မေတ္တသုတ်ပရိတ်တော် ၀တ္ထုဖြစ်စဉ် နှင့် မြန်မာအသံထွက်ရွစ်ဖတ်နည်း
သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်းတော်၌ ဂေါတမမြတ်စွာဘုရား သီတင်းသုံး စံနေတော်မှုစဉ် ငါးရာသောရဟန်း အစု တစ်စုသည် တစ်ခုသော ၀ါဝင်ခါနီးကာလ၌ မြတ်စွာဘုရားသခင်အား ဖူးမြော်ရှိခိုး၍ ကမ္မဋ္ဌာန်းနိဿယများ ယူကာတောအုပ် တစ်ခုတွင် ၀ါဆိုလျက် ကမ္မဌာန်းတရား အားထုတ်ကြလေသည်။
ရဟန်းတော်များသည် တောအုပ်အနီး ရွာများတွင် နံနက်ဆွမ်းကို ပြည့်စုံစေလျက် တောအုပ်အနီး ရွာများတွင် နံနက်ဆွမ်းကို ပြည့်စုံစေလျက် ညအခါမှာ တောအုပ်တွင်းရှိ သစ်ပင်ကြီးများကို မှီခိုကာ တစ်ပင်လျှင် တစ်ပါးကျ သီတင်းသုံး၍ တရားကျင့်တော်မှုကြလေ၏။ ထိုအချိန်တွင် သစ်ပင်ပေါ်ရှိ ရုက္ခစိုး များသည် ရဟန်းတော်များ၏ အထက်တွင် မနေ၀ံ့ကြသဖြင့်မြေပြင်တွင်ဆင်း၍ဒုက္ခခံကာနေထိုင်ကြရလေသည်။
အချို့ရုက္ခစိုးများမှာ ကလေးငယ်များရှိကြသဖြင့် ရဟန်းတော်များ တစ်နေ့ပြန်နိုး တစ်ရက်ပြန်နိုးဖြင့် စောင့်စား နေပါသော်လည်း ရုတ်တရက် မပြန်တော့သဖြင့် အချင်းချင်းညှိနှိုင်းကာ ငါးရာသော ရဟန်းတို့ ကြောက်လန့်ထွက်ပြေး စေရေးအတွက် ကြောက်မက်ဖွယ်ရာ ဘီလူးကြီး၊ နဂါးကြီးအဖြစ်ပြ၍ လည်းကောင်း၊ ထိတ်လန့်ဖွယ်ရာ အသံဆိုး အသံနက်ကြီးများဖြင့် လည်းကောင်း၊ ရွှံရှာဖွယ်ရာ အပုပ်နံ့ကြီးများဖြင့်လည်းကောင်း ခြောက်လှန့် ဖျက်ဆီးကြတော့သည်။
ရဟန်းတော်များသည် တစ်ပါးစီ ခြောက်လှန့်ခံကြရသည်ဖြစ်ရာ ကမ္မဋ္ဌာန်းဘာဝနာကို အားထုတ်ရာတွင် သမာဓိ မရနိုင်တော့သည့်အဆုံး ခေါင်းဆောင်မထေရ်ကြီးအား အသိပေးလျက် မြတ်စွာဘုရားရှိရာ သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ ပြန်လာခဲ့ကြလေသည်။
ဘုရားသခင်၏ ရှေ့မှောက်၌ ဖြစ်ပျက်ပုံအကြောင်းများကို လျှောက်ထားသည့်အခါ ရှင်တော်မြတ်ဘုရားက ရဟန်းငါးရာတို့ကို မေတ္တာကမ္မဌာန်း စီးဖြန်းကြစေရန် မေတ္တသုတ်တော်ကို ဟောဖော်သင်ကြား၍ ယင်းတောအုပ်သို့ပင် ပြန်လည် စေလွှတ်လိုက်လေသည်။
မေတ္တာ ကမ္မဌာန်း စီးဖြန်း၍ မေတ္တသုတ်ကို ရွတ်ဖတ်သရဇ္ဈာယ်သွားသော ရဟန်းတော်ငါးရာကို ရုက္ခစိုးနတ်တို့သည် မနာလိုစိတ်များ ပျောက်ကွယ်၍ လူအဖြစ် ဖန်ဆင်းလျက် ခရီးဦး ကြိုသူကြို၊ ခြေဆေးသူက ဆေး၊ သပိတ်ပွေ့သူက ပွေ့နှင့် လုပ်ကျွေးကြကာ ၀ါကျွတ်သည့်အခါတွင် ရဟန်းငါးရာတို့ မှာ ကောင်းစွာတရားထူးရသည်မှ စ၍ မေတ္တသုတ်တော် ဖြစ်ပေါ် ရွတ်ဖတ်ခဲ့ကြပါသတည်း။
အလျဉ်းသင့်၍ လူတို့၌ မထားသင့် မထားအပ်သော ဗုဒ္ဓ၏ အဆိုအမိန့် တစ်ရပ်ကို ထပ်မံတင်ပြလိုပါသည်။ “ပဋိဃနိမိတ္တဉ္စ၊ မနှစ်သက်အပ်သော အနိဋ္ဌာရုံသည်လည်းကောင်း။ အယောနိသော မနသိကာရော စ၊ မသင့်မတင့် နှလုံးသွင်းခြင်းသည်လည်းကောင်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ခေါ၊ စင်စစ်။ ဒေါသဿ၊ ဒေါသ၏။ ဥပ္ပါဒါယ၊ ဖြစ်ခြင်းငှာ။ ပစ္စယာ၊အကြောင်းတို့ကား။ဣမေဒွေ၊ဤနှစ်ပါးတို့သာလျှင်တည်း။”ဟုဆိုပါသည်။ ဒေါသ၏ မှုလရင်းမြစ်ကို ပယ်သတ်၍ မေတ္တာပွားနိုင်ရန် လိုအပ်လှပါကြောင်း ထပ်ဆောင်း တင်ပြအပ်ပါသတည်း။
၃ - မေတ္တသုတ်ပါဠိ
၄၆။ ယဿာနုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။ယဥှီ စေ၀ါနုယုဉ္ဖန္တော၊ ရတ္တိန္ဒိဝ’မတန္ဒိတော။
၄၇။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ဧ၀မာဒိဂုဏူပေတံ၊ ပရိတ္တံ တံဘဏာမ ဟေ။
၄၈။ ကရဏီယမတ္ထကုသလေန၊ယန္တ သနံ္တ ပဒံ အဘိသမေစ္စ။သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ။
၄၉။ သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ၊
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ’ နနုဂိဒ္ဓေါ။
၅၀။ န စ ခုဒ္ဒ’မာစရေ ကိဉ္စိ၊
ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။
သုခနော ၀ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္ထာ။
၅၁။ ယေ ကေစိ ပါနဘူတတ္ထိ၊
တသာ ၀ါ ထာဝရာ ၀’န၀သေသာ။
ဒီဃာ ၀ါယေ ၀ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၅၂။ ဒီဋ္ဌာ ၀ါယေ၀ အဒဋ္ဌာ၊
ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာ ၀ သမ ၻေ၀သီ ၀၊
သဗၺသတၱာ ဘ၀ႏ ၳဳ သုခိတတၳာ။
၅၃။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာညမညဿ ဒုက္ခမိစေ ၦယ်။
၅၄။ မာတာ ယထာ နိယံ ပုတၱ-
မာယုသာ ဧကပုတ္တမနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိပာဏံ။
၅၅။ မေတ္တဉ္စ သဗ္ဗလာကသ္မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ’မသပတံ္ထ။
၅၆။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာဝတာ’ဿ ၀ိတမိဒ္ဓေါ။
ဧတံ သတိ ံ အဓိေ႒ယ်၊
ဗြဟ္မ’မေတံ ၀ိဟာရ’မိဓ မာဟု။
၅၇။ ဒီဌိဉ္စ အနုပဂ္ဂမ္မ၊
သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနေယျ ဂေဓံ၊
နဟိ ဇာတု’ဂၢဗ ၻေသယ် ပုန ရေတိ။
မေတ္တသုတ္တံ နဋ္ဌိတံ။
မေတ္တသုတ်တော် ရွတ်ဖတ်ရခြင်း အကျိုး
မေတ္တသုတ်တော်ကို အမြဲမပြတ် သရဇ္ဈာယ်လေ့ရှိသူတို့မှာ အပလောက ပယောဂ အခြောက်အလှန့် ခံရခြင်း၊ အနာရောဂါ ကင်းခြင်း၊ အိပ်မက်ဆိုး၊ နိမိတ်ဆိုး၊ အတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊ လူ၊ နတ် အများ ချစ်ခင်ကြခြင်း၊ အဆိပ်လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှ စ၍ ဗြဟ္မာဘုံရောက်သည်အထိ အကျိုးပေးနိုင်စွမ်းရှိလေသည်။
်
မေတ္တာသုတ် မြန်မာအသံထွက် ရွတ်ဖတ်နည်း
*************************************
၁။ ယတ်သာနု ဘာဝ တော ယက်ခါ
နေ၀ ဒတ်သင်တိ ဘီသနံ၊
ယင်ညှိစေ၀ါ နုယုန်ဇန်တော၊ ရက်တိန် ဒိဝ ၊ မတန်ဒိတော။
၂။ သုခံ သုပတိ သုတ်တောစ ၊ ပါပံကိန်စိ နပတ်သတိ၊
အေ၀ မာဒိ ဂုဏူပေတံ၊ ပရိတ်တံ တံဘဏာမဟေ။
၃။ ကရဏီ မတ်ထ ကုသလေန၊ယန်တ သန်တံ ပဒ
ံ အဘိသမစ်စ၊သက်ကော အုဇူစ သုဟုဇူစ၊
သုဝစောစတ်သ မုဒု အနတိမာနီ။
၎။ သန်တုတ်သကော စ သု ဘရော စ၊
အပ်ပ ကိတ်စော စ သန်လဟုက ၀ုတ်တိ၊
သန်တိန် ဒရိယော စနိပကောစ၊
အပ် ပဂပ်ဘော ကုလေသွ နနုဂိတ်ဓော၊
န စ ခုတ်ဒ မာစရေ ကိန်စိ၊
ယေန ၀ိန်ညူ ပရေ အုပ ၀ဒေယုံ၊
သုခိနောဝ ခေမိနော ဟွန်တု၊
သပ်ဗ သတ်တာ ဘ၀န်တု သုခိတတ်တာ၊
၆။ ယေ ကေစိ ပါဏ ဘူတတ်ထိ၊
တသာ ၀ါ ထာဝရာ ၀၊န၀ သေသာ၊
ဒီဃာ ၀ါ ယေ၀ မဟန်တာ၊
မစ်ဈိမာ ရတ်သကာ အဏုက ထူလာ၊
၇။ ဒိတ်ထာ ၀ါ ယေ၀ အ ဒိတ်ထာ၊
ယေ၀ ဒူရေ ၀သန်တိ အ ၀ိဒူရေ၊
ဘူတာ၀ သမ္ဘေ၀ သီ၀၊
သပ္ဗ သတ္တာ ဘ၀န္တု သုခိတတ္တာ။
၈။ န ပရော ပရံ နိကုတ်ဗေထ၊
နာတိမင်ညေထ ကတ်ထစိ န ကင်စိ၊
ဗျာရောသနာ ပတိဃ သင်ည၊
နင်ည မင်ညတ်သ ဒုတ်ခ မိတ်ဆေယ။
၉။ မာတာ ယထာ နိယံ ပုတ်တ၊
မာယုသာအေက ပုတ်တ မနုရက်ခေ၊
အေ၀မ်ပိ သပ်ဗ ဘူတေသု၊
မာနသံ ဘာဝေယေ အပရိမာဏံ။
၁၀။ မစ်တင်စ သပ်ဗ လောက သမိ၊
မာနသံ ဘာဝယေ အ ပရိမာဏံ၊
အုတ်ဓံ အဓော စ တိရိယင်စ။
အ သမ်ဗာဓံ အဝေရ မ သပတ်တံ။
၁၁။ တိတ်ထံ စရံ နိသိန်နော ၀၊
သယာနော ယာဝတတ်သ ၀ိတ မိတ်ဒေါ၊
အေတံ သတိမ် အဓိတ်ထေယ၊
ဗြန်မ မေတံ ၀ိဟာရ မိဓ မာဟု။
၁၃။ ဒိတ်ထိန်စ အနုပက်ဂမ်မ၊ သီလ ၀ါ ဒတ်သနေန သမ်ပန်နော၊
ကာမေသု ၀ိနယ ဂေဓံ၊
န ဟိ ဇာတုတ် ဂပ်ဘ သေယ ပုန ရေတိ၊
(မစ်တ သုတ်တံ နိတ်ထိတံ)
@ thotuzanablogspot.com
apk. http://www23.zippyshare.com/v/OU9XsGj9/file.html
No comments:
Post a Comment