တစ်ခါက မန္တလေးမြို့ စာသင်တိုက်ကြီးတစ်တိုက်မှ
ဆရာတော်ဘုရားကြီးကို
ကျောင်းဒကာလည်းဖြစ်
ဆွမ်းဒကာလည်းဖြစ် သော ဒကာတစ်ဦးကသူ့သမီးအိမ်ထောင်ကျလို့
မင်္ဂလာဦးဆွမ်းကြွေးကြဖို့ပင့်လျှောက်ပါတယ်။
ဆရာတော်ဘုရားကြီးကလည်း အလွန်ရင်းနှီးတဲ့ကျောင်းဒကာ၊
ဆွမ်းဒကာက ပင့်တာဆိုတော့
မင်္ဂလာဦးဆွမ်းကြွေးကို လက်ခံခဲ့ပြီး
ပင့်လျှောက်တဲ့ရက်ရောက်တဲ့အခါ နောက်ပါ သံဃာလေးပါးနှင့်အတူ
မညည်းမညူဘဲ မင်္ဂလာဦးဆွမ်းကြွေးပွဲကို ကြွရောက်ခဲ့ပါတယ်။
ဆွမ်းစားနံနက် အာရုံတတ် မင်္ဂလာဦးဆွမ်းစားပါ။
အာရုံးဆွမ်းစားဆိုတော့
ဆရာတော်ကြီးကအာရုံမတတ်ခင်ကတည်းက
ခပ်စောစောလေး ကြွရောက်ခဲ့ပါတယ်။ မင်္ဂလာဦးဆွမ်းစားကို
ခပ်စောစောလေးကြွရောက်ခဲ့ရတဲ့ ဆရာတော် ဘုရားကြီးရဲ့
ရည်ရွယ်ချက်ကတော့ မင်္ဂလာဦးအာရုံဆွမ်းစားဆိုတာ
တစ်ခြားအာရုံဆွမ်းစားတွေနဲ့မတူပါဘူး။
တစ်ခြားအာရုံဆွမ်းစားတွေက ဆရာတော်တွေ ဆွမ်းဘုဉ်းပေးပြီးတာနဲ့
လာရောက်တရားနာတဲ့ ပရိသတ်တွေကို တစ်ခါတည်း
ဧည့်ခံကြွေးမွေးလိုက်ရင် ပြီးတာပါပဲ။
မင်္ဂလာဦးဆွမ်းကျွေးကျတော့အဲသည်လိုမဟုတ်ပါတော့ဘဲ
နေ့ခင်းပိုင်းမှာ လူတွေကို
တသီးတခြား ဧည့်ခံကျွေးမွေးရပါတယ်။
အဲဒါကြောင့် မင်္ဂလာဦးဆွမ်းကျွေးပွဲကို ဆရာတော်ဘုရားကြီးက
အချိန်ပေးပြီး ခပ်စောစောလေး ကြွရောက်ခဲ့တာပါ။
ဆရာတော်ဘုရားကြီးက ဆွမ်းဘုဉ်းမပေးခင်
တရားအရင်နာကြမယ်လို့
ပြောပါတယ်။ ဆရာတော်ဘုရာကြီးရဲ့
စကားကြောင့် တရားနာကြမယ့် ပရိသတ်တွေကလည်း
လက်အုပ်ကလေးတွေချီပြီး
သြကာသကန်တော့ကျိုးဆိုဖို့
ဟန်ပြင်နေတုန်း ဆရာတော်ဘုရားကြီးကလက်ကလေးနဲ့ဟန့်တားပြီး
“ တရားနာရအောင် မင်္ဂလာဦးဆွမ်းကြွေးမယ့်
သတို့သားရော ခေါ်လိုက်ဦးလေ “ လို့ပြောပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ စကားကြောင့် တရားနာလာရောက်ကြတဲ့
ပရိသတ်တွေကလည်း
ဘာပြန်လျှောက်လို့ လျှောက်ရမှန်းမသိဘဲ ဖြစ်သွားကြပါတယ်။
ဘုရားဒကာ၊ ကျောင်းဒကာဆိုသူကလည်း
ဆွမ်းစားပင့်လျှောက်စဉ်ကတည်းက ဆရာတော်ဘုရားကြီးကို
သတို့သားနဲ့ပတ်သက်ပြီး ဘာမှ အကြောင်းစုံ
မလျှောက်ထားတဲ့အတွက် အခုလို ဆရာတော်ဘုရားကြီးက
သတို့သားကို တရားနာဖို့ ခေါ်ခိုင်းတာ
ဖြစ်ပါတယ်။
သတို့သမီးလည်း မျက်စိပျက်၊ မျက်နှာပျက် ဖြစ်နေသလို
သတို့သမီးမိဘတွေဖြစ်တဲ့
ကျောင်းဒကာ၊
ဆွမ်းဒကာ တွေလည်းအနေရ အထိုင်ရခက်နေရပြီး
တိတ်ဆိတ်ငြိမ်သက်နေကြပါတယ်။ အဲင်္ဒီအချိန်မှာ
အသက်ကြီးကြီး
ဒကာကြီးတစ်ယောက်က
“ ဆရာတော်ဘုရား၊ ဒီင်္ကလေးမရဲ့ မိုက်ပြစ်များကို
သည်းခံခွင့်လွှတ်ပေးပါဘုရား၊
တပည့်တော်များအနေနဲ့ လျှောက်လည်းလျှောက်ချင်ပါတယ်…။
ဒါပေမယ့် မလျှောက်လည်း မလျှောက်ရဲပါဘုရား…။။
“ အေး ဒို့များကလည်း ဒကာတော်တို့လျှောက်မှ သိမှာကွဲ့ ။
မလျှောက်ရင် ဘယ်သိပါ့မလည်း….။ လျှောက်စရာရှိတာကို
ရဲရဲဝံ့ဝံ့သာ လျှောက်ပါကွဲ့ ။.။။။။”
“ ဆရာတော်ဘုရားကြီးက လျှောက်ဆိုလို့သာ လျှောက်ရမှာပါဘုရား၊
တစ်ခြားတော့ မဟုတ်ပါဘူး…။ဒီကလေးမ ယူထားတဲ့ အမျိုးသားက
ဗုဒ္ဓဘာသာမြန်မာလူမျိုး မဟုတ်တဲ့အတွက်
မင်္ဂလာဦးဆွမ်းကပ်တဲ့အခါ
တရားမနာနိုင်ဘူးလို့ ပြောနေပါတယ်။ဒီမင်္ဂလာဦးဆွမ်းကပ်တာတောင်မှ
သတို့သားဘက်က အကုန်ခံတာ မဟုတ်ပါဘူး။
သတို့သမီးမိဘတွေက အကုန်အကျခံပြီး ဆွမ်းကပ်တာ
တပည့်တော်များကလည်း
ဆွမ်းကပ်မဲ့ ကုန်ကျစရိတ်ကို ဒီဘက်ကပဲ
အကုန်အကျခံပါ့မယ်၊ ဒါပေမဲ့ တရားလေးတော့
နာပေးပါလို့ပြောတာတောင်
မနာနိုင်ဘူးတဲ့ ဘုရား။ ဒါကြောင့်မို့
ဒီမင်္ဂလာဦးဆွမ်းကျွေးပွဲမှာ သတို့သမီးတစ်ယောက်တည်း
တရားနာမှာပါ…..”
ဒကာတော်ရဲ့ စကားသံအဆုံးမှာ ဆရာတော်ဘုရားကြီးဟာ ချက်ချင်းပဲ မျက်နှာမကောင်းဖြစ်သွားပါတယ်…
။ပြီးတော့ လေသံမာမာနဲ့ ……
“ အေး…...မင်းတို့ကောင်တွေက တယ်လည်းညံ့သကိုး ။
ကိုယ့်သတ်မဲ့ကြိုးကွင်း
လည်ပင်းလာစွပ်တာတောင်မှ လှတယ်ထင်ပြီး
အပျော်ကြူးပြီး ကနေကြတယ်…။ဒို့ကတော့ ဒို့ဘာသာ
ဒို့လူမျိုး
အတွက် အဆိပ်ပင်ဖြစ်မဲ့ ဒီဆွမ်းမျိုး မဘုဉ်းပေးနိုင်ဘူး။ မင်းတို့ကပ်တဲ့
ဆွမ်း မစားရလို့ အသက်သေမယ်ဆိုရင်တောင် ဒို့မစားဘူး
လာပြန်ကြစို့….။ “ဆိုပြီး နောက်ပါသံဃာလေးပါးကို
ခေါ်ပြီး
ဆွမ်းမစားဘဲ ပြန်ကြွ သွားခဲ့ပါသတဲ့….။
ဒီအကြောင်းလေးကို စာရေးသူတို့ ငယ်ငယ်လေးတုန်းက
စာချဆရာတော်တစ်ပါးက စာချရင်းတစ်ဆင့် ဖောက်သည်ချလို့
ကြားသိရတဲ့ စကားလေးပါပဲဖြစ်ပါတယ်။
စာချဆရာတော်က
မသိလိုက် မသိဖာသာပဲ နေလာခဲ့မိပါတယ်။
အဲသည်တုန်းက ဘာရည်ရွယ်ချက်နဲ့
ပြောခဲ့တယ်ဆိုတာ
လုံးဝသတိမထားမိခဲ့ပါဘူး။
ဒီအတိုင်းအခုလိုသိတတ်နားလည်တဲ့ အရွယ်ရောက်မှ
ကိုယ့်လူမျိုး၊
ကိုယ့်ဘာသာနဲ့ ပတ်သက်လို့ တဖြည်းဖြည်းတွေးပြီး
တရေးရေး မြင်ယောင်လာတဲ့အခါမှဒီအကြောင်းလေးကို ပြန်ပြောပြတဲ့
စာချဆရာတော်နဲ့ မင်္ဂလာဦးဆွမ်းကို မဘုဉ်းပေးဘဲ ပြန်ကြွလာခဲ့တဲ့
ဆရာတော်ကြီးရဲ့ အမျိုးသားရေး
စိတ်ဓါတ်ကိုပါ လေးစားဂုဏ်ယူမိပါတယ်။
ဆရာတော်ကြီးရဲ့ အမျိုးသားရေးစိတ်ဓါတ်ဟာ
နှုတ်ဖျားက
ပွင့်အန်မထွက်လာပေမဲ့ သူရဲ့ဆွမ်းဒ့ာအပေါ်မှာ ပြုမူသွားတဲ့
လုပ်ဆောင်ချက်က
အမျိုးသားရေး စိတ်ဓါတ်
ဘယ်လောက်ထိ ပြင်းထန်သလည်းဆိုတာ သက်သေပြလို့နေပါတယ်။
ဒီနေရာမှာ
တစ်ချို့ ဆရာတော်ကြီးတွေသာဆိုရင် ကိုယ်မကြိုက်တဲ့
အပြုအမူဖြစ်နေဦးတော့ ဆွမ်းဒကာတွေရဲ့
သဒ္ဒါတရားကိုငဲ့ကွက်ပြီး
မင်္ဂလာဦးဆွမ်းကိုတော့ ဘုဉ်ပေးခဲ့မှာ သေချာပါတယ်……။(ဆရာတော်
သံဃာတော်များ အားလုံးကို ရည်ရွယ်လိုခြင်းမပါ ပါဘူးဘုရား…။)
အခုတော့ ဆရာတော်ဘုရားကြီးဟာ အမျိုးသားရေးစိတ်ဓါတ်နဲ့
ပတ်သက်လာရင် ဆွမ်းဒကာ၊ ကျောင်းဒကာဆိုတဲ့ ကျေးဇူးတရားကို
လျစ်လျူရှူခဲ့ပါတယ်…။ရှေးတုန်းက
ဆရာတော် ဘုရားကြီးတွေဟာ
သူတို့ရဲ့သီလ သမာဓါ ပညာကို ဘယ်တော့မှ ထိခိုက်ညှိုးနွမ်းအောင်
မလုပ်သလို သူတစ်ပါးတွေထိခိုက်နစ်နာစေမဲ့
အရေးကိစ္စမှန်သမျှကိုလည်း ဘယ်တော့မှ မပြောဘူး၊
မကြံဘူး၊
မလုပ်ဆောင်ကြပါဘူး..။
ဒါပေမဲ့ အမျိုးသားရေးနဲ့ပတ်သက်လာရင်
သွေးအေးအေးမနေကြဘဲ
ပြောဆိုဆုံးမ သွန်သင်ကြလေ့ရှိပါတယ်။
တကယ်လို့ မတတ်သာလို့ ခပ်ခွာခွာနေရတဲ့
အနေအထားမျိုးဆိုရင်လည်း များစွာ
စိတ်မကောင်း ဖြစ်တော်မူကြပါတယ်…။
ဒါကြောင့်မို့လို့လည်း လူမျိုးခြား
ဘာသာခြားကိုလင်လုပ်ရမှာ
မရှက်မကြောက်တာ ဖြစ်ပါတယ်။ လောကမှာ
ရှက်စရာ ကြောက်စရာအကောင်းဆုံးအရာတွေထဲမှာ
ကိုယ့်အမျိုး
ကိုယ်ပြန်ဖျက်၊ ကိုယ့်ဘာသာ ကိုယ်ပြန်ဖျက်တဲ့
အလုပ်လောက်ရှက်စရာကောင်းတာ
ဘယ်အရာမှ မရှိပါဘူး။
ကိုယ့်အမျိုး ကြီးပွားတိုးတတ်ဖို့၊
ကိုယ့်ဘာသာရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုတာ ကိုယ် ကိုယ်တိုင်
တက်တက်ကြွကြွနဲ့ ပါဝင်ကူညီဆောင်ရွက်နိုင်မှ
ရနိုင်ပါသည်။
တစ်ခြားလူမျိုး၊တစ်ခြားဘာသာတွေကတော့
လာပြီးကူညီဆောင်ရွက်မှာ မဟုတ်ပါဘူး။
ဒါကို မြန်မာလူမျိုးတိုင်း
သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် မြန်မာမိန်းကလေးတွေအနေနဲ့
မိမိတို့
အိမ်ထောင်ပြုတော့မယ်ဆိုရင် ကိုယ့်နဲ့အမျိုးတူ၊
ဘာသာတူဟုတ်ရဲ့လားဆိုတာ ပထမဆုံးထည့်စဉ်းစားသင့်ပါတယ်။
ဒီကိစ္စမျိုးဟာ ဘယ်လိုမှ အမှားခံလို့မရတဲ့
ကိစ္စဖြစ်တဲ့အတွက် သေသေချာချာလေံလာပြီးမှ
အိမ်ထောင်ပြုသင့်ပါတယ်။
အိမ်ထောင်ပြုပြီးကာလမှ
အမှားတွေဖြစ်ခဲ့မယ်ဆိုရင် တစ်သက်လုံးနောင်တတွေနဲ့
ဘ၀မလှတသသဖြစ်ရတတ်ပါတယ်။
ဒီလိုအမှားတွေကို တစ်ချို့မိန်းကလေးတွေဟာ
သိသိကြီးနဲ့
မိုက်တွင်းတက်ပြီး မှားကြပါတယ်။ တစ်ချို့မိန်းကလေးတွေကျတော့
အသိနောက်ကျပြီးမှ
မှားကြပါတယ်။ ဘယ်လိုအမှားမျိုးပဲဖြစ်ဖြစ် ဒါဟာ
ဘယ်လိုမှမဖြစ်သင့်သောအမှားပဲ ဖြစ်ပါတယ်။ဒီအကြောင်းနဲ့
ပတ်သက်ပြီး မဟာဗောဓိမြိုင်ဆရာတော်ကြီးဘုရားကြီးက “
ဘာသာရေးခွဲတမ်း” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့
ကဗျာလေးတစ်ပုဒ်ရေးပြီး
သတိပေးခဲ့ပါတယ်။
ဘာသာရေးခွဲတမ်း
-
ကိုယ့်ဘက်ကသား၊ သူကားသမီး၊ ချစ်ကျွမ်းနှီးက
-
သားချည်းခေါင်ကောက်၊ သူ့လက်အောက်
-
တစ်ယောက်မျှသာ ကျစေမည်။
-
သူ့ဘက်ကသား၊ ကိုယ်ကား သမီး၊ ချစ်ကျွမ်းရင်းနှီးသော် ။
-
သမီးကပါ၊ သွေးသားအားလုံး အတုံးအရုံးပင်၊
-
သူ့အောက်ကခွင်။ နွယ်ငင်စင်းလုံး၊ ဆုံးတော့သည်။
-
မျိုးခြားရိုးခြား၊ ဘာသာခြားနှင့် ထိန်းမြားလက်ထပ်
-
သတိုးဆက်သည့် ရစ်ပတ်စုလျား ထိုပွဲများတွင်
-
ဘက်မှားဆိုက်ဆိုက် သူနောက်လိုက်က ခိုက်မည့်ဆုံးရုံး
-
ကိန်းတွက်နှုန်းကို ပေါင်းရုံးတွတ်ဆ ခွဲတမ်းချလျှက်
-
မကျခင်က ကျမည့်အရာ
စဉ်းစားပါ
-
မရခင်က ရမည့်အရာစဉ်းစားပါ တဲ့။
ဆရာတော်ဘုရားကြီးရေးတဲ့ ကဗျာကို ပြန်ပြီးလိုရင်း
အနှစ်ချုပ်လိုက်မယ်ဆိုရင်
ယောကျာင်္းလေးတစ်ယောက် လူမျိုးခြား
ဘာသာခြားနောက်ပါသွားရင် အဲဒီယောကျာင်္းလေး
တစ်ယောက်တည်းပဲ
ဆုံးရှုံးပါတယ်။
မိန်းကလေးတစ်ယောက်ပါရင်သွားရင် တော့
အဲဒီင်္မိန်းကလေးမှ မွေးလာမယ့်
မျိုးဆက်သစ်တွေအားလုံးဆုံးရှုံးသွားတယ်
ဆိုတဲ့ သဘောပါပဲ။
ဒါကြောင့်မို့ မြန်မာမိန်းကလေးတိုင်း အမျိုးသားရေး။
ဘာသာရေးနဲ့ ပတ်သက်လာရင် အမှားဆိုတာမျိုး
ဘယ်တော့မှ ဖြစ်မလာအောင် ကြိုတင်ပြင်ဆင်ပြီး အားမွေးထားဖို့
လိုအပ်ပါတယ်။ မှားပြီးမှရတဲ့ နောင်တမျိုးဟာ
အခါလွန်ရင် ပြင်ဖို့ခက်ပါတယ်။ တစ်ဘ၀စာ တစ်နပ်စာ
မကြည့်ပါနဲ့။ ကိုယ့်ကြောင့်ဖြစ်လာမဲ့ မျိုးဆက်သစ်တွေ
အယူမှားကြောင့် သံသရာမှာ ခံရမယ့်
ဒုက္ခတွေကိုလည်း
ထည့်စဉ်းစားသင့်ပါတယ်။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် မြန်မာမိန်းကလေးတစ်ယောက်ဟာ
အိမ်ထောင်ပြုပြီဆိုရင် မျိုးဆက်သစ်အဖြစ်
သားသမီးရတနာလေးတွေ မွေးဖွားပေးရဦးမှာ
မလွဲမသွေဖြစ်ပါတယ်။
အဲဒီအခါ မိမိရင်မှဖြစ်လာမယ့်
ရင်သွေးလေးတွေဟာ ကိုယ့်အမျိုး၊
ကိုယ့်ဘာသာအတွက် မွေးဖွားပေးမလား။
ဒါမှမဟုတ် လူမျိုးခြား
ဘာသာခြားတွေအတွက် မွေးဖွားပေးမလားဆိုတာပါပဲ………
ကိုယ့်လူမျိုး၊
ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ
ကို စောင့်ရှောက်ကာကွယ်ကြပါတော့လို့ ဒီအသိပေးစာပိုဒ်လေးနဲ့
တိုက်တွန်းလိုက်ရပါတယ်။
ဖိုးပညော(သပိတ်ကျင်း) ရေးသားသောဒို့အမျိုး ဒို့ဘာသာ
မကွယ်ပျောက်စေဖို့ စာအုပ်မှ ပြန်လည်ရေးသားတင်ပြလိုက်ရပါသည်။
No comments:
Post a Comment