ဒေ၀ဒတ်ကပြောတယ်။
(၁) ရဟန်းတို့သည် ပံသုကူသင်္ကန်းကိုသာ အမြဲဝတ်ရမည်။...
(မြတ်စွာဘုရားက ဘယ်ကမှ မရရင်တော့ ပံသုကူသင်္ကန်းကို ရှာဝတ်ဖို့ မိန့်ပါတယ်။ ဒါပေမယ့်မယ့် လှူမယ့်သူ ဒကာ,ဒကာမ ရှိရင်တော့ အလှူခံတာကို ခွင့်ပြုပါတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက် ငါပြောသလိုပဲ ၀တ်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး)။
ဒေ၀ဒတ်က ပြောတယ်။
(၂) ရဟန်းတို့သည် တောရကျောင်းတွင်သာ အမြဲနေထိုင်ရမည်။
(ဒေ၀ဒတ်ရဲ့ သဘောက မြို့ပေါ်ကို လုံးဝ တက်မလာနဲ့ ဆိုတဲ့ သဘောပဲ၊ မြတ်စွာဘုရားကတော့ တောကျောင်းမှာ နေပြီး သာသနာအလုပ်အားထုတ်တာကို အခါအားလျော်စွာ လုပ်ဖို့ ညွှန်ကြားသလို လူနဲ့နီးတဲ့ နေရာတွေမှာ နေတာကိုလည်း မကန့်ကွက်ပါဘူး။ အဓိကအားဖြင့်တော့ ဘယ်မှာနေနေ စိတ်ကို ကိလေသာ အညစ်အကြေး ကင်းစေချင်တာက မြတ်စွာဘုရားရဲ့ အဓိကဆန္ဒပါ)။
ဒေ၀ဒတ်က ပြောတယ်။
(၃) ရဟန်းတို့သည် သစ်ပင်ရင်း၌သာ အမြဲနေထိုင်ရမည်။
(မြတ်စွာဘုရားကတော့ သစ်ပင်ရင်းမှာ နေပြီး ကိလေသာနှိပ်စက်နေတာမျိုးကို မကြိုက်သလို သစ်ပင်ရင်းမှာ အခါအားလျော်စွာ နေဖို့လည်း ညွှန်ကြားပါတယ်။ တစ်ခါ လှူမယ့်တန်းမယ့်သူ ရှိရင်တော့ ကျောင်းကောင်းကောင်းနဲ့ နေထိုင်နိုင်တယ် ဆိုတာကိုလည်း ခွင့်ပြုပါတယ်။ ကျောင်းမစွဲဖို့ အဓိကပဲ)။
ဒေ၀ဒတ်က ပြောပါတယ်။
(၄) ရဟန်းတို့သည် အမြဲဆွမ်းခံစားရမည်။
(သူ့ဟာက ဗီတိုအာဏာကြီးဗျ။ ဒါကြောင့် မြတ်စွာဘုရားက လက်မခံခဲ့တာပေါ့။ ဒေ၀ဒတ်လုပ်ပုံက ကျုပ်တို့ နောက်ရဟန်းတွေ ငတ်ကိန်းဆိုက်အောင် လုပ်ခဲ့တာပဲ။ မြတ်စွာဘုရားကတော့ ဆွမ်းခံဘုဉ်းပေးတာကို သဘောကျသလို၊ ပို့ဆွမ်း ပင့်ဆွမ်းကိုလည်း ဘုဉ်းပေးစေချင်ပါတယ်။ မနာမကျန်းဖြစ်တဲ့ ဒကာ,ဒကာမကို ငဲ့လို့ပါ)။
ဒေ၀ဒတ်က ပြောတယ်။
(၅) ရဟန်းတို့သည် အမြဲသက်သတ်လွတ်စားရမည်။
(ကြည့် ... ဒေ၀ဒတ်လုပ်ပုံတွေက ဟုတ်ကို မဟုတ်ဘူး။ မြတ်စွာဘုရားကတော့ သတ်နေတာကို မြင်ရင်၊ ကိုယ်စားဖို့ သတ်နေတယ်လို့ ကြားမိရင်၊ ဆွမ်းဝိုင်းရောက်မှ ''သြော် ဒီကြက်က တို့ဘုန်းကြီးတွေအတွက်ကြောင့် သေရတာပဲ'' လို့ သံသဖြစ်ရင်(စဉ်းစားမိရင်) မဘုဉ်းပေးသင့်ဘူး..တဲ့)။
ကဲ ... မြတ်စွာဘုရားက လူသားတစ်ဦးချင်းစီရဲ့ အခွင့်ရေးကို လေးစားသလောက်၊ ဒေ၀ဒတ်ကတော့ အပိတ်အပင်တွေ သိပ်များတာပဲ။
မျှတရင်လည်းတော်သေးတယ်။ သူ့ဟာက မြန်စွာဘုရားကို အားပြိုင်နေတာဆိုတော့ စတန့်ထွင်တဲ့သဘောလည်းပါသလို ပဲ။ နည်းသစ်ထွင်ပြီး ဘုရားနဲ့ အားပြိုင်တဲ့သဘောပါပဲ။ တော်သေးတာပေါ့ မြတ်စွာဘုရားက ကယ်ပေလို့။
ဒီလိုမှ မကယ်ရင်၊ ရွှေတိဂုံတောင် ဖူးလိုက်ရမှာ မဟုတ်ဘူး။ ။
ဆရာတော်လေး - ၁၃၇၅ ခုနှစ်၊ ၀ါခေါင်လဆန်း(၄)ရက်
- Min Zaw Swe မှကူးယူဖော်ပြပေးလိုက်ပါသည်
(မြတ်စွာဘုရားက ဘယ်ကမှ မရရင်တော့ ပံသုကူသင်္ကန်းကို ရှာဝတ်ဖို့ မိန့်ပါတယ်။ ဒါပေမယ့်မယ့် လှူမယ့်သူ ဒကာ,ဒကာမ ရှိရင်တော့ အလှူခံတာကို ခွင့်ပြုပါတယ်။ ကြိုက်ကြိုက် မကြိုက်ကြိုက် ငါပြောသလိုပဲ ၀တ်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး)။
ဒေ၀ဒတ်က ပြောတယ်။
(၂) ရဟန်းတို့သည် တောရကျောင်းတွင်သာ အမြဲနေထိုင်ရမည်။
(ဒေ၀ဒတ်ရဲ့ သဘောက မြို့ပေါ်ကို လုံးဝ တက်မလာနဲ့ ဆိုတဲ့ သဘောပဲ၊ မြတ်စွာဘုရားကတော့ တောကျောင်းမှာ နေပြီး သာသနာအလုပ်အားထုတ်တာကို အခါအားလျော်စွာ လုပ်ဖို့ ညွှန်ကြားသလို လူနဲ့နီးတဲ့ နေရာတွေမှာ နေတာကိုလည်း မကန့်ကွက်ပါဘူး။ အဓိကအားဖြင့်တော့ ဘယ်မှာနေနေ စိတ်ကို ကိလေသာ အညစ်အကြေး ကင်းစေချင်တာက မြတ်စွာဘုရားရဲ့ အဓိကဆန္ဒပါ)။
ဒေ၀ဒတ်က ပြောတယ်။
(၃) ရဟန်းတို့သည် သစ်ပင်ရင်း၌သာ အမြဲနေထိုင်ရမည်။
(မြတ်စွာဘုရားကတော့ သစ်ပင်ရင်းမှာ နေပြီး ကိလေသာနှိပ်စက်နေတာမျိုးကို
ဒေ၀ဒတ်က ပြောပါတယ်။
(၄) ရဟန်းတို့သည် အမြဲဆွမ်းခံစားရမည်။
(သူ့ဟာက ဗီတိုအာဏာကြီးဗျ။ ဒါကြောင့် မြတ်စွာဘုရားက လက်မခံခဲ့တာပေါ့။ ဒေ၀ဒတ်လုပ်ပုံက ကျုပ်တို့ နောက်ရဟန်းတွေ ငတ်ကိန်းဆိုက်အောင် လုပ်ခဲ့တာပဲ။ မြတ်စွာဘုရားကတော့ ဆွမ်းခံဘုဉ်းပေးတာကို သဘောကျသလို၊ ပို့ဆွမ်း ပင့်ဆွမ်းကိုလည်း ဘုဉ်းပေးစေချင်ပါတယ်။ မနာမကျန်းဖြစ်တဲ့ ဒကာ,ဒကာမကို ငဲ့လို့ပါ)။
ဒေ၀ဒတ်က ပြောတယ်။
(၅) ရဟန်းတို့သည် အမြဲသက်သတ်လွတ်စားရမည်။
(ကြည့် ... ဒေ၀ဒတ်လုပ်ပုံတွေက ဟုတ်ကို မဟုတ်ဘူး။ မြတ်စွာဘုရားကတော့ သတ်နေတာကို မြင်ရင်၊ ကိုယ်စားဖို့ သတ်နေတယ်လို့ ကြားမိရင်၊ ဆွမ်းဝိုင်းရောက်မှ ''သြော် ဒီကြက်က တို့ဘုန်းကြီးတွေအတွက်ကြောင
ကဲ ... မြတ်စွာဘုရားက လူသားတစ်ဦးချင်းစီရဲ့ အခွင့်ရေးကို လေးစားသလောက်၊ ဒေ၀ဒတ်ကတော့ အပိတ်အပင်တွေ သိပ်များတာပဲ။
မျှတရင်လည်းတော်သေးတယ်။ သူ့ဟာက မြန်စွာဘုရားကို အားပြိုင်နေတာဆိုတော့ စတန့်ထွင်တဲ့သဘောလည်းပါသလို
ဒီလိုမှ မကယ်ရင်၊ ရွှေတိဂုံတောင် ဖူးလိုက်ရမှာ မဟုတ်ဘူး။ ။
ဆရာတော်လေး - ၁၃၇၅ ခုနှစ်၊ ၀ါခေါင်လဆန်း(၄)ရက်
- Min Zaw Swe မှကူးယူဖော်ပြပေးလိုက်ပါသည်
No comments:
Post a Comment