အိုကာလာမနွယ်ဖွားအမျိုးသားတို့
သတင်းစကားကို ကြားရုံမျဖြင့် နားမယောင်နှင့်
အစဉ်အလာဖြစ်ပေသည်ဟူ၍လည်း လက်မခံနှင့်
လူပြောသူပြော တဆင့်စကားကိုလည်းမယုံလေနှင့်
ဘာသာရေးကျမ်းကြီးများကိုးကားပြော၍လည်း
မှန်လှပြီဟုမထင်လေနှင့်၊
တက္ကနည်းနှင့် ဆင်ခြင်ကြံဆယူရုံမျကိုလည်း
နားမယောင်လေနှင့်၊
ပုံပန်းအမြင်သဏ္ဍန်ကြည့်၍လည်း မဆုံးဖြတ်လေနှင့်
ရော်ရမ်းမှန်းဆယူရသောသဘောထင်မြင်ချက်ကို
အမှန်ဟုမမှတ်ယူလေနှင့်။
ဖြစ်နိုင်ကောင်း၏ဟု ထင်မြင်ရရုံဖြင့်လည်း
မယုံကြည်ပါလေနှင့်၊
အသင်တို့ကိုွး့ယ်းဆည်းကပ်ရာဆရာသမား
ဖြစ်ပေသည်ဟူသော သဘောကြောင့်လည်း
မှန်လှပြီဟု တစ်ထစ်ချ မမှတ်ကြကုန်ရာ....။
``အို.....ကာလာမနွယ်ဖွားအမျိုးသားတို့.....``..
အချို့သောအကြောင်းတရားသည်
အကုသိုလ်ဖြစ်သည်။ မမှန်ကန်မကောင်းကျိုးကို
ဖြစ်စေသည်ဟု သင်တို့ ကိုယ်တိုင်ကိုယ်ကျ သိရှိ၏။
ထိုအကြောင်းတရားများကို စွန့်ပယ်ကြပေလော့၊
အချို့သောအကြောင်းတရားများမှူ ကုသိုလ်ဖြစ်သည်
ကောင်းကျိုးကို ဖြစ်စေသည်ဟု
အသင်တို့ ကိုယ်တိုင်ကိုယ်ကျ သိရှိ၏။
ထိုအေ့ကြာင်းတရားများကို နှစ်သက်စွာလက်ခံ၍
လိုက်နာကျင့်ကြပေလော့...။
မြတ်ဗုဒ္ဓဒေသနာ (What the Buddha Thught)
No comments:
Post a Comment