........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........
Jun 30, 2018
သိမ်ထဲ အမျိုးသမီးများ မဝင်ကောင်းဘူးလား
''ဦးလေး သိမ်ထဲ မိန်းမတွေ မဝင်ကောင်းဘူးလား''
''ဝင်ကောင်းပါတယ်''
''နို့ ဘာဖြစ်လို့ သိမ်ထဲကို မိန်းမတွေ ဝင်ရင် မောင်းထုတ်ကြရတာလဲ''
''မောင်းမထုတ်ပါဘူး''
''အို... ဟုတ်တယ်၊ ကနေ့ဘဲ ဌေးဌေးတို့ မောင်းထုတ်ခံခဲ့ရတယ်၊ မိန်းမဖြစ်ရတာ သိပ်အောက်တန်း ကျ တာဘဲ၊ ဒါပေမယ့်လေ မိန်းမလဲလူပါဘဲ''
ဌေးဌေးကား စာရေးသူ၏ တူမလေးဖြစ်သည်။ မုံရွာမြို့ အမှတ်(၂) အ.လ.က၌ (ဂ)တန်းတွင် ပညာသငကြားနေသူ ဖြစ်သည်။ သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် မိဘများနှင့်အတူ စစ်ကိုင်းသို့ ဘုရားဖူးလိုက်ပါလာခဲ့၏။ တောင်ပေါ်ဘုရားများကို အနှံ့ဖူးပြီး ချောင်သို့ပြန်အရောက်တွင် အထက်ပါ အတိုင်း မကျေနိုင်မချမ်းနိုင်ဖြစ်ကာ မေးလိုက်ခြင်းပင် ဖြစ်သည်။ တစုံတခု ဖြစ်ခဲ့ပြီဟု စာရေးသူ ရိပ်စားမိ လိုက်ပါသည်။ ထို့ကြောင့် ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းကြည့်ရ၏။ ဖြစ်ပုံကား ဤသို့တည်း။
နံနက်လေးနာရီအချိန်လောက်မှထ၍ အစောကြီးပင် တောင်ပေါ်သို့ တက်သွားကြသည်။ အရုဏ်မတက်မီပင် ပရက္ကမချောင်သို့ရောက်ကြ၏။ အရှေ့ပရက္ကမ၊ အနောက်ပရက္ကမ ဟု နှစ်ချောင်ရှိရာ ဆရာတော်တပါးစီ သီတင်းသုံးကြသည်။ ထိုဆရာတော်များသည် ဂူတွင်းအောင်းလျက်၎င်း၊ သစ်သီးဆွမ်း -ပဲပြုတ်ဆွမ်းတို့ကိုသာ မျှတရုံဘုဉ်းပေးလျက်၎င်း၊ ရဟန်းတရားကို အပြင်းအထန် အားထုတ်နေကြပါသည်။ အရုဏ်တက်ပြီဆိုလျှင် ကမ္မဋ္ဌာန်းဂူအတွင်းမှထွက်၍ ဆွမ်းခံလေ့ရှိရာ ထိုဆရာတော်များကိုလည်း ပဲပြုတ် ဆွမ်း လောင်းလှူရန်အတွက် ဤကဲ့သို့ အစောကြီးတောင်ပေါ်သို့ တက်ကြခြင်းဖြစ်သည်။ ဆွမ်းလောင်း လှူပြီးသောအခါ ဆရာတော်က သီလပေးသည်။ ဤအချိန်မှတပါး အခြားအချိန်များတွင် လုံးဝ လူတွေ့မခံကြပေ။
ဌေးဌေးတို့ တသိုက်သည် သီလယူပြီးနောက် အနောက်ပရက္ကမချောင်တွင်းရှိ သိမ်ထဲသို့ ဝင်ရောက်၍ ရုပ်ပွားဆင်းတုတော်များကို ဦးချရှိခိုးကြသည်။ ပါလာသည့် ဖယောင်းတိုင်များကိုလည်း ညှိထွန်းပူဇော်ကြသည်ဆို၏။ ထိုအခါ ပရက္ကမချောင် ဆရာတော်ကြီး၏ အလုပ်အကျွေး ဖြစ်ဟန်တူသော ရဟန်းငယ်လေးတပါးက '' ဒီအထဲ မိန်းမတွေမဝင်ရဘူး၊ ဒါ သိမ်'' ဟု ပြောလျက် ဌေးဌေးတို့တသိုက်ကို မောင်းထုတ်လိုက်ခြင်း ဖြစ်သတည်း။
ဒါကိုပင် အတေးထားခဲ့သော တူမက စာရေးသူကို မေးခွန်းထုတ်လေတော့သည်။ ''မိန်းမဖြစ်ရတာ သိပ်အောက်တန်းကျတာဘဲ၊ ဒါပေမဲ့လေ မိန်းမလဲလူပါဘဲ'' ဟု ကောက်ချက်ချလိုက်သေး၏။ မှန်ပါသည်၊ မိန်းမလဲလူ ယောက်ျားလဲလူပင်ဖြစ်သည်။ မိန်းမကမြတ်သည်၊ ယောက်ျားကမြတ်သည်ဟု ခွဲခြားရန်လည်း အကြောင်းမရှိချေ။ ကိုယ်ကျင့်တရားနှင့် စိတ်နေသဘောထားတို့၏ ကြီးမားမွန်မြတ်ခြင်းသာ အဓိက ဖြစ်ပေသည်။ အဂ္ဂညသုတ် (သုတ်ပါထေယျ ပါဠိတော်) ၌လည်း ဤအတိုင်းပင် ဗုဒ္ဓမြတ်စွာ မိန့်ကြားခဲ့ပါ သည်။ စာရေးသူသည် တူမဖြစ်သူကို ဖျောင်းဖျနှစ်သိမ့်ရင်း အများလည်း ဝေဘန်ထောက်ရှုနိုင်ရန် ဤ''မိန်းမနှင့်သိမ်'' ဆောင်းပါးကို ရေးသားတင်ပြ လိုက်ရပါသည်။
ပါလိုဠိ ''သီမာ'' ကို မြန်မာလို ''သိမ်'' ဟု သုံးစွဲထားခြင်း ဖြစ်၏။ ''သီမာ'' သဒ္ဒါသည် အပိုင်းအခြားအနက်ကို ဟော၏။ ''ရဟန်းသံဃာများ ဥပုသ် ကံ စသည်ပြုရန်အတွက် ပိုင်းခြား သတ်မှတ်ရာတွင် ဉတ်-ကမ္မဝါစာတို့ဖြင့် ရွတ်ဖတ်၍ သမုတ်(သတ်မှတ် )ထားသော သိမ် (ဗဒ္ဓသိမ်)၊ ဉတ်-ကမ္မဝါစာ တို့ဖြင့် မရွတ်ဖတ်ရဘဲ အလိုလိုပင် ဥပုသ်ကံ စသည်ပြုနိုင်သောသိမ် (အဗဒ္ဓသိမ်)ဟု နှစ်မျိုးရှိလေသည်။ ''ဂါမသိမ်'' သည် အဗဒ္ဓသိမ်မျိုးတွင် ပါဝင်၏။ သူကြီးတယောက် အခွန်အတုပ် ကောက်ယူခွင့်ရှိသော အရပ်သည် (၂-ရွာ ၃-ရွာ ရှိသော်လည်း) ဂါမခေတ် တခေတ်မည်၏။ ထိုဂါမခေတ်နယ်သည် ရဟန်းအားလုံး စုရုံး၍ ကံပြုနိုင်သော ဂါမသိမ်တမျိုး ဖြစ်လေသည်။
ဤသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် လူတို့သည် လင်ယူသားမွေး လုပ်နေကြ၏။ အညစ် အကြေးတို့ကိုလည်း စွန့်ချနေကြသည် မဟုတ်ပါလော။ ယင်းသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် ယောက်ျားတွေချည်းသာ နေကြသည် မဟုတ်ပါချေ။ ထို့ကြောင့် သိမ်အတွင်း မိန်းမတွေ မဝင်ရဟု အထင်ရောက်နေခြင်းမှာ လုံးဝ လွဲမှားနေခြင်းသာဖြစ်သည်။ ကျောင်းတိုက်များအတွင်းဝယ် ကျောက်တိုင်များ (သီမန္တရိတ်တိုင်များ) စိုက်၍ သမုတ်ထားသော (ဗဒ္ဓ)ခဏ္ဍသိမ်မှာလည်း ထိုနည်း¤င်းပင် ဖြစ်ပါသည်။ ''သိမ်အတွင်း မိန်းမတွေဝင်လျှင် ငရဲကြီးသည်'' ဟု ပြောဆိုထင်မှတ်နေကြခြင်းမှာ ပိုလွန်နေသော လွဲမှားမှုသာ ဖြစ်ချေသည်။
ဥပုသ်ကံစသော ကံကြီးကံငယ်ပြုရာ၌ ကြဉ်ဖယ်ထားရမည့် ပုဂ္ဂိုလ်(ဝဇ္ဇနိယပုဂ္ဂိုလ်)များတွင် လူဝတ်ကြောင်လည်း ပါရှိလေသည်။ လူဝတ်ကြောင်ဟု ဆိုရာ၌ မိန်းမသာမက ယောက်ျားများလည်း ပါဝင်သည်။ ''သိမ်အတွင်း ကံပြုနေချိန်၌ လူဝတ်ကြောင်စသည် မပါဝင်စေရ၊ ကြဉ်ဖယ်ထားရမည်'' ဆိုသော်လည်း သိမ်ထဲတွင် မဝင်ရဟု တားမြစ်ထားခြင်းမျိုးမဟုတ်ပေ။ ကံဆောင်နေသော ရဟန်း သံဃာတော်များနှင့် ဟတ္ထပါသ်(နှစ်တောင့်ထွာ) မဆက်စပ်ဘဲ ဟတ္ထပါသ်(နှစ်တောင့်ထွာ) လွတ်ရာ အရပ်က ရှိနိုင်သည်၊ နေနိုင်သည်။ ထိုသို့ရှိနေခြင်းကြောင့် မည်သည့်ကံမျှ ပျက်ပြားမှုမရှိချေ။ (တေ ဟတ္ထပါသတော ဗဟိကရဏဝသေန ဝဇ္ဇေတဗ္ဗာ- လူစသော နှစ်ကျိပ်တယောက်သော ဝဇ္ဇနိယ ပုဂ္ဂိုလ်တို့ကို နှစ်တောင့်ထွာ ဟတ္ထပါသ်မှအပ ပြုခြင်းဖြင့် ကြဉ်ဖယ်ထားရမည်။ ။ ကင်္ခါဝိတရဏီအဋ္ဌကထာ)။
''နှစ်တောင့်ထွာ အတွင်းသာ မရှိစေရ'' ဟူသော မိန့်မှာချက်ကို သဘောမမူဘဲ အချို့ရဟန်း များသည် ရဟန်းခံ(ဥပသမ္ပကံဆောင်)ရာ၌ မိန်းမများကိုသာမက ယောက်ျားများကိုပါ မာန်မဲ၍ သိမ် အတွင်းမှ မောင်းထုတ် တတ်ကြလေသည်။ ဤသို့ လူတို့ကို သိမ်အတွင်းမှမောင်းထုတ်ခြင်းသည် စာရှိထက် ပိုလွန်ခြင်းသာတည်း-ဟု ဧဝကန် မှတ်ရပေမည်။ ယင်းသို့ တတ်ယောင်ကားဖြင့် အချို့ရဟန်းများ ''လူတတ်-လူစွာ'' လုပ်ခြင်းကြောင့်ပင် ''သိမ်အတွင်း မိန်းမ မဝင်ရ မဝင်ကောင်း'' ဟူသော အစွဲသည် ပြန့်နှံ့နေခြင်း ဖြစ်ပေသည်။
လွန်ခဲ့သည့် သီတင်းကျွတ်လက စာရေးသူသည် မြို့သာသို့ရောက်ခဲ့သည်။ မြို့သာနှင့် ၃-မိုင်ခန့် ဝေးသော အရပ်တွင် ''ရေမြို့ဘုရား'' ဟုခေါ်သော ရှေးစေတီတဆူရှိပါသည်။ ထိုစေတီ၏လိုဏ်အတွင်းမှ ရုပ်ပွားတော်၏ မျက်လုံးများသည် မှိတ်သွားလို့တဲ့ဟူသော သတင်းသည် အုတ်အော်သောင်းနင်း ဖြစ်လာသည်။ တဆင့်ပြောဖြင့် မယုံကြည်ဘဲ ကိုယ်တိုင်မြင်သိရမှ ကျေနပ်တတ်သော ဝါသနာကြောင့် သွားရောက်ဖူးမြင်လေ့လာခဲ့ပါသည်။ မျက်လုံးတော်များကို မျက်ခွန်များဖြင့်ဖုံးအုပ်၍မှိတ်သွားခြင်း၊ ပိတ်သွားခြင်းမျိုးကား မဟုတ်ပါ။ မျက်နှာတော်နှင့် တပြင်တည်း မျက်ဖြူမျက်နက်ဝန်းတို့ကိုပါမချန်ပဲ မျက်နှာတော် တခုလုံး ရွှေဘိန်းချခြင်းသာဖြစ်လေသည်။
မည်သို့ဆိုစေ-မျက်လုံးတော်များ မှိတ်သွားလို့တဲ့ ဟူသော သတင်းကြောင့် စာရေးကဲ့သို့ပင် လာရောက် လေ့လာ သူ ဖူးမျှော်သူတွေမစဲပါ၊ ဤသို့ဖူးမျှော်လာရာတွင် အချို့သောယောက်ျားများက ဘုရားလိုဏ်ဂူအတွင်းသို့ ဝင်၍ ဆီမီးထွန်းညှိခြင်း၊ ပန်းကပ်ခြင်းမပြုရန် မိန်းမများအား တားဆီး ပိတ်ပင်ကြလေသည်။ စာရေးသူမှာ ငြိမ်မနေနိုင်တော့သဖြင့် ''မတားဆီးပါနဲ့၊ သူတို့လည်း ဘုရားဖူးချင်လို့ လာကြတာပဲ၊ သူတို့ကြိုက်သလို အားရကျေနပ်အောင်ဖူးကြပါစေ'' ဟုပြောလိုက်ရပေသည်။ မိန်းမသား များကို နှိမ်ပေါက်ထား၍ ငရဲကြီးလိမ့်မယ်၊ မိုးကြိုးပစ်လိမ့်မယ် စသည်ဖြင့် ချောက်လှန့်ခြင်းမျိုးကား လုံးဝ နှစ်မြို့စရာမဟုတ်ချေ။ ကုသိုလ်ဆန္ဒဖြင့် ပြုရာ၌ မိုးကြိုးပစ်ချင် ပစ်စမ်းပါစေ။ ဝံ့စားသောသတ္တိကိုပင် မွေးမြူရပေမည်။ ဆင်ဖြူတော်ကို လှုဒါန်းလိုသော ဝေဿန်မင်းမြတ်သည် ''ဆင်ဖြူတော်လှူခြင်းကြောင့် ငါ့ကိုသတ်ချင်လည်းသတ်ကြ။ နိုင်ငံမှ နှင်ထုတ်ချင်လည်း နှင်ထုတ်ကြ။ မလှူမဒါန်းပဲကား ငါမနေနိုင်'' ဟု ရဲရဲဝင့်ဝင့် မိန့်မြွတ်၍ လှူဒါန်းလိုက်လေသည်။ ရွှေကျင် ဆရာတော်ဘုရားကြီးကား ''ဝီရော ကုသလကရဏေ-ကုသိုလ်ပြုရန် အခွင့်ကြုံလျှင် မကြောက်မရွံ့ နောက်မတွံ့ပဲ သက်စွန့်ကြိုးပမ်း ရဲစွမ်းသတ္တိရှိသူဖြစ်ပါစေ-ခလို'' ဟုပင် ဆုတောင်းခဲ့လေသည်။
ယနေ့ခေတ်သည် အကြောင်းယုတ္တိမတန်ဘဲ ငရဲနှင့်ချောက် စာအုပ်ကြီးနှင့်ပေါက်နေ၍ မဖြစ်ချေ။ သာသနာတော်၌ မကြည်ညိုသေးသူတို့ကို ကြည်ညိုလာစေရန်၎င်း၊ ကြည်ညိုပြီးသူတို့ကို သဒ္ဓါတရား တိုးပွားစေရန်၎င်း ကြောင်းကျိုးညွှန်ပြရပေမည်။နေရာတကာ၌ အထက်စီးကနေလျက် ကြိမ်း မောင်းခြင်း၊ ငေါက်ငမ်းခြင်းတို့ကား စင်စစ်ရိုင်းပြခြင်းသာ ဖြစ်သည်။ အရှိကိုအရှိတိုင်း အမှန်ကို အမှန်တိုင်း ဗုဒ္ဓ အလိုတော်ကျ မပိုမလို ပြောဆိုပြုလုပ်ရန်လည်း အမှန်တကယ် လိုအပ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လူတိုင်းအပေါ် ချိုသာယဉ်ကျေးစွာ ဆက်ဆံလျက် ဗုဒ္ဓညွှန်ပြခဲ့သည့် သဘောတရားရေးရာ၌လည်း ပိုင်နိုင် ထိမိအောင် လေ့လာထားသင့်ကြောင်း တင်ပြလိုက်ရပေသည်။
အရှင်မဟောသဓ ပဏ္ဍိတ
၁၁-၇-၇၁
ဓမ္မဗျူဟာ (အတွဲ ၉၊ အမှတ် ၉။)
မေတ္တာရှိရင်အားလုံးရှိတယ်
ကမ္ဘာပေါ်မှာ နှစ်သက်မြတ်နိုးဖွယ်ရာ အကောင်းဆုံးဟာ မေတ္တာပါပဲ။ မေတ္တာတရားဟာ ယဉ်ကျေးမှုရဲ့ အသည်းနှလုံး၊ ငြိမ်းချမ်းခြင်းရဲ့ ဗဟို ချက်မ၊ မြင့်မြတ်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ် ပါတယ်။ မေတ္တာတရားမှာ ရွှင်လန်းချမ်းမြေ့တဲ့မျက်နှာ၊ ချိုသာကြည်မြတဲ့ အသံ၊ နူးညံ့သိမ်မွေ့တဲ့ အမူ အရာနဲ့ ယဉ်ကျေးပျူငှာတဲ့ နှလုံးသားရှိပါတယ်။
မေတ္တာနဲ့ အိပ်စက်ရခြင်း၊ မေတ္တာနဲ့ နိုးထရခြင်း၊မေတ္တာနဲ့ ရှင်သန်နေထိုင်ရခြင်းတွေဟာ ဘ၀ရဲ့ အလှအပနဲ့ နှလုံးမွေ့လျော်ပျော်ဖွယ်ရာ တို့ရဲ့ ဖြစ်ဖျား ခံရာဖြစ်သလို လူ့ဘ၀ရဲ့ ခွန်အား၊ လူ့စိတ်တရဲ့ အလင်းရောင်၊ လူလောကရဲ့ မီးရှုးတန်ဆောင်လည်း ဖြစ်ပါတယ်။
   လောကမှာ အလှတရားဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် မေတ္တာ တရားရဲ့ အလှနဲ့ ယှဉ်လိုက်ရင် ကြွင်းကျန်သမျှဟာ `ဖွဲနဲ့ဆန်ကွဲ´ဖြစ်ကုန်ပါတယ်။
   မေတ္တာပန်းတွေ ပွင့်လန်းဝေဆာနေတဲ့ နှလုံးသားဥယာဉ်ခြံကျယ် ကြီးတွေမှာဆိုရင် ဘ၀ရဲ့ ခါးသီးခက်ထန်မှုတွေ က မြေဆီမြေသြဇာတွေဖြစ် သွားပြီး ဘေးရန်အန္တရာယ် အသွယ် အသွယ်ကတော့ သာယာငြိမ့်ညောင်းတဲ့ စမ်းချောင်း ကလေးတွေ အဖြစ် ပြောင်းသွားပါတယ်။  အခက်အခဲ အကျပ်အတည်း ပြဿနာပေါင်းစုံက တောင်ကုန်းမို့မို့လေးတွေလို ကြည့်ရှုမ၀ ဖြစ်နေပြီး၊ အနှောက်အယှက် အတားအဆီး အချုပ်အချယ်မျိုး စုံကတော့ လမ်းကွေ့လမ်း ကောက်ကလေးတွေလို သာယာလှပနေပါတယ်။ စိတ်ညစ် စိတ်ရှုတ်စရာတွေက ပျားပိတုန်း ကောင်လေးတွေဖြစ်သွားပြီး စိတ်ပျက် အားငယ်မှုလေးတွေကတော့ ရောင်စုံလိပ်ပြာငယ်တွေ အဖြစ် ပြောင်းလဲကုန်ပါတယ်။
မေတ္တာတရားရဲ့ စွမ်းအားဟာ အင်မတန် အံ့သြဖို့ကောင်းပါတယ်။ ပူလောင်ညှိုးနွမ်းနေ တဲ့ နှလုံးသားတွေကို အေးချမ်းလန်းဆန်းစေပြီး၊ အေးစက် မာကျောနေတဲ့ နှလုံးသားတွေကို တော့ နူးညံ့စေပါတယ်။ အတ္တ၊မာန မစ္ဆရိယ စတာတွေကြောင့် ကျဉ်းကျပ်သေးသိမ်နေတဲ့ နှလုံးသားတွေကို ကြီးကျယ် မြင့်မြတ်လာအောင် ချဲ့ထွင်မြှင့်တင်ပေးပြီး၊ လောဘ၊ဒေါသ၊မောဟ စတာတွေကြောင့် အမိုက်အမှောင်ကျနေတဲ့ လကွယ်ည နှလုံးသားတွေ ကိုတော့ လပြည့်ဝန်းလို ထွန်းလင်းသာယာစေပါတယ်။
  မေတ္တာတရားရဲ့ ကျေးဇူးကြောင့် လူသားတွေဟာ ဘ၀နဲ့ လောကကို ပျော်ရွှင်ရဲဝံ့စွာ ရင်ဆိုင်နိုင်ရုံမျှမက၊ လောကကောင်းကျိုးကို သယ်ပိုးဖို့ ၀န်မလေးတဲ့သူတွေ၊ လောကကို အလှပြုပြင် တန်ဆာဆင်ပေးတဲ့ သူတွေဖြစ်လာပါတယ်။ မေတ္တာတရားဟာ လူသားတွေကို မဆင်မခြင် မိုက်လုံးကြီးမှု၊ အောက်တန်းကျ ယုတ်ညံ့မှု၊ မယဉ်ကျေးမှု ဗွက်နွံအတွင်းက ထုတ်ဆယ်ပြီး အသိအလိမ္မာနဲ့ အဆင့်အတန်းရှိ ယဉ်ကျေးတဲ့ ပုဂ္ဂိုလ်အဖြစ် မြှင့်တင်ပေးပါတယ်။ အေးအတူပူအမျှ သက်၇ှိအချင်းချင်း ကူညီ ယိုင်းပင်းပြီး ချစ်ခင်စွာ ဖွဲ့စည်း နေထိုင်တတ်တဲ့ မိသားစုကမ္ဘာကို ဖန်တီးပေးပါတယ်။
ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာလောကရဲ့ ကြည်နူးဖွယ်ရာ အခြေအနေအားလုံးအတွက် ကျေးဇူး စကားဆိုရမယ့် ဆိုသင့်တဲ့ အရာဟာ မေတ္တာတရားပါ။ အကြမ်းဖက်မှုတွေ ပပျောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေနိုင်ရေး ဟစ်ကြွေးလျက်ရှိတဲ့ ခေတ်သစ်ကမ္ဘာလောကအတွက် မေတ္တာတရား အရိုးသား ဆုံး ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်။ မြင့်မြတ်တဲ့ လူသားအဖြစ်နဲ့ ငြိမ်းချမ်းရေးနဲ့ ပျော်ရွှင်ချမ်းမြေ့ရေး ပန်းတိုင်ကို ရောက်နိုင်ေ၇း ခရီးစဉ်မှာ မှန်မှန်ကန်ကန်  လမ်းညွှန်ဦးဆောင်မှု  ပေးနိုင်တဲ့ အရာဟာလည်း မေတ္တာတရားပဲ ရှိပါတယ်။
 မေတ္တာတရားဆိုတာ လူမျိုး မရွေး ဘာသာမရွေး ပုဂ္ဂိုလ်မရွေး ဒေသမရွေး ကျင့်သုံး ထိုက်တဲ့ အဖြူထည် အရိုးခံ သဘောတရားတစ်ခု ဖြစ်တဲ့အပြင်၊ လူတစ်ဦးချင်းစီရဲ့ လူမှုရေး ပညာရေးကျန်းမာရေး စီးပွားရေးစတဲ့ အရေးကိစ္စပေါင်းစုံတွေမှာ  အမြဲဆက်နွယ်ပါဝင်နေတဲ့ အဆောင် သဘောတရားတစ်ခုလည်း ဖြစ်ပါတယ်။ မေတ္တာတရားရဲ့ အရေးပါ အရာရောက်မှုနဲ့  စိမ့်ဝင်ပတ်သက်နေတဲ့ နယ်ပယ်ဧရိယာဟာ အင်မတန် ကြီးမား ကျယ်ပြန့်ပါတယ်။
   လောကေ၇းပဲဖြစ်ဖြစ်၊ ဓမ္မရေးပဲဖြစ်ဖြစ်(တစ်နည်းပြောရရင်) လောကီဘ၀မှာပဲဖြစ်ဖြစ်၊ လောကုတ္တရာဘ၀မှာပဲဖြစ်ဖြစ် မေတ္တာတရား မလိုအပ် တဲ့နေရာ၊ မပါဝင်သင့်တဲ့ အမှုကိစ္စ မရှိပါဘူး။ ဒါကြောင့် မေတ္တာတရားကို ပါဠိစာပေမှာ ` သဗ္ဗတ္ထက-အရာခပ်သိမ်း အမှုကိစ္စ အားလုံးတို့၌ အလိုရှိ အပ်သောတရား၊လို့ ရေးသားဖော်ပြထားပါတယ်။ နောက်ပြီး မေတ္တာဆိုတာ `စတုရာရက္ခ´လို့ခေါ်တဲ့ ကိုယ်စောင့်တရားလေးပါးမှာ ပါဝင်သလို `ဗြဟ္မ၀ိဟာရ´လို့ခေါ်တဲ့  ဗြဟ္မစိုရ် တရားလေးပါးမှာလည်း ကအကျုံးဝင်ပါတယ်။ ပါရမီ(၁၀)ပါးထဲမှာ ပါဝင်သလို ကမ္မဋ္ဌာန်း(၄၀)ထဲမှာလည်း ထည့်သွင်းထားပါတယ်။
လောကုတ္တရာဘ၀အောင်မြင်ရေးမှာ သမ္မာဒိဌိ-(ပညာ)က အရေးကြီးပြဌာန်းသလို၊ လောကီဘ၀ အောင်မြင်ေ၇းမှာလည်း မေတ္တာတရားက အရေး ကြီးပြဌာန်းပါတယ်။ မေတ္တာတရားဟာ လောကီဘ၀အောင်မြင်မှုရဲ့ အရုဏ်ဦးပါ။ အရုဏ် မတက်ဘဲ နေ့သစ်တစ်ခုကို မရောက်နိုင်သလို၊ မေတ္တာ မပါဘဲ လောကီဘ၀အောင်မြင်မှုကို လုံးဝမရနိုင်ပါ။ မေတ္တာမပါဘဲ လောကီဘ၀အောင်မြင်မှု ရရှိထားပါတယ်ဆိုရင် အဲဒီအောင်မြင်မှု ဟာ ရေအရည် စိန်အောင်မြင်မှု (တစ်နည်း ပြောရရင်) သဲရဲတိုက်၊ ရေခဲစိမ်တွေ့ပဲ ဖြစ်မှာပါ။
တကယ်တော့ မေတ္တာတရားဆိုတာ နှလုံးသားရဲ့ ရတနာ၊ လူ့ဘ၀ရဲ့ ဦးဆောက်ပန်း၊ တစ်လောကလုံးရဲ့ ဘာသာရေး ဖြစ်ပါတယ်။ စာရေးသူ ကတော့ မေတ္တာရှိရာမှာ အရာခပ်သိမ်းရှိ တယ်လို့ ပြောချင်ပါတယ်။ အရာခပ်သိမ်းဆိုရာမှာ အလိုရှိအပ်၊ နှစ်သက်အပ်၊ ကောင်းမြတ် တာတွေကို ဆိုလိုတာပါ။
ဒီအကြောင်းနဲ့ စပ်ယှဉ်ပြီး ဓမ္မပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ်။ ဒီပုံပြင်ကလေးဟာ အလင်းတန်းဂျယ်ထဲမှာ ဆရာအတ္တကျော်ေ၇းသားခဲ့တဲ့ အမောပြေ ပုံတိုပတ်စတွေထဲကပါ။
တစ်ခါတုန်းက အမျိုးသမီးတစ်ယောက်ဟာ အ၀တ်လှန်းဖို့ အိမ်ရှေ့ကိုအထွက်လိုက် သူ့ခြံဝင်းထဲမှာ မုတ်ဆိတ်ဖားဖားကြီးနဲ့ အဘိုးကြီး(၃)ယောက် ထိုင်နေကြတာကို တွေ့လိုက် ရသတဲ့။ အမျိုးသမီးက အဲဒီ သုံးယောက်ကို ဘယ်သူဘယ်ဝါမှန်း မသိပေမယ့် သက်ကြီး ရွယ်အိုတွေ ဖြစ်နေတာမို့ ဂါရ၀လေးနဲ့`အဘတို့ကိုကျွန်မမြင်တွေ့မြင်ဖူးသလိုပဲ၊အမောပြေ ၀င်နားနေကြတာထင်ပါရဲံ၊ အိမ်ထဲဝင်ပြီးအကြမ်းလေးသောက်၊ လက်ဖက်လေး မြုံ့ပါ ဦးလား´လို့ ဖိတ်မန္တက ပြုလိုက်ပါတယ်။
အဘိုးကြီးတွေက ချက်ချင်းပဲ သူ့ကို ပြန်မေးတယ်၊ ` ကလေးမရဲ့ အိမ်သား မရှိဘူးလား ကွယ်´ ၊ ` သူအပြင်သွားနေပါတယ်ရှင့်´၊ ဒါဆိုရင်တော့ တို့များဝင်လို့ ဘယ်တင့်တယ်ပါ့မလဲ သူငယ်မရဲ့´၊ အဘိုးကြီးတွေ ပြောတာကလည်း သဘာကျနေတာမို့ အမျိုးသမီးလည်း အတွန့် မတက်တော့ဘဲ သူ့အလုပ် သူလုပ်နေလိုက်ပါသတဲ့။
အဲဒီလိုနဲ့ နေလေးစောင်းလို့ သူ့ခင်ပွန်းသည် အလုပ်က ပြန်ရောက်လာတဲ့အခါ အမျိုးသမီးက ခင်ပွန်းသည်ကို အကျိုးအကြောင်း ပြောပြ လိုက်ပါတယ်။ အဲဒီအခါ ခင်ပွန်းသည် က `သွားပြောချေပါကွာ၊ အဘိုးအိုကြီးတွေ သနားပါတယ်၊ အိမ်ထဲကို ခေါ်လိုက်ပါလား´လို့ ပြောပါတယ်။ ဒါနဲ့ အမျိုးသမီးလည်း ခင်ပွန်းသည်ပြောတဲ့အတိုင်း အပြင်မှာ အခုထက်ထိ ရှိသေးတဲ့အဘိုးကြီးတွေကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်တာပေါ့။
အဲဒီအခါ ` တို့သုံးယောက် စလုံးဝင်လို့တော့ မဖြစ်ဘူးကလေးမရဲ့´လို့ အဘိုးကြိးတွေက ပြောပြသတဲ့။ `ဘာဖြစ်လို့ပါလဲ´လို့ အမျိုးသမီးက အကျိုးအကြောင်း မေးတဲ့အခါ၊ အဘိုးကြီးတစ်ယောက်က သူ့အဖော် နှစ်ယောက်ကို လက်ညှိုးထိုးပြပြီး၊ သူ့နာမည်က ဘဓန၊  ဟိုဘက် တစ်ယောက်က ဘအောင်လံတဲ့၊ အဘနာမည်ကတော့ ဘမေတ္တာပါတဲ့ကွယ်။ ကဲ-ကဲ.. ၊ ကလေးမရဲ့ အိမ်သားကို အဘတို့ရဲ့ နာမည်လေးတွေ ပြောပြပြီး၊ ဘယ်သူကို ကလေးတို့ရဲ့ အိမ်ထဲ အဖိတ်ချင်းဆုံးလဲဆိုတာ သွားမေးချေပါဦးလား၊ အဘတို့ သုံးယောက်စလုံးတော့ ၀င်လို့ကို မဖြစ်လို့ အခုလို ပြောရတာပါ´လို့ ဆိုပြန်သတဲ့။
ဒါနဲ့ အမျိုးသမီးလည်း အဘိုးကြီးပြောတဲ့အတိုင်း အိမ်ထဲကို ပြန်ဝင်ပြီး၊ သူ့ခင်ပွန်းသည်ကို အဘိုးကြီးတွေ ပြောတဲ့အတိုင်း တစ်လုံးမကျန် အစီရင်ခံတာပေါ့၊ ဇနီးသည်ပြောတဲ့ စကားကိုလည်း ကြားလိုက်ရရော၊ ခင်ပွန်းလုပ်သူ အမျိုးသားလည်း ထခုန်မိမတတ် ပျော်သွား သတဲ့။ ` နိပ်လိုက်တာ မိန်းမရာ၊ တစ်ယောက်တည်းသာ ခေါ်ကြစတမ်းဆို `ဘဓန´ကိုသာ အိမ်ထဲကို ခေါ်လိုက်ပါကွာ၊ ဓနဆိုတာကြွယ် ချမ်းသာမှု နိမိတ်ပဲ၊ တို့အိမ်ထဲကို ဓနတွေနဲ့ဖြည့် လိုက်ရအောင်လေ´။
လင်သားက အဲဒီလိုပြောတော့ ဇနီးလုပ်သူက သဘောမတူဘူး၊ `အစ်ကိုရယ် ကျွန်မသဘောကဖြင့် ` ဘအောင်လံ´ကို့ သွင်းချင်တယ်၊ ဒါမှ တစ်အိမ်လုံးမှာ အောင်မြင်မှု တွေ ရမှာပေါ့´။ အမျိုးသမီးက အဲဒီလို ပြောလိုက်တဲ့အခါ မှာတော့ အခန်းထောင့်မှာ ကုပ်ကုပ် ကလေးထိုင်ရင်း သူတို့စကား နားစွင့်နေတဲ့ သူတို့ရဲ့ ချွေးမက ` အဖေတို့ အမေတို့ကလည်း ဖိတ်ချင်းဖိတ်`ဘမေတ္တာ´ကိုသာ ဖိတ်သင့်တယ်လို့ သမီးကတော့ ထင်ပါတယ်။ ဒါမှလည်း ဒီအိမ် တစ်အိမ်လုံး မေတ္တာတွေနဲ့ မွမ်းထုံပြီး အေးချမ်းစိုပြေနေမှာပေါ့ အဖေတို့ရဲ့´လို့ တစ်စခန်း ထာပြန်ပါတယ်။
ချွေးမလုပ်သူက အဲဒီလိုလည်း ပြောလိုက်ရော ယောက္ခထီး ဖြစ်သူ ခင်ပွန်းသည်က ` မိန်းမရေ  ငါ့သမီးပြောတာ သိပ်မှန်တာပဲ။ ဘမေတ္တာကို ဖိတ်လိုကတာသစာ အကောင်းဆုံး ဖြစ်မှာပဲ၊ လုပ်ကွာ၊ ဘမေတ္တာကိုသာ သွားဖိတ်လိုက်ခေတော့´လို့ မယားဖြစ်သူကို စေခိုင်း လိုက်ပါသတဲ့။
ဒါနဲ့ အမျိုးသမီးလည်း အိမ်အပြင်ကို တစ်ခေါက်ပြန်ထွက်ပြီး အပြင်ရောက်တာနဲ့ အဘိုးကြီး သုံးယောက်ကို` အဘတို့ထဲက ဘယ်သူဟာ ဘမေတ္တာပါလဲရှင်၊ ကျွန်မတို့မိသားစု က ဘမေတ္တာကို အိမ်ထဲဝင်ဖို့ ဖိတ်ချင်လို့ပါနော်´လို့ ပြောလိုက်တာပေါ့။
အဲဒီအခါ ဘမေတ္တာဆိုတဲ့ အဘိုးကြီးလည်း ထိုင်ရာကထတဲ့ပြီး အိမ်အ၀င်ဆီကိုသွားဖို့ ခြေလှမ်းပြင် လိုက်တယ်၊ တစ်ချိန်တည်းမှာပဲ ကျန်တဲ့ အဘိုးကြီးနှစ်ယောက်ကလည်း နေရာကထပြီး ဘမေတ္တာ နောက်ကို လိုက်ဖို့ ခြေလှမ်းပြင် လိုက်ကြသတဲ့။ အမျိုးသမီးလည်း အတော်ကို အံ့အားသင့်သွားတယ်။ ဒါနဲ့ ဘဓနအနေနဲ့ ဘအောင်လံတို့ကို ချက်ချင်း လှမ်းပြော လိုက်မိတယ်။
"ကျွန်မက ဘမေတ္တာ တစ်ဦးတည်းကိုသာ ဖိတ်လိုက်တာပါ။ စောစောကပြောတော့ သုံးယောက်စလုံး ၀င်လို့မဖြစ်ဘူးဆို အခုတော့ အဘတို့ သုံးယောက်စလုံးဟာ ဘယ်လိုလဲ၊ ၀င်လို့ဖြစ်သွားပြီလား"။
အဲဒီလိုလည်း မေးလိုက်ရော အဘိုးကြီးသုံးယောက်စလုံဒးက တစ်ပြိုင်နက်တည်း ပြန်ဖြေ လိုက်ကြပါတယ်။ အေး.. ကလေးမတို့က ဘဓနကိုဖြစ်ဖြစ်၊ ဘအောင်လံကိုဖြစ်ဖြစ် ဖိတ်မယ်ဆိုရင်ောတ့ ကျန်တဲ့နှစ်ယောက်က အိမ်အပြင်မှာနေခဲ့ တော့မလိုပဲကွယ်၊ အခုတော့ သမီးတို့က ဘမေတ္တာကို ဖိတ်လိုက်ပေတာကိုး။ ကလေးမ သေချာမှတ်ထား။ ဘယ်တော့မဆို မေတ္တာသာ ရှိနေမယ်ဆိုရင် ဓနရော၊ အောင်လံပါ ရှိနေမယ်ဆိုတာ ညည်းတို့ဘ၀ တစ်သက်စာ မှတ်သားထားကြပေတော့ကွယ်"တဲ့။
ဒီပုံပြင်ကလေးက ဝေငှလိုက်တဲ့ ဘ၀ဒဿနဟာ အင်မတန် ထိမိလှပလှပါတယ်။ မေတ္တာတရားဟာ မိမိတို့ရဲ့ ဘ၀ထဲကို ထဲထဲဝင်ဝင် ရောက်ရှိ လာအောင် တလေးတစား တရိုတသေ ဖိတ်ကြားအပ်တဲ့ ဧည့်ကောင်း စောင်ကောင်းတစ်ဦးပါ။ ဒီ ဧည့်သည်ကောင်းကိုသာ မိမိရဲ့ နှလုံးသားကို အစထားပြိး မိမိတို့ရဲ့ ရပ်ရွာ၊ မြိုံပြ၊ နိုင်ငံတော်ထဲအထိ ၀င်ရောက် အခြေချနေထိုင်ခွင့် ပြုထားနိုင်ခဲ့မယ်ဆိုရင် မိမိတို့ရဲ့ နိုင်ငံတော်ဟာ ကမ္ဘာပေါ်မှာအေး ချမ်း သာယာပြီး အကြွယ်ဝဆုံး တိုင်းပြည်တစ်ခု ဖြစ်လာမှာကတော့ အသေအချာပါပဲ။
    ဒီပုံပြင်ကလေးကို တစ်ဆင့်ခံ ထပ်မံပြောပြဖြစ်အောင် ဖိအားပေး နှိုးဆော်နေတဲ့ အချက်အလက်တော်တော်များများ စာရေးသူရဲ့ ရင်ထဲမှာ တည်ရှိနေပါတယ်။ မေတ္တာတရားဟာ သူတော်ကောင်း ဂုဏ်ရည်ကို တိုင်းတာသတ်မှတ် ဆုံးဖြတ်ပေးနိုင်တဲ့ စံတစ်ခု၊ ပေတံတစ်ချေင်း ပါ။ မေတ္တာတရားနဲ့ ပြည့်ဝ လာတဲ့အခါ သူတော်ကောင်းအစစ် ဖြစ်လာပြီး၊ သူတော်ကောင်း အစစ် ဖြစ်လာတဲ့အခါ မှာလည်း မေတ္တာတရား နဲ့ ပြည့်ဝလာတော့တာပါပဲ။
  မေတ္တာတရားဆိုတဲ့ ဒီစံ၊ ဒီပေတဲ့နဲ့ တိုင်းထွာကြည့်တဲ့အခါ ကိုယ့်ဝန်းကျင်မှာရှိတဲ့  ဘုရားဒကာ၊ ကျောင်းဒကာ အမည်ခံပြီး (ငါးပါးသီလမလုံခြုံကြ တဲ့) သူတော်ယောင် တွေပါးစပ်က ဘုရားဘုရား၊ လက်က ကားရားကားရား လုပ်နေကြတဲ့ သူယုတ်မာတွေရဲ့ နှလုံးသားတွေဟာ အထင်းသား အရှင်းသား ပေါ်လာကြပါတော့တယ်။ တချို့အတုအယောင် ဖြစ်ပြီး၊ ဆူညံနေကြတဲ့ မဂ်သံ၊ဖိုလ်သံ၊ ၀ိပဿနာသံတွေ ကြားထဲမှာ တိမ်မြုပ် ပျောက်ကွယ် လုနီးပါး ဖြစ်နေတဲ့ အခြေခံ လူ့နှလုံးသား ဒီမေတ္တာတရားကို သူတော်ကောင်း စိတ်ရှိသူတိုင်းက ရိုးသား နိုးကြား ကြိုးစားပြီး ထုတ်ဖော်ဖြန့်ဝေကြရမှာပါ။
မေတ္တာတရားကို ကုသိုလ်ရတဲ့အလုပ်၊ ဘာသာရေးရဲ့ အဆင်တန်ဆာအဖြစ် သာမန်ကာ လျှံကာ ကျင့်သုံးခြင်းဟာ အပေါ်ယံဆန် လွန်းရုံမျှမက တန်ဖိုးထားမြတ်နိုးမှု နည်းပါးလွန်းရာ လည်း ရောက်ပါတယ်။ တကယ်တော့  မေတ္တာတရားရဲ့ စွမ်းရည်ဟာ အင်မတန် ယုံကြည်အား ထားထိုက်တဲ့ အရာပါ။ မေတ္တာတရားက ဘီလူးကို လူ၊ လူကို ဗြဟ္မာဖြစ်အောင် စွမ်းဆောင် နိုင်ပါတယ်။ နောက်ပြီး မေတ္တာတရားဆိုတဲ့ သစ်ပင်ကြီးဟာ အလွန်အေးမြတဲ့ အရိပ် အာဝါသကိုသာမက ကရုဏာဆိုတဲ့ အရင်းအမြစ်၊ မုဒိတာဆိုတဲ့ အသီးအပွင့်နဲ့ ရင့်မှည့် ပြီးဖြစ်တဲ့ ဥပေက္ခာဆိုတဲ့ သစ်သီးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။
မေတ္တာတရားဆိုတဲ့ ဒီအမြဲစိမ်း သစ်ပင်ကြီးတွေနဲ့ လူ့နှလုံးသားမြေပြင်တိုင်း အစဉ်စိမ်းလန်း စိုပြည်နေစေလိုတာဟာ ဒီပုံပြင်ကလေးကို ပြောပြရတဲ့ စာရေးသူရဲ့ အဓိက ရည်ရွယ်ချက် ပဲ ဖြစ်ပါတယ်။
တော်ဝင်နွယ်
ကေဇူကရိုနောဝ်
ငေါဝ်းအကျို,
ငေါဝ်းကရို,ဒါ;ဝေါဟာရယို
       လိုပေးငေါဝ်း လိုတလောင်ငေါဝ်း လိုတန်ငေါဝ်း အရွယ်ပငါပရာအောဝ်းသွံဒေါ့လွေ။
နောဝ်မ ငေါဝ်းကရိုယို လိုပငါပရာ စွုမ်းဖြာဒေါ့ဒါးရိုလဲ့ ကဟွိုန်နား အရသားနောဝ် တပီတ၀်းလွဝင်သွူ ။
လိုကဒေါ့သွုံဒါးငေါဝ်းန၀် အထီထွူးငါး အရသားဟောဝ် နားတလေ့ယံ ခတ်တ၀်းဝင်နား ရိုဗားနဲုင်းန၀်သွူ။
လိုယဟန်;နောဝ,် ကာ;ကထန်;ဖြောင်း ခွိုင်းကရော့ဖြေရို, ၀င်နားအီ;ရော့တရော့တ၀်း၊ ၀င်,အီ;ဖဲုင်;နာ; တဖဲုင်းနားတ၀်း စစွဉ်းစားယို တယူးတယားတောဝ်း တွမ်းရိုမွိုန်းဝင်နားအီးရော့ ဆော့ထဲင်းပါ,နား
ထွူတကာ;တ၀်း ကွပ်စွဉ်;ငါဝ်းတဲင် ပါ,သ,လျားအီ နေကနာ နောဝ်,နောဝ်, ကွပ်ဒျားငေါဝ်းပွိုးထာမဲုင်မဲုင် မဲဉ်ရို,
နဲုင်းန၀်သွူ။
ဒေါ့ထွိုင်းတဒါးတ၀်းလဲ့ တွမ်းကခွန်းပါနောဝ်ပီဝင်၊ အုံအောဝ်းထွိုင်းတဒါးတ၀်းလဲ့ တွမ်းကမာဆော့မဲ့ပါ ဗွိုန်ဝင်ပီပီသွူ။ ဥပမားခန်း တဖူလောင်း နီမဉ်းထီးဆွုမ်းပါတဖြာယို လွေမဲုင်ဖြေင်း/ လွေမဲုင်ဗွာ  နီမဉ်းရီတပွတ်
ခန်းဝွေနဲုင်းန၀်န၀် ဝွေနောဝ်တဲ့ လယ်းထာ၊လွေကဲမဲုင် စတဲင် အီးဖြေးတပွတ်သါတ်ချာ နီနဲုင်းန၀်နေနေ။
မွေးတောဝ်းတွော့ အီးလွေမဲုင်ယိုဟွဉ်း မောင်းဖြေင်း/မောင်းဗွာ နီရီဆွုမ်းခန်းနဲုင်းန၀်မွိုင် ၊ ပါတဖဲ့သားလဲ့ လွေ
ဆောင်းဗော့ယိုကိုဟောင်း၊ လွေလယ်းအွိုးယို အွိုးနောဝ်ဟောင်းစတဲင် ယေန်းယေန်းကေးကေးဝင်အီးလ၀်း
ချာဖေးနီ နဲုင်းန၀်သွူ။
နီရီဆွော့ ကတဲ့ဝင်တဲ့ ပါဖြေးဆွော့ကတဲ့ချာ ဖေးဒါးနီ ၊ နောဝ်နောဝ် ထွာ ဒျားသဘာဝတရာ အတွိုင်ဒျားသွူး။
ပါကလွထီးအီနီတဲ့ ကဲဉ်းအာအာ ထွာဒျားငေါဝ်း၊ ၀င်ထာရက်ကထွာအီ ပါမေတ္တားကတွိုးဒါးနီလောင်းန၀်တဲ့
ထွာဒျားငေါဝ်းကရိုနောဝ် သီအီးဝန်းခံးနေဟာင်.....?
တဲမ်းလိတ်သား ခွေသွဉ်းနောဝ်တဲး ဒေါ့ခရားလိုတောဝ်းသွူ ။ ငေါက်ထွူလဲဉ်းဒျားကတွူးသနယ် ၀ါးသနား
ဟော်လိတ်သားစွိုဟွေး- နီယိုနောဝ် လိုဒေါ့ဒါးငေါဝ်းနဲ့၊ လိုဒေါ့ငေါဝ်းဒါးနဲ့ကရိုနောဝ် နီတွမ်းနီအတား ယူးခံး
ချင်းဖြေးဒျားသွော့နော ။
အဟဲ့မားတွော့ကလလွဉ်အီအကျို့ ၊ အဟဲ့ဒါးတွော့ ကလလွဉ်အီအကျို့  ၊ အကွားလို့ဝင်နဲုင်းမဲုင့် ကရို့နောဝ်
တွမ်းဝတ္ထုပေးတဲင် တဲမ်းကဲစ့်နယ်ဗား ၀ါးသနားလိတ်ထွား၊ လိတ်ဟော့်သား နဲုင်းယိုသွူ ၊
အွိုးမော့လဲင်းစခါ ဗား၇ားဏားသီးခမ်း ဗြဟ္မဒတ် ကအ၀်းထွာခွန်အတွင် နီဘုရာ့လောင့် နောဝ် ထွာခွန်ပိုသွူ
 တွိုးတနီတွော့ မုတ်ဆို့တဖြာနောဝ် လ့အာမွေးစွဉ်းဒျား ထာသားတခြာယားတဲင် ဒင်းဗွေဗိတ့် လေားလောင်း
ထွူတွော့ အီးလွေလယ်းစာ ဝေိင်ကိုအတွင် တွိုးတဖူလောင်းခင်းလမ်း တထွောင်းကိုနောဝ်လွေမော့ခန်းတွမ်း
သ,ဌေ,ပိုစွို, လိုဝင်လစ်,နောဝ်,သွူ ၊
တွိုးနောဝ်,တွော့ သဌေပိုဝင်ပထမတဖြာ,န၀်, မဲဉ်အံ;ငါးထာသားတခြာယားတဲင် လွေထေ့မုတ်ဆို,ထျထွူ
တွော့ ကွီခန်းငေါဝ်းနဲုင်းယို -  ဟွေ့မုတ်ဆို, -ဖေ;ဗဲင်း ခွေထာ,သားတခြာယာ;တစိ,ငါမွိုင် ရို,နဲုင်းနောဝ်သွူ။
တွိုးန၀်တွော့ မုတ်ဆို,ရိုချာဖေး ခွန်ပေ; နဲုင်းယို -- မောင်းဟွေး နီမဲဉ်လ့ ပါထျတခြို တမျို,မျို, နောဝ်, ကွီဗား
နေးတွမ်း ငေါဝ်းအွီးအွီး သားသားမ သွူ ၊ နာက့ကွီဗဲင်းဒါး ခေါထာ,သားယာ; နာ;နာ,ငေါဝ်းန၀် ကျံ ထံငါး ၊
တထွိုက်တန်းတွမ်းအယာ; တန်းဒျားတွမ်းအပီ အဖြို့  ၊ အမေးကွို့ပေးလွုမ် ၊ ထူးလေါဗော့ ကားနာငေါဝ်းငါ
လဲုင်း ရိုဖေးနဲုင်းန၀်သွူ ။ ဝေါတွက်တား လွေတရော့တောဝ်းတကာ၊ ဒေါ့တရော့တောဝ်း တငွါ ထွာထို,ဗားနဲုင်း
နောဝ်ဟောင်း..။
သဌေပိုဒုတိယတဖြာနောဝ်  - ဝေးတန်ဟွေး ဖေးဗဲင်းခွေ အယားတစိငါမွိုင် ကွီခန်းနဲုင်းန၀်နေနေ၊ တွိုးနောဝ်,
မ, ခွန်မုတ်ဆို ရိုဖေ; --နာအတွက်တားထွိုက်တန်းဒျားအယာ; ။  လောကကို ဝေးခို ၊ဝေးမူ;၊ ဖူးခို ၊ဖူးမူး၊  ကဟဲ့
ရို, လွဒါးငေါဝ်းယိုနောဝ်,  သေန်းလျော်;ဟောဝ်ငါးတွမ်း နီလိုသီးတဲင် နာ,ကဒေါ့ငေါဝ်းယာ;နောဝ်, လွောက်
ဖက်ဒျားနမ်းအင်္ဂါး အယာ;ဖဲ့နောဝ် မ, ဖေးဒျာ; နာ,အယာ; ထူ;သဲင်, ဟဲုင်း နဲုင်းနောဝ်,သွူ ။
သ,ဌေ,ပိုတတိယတဖြာ,နောဝ်,-လွေ,နဲုင်းနဲုင်း ထွူတွော့ ဝွေ,ဒေါ့ရီ ကွီလဲုင်; ဒျာ;နဲုင်းယို --- ဖာဟွေး ဖေ;ဗဲင်း
နဲုင်းနဲုင်းခွေသွဉ်း စဉ်;ယာ;ယဟူ; ယဟန်; ပေးငါမွိုင်  မုတ်,ဆို,သဲစ်,ကဟွိုန်  ဖာဟွေး ငေါဝ်းနောဝ်,ရာ,အုံထာ,
မဒါ; မာ,တသွိုးအီငါ;ဝွေ,သ,ရာ;တဲင် မောင်းဟွေး နာ,ကဒေါ့ဒါးငေါဝ်းန၀်, တွမ်းခေါသ,ရာ; နောဝ်,ပီဝင်,၊ ကွပ်
နောဝ်,မ, နာ,ကထွိုက်တန်;ဒါ;အသ,ရာ;အယာ;ဒူ;ယို ထူ;သဲင်,ဟဲုင်း ရို,ဖေ;ခန်းနဲုင်းနောဝ်,သွူ ။
သ,ဌေပိုစတုတ္ထတဖြာ,ဆဲုင်,သွတ်, ဘုရာ,လောင်, နောဝ်, နေးတွမ်းငေါဝ်းဟောဝ်ငွါဒါ; အသာ;ယာ;နယ်,လွဉ်
ဒေါ့ရိုဒျာ;ငေါဝ်းနဲုင်းယို--- သွ,ဟွေး ခွေ,နောဝ်,ရာ,ကာ;ဒျာ;သွ,နာ,စေ;တနာ; တဲင် ဖေ;ဗဲင်းနဲုင်းနဲုင်းခွေ နာ,ထာ,သားယာ;နောဝ်, မွိုင်သွ, ဝွေ,ထွိုင်; ကွီနဲုင်းနောဝ်, နောဝ်, ခွ,ရျားရျား၊လျားပီပီ၊ ဆင်,ရယ်,သားတဲ့ဗွိုန်
ဒျာ; ချမ်,သာ;နဲုင်းနဲုင်း ကထွာဒါးသွ,ခွဟောဝ်ယို မဉ်;တအဲဉ်တောဝ်း နောဝ်,လောကအကို ဗွီုန်ထို,ဒျာ; ပါ,က
အုံဗာ;ခြာကို လို,တအဲဉ်တောဝ်းအရပ်နောဝ်,သွူ ။
ယိုခါ သွ,နာ,ကဒေါ့ဒါ;ငေါဝ်းနောဝ်,ပီဝင်တွမ်း ခွေဥစ္စာ;တခြွီု, ကားကအောဝ်;ယို မဲဉ်းတန,ဟောဝ်ငါး..။
ကွပ်နောဝ်မ တစိမကား လေားလောင်းကီခွိုင်းကအောဝ်းဒါး ဥစ္စားထားသားယား ဖုံးယင် လောယင် ခွေဖေး
လို့လို့စွဉ်းနာ လွဉ်ယိုကိုဟဲုင်း ရီု,နဲုင်းနောဝ်,ထွူတွော့ ဒေါ့မဲဉ်းဒါးတဲ့လ,ပေါ် , ၊ ချော်,မဲဉ်;ဒါးတဲ့ လ,ခြေင် ၊ ကရို,
ဒါ;ငေါဝ်း နောဝ်,အတွိုင်, ကွပ်စွဉ်; ဘုရာ,လောင်,ထာ,ကျံ;ရော့ ထာ,ဒေါ့,ယံတဲင် မုတ်,ဆို,လေားဖုံ;နောဝ်, မုတ်,ဆို, ပသာတွို;သဲင်ဖေ;စွဉ်;ဒျာ; ဘုရာ,လောင်, သီးလမ်းပါ;ကိုနောဝ်,သွူ ။
ဝါ;သနာ;လိတ်ထွားသားတွမ်;လိတ်ဟော်,သား စွို,ဖုံ;ဟွေး  အဒေါ့အဖြောဝ်;ထူ;သွုံ, ငေါဝ်းအရေ,တန်/တတန်
တောဝ်းနောဝ်, ဇာတ် တော်;ယိုအလ, ဖေ;နီဘ၀သွဉ်ခန်, လို,တွိုင်,စွုမ်;ဖြာ, ထူ;အနယ်,တဲင် ကျံ;စယ်;ဒေါ့,
ဖြောဝ်;လွသွော့ဝင်,......ဝေးတန်၊ ဖာ၊ သွ,ပေ; စစွဉ်;အဟဲ့ အရို,ဖုံ;ယို စွန်,အာ; အရသာ; အောဝ်;ဒျာ;ပငါပရာ,
စွန်,အာ;အရသာ; ကွပ်ကွားလို့ဝင်,တဲင် ကလ,လွဉ်အီ အခွင်,အရေ,တဲ့ တဗွိုန်ပီတောဝ်းလွဝင်,သွူ ။
 နောဝ်,မ, နီလိုသီးယို ထွူထွာတောဝ်းတဖြာ, အုံငီ,  ဗာ;တွမ်;အမျာ,တဲင် ဒေါ့တွမ်;အမျို,မဲုင်,တယောဝ်း
ဝင်,ဖေ; ကနေစ်သက် ၀င်,ကဟွိုန်စွယ်, ရက်အမျို, ယံကသွုံ, ဒေါ့ရို, နွောင်, လွသွော့ဝင်, ကျောင်,  တွမ်း
စေ;တနာ; ၀ါ;သနာ;ဗွေဗွေတဲင် ........ဒင်းနယ်လွေ,ဗာ;သွူ ။ 
သောတုဇနပအိုဝျနပနေ
Jun 29, 2018
အချစ်(၃)မျိုး
အချစ်ကို ပေမ ဟသုံးစွဲညည်၊
(၁ ) တဏှာပေမ(၂) ဂေဟသိတပေမ(၃) မေတ္တာပေမ၊
တဏှာပေမဟူသည် ယောကျာ်းနှင့် မိန်းမ အချင်းချင်း တဏှာလောဘ၏အစွမ်းဖြင့် ချစ်ကြိုက်ခြင်းကိုခေါ်၏၊
တဏှာပေမကို အလင်္ကာကျမ်းက သင်္ဂါရ ရသဟုခေါ်၏။
ဂေဟသိတပေမဟူသည် မိဘနှင်းသားသမီး၊ ညီအစ်ကို မောင်နှမ စသည်တို့ အချင်းချင်း ချစ်ခင်တွယ်တာမူ့ကိုခေါ်၏၊ သည်ချစ်ခြင်းကို အလင်္ကာကျမ်းက ၀စ္ဆလ ဟုခေါ်၏။
မေတ္တာပေမ ဟူသည် သူတကတို့၏ အကျိုးစီးပွားဖြစ်ထွန်းမူ့ကို လိုလားခြင်းတည်း၊ သည်ချစ်ခြင်းမေတ္တာတရားသည် သူတစ်ပါးတို့နှင့် မခွဲခွါ အမြဲယှဉ်တွဲ နေလိုခြင်းမရှိ၊ လူအချင်းချင်း စကြာဝဠာတစ်ခုစီပင် ဝေးကွာသည်နေစေကာမူ ထိုဝေးကွာ နေသူမှာ စီးပွားချမ်းသာခြင်း ဖြစ်သည်ဟု သိရလျင် ကျေနပ်၏၊ အတူမနေရတဲ့အတွက် ခက်ခဲဝန်လေးခြင်းမရှိ ၊ စင်ကြယ်မွန်မြတ်သော သဘောတရားဖြစ်သည်ဟု ဗြဟ္မာ့ဝိဟာရ ဟူသော အမည်ကိုလည်းရရှိ၏။
ငါးရာနှစ်ဆယ့်ရှစ်သွယ်မေတ္တာဆောင်ပုဒ်
မရည်ပဉ္စ၊ရည်သတ္တ ၊ တည်ထဆယ်ံနှစ်ပါး၊
အဝေရာမူ၊ တုလေးခု၊ သွန်းဆုမေတ္တာပွား၊
ရပ်ဆယ်မျက်နှာ ၊ ဆက်၍သာ ၊ မြှောက်ပါဆင့်မနား၊
ငါးရာနှစ်ဆယ်၊ ရှစ်ခုကယ်၊ ဘုန်းကြွှဟော၍ထား။  
သောတုဇနပအိုဝျနပေန
ရှင်ဥပဂုတ္တနှင့်ထေရဝါဒသာသနာ
ထေရဝါဒစစ်စစ်တွေကိုမှလက်ခံယုံကြည်ကိုးကွယ်ချင်တဲ့သူတွေကိုအသိပေးမှဖြစ်မယ့်အကြောင်းတစ်ခုဖြစ်ပါသည်
ယုံကြည်မှုအငြင်းပွားနိုင်ပေမယ့်ကျွန်တော်ရဲ့ဝါသနာအတိုင်းပြောကိုပြောမှဖြစ်မယ်လိုဆုံးဖြတ်ပြီးဒီပို့လေးကိုရေးလိုက်ခြင်းဖြစ်ပါသည်
အခြားအယူဝါဒတွေကိုလက်ခံတဲ့သူတွေကိုလဲမှားတယ်လို့ကျွန်တော်မဆိုလိုပါနောက်ထိုရှင်ဥပဂုတ္တမထေရ်ကိုယုံကြည်သက်ဝင်
တဲ့သူတွေကိုလဲမည်သို့မှစော်ကားလိုခြင်းအလျှင်းမရှိပါ..မိမိသက်ဝင်ယုံကြည်သောထေရဝါဒစစ်စစ်တွင်ထိုရှင်ဥပဂုတ္တမထေရ်မရှိ
ကြောင်းကိုသာထင်ရှားစေလိုခြင်းဖြစ်ပါသည်..ထေရဝါဒရှုဒေါင့်မှသာသုံးသပ်တင်ပြသွားပါမည်..
ထိုရှင်ဥပဂုတ္တမထေရ်ကိုယုံကြည်ကိုးကွယ်သူများနှင်အခြားအခြားသောကိုးကွယ်ယုံကြည်သူများတစ်ညီတညွတ်တည်းလက်ခံ
ယုံကြည်ထားတာကတော့ထိုမထေရ်သည်(ရဟန္တာ)ဖြစ်သည်..တန်ခိုးဣဒ္ဓိပါဒ် စွမ်းအားကြီးမားသည်..မိုးလေဝသ ကိုပြောင်းလဲ
နိုင်သည်..ထိုအချက်တွေကြည့်ခြင်းအားဖြင့်ထိုရှင်ဥပဂုတ္တမထေရ်ကိုကိုးကွယ်ယုံကြည်သူများဟာ..မိမိတို့အကျိုးကိုရလို
သောကြောင့်ကိုးကွယ်ယုံကြည်ကြတယ်ဆိုတာအနည်းငယ်ထင်ရှားစေပါတယ်..ထိုရှင်ဥပဂုတ္တမထေရ်ရဲ့သမိုင်းကြောင်းကတော့
(က) မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ပရိဗ္ဗာဇက၀ဂ်၊ စူဠသကုလုဒါယီသုတ်၌ အောက်ပါအတိုင်း တွေ့ရှိပါသည်။
ရှင်ဥပဂုတ္တရဟန္တာ အလောင်းအလျာဖြစ်သည့် စူဠသကုလုဒါယီ ပရိဗိုဇ်မှာ ဘုရားရှင်နှင့်တွေ့ခွင့်ရ၏။ ဘုရားရှင်ထံ ရဟန်းအဖြစ်ကို ရလိုကြောင်း ခွင့်တောင်းရာ ဘုရားရှင်က ခွင့်ပြုတော်မူသည်။ သို့ရာတွင် ၄င်း၏တပည့် ပရိဗိုဇ်များက ၀ိုင်းဝန်းတားမြစ်ကြသဖြင့် ရဟန်းပြုခွင့် မရရှိလိုက်ပေ။
မဇ္ဈိမပဏ္ဏာသ ပါဠိတော်နှင့် အဖွင့်အဋ္ဌကထာ ဋီကာတို့တွင် ပါရှိသည်မှာ စူဠသကုလုဒါယီ ပရိဗိုဇ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် အနှစ်တရာရှိသော် သီရိဓမ္မာသောကမင်း (အသောကမင်း) လက်ထက်တွင် ရဟန္တာဖြစ်၍ တန်ခိုးဣဒ္ဓိပါဒ် စွမ်းအားကြီးမားတော်မူမည်။ သီရိဓမ္မာသောကမင်းသည် စေတီပေါင်း ရှစ်သောင်းလေးထောင် စသော ဒါနအလှူကြီးများ ပြုလုပ်သည့်အခါ မာရ်နတ်မင်းနှောင့်ယှက်ခြင်း မပြုနိုင်ရန် ကာကွယ်စောင့်ရှောက်လိမ့်မည်-ဟု ပါရှိပါသည်။
( ခ ) အထက်ပါကဲ့သို့ ရာဇ၀ံသကျမ်းတွင်လည်း သီရိဓမ္မာသောကမင်း၏ အလှူဒါနကို ၀ိုင်းဝန်းကူညီ စောင့်ရှောက်၍ အနုမောဒနာပြုသော ကာလ၌ ရှင်ဥပဂုတ္တမထေရ်မြတ်က မာရ်နတ်မင်းကို ဆုံးမတော်မူကြောင်း ပါရှိပါသည်။
(ဂ) လောကပညတ္တိကျမ်း၌လည်း အောက်ပါကဲ့သို့ တွေ့ရှိရပါသည်။
ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီးသည် သားသမီးမရရှိသောကြောင့် အမွေခံသားသမီးရရန် ကြီးစွာသော မဟာဒါနကို ပြုလုပ်ပေးလှူ၏။ ထိုစဉ် တံငါသည်တို့က ငါး၏၀မ်းထဲမှ လူမိန်ကလေး ရရှိသဖြင့် မင်းကြီးအား ဆက်သကြသည်။ မင်းကြီးလည်း ၀မ်းမြောက်စွာဖြင့် မွေးမြူထား၍ မစ္ဆဒေ၀ီဟု အမည်ပေးထား၏။ မစ္ဆဒေ၀ီ အရွယ်သို့ရောက်လာသော် ကိုယ်မှ မကောင်းသော အပုပ်နံ့ထွက်ရာ မည်မျှကုသပါသော်လည်း အပုပ်နံ့ မပျောက်ချေ။ ထို့ကြောင့် စားနပ်ရိက္ခာအပြည့်အစုံနှင့် ဖောင်ပေါ်တင်၍ မြစ်တွင် မျှောလိုက်လေသည်။
မြစ်အကွေ့တခုတွင် ရှင်ဥပမည်သော ရသေ့က မြစ်တဖက်ကမ်းသို့ကူးလို၍ ပို့ပေးရန်ပြောရာ မစ္ဆဒေ၀ီက သူ၏မျက်နှာကို မကြည့်လျှင် ပို့ပေးမည်ဟုပြော၏။ ရသေ့က မကြည့်ပါ ၀န်ခံသဖြင့် တဖက်ကမ်းသို့ ပို့ပေး၏။ ကမ်းသို့ရောက်သောအခါ ရသေ့က အမျိုးသမီး၏ အမျိုးအနွယ်ကို သိလိုသဖြင့် မစ္ဆဒေ၀ီအား ကြည့်လိုက်ရာ မျက်နှာချင်းဆုံမိသောကြောင့် မစ္ဆဒေ၀ီတွင် ပဋိသန္ဓေတည်ရှိသွားလေ၏။ ထို့ကြောင့် ရသေ့အား ပြောပြ၍ စောင့်ရှောက်ရန် မေတ္တာရပ်ခံရာ ရသေ့က သဘောတူသည်။ သားကိုဖွားမြင်သည့်အခါ ရသေ့ဥပ၏ စောင့်ရှောက်ကျွေးမွေးသည်ကို အစွဲပြု၍ ဥပဂုတ္တ-ဟု အမည်ပေး၏။ အရွယ်ရောက်သောအခါ ရဟန်းပြု၍ တရားကျင့်ရာ ဈာန်သမာပတ်တို့ကို ရရှိသော ရဟန္တာဖြစ်ပြီးလျှင် တောင်သမုဒ္ဒရာ၌ ကြေးပြာသာဒ်နှင့် စံနေတော်မူသည်။( တက္ကသိုလ် ခေမာ-ကျိုက်လတ် )
အထက်ပါသမိုင်းကြောင်းများကိုစာအုပ်များတွင်လည်းရေးကြသည်..အချို့သောရဟန်းများမှလဲတရားဟောရာတွင်ထည့်သွင်းဟော
ကြားကြသည်..သို့သော်လဲကျွန်တော်တို့ကိုးကွယ်ယုံကြည်လက်ခံထားသော..ထေရဝါဒရဲ့ သင်္ဂါယနာ(၆) တန်တင်ထားသော
မည်သည်ကျမ်းတွင်မှမပါရှိပေ..ထို သင်္ဂါယနာ(၆)တန်တင်ထားသောဘုရားဟောများသည်.. “ဗုဒ္ဓ”ဘာသာနိုင်ငံများဖြစ်သည်
လာအို..ထိုင်း..တရုတ်..ကမ္ဘာဒီးယား..သီရိလင်္ကာ..မြန်မာ..နိုင်ငံများရဲ့ရဟန်းတော်များရှေ့မှောက်မှာ သင်္ဂါယနာ
တင်ထားခြင်းဖြစ်သည်...အကယ်လို့များရှင်ဥပဂုတ္တမထေရ်သည်ဘုရားသာသနာတော်ကိုတကယ်စောင့်ရှောက်ခဲ့ရိုး
မှန်ခဲ့သည်ရှိသော်..ထိုထိုဆရာတော်ကြီးများရဲ့ရှေ့မှောက်မှာအမေးအဖြေလုပ်ရာတွင်ဘာကြောင့်မပါဝင်ပါသနည်း..
ထိုနောက်အသောကမင်းကြီးရဲ့အလှူဖြစ်တဲ့ပထမသင်္ဂါယနာတင်ပွဲတွင်..ထိုရှင်ဥပဂုတ္တမထေရ်ကကူညီခဲ့သည်ဟု
ပြောဆိုကြပါသည်..အမှန်တကယ်သာအသောကမင်းကြီးရဲ့အလှူကိုကူညီခဲ့ရိုးမှန်လျှင်..အသောကမင်းကြီးရဲ့ကျောက်စာ
များတွင်ထည့်သွင်းဖေါ်ပြထားမည်မှာအမှန်ပင်မလွဲဖြစ်ပါသည်..သို့သော်ထိုကျောက်စာများရဲ့မည်သည့်နေရာတွင်မှ
ထိုရှင်ဥပဂုတ္တမထေရ်အကြောင်းကိုထည်သွင်းဖော်ပြထားခြင်းမရှိပေ..အသောကမင်းကြီးကမေ့လျော့ကာမဖော်ပြနိုင်ခဲ့ခြင်း
ဖြစ်သည်ဟုစောဒကတက်ချင်လျှင်တက်နိုင်ပေမယ့်.ထိုကြီးမားတဲ့အလှူကြီးတွင်ကြီးမားစွာကူညီပေးခဲ့သူကိုအသောကမင်းကြီး
ကမေ့လျော့နေမည်ဟုလုံးဝမထင်ပါ...အမှန်တကယ်မကူညီခဲ့၍သာကျောက်စာများတွင်ရှာမတွေ့ခြင်းဖြစ်သည်
(အသောကမင်းကြီးကျောက်စာများကို..အရှင်အာဒိတ္စ၀ံသမှမြန်မာဘာသာသို့ပြန်ဆိုထားပါသည်..ရှာဖတ်ကြပါလေ)
.ရှင်ဥပဂုတ္တမထေရ်သည်ရဟန္တာဖြစ်ကာအသက်ထောင်ချီရှည်၍တောင်သမုဒ္ဒရာ၌
နေသည်ဟုလူအများလက်ခံယုံကြည်ကြသည်..၄င်းကောင်းလက်ခံယုံကြည်မှုသည်မည်သို့မှသဘာဝယုတ္တိမရှိပေ
ဘုရားသော်မှသဘာဝတရားကြီးကိုလွန်ဆန်ပြီးဘာတစ်ခုမှမလုပ်ခဲ့ပေ..ပရိနိဗ္ဗာန်ပြုသင့်သည်အချိန်တွင်ပရိနိဗ္ဗာန်ပြုသည်
ထို့အတူသာဝကများနဲလက်ဝဲတော်ရံလက်ယာတော်ရံများလဲထို့အတူပင်..အနှစ်ချုပ်ရသော်..ကျွန်တော်တို့လက်ခံယုံ
ကြည်ကိုးကွယ်နေသော..သင်္ဂါယနာ (၆)တင်တဲ့အထဲတွင်မပါရှိခြင်း..အသောကမင်းကြီးကိုကြီးစွာကူညီခဲ့သည်
ဟုဆိုသော်လည်းအသောကမင်းကြီးရဲ့အလှူမှတ်တမ်းကျောက်စာတွင်မည်သည်နေရာတွင်မှရှာမတွေ့ခြင်း.
ဘုရားရှင်တော်မြတ်ကြီးတောင်မလွန်ဆန်ခဲ့သောသေခြင်းတရားကိုလွန်ဆန်ကာအသက်အလွန်ရှည်ခြင်း
စသည်စသည်လက်မခံနိုင်စရာအကြောင်းများကိုထောက်ဆခြင်းဖြင့်..ထိုရှင်ဥပဂုတ္တမထေရ်ဇာတ်လမ်းကြီးသည်
လုပ်ဇာတ်ကြီးတစ်ခုသာဖြစ်သည်ဟုတွေးဆနိုင်သည်..ထို့ကြောင့်တကယ်မရှိသောထိုလုပ်ဇာတ်ကြီးကို
ကိုးကွယ်ယုံကြည်နေမည်ဆိုပါက..ယုံကြည်ကိုးကွယ်သူအတွက်လဲအကျိုးမရှိနိုင်သလို..အကိုးကွယ်ခံမှာလဲ
တကယ်မရှိတဲ့အတွက်ကိုးကွယ်ခြင်းကိုမသိရှိနိုင်ပေ..ထို့ကြောင့်နှစ်ဦးနှစ်ဖတ်အကျိုးမရှိသောအရာများကို
စွန့်နိုင်ပါကအင်မတန်ကောင်းမြတ်သောအလုပ်ပင်ဖြစ်သည်..ကျွန်တော်တို့သည်လူငယ်များပီပီဘိုးဘွားတွေ
လက်ထက်ကကိုးကွယ်ယုံကြည်ခဲ့လို့မိမိလက်ထက်မှာဆက်လက်ကိုးကွယ်ယုံကြည်နေကြမယ်ဆိုရင်
ညံ့ရာရောက်ပေတော့မည်..ထို့ကြောင့်အရာအားလုံးကို..ကိုကိုးကွယ်ယုံကြည်ရာစံသတ်မှတ်ချက်များနှင့်
နှိုင်းယှဉ်စဉ်းစားသင့်ပေသည်..ဥပမာဆောင်ရသော်..နေအရမ်းပြင်းသောကာလတွင်..ဒန်ပေါက်တစ်ထုပ်ကို
မိခင်ကစားသောအခါ..တစ်လုပ်နှစ်လုပ်စားပြီးသည်နှင့်မိခင်မှာလဲကျသေဆုံးသွားသည်ရှိသော်..
ထိုဒံပေါက်ထမင်းကို..သားသမီးကဆက်စားမလား..လွှင့်ပြစ်မလား...မည်သူမှဆက်စားလိမ့်မည်မဟုတ်ပေ
ထို့အတူပင်..မိမိဘိုးဘွားတွေကိုးကွယ်ခဲ့သည်ဟုဆိုကာထိုအဆိပ်နဲ့တူသောအယူမှားအမြင်မှားတွေကို
ဆက်လက်..လက်ခံမကျင့်သုံးသင့်တော့ပေ...အရာရာကိုစဉ်စားတွေတောကြံဆခြင်း..မိမိထက်တတ်သိနားလည်
သောဆရာတော်မထေရ်မြတ်များကိုမေးမြန်ခြင်း..စာအုပ်စာပေများကိုရှာဖွေဖတ်ရှုခြင်းစသည်တို့ဖြင့်
မိမိနားမလည်မရှင်းသောသံသယများကိုတစ်လက်စတည်းစတင်ပယ်ဖျောက်သင့်ပေသည်...ကျွန်တော်တို့
ရဲ့ဘုရားရှင်ကြီးတောင်မှ..ငါဘုရားပြောတိုင်းလဲမယုံနှင့်ဦးလို့မိန့်ဆိုခဲ့တာဟာ....ဘာသာတရား
တစ်ခုကိုအလွယ်လေးခံယူလိုက်တတ်တဲ့လူသဘောကိုသတိရှိစေချင်လို့ဟုကျွန်တော်ယူဆပါသည်..
ထို့ကြောင့်ယုံကြည်မှုကိုအခြေတည်သည့်မည်သည့်ဘာသာတရားတိုင်းမဆိုကိုယ်ယုံကြည်ရာ
နေရာတွေမှာကိုယ်စိတ်နဲ့လက်ခံယုံကြည်ပေးလို့ရလောက်တဲ့အနေအထားရှိရဲ့လားဆိုတာကို
အစဉ်သဖြင့်စဉ်းစားတွေးတောသင့်ပေတော့သည်...
သုဝဏ္ဏပကာသာနီကျမ်(ပအိုဝ်;)
ပီ;ယဒသီးဗွေဘုရာ ငေါဝ်းပညတ်မိန်တော်;ပအိုဝ်းခမ်းသထုံး
     ရွေးထုံးရားဇားဝင်း၊ ထေထန်းဖောခြာ၊ စခါဇာတ်လောင်,၊ ခွန်လောင်ရားဇား၊ ယံဖေးနားလည်၊အဓီပါယ်းပအိုဝ်းသွူ ၊ မွိုးဖါအငေါဝ်း၊ ဗွေးစောဝ်းဘုရာ၊ ၀ါးစားမုခပါဋ္ဌ်၊ ပျောလတ်မိန့်ဟ၊ မော့နောဝ်စခါ၊ ပီးယဒသီး နီဗွေးဘုရာ ၊ မျတ်စွာအစိုး ၊ ၀ါးတေားထင်းလနီဆီနွတ်ဝါး၊ ယံတွင်ကားလ ၊
ရားဇဋ္ဌားနီး ကပီးလ၀တ် ၊ ခမ်းမျတ်ဟွန်တင် ၊ သတင်,သွုံထွူမ ၊ န၀်ခါကျွတော်; ၊ သာဝတ္ထိခမ်း ၊ အုံစွူသပါယ်း
တင်းတယ်းလျောက်ပတ် ၊ ကယ်းချွစ် လိုလူ ၊ မူးခိုလောက၊ ညမိုင်နောဝ်ရာ၊ ၀သ၁၀ါးတော်း လဖျော်နီဆီ၊ လွိုဆကီငတ်ဝါး ၊ ၀ိးဟားဝေဠု ၊ ဥတုလဲုင်းပြောင် ၊ ကိန်အောင်ထင်းယောဝ်း၊ န၀,်မကျွစွူ, ၊ ခမ်းဖူသုဝဏ ၊
 ဋ္ဌားနထာခြာ၊ အရပ်လိုယေင် ၊ ဟိမ္မ၀န္တား ၊ ကောင်ခါးကောင်ဒွီုန် ၊မိန်းတော်းဝါးစား၊  ဟော်ခါမိန်ဖွတ်၊ အရပ်ယိုကို ၊ မီးတွီုးဆဲုင်ချာ ၊ အီးထွာဒုံဝေိင်၊ ဧကန်းမုချ ၊တလွစ်လဒွုမ်တောဝ်း ၊  န၀်မရဟန္တား ၊ ၀ါးစားလျောက်လ၀်း ၊   သြစ၀်းသြဗွေး ၊ တပည့်ပေးမဉ်သေ ၊ ဟော်ထေဖေးဖန်း၊  သွဉ်းသီးတင်းလဲုင် ၊
မဲုင်ခါ အီးထွာ င၀်းငွါတောင်ပြန်း ၊ ဘုရာရှင်းဗွေး ၊ ဟော်ဖေးမိန်ဟ ၊ ကားလနောဝ်ခါ ကမ္ဘား ဘဒ်ဒ ကပ် ၊ ဗွန်မျတ်ငတ်ဆူး  ၊     ငတ်ထွူသင်္ကန်း ၊ မဉ်းပွင်,ကားလ၊  ဗုဒ်ဓ ကောသန်း ၊ အီးသ်ွဓမ္မနာ; ၊  ကေ;သာ; ဆန်းတော်း(ကလူ,) တော်; ၊ ဂေါးဏားဂုဏ်း ဘုရာ, အီးဓမ္မနာ;သေ , ၊ တောင်းဝွေခံတလီး ၊ မီးတွီုးကသ၁ပ ၊ သမ်ဗုဒ်ဓ ဘုရာ ၊ အီးသွင်ဓမ္မနား ၊ သတ္တ၀ါးအရင် ,၊ သွင်သေသပိတ်၊  တံးဆိတ်ကမ္ဘား ၊ အီးကို,ကွယ်းဗားနောအီးကောစေးတီး ၊ တင်းထီဟွဲးဟိန်း၊ တိန်ယိန်ဒွုမ်တောဝ်း ၊ နောဝ်ခါရဟန္တား၊ စူစေးအရံး၊ တောင်ပြန်းလျောက်လောဝ်း၊ သြစ၀်းသြဗွေး ၊ ခွေသွဉ်းမဉ်သေ ၊ မဉ်းထွာဒုံဝေိင် ၊ ကောထိန်,ကေားထွား ၊ အီးထွာခွန်  တန်ရားဇားမင်ကီ လိုမျိုနောဝ်ခါ ၊ အီးထွာလိုမျို ၊   စိုးပဲင်းခမ်းထီ ၊   ဘားသားလိုမျို ၊ ကရိုနောဝ်ရာ ၊ တရတစ်ပါ၊ တရျာတစွိုး လိုအမျိုမဲုင်၊ အီးထွာဟော်ခံ, ၊ အုပ်ခမ်းထီ ၊ အုပ်စိုးနီုင်းငံး၊ ယံဖေးနီဗွေး ၊ ဝေးနေယျ ၊အဖါ ၊  င၀်းငွါမိန်တော်း ဟော်ထန်းဖေးသြ ၊ န၀်မဗွေးဘုရာ ၊၀ါးစားငေါဝ်းခါ ၊ အွိုးနော.... ရဟန္တား ခစ်သားဖူးခို ၊ လိုမျိုနောဝ်ကောင်း ၊ အလော်းမဉ်းသေ ၊ ခွေဘုရာ အီးဟော်ဖေး ၊ ခွန်မျို နေနတ် ၊ သူဆီသူမျို အခွိုအနွယ်း ၊ ပအိုဝ်းမျို ကောင်း ၊ ဗွေးစောဝ်းဘုရာ ၊ ပီးယဒသ၁ီး ၊ ဗျာဒိတ် ငါသေ, ၊ ထဲစ်အွိုးနော, ကား ၊ ကမ္ဘား ဖြုံးမီးနပ် ။ ဘဒ်ဒ ကပ်ယို မာ,ကီ ၊ တရျာ,  တဆီသွစ်, ၊ကမ္ဘားညလဲဉ်းဒါး တခွိုင်းနောဝ်၊ ကွီုနဲ တင်းလဲုင်သီး ယာ တံဖုံးတဖင်း အားလုံးခွန်နင်သီးဟွေးးးး...........။
ကိုကားလိတ်မဲ့င် (သုဝဏ်ဏပကာသားနီကျမ်တွမ်း သာသနဗဟုသုသ၁ကျမ်)
အ၀်းကဲုင် အာဒွိုန်းကနော )  ဗွေးစ၀်းဘုရာ အတ္တဒသ၁ီ; ပညတ်မိန်တေား အီးတဲမ်းဒင်းဖေးယင်းနော.....
အတ္တဒသ၁ီးဗွေးဘုရာပညတ်တေား
ုအောဝ်းကဲုင်ခြာက၊ အတ္တဒသီး ၊ နီဗွေးဘုရာ၊ မျတ်စွာလက်ထက်၊ ချစ်ရက်သတ္တ၀ါး၊ သာဝတ္ထိခမ်းတန်၊ သတင်သုံအုံအောဝ်း ၊ တွင်နောဝ်ကားလ၊ ၀သ၁၀ါးတေား၊ အုံပျော်းထင်းဗွေ၊ သွစ်ဆီနွတ်ဝါး၊ တွမ်းသင်္ဃားအာ၊ ကျွကာသဲင်စူ၊ ခမ်းဖူသုဝဏ်ဏ ၊ စတွမ်းရဟန္တား၊ သားယားဖျော်စူ၊ ခမ်းဖူဒေးသ၊ သုဝဏ်ဏဘုမ္မိ၊ သမ်းထီးစွဉ်းမား၊ထာသားယူးဝီ၊ နီဒူနီဗား ၊သွားပွီမာလမ်း ထာခြာတန်အဖူ၊ သူးယဉ်အရပ် ၊ မအုံလပ်ဒို့ဟမ်း၊ ၀င်နီမာဝါ၊ ထာခြာဖူကို၊ ယိုမဗွေးဘုရာ၊ အတ္တဒသီးထင်းထီးယူဝီ ၊နီဒူမာဝါ၊ သွားပွီမာ,လမ်း၊ ယူးဝီလဲ့ခါ၊ ထီးဆွုမ်းဘုရာ၊ ကျွကလွဉ်စူ၊ ဇော်ဖျူသဓ္ဒါး၊စေးတနားလှူးတန်၊ သွမ်ပန်းသြဇား၊ ဒါးတဗ်ဗ၀တ္ထု ၊ယိုလဲ့ငထောဝ်း၊ ဗွေးစောဝ်းဘုရာ၊ ကျွကာလွဉ်ဖြ၊ န၀်မယူးဝီ၊ နီဗားနီဒူ၊ ယူးနန်းသကို ၊ခွေယိုတွမ်းနာ၊ထာလီပန်လင်၊ ကံးရင်ကုသိုလ်း၊ အကျိုအောဝ်းမ၊ သမ်ဗုဒ်ဓဘုရာ၊ထီးဗားကွိုတောဝ်း၊ သာမညကောင်းနီ။ နင်းဟွူလွူးဗား၊ဒါးနကုသိုလ်း၊ အမျိုမဲုင်နဲ၊ ရဲးအီဖေးရန်း၊ နောဝ်မဝွေသီး၊စိတ်ကူယူးလ၊ ဒါးနပလ္လင်း၊ဗစ်ထင်းဟံအေး၊ ရေးမှတ်ပလ္လင်းခံ၊လုံးပင်ဗစ်ထင်း၊ တင်းတယ်းလပ၊ န၀်မထွးအဲင်း၊အီးသဲင်မီးတွမ်၊ အစော့အလား၊ကျိုစာအွဉ်ဒါး၊ သေးချားထွူဟောဝ်၊ နောဝ်မ၀ဲုင်းလောဝ်း၊ဗွေးစောဝ်းဘုရာ၊ သြစ၀်းသြဗွေး၊ ခွေသွဉ်းဒါးန၊ရားဇပလ္လင်း၊ မီဟွမ်အလား၊ ယံဇေးဗွေးစ၀်း၊အုံအောဝ်းတယ်းသော့၊မီစော့လားဟွမ် ၊ အုံအင်းနင်းစူ၊ ဘုံထွူဗွေးသြ၊ န၀်မဗွေးဘုရာ။ကျွှကာနန်းအုံ၊ ယွယုံသားယား၊ သေးချားတင်းတယ်း၊ သပါယ်းလျောက်ပတ် ၊ နေရပ်သုံဆောင်း၊ န၀်မယူးဝီ ၊ မြဴးထီးနီဗား၊ပတၱနားကြီဆု၊ သဗ္ဗင္ညဳ ဒီြဳငါ၊ ဖြောင်းခါလဲ့ဆုတောင်၊ဟောင်ရိုဗွေးဘုရာ၊ဗျာဒိတ်သေဖေး၊ ယူးဝီပေးနီဗား၊ သီတမာဝါ၊ ဋ္ဌားနရပ်ယို၊ ဘုန်ထိုမဟား၊ရားဇားဥက္ကဋ္ဌ ရားဇားထက်ရားဇား၊အီးထွာဗားအမှန်း၊ ဧကန်းမုချ၊ ဘ၀နမ်းတငါ၊ ကမ္ဘားဘဒ်ဒကပ်၊ ဗွန်မျတ်ငတ်ပါ၊ ဘုရာငတ်ဆူး၊ ဘုန်ထူမျတ်စွာ၊ သီအီးထွာဗား။ ဒါးယကားနော၊ တကားးတော်းယူဝီ၊ နန်ထီပိုင်းနင်း၊ ဟော်ဟမ်းစိုးစံး၊ ပလင်းခံထီဗွာ၊ တလွယ်သားဒွုမ်ဗွေးစောဝ်းဘုရာသွံပါဘုန်ထူ၊သွံဆူးအချာ။နမ်းငါကားလ၊ ဂေါတမအစိုး၊ ရပ်ယိုပန်းဝေိင်၊ လိုကွိုန်လိုဗွေ၊ စေးတီးမွေးဓာတ်၊ ပိဋက်အီးပေါး၊ဟော်ထာဟောခံ၊ ခါလဲ့အီးဆွို့၊ တကားယူးဝီ၊ မွူးထီးနီဒူ၊ ပရူးထွာဗား၊ရားဇားဟော်ခံ၊ ခမ်းမဉ်သုဝဏ်ဏ၊ ရားဇထွာဗွေးနားမေးမဉ်ရာ။သုရိစန္တား၊ ရားဇားဟော်ခံ၊ ခွန်တန်ကွိုတောဝ်း၊ လမ်းသားမိဘုရာ၊အမဉ်နားမ၊သုဘတ်တဒေ၀ီး၊ မိဘုရာနဲနော၊ မွိုးမဉ်ကလျား၊ဖါမဉ်သက္က၊ရားဇဟော်ခံ၊ခွန်တန်ကွိုနဲ၊ သုဘတ်ဘာဒေ၀ီး။မိဘုရာနောဝ်ခါ၊ပုတ်တားပိုခို၊ ဟောင်ရိုနားမ၊သုဓမ္မရားဇားန၀်ခါပိုမူး၊မွိုးဖါဖန်ဖေး၊အမေးနာမ၊မိမိန္တသိင်္ခ အီးလအီးထွာ၊ တလွယ်သာတောဝ်း၊ဗွေးစ၀်းဘုရာ၊ အတ္တဒသီး၊ဗျာဒိတ်ငါသေဖေး၊ ဖြောင်းဖြငွေါဝ်းငွါ၊သေးချားထွူမ
===
ပအိုဝ်းစွိုခွိုငေါဝ်းသချင်
တီးရီးရီးရျော့
ဦးနု မိတ္တဗလ ဋီကာ၏ ​နေ့စဉ်​လိုက်​နာလုပ်​​ဆောင်​သင်​့သည်​့ ​​ရွှေစကား (၁၀) ခွန်​း
ဦးနု မိတ္တဗလ ဋီကာ၏ ​နေ့စဉ်​လိုက်​နာလုပ်​​ဆောင်​သင်​့သည်​့ ​​ရွှေစကား (၁၀) ခွန်​း
*******************************************
(၁) သူငယ်ချင်းတွေ စုဆောင်းပါ..။
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သူငယ်ချင်းတွေက ဘဝမှာ မရှိမဖြစ်သူတွေ ဖြစ်တယ်။ သူတို့က နွေးထွေးတဲ့ အနွေးထည်တစ်ထည်နဲ့ တူတယ်။ သူတို့ကို ကိုယ့်ရဲ့အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ လဲလှယ်ခဲ့တာဖြစ်တဲ့အတွက် ကောင်းကောင်းတန်ဖိုးထားရမယ်။ ခုချိန်ထိ ကိုယ့်ဖုံးစာအုပ်ထဲမှာ ဆက်သွယ်ရမယ့်လူ နည်းနေသေးတယ်ဆိုရင် စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို စုဆောင်းဖို့ အချိန်မနှောင်းသေးပါဘူး။
(၂) လက်လွတ်တတ်ဖို့ သင်ယူပါ..။
ဒီအသက်အရွယ်က မရင့်ကျက်လို့ မဖြစ်တော့ဘူး။ ဘဝမှာ အချစ်တစ်ခု၊ ကံတရားတစ်ခု၊ ကိစ္စတစ်ခုကို ရယူပိုင်ဆိုင်ဖို့ ကိုယ်ခွန်အားမဲ့ခဲ့တဲ့အခါ လက်လွတ်တတ်ဖို့ သင်ယူရပါလိမ့်မယ်။ ဒါကလည်း နောက်ထပ် အသစ်တစ်ခုကို စမ်းသပ်ဖို့ ကိုယ့်အတွက် အခွင့်အရေး ပေးလိုက်သလိုပါပဲ။ ယုံကြည်မှု၊ သတိ္တ၊ ကြိုးစားမှုတွေ ရှိခ့ဲမယ်ဆိုရင် အောင်မြင်မှုက ကိုယ့်အတွက်ပဲဖြစ်တယ်။
(၃) အကြင်နာ မေတ္တာကို မျိုးပွါးပါ...။
ကိုယ့်ထက် ဒုက္ခရောက်နေသူ၊ ကိုယ့်ထက် ထိခိုက်နာကျင်နေသူကို ဒီလောကကြီးရဲ့ အလှအပနဲ့ နေရောင်ခြည်ကို ခံစားနိုင်အောင် တတ်နိုင်သလောက် ကူညီပါ။ ဒီလို အကြင်နာမေတ္တာတွေကို မျိုးပွါးပါ။ ကိုယ်သတိမမှုမိချိန် အဲဒီအကြင်နာတွေကနေ လှပတဲ့ ပန်းပွင့်တွေ ဖူးပွင့်လာပါလိမ့်မယ်။ အသုံးဝင်တဲ့ အီးမေးလ်တစ်စောင်၊ စာတစ်ပုဒ်၊ တစ်ပိုဒ်ကလည်း အကြင်နာတွေကို မျိုးပွါးတာပဲဖြစ်တယ်။
(၄) ဂီတကို နှစ်သက်ပါ..။
ဂီတတစ်မျိုး သို့မဟုတ် တူရိယာတစ်ခုကို တီးတတ်ရင် ပိုကောင်းတယ်။ ဂီတက ကိုယ့်စိတ်ကို ဆေးကြောပေးသလို ကိုယ့်မှတ်ဉာဏ်၊ အတွေးတွေကို ပိုပွင့်စေတယ်။ ကိုယ်ထင်မှတ်မထားတဲ့ ဆိတ်ငြိမ်ခြင်းတွေကို သယ်ဆောင်လာပေးတယ်။ ဘဝအတွက် ခံစားမှုရသာပေါင်းစုံ သယ်လာပေးတယ်ဆိုရင် ပိုမှန်လိမ့်မယ်။
(၅) သောကနှစ်မျိုးကို ရှောင်ပါ...။
ပထမသောက, က လိုတာမရတဲ့ သောက၊ ဒုတိယက အချစ်ကြောင့် ခံစားရတဲ့သောက ... ဒီသောကတွေကို ဖုန်တွေသုတ်သင်သလို စိတ်အိမ်ထဲက လှဲကျင်းထုတ်ပစ်ပါ။ ကိုယ့်ဟာမှန်ရင် ကိုယ်စီ ရောက်လာပါလိမ့်မယ်။
(၆) ခံနိုင်ရည်ရှိဖို့ သင်ယူပါ..။
တစ်ချို့ကိစ္စတွေကို လုံးဝ အစပြန်ဖော်လို့မရအောင် မေ့ထားသင့်တယ်။ အခက်အခဲ တစ်ခုကြုံခဲ့တိုင်း ရင့်ကျက်ကြီးပြင်းဖို့ အသိဉာဏ်တစ်ခုတိုးတယ်လို့ ထင်မှတ်ပါ။ တစ်ချို့ ထိခိုက်နာကျင်မှုနဲ့ စိတ်ဆင်းရဲမှုတွေကို ခံနိုင်ရည်ရှိဖို့ သင်ယူပါ။ ဒီအသက်အရွယ်က ကလေးလေးတစ်ယောက်လို့ အသံထွက် အော်ငိုသင့်တဲ့ အရွယ် မဟုတ်တော့ပါဘူး။
(၇) သူ့ကျေးဇူးကို သိတတ်ပါ..။
အသုဘတစ်ခါ ပို့ပြီးတိုင်း သင်္ခါရတစ်ခါ ရတတ်ကြတယ်။ တစ်ခါဖျားနာတိုင်း ပိုတန်ဖိုးထားရ ကောင်းမှန်း သိတော့တယ်။ ကျေးဇူးတရားကို မိနစ်၊ စက္ကန့်တိုင်း သတိရသင့်တယ်။ ကျေးဇူးတရားက ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားစေသလို လောဘ၊ အတ္တနဲ့ ငြင်းခုန်ခြင်းတွေကို ပြေငြိမ်းစေတယ်။ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဆိုရင် ပိုမှန်လိမ့်မယ်။
(၈) အလုပ်ကို မြတ်နိုးပါ...။
အလုပ်က လက်ဖက်ရည်သောက်၊ စကားထိုင်ပြောရတာလောက် မလွယ်ကူပေမယ့် ကိုယ့်ရဲ့အသိဉာဏ်နဲ့ ခွန်အားကို ဆန်းစစ်ပေးနေတာဖြစ်တယ်။ ကိုယ့်တန်ဖိုးနဲ့ အောင်မြင်မှုကို ခံစားစေတယ်။
(၉) သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့..။
စာဖတ်တယ်၊ သင်ယူတယ်ဆိုတာ အသိဉာဏ်၊ ဗဟုသုတတွေနဲ့ ကိုယ်စကားစမြည် ပြောနေသလိုပါပဲ။ တစ်နှစ်ကို စာအုပ်(၅ဝ)အုပ် ဖတ်နိုင်အောင် ကြိုးစားပါ။ ကိုယ့်ရဲ့ အသိဉာဏ်၊ နားလည်စွမ်းတွေ တိုးလာပါလိမ့်မယ်။
(၁ဝ) အားကစားလုပ်ပါ..။
ပိုနေတဲ့အချိန်ကို အသုံးချပါ။ သဘာဝ ပတ်ဝန်းကျင်ကို ခံစားပါ။ ပျင်းလို့ တက်တဲ့ဝိတ်တွေ မရှိနိုင်သလို အရွယ်လည်း နုပျိုကျန်းမာစေပါတယ်။
#ဦးနု၏ မိတ္တဗလ ဋီကာမှ ကောက်နုတ်ဖော်ပြပါသည်
#Photo: Nang Phumu HtuKham
#တက္ကသိုလ်​ ခွန်​Rကာ
*******************************************
(၄) ဂီတကို နှစ်သက်ပါ..။
(၈) အလုပ်ကို မြတ်နိုးပါ...။
(၁ဝ) အားကစားလုပ်ပါ..။
facebook
#တက္ကသိုလ်​ ခွန်​Rကာ
ပအိုဝ်းစကား သင်ကြမယ်
အမှားပါလျင် တောင်းပန်ပါတယ်