာပြန်လျှောက်လို့ လျှောက်ရမှန်းမသိဘဲ ဖြစ်သွားကြပါတယ်။ 

ဘုရားဒကာ၊ ကျောင်းဒကာဆိုသူကလည်း 

ဆွမ်းစားပင့်လျှောက်စဉ်ကတည်းက ဆရာတော်ဘုရားကြီးကို 

သတို့သားနဲ့ပတ်သက်ပြီး ဘာမှ အကြောင်းစုံ 

မလျှောက်ထားတဲ့အတွက် အခုလို ဆရာတော်ဘုရားကြီးက 

သတို့သားကို တရားနာဖို့ ခေါ်ခိုင်းတာ ဖြစ်ပါတယ်။

သတို့သမီးလည်း မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေသလို 

သတို့သမီးမိဘတွေဖြစ်တဲ့ ကျောင်းဒကာ၊ 

ဆွမ်းဒကာ တွေလည်းအနေရ အထိုင်ရခက်နေရပြီး 

တိတ်ဆိတ်ငြိမ်သက်နေကြပါတယ်။ အဲင်္ဒီအချိန်မှာ အသက်ကြီးကြီး 

ဒကာကြီးတစ်ယောက်က

“ ဆရာတော်ဘုရား၊ ဒီင်္ကလေးမရဲ့ မိုက်ပြစ်များကို 

သည်းခံခွင့်လွှတ်ပေးပါဘုရား၊ 

တပည့်တော်များအနေနဲ့ လျှောက်လည်းလျှောက်ချင်ပါတယ်…။ 

ဒါပေမယ့် မလျှောက်လည်း မလျှောက်ရဲပါဘုရား…။။

“ အေး ဒို့များကလည်း ဒကာတော်တို့လျှောက်မှ သိမှာကွဲ့ ။ 

မလျှောက်ရင် ဘယ်သိပါ့မလည်း….။ လျှောက်စရာရှိတာကို 

ရဲရဲဝံ့ဝံ့သာ လျှောက်ပါကွဲ့ ။.။။။။”

“ ဆရာတော်ဘုရားကြီးက လျှောက်ဆိုလို့သာ လျှောက်ရမှာပါဘုရား၊ 

တစ်ခြားတော့ မဟုတ်ပါဘူး…။ဒီကလေးမ ယူထားတဲ့ အမျိုးသားက 

ဗုဒ္ဓဘာသာမြန်မာလူမျိုး မဟုတ်တဲ့အတွက် မင်္ဂလာဦးဆွမ်းကပ်တဲ့အခါ 

တရားမနာနိုင်ဘူးလို့ ပြောနေပါတယ်။ဒီမင်္ဂလာဦးဆွမ်းကပ်တာတောင်မှ 

 သတို့သားဘက်က အကုန်ခံတာ မဟုတ်ပါဘူး။ 

သတို့သမီးမိဘတွေက အကုန်အကျခံပြီး ဆွမ်းကပ်တာ 

တပည့်တော်များကလည်း ဆွမ်းကပ်မဲ့ ကုန်ကျစရိတ်ကို ဒီဘက်ကပဲ 

အကုန်အကျခံပါ့မယ်၊ ဒါပေမဲ့ တရားလေးတော့ 

နာပေးပါလို့ပြောတာတောင် မနာနိုင်ဘူးတဲ့ ဘုရား။ ဒါကြောင့်မို့ 

ဒီမင်္ဂလာဦးဆွမ်းကျွေးပွဲမှာ သတို့သမီးတစ်ယောက်တည်း 

တရားနာမှာပါ…..”

ဒကာတော်ရဲ့ စကားသံအဆုံးမှာ ဆရာတော်ဘုရားကြီးဟာ ချက်ချင်းပဲ မျက်နှာမကောင်းဖြစ်သွားပါတယ်…

။ပြီးတော့ လေသံမာမာနဲ့ ……

“ အေး…...မင်းတို့ကောင်တွေက တယ်လည်းညံ့သကိုး ။ 

ကိုယ့်သတ်မဲ့ကြိုးကွင်း လည်ပင်းလာစွပ်တာတောင်မှ လှတယ်ထင်ပြီး 

အပျော်ကြူးပြီး ကနေကြတယ်…။ဒို့ကတော့ ဒို့ဘာသာ ဒို့လူမျိုး 

အတွက် အဆိပ်ပင်ဖြစ်မဲ့ ဒီဆွမ်းမျိုး မဘုဉ်းပေးနိုင်ဘူး။ မင်းတို့ကပ်တဲ့ 

ဆွမ်း မစားရလို့ အသက်သေမယ်ဆိုရင်တောင် ဒို့မစားဘူး 

လာပြန်ကြစို့….။ “ဆိုပြီး နောက်ပါသံဃာလေးပါးကို ခေါ်ပြီး 

ဆွမ်းမစားဘဲ ပြန်ကြွ သွားခဲ့ပါသတဲ့….။

ဒီအကြောင်းလေးကို စာရေးသူတို့ ငယ်ငယ်လေးတုန်းက

စာချဆရာတော်တစ်ပါးက စာချရင်းတစ်ဆင့် ဖောက်သည်ချလို့ 

ကြားသိရတဲ့ စကားလေးပါပဲဖြစ်ပါတယ်။ စာချဆရာတော်က  

မသိလိုက် မသိဖာသာပဲ နေလာခဲ့မိပါတယ်။

 အဲသည်တုန်းက ဘာရည်ရွယ်ချက်နဲ့ ပြောခဲ့တယ်ဆိုတာ 

လုံးဝသတိမထားမိခဲ့ပါဘူး။ 

ဒီအတိုင်းအခုလိုသိတတ်နားလည်တဲ့ အရွယ်ရောက်မှ ကိုယ့်လူမျိုး၊ 

ကိုယ့်ဘာသာနဲ့ ပတ်သက်လို့ တဖြည်းဖြည်းတွေးပြီး 

တရေးရေး မြင်ယောင်လာတဲ့အခါမှဒီအကြောင်းလေးကို ပြန်ပြောပြတဲ့ 

စာချဆရာတော်နဲ့ မင်္ဂလာဦးဆွမ်းကို မဘုဉ်းပေးဘဲ ပြန်ကြွလာခဲ့တဲ့ 

ဆရာတော်ကြီးရဲ့ အမျိုးသားရေး 

စိတ်ဓါတ်ကိုပါ လေးစားဂုဏ်ယူမိပါတယ်။

 ဆရာတော်ကြီးရဲ့ အမျိုးသားရေးစိတ်ဓါတ်ဟာ နှုတ်ဖျားက 

ပွင့်အန်မထွက်လာပေမဲ့ သူရဲ့ဆွမ်းဒ့ာအပေါ်မှာ ပြုမူသွားတဲ့ 

လုပ်ဆောင်ချက်က အမျိုးသားရေး စိတ်ဓါတ် 

ဘယ်လောက်ထိ ပြင်းထန်သလည်းဆိုတာ သက်သေပြလို့နေပါတယ်။ 

ဒီနေရာမှာ တစ်ချို့ ဆရာတော်ကြီးတွေသာဆိုရင် ကိုယ်မကြိုက်တဲ့ 

အပြုအမူဖြစ်နေဦးတော့ ဆွမ်းဒကာတွေရဲ့ သဒ္ဒါတရားကိုငဲ့ကွက်ပြီး 

မင်္ဂလာဦးဆွမ်းကိုတော့ ဘုဉ်ပေးခဲ့မှာ သေချာပါတယ်……။(ဆရာတော် 

သံဃာတော်များ အားလုံးကို ရည်ရွယ်လိုခြင်းမပါ ပါဘူးဘုရား…။)

အခုတော့ ဆရာတော်ဘုရားကြီးဟာ အမျိုးသားရေးစိတ်ဓါတ်နဲ့ 

ပတ်သက်လာရင် ဆွမ်းဒကာ၊ ကျောင်းဒကာဆိုတဲ့ ကျေးဇူးတရားကို 

လျစ်လျူရှူခဲ့ပါတယ်…။ရှေးတုန်းက ဆရာတော် ဘုရားကြီးတွေဟာ 

သူတို့ရဲ့သီလ သမာဓါ ပညာကို ဘယ်တော့မှ ထိခိုက်ညှိုးနွမ်းအောင် 

မလုပ်သလို သူတစ်ပါးတွေထိခိုက်နစ်နာစေမဲ့ 

အရေးကိစ္စမှန်သမျှကိုလည်း ဘယ်တော့မှ မပြောဘူး၊ မကြံဘူး၊ 

မလုပ်ဆောင်ကြပါဘူး..။


ဒါပေမဲ့ အမျိုးသားရေးနဲ့ပတ်သက်လာရင် သွေးအေးအေးမနေကြဘဲ

 ပြောဆိုဆုံးမ သွန်သင်ကြလေ့ရှိပါတယ်။ 

တကယ်လို့ မတတ်သာလို့ ခပ်ခွာခွာနေရတဲ့ 

အနေအထားမျိုးဆိုရင်လည်း များစွာ 

စိတ်မကောင်း ဖြစ်တော်မူကြပါတယ်…။

ဒါကြောင့်မို့လို့လည်း လူမျိုးခြား ဘာသာခြားကိုလင်လုပ်ရမှာ 

မရှက်မကြောက်တာ ဖြစ်ပါတယ်။ လောကမှာ 

ရှက်စရာ ကြောက်စရာအကောင်းဆုံးအရာတွေထဲမှာ ကိုယ့်အမျိုး 

ကိုယ်ပြန်ဖျက်၊ ကိုယ့်ဘာသာ ကိုယ်ပြန်ဖျက်တဲ့ 

အလုပ်လောက်ရှက်စရာကောင်းတာ ဘယ်အရာမှ မရှိပါဘူး။

ကိုယ့်အမျိုး ကြီးပွားတိုးတတ်ဖို့၊ 

ကိုယ့်ဘာသာရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုတာ ကိုယ် ကိုယ်တိုင် 

တက်တက်ကြွကြွနဲ့ ပါဝင်ကူညီဆောင်ရွက်နိုင်မှ ရနိုင်ပါသည်။ 

တစ်ခြားလူမျိုး၊တစ်ခြားဘာသာတွေကတော့ 

လာပြီးကူညီဆောင်ရွက်မှာ မဟုတ်ပါဘူး။ ဒါကို မြန်မာလူမျိုးတိုင်း 

သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။

 အထူးသဖြင့် မြန်မာမိန်းကလေးတွေအနေနဲ့ မိမိတို့ 

အိမ်ထောင်ပြုတော့မယ်ဆိုရင် ကိုယ့်နဲ့အမျိုးတူ၊ 

ဘာသာတူဟုတ်ရဲ့လားဆိုတာ ပထမဆုံးထည့်စဉ်းစားသင့်ပါတယ်။ 

ဒီကိစ္စမျိုးဟာ ဘယ်လိုမှ အမှားခံလို့မရတဲ့ 

ကိစ္စဖြစ်တဲ့အတွက် သေသေချာချာလေံလာပြီးမှ 

အိမ်ထောင်ပြုသင့်ပါတယ်။ အိမ်ထောင်ပြုပြီးကာလမှ 

အမှားတွေဖြစ်ခဲ့မယ်ဆိုရင် တစ်သက်လုံးနောင်တတွေနဲ့ 

ဘ၀မလှတသသဖြစ်ရတတ်ပါတယ်။

 ဒီလိုအမှားတွေကို တစ်ချို့မိန်းကလေးတွေဟာ သိသိကြီးနဲ့ 

မိုက်တွင်းတက်ပြီး မှားကြပါတယ်။ တစ်ချို့မိန်းကလေးတွေကျတော့ 

အသိနောက်ကျပြီးမှ မှားကြပါတယ်။ ဘယ်လိုအမှားမျိုးပဲဖြစ်ဖြစ် ဒါဟာ 

ဘယ်လိုမှမဖြစ်သင့်သောအမှားပဲ ဖြစ်ပါတယ်။ဒီအကြောင်းနဲ့ 

ပတ်သက်ပြီး မဟာဗောဓိမြိုင်ဆရာတော်ကြီးဘုရားကြီးက “ 

ဘာသာရေးခွဲတမ်း” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကဗျာလေးတစ်ပုဒ်ရေးပြီး 

သတိပေးခဲ့ပါတယ်။
          
       ဘာသာရေးခွဲတမ်း
-    
  ကိုယ့်ဘက်ကသား၊ သူကားသမီး၊ ချစ်ကျွမ်းနှီးက
-    
  သားချည်းခေါင်ကောက်၊ သူ့လက်အောက်
-     
 တစ်ယောက်မျှသာ ကျစေမည်။
-       
သူ့ဘက်ကသား၊ ကိုယ်ကား သမီး၊ ချစ်ကျွမ်းရင်းနှီးသော် ။
-       
သမီးကပါ၊ သွေးသားအားလုံး အတုံးအရုံးပင်၊
-     
 သူ့အောက်ကခွင်။ နွယ်ငင်စင်းလုံး၊ ဆုံးတော့သည်။
-     
 မျိုးခြားရိုးခြား၊ ဘာသာခြားနှင့် ထိန်းမြားလက်ထပ်
-    
  သတိုးဆက်သည့် ရစ်ပတ်စုလျား ထိုပွဲများတွင်
-      
 ဘက်မှားဆိုက်ဆိုက် သူနောက်လိုက်က ခိုက်မည့်ဆုံးရုံး
-       
ကိန်းတွက်နှုန်းကို ပေါင်းရုံးတွတ်ဆ ခွဲတမ်းချလျှက်
-     
  မကျခင်က ကျမည့်အရာ စဉ်းစားပါ 
-      
 မရခင်က ရမည့်အရာစဉ်းစားပါ တဲ့။

ဆရာတော်ဘုရားကြီးရေးတဲ့ ကဗျာကို ပြန်ပြီးလိုရင်း 

အနှစ်ချုပ်လိုက်မယ်ဆိုရင် ယောကျာင်္းလေးတစ်ယောက် လူမျိုးခြား 

ဘာသာခြားနောက်ပါသွားရင် အဲဒီယောကျာင်္းလေး 

တစ်ယောက်တည်းပဲ ဆုံးရှုံးပါတယ်။ 

မိန်းကလေးတစ်ယောက်ပါရင်သွားရင် တော့ 

အဲဒီင်္မိန်းကလေးမှ မွေးလာမယ့် 

မျိုးဆက်သစ်တွေအားလုံးဆုံးရှုံးသွားတယ် ဆိုတဲ့ သဘောပါပဲ။

ဒါကြောင့်မို့ မြန်မာမိန်းကလေးတိုင်း အမျိုးသားရေး။ 

ဘာသာရေးနဲ့ ပတ်သက်လာရင် အမှားဆိုတာမျိုး 

ဘယ်တော့မှ ဖြစ်မလာအောင် ကြိုတင်ပြင်ဆင်ပြီး အားမွေးထားဖို့ 

လိုအပ်ပါတယ်။ မှားပြီးမှရတဲ့ နောင်တမျိုးဟာ 

အခါလွန်ရင် ပြင်ဖို့ခက်ပါတယ်။ တစ်ဘ၀စာ တစ်နပ်စာ 

မကြည့်ပါနဲ့။ ကိုယ့်ကြောင့်ဖြစ်လာမဲ့ မျိုးဆက်သစ်တွေ 

အယူမှားကြောင့် သံသရာမှာ ခံရမယ့် ဒုက္ခတွေကိုလည်း 

ထည့်စဉ်းစားသင့်ပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် မြန်မာမိန်းကလေးတစ်ယောက်ဟာ 

အိမ်ထောင်ပြုပြီဆိုရင် မျိုးဆက်သစ်အဖြစ် 

သားသမီးရတနာလေးတွေ မွေးဖွားပေးရဦးမှာ 

မလွဲမသွေဖြစ်ပါတယ်။ အဲဒီအခါ မိမိရင်မှဖြစ်လာမယ့် 

ရင်သွေးလေးတွေဟာ ကိုယ့်အမျိုး၊ 

ကိုယ့်ဘာသာအတွက် မွေးဖွားပေးမလား။ ဒါမှမဟုတ် လူမျိုးခြား 

ဘာသာခြားတွေအတွက် မွေးဖွားပေးမလားဆိုတာပါပဲ……… 

ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ 

ကို စောင့်ရှောက်ကာကွယ်ကြပါတော့လို့ ဒီအသိပေးစာပိုဒ်လေးနဲ့ 

တိုက်တွန်းလိုက်ရပါတယ်။


    ဖိုးပညော(သပိတ်ကျင်း) ရေးသားသောဒို့အမျိုး ဒို့ဘာသာ မကွယ်ပျောက်စေဖို့ စာအုပ်မှ ပြန်လည်ရေးသားတင်ပြလိုက်ရပါသည်။