........သည်ဆိုဘ်ရောက်လာ များသတ္တာချမ်းသာကိုစိတ်မြဲပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ.........

Oct 30, 2012

ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသ နိဿယ

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒဿ
ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသ နိဿယ
(မြန်မာပြန် အနက်အဓိပ္ပါယ်များ)

ဟေတုပစ္စယော = ဟိတ်ခြောက်ပါးဖြစ်၍ ပစ္စယုပ္ပန်တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရေသောက်မြစ်လျှင်၊ ယင်းသစ်ပင်ကို၊ စည်ပင်စေမှု၊ ကျေးဇူးပြု၊ ဟေတုပစ္စည်းခေါ်)

အာရမ္မဏပစ္စယော = အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(တောင်ဝှေးကြိုးတန်း၊ သူမစွမ်းကို၊ မပန်းစေရစေ၊ ထိုင်ထစေမှု၊ ကျေးဇူးပြုပြန်၊ အာရမ္မဏခေါ်)

အဓိပတ္တိပစ္စယော = အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းရှင်၊ အုပ်စိုးသွင်သို့၊ ပြိုင်ရှင်မရှိ၊ စိုးအုပ်ဘိ၊ အဓိပတိခေါ်)

အနန္တရပစ္စယော = အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ နတ်ရွာလားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သမနန္တရပစ္စယော = ကောင်းစွာ အခြားမဲ့ (တဆက်တည်း အကြားမရှိ) ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စကြာမင်းဖျား၊ တောထွက်သွားသော်၊ သားကြီးနန်းရ၊ ဖြစ်ရပမာ၊ ခြားရာမရှိ၊ ကျေးဇူးရှိ)

သဟဇာတပစ္စယော = အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(ဆီမီးတောက်သော်၊ အလင်းပေါ်သို့၊ ထို့တူတသီး၊ ပစ္စည်းပစ္စယုပ္ပန်၊ အတူဖြစ်ဟန်ကို)

အညမညပစ္စယော = အချင်းချင်းအပြန်လှန် ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်သားသုံးခွ၊ ချင်းချင်းမသို့၊ အညမညံ၊ ပြန်လှန်သမှု၊ ကျေးဇူးပြု)

နိဿယပစ္စယော = မှီရာဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း၊
(သစ်ပင်တည်ရာ၊ မြေပမာလျှင်၊ မှီရာတည်မှု၊ ကျေးဇူးပြု)

ဥပနိဿယပစ္စယော = အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိုးကြီးပမာ၊ သတ္တဝါတွေ၊ တည်နေနိုင်မှု၊ ကျေးဇူးပြု၊ ဥပနိဿယခေါ်)

ပုရေဇာတပစ္စယော = ရှေး၌ ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ကမ္ဘာဦးက၊ နေနှင့်လသို့၊ ရှေ့ကဖြစ်လာ၊ နောက်ကဖြစ်လာသည့်၊ တရားစုစု၊ ကျေးဇူးပြု)

ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(လင်းတငယ်သော်၊ အစာမျှော်သို့၊ နောက်ပေါ်လာသည့်၊ ပစ္စည်းတရားစု၊ ကျေးဇူးပြု)

အာသေဝနပစ္စယော = အဖန်တလဲလဲ မှီဝဲထုံအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရှေးရှေးထုံထား၊ နံ့သာလားသို့၊ ရှေ့ဖျားကျမ်းဂန်၊ လေ့လာသန်လပ်၊ နောက်ထပ်ကျမ်းဂန်၊ အမြင်သန်သည်၊
ဧကန်အာသေဝနသဘောတည်း။)

ကမ္မပစ္စယော = အကြောင်းကံဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မျိုးစေ့အလား၊ ပမာထား၍၊ နှစ်ပါးသောကံ၊ အခြေခံကာ၊ ဝေဘန်သမှု၊ ကျေးဇူးပြု)

ဝိပါကပစ္စယော = အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ချမ်းရိပ်နားနေ၊ သွန်းလေပြေသို့၊ ကံနေအလား၊ အဖြစ်များမှု၊ ကျေးဇူးပြု)

အာဟာရပစ္စယော = ထောက်ပံ့ ခိုင်ခံစေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(အိမ်ကို ကျားကန်၊ ဖြစ်ရဟန်သို့၊ သဏ္ဍာန်တူစွ၊ ထောက်ပံ့မသည့်၊ အာဟာရဖြစ်မှု၊ ကျေးဇူးပြု။)

ဣန္ဒြိယပစ္စယော = အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မိမိဆိုင်ရာ၊ ကိစ္စမှာလျှင်၊ ကောင်းစွာစိုးရ၊ ဖြစ်ရစင်စစ်၊ ပဒေသရာဇ်၊ စိုးအုပ်လှစ်သို့)

ဈာနပစ္စယော = ကမ္မဋ္ဌာန်းအာရုံသို့ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သစ်ပင်တောင်ငူ၊ တတ်သသူသည်၊ အောက်သူတို့အား၊ ကြည့်ပြောငြားသို့။)

မဂ္ဂပစ္စယော = သံသရာမှ ထွက်မြောက်ကြောင်းနည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ပမာကူသို့၊ ဆောင်ယူပို့သို့၊ ထို့တူနိဗ္ဗာန်၊ ရောက်ကြောင်းမှန်ပြု၊ ကျေးဇူးပြု။)

သမ္ပယုတ္တပစ္စယော = ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(စတုမဓူ၊ ရောသည့်တူပေ၊ စိတ်စေနှစ်ပါး၊ ခွဲခြားမရ၊ ယှဉ်ကြသမှု၊ ကျေးဇူးပြု။)

ဝိပယုတ္တပစ္စယော = မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ရသခြောက်ပါး၊ ရောစပ်ထားသို့၊ ခြားနားမတူ၊ ဖြစ်ဟန်မူသို့၊ ထို့တူမခြား၊ ကျေးဇူးပြု။)

အတ္ထိပစ္စယော = ထင်းရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(မြင့်မိုရ်မြေကြီး၊ ထောက်ပံ့နည်းသို့၊ ပစ္စည်းသတ္တိ၊ ကျေးဇူးရှိ၊ အတ္ထိပစ္စည်းခေါ်။)

နတ္ထိပစ္စယော = မရှိသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(ငြိမ်းသေလေပြီး၊ ဆီမီးတန္တု ကျေးဇူးပြုသို့၊ ထို့တူမှတ်ဘိ၊ မရှိသမှု၊ ကျေးဇူးပြု။)

ဝိဂတပစ္စယော = ကင်းမဲ့ချူပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(နေရောင်ပျောက်ကင်း၊ လရောင်လင်းသို့၊ ချုပ်ကင်းလေမှု၊ ကျေးဇူးပြု။)

အဝိဂတပစ္စယော = မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရားလည်းကောင်း။
(သမုဒ္ဒရာ၊ ငါးပျော်ရာသို့၊ မကင်းသောအား၊ ယင်းတရားစု၊ ကျေးဇူးပြု။)

ဣတိ၊ ဤသို့။ စတုဝီသတိ ပစ္စယာ၊ နှစ်ဆယ့်လေးပစ္စည်းတို့သည်။ မဟာပကရဏေ၊ အနန္တနယ သမန္တ မဟာပဋ္ဌာန်းကျမ်းကြီး၌။ ဌိတာ၊ တည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

မေတ္တာသုတ် မြန်မာအသံထွက် ရွတ်ဖတ်နည်း

၁။ ယတ်သာနု ဘာဝ တော ယက်ခါ

နေ၀ ဒတ်သင်တိ ဘီသနံ၊

ယင်ညှိစေ၀ါ နုယုန်ဇန်တော၊ ရက်တိန် ဒိဝ ၊ မတန်ဒိတော။

၂။ သုခံ သုပတိ သုတ်တောစ ၊ ပါပံကိန်စိ နပတ်သတိ၊

အေ၀ မာဒိ ဂုဏူပေတံ၊ ပရိတ်တံ တံဘဏာမဟေ။

၃။ ကရဏီ မတ်ထ ကုသလေန၊ယန်တ သန်တံ ပဒံ အဘိသမစ်စ၊

သက်ကော အုဇူ စသု ဟုဇူ စ၊

သုဝစော စတ်သ မုဒု အနတိမာနီ။

၎။ သန်တုတ်သကော စ သု ဘရော စ၊

အပ်ပ ကိတ်စော စ သန်လဟုက ၀ုတ်တိ၊

သန်တိန် ဒရိယော စနိပကောစ၊

အပ် ပဂပ်ဘော ကုလေသွ နနုဂိတ်ဓော၊

န စ ခုတ်ဒ မာစရေ ကိန်စိ၊

ယေန ၀ိန်ညူ ပရေ အုပ ၀ဒေယုံ၊

သုခိနောဝ ခေမိနော ဟွန်တု၊

သပ်ဗ သတ်တာ ဘ၀န်တု သုခိတတ်တာ၊

၆။ ယေ ကေစိ ပါဏ ဘူတတ်ထိ၊

တသာ ၀ါ ထာဝရာ ၀၊န၀ သေသာ၊

ဒီဃာ ၀ါ ယေ၀ မဟန်တာ၊

မစ်ဈိမာ ရတ်သကာ အဏုက ထူလာ၊

၇။ ဒိတ်ထာ ၀ါ ယေ၀ အ ဒိတ်ထာ၊

ယေ၀ ဒူရေ ၀သန်တိ အ ၀ိဒူရေ၊

ဘူတာ၀ သမ္ဘေ၀ သီ၀၊

သပ္ဗ သတ္တာ ဘ၀န္တု သုခိတတ္တာ။

၈။ န ပရော ပရံ နိကုတ်ဗေထ၊

နာတိမင်ညေထ ကတ်ထစိ န ကင်စိ၊

ဗျာရောသနာ ပတိဃ သင်ည၊

နင်ည မင်ညတ်သ ဒုတ်ခ မိတ်ဆေယ၊

၉။ မာတာ ယထာ နိယံ ပုတ်တ၊

မာယုသာအေက ပုတ်တ မနုရက်ခေ၊

အေ၀မ်ပိ သပ်ဗ ဘူတေသု၊

မာနသံ ဘာဝေယေ အပရိမာဏံ။

၁၀။ မစ်တင်စ သပ်ဗ လောက သမိ၊

မာနသံ ဘာဝယေ အ ပရိမာဏံ၊

အုတ်ဓံ အဓော စ တိရိယင်စ။

အ သမ်ဗာဓံ အဝေရ မ သပတ်တံ၊

၁၁။ တိတ်ထံ စရံ နိသိန်နော ၀၊

အ သမ်ဗာဓံ အဝေရ မ သပတ်တံ၊

သယာနော ယာဝတတ်သ ၀ိတ မိတ်ဒေါ၊

အေတံ သတိမ် အဓိတ်ထေယ၊

ဗြန်မ မေတံ ၀ိဟာရ မိဓ မာဟု။

၁၃။ ဒိတ်ထိန်စ အနုပက်ဂမ်မ၊ သီလ ၀ါ ဒတ်သနေန သမ်ပန်နော၊

ကာမေသု ၀ိနယ ဂေဓံ၊

န ဟိ ဇာတုတ် ဂပ်ဘ သေယ ပုန ရေတိ၊

မစ်တ သုတ်တံ နိတ်ထိတံ......။

ယောက်ျားလေးများအတွက် အလှအပ ထိန်းသိမ်းနည်း

ယောက်ျားလေးတွေဟာ မိန်းကလေးတွေလို မိတ်ကပ်လိမ်းပြီး အလှပြင်ဖို့ မလိုအပ်ပေမယ့် အလှအပဆိုင်ရာ ပြုပြင်ထိန်းသိမ်းသင့်တဲ့ အချက်တွေရှိပါတယ်။ တကိုယ်ရေသန့်ရှင်းရေးအတွက် ဆောင်ရွက်တာ၊ အသားအရေ ထိန်းသိမ်းစောင့်ရှောက်တာ၊ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာ စတာတွေကိုတော့ မိန်းကလေးတွေတင်မက ယောက်ျားလေးတွေလည်း လုပ်ဆောင်သင့်ပါတယ်။ ဒါကြောင့် ယောက်ျားလေးတွေရဲ့ တကိုယ်ရေသန့်ရှင်းရေးနဲ့ အလှအပအတွက် လုပ်ဆောင်သင့်တဲ့ အခြေခံအချက်တွေကို ဖော်ပြလိုက်ပါတယ်။

( အသားအရေ ထိန်းသိမ်းစောင့်ရှောက်ခြင်း)
ဆယ်ကျော်သက် ယောက်ျားလေးဘ၀မှာ အရေပြားပြဿနာတွေကို အများဆုံးကြုံတွေ့ရနိုင်ပါတယ်။ ဒီအရွယ်မှာ ဟော်မုန်းပြောင်းလဲတာ၊ အဆီထုတ်လုပ်မှုများတာ၊ ချွေးထွက်များတာနဲ့၊ လေနဲ့ရေ ညစ်ညမ်းမှုတွေကြောင့် ၀က်ခြံတွေအများအပြား ပေါက်တတ်ပါတယ်။ ၀က်ခြံတွေက မျက်နှာမှာသာမက နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်တွေမှာလည်း ပေါက်တတ်ပါတယ်။ ဒါကြောင့် အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုအတွက် မှန်ကန်တဲ့ပစ္စည်းတွေကို လိုအပ်သလို သုံးဖို့ အရေးကြီးပါတယ်။

* သင့်အသားအရေ   အမျိုးအစားအလိုက် ခြောက်သွေ့တာ၊ အဆီပြန်တာ၊ ထိခိုက်လွယ်တာ စတဲ့  
   အချက်ပေါ်မူတည်ပြီး သင့်လျော်တဲ့ မျက်နှာသစ်ဆပ်ပြာနဲ့ ကိုယ်တိုက်ဆပ်ပြာကို သုံးပါ။
* သင့်အရေပြားကို တင်းတင်းရင်းရင်း ဖြစ်စေဖို့အတွက် Toner သုံးပါ။
* အစိုဓာတ်ထိန်းဆေး (Moisturizer) ကတော့ သင့်မျက်နှာကို ချောမွေ့နူးညံ့စေပါတယ်။
* မုတ်ဆိတ်ရိတ်တဲ့အခါ အရေပြားပေါ်မှာ မုတ်ဆိတ်ရိတ်ဓားကို ချောချောမွေ့မွေ့ သုံးနိုင်စေဖို့ အတွက် 
   မုတ်ဆိတ်ရိတ်ဂျဲလ် (Shaving Gel) ကို သုံးပါ။
* သင့်အရေပြားမှာ မပျောက်နိုင်တဲ့ ၀က်ခြံ ဒါမှမဟုတ် တခြားအဖုအပိန့်နဲ့ အနာ၊ ဒဏ်ရာတွေရှိရင် 
   အရေပြားအထူးကုဆရာဝန်ကိုပြပါ။ 
* နေ့စဉ် နေရောင်ကာ လိမ်းဆေး လိမ်းပြီးမှ အပြင်ထွက်ပါ။

( သွားကို ဂရုစိုက်သန့်ရှင်းခြင်း ) 
ကောင်းမွန်တဲ့ ခံတွင်းသန့်ရှင်းရေးဟာ အလှအပတင်မက ကိုယ်ရည်ကိုယ်သွေးအတွက်ပါ အရေးကြီး ပါတယ်။ ညစ်ပတ်ပြီး မည်းနေတဲ့ သွားတွေ၊ ရောင်နေတဲ့ သွားဖုံးတွေနဲ့ ခံတွင်းနံ့ဆိုးတွေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
* သင့်ပါးစပ်နဲ့ အဆင်ပြေပြီး နူးညံ့တဲ့ အမျှင်တွေပါတဲ့ သွားတိုက်တံကို ၀ယ်ပါ။ 
* ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တကြိမ်၊ ညတကြိမ် သွားတိုက်ပေးပါ။
* သွားမှန်မှန်တိုက်ပေမယ့်လည်း သွားတိုက်တံအမျှင်တွေ မရောက်နိုင်တဲ့ နေရာမှာ စားကြွင်းစားကျန်တွေ 
   ခိုအောင်းနေနိုင်ပါသေးတယ်။ ဒါကြောင့် တနေ့တကြိမ် သွားကြားပွတ်ကြိုး သုံးဖို့လည်း လိုအပ်ပါတယ်။
* သင့်သွားတွေကို သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးပါ။
( ဆံပင်ကို ပြုပြင်ထိန်းသိမ်းခြင်း )
ယောက်ျာလေးတယောက်ရဲ့ အလှအပနဲ့ တကိုယ်ရေ သန့်ရှင်းရေးအတွက် ဆံပင်ကို ပြုပြင်ထိန်းသိမ်းမှု ကလည်း အရေးကြီးပါတယ်။
* သင့်မျက်နှာပုံစံနဲ့  လိုက်ဖက်တဲ့ ဆံပင်ပုံညှပ်ပါ။
* သင့်ဆံပင်သား အမျိုးအစားအလိုက် ပါးတာ၊ ထူတာ၊ အရောင်ဆိုးတာ၊ ခြောက်သွေ့တာ၊ အဆီပြန်တာ 
   စတဲ့ အချက်တွေပေါ်မူတည်ပြီး သင့်လျော်တဲ့ ခေါင်းလျှော်ရည် သုံးပါ။
* သင့်ဆံပင်ကို ကျန်းမာတောက်ပြောင်ပြီး ချောမွေ့စေဖို့အတွက် Conditioner သုံးပေးပါ။
* ဆံပင်ပုံကျသပ်ရပ်ဖို့ ပုံမှန်ခေါင်းဖြီးပေးပါ။
* သင့်ဆံပင် စတိုင်ပေါ်မူတည်ပြီး လိုအပ်မယ့် ဂျဲလ် ဒါမှမဟုတ်-တခြားပစ္စည်းတွေကို သုံးပါ။

( အခြားအချက်များ )
* မနက်ခင်းတိုင်း ချွေးနံ့ထိန်း ချိုင်းလိမ်းတောင့် (Deodorant) လိမ်းပေးပါ။
* သင့်မျက်ခုံးနှစ်ခုကြားထဲက နေရာလွဲနေတဲ့ အမွေးတွေကို နုတ်ပစ်ပါ။
* သင့်နှာခေါင်း၊ ဒါမှမဟုတ်- နားရွက်ထဲက အမွေးတွေ မြင်ရရင် တိပေးပါ။
* သင့်နှုတ်ခမ်းမွေးတွေ ခြောက်သွေ့ ကွဲအက်နေရင် အရောင်မပါတဲ့ နှုတ်ခမ်းအဆီ (Lip Balm) 
   လိမ်းပေးပါ။

အက်စ် (ဆေးဝါးတက္ကသိုလ်)

အတူတူမအိပ်သင့်တဲ့အရာ (၅)မျိုး

မိတ်ဆွေများအတွက် ဗဟုသုတရစေဖို့ အတူတူမအိပ်သင့်တဲ့ အရာ၅မျိုးအကြောင်းကိုမျှဝေလိုက်ပါတယ်...ရှောင်ကြဉ်နိုင်ကြမယ်လို့မျှော်လင့်လျှက်
၁. နာရီဝတ်ပြီးမအိပ်ပါနဲ့..

နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်...နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာအိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့....ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..

၂ အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့
့
အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ Pls sleep without bra,ok?

၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့ အသုံးပြုတတ်ကြပါတယ်....အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာ
ထားသင့်ပါတယ်.ံ......ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င်
တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့်ပါတယ်.....

၎.မိပ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..


ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကိုဆိုးကျိုးဖြစ်စေနိုင်ပါတယ်...မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီး
ဝက်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်....အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်...ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ...

၅. သူတစ်ပါးရဲ့ယောင်္ကျား မိန်းများနဲ့အတူတူမအိပ်ပါနဲ့
နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါးရဲ့မိန်းမ များနဲ့အတူတူ မအိပ်စက်သင့်ပါဘူးတဲ့... ဘယ်သောခါမှပြန်လည်နိုးထမှာမဟုတ်တော့လို့ပါ....

Oct 29, 2012

ကမ္ဘာပျက်သည်အထိရှိနေမည့်ဘဏ်

အမေရိကန်၊ အင်္ဂလန်၊ ဆွစ်ဇာလန်စသောနိုင်ငံများရှိ ဘဏ်များသည် အာမခံ မည်မျှပေးပေး ကမ္ဘာပျက်ပါကအတူတူလိုက်ပျက်ရမည့် ဘဏ်များသာ ဖြစ်သည်။ ဒါနဘဏ်တိုက်၌ အပ်ထားသောကုသိုလ်ဥစ္စာများကား ကမ္ဘာ ပျက်သော်လည်း မပျက်ပေ။ သံသရာတလျှောက် ကုသိုလ်ပြုထားသူနောက်သို့ တကောက်ကောက်လိုက်၍ ကောင်ကျိုးပေးနေမည်သာဖြစ်သည်။

ကျွန်ုပ်သည် အသက် နှစ်ဆယ်အရွယ် စာသင်သားဘ၀က ၀က်သားဟင်း တခွက်ကို စာသင်သားတစ်ပါးအားလှူဒါန်းပြီး ဒါနဘဏ်တိုက်၌ ကုသိုလ်ဥစ္စာများကို အပ်နှံခဲ့သည်။ ထိုကုသိုလ်ဥစ္စာများသည် ယခု အသက် ၄၇ နှစ်တိုင်အောင်သုံး၍ မကုန်တော့ပေ။ ၁၃၇၃ခုနှစ် သင်္ကြန်တွင်းတရားစခန်း၌ ယောဂီ သုံးထောင့်တစ်ရာကျော် ၀င်ရောက်အားထုတ်ခဲ့သည်။ ထိုယောဂီများအတွက်ခုနှစ်ရက်စာ အရုဏ်ဆွမ်း၊ နေ့ဆွမ်းများကို အလှူမခံဘဲ သူ့အလိုလိုလာလှူကြသည်။
ဂျပန်နိုင်ငံ၌ ဆူနာမီ ရေလှိုင်းများဝင်ရောက်ခဲ့ရာ မြို့ကြီးနှစ်မြို့ကွယ်ပျောက်ပျက်စီးခဲ့ရသည်။ မလှူရ မတန်းရသေးသော ဥစ္စာစည်းစိမ် တိုက်တာခြံမြေအားလုံးရေလှိုင်းတွေထဲ ပါသွားခဲ့သော်လည်း ဂျပန်လူမျိုးများ ပြုထားသည့်ကုသိုလ်ဥစ္စာများသည်ကား မပျက်မစီး ထာဝရတည်မြဲလျှက် ရှိသည်။ ထို့ကြောင့် သံဃာများကိုဆွမ်းလောင်းလှူခြင်းဖြင့် စိတ်ချရဆုံး ဒါနဘဏ်တိုက်၌ ကုသိုလ်ဥစ္စာများကိုအပ်နှံသင့်ကြ ပေသည်။

မေတ္တာရှင်ဆရာတော် အရှင်ဇ၀န(ရွှေပြည်သာ) --

သီတင်းကျွှတ်လပြည်(အဘိဓမ္မာ အခါတော်နေ့)့

ဗုဒ္ဓဒေသနာအရ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် ပညာရှင်တို့ သတ်မှတ်ခဲ့ကြသည်။
အကြောင်းက နတ်ပြည်၌နတ်ပရိတ်များ အဘိဓမ္မာဒေသနာအကျယ်ဟောကြားပြီး ဆုံးသောနေ့သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အဘိဓမ္မာဒေသနာအကျဉ်း ဟောကြားပြီးဆုံးသောနေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ အရှင်သာရိပုတ္တရာက တပည့်ငါး ရာတို့အား အဘိဓမ္မာ ဒေသနာကို မကျဉ်းမကျယ် အလယ်အလတ် ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။

ဘုရားရှင်သည်မဟာသက္ကရာဇ်(၁၀၉)ခုနှစ်၊၀ါဆိုလပြည့်ညနေချမ်း၌သာဝတ္ထိပြည်အနီးကောသလမင်း၏ ဥယျာဉ်မှူးကဏ္ဍသည် ဘုရားရှင် မိန့်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် တိတ္ထိ တို့ကိုနှိမ်နင်းတော်မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။ ထိုပွဲအပြီးတွင် မယ်တော်ဟောင်းနတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့်သာတာသတိံသာနတ်ပြည်သို့ ကြွသွားတော်မူသည်။ ပရိသတ်ကဘုရားရှင်ကိုမမြင်တွေ့တော့၍ အရှင်အနုရုဒ္ဓါမထေရ်အားမေးမြန်းရာမထေရ်မြတ်ရှင်းပြမှအကြောင်းစုံသိကြရသည်။ပရိသတ်ကြီးကဘုရားရှင်ကို မဖူးရဘဲ မပြန်ဟုတိုင်ပင်ကြကာ ထိုနေရာမှာပဲယာယီတဲနန်းထိုးကာနေကြလေသည်။ သီတင်းကျွတ် ခါနီးမှ အရှင်မဟာမောဂ္ဂလန်ထံမှတစ်ဆင့် ဘုရားရှင် သင်္ကဿမြို့သို့ကြွဆင်းတော်မူမည့် အကြောင်းသိရသဖြင့် သင်္ကဿမြို့ကနေသွားရောက်ကြိုဆိုကြသည်။

ဘုရားရှင်သည် တာဝတိံသာပြည်မဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌မယ်တော်ဟောင်း သန္တုသိတအမှူးရှိသော နတ်ဗြဟ္မာတို့အားဝါတွင်းသုံးလနေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာသီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား လူ့ပြည်ပြန်တော့မည့် အကြောင်း နှုတ်ဆက်စကား မိန့်ကြားရာသိကြားမင်းက ရွှေစောင်တန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။ လကျာ်ဘက်ရွှေစောင်းတန်းက နတ်များအဖို့ရည်ရွယ်သည်။ လက်ဝဲဘက်ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်သည်။ ပတ္တမြားစောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်သည်။ စောင်းတန်းတို့၏ မုခ်ဦးကမြင်းမိုရ်တောင်ထိပ်မှာရှိ၍ အခြေကသင်္ကဿမြို့တံခါးဝမှာရှိသည်။

ဘုရားရှင်သည်လူ့ပြည်ဆင်းခါနီး မြင်းမိုရ်တောင်ထိပ်တွင်ရပ်လျက်ရေအစုံမီးအစုံတန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍ ထက်ကောင်းကင်သို့ကြည့်တော်မူသောအခါ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင်အဆီးအတားမရှိ ဟင်းလင်းဖြစ်သွားတော့၏။အောက်ကိုကြည့်သောအခါအ၀ီစိငရဲတိုင်အောင်အပိတ်အပင်အတားအဆီးမရှိ ဟင်းလင်းပြင် ဖြစ်သွားတော့၏။ ယင်းအဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ ခုနစ်ကျမ်းရှိသည့် ကုသိုလ်၊ အကုသိုလ်စသောတရားတို့ကို အကျဉ်းချုပ် အားဖြင့် ဟောကြားတော်မူသော ကျမ်းကို "ဓမ္မသင်္ဂဏီကျမ်း"ဟုခေါ်သည်။ ခန္ဓာစသောတရားတို့ကိုသုတ္တ တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြုလုပ်ကာအကျယ်ဝေဖန်ဟောကြားသောကျမ်းကို "၀ိဘင်း ကျမ်း"ဟုခေါ်သည်။

ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို "ဓာတုကထာ" ဟုခေါ်သည်။ ပုဂ္ဂိုလ် အမျိုးတို့ကို ခွဲခြားသတ် မှတ်အမည်တပ်၍ဟောကြားသောကျမ်းကို "ပုဂ္ဂလပညတ်" ဟုခေါ်သည်။ အယူဝါဒနှင့်ဆိုင်သောစကားတို့ ၏တည်ရာဖြစ်၍ အဘိဓမ္မာ အနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို "ကထာဝတ္ထု"ဟုခေါ်သည်။ အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့်ဝိသဇ္ဇာနာ၊ သန္နိဋ္ဌာန်နှင့်သံသယအစုံစုံပြု၍ဟောကြားတော်မူသောကျမ်းကို "ယမိုက်ကျမ်း" ဟုခေါ်သည်။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ်စသောတရားတို့ကို နှစ်ဆယ်လေး ပစ္စည်းဖြင့် ဝေဖန်သော ကျမ်း၊ သဗ္ဗညုတဥာဏ်တော်၏ ကျက်စားရာဖြစ်သော ကျမ်းကို "ပဋ္ဌာန်းကျမ်း"ဟု ခေါ်သည်။

အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊ နတ်ပြည်၌ဟောကြားခြင်း၊သုံးလကြာမျှဟောရ ခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီဟောကြားခြင်းဟု ထူးခြားချက်လေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။ ပါဋ္ဌိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း ဥာင်္ဏတော်၏ နက်နဲခြင်းစသော ဂမ္ဘီရလေးမျိုးနှင့်ပြည့်စုံသောတရားဖြစ်သည်။

အဘိဓမ္မာတရားတော်ကို သင်ယူခြင်း၊ ကြားနာခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် လင်းနို့သားရဟန်းငါး ရာကဲ့သို့ နမရူပပရိစ္ဆေဒ ဥာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန် အကြောင်း အထောက်အပံ့ ကောင်းဖြစ် ခြင်း၊ ဘေးဥပါဒ်အန္တရယ်ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်းဟူသော အကျိုးထူးတ ရားများရရှိနိုင်သည်။

http://wikimyanmar.co.cc/wiki/index.php?title=%E1%80%A1%E1%80%98%E1%80%AD%E1%80%93%E1%80%99%E1%81%BC%E1%80%AC_%E1%80%A1%E1%80%81%E1%80%AB%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%B1%E1%80%94%E1%82%94

အချစ်အကြောင်း ပြောကြည့်ခြင်း

စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)

အချစ်နဲ့ ပတ်သက်ပြီး တစ်ယောက်က မေးဖူးပါတယ်။ အများကြီး မသိပေမယ့် သဘာဝဓမ္မအရ ပြောရရင် မေတ္တာ မဟုတ်တဲ့ အချစ်ဟာ တဏှာပေမနဲ့ ဆက်စပ်နေတဲ့အတွက် ပူလောင်မှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ်ကချစ်လိုက်ရတာပဲ ဖြစ်ဖြစ် ကိုယ့်ကို အချစ်ခံလိုက်ရတာပဲ ဖြစ်ဖြစ် ကြာတော့ အဲဒီအချစ်တွေက ငြိမ်းချမ်းမလာဘဲ ပူလောင်မှုတွေသာ ဖြစ်လာနေတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ကိုယ့်ကို မချစ်တဲ့သူတွေကို ကိုယ်က ချစ်မိတဲ့အခါ၊ ကိုယ်မချစ်တွေသူရဲ့ အချစ်ကို ခံရတဲ့အခါတွေမှာ ဒီအချစ်ရဲ့ ပူလောင်မှု သဘောကို ကောင်းကောင်းခံစားကြရတာပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် မြတ်စွာဘုရားရှင်က “အချစ်တွေနဲ့ လွဲရခြင်း၊ အမုန်းတွေနဲ့ တွဲရခြင်းဟာ ဆင်းရဲခြင်းပဲ”လို့ ဟောတော်မူတာ ဖြစ်ပါတယ်။ 

တစ်ချို့က အချစ်စစ်အချစ်မှန်ဆိုတာ ရယူလိုမှု မရှိဘူးလို့ ဆိုကြပါတယ်။ ဒါပေမယ့် အချစ်လို့ ပြောရင်တော့ ရယူချင်တာ၊ ပိုင်ဆိုင်ချင်တာကတော့ ရှိနေကြမှာပဲ ဖြစ်ပါတယ်။ ရယူချင်မှု၊ ပိုင်ဆိုင်ချင်မှု ရှိနေသမျှ ဒီအချစ်ဟာ ဘယ်လိုမှကို ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။ အဲ ရယူပိုင်ဆိုင်မှု မရှိဘဲ အကျိုးလိုလားခြင်း သက်သက်ပဲဆိုရင်တော့ ဒါဟာ အချစ်ထက်ကျော်လွန်သွားတဲ့ မေတ္တာ သဘောမျိုးပဲ ဖြစ်ပါတယ်။ မေတ္တာဆိုရင်တော့ သူ့အကျိုးကို လိုလားခြင်း ဖြစ်တဲ့အတွက် သူချမ်းသာလေ ကိုယ်ဝမ်းသာလေပဲ ဖြစ်ပါတယ်။ ဒီလို အချစ်မဟုတ်တဲ့ မေတ္တာသဘောမျိုး ဆိုရင်တော့ မေတ္တာများလေ ငြိမ်းချမ်းမှု အားကောင်းလေပဲ ဖြစ်ပါတယ်။ 

ခက်တာက ပုထုဇဉ် သဘာဝ မေတ္တာထားဖို့ထက် ချစ်စရာပွားဖို့ပဲ လိုလားကြတာ ဖြစ်တဲ့အတွက် သားသမီးအပေါ် အချစ်ကြီးတဲ့ မိဘတွေ၊ မိဘအပေါ် အချစ်များတဲ့ သားသမီးတွေ၊ ဇနီးမယားအပေါ် အချစ်ပိုတဲ့ လင်ယောက်ျားတွေ၊ လင်ယောက်ျားအပေါ် အချစ်လိုတဲ့ ဇနီးမယားတွေ၊ တစ်ဦးနဲ့တစ်ဦး အချစ်ကြီးတဲ့ သမီးရည်းစားတွေ စသဖြင့် ဘယ်လိုအသိုင်းအဝိုင်းမှာပဲ ဖြစ်ဖြစ် အချစ်ကြီးလေ အပြစ်ကြီးလေ၊ အချစ်များလေ အပြစ်များလေ၊ အချစ်ကြီးလေ အမျက်ကြီးလေ ဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ အချစ်တွေများတော့ ကိုယ်ချစ်တဲ့သူတွေအပေါ်မှာ ဖြစ်စေချင်တာတွေ၊ မျှော်လင့်တာတွေ စသဖြင့် များနေပြီး အဲဒီအတိုင်း ဖြစ်မလာတဲ့အခါမှာလည်း အပြစ်တွေ၊ အမျက်တွေအထိ ပွားလာစေတော့တာ ဖြစ်ပါတယ်။ အချစ်ကို အခြေခံရာက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ဟာ ငြိမ်းချမ်းဖို့ထက် ပူလောင်ဖို့က ပိုများနေတတ်တာ ဖြစ်ပါတယ်။

ဆိုတော့ကား အကောင်းဆုံးကတော့ အချစ်တွေ မကင်းသေးတဲ့ ပုထုဇဉ်တွေ အနေနဲ့ အချစ်တွေကနေ မေတ္တာအဖြစ် မပြောင်းနိုင်သေးရင်လည်း ပူလောင်ခံစားမှုတွေ သက်သာအောင် အချစ်တွေကို လျော့ချကြည့်ဖို့ပဲ ဖြစ်ပါတယ်။ အချစ်အစား မေတ္တာထားလာနိုင်အောင် တဖြည်းဖြည်း လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုအရာ၊ ဘယ်လို ပုဂ္ဂိုလ်မျိုးအပေါ်မှာပဲ ဖြစ်ဖြစ် အချစ်တွေနဲ့ နွေးထွေးစေတာထက် အကျိုးလိုလားတဲ့ မေတ္တာတရားနဲ့ နွေးထွေးနိုင်အောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ နေရတဲ့အခိုက်မှာ အထိုက်အလျောက် သက်သောင့်သက်သာ ရှိလာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် အချစ်ဆိုရင် ကိုယ်ကချစ်လိုက်ရတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကို အချစ်ခံရတာပဲ ဖြစ်ဖြစ် နှစ်ခုလုံးဟာ ငြိမ်းအေးမှုထက် ပူလောင်မူကိုသာ ဖြစ်စေတတ်တဲ့အတွက် အချစ်အစား မေတ္တာမထားနိုင်သေးတောင်မှ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ အချစ်တွေကို လျော့နိုင်သမျှ လျော့ချစ်ကြပြီး အချစ်အစား အမုန်းမပွားနိုင်အောင်လည်း မေတ္တာတရား၊ ဥပေက္ခာတရားလေးထားပြီး နေထိုင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း အချစ်အကြောင်း တစ်စေ့တစောင်း အသိပေးတင်ပြလိုက်ရပါတယ်။ 

အောင်မြင်ချမ်းသာ တို့မြတ်စွာ

“အောင်မြင်ချမ်းသာ” တို့မြတ်စွာကို
အခါခါ အထပ်ထပ်၊ ကြာကလာပ်ဖြင့်
သဒ္ဓါဓာတ်ဖြိုး၊ မပြတ်ရှိခိုးသည်
မြေမိုးအနှံ့ အသရေတိုးလို့ ခန့်စေသော်။
ရှုပ်သမျှကိုရှင်း၊ ဒုက္ခကို ခွင်းမည့်
ဥတ္တရအလင်းမြတ်စွာ၊ ကပ်ကမ္ဘာတိုင်တိုင်
မြတ်ချမ်းသာသုခ၊ ပေးဝေငှလျှက်
ဇယအောင်မြင်၊ အောင်ပွဲဝင်သည်
အောင်မင်္ဂလာ၊ အောင်သြဘာဖြင့်
အောင်ချာရွှေပြည် ရောက်စေသော်။
အောင်စည်ဟိန်းဟိန်း၊ ငြိမ်းငြိမ်းချမ်းချမ်း
အောင်ပန်းဝေေ၀၊ ဆွတ်လှမ်းခြွေသက်
မြကေခိုင်ထက် တင့်စေသော်။

Oct 28, 2012

ဥပုသ်စောင့်တယ်ဆိုတာ


တစ်လောက စာဖတ်ပရိတ်သတ် ဒကာလေးတစ်ယောက်နဲ့ အွန်လိုင်းမှာတွေ့တော့ သူက “ဘုန်းဘုန်းဘုရား တပည့်တော် တစ်ခုလောက် မေးလျှောက်ချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တပည့်တော် ဒိအသက်ဒီအရွယ်အထိ ဥပုသ်တစ်ခါမှ မစောင့်ဖူးဘူးဘုရား၊ စောင့်ရကောင်းမှန်းလည်း မသိဘူး။ ဘယ်လိုစောင့်ရတယ်ဆိုတာလည်း မသိဘူး။ ပြောရရင် ဥပုသ်ဆိုတဲ့ အဓိပ္ဗါယ်ကိုတောင် ကောင်းကောင်းမသိဘူးဘုရား။ အဲဒါကြောင့် တပည့်တော်ကို ဥပုသ်စောင့်တာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပါဘုရား” ဆိုပြီး မေးလျှောက်လာပါတယ်။ ဒါနဲ့ သူ့အမေးနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းက သိသင့်တာလေးတွေ ရှင်းပြပေးဖြစ်ခဲ့ပါတယ်။

တကယ်တော့ ဥပုသ်ဆိုတဲ့ စကားလုံးက ဥပေါသထဆိုတဲ့ ပါဠိကို မြန်မာမှု ပြုထားတာပဲ ဖြစ်ပါတယ်။ ဥပေါသထဆိုတာ စောင့်ထိန်းခြင်း၊ ထိန်းသိမ်းခြင်း၊ ပြုလုပ်ခြင်းပဲ ဖြစ်ပြီး ကိုယ်နဲ့ကျူးလွန်နိုင်တဲ့ အလုပ်တွေ၊ နှုတ်နဲ့ကျူးလွန်နိုင်တဲ့ အလုပ်တွေကို သီလသိက္ခာပုဒ်တွေနဲ့ ထိန်းသိမ်းနေထိုင်ခြင်းမျိုး ဖြစ်ပါတယ်။ အထူးသဖြင့် လတစ်လရဲ့ လဆန်း (၈)ရက်၊ လဆုတ် (၈)ရက်နဲ့ လပြည့်၊ လကွယ်နေ့တွင်မှာ ပုံမှန်စောင့်ထိန်းနေကျဖြစ်တဲ့ ငါးပါးသီလထက် ကျော်လွန်ပြီး ရှစ်ပါး၊ ကိုးပါးစတဲ့ သီလတွေကို စောင့်ထိန်းနေထိုင်ခြင်းမျိုးကို ဥပုသ်စောင့်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ 

မှန်ပါတယ်။ သာမန်ပုထုဇဉ်တွေ အနေနဲ့ ကောင်းတဲ့အလုပ်တွေထက် မကောင်းတဲ့ အလုပ်တွေမှာ ပျော်မွေ့တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုမကောင်းတဲ့ အလုပ်တွေကို လက်တွေ့ကျူးလွန်တဲ့ အထိဖြစ်မသွားရအောင် သီလသိက္ခာပုသ်များနဲ့ အထိန်းအကွပ် ပြုပြီး နေထိုင်ကြရတာ ဖြစ်ပါတယ်။ အကုသိုလ် အလုပ်ဆိုတာ စိတ်နဲ့တောင် မကျူးလွန်မိတာ အကောင်းဆုံး ဖြစ်ပေမယ့် အဲဒီလို အခြေအနေမျိုးအထိ မထိန်းနိုင်တာတောင်မှ စိတ်ထဲရှိတဲ့ အကုသိုလ်ကို နှုတ်နဲ့ကျူးလွန်တဲ့အထိ မဖြစ်လာအောင်၊ ကိုယ်ထိလက်ရောက် လုပ်လိုက်တဲ့အထိ ဖြစ်မသွားရအောင် သီလတရားတွေနဲ့ အထူးပြု စောင့်ထိန်းကြရခြင်း ဖြစ်ပါတယ်။ ဒီလို စောင့်ထိန်းရာမှာလည်း အပါယ်ကို လားစေနိုင်တဲ့ အပြစ်ကြီးတွေ မဖြစ်ရအောင် ဗုဒ္ဓဘာသာတွေအနေနဲ့ အနည်းဆုံး ငါးပါးသီလလောက်တော့ လုံခြုံအောင် ထိန်းသိမ်းကြဖို့ ညွန်ပြကြတာဖြစ်ပြီး နေ့စဉ်စောင့်ထိန်းနေတဲ့ ငါးပါးသီလကို အထူးပြုပြီး ကာမဂုဏ်မေထုန်အမှုကို မလုပ်ဖြစ်အောင်၊ ကိလေသာဖြစ်စေနိုင်တဲ့ အာရုံတွေအပေါ်မှာ သာယာလုပ်ဆောင်မှု မဖြစ်ရအောင် အပိုသီလတွေ စောင့်ထိန်းစေဖို့ ဥပုသ်သီလစောင့်ထိန်းစေကြတာ ဖြစ်ပါတယ်။ 

အရာရာမှာ စိတ်ကသာ အဓိကကျတယ်ဆိုပေမယ့် ကိုယ့်စိတ်ကို ကိုယ့်စိတ်တိုင်းကျ အနိုင်မယူနိုင်၊ မထိန်းသိမ်းနိုင်သေးတဲ့ သာမန်ပုထုဇဉ်တွေ အနေနဲ့ကတော့ စိတ်မှာရှိနေတဲ့ အကုသိုလ်၊ ကိလေသာတွေကို လက်တွေ့ကျူးလွန်တဲ့အထိ မဖြစ်အောင် သီလတရား၊ ကိုယ့်ကျင့်တရားတွေနဲ့ ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ နှုတ်ကိုစောင့်စည်းခြင်း၊ ကိုယ်ကိုစောင့်စည်းခြင်း သီလတွေကို လုံခြုံအောင် ထိန်းထားလာနိုင်ရင် စိတ်မှာလည်း ယုံကြည်မှုတွေတိုးလား၊ စိတ်သန့်ရှင်းမှုတွေ ရှိလာမှာဖြစ်တဲ့အတွက် စိတ်နဲ့ကျူးလွန်နိုင်တဲ့ မနောကံကိုလည်း တဖြည်းဖြည်း ထိန်းသိမ်းလာနိုင်ကြမှာ ဖြစ်ပါတယ်။ သီလလုံရင် စိတ်လည်းလုံနေမှာဖြစ်ပြီး စိတ်လုံနေရင် သမာဓိလည်း အဖြစ်လွယ်ကာ သမာဓိတည်ရင် ပညာလည်း ဖြစ်ဖို့အားကောင်းလာကာ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ ကိလေသာကုန်ရာ မဂ်ဖိုလ်ပညာများအထိ ရရှိစေနိုင်တဲ့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ သီလစောင့်ခြင်းကို သံသရာမှ လွတ်မြောက်လိုသူတိုင်း ကြိုးစားလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ 

ဆိုတော့ကား ဥပုသ်စောင့်ထိန်းခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကာယကံမြောက် ကျူးလွန်နိုင်တဲ့ အကုသိုလ်အလုပ်တွေ၊ ဝစီကံမြောက် လွန်ကျူးနိုင်တဲ့ အကုသိုလ်အလုပ်တွေနဲ့ ကိလေသာတိုးပွားစေနိုင်တဲ့ အပြုအမူတွေကို မလုပ်ဖြစ်အောင် သီလသိက္ခာပုဒ်များကို အထူးပြု စောင့်ထိန်းခြင်း ဖြစ်တဲ့အတွက် ဘဝမှာ အကုသိုလ် အလုပ်တွေမှာသာ အချိန်ကုန်များနေကြတဲ့ သူတွေအနေနဲ့ ကိုယ့်ရဲ့ လုပ်ရပ်တွေအပေါ်မှာ ကောင်းတဲ့ထိန်းသိမ်းမှုတွေ ဖြစ်လာအောင် ဥပုသ်စောင့်ခြင်း၊ သီလထိန်းခြင်း စတဲ့ ကောင်းမှုတွေကို အရင်က တစ်ခါမှ မလုပ်ဘူးရင်လည်း လုပ်ဖြစ်အောင် လုပ်ကြည့်ကြရမှာ ဖြစ်သလို ပုံမှန်ဥပုသ်စောင့်နေကျ သူတွေအနေနဲ့လည်း မပျက်မကွက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ 

သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့ (သို့) အနှစ်သာရရှိရှိ ကုန်ဆုံးသင့်တဲ့နေ့


လာမယ့် (၃၀-၁၀-၂၀၁၂)ဟာ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်တွေအရ မြန်မာသက္ကရာဇ် ၁၃၇၄ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ပဲ ဖြစ်သလို ဘာသာရေးဆိုင်ရာ ပွဲတော်တွေအရလည်း အဘိဓမ္မာ အခါတော်နေ့ဖြစ်ကာ ဥပုသ်သီတင်း စောင့်သုံးချင်တဲ့ သူတွေအတွက်လည်း ထူးခြားတဲ့ ဥပုသ်နေ့ အခါသမယ ဖြစ်ပါတယ်။ ဘုရားသားတော် ရဟန်းသံဃာတော်များ အတွက်တော့ ညီညွတ်ရေးအတွက် တွေ့ဆုံဖိတ်ခေါ်ရင်း တစ်ညီတစ်ညွတ်တည်း သိမ်အတွင်းမှာ စုပေါင်းပြီး ကံဆောင်ကြမယ့် ပဝါရဏာနေ့ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီသီတင်ကျွတ်လပြည့်နေ့လို နေ့ထူးနေ့ရက်တစ်ခုဟာ သတ်မှတ်ချက်တွေနဲ့မှ ကောင်းမှုကုသိုလ် တစ်ခုခုကို လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အကောင်းဆုံး ကုသိုလ်ပြုရာ နေ့တစ်နေ့ပဲ ဖြစ်ပါတယ်။ အကုသိုလ် အလုပ်တွေမှာဆိုရင် အချိန်မရွေး၊ အခါမရွေး ပေါ့ပေါ့ပါးပါးလေးတွေ လုပ်တတ်ကြပေမယ့် ကုသိုလ်အရေးဆိုရင် ဘာဖြစ်လို့ညာဖြစ်လို့၊ ဘာနေ့မဟုတ်လို့၊ ညာနေ့မဟုတ်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ရက်ကောင်းရက်မြတ်တွေကို ရွေးလေ့ရှိတတ်သူတွေအတွက် အကောင်းဆုံးနဲ့ အထူးခြားဆုံး နေ့တစ်နေ့ပဲဖြစ်လို့ ဒီလိုနေ့မျိုးမှာ ကောင်းမှုတစ်ခုခုတော့ ရအောင်ယူနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ထူးခြားမှုတွေ ပေါင်းစုထားတဲ့ ဒီသီတင်းကျွတ်လပြည့်နေ့ဟာ ရဟန်းသံဃာတော်များရဲ့ ပုရိမဝါဆိုဝါကပ်ရာ သီတင်းကာလ ကျွတ်လွတ်ပြီးဆုံးခြင်းကို ရည်ညွန်းထားသလို မြတ်စွာဘုရားရှင် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်သို့ ကြွရောက်ကာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သားကို ဝါတွင်းသုံးလ ကာလပတ်လုံး အဘိဓမ္မာဒေသနာတော် ဟောကြားချီးမြင့်ပြီးလို့ လူ့ပြည်ကို ပြန်လည်ကြွရောက် ဆင်းသက်တော်မူတဲ့ အဘိဓမ္မာ ဓမ္မသဘင်ရဲ့ ပုံရိပ်ကိုလည်း ဖော်ဆောင်ထားတာ ဖြစ်တဲ့အတွက် အဓိဋ္ဌာန်တစ်ခု အနေနဲ့ ကုသိုလ်ပြုကာ ပူဇော်လိုသူတွေအဖို့ အကောင်းဆုံး အချိန်အခါ သမယပဲ ဖြစ်ပါတယ်။ ဟိုဟိုဒီဒီ ကိစ္စတွေနဲ့ ကုသိုလ်အရေးကို အလေးမပေးနိုင်သူတွေအနေနဲ့ ဒီလိုနေ့မျိုးမှာတော့ ဥပုသ်သီလလေးဆောက်တည်ပြီး ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်ကာ တရားလေးလည်းနာ၊ ဝိပဿနာ အလုပ်လေးလည်း တတ်နိုင်သမျှ အားထုတ်ကြည့်နိုင်မယ်ဆိုရင် အလွန်တန်ဘိုးရှိတဲ့ နေ့တစ်နေ့ ဖြစ်သွားမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်မှုတွေထဲမှာ ကုသိုလ်ကောင်းမှုလုပ်ပြီး ပူဇော်ခြင်းဟာ အကောင်းဆုံးနဲ့ အနှစ်အရှိဆုံးဖြစ်တဲ့အတွက် ဘဝမှာ ထူးထူးခြားခြား ပူဇော်မှုတစ်ခုအဖြစ် ကိုယ့်ကိုယ်ကို အဓိဋ္ဌာန်ပြုကာ ဘုရားရှင်ကို ကုသိုလ်အစုနဲ့ ပူဇော်သမှု ပြုနိုင်မယ်ဆိုရင် ကိုယ်အတွက်တော့ တကယ့်ကိုပဲ အနှစ်သာရပြည့်ဝတဲ့ နေ့ထူးနေ့မြတ်တစ်ခု ဖြစ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။

မအားလို့ပါဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ကောင်းမှုကုသိုလ် အသေးလေးတောင် မလုပ်ဖြစ်တဲ့ သူတွေအနေနဲ့ တစ်ခါတလေ စဉ်းစားကြည့်သင့်ပါတယ်။ မအားတာဟာ ဘာတွေကြောင့် မအားတာလဲ၊ စားရေးအတွက်လား၊ နေရေးအတွက်လား၊ ဒါဆိုရင် သေရေးအတွက်နဲ့ ဘဝသံသရာ အရေးအတွက်ကော ဘယ်လိုလုပ်မလဲပေါ့၊ သေဖို့တောင် မအားဘူး ဆိုရင်တော့ သေမင်းက အားတဲ့အချိန်ကို စောင့်ခေါ်သွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ ကိုယ်မအားလည်း သူကအားအောင် လုပ်ယူသွားမှာပဲ ဖြစ်ပါတယ်။ ကုသိုလ်ဆိုတာ တစ်နေကုန် အချိန်ပေးပြီး လုပ်မှရတာ မဟုတ်ပါဘူး။ ဘဝအရေးအတွက် မအားဘူးဆိုရင်လည်း ဒီလို နေ့ထူးနေ့မြတ်လေးတွေမှာတော့ မနက်အိပ်ယာထ၊ ဘုရားသောက်တော်ရေ ကပ်တာတို့၊ ဘုရားဂုဏ်တော် တစ်ခုခု ပွားများတာတို့။ မေတ္တာလေးတွေ ပွားများတာတို့ စသဖြင့် ပေါပေါ့ပါးပါးလေးနဲ့ မှတ်မှတ်ရရလေး ဖြစ်အောင် လုပ်ယူလို့ ရတာတွေ အများကြီးပဲ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်စိတ်မှာ သဒ္ဓါတရားလေးတွေ တိုးပွားအောင် ကြိုးစားပြီး ကောင်းတဲ့စိတ်လေးတွေနဲ့ နေ့ထူးနေ့မြတ် တစ်ခုမှာ မှတ်မှတ်ရရ ကုသိုလ်တစ်ခုခုကို ရအောင်လုပ်ယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် နေ့စဉ်သောက်နေတဲ့ အရက်ကလေးကို ဒီလိုနေ့မျိုးမှာ မသောက်ဘူးဆိုပြီး သန္ဒိဋ္ဌာန်ချကာ နေလိုက်နိုင်ရင်ကိုပဲ ဒါဟာ ကိုယ့်အတွက် ကုသိုလ်တစ်ခု ရယူလိုက်နိုင်ကြတာပဲ ဖြစ်ပါတယ်။ 

ဒီတော့ကား ဟိုအလုပ်၊ ဒီအလုပ်၊ ဟိုကိစ္စ၊ ဒီကိစ္စစတဲ့ အကြောင်းအမျိုးမျိုးတွေနဲ့ ဟိုဟာမလုပ်နိုင်၊ ဒါမလုပ်နိုင် ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်အတော်များများ အနေနဲ့လည်း အထူးစဉ်းစားသင့်တာက အချိန်ဆိုတာ ရအောင်ယူမယ်ဆိုရင်၊ အလုပ်ဆိုတာ ရအောင်လုပ်မယ်ဆိုရင် သူ့ဟာနဲ့သူတော့ ဖြစ်ကိုဖြစ်သွားတတ်တယ်ဆိုတဲ့ အချက်ကို ဆင်ခြင်ပြီး ကိုယ့်ဘဝမှာ ထူးထူးခြားခြားအနေနဲ့ ကုသိုလ်အလုပ်ကို မအားတဲ့ကြားက ခက်ခက်ခဲခဲ ရအောင်ယူနိုင်ခဲ့တယ်ဆိုတဲ့ သစ္စာပြုချက်နဲ့ ချိန်ထိုးလိုက်ရင် အရေးကြီးပါတယ်ဆိုတဲ့ ကိစ္စတွေဟာ ဘာမှအရေးမကြီးတော့ဘူးဆိုတာ ကောင်းကောင်းသိမြင် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ အလုပ်ဆိုတာ အထူးသဖြင့် ကောင်းတဲ့အလုပ်ဆိုတာ ယုံကြည်တဲ့ သဒ္ဓါတရား၊ ပြင်းပြတဲ့ဆန္ဒတရား၊ လက်တွေ့ဆန်တဲ့ ဝီရိယတရား စတာတွေနဲ့ ပေါင်းစုနိုင်မှ အကောင်းအစုတွေဆိုတာလည်း အကောင်အထည်ပေါ်ကာ လိုရာဆန္ဒပြည့်ဝနိုင်ကြမှာ ဖြစ်တဲ့အတွက် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ ကိုယ့်စိတ်ကို မလုပ်ဖူးတဲ့ ကုသိုလ်ထူးကို လုပ်ဖြစ်အောင် ကြိုးစားရင်း ထူးခြားတဲ့ကုသိုလ်ထူးမှာ ပျော်မွေ့နိုင်အောင် တွန်းအားပေးရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မကောင်းတဲ့အလုပ်တွေဆိုရင် ဘာတွန်းအား၊ ဘာဖိအား၊ ဘာအကူအညီမှ မလိုဘဲ အချိန်မရွေး၊ နေရာမရွေး လုပ်ဖြစ်တတ်ကြပေမယ့် ကောင်းတဲ့အလုပ်တွေဆိုရင် တွန်းအားလေးတွေ၊ အကြောက်တရားလေးတွေနဲ့မှ လုပ်ဖြစ်တတ်ကြတဲ့ သတ္တဝါတွေအတွက် ကုသိုလ်လုပ်ဖို့ အကောင်းဆုံး တွန်းအားတစ်ခုအဖြစ် သတိပြုဆင်ခြင်ပြီး ဘဝမှာ ကုသိုလ်ကောင်းမှုကို အခက်အခဲတွေကြားက ရအောင်ယူဖူးတယ်ဆိုတဲ့ မှတ်ကျောက်တစ်ခု တင်နိုင်ဖို့အတွက် (၃၀-၁၀-၂၀၁၂)မှာ ရောက်လာမယ့် သီတင်းကျွတ်လပြည့်နေ့လို နေ့ထူးနေ့မြတ်မျိုးမှာ ဥပုသ်သီလ ဆောက်တည်ကာ တတ်နိုင်သမျှ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ အကျင့်တရားများကို ကြိုးစားအားထုတ်ကြပါရန် အသိပေးတိုက်တွန်းရင်း သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) အဖြစ် အမှတ်တရ  အသိမျှလိုက်ရပါတယ်။