ငါ.....
ငါ့ကိုယ်ငါ
ကမ္ဘာမှာ ချမ်းသာလှပြီ ထင်မိခဲ့
ငါ့ကိုယ်ငါ
လူ့ပြည်ရွာမှာ ဒုက္ခကင်းပြီ ထင်မိခဲ့
ငါ့ကိုယ်ငါ
ဘဝမှာ ပြည့်စုံလှပြီ ထင်မိခဲ့ .....
အမိဝမ်းထဲ
ပဋိသန္ဓေနေရခြင်းဆင်းရဲ
ဇာတိဒုက္ခ ......
တဖြည်းဖြည်း
တရွေ့ရွေ့
အိုမင်းရင့်ရော်ရခြင်းဆင်းရဲ
ဇရာဒုက္ခ .......
အဖျားအနာ
အကိုက်အခဲ
နာမကျန်းဖြစ်ရခြင်းဆင်းရဲ
ဗျာဓိဒုက္ခ .......
မီးစာကုန် ဆီခမ်း
သေလမ်းကိုမြန်းရခြင်းဆင်းရဲ
မရဏဒုက္ခ .......
မချစ်မနှစ်သက်အပ်သူနဲ့
အတူကြုံရခြင်းဆင်းရဲ
အပိယေဟိ သမ္ပယောဂဒုက္ခ .....
ချစ်ခင်နှစ်သက်သူနဲ့
ခွဲခွါနေရခြင်းဆင်းရဲ
ပိယေဟိဝိပ္ပယောဂဒုက္ခ ......
လိုချင်တာကိုမရ
မပြည့်ဝသောဆင်းရဲ
ယံပိစ္ဆံနလဘတိဒုက္ခ ......
ဒီခန္ဓာ ငါးပါးအစု
ဖြစ်ပေါ်နေရခြင်းဆင်းရဲ
ပဉ္စုပါဒါနက္ခန္ဓဒုက္ခ .....
ချမ်းသာတယ် ထင်ခဲ့သမျှ
အမှားတွေ
ဒုက္ခကင်းပြီ ထင်ခဲ့သမျှ
အမှားတွေ
ပြည့်စုံပြီ ထင်ခဲ့သမျှ
အမှားတွေ
အမှားကမ္ဘာမှာ
အခုထိ တရားရှာဖို့လည်း သတိမရ
ဟန်တပြပြ
မာန်တကြွကြွ
ငါ့ ဒုက္ခ ရှစ်ပါး သံသရာ .....။ ။
Jul 11, 2018
ငါ.....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment