မိုး…….မိုးဆက်တွေက တဖွဲဖွဲနဲ့ ပတ်ဝန်းကျင်မှာလည်း ရှုပ်ရှက်ခပ်နေသည့် လှုပ်ရှားမှုပုံစံမျိုးစုံတွေနဲ့ ဆူညံသံတွေကို မသိသလိုပဲနေလိုက်မိတော့တယ်
မိုးဆက်တွေတိုင်းမှာ လေပြေလေးတွေလွင့်မြောလာသာကို ချမ်းတုန်နေမှုတွေက သက်သေပြနေပြီ
သူစိမ်းသက်သက်ဆိုတော့ ချမ်းအေးမှုနဲ့အတူစိုးရိမ်စိတ်တွေကလည်းကြီးဆိုးနေဆဲ
အားကောင်းနေဆဲ ရွာနေဆဲ တစ်ကိုယ်တည်း ခြောက်ကပ်ကပ်လေးနဲ့ အတွေးတွေနဲ့လွင့်မြောနေလို့ပေါ့
“တောင်ကြီးမြို့ရဲ့ ကားဂိတ်လေးမှာ မိုးဆက်လေးတွေကိုကြည့်နေရင်းနဲ့ သူငယ်ချင်းတစ်ယောက်ကို ထိုင်စောင့်နေဆဲ”
“ဒုန်း …..ဒုန်း……..ဂျိမ်း…..ဂျိမ်း………..”
ကြောက်စရာကောင်းလွန်းလှတဲ့ လျှပ်စီးလျှပ်သံတွေနဲ့အတူ ကျွန်တော့် ပခုံးလေးတွန့်သွားမိတော့တယ်
“လူတစ်ယောက်ကကျွန်တော့်ပခုံးလေးကို လာရောက်မှီခိုနေပြီး ခပ်တင်းတင်းလေးဆုပ်ကိုင်ထားနေသာကို လျှပ်စီးလျှပ်သာထက်တောင် နှလုံးတွေခုန်လွန်းလို့”
ရုတ်တရက်ဆိုတော့ မကြည့်ဖြစ်သေးဘူး
“တောင်း….တောင်းပန်ပါတယ်နော် စောနကရုတ်တရက် မိုးကြိုးသံကြောင့်ကြောက်သွားလို့ပါနော်”
“ပအိုဝ်းရိုးရာ ၀တ်ဆုံလေးနဲ့ တိုင်းရင်းသူလေးတစ်ယောက်”
ရှက်သွေးဖြာနေတဲ့အမှုအရာတွေက ကဗျာတောင်ဆန်နေသေးတယ်
“ရ..ရပါတယ် ဘာမှမဖြစ်ပါဘူး”
“ရှင်…အဲ့သာဆိုရင် ကျေးဇူးတင်ပါတယ်နော်”
“ဟုတ်ကဲ့ပါ ဒီမှာက မိုးတွေအရမ်းရွာတယ်နော် တောင်ကြီးမြို့လေးက အရမ်းနေလို့ကောင်းမယ့်ပုံပဲ”
“ရှင်….အစ်ကိုယ်က ဒီကလူမဟုတ်ဘူးလား”
“ကျွန်တော့်က “၀”လူမျိုးပါ သူငယ်ချင်းတစ်ယောက်စီကို လာလည်သာပါ ဒီဒေသလေးကိုလည်း အရမ်းလာလည်ချင်နေသာကြာပြီလေ အခုမှပဲရောက်လာသာပါ”
“အော် … ကျွန်မနာမည်က “နန်းကြည်ပြာ”ပါ ကျွန်မတို့လူမျိုးတွေကလည်းခင်မင်တတ်ပါတယ်”
“ဟုတ်ကဲ့ပါဗျာ ကျွန်တော့်နာမည်ကတော့ “အိုက်ဆမ်”ပါ”
++ဒီနေ့ ညနေပိုင်းမှပဲ တောင်ကြီးကိုစရောက်သာ တိုက်လည်းတိုက်ဆိုင်လိုက်သာ “နန်းကြည့်ပြာ”နဲ့ ပထမဦးဆုံးခင်မင်ခွင့်ရလိုက်တယ်+++
မိုးလေးတဖွဲဖွဲပဲရှိတော့သာမို့ ပတ်ဝန်းကျင်ကလူတွေလည်း တစ်ဖြည်းဖြည်းနဲ့ပျောက်ကုန်ပြီ
“နန်းကြည်ပြာ”နဲ့စကားလေးတွေပြောနေရင်း မိုးသိပ်သွားသာတောင်မသိလိုက်တော့ဘူး”
“မိုးလည်းသိပ်ပြီဆိုတော့ သွားခွင့်ပြုပါအုံ “ကိုအိုက်ဆမ်” “
“ဟုတ်ကဲ့ပါ သာနဲ့ “နန်းကြည်ပြာ”က ဘယ်မှာနေသာလဲ သိခွင့်ရမယ်ဆိုရင်ပေါ့”
“ကျွန်မက ဆီဆိုင်မြို့ကပါ မိုးရွာနေသာဒီမှာခဏ၀င်ပြီး မိုးခိုနေသာပါ ကြုံရင်လာလည်ပေါ့”
“ကျွန်မက ကျောင်းဆရာမပါ “နန်းကြည်ပြာ”လို့ပြောရင် အားလုံးသိပါတယ်”
“အော် ဟုတ်ကဲ့ပါ ကျွန်တော်လည်း “ဆီးဆိုင်”ဖတ်က “လွယ်ထွဲ”ရွာလေးကိုသွားမှာပါ အခုတော့ သူငယ်ချင်းကိုစောင့်နေသာပါ သူလာကြိုမှာပါ မိုးတွေရွာနေလို့နဲ့တူပါတယ်”
“နောက်ကြရင် ကျွန်တော် “နန်းကြည်ပြာ”ဆီကိုလာလည်ပါ့မယ်ခင်ဗျာ”
“ဟုတ်ကဲ့ပါရှင် လာလည်ပါ ဖိတ်ခေါ်ပါတယ် “ကိုအိုက်ဆမ်” …….သွားလိုက်ပါအုံးမယ်နော် လမ်းကြုံရင်လာလည်ပါရှင်”
ဖော်ဖော်ရွှေရွှေရှိတဲ့ “နန်းကြည်ပြာ”ရဲ့ အမူအရာလေးတွေက ဒီမိုးတွေနဲ့ တစ်ခြားစီပါလား ဘာပဲဖြစ်ဖြစ်လေ ဒီမိုးတွေကို ရင်ထဲကနေပြီး ကျေးဇူးတင်နေမိတော့တယ်
Xxxxxxxxxxxxxxxxx
ဆိုင်ကယ်တစ်စီးက ခပ်ကြမ်းကြမ်းလေးနဲ့ကျွန်တော့ရှေ့ကိုရောက်လာပြီး
“ဟေ့ယောင် … အိုက်ဆမ် …ဟေ့ယောင်သူငယ်ချင်း “
အသံကြားလို့ ကြည့်လိုက်တော့
“ဟာ မင်းကွာ စောင့်နေလိုက်ရသာ လာများလာမလားလို့ စိုးရိမ်နေသာ …. ငါတစ်ခါမှမလားဖူးသေးဘူးဆိုတော့ ငါလည်းဘယ်မှကိုမသွားရဲဘူး”
ကျွန်တော့သူငယ်ချင်း “ခွန်းအုန်းဖေ”ပါ မတွေ့သာနှစ်တွေအတော်ကြာနေပြီမို့ ငယ်ရုပ်တွေလည်း ပျောက်နေပြီ
“လာ လာ ငါတို့ရွာသွားရအောင် သာနဲ့မင်းထမင်းစားပီးပီလား ဗိုက်ဆာနေလား တစ်ခုခုသွားစာရအောင်”
“ရပါတယ်ကွာ တော်ပြီ မင်းတို့အိမ်ရောက်မှပဲ အ၀ဆွဲတော့မယ် မင်းသိပါတယ်ကွာ”
“အေး…အေး…..အဲ့သာဆိုရင်လည်းပြီးရော လာလာသွားမယ် မိုးအရမ်းချုပ်သွားမှာဆိုးလို့ပါ နောက်ပြီးတော့ငါအိမ်မှာ မင်းအတွက်ရှယ်ချက်ခိုင်းထားတယ်”
လုပ်ပြီ ဒီကောင်က ပေါက်ကရတွေ အရမ်းပြောတတ်သာ ငယ်ငယ်ကတည်းက သိနေသာဆိုတော့
“အေး….အေး ပါကွာ မင်းကလည်း အသာတော့လုပ်ပါ”
ဆပ်ဖြီးဖြီးနဲ့ရယ်လိုက်ပြီး နှစ်ယောက်သား ငယ်ရုပ်တွေကို အပြန်အလှန်ဖမ်းနေမိတော့တယ်
ဆိုင်ကယ်လေးစီးနေရင်း “အုန်းဖေ”ငါစောန မင်းကိုစောင့်နေရင်းနဲ့ “ဆီဆိုင်မြို့”ကတဲ့ ကျောင်းဆရာမလို့တော့ပြောသာပဲ ဟုတ်မယ်လို့လဲထင်ပါတယ် နာမည်က “နန်းကြည်ပြာ”တဲ့ မင်းသိလား
“ဟ … မင်းကတော့ ကံကောင်းလိုက်သာ အဲ့သာ ကျောင်းဆရာမအစစ်ပါ ငါသိသာပေါ့ သူတို့အိမ်ကိုလည်း ငါသိပါတယ်”
“သူကငါ့ကိုပြောထားတယ် လမ်းကြုံရင်လာလည်ပါတဲ့”
“အေးပါ ငါနောက်နေ့ကြရင်လိုက်ပို့ပေးမယ် ငါသိသလောက်တော့ သူ့မှာ ရည်စားမရှိသေးဘူးနော် ငါ့ကောင် မင်းကြိုက်လား”
“ဟ မင်းကလည်းအသာတော့လုပ်ပါကွာ အခုမှစစတွေ့ကြသာ ငါက ဟိုးအဝေးကြီးကနေလာလည်သာလေကွာ သာနဲ့နည်းနည်းတော့ရင်ခုန်မိတယ် ငါ့ကောင်”
သူငယ်ချင်းနှစ်ယောက် ရွှံ့ဗွတ်အိုင်တွေထဲမှာ လမ်းကြမ်းကြမ်းတွေမှာ ဆိုင်ကယ်စီးနေမှန်းတောင်မသိတော့ဘူး “နန်းကြည်ပြာ”အကြောင်းတွေပဲ ထပ်ထပ်ပြီးပြောနေမိတော့တယ်
“ကဲ အိုက်ဆမ်ရေ ရောက်တော့မယ် နောက်နာရီဝတ်ဆိုရင်ရောက်ပါပြီ မင်းဒီနေ့ညတော့ ငါနဲ့ဝိုင်းလေးထိုင်ရမယ်နော် ငါအားလုံးစီစဉ်ထားတယ်ငါ့ကောင်”
“အေးပါကွာ မင်းကလည်း သူငယ်ချင်းတွေပဲ ကြုံတုန်းလေးတော့ ငါလည်းဘယ်လက်လွတ်ခံမလဲ”
သူငယ်ချင်းနှစ်ယောက်သား ငယ်ငယ်ကကြောင်းတွေလည်း ပြန်ပြောလိုက် …… ရယ်လိုက်ကြနဲ့
ပင်ပန်းနေမှန်းတောင်မသိတော့ဘူး ခွဲခွာနေကြရသာလဲ နှစ်နဲ့ကိုချီနေပြီ
“အခုတောင် သီသန့်ကိုလာပြီး ဟိုးးး “၀”ပြည်နယ်ကနေပြီး လာလည်ခဲ့ရသာပါ သူငယ်ချင်းတွေကိုလည်း တွေ့ခြင်မြင်ခြင်သာကောပါတယ် နောက်ပြီးတော့ “ပအိုဝ်း”တို့ရဲ့ ဒေသလေးနဲ့တောင်တန်းတွေကိုလည်းရူစားချင်သာလဲပါပါတယ်လေ”
အနည်းဆုံးတော့ “ပအိုဝ်း”တောင်ပြာတန်းတွေပေါ်မှာ ကျွန်တော် ၁၅ရက်လောက် ကြာနေဦးမည်
ဆက်လက်ဖတ်ရှု့ပါရန် ((“၀”ကလေး))
https://m.facebook.com/ike.san.16?refid=13&ref=bookmark မှ
No comments:
Post a Comment