သိပ္ပံသဘော နဲ့ ဓမ္မသဘော
........................................
နက္ခတ္တဗေဒပညာရှင်တို့ အဝေးကြည့်မှန်ပြောင်းနဲ့
တွက်ချက်အရ မြင်နိုင်သလောက်ကြယ်မှာ
သန်းပေါင်း ၁၀၀၀ မကများပြားတယ်ဆိုပြီးပြောတယ်
လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကျော်က မြတ်ဗုဒ္ဓက
စကြာဝဠာကုဋေ တစ်ထောင်ကို စူဠလောကဓာတ်
စကြာဝဠာကုဋေတစ်သောင်းကို မဇ္ဈိမလောကဓာတ်
စကြာဝဠာကုဋေတစ်သိန်းကို မဟာလောကဓာတ်
ဆိုပြီး ဟောခဲ့ပါတယ်၊ ထိုထက်များပြားတဲ့
စကြာဝဠာတွေကို အနန္တလောကဓာတ်လည်းခေါ်ပါတယ်
ကျွန်ုပ်တို့ကမ္ဘာက မဇ္ဈိမလောကဓာတ်ခေါ်တဲ့
စကြာဝဠာကုဋေတစ်သောင်းရဲ့ အလယ်ဗဟိုမှာရှိပါတယ်
သပ္ပံသဘောအရ ဤကမ္ဘာသည် နှစ်သန်းပေါင်း
၂၅၀၀ ခန့်ကဖြစ်ပေါ်လာခဲ့တာတဲ့၊ တစ်ချို့က
နှစ်ပေါင်း ကုဋေ ၂၀၊ တစ်ချို့က နှစ်သန်းပေါင်း
၁သောင်း၂သောင်း စသည်ဖြင့် မတူညီတဲ့အချက်တွေနဲ့
ဖော်ပြထားတာ တွေ့ရပါတယ်၊
ဓမ္မသဘောအရ နှစ်အားဖြင့်ပြရန်မလွယ်ကူနိုင်ပါ
ကပ်အားဖြင့်သာ ပြရပါလိမ့်မယ်၊ ထိုကပ်မှာ
အန္တရကပ် အသင်္ချေယျကပ် မဟာကပ်ဆိုးပြီး
သုံးကပ်ရှိပါတယ်၊ ကမ္ဘာဦးက လူတို့သက်တမ်းမှာ
၂၀ စသည်ဖြင့် ရေတွက်၍မရ နှစ်အားဖြင့် မရေတွက်
နိုင်ကနေ စခဲ့ပြီး နှစ် ဆယ်နှစ်တမ်းထိ ဆုပ်လာခဲ့ပါတယ်
ထိုကပ်မှာ ပမထဆုံးကပ်မို့ ပျက်ကပ်ဖြစ်ပါတယ်၊
အဲကပ်ကို အနန္တရကပ်လို့ခေါ်ပါတယ်၊
တစ်ခါ ဒုတိယကပ်မှာ ဆယ်နှစ်တမ်းကစပြီး
မရေမတွက်နိုင်ဘူးတက်သွားတယ်၊ တစ်ခါပြန်ဆုပ်လာတယ် အဲလိုတစ်စုံကို အန္တရကပ် တစ်ကပ်ပါ၊
အန္တရကပ် ခြောက်ဆယ့်လေးကပ်ကို၊ အသင်္ချေယျကပ်
တစ်ကပ် ခေါ်ပါတယ်၊ အသင်္ချေယျကပ် လေးကပ်ကို၊
မဟာကပ်တစ်ကပ်လို့ ခေါ်ပါတယ်၊
ဒါဆို ကမ္ဘာဖြစ်ပေါ်လာခဲ့တဲ့ နှစ်ကိုပိုင်းခြားမပြနိုင်ပါဘူး။
ကမ္ဘာတည်ပုံကို ရှေးအီဂျစ်တို့က
ဆင်ကြီးလေးကောင်ထမ်းထားသတဲ့၊
ဂရိတို့က ကမ္ဘာကြီးက သမုဒ္ဒရာဝန်းရံထားသော
မြေပြင်တစ်ခုသာ ဖြစ်တယ်တဲ့၊
ုဓမ္မသဘောအရ ပထမကမ္ဘာပြုမိုးနှစ်ချီပြီးရွာတယ်
ထိုမိုးရေတွေက ကောင်းကင်ရှိကြမ်းတမ်းတဲ့လေထုကို
မထိုးဖောက်နိုင် သည်လိုနဲ့ မာကြောရာကနေ
မြေသားအဖြစ်ပြောင်းလဲပြီး ယူဇနာ ၂သိန်း၎သောင်း
အထုရှိပါတယ်၊ မြေပြင်အောက်၌ရေသားရှိပါတယ်
ထိုရေထုမှာ ယူဇနာ ၄သိန်း ၈သောင်းရှိပါတယ်၊
ထိုအောက်မှာ လေထုကြမ်းရှိပါတယ် လေထုမှာယူဇနာ
၉သိန်း ၆သောင်းရှိပါတယ်၊ အောက်ပမာဏကများပြီ
အထက်အလေးချိန်က နည်းလျှင် ထမ်းထားနိုင်ပါသည်၊
လူသားဖြစ်လာပုံကို အတွေးခေါ်ရှင်တွေဖြစ်တဲ့
အနက်ဇီးမန်းဒါးက လူသည်ငါးမှဆင်းသက်လာတယ်တဲ့၊
ဒီမိုကရိတပ်က လူသည်အနုမြူမှ ဆင်းသက်တယ်တဲ့၊
ချားလ်ဒါဝင်က လူသည် အဆင့်ဆင့်ပြောင်းလဲလာပြီး
နောက်ဆုံး မျောက်ဝံ( လူဝံ )မှဆင်းသက်လာတယ်တဲ့
ဓမ္မသဘောကတော့ ကမ္ဘာစတည်တုန်းက
လူသားမရှိသေး၊ဗြဟ္မာပြည်က စုတေလာပြီး သြပပါတိကပဋိသန္ဓေဖြင့် လူပြည်သို့လာ၍
လူဖြစ်ကြသည်၊ လူဟူသည်သံသရာအဆက်နဲ့
ကျင်လည်ကြခြင်းသာဖြစ်ပါတယ်၊
နယူးတန်အိုင်ဇန်က သစ်ရွက်ကြွေကျတာကို
ကြည့်ပြီး ကမ္ဘာ့ဆွဲငင်အားကိုရှာဖွေခဲ့တယ်၊
ပဋာစာရီထေရ်ရီမက ရေကျတာကိုကြည့်ပြီး
သံသရာက လွတ်မြောက်နည်းကိုသိခဲ့တယ်။
အိုင်စတိုင်းက အာကာသရီလေတီပတီအကြောင်းကို
တီထွင်ရှာဖွေနိုင်ခဲ့တယ်၊ မြတ်ဗုဒ္ဓက စကြာဝဠာ
အကြောင်းအကုန်ဟောပြီးသား။
သပ္ပံပညာရှင်တွေက လေယာဉ်ပျံတွေတီထွင်နို်င်ခဲ့တယ်၊
ရဟန္တာတွေကဘာမှမပါပဲ လေဟုန်မှာပျံသန်းနိုင်ခဲ့တယ်။
ပညာရှင်တွေက မိုင်းပေါင်းများဝေးတဲ့အသံကို
ကြားနိုင်အောင် ဖုန်းကိုတီထွင်ခဲ့တယ်၊
ဒိဗ္ဗသောတအဘိညာဉ်ရ သူတွေက ယူဇနာများဝေးတဲ့
အသံကိုကြားနိုင်စွမ်းရှိတယ်။
ဤသို့ သိပ္ပံသဘော ဓမ္မသဘောတွေကို
တင်ပြရရင် မဆုံးနိုင်ပါဘူး
သပ္ပံလောကမှာ ဆန်းကြယ်တဲ့အရာတွေရှိသလို
ဓမ္မလောကမှာလည်း လျှိုဝှက်နက်နဲ့တဲ့
အရာတွေ အများကြီးရှိပါတယ်။
@ဟိတလုလင် ဓညဝတီိ
No comments:
Post a Comment