လူတစ်ယောက် ကားမောင်းပြီး ခရီးသွားတယ်။
လမ်းမှာ ကားပျက်လို့ ဆင်းပြီး ကားကို ပြင်ကြည့်တယ်။ မရဘူး။
ဆက်ပြင်တယ်။ ၁၅ မိနစ်၊ နာရီဝက်၊ တစ်နာရီလောက် ကြာသွားတယ်။
လက်လျှော့လိုက်ပြီး ခပ်လှမ်းလှမ်းက ကားဝပ်ရှော့ပ်ဆိုင်က ကားပြင်သမားကို ပြင်ခိုင်းလိုက်တယ်။
ကားပြင်သမားက ကားအဖုံးဖွင့်ကြည့်ပြီး လိုအပ်တာ ပြင်လိုက်တယ်။
၃ မိနစ်ပဲ ကြာလိုက်တယ်။ ပြန်ကောင်းသွားတယ်။
" ဘယ်လောက်ကျသလဲ ကောင်လေး "
" ၅၀၀၀ ကျပ်ကျပါတယ် "
" ၃ မိနစ်ပဲ ပြင်ရတာကို ၅ထောင်က မများလွန်းဘူးလားကွ "
" ဦးလေး ဘာအလုပ် လုပ်နေပါသလဲ "
" ငါက ဆရာဝန်ကွ "
" ဟုတ်ကဲ့ပါ ဆရာ။ ဆရာလည်း ဆေးခန်းကို ရောက်လာတဲ့ လူနာတွေဆီက ၂၀၀ ကျပ်ဖိုးလောက်ပဲတန်တဲ့ ဆေးအတွက် ၅ထောင်ကျပ် ယူတယ်မလား "
" ဒီဆေးသောက်ရင် ဒီရောဂါပျောက်တယ်ဆိုတဲ့ပညာကို သိအောင်လေ့လာခဲ့ရတာ နှစ်ပေါင်းများစွာ ကြာတယ်ကွ၊ ဆေးဖိုးယူတာမဟုတ်ဘူး၊ ပညာဖိုးကို ယူတာ "
" ဟုတ်ကဲ့ ဆရာ။ ကျနော်ပြောချင်တဲ့စကားကို ဆရာပြောပြီးနေပါပြီ။ ပျက်နေတဲ့ ကားတစ်စီးကို ၃ မိနစ်နဲ့ ပြန်ကောင်းလာအောင် လုပ်တတ်တဲ့ပညာကို ကျနော်လည်း ၁၀ နှစ်မက လေ့လာသင်ထားခဲ့ရပါတယ်ဆရာ "
သင်ခန်းစာ
ကိုယ့်ပညာကိုလည်း လေးစားပါ၊ သူတစ်ပါး၏ပညာကိုလည်း လေးစားပါ။ အတတ်ပညာတိုင်းကို တန်ဖိုးထားပါ။
အသိပညာ၊ အတတ်ပညာတို့ကို တတ်မြောက်ကြအောင် သင်ထားကြဖို့ တိုက်တွန်းပေးသည့် ဥပမာကောင်းလေးတစ်ခုအား ပြန်လည်ရေးသားသည်။
Credit to>>စောနွဲ့နေဆိုင်(ပူတာအို)
<><><><><><><><><><><><><><><>
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
No comments:
Post a Comment