........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Nov 2, 2012

ကံရဲ့အကျိုး တကယ်ရှိမရှိ

ကံရဲ့အကျိုး တကယ်ရှိမရှိ


ကံရဲ့အကျိုးတရား တကယ်ရှိမရှိဆိုတာကို လွယ်လွယ်နဲ့လက်ခံနိုင်ကြမှာ
မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကုသိုလ်ကံတစ်ခုကိုပြုလုပ်လိုက်ရင် အဲသည်ကုသိုလ်ကံရဲ့ အကျိုးတရားဟာ ချက်ချင်းလက်ငင်းဆိုသလို့ အကျိုးပေး
မဟုတ်လို့ဘဲ။ ချက်ချင်း အကျိုးရသူက ရှားပါတယ်။
အဲဒါနဲ့ ပတ်သက်လို့ လူနှစ်ယောက်ရဲ့ဘ၀ကိုလေ့လာ ကြည့်ရအောင်ဗျာ။
အမြွာညီအစ်ကိုနှစ်ယောက်ဖြစ်တယ်။ မွေးတော့ အချိန်က ငါးမိနစ်သာခြားပါတယ်။
အမြွာညီအစ်ကိုဖြစ်ပေမယ့် တစ်ဦးနဲ့တစ်ဦးဟာ ရုပ်ဆင်တူတာကလွဲ့လို့ အကျင့်က
လုံးဝမတူဘူး။အငယ်က
သောင်းကျန်း သလောက် အကြီးက အေးဆေးတယ်။
အစားအသောက်မှာလည်း အကြီးက အအေး၊ အချိုအဆိမ့်ကြိုက်ပြီး အငယ်က အပူအစပ်မှ
ကြိုက်တယ်ဗျာ။
ညီအစ်ကိုနှစ်ယောက်ဟာ အမြွာမွေးပေမယ့် ပြဒါးတစ်လမ်း သံတစ်လမ်းပဲဗျို့။
စိတ်ဓါတ်လည်းလုံးဝမတူဘူး။ တစ်ဦးက ဒေါသကြီး၊ တစ်ဦးက သည်းခံစိတ်ရှည်တယ်။
အရွယ်ရောက်လေ မတူညီတာတွေက ကွာခြားလာလေရယ်ပါ။
မတူတဲ့အကြောင်းက စိတ်ဝင်စားစရာတော့မဟုတ်ဘူး။ စိတ်ဝင်စားစရာကိစ္စက
ကံအကျိုးပေးမှု ကိစ္စရယ်ပါ။
အကြီးကောင်ဟာ ပညာတတ်၊ ဘွဲ့ရပါ။ မျိုးရိုးကောင်း အမျိုးသမီးတစ်ဦးနဲ့
အိမ်ထောငင်ကျခဲ့ပါတယ်။
အငယ်ကောင်က ပညာလည်း ဘွဲ့ရအောင် မသင်ဘူး။ဆယ်တန်းလည်း
မအောင်ဘူး။အိမ်ထောင်ကျပြန်တော့
လည်း တစ်ခုလပ်နဲ့မှ ရတယ်။
အဲ့သည်လို့တွေ ဖြစ်နေကြပေမယ့် အကြီးကောင်ရဲ့ မိသားစု ဟာဆင်းရဲတယ်။
အဆင်မပြေဘူး၊ အိမ်ပိုင်နဲ့မနေနိုင်
ဘူး၊ မိဘအိမ်မှာပဲနေရတယ်။ အလုပ်လည်း နှစ်ယောက်လုံးရှိပါလျက် မပြည့်စုံဘူး။
အိမ်မြေ၀ယ်ဖို့ ကိုအခြေအနေက ပေး
မလာဘူး။
အငယ်ကောင်ကတော့ အင်း ကန်ထထရိုက်ဆီမှာ အင်းစာရေး ၀င်လုပ်ရာက ငွေစုမိပြီး
မြေ၀ယ်တယ်။ အိမ်က
တဖြည်းဖြည်း ဆောက်လိုက်တယ်။ အိမ်ပိုင်နဲ့ဗျာ။
သူတို့နှစ်ဦး အသက်ကြီးလာကြတယ်။ သူတို့သားသမီးတွေကတောင် အိမ်ထောင်ကျလို့
မြေးရနေပါပြီ။
အကြီးကောင်ဟာ ဘာသာတရား သိပ်ကိုင်းရှိုင်းတာ၊ နေ့စဉ် ဘုရားဝတ်တက် မပျက်ဘူး။
ဝါတွင်းဆို သက်သတ်
လွတ်စားတယ်၊လှူတယ်။ ဘာသာရေးကိစ္စလည်း ဆောင်ရွက်၊ သာသနာပြုရေးမှာ
ရှေ့ဆုံးကပဲ။
ဟော။ အငယ်ကောင်က ဖဲရိုက်တယ်၊အရက်သောက်တယ်။ မိန်းမရှုပ်တယ်၊
အသက်ငါးဆယ်ရောက်မှ နောက်မိန်း
မယူတယ်။
နောက်မိန်းမယူပြီးမှ ကံများကောင်းချင်တော့ သိန်းထီထပေါက်သဗျ။
အဲသည်ထက် ပိုပြီး တစ်မြို့လုံး ပြောစရာဖြစ်သွားပုံကမဟာဒုတ် ဘုရားမဲကို
သူကပေါက်သွားတာပါပဲ။
ဘုရားကို အခမ်းအနားနဲ့ပို့တဲ့နေ့က မြို့မှာ အရမ်းစည်တာပဲ့။ ဒိုးပတ်ဝိုင်း
နှစ်ဝိုင်းနဲ့လေ။ သူ့အိမ်က ရွှေရင်အေးနဲ့ဧည့်
ခံတယ်။ ဆေး၊ ကွမ်း လိုသလောက်ပေးတယ်။ ထီကပေါက်ထားတော့ စိတ်ထင်သလို
လုပ်တာပေါ့။ ဘုရား သူ့အိမ်
ရောက်တော့ သူမူးနေတယ်လေ၊ အဲ့ရော။
အတိက်ကံရဲ့ အကျိုးပေးက သူ့မှာ အားကောင်းလာပါတော့တယ်။
ဟော-- အတိတ်ကံ အားကောင်းရာက သူဟာ ပစ္စုပ္ပုန်ကံပါ ပြုလာနိုင်ပါရော။
အနီးအနားက ဆင်းရဲတဲ့ ရင်းနှီးတဲ့သူတွေကို ငွေရင်း အနည်းငယ်စီထုတ်ပေး။
ဝက်မွေးခိုင်း ၊ ဘဲမွေးခိုင်း ပြီးတော့
တစ်ယောက်တစ်ဝက်ယူ။ ရပ်ကွက်ဘောလုံးသင်းဆိုရင် သူကပဲ လေ့ကျင့်ချိန်ပြီး
စားသောက်ရေး တာဝန်ယူထားတယ်။
သူတော်ကောင်း အစ်ကိုကြီးကတော့ နာမည်ကောင်း၊ အကျင့်ကောင်းပါလျက်
အတိတ်ကံမရှိတော့ ဆင်းရဲနေရှာ
တယ်။ မကြာခဏ သူ့ဆီက ငွေလာချေးရတယ်။ ဒါပေမယ့် သူ့မိန်းမမျက်နှာကတင်းနေတော့
နောက်မလာတော့ဘူ။
ကံအကျိုးပေး တကယ်ရှိမရှိဟာ အဲဒါသာ ကြည့်တော့ဗျာ။
ကံအကျိုးပေး တယ်ရှိမရှိဟာ အဲဒါသာကြည့်တော့ဗျာ။
အချို့က အတိတ်ကံ အားကောင်းတယ်။
အချို့က ပစ္စုပ္ပန်ကံ အားကောင်းတယ်။
လူတွေမှာ ပြိုင်လို့မရတာ ကံအကြောင်းတရားပါပဲ။
အခုလုပ်တဲ့ ကံဆိုတာကလည်း အခုချက်ချင်း ထအကျိုးပေးချင်မှ ပေးတာရယ်ပါ။
အငယ်ကောင်ရဲ့ကံက ဆန်းတယ်။ဟုတ်တာရော၊ မဟုတ်တာရော လုပ်ရင် အကျိုးပေးနေတာပါပဲ။
သူ့အသက်
ငါးဆယ့်ခြောက်နှစ်မှာ လယ်ကွင်းထဲ့က လယ်သမားတစ်ယောက်ရခဲ့တဲ့ပစ္စည်း
သူ့လာရောင်းရာက ၀ယ်လိုက်တယ်။
အဲဒါကို သူက အစိုးရဆီ ပြန်အပ်နှံ့တဲ့အခါ ငွေအဆပေါင်းများစွာ ရသွားခဲ့တယ်လေ။
အဲသည်တော့ ချမ်းသာ
ပြီးရင်း ချမ်းသာရင်းပဲ့ပေါ့။ ဘ၀တစ်သက်တာ ချမ်းသာသွားတယ်။
ဘိတ်ဆုံးမှာ ကံရဲ့ ဆန်းကြယ်ပုံကိုပြောရရင်တော့--
အငယ်ကောင်ရဲ့ ဇနီးက အရင်ဆုံးတယ်။ အငယ်ကောင်က အရက်ဒဏ်
ပွေလွန်းတေလွန်းတဲ့ဒဏ်ကြောင့် အကြီး
ကောင်ထက်အရင်ဆုံးတယ်။
နောက်ဆုံးမှာ အကြီးကောင်ဟာ သူရဲ့လူမမည်သားသမီးနှစ်ယောက်ကို
အုပ်ထိန်းရင်းနဲ့ သူ့စီးပွားအားလုံးကို ပိုင်
ဆိုင်ပြီး ချမ်းသာစွာ နေထိုင်သွားတော့တယ်လေ။


***သုတေသီ ဘုန်းမြင့်သွေး ရေးသားသော “ဘ၀၏ကံကောင်းခြင်း ကံဆိုးခြင်း”
စာအုပ်မှကောက်နှုတ်ချက်ဖြစ်သည်။

*ကလျာဏ ကာရီ ကလျာဏံ၊
ပါပကာရီစ ပါပကံ၊
ယာဒိသံ ၀ပ္ပ ပလာဗီဇ။
တာဒိသံ ဟရတေ ဖလံ။

ကောင်းမှု ပြုလုပ်သူ
ကောင်းကျိုး ရတယ်။
မကောင်းမှု လုပ်သူ
မကောင်းကျိုး ရတယ်။
အကြင်မျိုးစေ့ကို စိုက်ပျိုးတယ်။
ထိုအသီးကို သုံးဆောင်ရတယ်။

(ဗုဒ္ဒမြတ်စွာ)

ဆရာတော်ကြီးများ၏ သြ၀ါဒကထာများ

မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး၏
သြ၀ါဒကထာ

သူများအကျိုးပျက်စီးစရာကို
ဘယ်အခါမှ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့်
ကြမ်းတမ်းသောစကားကို မဆိုနှင့်
မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေရမည်၊
အကောင်းကြံ အမှန်လုပ် အဟုတ်ပြော
ယခုလက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိ
လက်ရှိအချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်သုံးပါ။

~~~~~~~~~

အချိန်မဖြုန်းနဲ့

ဘာမှ မလုပ်နိုင်တော့တဲ့
သေခါနီးအချိန်ကျမှ
အသက်ရှည်ချင်နေမယ့်အစား
အခုလို အသက်ရှင်၊ ကျန်းမာတုန်း
တရားများများ အားထုတ်ထားတာက
ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။

~~~~~~~~~

သတိရှိပါစေ

ကိုယ်သေရင် ကိုယ်ပိုင်ဆိုင်တာတွေ
အကုန်ထားခဲ့ရမှာဖြစ်လို့
ကိုယ့်နောက်မပါတဲ့
အရာတွေအတွက် အချိန်ကုန်မခံနဲ့၊
ကိုယ့်နောက်ပါမဲ့ တရားကိုသာ
ကြိုးစားရှာ။


ဆရာတော်ကြီးများ၏ သြ၀ါဒကထာများ(၁)
နှစ်တစ်ရာနှင့်တစ်နေ့တာ
သက်ရှည်ကြာညောင်း၊ ဘ၀ကောင်းဝယ်၊
နှစ်ပေါင်းတစ်ရာ၊ နေတုံပါလည်း၊
ဘာဝနာငွေ့၊ မထုံမွေ့က၊
တစ်နေ့တာမျှ
ဝိပဿနာ၊ ရုပ်နာမ်လွှာကို၊
စိတ်ဖြာဉာဏ်ရောက်၊ ထိုသူလောက်မျှ၊
ဝမ်းမြောက်စရာ၊ မရှိပါဟု၊
မြတ်စွာဗုဒ္ဓ၊ ဆိုဆုံးမသည်၊
နေ့ … ည ရုပ်၊ နာမ် ရှုပါလေ။

~~~~~~~~~

ရွှေလက်မြဲမြဲ တွဲကြစို့

ဘယ်လောက်ရုပ်ချောချော၊ တစ်နေ့ကျ သေမှာပဲ၊
ဘယ်လောက် ပညာတက်တက်၊ တစ်နေ့ကျ သေမှာပဲ၊
ဘယ်လောက် ပစ္စည်းရှိရှိ၊ တစ်နေ့ကျ သေမှာပဲ၊
ဘယ်လောက်ရာထူး ကြီးကြီး၊ တစ်နေ့ကျ သေမှာပဲ၊
ကိုယ်သေရင် ကိုယ့်နောက်ပါမှာက
ဥစ္စာပစ္စည်း၊ ရင်းနှီးခင်မင်သူတွေ မဟုတ်ဘူး။
ကိုယ်ပြုလုပ်ထားတဲ့ ကုသိုလ်ကံ၊
အကုသိုလ်ကံတွေသာ ကိုယ့်နောက်ပါမှာ။
ကုသိုလ်ကံက မိတ်ဆွေနဲ့တူတယ်၊
ဖြစ်လေရာဘ၀မှာ ကိုယ့်ကို ကောင်းကျိုးပေးမယ်။
အကုသိုလ်ကံက ရန်သူနဲ့တူတယ်၊
ဖြစ်လေရာဘ၀မှာ ကိုယ့်ကို ဒုက္ခပေးမယ်။
ဒါကြောင့်မို့ … ဒုက္ခမတွေ့ချင်ကြဘူးဆိုရင်…
အကုသိုလ်ရန်သူတွေနဲ့ လက်တွဲဖြုတ်ပြီး၊
ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ ကုသိုလ်မိတ်ဆွေတွေနဲ့
မခွါမခွဲ ထာဝစဉ် လက်တွဲဖို့လိုတယ်။

~~~~~~~~~

ဆရာတော်ကြီးများ၏ သြ၀ါဒကထာများ(၂)
မကြောက်ဆေး
ကိုယ့်ရုပ်ကိုယ့်နာမ်တွေ အမြဲပျက်၊
အမြဲသေနေတာတွေကို အမြဲကြည့်ရှု
သိမြင်နေသူအဖို့ တစ်ဘ၀တစ်ခါ
သေရတာဟာ ကြောက်စရာ မဟုတ်တော့ပါဘူး။
ဒါကြောင့်မို့ … သေရမှာ မကြောက်အောင်
ကိုယ့်ရုပ်နာမ် အပျက်( အသေ )ကို
မကြာမကြာ မြင်အောင်ကြည့်၊ နေ့တိုင်းကြည့်ပေး။
အဲဒါဟာ သေရမှာ မကြောက်တဲ့ဆေးပဲ။

~~~~~~~~~

ပိုကောင်းအောင်

လူတစ်ယောက် သေသွားပြီးတဲ့နောက်ကျမှ သူ့အပေါ် ကိုယ်စေတနာရှိကြောင်း ပြသနေတာထက် သူမသေခင် ကိုယ်တက်နိုင်တဲ့ဘက်က ကြိုတင်အကူအညီ ပေးတာက ပိုးကောင်းပါတယ်။

~~~~~~~~~

အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်ရာဖြစ်တဲ့ နိဗ္ဗာန်ကို
စွမ်းရည်နည်းနည်း လျော့ရဲရဲအားထုတ်လို့ မရနိုင်ဘူး။

(စွမ်းရည်တိုးမြှင့် အသိဉာဏ်ရင့်ရင့်နဲ့ တင်းတင်းရင်းရင်း အားထုတ်မှသာ ရနိုင်မယ်)

~~~~~~~~~

စေတနာဖြင့် ကူညီခြင်းသည် ကောင်း၏။
ဒီယုန်မြင်လို့ ဒီချုံထွင်ခြင်းသည် မကောင်း။

~~~~~~~~~

ဆရာတော်ကြီးများ၏ သြ၀ါဒကထာများ(၃)
ဆရာမှားက အပါယ်ကျ
နဖူးစွန်းနှင့်၊ ဒူးပွန်းခံကာ၊
ကိုးကွယ်ပါလည်း၊ ဆရာလွဲက၊
ငရဲအပါယ်၊ အမြစ်တွယ်၊
ဝဋ်နွယ်ရှည်းလျားရာ။
( လယ်တီဆရာတော်ကြီး )

~~~~~~~~~

အားကိုးမလွဲစေနဲ့

လောကမှာ အမြင့်မြတ်ဆုံး ဘုရားနဲ့တွေ့လျက်သားနဲ့ ဘုရားကို အားမကိုးဘဲ၊
နတ်တွေ၊ ဘိုးတော်၊ မယ်တော် စတာတွေကို အထင်ကြီး အားကိုးနေတာဟာ
လူကြားလို့ မကောင်းဘူး။ ဒါဟာ ကိုယ့်ဦးနှောက်ကို ကိုယ်အလွဲသုံးစားလုပ်တာပဲ။
လောကမှာ ဘုရားကို အားကိုးတာလောက်၊ ဘုရားစကား နားထောင်းတာလောက်ကောင်းတာ ဘာမှမရှိဘူး။ သိပ္ပံခေတ် လူသားလုပ်နေပြီး အတွေးချော်မနေကြနဲ့။

~~~~~~~~~

ကံယုံဆရာတော်ကြီး၏ သြ၀ါဒ

ယောဂီ … တရားအားထုတ်တယ်ဆိုတာ ကလေးရေချိုးသလို မလုပ်ရဘူး။ ရေတော့ချိုးပါရဲ့ ချေးမတိုက်တော့ ချေးမစင်သလို ယောဂီလည်း တရားတော့ အားထုတ်ပါရဲ့ ကိလေသာမစင်ဘဲ နေတက်တယ်။

~~~~~~~~~

တောမျောက်သဖွယ် မငြိမ်လှုပ်ရှား ပြေးလွှားခုန်ပေါက် ယောက်ယက်ခက်သောစိတ်ကို အလိုမလိုက်ရာ။

~~~~~~~~~

ဆရာတော်ကြီးများ၏ သြ၀ါဒကထာများ(၄)
အရှုံးကိုယ့်ပြင် ရှိချိမ့်လော
မြတ်စွာဘုရား၊ ဟောဖော်ကြားသည့်
တရားတော်ယာဉ်၊ ဒေသနာစဉ်ဟု
ဘောဇဉ်မြိုက်ခဲ၊ ဓမ္မပွဲလျှင်
လက်ထဲပုံသေ၊ ဆိုက်ရောက်နေလျက်
ရှောင်သွေ့နှလုံး၊ ကိုယ်မသုံးသော်
အရှုံးကိုယ့်ပြင် ရှိချိမ့်လော…။

( မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး )

~~~~~~~~~

ဝိရိယအကျိုး
ဝီရိယ၀တော ကိံနာမ ကမ္မံ နသိဇ္ဈတိ၊
ဝိရိယရှိသူမှာ မဖြစ်နိုင်တာ မရှိ။

There is nothing impossible for the diligent.

ယောကျာ်းတကာ၊ အားထုတ်ရာသည့်
ကြီးစွာလုံ့လ၊ ၀ါယာမမူ၊ မချကောင်းချေ
မသေမချင်း၊ ပြုအပ်လျှင်း၏။
( မဃဒေ၀ )


ယောကျာ်းတံခွန်၊ လူရည်ချွန်က
ကောင်းကင်တမွတ်၊ ကြယ်ကိုဆွတ်လည်း
မလွတ်စတမ်း၊ ရမြဲတမ်းတည့်။

~~~~~~~~~

ဆရာတော်ကြီးများ၏ သြ၀ါဒကထာများ(၅)


ယောကျာ်းလုံ့လ၊ သေမှချကောင်း၊
စကားဟောင်းကား၊ ကျိုးကြောင်းသင့်မြတ်၊
လျှော်ကန်လှ၏။
ကမ္ဘာ့ဇာနည်၊ အလီလီတို့၊
ဤသည့်လုံ့လ၊ အသုံးချသဖြင့်၊
ကမ္ဘာ့ထိပ်တန်း၊ တက်နိုင်စွမ်းခဲ့၊
သွေးခန်းသားခြောက်၊ အသားပျောက်လည်း၊
နောက်မဆုတ်တမ်း၊ ငါကြိုးပမ်းမည်၊
အောင်ပန်းမုချဆင်ရန်တည်း
( ဦးသြဒါတသိရိဘိဝံသ )

~~~~~~~~~

ကိုယ်ကျိုးမနည်းဘူးလား
အားမှလုပ်မယ်၊ အားမှလုပ်မယ်ဆိုပြီး အားရက်စောင့်မယ်ဆိုရင် ခေါင်း(အလောင်းပုံး) ထဲဝင် မယ့်နေ့ပဲ။ ဒီလိုဖြစ်မယ်ဆိုရင် အားရက်ကိုမစောင့်နဲ့တော့။ ဒီကနေ့သည် ကိုယ့်အတွက်၊ နောက်နေ့သည် ကိုယ့်အတွက် မဟုတ်ဘူးလေ။ အနာဂတ်ဆိုတာ မသေချာဘူးတဲ့။ မတော် ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် ဆိုသလို ညသေသွားဘယ့်နှယ်လုပ်မလဲ။ ကိုယ်ကျိုးမနည်းဘူးလား။
( ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီး )
~~~~~~~~~
သူတော်မဟုတ် သူယုတ်တို့အား အကြိမ်တစ်ရာ ပေါင်းသော်လည်း ဘာမှ ကျေးဇူးမများနိုင်ပေ။
( ကျေးဇူးတော်ရှင် စွန်းလွန်းဆရာတော်ဘုရားကြီး )
~~~~~~~~~

ဆရာတော်ကြီးများ၏ သြ၀ါဒကထာများ(၆)


လမ်းခွဲရှိတယ်
ကံ တည်းဟူသောရေတွေ ခန်းနေပြီ။ ငါး နှင့်တူသောသတ္တ၀ါတွေ သေဘို့နီးနေပြီ။ သေခါနီး ပျော်ပျော်နေတယ် ဆိုတာ ခေါ်လို့ကောင်းပါ့မလား။ အခုအချိန်ဟာဖြင့် မသေရာရှာဘို့ အချိန်ရောက်ပါပြီ။ သေတာထုံးစံဘဲလို့ဘဲ ပြောမနေပါနဲ့ဦး။ မသေရာလည်း လမ်းခွဲရှိနေတယ် ဆိုတာ သတိထားပါဦး။
( ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး )
~~~~~~~~~

ဓမ္မဒါန
ဓမ္မဒါနဟာ အမတဒါနပါ။ တရားအလှူဟာ မသေခြင်းအလှူပါ။ သူတစ်ပါးကို တရားပေးလှူရင်... သူတစ်ပါးကို မသေခြင်း ပေးလှူရာ ရောက်ပါတယ်။ မသေဓာတ်ပေးအပ်ရာ ရောက်ပါတယ်။ မသေအောင် လုပ်ပေးရာရောက်ပါတယ်။ သူတစ်ပါးကိုမသေအောင် လုပ်ပေးရတဲ့ အလုပ်လောက် ကောင်းတဲ့အလုပ်မျိုး လောကမှာ ရှိနိုင်ပါဦးမလား။
( ဆရာတော် အရှင်ဆန္ဒာဓိက )
~~~~~~~~~

“ အကုသိုလ်တရားမှ အကျိုးပေးသောအခါ ဒေါသမဖြစ်လိုက်ပါနဲ့။ ၀မ်းသာလိုက်ပါ။ အကုသိုလ်အကြွေးကျေပြီ ဟူ၍ နှလုံးသွင်းလိုက်ပါ။ ”
( ဆရာတော်ကြီးတစ်ပါးက သေခါနီးဖြစ်သော နန်းမတော်မယ်နုအား ဆုံးမခဲ့သော သြ၀ါဒဖြစ်၏။ )

~~~~~~~~~

ဆရာတော်ကြီးများ၏ သြ၀ါဒကထာများ(၇)


မှတ်သားဖွယ်ဆောင်ပုဒ်
လက်ရှိခန္ဓာ၊ မတွယ်တာနှင့်၊ နောင်လာဘ၀၊ မတောင့်တဘဲ၊ ကြောင့်ကြစွဲဖြင့်၊ အမြဲမပြတ်၊ ၀ိပဿနာ၊ လေ့လာကြိမ်ဖန်၊ အာစိဏ္ဏကံ၊ ဖြစ်ကြောင်းမှန်မူ၊ ထိုသည့်သူကား၊ အယူမလွဲ၊ ကတိမြဲ၏။ မီးလောင်စွဲမှ၊ ရေကိုတသော်၊ မရဖြစ်အင်၊ ပုံနှိုင်းယှဉ်၍၊ မဂ္ဂင်သန္ဓေ၊ တည်မြဲနေအောင်၊ မသေခင်က၊ ပြင်ဆင်တောက်လျှောက်၊ မေ့မပျောက်နှင့်၊ ချွေးပေါက်ယိုစီး၊ သေခါနီးဝယ်၊ အပြီးမုချ၊ မဂ္ဂင်ရလိမ့်၊ ကိစ္စမလျော် ၊ အကြောင်းပေါ်၍၊ မတော်တဆ၊ မဂ်မရဦး၊ ဘ၀အမွန်၊ တမလွန်တွင်၊ ထူးချွန်အံ့လောက်၊ နတ်ပြည်ရောက်၍၊ မဖောက်မပြန်၊ သောတာပန်စစ်၊ ဧကန်ဖြစ်မည်၊ မလစ်ဝိပဿနာ အကျိုးပေးတည်း။

( ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး )

~~~~~~~~~

ဖြစ်ပြီးအဟောင်း၊ တိတ်ဇာတ်ကြောင်းကို၊
ပြန်ပြောင်းစဉ်းစား ၊ မငြီးတွားနှင့်။
နောင်ခါဖြစ်လတ်၊ အနာဂါတ်ကို၊
ဇာတ်ကြောင်းတွေးတော၊ စိတ်မမောနှင့်။
ဖြစ်ဆဲဧကန်၊ ပစ္စုပ္ပန်ကို ဝေဖန်ဥာဏ်ရှု၊
မျှတမှုဖြင့် ပူမှုကင်းစွာ၊ နေစမ်းပါလော့။
သို့ပါလေမှ၊ သင့်ဘ၀၀ယ် ဒုက္ခကင်းစွာ၊
ချမ်းသာလာလိမ့်။
( ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒ )

~~~~~~~~~

ဆရာတော်ကြီးများ၏ သြ၀ါဒကထာများ(၈)


သူတပါးရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရတာ ကိုယ့်မှာ ရှုံးသွားတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့သဘောထားကြီးမှု့ ကိုယ်ရဲ့မြင့်မြတ်မှု့ကို ပိုပြီးအကောင်အထည်ဖေါ်လိုက်ရတာ၊ ကိုယ့်ရဲ့မေတ္တာ၊ ဂရုဏာ၊ ကိုယ့်ရဲ့စေတနာကို အကောင်အထည်ဖေါ်လိုက်ရတာ၊ သိပ်ကျေနပ်စရာကောင်းတယ်၊ ဒါ့ကြောင့် … သူတပါးကို လိုက်လျှောရတာဟာ ရှုံးတာမဟုတ်ပါဘူး၊ အမှန်တော့မြင့်မြတ်တာပါ။
( ဆရာတော်ဦးဇောတိက )
~~~~~~~~

သဒ္ဓါ၊ မေတ္တာ ရှေးရှုကာ၊ ချစ်တာမြင့်မြတ်သည်။ သတိဥာဏ်ယှဉ်၊ မုန်းတတ်လျှင်၊ ၀ဋ်ခွင်လွတ်မြောက်သည်။ ဘ၀တိုင်းမှာ၊ စောင်းမြောင်းကာ၊ မဲ့တာကင်းပါစေ။ ဘ၀တိုင်းမှာ၊ မူးရစ်ကာ၊ သောက်တာကင်းပါစေ။
( အရှင်ဆန္ဒာဓိက )

~~~~~~~~~

မိဘကျေးဇူး
အမိကိုညာက၊ အဖကိုလက်ဝဲ၊
ကိုင်ဆွဲချီလျှက်၊ ပခုံးထက်ဝယ်၊
အသက်ဆုံးအောင်၊ မြတ်နိုးဆောင်၍၊
အခေါင်အဖျား၊ လုပ်ကျွေးငြားလည်း၊
မွေးဖွားပိုက်ကျိုး၊ ရှေ့တင်ပိုးသည်၊
ကျေးဇူးလက်ပြိုင်၊ မဆပ်နိုင်ခဲ့။
( မဃဒေ၀ )

~~~~~~~~~

ဆရာတော်ကြီးများ၏ သြ၀ါဒကထာများ(၉)


တရားစစ်မှန် ကျင့်ကြံမှန်မှ၊
ချမ်းသာသုခ ရနိုင်သည်။
တရားတုတွေ ကျင့်နေကြလို့၊
ဗုဒ္ဓ၀ါဒ ပြယ်ရသည်။
ယခုမြန်မြန် အမှန်လမ်းသို့၊
တစ်ဖန်လှမ်းဘို့ အချိန်တော်ပြီ၊
သို့မှတိုင်းပြည် ဘာသာရေးကြောင့်၊
သာယာအေးဆေး ရှိလိမ့်မည်။
( မဟာဂန္ဓာရုံ ဆရာတော်ကြီး )

~~~~~~~~~

ငါတို့ဖြစ်ရ၊ ဤလောက၀ယ်၊
ဘ၀သမိုင်း၊ မရိုင်းစေရန်၊
စိတ်မာန် မချ၊ မာနမပါ၊
တို့စွမ်းရာဖြင့်၊ တို့သာသနာ၊
တို့ပြည်ရွာကို၊ သာယာစေမှု၊
လုံ့လပြုအံ့။
( သီတဂူ ဆရာတော်ကြီး )


“ စိရံတိဋ္ဌတု သဒ္ဓမ္မော ”
သဒ္ဓမ္မော- မွေးသေလွတ်သော သူတော်ကောင်းတရားသည်၊
စိရံ - ကြာမြင့်စွာသော ကာလပတ်လုံး၊
တိဋ္ဌတု - တည်ပါစေသတည်း။


စာဖတ်သူများ ပြန်လည်ဖြန့်ဝေခြင်းဖြင့် ဓမ္မဒါန ပြုကြပါ။

အောင်ဦး၏ www.dhammaratha.com တွင် တင်ထားသောပို့စ်အား ကူးယူဓမ္မဒါနပြုပါသည်။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာများ

၁။ သစ္စာလေးပါးဆိုတာ သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ။
၂။ ရခဲတဲ့ ဘ၀လေးမှာ အလကား အချိန်တွေ မဖြုန်းပါနဲ့။
၃။ နားကတရားနာပါ၊ ဥာဏ်က ခန္ဓာလှည့်ပါ။
၎။ တရားနာတာသည် မိမိအရေး၊ တရားအားထုတ်တာသည် မိမိအရေး။
၅။ နားကြီးကြီးနဲ့ တရားနာပါ။
၆။ ၀ိပဿနာ အားထုတ်တဲ့အခါမှာ ကိလေသာ ကြားမခိုစေနဲ့။
၇။ ပဋိစ္စသမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာ မဟုတ်ဘူး။ မိမိခန္ဓာထဲမှာ ရှိတဲ့တရား။
၈။ မိမိ ခန္ဓာထဲမှာ ရှိတဲ့ ပဋိစ္စသမုပ္ပါဒ် ကို မိမိဥာဏ်နဲ့ ရှင်းအောင် လုပ်ပါ။
၉။ စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် သိတာသည် ပညာသိ။
၁၀။ ရှေ့အသေကို နောက်အနေနဲ့ ရှုတာ ၀ိပဿနာ။

၁၁။ သညာသိနဲ့ နိဗ္ဗာန် မရောက်နိုင်ပါ၊ ပညာသိမှ နိဗ္ဗာန် ရောက်မည်။
၁၂။ ရှေ့နောက် ခွဲတတ်ပါစေ၊ မိမိအရေးက ရှေ့ထား၊ သားရေး သမီးရေး စီးပွားရေးက နောက်ထား။
၁၃။ ဘ၀ကူးကောင်းအောင် မလုပ်ပါနဲ့၊ ဘ၀ချုပ်ငြိမ်း ရုပ်သိမ်းအောင် လုပ်ပါ။
၁၄။ ဒါနက သံသရာ ရှည်တာလား၊ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာလား။
၁၅။ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာပါ။
၁၆။ သစ္စာသိလျှင် ခန္ဓာရောင်းလှူပါ။ သစ္စာမသိလျှင် သစ္စာသိအောင် အရင်လုပ်ပါအုံး။
၁၇။ အိုရာက နာရာမရောက်ခင် ၀ိပဿနာ လုပ်ပါ။
၁၈။ အရှိနဲ့ အသိ ကိုက်အောင်လုပ်တာ ၀ိပဿနာ။
၁၉။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ။
၂၀။ ရှေ့နာမ်ကို နောက်ဥာဏ်နဲ့ ရှုတာ ၀ိပဿနာ။

၂၁။ ၀ိပဿနာ အားမထုတ်ပဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့နေတာသည် ဥာဏ်ကမဦးဘဲ အသေကဦးသွားရင် ကိုယ့်အတွက် နာမယ်။
၂၂။ အသေက ဖြစ်ပျက် အရှင်က မဂ်၊ အပျက်နဲ့ မဂ်နဲ့ ကိုက်အောင် ရှုတာ ၀ိပဿနာ။
၂၃။ ရှေ့ကဖြစ်ပျက် နောက်ကမဂ်နဲ့ ကိုက်အောင်ရှုတာ ၀ိပဿနာ။
၂၄။ အသေကို အရှင်က ကြည့်နေတာ ၀ိပဿနာ ဖြစ်သည်။
၂၅။ အသေက ဖြစ်ပျက် အရှင်ကမဂ် အပျက်နဲ့ မဂ် ကိုက်အောင် ကြည့်တာ ၀ိပဿနာ။

၂၆။ သူများစိတ် အကဲမခတ်နှင့်၊ မှားသော်ရှိ မှန်သော်ရှိ၊ ကိုယ့်စိတ်ကိုယ် အကဲခတ်တာမှ အမှန်ရမည်။
၂၇။ အလုပ်ကြည့်ချင်ရင် ခန္ဓာကြည့်၊ အလုပ်စဉ်ကြည့်ချင်ရင် မှတ်တမ်းကြည့်။
၂၈။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်မသိတာ အရုပ်အဆိုးဆုံး။
၂၉။ ကိုယ့်စိတ်ဖြစ်တာ ကိုယ်အကဲခတ်နိုင်မှ ၀ိပဿနာ။
၃၀။ ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။

၃၁။ ဘယ်ဗေဒင်မှ မယုံကြနဲ့၊ ခန္ဓာ သူ့လမ်းသူ ပြေးနေတော့ မနေ့ကထက် ယနေ့ သေဘို့ တစ်ရက်နီးသွားပြီ ဆိုတာသာ ယုံလိုက်ပါ။
၃၂။ ခန္ဓာ၏ ၀တ္တရားက အသေရှာတာ၊ ဥာဏ်၏၀တ္တရားက အသေရှောင်တာ။
၃၃။ ခန္ဓာက အပြေးသွားနေတော့ အသေကဦး၍ ဥာဏ်က နောက်ကျ သွားလိမ့်မယ်။
၃၄။ အပြေးမရပ်တဲ့ ခန္ဓာကိုယ် သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန် လုပ်ပါ။
၃၅။ အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခိုလုပ်နေမယ်ဆိုရင် အသေစောသွားလျှင် ကိုယ်ကျိုးနည်းလိမ့်မယ်။

၃၆။ သာသနာနဲ့ကြုံမှ သစ္စာလေးပါး ထွက်မြောက်ရေးတရား ပေါ်တယ်။
၃၇။ ကိစ္စဟူသ၍သည် မဂ်တား ဖိုလ်တားလို့ မှတ်ပါ။
၃၈။ ဒကာ ဒကာမတွေဟာ တဏှာ (လောဘ) ခိုင်းရာကို ကျွန်သဘောက် ပီပီ လုပ်နေကြတယ်။
၃၉။ တဏှာကို အဖော်မလုပ်နဲ့၊ ဥာဏ်ကို အဖော်လုပ်ပါ။
၄၀။ အလကားနေသ၍ အအားနေသ၍ အမှားနေခြင်းသာလို့ မှတ်ပါ။

၄၁။ ဆွေနှင့် မျိုးနှင့် ပစ္စည်းဥစ္စာတွေနှင့် မသိပြုံးပြုံးနေသလောက် သေခါနီးမှာမျက်ရည်ကျရပါလိမ့်မယ်။
၄၂။ ကိုယ့်ကိုကိုယ် သနားရင် ၀ိပဿနာ လုပ်ကြ၊ ကိုယ့်ကိုကိုယ် မသနားရင် သားရေး သမီးရေး စီးပွားရေး လုပ်ကြ။
၄၃။ အသက်ကြီး လေလေ ကံမွဲ ဥာဏ်မွဲလေလေမှတ်၊ ကံမွဲတာ အရေးမကြီး၊ ဥာဏ်မွဲရင် နိဗ္ဗာန် မရောက်။
၄၄။ ကံကို ဥာဏ်ကဖြတ်မှ နိဗ္ဗာန်ရမှာ၊ ဥာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မယ်။
၄၅။ နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ ဥာဏ်၏အကျိုးဖြစ်တယ်။

၄၆။ လူပြော သူပြောတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာကိုသာ ယုံကြည်။
၄၇။ ခန္ဓာကြီးရဲ့ စွမ်းရည်သတ္တိ ပင်ကိုယ်သဘောက ဖြစ်မှု ပျက်မှုဘဲရှိတယ်။
၄၈။ ၀ိပဿနာဆိုတာ ခန္ဓာ မလိုချင်အောင် လုပ်တာ။
၄၉။ ဒါနနဲ့သီလသည် ကိလေသာရောဂါ သက်သာရုံရမယ်။ ၀ိပဿနာ အလုပ်ပါ လုပ်မှသာ ရောဂါ ပျောက်မယ်။
၅၀။ အလုပ်တရားဆိုတာ ခန္ဓာအရှိနဲ့ ဥာဏ်အသိ ကိုက်အောင်လုပ်ပါ။

၅၁။ ခန္ဓာနဲ့ ငါနဲ့ မရောပါနဲ့။
၅၂။ တရားနာတယ်ဆိုတာ ဒီအချိန်မှာ မတရားအလုပ် မလုပ်တဲ့ အချိန်ပဲ။
၅၃။ ကြားတဲ့တရားနဲ့ သိတဲ့တရား နှစ်ခုထပ်ရင် သောတာပန် တည်နိုင်တယ်။
၅၄။ ယခုအချိန်ဟာ အားလုံး အဖက်ဖက်မှ ကြုံပြီး ကျွတ်တန်းဝင်ရမဲ့ အချိန်ဘဲလို့ ဆုံးဖြတ်ချက်ချပြီး အလုပ်သာလုပ်ပါ။
၅၅။ ယခုအဖက်ဖက်မှ ကြုံဆုံတဲ့ ကာလကလေးသည် အိုဘေး၊ နာဘေး၊ သေဘေးတွေကို တားနိုင်တဲ့ကာလ၊ ဒီအဘိုးတန်မှတဲ့ ကာလလေးကို သားရေး သမီးရေး စီးပွားရေးတွေနဲ့ချည်း အချိန်မကုန်လွန်ပါစေနှင့်။

၅၆။ တဏှာ (လောဘ) ခိုင်းတိုင်း လုပ်တာသည် အရှက်မရှိလို့။
၅၇။ တဏှာ (လောဘ)ခိုင်းတိုင်း လုပ်လို့ သေလျှင် အပါယ်လေးပါး ရောက်မယ် ဆိုတာလဲကြောက်။
၅၈။ အ၀ိဇ္ဇာ တဏှာ ကိန်းလာရင် ဟိရိသြတ္တပ္ပ (အရှက် အကြောက်) မရှိတော့ဘူး။
၅၉။ သားရေး သမီးရေး အတွက်သာ ဂရုစိုက်လုပ်နေရင် အချိန်အလွဲသုံးစားလုပ်တာဘဲ၊ လူမိုက်အချိန်ဘဲ ဆိုတာ မှတ်လိုက်။
၆၀။ သစ္စာတရားကို နာ၊ ဥာာဏ်က ခန္ဓာကိုလှည့်၊ ပစ္စုပ္ပန်ခန္ဓာ နောက်က ၀ိပဿနာ ဥာဏ်မလိုက်ရင် ဒုက္ခသစ္စာ လိုက်မှာဘဲ။

၆၁။ ခန္ဓာကလောင်စာ (ထင်း)၊ ဇရာ မရဏက (မီး)၊ သံသရာတလျှောက်လုံးမှာ ဘယ်ခန္ဓာရရ လောင်စာနှင့်မီးတွဲနေတာပဲ ရှိတယ်။
၆၂။ လောင်စာသိမ်းပြီး မီးငြိမ်းတာသည် နိဗ္ဗာန်။
၆၃။ လောင်စာသိမ်းပြီး မီးငြိမ်းတဲ့ အလုပ်သည် မဂ္ဂင် အလုပ်ပဲ။
၆၄။ ဒုက္ခသစ္စာကို ပိုင်းခြားသိတာလဲ မဂ်ပဲ၊ သမုဒယသစ္စာ သတ်တာလဲ မဂ်ပဲ၊ နိရောဓ သစ္စာ ရောက်အောင်လဲ မဂ်ပဲ၊ ဒါကြောင့် မဂ်သည် သုံးကိစ္စ ရွက်ဆောင်တယ်။
၆၅။ အာရုဏ်တက်တာသည် နေထွက်ဖို့ ရှေ့ပြေး၊ ၀ိပဿနာမဂ်သည် လောကုတ္တရာမဂ်၏ ရှေ့ပြေး။
၆၆။ ဒါနက သံသရာမလည်၊ အသိမလိုက်လို့ သံသရာ လည်တာမှတ်ပါ၊ သစ္စာ သိပြီးလှူရင် ခန္ဓာကိုယ်ရောင်းလှူပါ။

နိုင်ငံတော်၊တိုင်းဆရာတော်ကြီးများ၏သြ၀ါဒ

မြင့်မိုရ်တောင်နှင့် စကြာဝဠာ

ဗဟုသုတအဖြစ် သိနေချင်သူများအတွက် သိရရုံသက်သက် တင်ပေးလိုက်ပါသည်၊ ဖတ်ပြီး မိမိဥာဏ်မမှီသည့်အကြောင်းအရာများကို အကျိုးမဲ့တွေးခေါ်နေခြင်း၊ မေးခွန်းများလိုက်မေးပြီးအဖြေရှာနေခြင်းဖြင့် အဘိုးတန်အချိန်များကို မကုန်ဆုံးကြပါစေနှင့်။ ဤပို့စ်ကို ဆန်နီနေမင်းထံမှ ကူးယူဖေါ်ပြပါသည်။
———————————————-
မြတ်ဗုဒ္ဓက မိမိအတွက် ကောင်းမှုကုသိုလ်ရမဲ့အရာမဟုတ်ရင် မလုပ်နဲ့၊ မကြံစည်နဲ့၊ မပြောဆိုနဲ့။ အဲဒါမျိုးတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် မိမိလက်ရှိအချိန်လေးဟာ တန်ဖိုးမဲ့တဲ့အချိန်တွေ ဖြစ်သွားလိမ့်မယ်တဲ့။ ဒါပေမဲ့ ခုခေတ်လူတွေဟာ သူတို့သိချင်တာကို မသိရရင် ဗုဒ္ဓတရားတော်များ မှားနေသလို သူတို့ပဲ ဗုဒ္ဓကိုယုံကြည်ရတာ အကျိုးမရှိသလိုဖြစ်နေကြပါတယ်။ ဦးဇင်းစပြီး အွန်လိုင်းမှာ မေးဖြေလုပ်ပေးကတည်းက လူအများဆုံးအမေးခံရတဲ့အရာဟာ ဒီမြင့်မိုရ်တောင်ကိစ္စပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဦးဇင်း မဟုတ်တဲ့အရာနဲ့အချိန်ကုန်မခံချင်လို့ ဖြေမပေးခဲ့ပါဘူး။ ခုတော့ ဖြေမပေးရင် ဦးဇင်းတို့ဘာသာဝင်တွေကို သူများက ကဲ့ရဲ့လို၍ဖြစ်စေ၊ ပညာစမ်းချင်လို့ဖြစ်စေ မေးလာတဲ့အခါ မဖြေနိုင်မည်ဆိုးတာကြောင့် ဦးဇင်းလေ့လာသိရှိသမျှ မြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းကို ရေးသားတင်ပြပေးလိုက်ပါတယ်။
ကမ္ဘာမြေကြီးသည် ထုထည်အားဖြင့် ယူဇနာပေါင်း (၂)သိန်း(၄)သောင်းရှိတယ်။ အထက်တစ်ဝက်မှာ မြေသားဖြစ်ပြီး အောက်တစ်ဝက်မှာ ကျောက်သားဖြစ်တယ်။ မြေကြီးအောက်မှာ ယူဇနာ(၄)သိန်း(၈)သောင်းထူသော ရေပြင်ရေခဲတုံးကြီးရှိတယ်။ မြေအထုထက် နှစ်ဆကြီးမားတဲ့ ရေပြင်ရေခဲတုံးကြီးက မြေပြင်ကို မြှောက်ထားခြင်း ဖြစ်တယ်။ တဖန် ထိုရေပြင်ရေခဲတုံးကြီးကို ယူဇနာ(၉)သိန်း(၆)သောင်းရှိတဲ့ လေပြင်ကြီးက အောက်မကျအောင် ပင့်မြှောက်တိုက်ခက်ပေးနေတယ်။ အဲဒီလေပြင်ကြီးအောက်မှာမှ အဆုံးအပိုင်းအခြား မရှိသော ကောင်းကင်ကြီး တည်ရှိပါတယ်။  ထိုကောင်းကင်ကြီးအတွင်းတွင် မီးကလပ် အပြည့်ရှိနေတယ်။ ထိုအောက်တွင်မှ ငရဲကြီးရှစ်ထပ် အစဉ်အတိုင်း တည်ရှိနေပါတယ်။ ဒါကတော့ ကမ္ဘာမြေအောက်ပိုင်း တည်နေပုံပါ။
စကြာဝဠာတစ်ခုဟုသတ်မှတ်သော ကမ္ဘာမြေကြီးရဲ့အ၀န်းအကျယ်မှာ ယူဇနာပေါင်း (၃)သန်း၊ (၆)သိန်း၊ (၁)သောင်း၊ (၃၅၀)ကို သတ်မှတ်၏။ ကမ္ဘာမြေ၀န်းကြီးကို ကျောက်တောင်ကြီးများက ၀ိုင်းဝန်းရစ်ပတ်ပြီး တံတိုင်းခတ်ထားကြတယ်။ ကမ္ဘာမြေကြီးရဲ့အတွင်းမှာ သမုဒ္ဒရာရေပြင်ကြီးရှိတယ်။ ထိုသမုဒ္ဒရာဟာ အနက်ဟာ ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ ရေပြင်အထက်မှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်၊ ရေတွင်းမှာလည်း ယူဇနာပေါင်း(၈)သောင်း(၄)ထောင်ရှိတယ်။ အဲဒီရေပြင်အထက်နဲ့ရေတွင်းနှစ်ခုပေါင်း (၁)သိန်း(၆)သောင်း(၈)ထောင်ဟာ မြင့်မိုရ်တောင်အမြင့်လည်း အဲဒီလောက်အတူတူမို့ မြင့်မိုရ်တောင် တည်ရှိနေပါတယ်။ အဲဒီတော့ သမုဒ္ဒရာရဲ့ရေပြင်၊ ရေတွင်း၊ ရေ အနက် စုစုပေါင်းဟာ ယူဇနာ(၂)သိန်း၊(၅)သောင်း၊  (၂)ထောင်ရှိပါတယ်။ သမုဒ္ဒရာရဲ့အလယ်တည့်တည့် မှာရှိတဲ့ မြင့်မိုရ်တောင်ကတော့ အထက်ရေပြင် တာဝတိံသာနတ်ပြည်အထိ ယူဇနာရှစ်သောင်းလေးထောင်ရှိသကဲ့သို့ သမုဒ္ဒရာအတွင်း၌လည်း ရှစ်သောင်းလေးထောင်အမြင့် ရှိပါတယ်။
ထိုသမုဒ္ဒရာ၏ ပတ်ဝန်းကျင်တွင် သီဒါခေါ်သော မြစ်တစ်ခုခြားပြီး မြင့်မိုရ်တောင်၏အောက်တစ် ၀က်လောက်နိမ့်တဲ့ ယုဂန္ဓိုရ်တောင် ရှိပါတယ်။ အဲဒီလိုနဲ့ သီဒါမြစ်တစ်ခုတစ်ခုခြား ကာ တောင်စဉ်(၇)ထပ် မြင့်မိုရ်တောင်ကို ၀ိုင်းရံနေကြပါတယ်။ ထိုမြင့်မိုရ်တောင်နဲ့တောင်စဉ်(၇) ထပ်တို့ရဲ့ လေးမျက်နှာရေလယ်ခေါင်းတွင် ကျွန်းကြီးကျွန်းငယ်များ ရှိနေကြပါတယ်။ အဲဒီကျွန်းများတွင် လူစတဲ့သတ္တ၀ါများ နေထိုင်ကြတာကြောင့် အရှေ့ဘက်တွင်ရှိတဲ့ ကျွန်းကို အရှေ့ကျွန်း၊ အနောက်ဘက်ကို အနောက်ကျွန်း၊ မြောက်ဘက်ကို မြောက်ကျွန်း၊ တောင်ဘက်ကို တောင်ကျွန်းလို့ သတ်မှတ်ခေါ်ဝေါ်ကြလေတယ်။
ယုဂန္ဓိုရ်တောင်ထိပ်မှာ စတုမဟာရာဇ်နတ်ပြည်တည်ရှိနေပြီး မြင့်မိုရ်တောင်ထိပ်မှာ တာဝတိံသာနတ်ပြည် တည်ရှိနေပါတယ်။ဒီနတ်ပြည်(၂)ခုဟာ မြေပြင်နဲ့ဆက်စပ်နေလို့ မြေပြင်ရဲ့အမြင့်ဆုံးဖြစ်တဲ့ တောင်တွေပေါ်မှာ တည်ရှိနေတာပါ။ ကျန်တဲ့နတ်ပြည်၊ ဗြဟ္မာ့ပြည်တွေကတော့ ကောင်ကင်ပေါ်မှာ တည်ရှိနေကြပါတယ်။ ကောင်းကင်အလွှာအထပ်ထပ်တွင် ကျန်တဲ့နတ်ပြည်များဟာ တစ်ထပ်နှင့်တစ်ထပ် ယူဇနာအကွာအဝေး လေးသောင်းနှစ်ထောင်စီအကွာဖြင့် တည်ရှိနေကြတယ်။ မြင်းမိုရ်တောင်၏အထက် ယူဇနာ ငါးသန်းငါးသိန်းရှစ်ထောင်ဝေးသောအရပ်တွင် ဗြဟ္မာဘုံများ ရှိကြပါတယ်။ဒါကတော့ စကြာဝဠာတစ်ခုရဲ့ကမ္ဘာမြေတည်နေပုံပါ။
စကြာဝဠာတစ်ခုအတွင်းမှာ နေတစ်ခု လတစ်ခု ရှိကြပါတယ်။ နေနဲ့လတို့ဟာ ယုဂန္ဓိုရ်တောင်နဲ့ အမျှ ကောင်ကင်မှာ လက်ယာရစ် လှည့်ပတ်နေကြပေတယ်။ ဖြစ်ဖော်ဖြစ်ဖက် ပျက်ဖော်ပျက်ဖက် စကြာဝဠာတွေဟာ ကြမ်းပြင်ပေါ် ဆန်တွေစီချထားသလို စကြာဝဠာတောင်တွေ ခွေရစ်ပတ်နေကြပါတယ်။ ဒီစကြာဝဠာလို တည်ရှိနေကြသေးတဲ့ ကျန်တဲ့စကြာဝဠာပေါင်း မြောက်များစွာ မရေတွက်နိုင်အောင် ရှိပါသေးတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက စကြာဝဠာအနန္တ-ရေတွက်လို့တောင် မရနိုင်အောင် များစွာရှိတယ်လို့ မိန့်ခဲ့တာပါ။
တစ်ခါ လောကဓာတ်အနေနဲ့ ထပ်ရှင်းပြရမယ်ဆိုရင် ဖြစ်တူ-တည်တူ-ပျက်တူဖြင့် အတူတူဖြစ် အတူတူတည် အတူတူပျက်ကြတဲ့ စကြာဝဠာပေါင်း ကုဋေတစ်သိန်းကို မဟာလောကဓါတ်တစ်ခုလို့ခေါ် ပါတယ်။ အဲဒီမဟာလောကဓါတ်ကြီးကို တစ်သောင်းအုပ်စုတစ်ခုစီ ထပ်ခွဲလိုက်ပြီးလျှင် အဲဒီထဲကမှ တစ်သောင်းအုပ်စုတစ်ခုကို မဇ္ဈိမလောကဓါတ်ဟုခေါ်ပါတယ်။ မဇ္ဈိမလောကဓါတ်ကို စူဠလောကဓါတ်လို့ခေါ်တဲ့ စကြာဝဠာတစ်သောင်းနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီတစ်သောင်းထဲက တစ်ခုတုန်လှုပ်ရင် တွဲဖက်ဖြစ်တဲ့ အခြားစကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကလည်း လိုက်ပြီးတော့ တုန်လှုပ်ပါတယ်။
ဦးဇင်းတို့ရဲ့ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဟာ ဒီပင်္ကရာဘုရားရှင်အထံမှ နိယတဗျာဒိတ်ခံယူပြီးတော့ ဘုရားဖြစ်ဖို့အတွက် ငါဘာတွေကို လုပ်ရမှာပါလဲလို့ စဉ်းစားပါတယ်။ ဘုရားဖြစ်ဖို့အတွက် ပါရမီဆယ်ပါးကို ဖြည့်ကျင့်ရမယ်လို့ မိမိဘာသာ သိမြင်သောအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာဟာ အိုးထိန်းစက်ကဲ့သို့ တုန်လှုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့တွဲဘက်ဖြစ်တဲ့ စကြာဝဠာ ကိုးထောင်ကိုးရာကိုးဆယ့်ကိုးခုကပါ ဦးဇင်းတို့ရဲ့ စကြာဝဠာနဲ့အတူ လိုက်ပြီးတော့ တုန်လှုပ်ခဲ့ပါတယ်။ ဒါကို မဇ္ဈိမလောကဓါတ်တစ်ခုလုံး တုန်လှုပ်တယ်လို့ ခေါ်ပါတယ်။ ဒီအကြောင်းကို ဘုရားရှင်ကိုယ်တော်တိုင် ဗုဒ္ဓ၀င်ပါဠိတော်မှာ ဟောကြားတော်မူခဲ့ပါတယ်။
အဲဒီမဇ္ဈိမလောကဓါတ်ရဲ့ အလယ်ဗဟိုတည့်တည့်မှာ စကြာဝဠာတစ်ခုရှိပါတယ်။ အဲဒီစကြာဝူဠာထဲမှာ အရှေ့ကျွန်း အနောက်ကျွန်း တောင်ကျွန်း မြောက်ကျွန်းဆိုပြီးတော့ ကျွန်းကြီးလေးကျွန်း ရှိပါတယ်။ အဲဒီကျွန်းကြီးလေးကျွန်းထဲက တောင်ကျွန်းမှာ မဇ္ဈိမဒေသအရပ်ဆိုတာရှိပါတယ်။ အဲဒီ မဇ္ဈိမအရပ်ဒေသမှာပဲ သဗ္ဗညုဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါဘုရားရှင်များ၊ပွင့်ကြပြီး ကျန်ကျွန်း(၃)ကျွန်းမှာ မပွင့်ကြပေ။ အခု ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာအပြင် ကျန်တဲ့စကြာဝဠာများမှာလည်း ဦးဇင်းတို့နေထိုင်တဲ့ စကြာဝဠာလို သုံးဆယ့်တစ်ဘုံတွေ ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီစကြာဝဠာတွေမှာ ဘုရားရှင်များ၊ လူအရိယာများမရှိကြဘဲ စကြာဝတေးမင်းနှင့် နတ်ဗြဟ္မာအရိယာများသာ ရှိကြပါတယ်၊၊
အဲဒီတော့ မဟာလောကဓါတ်ကြီးထဲက သဗ္ဗညုဘုရားရှင် ပွင့်တော်မူတဲ့ စကြာဝဠာတစ်ခုကို ဖယ်ထားလိုက်ရင် အခြားစကြာဝဠာပေါင်း ကုဋေကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ့် ကိုးကုဋေသော စကြာဝဠာတိုင်းမှာ သုံးဆယ့်တစ်ဘုံရှိတယ်။ ဘုရားရှင်များ၊ လူအရိယာများ၊ ရဟန်းအရိယာများ မရှိ။ နတ်အရိယာ၊ ဗြဟ္မာအရိယာနဲ့ စကြာဝတေးမင်းများသာ ရှိကြတယ်။ နတ်အရိယာ၊ ဗြဟ္မာအရိယာ ရှိနေပြီးတော့ ဘာဖြစ်လို့ လူအရိယာ၊ ရဟန်းအရိယာ မရှိရတာလဲလို့ မေးစရာဖြစ်လာပါတယ်။ လူအရိယာ၊ ရဟန်းအရိယာမရှိတာက သူတို့ဆီမှာ သဗ္ဗညုဘုရားရှင်များ မပွင့်ကြလို့ပါ။ ပစ္စေကဗုဒ္ဓါများ မရှိကြတာကတော့ ပစ္စေကဗုဒ္ဓါများဟာ သာသနာပများဖြစ်ကြသော်လည်း အလေ့အလာ ထုံးတမ်းစဉ်လာအားဖြင့် သဗ္ဗညုဘုရားမပွင့်တဲ့ စကြာဝဠာများမှာ ပစ္စေကဗုဒ္ဓါများလည်း မပွင့်ကြလို့ မရှိကြတာပါ။
အရိယာ နတ်တွေဗြဟ္မာတွေဟာ သူတို့ရဲ့ တန်ခိုးဣဒ္ဓိပါဒ်များနှင့် ဘုရားပွင့်တဲ့ စကြာဝဠာမှာ တရားနာလာကြပါတယ်။ ပြီးတော့ အရိယာဖြစ်ကြပါတယ်။ ဗုဒ္ဓစာပေကျမ်းဂန် အနှံ့အပြားမှာ ဘုရားရှင်ရဲ့ တရားပွဲတွေမှာ စကြာဝဠာတိုက်တစ်သောင်းက နတ်ဗြဟ္မာတွေ တရားနာလာကြတယ်ဆိုတာ ကို တွေ့ရှိနိုင်ပါတယ်။ ဒါကိုကြည့်ရင် အခြားစကြာဝဠာက လူတွေလည်း ဘုရားမပွင့်ပေမယ့် ကျွတ်တန်းဝင်နိုင်ကြပါတယ်။ သူတို့စကြာဝဠာမှာ စကြာဝတေးမင်းရှိတယ်။ သူက တရားသဖြင့် ဆုံးမအုပ်ချုပ်မယ်။ လူတွေဟာ စကြာဝတေးမင်းရဲ့ အဆုံးအမကို လိုက်နာပြီးတော့ သီလတွေထိန်းသိမ်းကြမယ်။ ဒါနေတွေပြုကြမယ်။ သမထတွေပွားများကြမယ်။ ပြီးတော့ နတ်ပြည် ဗြဟ္မာ့ပြည်တွေကို ရောက်မယ်။ ပြီးတော့ အဲဒီနတ်တွေ ဗြဟ္မာတွေဟာ ဘုရားရှင်ရှိရာကို လာပြီးတော့ တရားနာကြမယ်။ ကျွတ်တန်းဝင်ကြတယ်။ ဒီသဘောပါပဲ။
အထက်မှာ ပြောခဲ့တဲ့ အကြောင်းတရားတွေကို ထောက်ရှု့ပြီးတော့ အခြားသောစကြာဝဠာများမှာလည်း လူသားများ ဧကန်ရှိကြတယ်လို့ မှတ်ရပါမယ်။ ရတနသုတ်တော် ခန္ဒသုတ်တော် မောရသုတ်တော် ဓဇဂသုတ်တော် အာဋာနာရိယသုတ်တော်များရဲ့ အာဏာတော်ဟာ စင်္ကြာဝဠာပေါင်း ကုဋေတစ်သိန်းနဲ့ ဖွဲ့စည်းထားတဲ့ မဟာလောကဓါတ်ကြီး တစ်ခုလုံးကို ပျံ့နှံ့တည်တံ့ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ မဟာလောကဓာတ်လိုမျိုး မဟာလောကဓါတ်တွေ အများကြီးပဲရှိပါတယ်။ အဲဒီ အကုန်လုံးသော မဟာလောကဓါတ်တွေကိုတော့ အနန္တလောကဓါတ်လို့ ခေါ်ဆိုပါတယ်။ ဒါကတော့ စကြာဝဠာ အကြောင်းကို ပိုရှင်းအောင် ရှင်းပြတာပါ။
မြတ်ဗုဒ္ဓတာဝတိံသာကို ကြွချီတော်တဲ့အခါတုန်းက ရတနာစင်္ကြံမှာ ခြေတစ်ဖဝါးချပြီး လက်ယာခြေတော် လှမ်းတော်မူကာ ယုဂန္ဓိုတောင်ထိပ်မှာ တစ်ဖဝါး ချတော်မူပြီးနောက် မြင့်မိုရ်တောင်ထိပ်ကို တစ်ဖဝါးချတော်မူတယ်လို့ ဆိုကြပါတယ်။ တန်ခိုးတော်နဲ့သွားလို့ စုစုပေါင်း နှစ်လှမ်း၊သုံးဖဝါးနဲ့ ကြွချီတော်မူခဲ့တာပါ။
ကမ္ဘာတစ်ခုပျက်သောအခါ မြေ၊ မီး၊ လေ၊ ရေ စသော ဓာတ်ကြီးလေးပါးတစ်မျိုးမျိုးနှင့် ပျက်ပါတယ်။ ထိုသို့ကမ္ဘာပျက်သောအခါ သုံးဆယ့်တစ်ဘုံတွင် ကောင်းမှုအရင်းခံသောသူများသည် ကမ္ဘာပျက်ကာလ တွင် ဒုတိယဈာန်ဘုံစတဲ့ ဗြဟ္မဘုံများမှာ ပြောင်းရွေ့နေကြရသလို မကောင်းမှု အရင်းခံသောသူများသည် အ၀ီစိငရဲတွင်နေပြီး ကမ္ဘာတံတိုင်းဟုခေါ်သော မဲမှောင် ပိတ်ဖုံးနေသည့် ချောက်နက်ကြီးများတွင် ပြောင်းရွေ့ကာ ဒုက္ခခံကြရတယ်။
ယခုလို ကျယ်ပြောလှတဲ့ ဘုံလောကများကိုတွေးကြည့်ရင် သံသရာ၏ ကြောက်မက်ဖွယ်ကို သိမြင်လာပါလိမ့်မယ်။ ဘ၀မျိုးစုံကို လိုချင်နေသမျှ ကာလပတ်လုံး ဘ၀သံသရာတွင် ကျင်လည်နေကြရကာ ဒုက္ခပင်လယ် ဆိုက်ရောက်နေဦးမည်မို့ ကြောက်မက်ဖွယ်ရာသံသရာမှ အမြန်ဆုံးလွတ်အောင် ဒါန၊ သီလ၊ ဘာဝနာများကို အသက်ရှင်စဉ် ဘ၀ကောင်းလေးမှာ များများပြုလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာ အားလုံးသိကြလိမ့်မယ် ထင်ပါတယ်။
တကယ်တော့ မြင့်မိုရ်တောင်ဟာ အဆမတန်ကြီးမားပြီး နု့ညံ့တာကြောင့် သာမန်လူတွေရဲ့ မျက်စိနဲ့ဖြစ်စေ၊ သာမာန်လူတွေလုပ်ထားတဲ့အရာဝတ္ထုနဲ့ဖြစ်စေ မြင်ဖို့ရန် ခဲယဉ်းလှပါတယ်။ ဒါဟာလည်း သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါးကျပ်လောက်ပေးရင်ရတဲ့ အရာဝတ္ထုနဲ့ တစ်သိန်းလောက်ပေးမှမြင်ရမဲ့အရာကို မြင်ချင်ပါတယ်။ မြင်မှဖြစ်ပါလိမ့်မယ်လို့ အတင်းအော်နေရင် လည်း အော်တဲ့လူသာ အရူးဖြစ်မှာပါ။ ခုလည်း မြင့်မိုရ်တောင်ဟာ အလွန်အင်မတန်ကြီး မားပြီး နု့ညံ့လှတဲ့အတွက်ကြောင့် အဲဒီအရာဝတ္ထုကိုမြင်နိုင်တဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရသူတွေ သာ မြင်နိုင်တာပါ။ မိမိတို့က တကယ်မြင်ချင်တယ်ဆိုရင်တော့ ငါးကျပ်တန်ကုသိုလ်ကောင်းမှု၊ လုံးလ၀ီရိယလေးနဲ့ မြင်ချင်တယ်အော်မနေဘဲ တစ်သိန်းလောက်ပေးမှရတဲ့ ဒိဗ္ဗစက္ခုအဘိညာဉ်ရအောင် ကြိုးစားကြည့်ရမှာပါ။
ဒါကြောင့်လည်း လယ်တီဆရာတော်ကြီးက နိုင်ငံခြားသာတစ်ယောက်ကို မင့်တို့ လေးငါးခြောက်သိန်းပေး ရတဲ့ မှန်ဘီလူးနဲ့တောင် အဝေးကြီးမှာရှိတဲ့ အရာတွေကိုမြင်ရသေးရင် လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီများစွာကို ပင်ပန်းခံဖြည့်ကျင့်မှရတဲ့ သဗ္ဗညုတဉာဏ်က မင့်တို့ မှန်ဘီးလူးတွေထက် အဆပေါင်းများစွာ အစွမ်းထက်ရမှာပေါ့။ မင့်တို့ မှန်ဘီးလူးနဲ့ကြည့်လို့မရတဲ့အရာကို မရှိဘူးဆိုပြီး လျှောက်ပြောလို့မရဘူးလေ။ မင့်တို့မှန်ဘီးလူးက ဒီတစ်ဘ၀စာရင်းရင် ရတယ်။ သဗ္ဗညုတဉာဏ်က လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းတောင် ရင်းခဲ့ရတာ။ အဲဒါကြောင့် မင့်တို့ မှန်ဘီးလူးထက် သာတယ်ဆိုတာမင့်ယုံရမယ်လို့ နိုင်ငံခြားသားတစ်ယောက်ကို ပြောလိုက်တဲ့အခါ နိုင်ငံခြားသားလည်း ခေါင်းမိုင်ချပြီး အရှုံးပေးခဲ့ရပါသတဲ့။
ဒီထက်မက မြင့်မိုရ်တောင်နဲ့ စကြာဝဠာအကြောင်းကို ပိုမိုပြည့်စုံစွာသိရှိချင်ပါက ပထမဦးဆုံး ဝိသုဒ္ဓိ (၁၊ ၁၉၉) http://tipitakamyanmar2.blogspot.com/2011/08/blog-post_7312.html မှာ လောက၀ိဒူအဖွင့်ကိုပြထားတဲ့ အခန်း(၁၃၅)ကနေ စဖတ်ကြည့်လိုက်ပါ။ ဒုတိယအနေနဲ့ ဂန္ဓာရုံဆရာတော်ကြီးရဲ့ ရတနာ့ဂုဏ်ရည်စာအုပ်ထဲက လောက၀ိဒူအကြောင်းကို ဖတ်ကြည့်ပါ။ တတိယအနေနဲ့ကတော့ တည်တောဆရာတော်ကြီးရဲ့ အမေးအဖြေများ အမှတ်စဉ်(၂)ကို ဖတ်ပါ။ စတုတ္ထအနေနဲ့ကတော့ ဓမ္မာစရိယ လွှမ်းအောင်ရေးထားတဲ့ ဤစကြာဝဠာစာအုပ်ကို ၀ယ်ဖတ်ပါ။ အဲဒီစာအုပ်ဟာ အင်တာနက်မှာ ၀ယ်ရမည့်စာအုပ်ဖြစ်နေသဖြင့် ဦးဇင်းလည်း ၀ယ်ဖတ်မရ လို့ သေချာပြည့်စုံပါမပါတော့ မသိရသေးပါ။ သို့သော် အင်တာနက်ကနေ ၀ယ်နိုင်မည့်လူများ၊ မြန်မာပြည်ကလူများ ၀ယ်ယူဖတ်ကြည့်လျှင် မြင့်မိုရ်တောင်အကြောင်းကို ပြည့်စုံစွာ သိရပါလိမ့်မယ်။ စာအုပ်မာတိကာမှာတော့ အပြည့်စုံရေးထားတယ်လို့ http://www.myanmarbookshop.com/MyanmarBooks/BookDetails/18595 ဒီဆိုဒ်မှာ ကြေညာထားတာ တွေ့ရပါတယ်။
မှတ်ချက်– ဤမြင့်မိုရ်တောင်နဲ့စကြာဝဠာအကြောင်းများကို ဦးဇင်းအား ခဏခဏအမေးခံရ၍ စာဖတ်ပရိသတ်များသိရှိစေရန်အကျိုးငှါ ဦးဇင်းနေရာစုံမှ ရှာဖွေဖတ်ရှု့ပြီး ရေးသားတင်ပြလိုက်ခြင်းဖြစ် တာကြောင့် ဦးဇင်းထက်ပိုမိုကာ ဗဟုသုတပြည့်စုံသူ စာဖတ်ပရိတ်များအနေဖြင့် အမှားတွေ့ပါကလည်း အမှန်ပြင်ပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ စာဖတ်သူအားလုံး ဗဟုသုတကြွယ်ဝကာ မိမိဘာသာကို ပိုမိုလေ့လာယုံကြည်ပြီးသကာလ ပိုမိုလေ့လာလိုက်စားနိုင်ပြီးလျှင် ဒါန၊ သီလ၊ ဘာဝနာများကို လည်း နေ့စဉ်မပြတ်ပြုလုပ်ပြီး ပန်းတိုင်ကိုလျင်မြန်စွာ ရောက်ကြပါစေလို့ ဆန္ဒပြုဆုတောင်းပေးနေလျက်……။
အရှင်ကောမလ(ခ)ဆန်နီနေမင်း
Sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

ကထိန် အကြောင်းသိကောင်းစရာ

အနာမန္တစာရ စသည်ငါးပါးသောသိက္ခာပုဒ်တို့ ကိုသံဃာအတွင်း၌ပြုခြင်းငှါစွမ်းနိုင်၍ မြဲမြံ ခိုင်ခံ့ တည်တံ့သောအနက်။ မှီငြမ်းမရှိ၊ မိမိချည်းသာ၊ လိုရာအလျောက်၊ ပေါက်ရောက်စည်ကား၊ ကြီးပွားလေပြီ၊ သစ်ပင်ကြီးတမျှ၊ ခိုင်ခံ့ လှသောအနက်။ ဘုရားကအစ၊ အရိယာအပေါင်း၊ အရှင်ကောင်းတို့ သည်၊ ကောင်း၏ ကောင်း၏ဟု ချီးမွမ်းအပ်သောကြောင့် ကထိန်မည်ပါသည်။
သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရားသီတင်းသုံးတော်မူသောကာလ၀ယ် ပညတ်တော်မူပါသည်။ ပါဝေယျကရဋ္ဌ၀ါသီ ဘဒ္ဒ၀ဂ်သခင်ညီနောင်သုံးကျိပ်တို့ ကို အကြောင်းပြု၍ ခွင့်ပြုခဲ့ပါသည်။ ဘဒ္ဒ၀ဂ်သခင် အရှင်တစုတို့ သည် သဗ္ဗညုဘုရားရှင်ကိုခူးမြင်ခြင်းငှါ ပါဝါမြို့ မှသာဝတ္တိ သို့ အလာတွင် ၀ါလနီးသောကြောင့် သာဝတ္ထိပြည်ကြီးသို့ မရောက်နိုင်ကြ၍ သာကေတမြို့ တွင် ၀ါဆိုပြီး ၀ါကျွတ်သော်ဇေတ၀န်ကျောင်းအသွား မိုးမိ၍ ရွှံ့ နှစ်ညွန်စေးညစ်ကြေးစွဲကပ်သောသင်္ကန်းဖြင့် ပင်ပန်းသောသဘောရှိသော ထိုရဟန်းတို့ ကိုမြင်လျှင် အလွန်ပင်သနားတော်မူလှ၍ နောင်လာ သံဃာတော် တို့ အားလည်း အကျိုးစီးပွါးများစေခြင်းငှါ ကထိန်ကို ခွင့်ပြုတော်မူခဲ့သည်။
သီိတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ မှစ၍ တန်ဆောင်မုန်းလပြည့်နေ့ အထိ တစ်လအတွင်း ခင်းအပ်သောကာလဖြစ်ပါသည်။ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းပုဂ္ဂိုလ်မှသာ ကထိန်ခင်းခြင်းငှါ ထိုက်ပါသည်။ သံဃာသည် ကထိန်၏မူလမည်ပါသည်။
ကိုးထည်သောသင်္ကန်းတို့ တွင် ဒုကုဋ်.ကိုယ်ဝတ်.သင်းပိုင်အားဖြင့် သုံးထည်သောသင်္ကန်းသာ ကထိန်၏၀တ္ထုမည်ပါသည်။ (၀တ္ထု = အကြောင်း၊ တည်ရာမှီရာ၊ ဥစ္စာပစ္စည်း) ခေါမမည်သော လျှော် တမည် ၀ါချည်တမျိုးပိုးချည်တရပ် သက္ကလတ် တတန် ပိုက်ဆံလျှော်တချက် ငါးပါးစုံရောယှက်၍ ရက် အပ်သော ပုဆိုးဟူ၍ ဇာတိဗေဒအားဖြင့် ခြောက်ထည်အပြားရှိပါသည်။ လျှော်ဖွပ်စီရင် ဖြတ်ယှဉ် ချုပ် ဆိုး ဗိန္ဒုထိုးဖြင်းဟုဆိုအပ်သောပုဗ္ဗကရဏ ခုနှစ်ပါးသည် အစ၊ ပစ္စုဒ္ဓိုရ်ပြုခြင်း အဓိဋ္ဌာန်တင်ခြင်းသည် အလယ်၊ ၀စီဘေဒမုခလှစ်ဖွင့် နှုတ်ဆိုမြွက်၍ခင်းခြင်းသည် ကထိန်၏အဆုံးဖြစ်ပါသည်။
ဤသိမ်ဥပစာရအတွင်း၌ တည်သောရဟန်း၊ အနုမောဒနာပြုသောရဟန်း၊ သူတပါးကိုကြားသိ စေသောရဟန်း၊ ဤရဟန်းသုံးယောက်တို့ သည် ကထိန်ခင်းခြင်းကြောင့်ဖြစ်သော အကျိုးဂုဏ်အင် အာနိသင် တို့ ကိုရထိုက်ပါသည်။ ငါးပါးအရေအတွက်ရှိသောရဟန်း၊ ထို့ ထက်သင်္ချာအရာအထောင် ဖြစ်သောရဟန်းတို့ သည် ကထိန်ခင်းခြင်းငှါထိုက်ပါသည်။ ပုရိမ၀ါသို့ မပြတ်၊ ကပ်သောဝါရှိသဖြင့်၊ ပဌမပ၀ါရဏာနေ့ ၌၊ ချမ်းမြေ့ သာယာ၊ ပ၀ါရဏာပြုကြသော ရဟန်းတို့ သည်ကထိန် ခင်းထိုက် ပါသည်။ (၀ါမကျိုးသောရဟန်းကိုဆိုလိုသည်) သဒ္ဓါကြည်ဖြုလှူအပ်သော သင်္ကန်းပင်ဖြစ်စေ၊ ဗြဟ္မာအများ ညွတ်တွားကော်ရော် ပူဇော်အပ်သော သက်န်းပင်ဖြစ်စေ၊ သီတင်းသုံးဖော်ငါးယောက် တို့ တွင် တစ်ယောက်ယောက်သောသူ လှူအပ်သောသင်္ကန်းပင်ဖြစ်စေ၊ အမှတ်မရှိသောသူ လှူအပ်သောသင်္ကန်းပင်ဖြင့်ပင် ဖြစ်စေခင်းအပ်ပါသည်။

လူမိုက်တို့ သွားရာလမ်း

လူမိုက်တို့ ၏ သွားရာ လမ်း” (ကျေးဇူးရှင် သီတဂူဆရာတော် ဘုရားကြီး ဟောကြားတော်မူသော တရားတော်)
==========================================
မကောင်းမှု လုပ်ဖို့ ဆို တာ သူတော် ကောင်းအတွက် အင်မတန် မှပြု ဖို့ ခက်လှပါတယ်။
သို့ ပေမဲ့  မကောင်းမှု တွေ ကို လူမိုက်တွေ ကတော့ဖြင့် လွယ်လွယ်ကူကူ နဲ့ ပြု ပြတတ်ကြတယ်။
ဒါကြောင့် — မကောင်းမှု ဆိုတာ – လူမိုက်တွေ အတွက် ပြုဖို့  အင်မတန်မှလွယ်ကူတဲ့ အလုပ် ပဲ ၊ — လူကောင်းသူကောင်း တွေ အတွက်တော့ အင်မတန်မှ ခက်ခဲ လှတဲ့  အလုပ် ဖြစ်ပါတယ်။
လူမိုက်ဆို တာက တွေးလိုက်ရင် မကောင်းတာတွေ၊ သူတစ်ပါးကို ဒုက္ခပေး ဖို့ ချည်းက များတယ်၊ ကြံလိုက်ရင်လည်း မကောင်းတာ တွေ ပဲ ကြံတယ်။
ထို့ ကြောင့် သူတော်ကောင်းတွေ က ကောင်းမှု ကို ပြုဖို ရာ၊ လုပ် ဖို့ ရာ လွယ်ပေမဲ့၊ သူမိုက်ကတော့ ကောင်းမှု ကို လုပ် ဖို့ မပြောနဲ့  ကောင်းတာလေး တွေးဖို့ ၊ ပြော ဖို့ ပင် အလွန်မှ အခက်ကြီး ခက်လှပါ တယ်။
ကောင်းတာလေး မို့ ဒါလေး လုပ်ပါဆို ရင်တော့—- ဘာပြောလေ့ရှိ လဲ — ဒါမလွယ်ဘူး၊ သူ့ အတွက် တစ်အားကို ခက်နေပြီ။
ဥပမာပြဖို့ ရာ- ရာဇ၀င်မှာ ကြည့်လိုက်ရင် – အရှင် ” ဒေ၀ဒတ်” – နာမည်ကြား လိုက်တာနဲ့ ကို အား လုံးကသိတယ်- မကောင်းမှုတွေ အားလုံး စုပြုံ ပြီးရှိ နေ တာ မို့ ။ သူဟာ မြတ်ဘုရားရဲ့ ယောက်ဖ တော် တယ်၊ ယသော်ဓယာ ရဲ့ အကိုဖြစ်တယ်။
မြတ်ဘုရား ဘုရားဖြစ်တော် မူတော့ ဘုရား က လက်ဝဲရံ၊ လက်ယာ ရံတွေ ကို ရှင်သာရိပုတ္တရာ နဲ့  ရှင်မဟာမောဂ္ဂလန် စသဖြင့် အကျင့်ကောင်းသော၊ လုပ်နိုင်စွမ်းရှိသော၊ ပညာရှိသော သံဃာတော် တွေ ကိုခန့် ထားတော် မူတယ်။ (ဘုရား က အကျင့်မကောင်းသော၊ လုပ်နိုင်စွမ်းမရှိသော၊ ပညာမဲ့ သာ သူတွေ ကို ငါ့ အမျိုး ဆိုပြီး နေရာကောင်းမပေးဘူး)။ ဒါကို အရှင် ဒေ၀ဒတ် က မကျေနပ်ဘူး၊။
နေရာ လိုချင်တယ်၊ ဒီတော့ လူမိုက် က ဘယ်လို စတွေးပြီးကြံ လဲဆို တော့….သူက ဘုရား ကို သွားလျောက်တယ်——–
အရှင်ဘုရား ခက်ခက် ခဲခဲ ပင်ပင်ပန်းပန်း ကျင့် ပြီးလို့ ဘုရား ဖြစ်ပြီ ပဲ—- အရှင်ဘုရား နားပါ—- သံဃာ့ အဖွဲ့  အစည်း ကို တပြည့်တော် တာဝန် ယူ ပါရစေ ဆို ပြီး –”သံဃာ့ အဖွဲ့  အစည်း ” သူ့  အပ်ပါဆို ပြီး၊ နေရာ၊ ရာထူး တောင်းတယ်။
(သံဃာ့ အဖွဲ့  အစည်းမှာ – သူ ရာထူး ရရင်ဖြင့် ဒီသံဃာ အဖွဲ့ အစည်း ရားထူး ကို အမှီပြု ၍ ပထမဦး ဆုံးလုပ်မှာ၊ ဖြုတ်ပစ်မှာ၊ ဒုက္ခပေးမှာ က ပညာရှိသော၊ အကျင့်ကောင်းသော၊ အများ အကျိုး လုပ်နိုင်စွမ်းရှိသော ရှင်သာရိပုတ္တရာ နဲ့  ရှင်မဟာမောဂ္ဂလန် တို့ ပဲ) ။
အဲဒီကစလို့ – လို တာ မရတဲ့ နောက်— ဘုရား ကို သတ်ဖို့  (၃) ကြိမ်တိတိ ကြံပါရောလား။ ရည့်ရွယ်ချက်ကိုကြည့်– ရာထူး၊အာဏာ ၊ ပါဝါ ရဖို့  ဘုရားကို အနား ယူခိုင်းတယ်၊ မရတော့ လုပ်ကြံသတ်ဖြတ် ဖို့ လုပ်တယ်။ အောင်မြင်လား — မအောက်မြင်တော့  ဘာဆက်လုပ် လဲ—
ဒါမအောင်မြင် ပြန်တော့ တစ်ခါ ဘာဆက်လုပ် သေးလဲ—-အကြမ်းနည်း နဲ့  မရတော့ သူတော်ကောင်းယောင်ဆောင် ပြီး၊ ဘုရား ကို လျောက်ပြန်တယ်—-
၁။ ရဟန်းတွေ မြို့ မှာ မနေ သင့် တောကျောင်း မှာ နေစေ
၂။ သင်္ကန်း သုံးထည်ထက် ပို လက်မခံရ
၃။ ပင့်ဖိတ်သော ဆွမ်းမစားရ
၎။ ပံ့သကူ သင်္ကန်း သာ ၀တ်ရမည်
၅။ရဟန်း၊ သံဃား အားလုံး သက်သတ်လွတ်စား (ဒကာ၊ ဒကာမတို့ ရေ – ဒီနေရာမှာ ကြည့် — သက်သတ်လွတ်ဂိုဏ်း ကို ဒေ၀ဒတ်က စထောင်ဖို့ ကြိုး စားခဲ့ တာ၊ စပြီး တောင်းဆိုခဲ့ တာ။)
ဒါတွေကိုကြည့်လိုက်– စကားလုံးတွေကနားထောင်လို့  ကောင်းသလို၊ လှ သလို ရှိပေမဲ့ နောက်ကွယ်က နှလုံး သား က အင်မတန်မှ မဲညစ် တယ်။
ဒီလို မဲညစ်နေ တဲ့ နှလုံးသားဖြင့် စကားလုံးတွေ အလှဆင်၍ ဘုရား ကို ဥပဒေ အမိန့် တွေ ထုတ်ဖို့ ပြောတယ်။ ဒီတော့ ဘုရားက ကြီးမားသော ဥာဏ် ဖြင့် ဒီဥပဒေ တွေ ဟာ သာသနာ ကို အကျိုး ပြု မှာ မဟုတ်တာကြောင့် မို့  မထုတ်နိုင် ဘူး လို ပြောတော့- —– ဒေ၀ဒတ် ဘာထပ် ကြံလဲ–။
သူကကောင်းမယ်ထင်တာတွေ ဥပဒေထုတ် ဖို့  ပြော တာ ဘုရား ကလက်မခံဘူး —ဆိုပြီး ထအော်တယ်—- ဒီတော့ ငါ့ ၀ါ ဒ ၊ အယူကြိုက်သူ တွေ ငါ နဲ့  လိုက်ခဲ့ ဆို ပြီး သံဃာ သင်းခွဲ ပါရော—-။ (သံဃာတွေ ကို ကွဲ အောင်ပြဲ အောင် လေသံ ကောင်းကောင်း ပေးပြီး ခွဲ တာ—- ဘယ်သူ လဲ- လူမိုက် အရှင် ဒေ၀ဒတ်)၊ ခုဘယ်မလဲ – အ၀ီစိ မှာ –သူ့ နောက် လူမိုက် ၅၀၀ လောက်တောင်ပါသွားသေးတယ်။
ဒီနေရာမှာ သေ ချာ ကြည့်— ကမ္ဘာ တစ်သိန်းပါရမီ ဖြည့်ထားပြီး သား ဖြစ်တဲ့ အရှင်နော် — ဒေ၀ဒတ်။
ဒါပေမဲ့ ——
ကုသိုလ် ကံ ချွှတ်ချော် ချိန် ဆိုက်ရောက်၍ နေကြကုန်ပြီ (သို့ ) ပျက်ဆီး ဖို့ ရန် ဦးတည်၍ လာပြီ ဆိုကြပြီဆိုရင် — နည်းလွဲ နည်းမှား တွေ ကို နည်းမှန်၊ လမ်းမှန် ဆိုပြီးတော့ လုပ် လာကြတယ်။
အရှင် ဒေ၀ဒတ် လုပ် သွားတာတွေ ကြည့် လိုက် — လူနတ်ဦး ခိုက်ရတဲ့ မြတ်ဘုရား ကို မကာင်းကြံ တာတွေ၊ လုပ်ကြံတဲံ လုပ်ရပ်တွေ၊ တစ်ခြား ဘယ်သတ္တ၀ါက မှ မစဉ်းစားဖူး၊ သမီးယောက်ဖ၊ ညီအကို ၀မ်းကွဲက ဒါစဉ်းစား တယ်၊ ဒီတော့ အဲဒါ ဘာဖြစ်ချင်လို့ လဲဆို တော့—-
သူကိုယ် တိုင်က ဘုရားကဲ့ သို့ သော ကြီးမားတဲ့၊ ကြီးကျယ်တဲ့ ဂုဏ်၊ သိက္ခာ၊ ရာထူး စတာတွေ ကို လိုချင်တာ ကြောင့် ကောင်းမှုတွေကို နည်းမျိုးစုံ နဲ့  လွယ်လွယ်ကူကူ လုပ်ပြသွားတာ—။
ဒါကြောင့် ဒကာ၊ ဒကာမတို့ တွေ မကောင်းမှု ဆိုတာ အင်မတန်မှ သိသာပါတယ်၊ မကောင်းမှု ဟေ့ ဆိုပြီး သိရက် နဲ့  လွယ်လွယ်ကူကူ၊ ပျော်ပျော် ပါးပါး၊ စည်းစည်း ရုံးရုံး လိုက် လုပ်မနေကြနဲ့ ။ အဲ ဒါ လူမိုက်တွေချည်းပဲ။
လူမိုက် ဆို တာ က-
၁။ လုပ်လိုက်ကြံ လိုက်ရင် မကောင်းမှု နည်းမှားတွေ ချည်းပဲ
၂။ သူတင် မဟုတ်တာ လုပ် တာ- နည်မှား ကြီး ကိုလုပ်တာ မဟုတ် ဖူး သူများတွေ လဲ လိုက်လုပ်ခိုင်းတယ်
၃။ အဲဒိ နည်မှားကြီး ကို အမြတ်တနိုး တန် ဖိုး ထားနေတယ်
၎။ အကျိုး အကြောင်း နဲ့  မှား နေပါတယ် ပြော ရင် စိတ် ဆိုးကြတယ်၊ ပြော တဲ့ သူ ကို ရန် ရှာ တယ်။
ဒီတော့ နောက်ဆုံး ဘာဖြစ်လဲ — အ၀ီစိမှာ မဟုတ်လား၊ သူတင် မဟုတ် သူ့  အပေါ်င်း အပါ တွေ အများ ကြီး အဲဒီမှာ…။
ဒီနေရာမှာ ဘုရားအလောင်းတော် အ ကိတ္တိ ရသေ့ ဆုတောင်းခဲ့ ပုံ ကို ကြည့်ပါ—
၁။ လူမိုက် ကို မမြင်မတွေ့ ၊ မကြား ရပါစေနဲ့ 
၂။ မလွှဲသာ လို့ မြင်တွေ့ ရလို့ ရှိရင် — လူမိုက်နဲ့  မဆက်ဆံ ပါရစေနဲ့ 
၃။ မလွှဲသာ လို ဆက်ဆံရရင် —- လူမိုက် ကို အာပေး မှု၊ ထောက်ခံ မှု မလုပ် ပါရစေ နဲ့  (အကိတ္တိ ရသေ့ ဆုတောင်း ပုံ)
လူမိုက်ကို မပေါင်းနဲ့  လို့ ပဲ မင်္ဂလသုတ် မှာသိခဲ့ တာ၊ ခု အ ကိတ္တိ ရသေ့ ဆုတောင်းကို ကြည့်တော့ လူမိုက်ဟာ ဘယ်လောက် ကြောက်ဖို့ ကောင်းတယ်၊ အန္တရယ်ရှိ တယ် ဆို တာ ပိုထင်ရှားပါတယ်။
ဒါကြောင့် ဒကာ၊ ဒကာမတွေ အနေနဲ့  ဘ၀ပျက် ဆီး ကြောင်း နည်းမှားတွေ ကို နည်းမှန် လမ်းမှန် အနေနဲ့ လွယ်လွယ်ကူကူ ပျော်ပျော် ပါးပါ၊ စည်းစည်းရုံးရုံး သူများလုပ်တိုင်း လိုက် မလုပ်မိဖို့  နဲ့  အမှား ကို မှား ကြောင်း တင်ပြလာရင် ကျေးဇူးတင်ဝမ်းမြောက်နိုင်ရ မယ်ဆို တာ ဒီတရား ကို နာပြီး၊ သင်ခန်းစာယူကြပါ။
(စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်ဥာဏိဿရ၊ ဟောကြားတော်မူသော “လူမိုက်တို့ ၏သွားရာလမ်း” တရားတော်မှ ကောက်နှုတ် မျှဝေပါသည်။)

ကထိန် အပိုင်း (၂)


ကထိန်အာနိသင် (၅) ပါး
၁။ အနာမန္တစာရ၊ ဆွမ်းပင့်ဖိတ်ထားတာရှိပါလျှက်နဲ့ အတူနေသီတင်းသုံးဖော်ရဟန်းကို မပန်ကြားဘဲ တနေရာရာကိုထွက်သွားခဲ့ရင် ဝိနည်းကံအရ ရဟန်းတော်များမှာ အာပတ် သင့်တယ်။ အပြစ်ဖြစ်တယ်။ ဒါပေမယ့် ကထိန်ခင်းခွင့်ရရှိလိုက်တယ်ဆိုရင်တော့ အဲဒီရဟန်း အပြစ်ကလွတ်တယ်၊ အာပတ်မသင့်ဘူး။
၂။ အသမာဒါနစာရ၊ ဓူတင်ဆောင်ရဟန်းတော်များဟာ မြိုထဲရွာထဲသွားတဲ့အခါ တိစီဝရိက် အဓိဋ္ဌာန်တင် ထားတဲ့သင်္ကန်း သုံးထည် (သင်းပိုင်၊ ဧကသီ၊ ဒုကုဋ်) ကို အမြဲယူဆောင်သွားရတယ်၊ သင်္ကန်းနဲ့မိမိ နှစ်တောင့်ထွာထက် ပိုဝေးပြီးမနေရဘူး၊ နေရင်အာပတ်သင့်တယ်၊ အပြစ်ဖြစ်တယ်။ အဲ့ဒီသင်္ကန်းကိုလည်း စွန့်ရတယ်၊ ဒါပေမယ့် ကထိန်ခင်းခွင့်ရရှိလိုက်တယ် ဆိုရင်တော့ အဲဒီရဟန်း အပြစ်ကလွတ်တယ်၊ အာပတ်မသင့်ဘူး။
၃။ ဂဏဘောဇန၊ ရဟန်းသံဃာတော်များကို ဆွမ်းကပ်ဘို့ပင့်လျှောက်တဲ့အခါ သာသနာတော်သုံးစကားနဲ့ ရိုသေစွာလျှောက်ထားမှ အဲ့ဒီဆွမ်းခဲဘွယ်ကို သုံးဆောင်ကောင်းတယ်၊ လူသာမာန်တို့ အသုံးအနှုံးမျိုးနဲ့ ပြောဆိုပင့်လျှောက်တယ်ဆိုရင်တော့ အဲဒီဆွမ်းကို မသုံးဆောင်ကောင်းဘူး၊ အပြစ်ဖြစ်တယ်။ သာသနာတော်အသုံးအနှုံးဆိုတာက ဥပမာ “ဆွမ်းဘုဉ်းပေးကြွတော်မူပါဘုရား” လို့ ဆွမ်းဆိုတဲ့အသုံး၊ ဘုဉ်းပေး ဆိုတဲ့အသုံးအနှုံးမျိုးပါအောင် ထည့်လျှောက်ရတယ်။ လူတို့အသုံးဖြစ်တဲ့ (သို့) ရောနှောနေတဲ့ “ထမင်းစား၊ ဆွမ်းစား၊ မုံ့ဟင်းခါးဘုဉ်းပေး” စသဖြင့်ပြောဆိုပြီး ပင့်ဖိတ်တဲ့ အစာအဟာရများကိုတော့ မသုံးဆောင်ကောင်းဘူး။ သာသနာတော်နဲ့မအပ်စပ်လို့ အာပတ်သင့်တယ်။ သို့သော် ကထိန်ခင်းခွင့်ရရှိလိုက်တယ်ဆိုရင်တော့ အဲဒီရဟန်း အာပတ်မသင့်ဘူး။ ဘယ်လိုပင့်ပင့် သုံးဆောင်ကောင်းတယ်။
ဥပမာ ခရီးအတူသွားရင်း ဒကာက ရင်းနှီးလို့၊ သို့မဟုတ် နားမလည်လို့ “အရှင်ဘုရား လမ်းကြုံတုန်း ဆိုင်မှာဝင်ဆွဲလိုက်ရအောင်၊ ထမင်းဘိုး တပည့်တော်ရှင်းမှာပါ” ဆိုပြီးပြောတဲ့အသုံးအနှုံးမျိုးဟာ ဘုန်းကြီးကိုဆွမ်းစားပင့်တာပါပဲ၊ ဒါပေမယ့် သာသနာနဲ့သံဃာအပေါ်မှာ လေးစားတဲ့အသုံးအနှုံးမျိုးမဟုတ်တဲ့အတွက် အဲဒီလိုဆွမ်းမျိုးကို သုံးဆောင်တဲ့ရဟန်းမှာ အပြစ်ဖြစ်တယ်။ အာပတ်သင့်တယ်ပေါ့။ အဲဒါမျိုးလေးတွေကလည်း ရှိတတ်တယ်၊ ဟိုတုန်းက ဒကာတစ်ယောက်ဟာ ရွာဦးကျောင်းဘုန်းကြီးဆီကိုသွားပြီး “အရှင်ဘုရား တပည့်တော် တို့အိမ်မှာ မနက်ဖြန်မနက်တော့ ဗိုက်ခွေးနမ်းပဲဘုရား” လို့လျှောက်ပြီး ပြန်သွားသတဲ့။ နောက်တစ်ရက်မနက် ဆွမ်းကပ်ချိန်လည်းဘုန်းကြီးကြွမလာ၊ နေ့လည်မှာလည်းကြွမလာဆိုတော့ ညနေပိုင်းမှာ ဒကာစိတ်ဆိုးဆိုးနဲ့ ဘုန်းကြီးကိုသွားပြီးရန်တွေ့တယ်တဲ့၊ “အရှင်ဘုရားကို ဒီနေ့မနက် တပည့်တော်အိမ်မှာ ဆွမ်းစားကြွဘို့ပင့်ထားတာ ဘာလို့မကြွတာလဲ၊ ဆွမ်းတွေအလကားဖြစ်ကုန်ပြီ၊ လွယ်လွယ်နဲ့ရတာမဟုတ်ဘူး” ဘာဘာညာညာ ပေါ့ပြောတဲ့အခါ၊ ဘုန်းကြီးက “ဟ ကောင်ရ၊ မင်းမနေ့က ငါ့လာပြောသွားတာက ဘုန်းကြီးကို ဆွမ်းကပ်ပင့်တယ်လို့ မထင်ဘူး၊ ခွေးစာကျွေးဘို့ လာပြောတယ်ထင်တာဟ”လို့ ပြန်မိန့်လိုက်တော့မှ ဒကာငြိမ်သွားတော့တယ်တဲ့။ ပြုံးစရာ ပုံပြင်လေးပါ။
၎။ ယာဝဒတ္တစီဝရ၊ ရဟန်းတော်များဟာ ဒကာဒကာမများက လှူလို့သက်န်းတွေရလာတဲ့အခါ အဲဒီသင်္ကန်းတွေကို (၁၀) ရက်အတွင်း အဓိဋ္ဌာန် ဝိကပ္ပနာပြု လုပ်ထားရတယ်၊ အဲဒီလို မပြုလုပ်ထားရင် အာပတ်လည်းသင့်တယ်၊ အဲဒီသင်္ကန်းကိုလည်း မသုံးဆောင်ကောင်းဘူး၊ ကထိန်ခင်းခွင့်ရရှိလိုက်တယ်ဆိုရင်တော့ အဲဒီရဟန်းဟာ ရသမျှသင်္ကန်းကို အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ ကြိုက်သလောက်ထားနိုင်ခွင့်ရှိတယ်။ အပြစ်မဖြစ်တော့ဘူး။
၅။ ယော စ တတ္ထ စီဝရုပ္ပါဒ၊ ကထိန်ခင်းတဲ့ကျောင်းမှာလှူဒါန်းထားတဲ့ သံဃိကသင်္ကန်းများကို အညီအမျှ ခွဲဝေသုံးဆောင်နိုင်ခွင့်ရတယ်။ ကထိန်အာနိသင်မရတဲ့ ရဟန်းကတော့ ခွဲဝေသုံးဆောင်ခွင့်မရှိဘူးလို့ဆိုလိုတယ်။
ဒါက ကထိန်သင်္ကန်းနဲ့ပတ်သက်လို့ ရဟန်းတော်များမှာ ရရှိတဲ့အကျိုးကျေးဇူးများဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ဝိနည်းစည်းကမ်းတွေထဲက တချို့ လွတ်ငြိမ်းချမ်းသာမှုကို ရစေနိုင်တဲ့အလှူမျိုးပါ။
ကထိန်သင်္ကန်းအလှူရှင်များ ရရှိသောအကျိုးတရား(၅) ပါး
“ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်” ဆိုတဲ့စကားလိုပါပဲ “ကထိန်”ဆိုတဲ့စကားတစ်လုံးရဲ့အောက်မှာ အလှူခံပုဂ္ဂိုလ်ရော အလှူပေးပုဂ္ဂိုလ်ပါ နှစ်ဘက်စလုံးမှာ အကျိုးကျေးဇူးများ ရရှိခံစားကြရပါတယ်။ ကထိန်သင်္ကန်းအလှူရှင်များ ရရှိနိုင်တဲ့ အကျိုးကျေးဇူးကလည်း ငါးပါးရှိပါတယ်။
လင်္ကာ = ကထိန်ဒါန၊ လှူကြသူမှာ၊ ကျိုးငါးဖြာကား၊ သွားလေရာဝယ်၊ အန္တရာယ်ကင်း၊ ပစ္စည်းရင်းမှာ၊ မီးပြင်းမဖျက်၊ ဆိပ်မတက်ဘဲ၊ မေ့လျှက်ဥစ္စာ၊ မဆုံးပါရ၊ ပြိုင်ရှာကြသော်၊ ကိုယ်ကဦးစွာ၊ အရသာသည်၊ ငါးဖြာ ကထိန်လှူကျိုးတည်း။
၁။ ခရီးသွားသည့်အခါများမှာ အနှောက်အယှက် အပိတ်အပင် အဆီးအတားများများ မရှိနိုင်ခြင်း၊ ရှိသည့်အခက်အခဲများကိုလည်း လွယ်ကူစွာကျော်လွှားအောင်မြင်နိုင်ခြင်း။ (ဥပမာ နိုင်ငံခြားသွားရာ၌ တွေ့ကြုံရတတ်သည့် ဗီဇာအခက်အခဲများလည်းပါဝင်သည်။)
၂။ ရပ်ဝေးနယ်ခြား ဆွေးမျိုးများထံတွင်လည်းကောင်း၊ တိုင်းနိုင်ငံအသီးသီးမှ ဘဏ်များတွင်လည်းကောင်း အပ်နှံထားသော မိမိပိုင်ပစ္စည်းဥစ္စာများ မီးလောင်ပျက်စီးဆုံးရှုံးမှုမရှိ၊ စိတ်နှလုံးအေးငြိမ်းစွာဖြင့် နေထိုင်ရခြင်း။
၃။ သွားလေရာရာ၌ အစာအာဟာရပေါများစွား သုံးဆောင်နိုင်လျှက် မိမိစားသုံးသော အစာအဟာရများတွင် အဆိပ်အတောက် မသင့်ခြင်း။
၎။ ရောက်လေရာရာ ဘဝတိုင်းဝယ် ဥစ္စာဓန ပေါကြွယ်ဝစွာဖြင့် ချမ်းချမ်းသာသာ နေထိုင်နိုင်ခြင်း။
၅။ မိမိရှာဖွေစုဆောင်း ရရှိထားသမျှပစ္စည်းဥစ္စာတို့သည် အဘယ်ကဲ့သို့သော ရန်သူမျိုးကြောင့်မှ ဆုံးရှုံးပျက်စီးသွားမှု မရှိနိုင်ခြင်း။ လို့ ကထိန်သင်္ကန်း အလှူရှင်များမှာလည်း အကျိုးတရား ငါးပါးရရှိပါတယ်။ ဒါကြောင့် အလှူပေးသူရော အလှူခံသူပါ နှစ်ဘက်စလုံးအကျိုးရှိ တာမို့လို့ ဒီကထိန်အလှူကို အမြတ်ဆုံးအလှူလို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်။

Nov 1, 2012

PNO ဥက္ကဋ္ဌဟောင်း ဗိုလ်မှူးကြီးအောင်ခမ်းထီ၏ အတ္ထုပ္ပတ္တိအကျဉ်း

ဗိုလ်မှူးကြီးအောင်ခမ်းထီသည် ခရစ်သက္ကရာဇ် ၁၉၃၆ ခုနှစ် ဧပြီလ(၂၇)ရက်နေ့
တွင် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီး ကျေးရွာအုပ်စု၊ ထီလုံရွာနေ
ပအိုဝ်းပိန္တော ဆေးဆရာ ဂျန်ဖာစာရိန္တနှင့် ဂျန်မွိုးလဲုင်းတို့မှ
ဖွားမြင်သည့် သားသ္မီး(၁၁)ဦးအနက် ဒုတိယအငယ်ဆုံးသား ဖြစ်သည်။ အောင်ခမ်းထီ၏
ငယ်မည်မှာ ခွန်ကီး ဖြစ်သည်။ အောင်ခမ်းထီသည် (?)ခုနှစ်တွင် နန်းဖျူးနှင့်
အိမ်ထောင်ကျ၍ သားသ္မီး(၆)ဦးထွန်းကားပြီး ၎င်းတို့မှာ နန်းလုံခမ်၊
ခွန်စိန်မင်း၊ ခွန်အောင်းကျေား၊ အောင်းခမ်း၊ နန်းခံရွဉ်၊
ခွန်အောင်းခမ်းကွို တို့ဖြစ်သည်။

အောင်ခမ်းထီ (ခ) ခွန်ကီးသည် အသက်(၉)နှစ်ရသောအခါ မိဘနှစ်ပါးက
ကျောက်တလုံးရှိ နောင်ဆိုင်ကျောင်းထိုင်ဆရာတော် ဦးကေသာရထံ
ပညာသင်ယူစေခဲ့သည်။ ၎င်း၏ အသက် (၁၀)နှစ်ရသောအခါ ဆရာတော် ဥပဇ္ဈာယ်ပြု၍
ရှင်ဂန္ဓမာ ဘွဲ့မည်ဖြင့် ရှင်ပြုခဲ့သည်။ ၁၃၀၉ တွင် ရှင်ဂန္ဓမာသည်
အင်းလေးကန်ရှိ  အင်းပေါခုံရွာကြီး၌ ဖွင့်လှစ်ထားသော အထက်တန်းကျောင်းသည်
ပညာဆက်လက်သင်ကြားခဲ့သည်။ ထိုကျောင်းသည် နေ့ခင်းပိုင်းအချိန်တွင်
လောကုတ္တရားဖြစ်သည့် သဒ္ဒါ၊ သဂြိုဟ် သင်ယူပြီး ညနေပိုင်းအချိန်တွင်
လောကီပညာဖြစ်သော သင်္ချာ၊ အင်္ဂလိပ်စာကို ဆရာဦးဘိုရွှေနှင့် ဆရာဦးလှဖေတို့ထံ
သင်ယူခဲ့သည်။

၁၉၅၀ တွင် ရှင်ဂန္ဓမာသည် မန္တလေးမြို့၌ မဟာနန္ဒိသေနာရာမတိုက်တွင်
ပညာဆက်လက်သင်ယူပြီး ထိုမှတဆင့် ရန်ကုန်မြို့၌ ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၅၃
တွင် အင်လေးကန် ကျွဲတူးကျောင်းထိုင်ဆရာတော် ဦးဂုဏထံ
ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၅၅ တွင် ရှင်ဂန္ဒမာ၏ မိဘနှစ်ပါးမှ
ပစ္စေလေးပါးခံယူပြီး နောင်ဆိုင်ကျောင်း သိမ်တော်၌ နောင်ခဲုင်းဆရာတော်
ဘဒ္ဒန္တဂန္ဓမာထံ ဥပဇ္ဈာယ်ပြုပြီး အရှင်ကုသလ ဘွဲ့တော်ဖြင့် ရဟန်ဘ၀သို့
တက်ခဲ့သည်။

၁၉၅၈-၅၉ တွင် ရှင်ကုသလသည် သံဃာတော် (၉)ပါးနှင့် ကျောင်းသား (၁၆)ဦးကို
ဦးဆောင်ပြီး အရှေ့တောင်တန်း ပအိုဝ်းကျောင်းသားသမဂ္ဂ ကိုဖွဲ့စည်းခဲ့သည်။
ထိုအဖွဲ့သည် ရည်ရွယ်ချက် (၈)ချက်နှင့် လုပ်ငန်းစဉ် (၅)ချက်ဖြင့်
လှုပ်ရှားခဲ့သည်။ ထိုကာလတွင် ဖြားဗွာလှဖေနှင့် ဗိုလ်ချန်ဇုံ
ခေါင်းဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး
အဖွဲ့ (ပအလဖ) [Pa-Oh
National Liberation Army –PNLA] ၏ လက်နက်နှင့်
ဒီမိုကရေစီလဲလှယ်ရေးလမ်းစဉ်ဖြင့် အလင်းစ၀င်သည့် ကာလဖြစ်သည်။ ၁၉၆၃ တွင်
လင်းခေးမြို့နယ်ရှိ ပအိုဝ်းကျေးရွာများတွင် နိုင်ငံရေး၊ စီးပွားရေး၊
လူမူရေး ဟောပြောစည်းရုံးပြီး ဂျန်းဆန်းကောင် ရေဦးဘုန်းကြီးကျောင်းတွင်
(၂)နှစ်သီတင်းသုံးပြီး ကလေးများကို အင်္ဂလိပ်စာ သင်ကြားပို့ချပေးခဲ့သည်။

၁၉၆၆ တွင် သံလွင်မြစ်အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများသို့ သွားရောက်ပြီး
ပအိုဝ်းလူငယ်များအား ပအိုဝ်းစာတတ်မြောက်ရေးအတွက် သင်ကြားပို့ချပေးခဲ့သည်။
ထိုနှစ်တွင် ဗိုလ်ချုပ်စံသိန်း ဦးဆောင်သည့်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး (ပအလဖ)ကို ဒုတိယအကြိမ်
ပြန်လည်ဖွဲ့စည်းပြီး တော်လှန်ရေးဆင်နွဲခဲ့သည့်နှစ် ဖြစ်သည်။ ထိုနောက်
နယ်စပ်ဒေသမှတဆင့် ချင်းမိုင်ခရိုင်၊ မွိုင်ဖန်မြို့ရှိ ၀ပ်ကျောင်အောက်
ဆရာတော် ဦးစိဏ္ဏထံ ပညာသင်ယူခဲ့သည်။ ၁၉၆ရ တွင် နယ်စပ်တွင်
အမျိုးသားရေးအတွက် လှုပ်ရှားနေသည့် အရှင်ကုသလကို
ဗိုလ်ချုပ်စံသိန်းကြားသိသောအခါ ကျောက်တလုံးကြီးသို့ ပြန်ပင့်လာခဲ့သည်။
ထိုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဗိုလ်ချုပ်စံသိန်း ဦးဆောင်သည့် ပအလဖ
အမည်မှ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) [Shan
State Nationalities Liberation Organization- SSNLO] အမည်သို့
ပြောင်းဖွဲ့ခဲ့သည်။ ၁၉၆၈ ခုနှစ် မေလ (၁၂)ရက်နေ့တွင် ကျောက်တလုံး
ဘုရားတောင်၏ ဇရပ်တွင် သံဃာ (၂၃၉)ပါးတက်ရောက်သည့် ပအိုဝ်းစာပေညီလာခံကို
အရှင်ကုသလက ဦးဆောင်ကျင်းပခဲ့သည်။ ထိုနှစ်အောက်တိုဘာလ ဒုတိယပတ်တွင်
မောက်မယ်မြို့နယ် ပင်ကဲုင်းရွာ၌ ရလလဖနှင့် Shan United Revolutionary
Army (SURA) ဖြစ်ပွားသည့်တိုက်ပွဲ၌ ဗိုလ်ချုပ်စံသိန်း ကျဆုံးသွားခဲ့သည်။

၁၉၇၁ တွင် သက်တော် (၃၅)ရသည့် အရှင်ကုသလသည် လူဝတ်လဲ၍ ရှမ်းပြည်နယ်
လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ)ကို ၀င်ရောက်ပြီး လက်နက်ကိုင်
တော်လှန်ရေးလမ်းစဉ်ကို စတင်လုပ်ခဲ့သည်။ ၁၉၇၂ တွင် မန္တလေးထောင်၌
ထိန်းသိမ်းခံရသော ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဖြားဗွာလှဖေနှင့်
ဦးကျော်စိန်တို့က ပြန်လွတ်မြောက်လာပြီး တောပြန်ခိုခဲ့သည်။ ၁၉၇၃ တွင်
အင်အား ၁၅၀၀ ကျော်သာရှိသော ရလလဖ သည် ဖြားဗွာခေါ် သထုံဦးလှဖေ ဦးဆောင်သည့်
အမျိုးသားရေးအဖွဲ့နှင့် တာကလယ်ဦးဆောင်သည့် လက်ဝဲအင်းအားစုအဖွဲ့ဟူ၍
နှစ်ဖွဲ့ကွဲခဲ့သည်။ ၁၉၇၄ ဇန်န၀ါရီလ (၁၂)ရက်နှင့် (၁၃)နေ့တွင်
ကျင်းပပြုလုပ်သော သဘာပတိအစည်းအဝေး၌ အမျိုးသားရေးကို ဦးတည်ရေးအဖွဲ့က
ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး [Shan State
National Liberation Front- SSNLF] အမည်ဖြင့် ဖွဲ့စည်းခဲ့သည်။

ထိုအဖွဲ့သည် ဖြားဗွာဦးလှဖေက ဥက္ကဋ္ဌ ဖြစ်ပြီး ဗိုလ်မှူးကြီးအောင်ခမ်းထီက
အထွေထွေအတွင်းရေးမှူး၊ ဦးကျော်စိန်က တွဲဖက်အထွေထွေအတွင်းရေးမှူး
ဖြစ်လာခဲ့သည်။ သို့သော်လည်း ၁၉၇၅ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ဥက္ကဋ္ဌ
ဖြားဗွာလှဖေသည် တောင်ကြီးမြို့နယ် ပန်တွန်းရွာ၌ ၀မ်းရောဂါဖြင့်
သေဆုံးခဲ့သည်။ ၁၉၇၅ နိုဝင်ဘာလ (၂၂)ရက်နှင့် (၃၀)ရက်နေ့တွင်
ဆီဆိုင်မြို့နယ် နောင်လတ်ရွာ တတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေး၌
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်တင်မြောက်ခဲ့သည်။ ထိုအစည်းအဝေးမှ
ဦးကျော်စိန်က ဥက္ကဋ္ဌ၊ ဗိုလ်မှူးကြီး အောင်ခမ်းထီက အထွေထွေအတွင်းရေးမှူး၊
ခင်ကျော်ညိုက တွဲဖက်အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သည်။

၁၉၇၅ သြဂုတ်လ (၂၃)ရက်နေ့တွင် အမျိုးသားဟန်ပီပြင်သော ပအိုဝ်းအဖွဲ့အစည်း
အမြန်ဆုံးဖွဲ့စည်းနိုင်ရေးအတွက် ကော်မတီတစ်ရပ် ပြန်ဖွဲ့စည်းခဲ့သည်။
ထိုကော်မတီတွင် ဆရာတော်ဦးနေမိ၊ ဦးကျော်စိန်၊ အောင်ခမ်းထီ၊ ဦးနုတပ်မှ
ခွဲထွက်လာသည့် အောက်ပြည်ပအိုဝ်း PNLA အဖွဲ့မှ ခွန်ရဲနောင် တို့
ပါဝင်ခဲ့ကြသည်။ ထိုနောက် ၁၉၇၆ ဇန်န၀ါရီလတွင် ဆီဆိုင်မြို့နယ်
လုံးဒါဘုန်းကြီးကျောင်း၌ ပထမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံတွင်
ကန့်ကွက်သူမရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် [Pa-Oh National
Organization- PNO] ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုညီလာခံတွင်
ဦးကျော်စိန်- ဥက္ကဋ္ဌ၊ အောင်ခမ်းနှင့် ခွန်ရဲနောင်- ဒုဥက္ကဋ္ဌ၊ အောင်ခမ်းထီ
အထွေထွေအတွင်းရေးမှူး၊ ခင်ကျော်ညို- တွဲဖက်အထွေထွေအတွင်းရေးမှူး အဖြစ်
တင်မြောက်ခဲ့သည်။

၁၉၇၇ တွင် ခွန်ရဲနောင် ဦးဆောင်သည့် လူအင်အား (၆၀) ရှိသည့် PNLA
အောက်ပြည်ပအိုဝ်းတပ်ဖွဲ့မှ ဆီဆိုင်အမှတ်(၉၄)ထံ လက်နက်ချ အလင်းဝင်ခဲ့သည်။
ထိုကြောင့် ၁၉၈၀ တွင် PNO ဥက္ကဋ္ဌ ဦးကျော်စိန်သည် နုတ်ထွက်စာတင်ပြီး
အလင်းဝင်ခဲ့သည်။ ထိုနောက် ၁၉၇၇ တွင် ကျောင်ထို
ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် အောင်ခမ်းထီ- ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊
ဂျန်ဖာချိန်နှင့် အောင်ခမ်း- ဒု ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ခင်ကျော်ညို-
အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ခွန်ဝိဇာ-
တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း ပြန်လည်တင်မြောက်ခဲ့သည်။ ၁၉၇၈
မတ်လ (၃)ရက်နေ့တွင် ကျရောက်သည့် ပအိုဝ်းအမျိုးသားနေ့ကို
တောင်ကြီးမြို့နယ် နောင်ယာသဲုင်ကွင်းတွင် PNO ဦးဆောင်မှုဖြင့်
စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည့် PNO
တပ်ဖွဲ့သည် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် Nationalities Democratic Front (NDF)
သို့ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၁၉၉၁ ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင်
ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည့် PNO/PNA တပ်ကို
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ)နှင့်
အပစ်အခတ်ရပ်စဲရေး စသည့် ငြိမ်းချမ်းရေးပြုလုပ်ခဲ့သည်။ န၀တ စစ်အစိုးရက
ဗိုလ်မှူးကြီးအောင်ခမ်းထီ ဦးဆောင်သည် PNO အဖွဲ့ကို အထူးဒေသ(၆)ဖြင့်
အုပ်ချုပ်ခွင့်နယ်မြေ သတ်မှတ်ပေးခဲ့သည်။

၁၉၉၃ တွင် ကျင်းပပြုလုပ်သည့် အမျိုးသားညီလာခံကို ဗိုလ်မှူးကြီး
အောင်ခမ်းထီက ဧည်သည်အဖြစ် တက်ရောက်လေ့လာခွင့်ရခဲ့သည်။ ၂၀၀၇ တွင်
ညောင်နှစ်ပင်မှ ကျင်းပသည့် အမျိုးသားညီလာခံကို
ပအိုဝ်းအမျိုးသားကိုယ်စားတက်ရောက်သူများအနက် အောင်ခမ်းထီးလည်း
တစ်ဦးအပါအ၀င်ဖြစ်သည်။ ၂၀၁၀ တွင် PNO ဥက္ကဋ္ဌမှ နယကအဖြစ် ပြောင်းလဲ
တာဝန်ယူခဲ့သည်။ ၂၀၁၂ မတ်လ (၁၀)ရက်နေ့တွင် အောင်ခမ်းထီသည် နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့် တောင်ကြီးမြို့တွင် တွေ့ရှိပြီး
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ဒေသအတွက် ဖွံ့ဖြိုးရေးအကြောင်းကို
တင်ပြဆွေးနွေးခဲ့သည်။

န၀တ စစ်အစိုးရနှင့် PNO တို့ ငြိမ်းချမ်းရေးသဘောတူပြီး နောက်ပိုင်းတွင်
PNO သည် ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းကို
အဓိကလုပ်ဆောင်လာလေသည်။

PNO သည် အောင်ခမ်းထီဦးဆောင်မှုကာလတွင် အောင်ပါလုပ်ငန်းများကို
အကောင်အထည်ဖော်နိုင်ခဲ့သည်။

(၁) ပညာရေးကဏ္ဍတွင်

    * အခြေခံပညာအထက်တန်းကျောင်း (၁၀) ကျောင်း
    * အခြေခံပညာအလယ်တန်းကျောင်း (၁၉) ကျောင်း
    * အခြေခံမူလတန်းကျောင်း (၃၇) ကျောင်း ကို တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။



(၂) ကျန်းမာရေးကဏ္ဍတွင်

    * တိုက်နယ်ဆေးရုံ (၆)ခု
    * ကျေးလက်ကျန်းမာရေးဌာန (၇)ခု ကို အဆောက်အဦးနှင့်တကွ ဖွင့်လှစ်နိုင်ခဲ့သည်။

(၃) လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင်

    * တောင်ကြီးမြို့-ကျောက်တလုံး- မွေတော်ကက္ကူ၏ ကတ္တရာလမ်း (၃၂)မိုင်
    * နောင်တရား- ကျောက်တလုံး၏ ကျောက်ချောလမ်း (၃၆)မိုင် (၄)ဖာလုံ
    * ကျောက်တလုံး- နမ်းပန်၏ ကျောက်ချောလမ်း (၆) မိုင်
    * တောင်ကြီး- စလဲ - ပန်ကွဲ၏ ကျောက်ချောလမ်း (၂၁) မိုင် စသည်ဖြင့်
ဖောက်လုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
    * ၂၀၁၂ တွင် ကျောက်တောင်- ကျောက်တလုံး-နောင်ယာဆိုင်-
ဆိုင်ခေါဝ်-ဟိုနမ်း-မောက်မယ်၏ (၈၈)မိုင်ရှိ ကားလမ်းဖောက်လုပ်ရန်
စီစဉ်ထားသည်။

(၄) ဘာသာရေး ကဏ္ဍတွင်

    * ၁၉၉၂ တွင် နိုင်ငံတော် စစ်အစိုးရထံမှ ဗုဒ္ဓပိဋကတ် (၃)ဘုံကို
အစိုးရထံမှ ပင့်ဆောင်ခွင့်ရခဲ့သည်။
    * ၁၉၉၄ တွင် ရန်ကန်မြို့၌ ရွှေတိဂုံစေတီ တောင်ရင်းရှိ ဗဟန်းတွင်
ပအိုဝ်းအမျိုးသားဓမ္မရုံကို တည်ဆောက်ဖွင့်လှစ် ပေးနိုင်ခဲ့သည်။
    * ၂၀၀၁ တွင် ကက္ကူမွေတော်ဘုရား ဂေါပကအဖွဲ့ ဖွဲ့စည်းပြီး
စေတီပုထိုးများကို ပြုပြင်ခဲ့သည်။
    * ၂၀၀၁ ဒီဇင်ဘာလတွင် ဗုဒ္ဓမြတ်သရီရဓါတ်တော်ကို သီရိလင်္ကာနိုင်ငံမှ
သွားရောက်ပင့်ယူပြီး မွေတော်ကက္ကူစေတီတွင် ပူဇော်ခဲ့သည်။
    * ၂၀၀၂ မေလတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
(နအဖ) စစ်အစိုးရလက်ထက်၌ တန်ပေါင်း (၃၀၀၀)ရှိသော
မဟာကျောက်စိမ်းတုံးကြီးကို နိုင်ငံတော်သို့ လွဲအပ်လှူဒါန်းခဲ့သည်။
    * ၂၀၀၃ တွင် သီရိလင်္ကာနိုင်ငံမှတဆင့် ဗုဒ္ဓမြတ်စွယ်တော်ပွားကို
ပအိုဝ်းဒေသသို့ ပင့်ယူလာပြီး ပူဇော်ခဲ့သည်။

(၅) စိုက်ပျိုးရေး ကဏ္ဍတွင် ပတ္ထမြားနဂါး ကုမ္ပဏီအနေဖြင့်

    * တိုက်ကြီးမြို့နယ် ဖလုံကျေးရွာတွင် ဆိုးဆေး ဧက (၅၀)၊ နာနတ်-သရက် ဧက
(၁၀၀)၊ ကျွဲကော်-သံပုရာ ဧက (၁၀၀)
    * မှော်ဘီမြို့နယ်တွင် ဆိုးဆေး(၃)ဧက
    * ရန်ကုန်ငွေနံသာမြို့သစ် ငွေနံသာခြံတွင် ဆိုးဆေး (၇.၂)ဧက
    * ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စုတွင်
ဆိုက်ခေါဝ်စိုက်ပျိုးရေးစခန်းအဖြစ် မြေရိုင်းဧက (၅၀၀၀)ကို ရှမ်းပြည်နယ်
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောက်စီ၏ ခွင့်ပြုချက်လိုင်စင်ဖြင့်
၂၀၀၁ မှ ၂၀၃၁ ထိ နှစ်ပေါင်း (၃၀) စိုက်ပျိုးလုပ်ကိုင်ခွင့်ရခဲ့သည်။ ၎င်းကို
ဘက်စုံသီးနှံစိုက်ပျိုးရေးအတွက် ဧကပေါင်း ကို နှစ်ရှည်ပင်၊ စပါးနှင့်
သီးထပ်သီးနှပ်များကို စိုက်ပျိုးခဲ့သည်။
    * ၂၀၀၀ သြဂုတ်လမှ စ၍ ညောင်ရွှေမြို့နယ် နန်းသဲကျေးရွာအုပ်စုတွင်
နန်းသဲစိုက်ပျိုးကွင်းအဖြစ် ရာသီသီးနှံနှင့်
သစ်ခွပန်းများစိုက်ပျိုးလျက်ရှိသည်။ အခြားနေရာ
စီးပွားရေးလုပ်ငန်းများအဖြစ် တိလောတွင် (၁၀၆)ဧက၊ တောင်ခြေတွင် (၁၀၄၀)ဧက၊
ကျောက်တိုင်တွင် (၃၀၁၆)ဧက၊ တိလော(၁)တွင် လျှောက်ထားဆဲ (၂၀၀)ဧက စုစုပေါင်း
(၅၃၀၆) ဧကရှိသည်။

ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းကို ပတ္ထမြားနဂါးကုမ္ပဏီအနေဖြင့်

(၁) မိုင်းရှူးရတနာမြေတွင်

    * ၁၉၉၆-၂၀၀၃ ထိ ဆိုင်းလျံလုပ်ကွက် ကျောက်မျက်ရိုင်း
ပိဿာချိန်(၄၄၁၈.၇၃) တူးဖော်ရရှိခဲ့သည်။
    * ၂၀၀၀-၂၀၀၄ ထိလွိုင်ဆောင်ထောက်လုပ်ကွက်တွင်
နိုင်ငံတော်နှင့်အကျိုးတူ(၁)တွင် လုပ်ကွက်ဧရိယာ (၅.၂၈)ဧကရှိပြီး
(၄)နှစ်အတွက်း ကျောက်မျက် (၁၃၀၇.၆) ကီလိုဂရမ်ထွက်ရှိခဲ့သည်။

(၂) မိုးကုတ်ရတနာမြေတွင်

    * ၂၀၀၁ ဖေဖော်ဝါရီလတွင် စတင်လုပ်ကိုင်ပြီး ဧရိယာအကျယ်အ၀န်းအနေဖြင့်
(၂၀)ဧက လုပ်ပိုင်ခွင့်ရခဲ့သည်။  တူးဖော်ရသည့် ပတ္တမြား (၈၆၃၀၀)ဂရမ်ကို
အခွန် (၃၆၆၅၀၀၀) ပေးဆောင်ရသည်။

(၃) ဖားကန့်ရတနာမြေတွင်

    * ၁၉၉၆-၂၀၀၄ ထိ နိုင်ငံတော်နှင့် အကျိုးတူလုပ်ကိုင်မှုဖြင့်
ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ပေါင်း (၁၅၂)ကွက်၊ (၁၅၂)ဧကရှိပြီး
(၁၀)နှစ်ကာလအတွင်း တူးဖော်ရရှိသည့် ကျောက်စိမ်းအလေးချိန် စုစုပေါင်း
(၁၁၂၅၂၉၈) ကီလို ရရှိခဲ့သည်။ ၂၀၀၀ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင်
နမ့်မှော်(လုံးစွပ်)လုပ်ကွက်အမှတ် (၁၀၉)မှ တန် (၃၀၀၀)
ကျောက်စိမ်းတုန်းကြီးကို တူးဖော်ရရှိခဲ့သည်။ ၎င်းကို ၂၀၀၂ မေလ
(၂၆)ရက်နေ့တွင် PNO ဥက္ကဋ္ဌ အောင်ခမ်းထီက နိုင်ငံတော်သို့
ပေးအပ်လှူဒါန်းခဲ့သည်။

ရွှေတူးဖော်ရေးလုပ်ငန်းကို

    * Ruby Dragon Jade Co.,Ltd အနေဖြင့် ၀န်ကြီးဌာန သတလ(၂)ကို ၃၅း၆၅
ဖြင့် တရားဝင် စာချုပ်ချုပ်ဆိုလုပ်ကိုင်ခဲ့ပြီး ကျပ်သိန်းပေါင်း
(၃၆၀၂၃)ဖြင့် ရင်းနှီးမြုနှံခဲ့သည်။ ၁၉၉၆-၂၀၀၄ ထိ လုပ်ကိုင်ပြီး
ရွှေပိဿာချိန် (၂၃၃.၉၅)ရရှိ၍ ကျပ်သိန်း (၂၉၆၃၆)ဖြင့် ရောင်းရသည်။
    * ဟိုပုံးမြို့နယ် လိုင်ဟာဖြားနှင့် ထီချောတောင်တွင် ခနောက်စိမ်း
တူးဖော်လျက်ရှိသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း

    * Ruby Jade Hotel ကို မြစ်ကြီးနားခရိုင်၊ ဖားကန့်မြို့နယ်၊
ယူမားကျေးရွာတွင် တည်ဆောက်ပြီး ကျပ်သိန်းပေါင်း (၂၇၇၂)ဖြင့်
ရင်းနှီးမြုပ်နှံထားသည်။ ၎င်းကို ၂၀၀၄ မတ်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။
    * Jade Marina Resort Hotel ကို ရခိုင်ပြည်နယ် သံတွဲမြို့
ငပလီရွှေဝါချိုင့်တွင် တည်ဆောက်ပြီး ကျပ်သိန်း (၂၀၀၀၀)ဖြင့်
ရင်းနှီးမြုပ်နှံထားသည်။ ၎င်းကို ၂၀၀၅ ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့သည်။
    * အင်းလေးကန်တွင် ရွှေကျွန်းမျှောဟိုတယ်ကို နမ်းပန်နှင့် သလဲဦးတွင်
(၂)နေရာ ဖွင့်လှစ်ထားသည်။



စက်ရုံလုပ်ငန်းများ

    * မန္တလေးမြို့တွင် ကျောက်စိမ်းအချောထည်စက်ရုံ၊ ဧကရီ
ရွှေပန်းတိမ်လုပ်ငန်းစက်ရုံ၊ တီကျစ် နဂါးဘိလပ်မြေစက်ရုံ၊ ကလောတွင်
ဝိုင်စက်ရုံ၊ သကြားစက်ရုံ လုပ်ငန်းများလည်း လုပ်ကိုင်ခဲ့သည်။

အခြားစီးပွားရေးလုပ်ငန်းများ

    * Ruby Dragon Construction Co.,Ltd သည်
အခြားစီးပွားရေးလုပ်ငန်းများအဖြစ် အဆောက်အုံများ ဆောက်လုပ်ရန်
စီမံကိန်းရေးဆွဲ လျက်ရှိလျက်ရှိရာ ဗိုလ်တစ်ထောင်မြို့နယ်
ဗဟာဗန္ဓုလလမ်းနှင့် ကမ်းနားလမ်း သံလျက်စွန်းနေရာတွင်
လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိသည်။ ဖားကန့်တွင် Ruby Jade Hotel၊
ငပလီရွှေဝါချိုင့်တွင် Jade Marina Resort Hotel၊ တီကျစ်တွင်
ဘိလပ်မြေစက်ရုံ စသည့်တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။



ကျမ်းကိုး

    * ပြည်ထောင်စုထဲကပအိုဝ်း
    * ဟ၀်သေထွိုက်ငါး အားဇာနည်းခေါင်ဆောင်တန်သီး သမဲင်တဖူရဲဉ်း
    * မြန်မာ့အလင်း နေ့စဉ်သတင်းစာ- ၂၀၁၂ မတ်လ (၁၂)ရက်နေ့၊ တနင်္ဂနွေနေ့

အတ္တဒသ၁ီးဗွေးဘုရာပညတ်တေား

ုအောဝ်းကဲုင်ခြာက၊ အတ္တဒသီး ၊ နီဗွေးဘုရာ၊ မျတ်စွာလက်ထက်၊ ချစ်ရက်သတ္တ၀ါး၊ သာဝတ္ထိခမ်းတန်၊ သတင်သုံအုံအောဝ်း ၊ တွင်နောဝ်ကားလ၊ ၀သ၁၀ါးတေား၊ အုံပျော်းထင်းဗွေ၊ သွစ်ဆီနွတ်ဝါး၊ တွမ်းသင်္ဃားအာ၊ ကျွကာသဲင်စူ၊ ခမ်းဖူသုဝဏ်ဏ ၊ စတွမ်းရဟန္တား၊ သားယားဖျော်စူ၊ ခမ်းဖူဒေးသ၊ သုဝဏ်ဏဘုမ္မိ၊ သမ်းထီးစွဉ်းမား၊ထာသားယူးဝီ၊ နီဒူနီဗား ၊သွားပွီမာလမ်း ထာခြာတန်အဖူ၊ သူးယဉ်အရပ် ၊ မအုံလပ်ဒို့ဟမ်း၊ ၀င်နီမာဝါ၊ ထာခြာဖူကို၊ ယိုမဗွေးဘုရာ၊ အတ္တဒသီးထင်းထီးယူဝီ ၊နီဒူမာဝါ၊ သွားပွီမာ,လမ်း၊ ယူးဝီလဲ့ခါ၊ ထီးဆွုမ်းဘုရာ၊ ကျွကလွဉ်စူ၊ ဇော်ဖျူသဓ္ဒါး၊စေးတနားလှူးတန်၊ သွမ်ပန်းသြဇား၊ ဒါးတဗ်ဗ၀တ္ထု ၊ယိုလဲ့ငထောဝ်း၊ ဗွေးစောဝ်းဘုရာ၊ ကျွကာလွဉ်ဖြ၊ န၀်မယူးဝီ၊ နီဗားနီဒူ၊ ယူးနန်းသကို ၊ခွေယိုတွမ်းနာ၊ထာလီပန်လင်၊ ကံးရင်ကုသိုလ်း၊ အကျိုအောဝ်းမ၊ သမ်ဗုဒ်ဓဘုရာ၊ထီးဗားကွိုတောဝ်း၊ သာမညကောင်းနီ။ နင်းဟွူလွူးဗား၊ဒါးနကုသိုလ်း၊ အမျိုမဲုင်နဲ၊ ရဲးအီဖေးရန်း၊ နောဝ်မဝွေသီး၊စိတ်ကူယူးလ၊ ဒါးနပလ္လင်း၊ဗစ်ထင်းဟံအေး၊ ရေးမှတ်ပလ္လင်းခံ၊လုံးပင်ဗစ်ထင်း၊ တင်းတယ်းလပ၊ န၀်မထွးအဲင်း၊အီးသဲင်မီးတွမ်၊ အစော့အလား၊ကျိုစာအွဉ်ဒါး၊ သေးချားထွူဟောဝ်၊ နောဝ်မ၀ဲုင်းလောဝ်း၊ဗွေးစောဝ်းဘုရာ၊ သြစ၀်းသြဗွေး၊ ခွေသွဉ်းဒါးန၊ရားဇပလ္လင်း၊ မီဟွမ်အလား၊ ယံဇေးဗွေးစ၀်း၊အုံအောဝ်းတယ်းသော့၊မီစော့လားဟွမ် ၊ အုံအင်းနင်းစူ၊ ဘုံထွူဗွေးသြ၊ န၀်မဗွေးဘုရာ။ကျွှကာနန်းအုံ၊ ယွယုံသားယား၊ သေးချားတင်းတယ်း၊ သပါယ်းလျောက်ပတ် ၊ နေရပ်သုံဆောင်း၊ န၀်မယူးဝီ ၊ မြဴးထီးနီဗား၊ပတၱနားကြီဆု၊ သဗ္ဗင္ညဳ ဒီြဳငါ၊ ဖြောင်းခါလဲ့ဆုတောင်၊ဟောင်ရိုဗွေးဘုရာ၊ဗျာဒိတ်သေဖေး၊ ယူးဝီပေးနီဗား၊ သီတမာဝါ၊ ဋ္ဌားနရပ်ယို၊ ဘုန်ထိုမဟား၊ရားဇားဥက္ကဋ္ဌ ရားဇားထက်ရားဇား၊အီးထွာဗားအမှန်း၊ ဧကန်းမုချ၊ ဘ၀နမ်းတငါ၊ ကမ္ဘားဘဒ်ဒကပ်၊ ဗွန်မျတ်ငတ်ပါ၊ ဘုရာငတ်ဆူး၊ ဘုန်ထူမျတ်စွာ၊ သီအီးထွာဗား။ ဒါးယကားနော၊ တကားးတော်းယူဝီ၊ နန်ထီပိုင်းနင်း၊ ဟော်ဟမ်းစိုးစံး၊ ပလင်းခံထီဗွာ၊ တလွယ်သားဒွုမ်ဗွေးစောဝ်းဘုရာသွံပါဘုန်ထူ၊သွံဆူးအချာ။နမ်းငါကားလ၊ ဂေါတမအစိုး၊ ရပ်ယိုပန်းဝေိင်၊ လိုကွိုန်လိုဗွေ၊ စေးတီးမွေးဓာတ်၊ ပိဋက်အီးပေါး၊ဟော်ထာဟောခံ၊ ခါလဲ့အီးဆွို့၊ တကားယူးဝီ၊ မွူးထီးနီဒူ၊ ပရူးထွာဗား၊ရားဇားဟော်ခံ၊ ခမ်းမဉ်သုဝဏ်ဏ၊ ရားဇထွာဗွေးနားမေးမဉ်ရာ။သုရိစန္တား၊ ရားဇားဟော်ခံ၊ ခွန်တန်ကွိုတောဝ်း၊ လမ်းသားမိဘုရာ၊အမဉ်နားမ၊သုဘတ်တဒေ၀ီး၊ မိဘုရာနဲနော၊ မွိုးမဉ်ကလျား၊ဖါမဉ်သက္က၊ရားဇဟော်ခံ၊ခွန်တန်ကွိုနဲ၊ သုဘတ်ဘာဒေ၀ီး။မိဘုရာနောဝ်ခါ၊ပုတ်တားပိုခို၊ ဟောင်ရိုနားမ၊သုဓမ္မရားဇားန၀်ခါပိုမူး၊မွိုးဖါဖန်ဖေး၊အမေးနာမ၊မိမိန္တသိင်္ခ အီးလအီးထွာ၊ တလွယ်သာတောဝ်း၊ဗွေးစ၀်းဘုရာ၊ အတ္တဒသီး၊ဗျာဒိတ်ငါသေဖေး၊ ဖြောင်းဖြငွေါဝ်းငွါ၊သေးချားထွူမ၊ ဆက်ရန်

Oct 31, 2012

နိုင်ငံတကာ အချစ်ကဗျာများ


မင့်ကို ငါချစ်ခဲ့တယ်၊ မင့်ကို ငါ ချစ်လျက်ပါပဲ။
ခဏတာခံစားမှုလေးက ရှိနိုင်
ဒါပေမယ့်  ငါ့အချစ်က မင့်ကို အနှောင့်အယှက် မဖြစ်စေချင်ဘူး။
မင့်ကို နာကျင်စေချင်တဲ့ ဆန္ဒ ငါ့မှာမရှိဘူး။
မင့်ကို ငါချစ်ခဲ့ရဲ့။ ငါသိတဲ့ မျှော်လင့်ချက်မဲ့မှု၊
မနာလို ၀န်တိုမှု၊ ရှက်ရွံ့မှုတွေဟာ အချီးနှီး ဖြစ်ပေမယ့်
နူးညံ့တဲ့၊ သစ္စာရှိတဲ့ အချစ်ကို ဖွဲ့စည်း။
ဘုရားသခင်က မင်းကို အချစ်ခံရဖို့
  ကောင်းချီးပေးပါလိမ့် မယ်။

အချစ် မီးရှူးတိုင်
အချစ်မီးရှူးတိုင်က ဘ၀ရဲ့ အမှောင်ထုကို  ဖယ်ရှား
သင်္ချိုင်းဂူကို ပြန်လည်ရှင်သန်စေတယ်။

ဒါပေမဲ့ အချစ်မီးရှူးတိုင်ကို
လေဟာပြင်မှာမျှော်ငေးသူတွေအပေါ်
အကျိုးမဲ့ မတောက်ပစေနဲ့။

နေနဲ့ လ ကဲ့သို့ အကျိုးပြုသူကို
ကျောမခိုင်းစေနဲ့။

အချစ် မီးရှူးတိုင် မရှိရင်
နေ့ရောညပါ  လမ်းရှာမတွေ့တဲ့သူ ဖြစ်လိမ့်မယ်။  ။ သစ်လွင်ဆဲအချစ်

မရေတွက်နိုင်တဲ့နိုင်ငံ့တွေက ဥာဏ်ကြီးရှင်တွေဟာ
သူတို့ရဲ့ အချစ်ကို မျိုးဆက်ပေါင်း များစွာ ပြောပြကြ။
သူတို့ရဲ့ အောက်မေ့ဖွယ် စကားရပ်တွေဟာ
ရွှေချောင်း(၀ါ) ဒေစီပန်းတွေလို သာမန် ဖြစ်ရိုးဖြစ်စဉ် ဖြစ်တဲ့အထိပေါ့။
သူတို့ရဲ့မိန်းကလေးတွေဟာ လလို ခပ်မှိန်မှိန်လင်း
ဒါမှမဟုတ် နွေရာသီလလို တလှုပ်လှုပ် လင်းလက်
နှင်းပန်းလို ရပ်နေ၊ သမင်ပေါက်လို ထွက်ပြေး
အခုနေ၀င်၊ အခုပဲ အရုဏ်
ဒီမှာ မျှော်စင်ထဲက မင်းသမီး
ဟိုမှာက ချိုမြိန်တဲ့သစ်သီး
အချစ် မင့်ကို ငါကြည့်လိုက်တဲ့အခါ
အိုမင်းလာတဲ့ စကားရပ်တိုင်းဟာ သစ်လွင်
ရှိတ်စပီးယားရဲ့ အိပ်မက်တွေထဲက တစ်ခုကို လက်ထပ်ခဲ့တယ်လို့
ထင်ရတဲ့ အချိန်တွေလည်း ရှိပေါ့။ ။
 စပျစ်နွယ်ပင် အချစ်ရဲ့ ၀ိုင်အရက်ဟာ ဂီတ ......ပြီးတော့ အချစ်ရဲ့ စားပွဲဟာ သီချင်း။ ပြီးတော့ အချစ်ဟာ ဂုဏ်ပြုစားပွဲမှာ ထိုင်တဲ့အခါ .....အချစ်က အကြာကြီး ထိုင်တယ်။ ကြာကြာ ထိုင်ပြီး မူးပြီးထက ....ဒါပေမယ့် စားပွဲနဲ့ ၀ိုင်အရက်ကြောင့်မဟုတ်ပါ။ သူ သူ့ နှလုံးသားနှင့်သူ ဒယီးဒယိုင်ဖြစ် .....ဒီ ကြီးမားပြီး ကြွယ်ဝတဲ့ စပျစ်နွယ်ပင်။ ။ 
  
လျှို့ဝှက်ချက်
စောစောက ရှည်လျားစွာ မပြောခဲ့ပေမယ့်
မင့်ကို ကိုယ်ချစ်တယ်။

နေရာတကာမှာ မင်းဟာ ကိုယ့်ရဲ့ ပီတိ၊
သီချင်းတိုင်းမှာ ကိုယ် ထည့်ဆိုတဲ့ အကြောင်းအရာ။

အလှတရား ပိုင်ဆိုင်ထားတဲ့ သူစိမ်းမျက်နှာကို
ကိုယ် မြင်တဲ့အခါ
လျှို့ဝှက်ကောင်းချီးလို
မင့်နာမည်ရဲ့ တည်ရှိမှုကို တပ်ပေးခဲ့မိတယ်။

တခြားသူတွေဆီမှာတွေ့တဲ့
မျက်နှာ ဒါမှမဟုတ် အသံရဲ့
နှစ်သက်စရာတွေအားလုံး တွေ့တဲ့အခါ
မင့်ဆီမှာ ကိုယ်ရွေးချယ်ခဲ့တဲ့
အလှတွေသတိရရဲ့
။

``မင့်ကို ငါ ရှူရှိုက်ချင်တယ်´´
မင့်ကို ငါရှူရှိုက်ချင်တယ်။
ရေမွှေး ဒါမှမဟုတ် မင့်အရေပြားရဲ့ သင်းပျံ့တဲ့
ရနံ့အကြောင်းတောင်မှ ငါပြောနေတာမဟုတ်။

ငါမျှဝေချင်တဲ့လေ ကိုယ်၌ကို ပြောချင်တာပါ.။

မင့် ထွက်သက်ရဲ့ လေကို ရှူရှိုက်ချင်တယ်။
တို့နှစ်ယောက်ဟာ ထွက်သက်လေ ၊ ၀င်သက်လေကို
တစ်ယောက်တည်းလို နီးကပ်စွာ ရှူရှိုက်ကြရဲ့။         ။
  အချစ်

သူမဟာ ငါ့မျက်ခွံတွေပေါ်ရပ်နေ
သူ့ဆံပင်ဟာ ငါ့ဆံပင်ထဲမှာ
သူမမှာ ငါ့မျက်လုံးရဲ့ အရောင်ရှိ
သူမမှာ ငါ့လက်ရဲ့ ကိုယ်ထည်အစိတ်အပိုင်းရှိ
ငါ့အရိပ်ဟာ ကောင်းကင်ကြီးကို နောက်ခံထားတဲ့ကျောက်တုံးလို
သူမဟာ ၀ါးမြိုခြင်းခံရ။
သူမဟာ သူ့မျက်လုံးတွေကို ဘယ်တော့မှပိတ်မှာမဟုတ်။
သူမဟာ ငါ့ကို အိပ်စေမှာမဟုတ်
တောက်ပတဲ့နေ့မှာ သူ့အိပ်မက်တွေက
နေ့တွေကို အရည်ပျော်စေတယ်
ငါ့ကို ရယ်စေတယ်၊ငိုရင်းရယ်စေတယ်
ငါ့မှာပြောစရာ ဘာမှမရှိတဲ့အခါမှာ ပြောစေတယ်။
Lady Love
...............
She is standing on my lids
And her hair is in my hair
She has the colour of my eye
She has the body of my hand
In my shade she is engulfed
As a stone against the sky

She will never close her eyes
And she does not let me sleep
And her dreams in the bright day
Make the suns evaporate
And me laugh cry and laugh
Speak when I have nothing to say

Samuel Beckett