........သည္ဆိုဘ္ေရာက္လာ မ်ားသတၱာခ်မ္းသာကိုစိတ္ျမဲပါေစ၊ ဥပါဒ္ရန္ေဘးကင္းစင္ေ၀းျငိမ္းေအးၾကပါေစ.........

Jul 27, 2018

ဝါဆိုသကင်္ကန်းကပ်လှူခြင်းအကြောင်း သိကောင်းစရာ

ဝါဆိုသကကၤန္းကပ္လႉျခင္းအေၾကာင္း
သိေကာင္းစရာ
*******************************

ဝါဆိုျခင္း၊ ဝါကပ္ျခင္း
ဝႆာဝါသ - ဝါဆိုျခင္း၊ ဝါကပ္ျခင္း၊ မိုးသုံးလအတြင္း ဝါဆိုသည့္ ေက်ာင္းတိုက္ အာရာမ္တြင္းမွာ ေနရျခင္း။
ဝါဆိုမႈသည္ ျမတ္စြာဘုရားရွင္ သက္ေတာ္ထင္ရွား ရွိစဥ္ကပင္ ရွိခဲ့သည္။ ဝါဆို၊ ဝါကပ္ ဥပေဒ မပညတ္မီက ရဟန္းမ်ားသည္ ဥတုသုံးလီ ေနပူ၊မိုး႐ြာမေရွာင္လွည့္လည္ သြားလာေနခဲ့ၾကသည္။ မိုးကာလလူတို႔စိုက္ပ်ိဳးထားေသာ စိုက္ပ်ိဳးပင္မ်ားကိုရဟန္းတို႔ ေက်ာ္ျဖတ္ နင္းၾကသျဖင့္စိုက္ပ်ိဳးပင္မ်ား ပ်က္ဆီးေသာေၾကာင့္ လူတို႔က ရဟန္းမ်ားကို ကဲ့ရဲ႕ၾကသည္။

ျမက္သစ္ပင္၊ ေရေပါက္ငယ္မ်ား ကိုပင္ အသက္ရွိသည္ဟု ယူဆသူမ်ားလည္း ရွိေနသည္။ အဘယ့္ေၾကာင့္ ဘုရားသားေတာ္ ရဟန္းမ်ားသည္ အပင္ငယ္မ်ားႏွင့္ ပိုးမႊား မ်ားကို နင္းေျခဖ်က္ဆီးလွ်က္ တစ္ ႏွစ္ပတ္လုံး ခရီးသြားေနၾကပါသနည္း။ သာသနာျပင္ပ တိတၳိတို႔ေသာ္မွ မိုးဥတုတြင္ ခရီးမထြက္ပဲ ေၾကာင့္ၾကမဲ့ ေနနိုင္ၾကသည္။ ယုတ္စြအဆုံး ငွက္ တိရစ္ဆာန္တို႔ေသာ္မွ မိုးကာလတြင္ အသိုက္၌ေနၾကသည္။ အပင္ငယ္မ်ား၊ သတၱဝါငယ္ ေလးမ်ား ပ်က္ဆီး ေသေၾကၾကရသည္ဟု ကဲ့ရဲ႕ ျပစ္တင္ ရႈံ႕ခ်ၾကသည္။

ထို႔ေၾကာင့္ ဘုရားရွင္က ရဟန္းေတာ္မ်ား မိုးသုံးလကာလပတ္လုံး ခရီးမထြက္ရေသာ ဝါဆို ဝါကပ္ ဥပေဒကို ပညတ္ခဲ့ရသည္။
ဝါကပ္ျခင္းႏွစ္မ်ိဳးရွိသည္
(၁) ပုရိမဝႆာဝါသ - ပထမဝါကပ္ျခင္း၊ ဝါဆိုလျပည့္ေက်ာ္ တစ္ရက္ေန႕၌ ဝါကပ္၍ သီတင္းကြၽတ္ လျပည့္ေန႕တြင္ ဝါကြၽတ္သည္။
(၂) ပစ္ဆိမဝႆာဝါသ - ဒုတိယဝါကပ္ျခင္း၊ ဝါေခါင္လျပည့္ေက်ာ္ တစ္ရက္ေန႕၌ ဝါကပ္၍ တန္ေဆာင္မုန္းလျပည့္ေန႕တြင္ ဝါကြၽတ္သည္။

ဝါဆိုသကၤန္းကပ္လႉျခင္း
ရဟန္းမ်ားကို ဘုရားရွင္က ဝါဆိုဝါကပ္ ခြင့္ျပဳေတာ္မူၿပီးေနာက္ ႏွစ္အတန္ၾကာတြင္ ဘုရားရွင္ကလူတို႔လႉဒါန္း ေသာ သကၤန္းကို ခြင့္ျပဳခဲ့ရာ ဝါဆိုသကၤန္း လႉဒါန္းလိုေသာ သူတို႔သည္ ဝါဆိုဝါကပ္ၾကေသာ ရဟန္းမ်ားကို ဝါဆိုခ်ိန္ ဝါတြင္းအခ်ိန္ ဝါကြၽတ္ခါနီးအခ်ိန္ တို႔၌ဝါဆိုသကၤန္းကို ကပ္လႉၾကပါသည္။ ဝါဆိုသကၤန္းမ်ားကိုေစတနာ သုံးတန္ ျပ႒ာန္းၿပီး ဤေက်ာင္းတိုက္မွာ ဝါကပ္ေတာ္မူၾကေသာ သံဃာေတာ္အရွင္ျမတ္မ်ား ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာ ခ်မ္းသာစြာျဖင့္ ပရိယတၱိအက်င့္၊ ပဋိပတၱိအက်င့္ေတြကို က်င့္ႀကံႀကိဳးကုတ္ အားထုတ္နိုင္ရန္အတြက္ သကၤန္းကိစၥႏွင့္ပတ္သက္၍ ပူပင္ေၾကာင့္က်မႈမရွိေစရန္ ဝါဆိုသကၤန္း အျဖစ္ျဖင့္ လႉဒါန္းနိုင္ၾကပါသည္။


ဝါဆိုသကၤန္း အေမး၊ အေျဖ က႑
***************************
ေမး။ ။ ဝါကပ္တာ(ဝါဆိုတာ)ကဘယ္ႏွမ်ိဳး ရွိပါသလဲ။
ေျဖ။ ။ ပုရိမဝါ ကပ္ျခင္း၊ပစ္ဆိမဝါ ကပ္ျခင္းလို႔ ဝါကပ္ျခင္း ၂ မ်ိဳး ရွိပါတယ္။ ဝါဆိုလျပည့္ေက်ာ္တစ္ရက္ေန႕မွာ ဝါကပ္တာဟာ ပုရိမဝါကပ္တာ(ေရွ႕မွာျဖစ္တဲ့ဝါကပ္တာ)ပါပဲ။ ဝါေခါင္လျပည့္ေက်ာ္ တစ္ရက္ေန႕မွာ ဝါကပ္တာဟာ ပစ္ဆိဝါကပ္တာ (ေနာက္ျဖစ္တဲ့ ဝါကပ္တာ)ပါပဲ။
(ခုဒၵသိကၡာ ဘာသာဋီကာ၊ ၃၉၅)

ေမး။ ။ ဘယ္လို ရွင္၊ရဟန္းကပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ္နိုင္ပါတယ္။
ေျဖ။ ။ ပုရိမဝါ က်ိဳးပ်က္တဲ့ ရဟန္းနဲ႕ အေၾကာင္းတစ္ခုခုေၾကာင့္ပုရိမဝါ မကပ္ခဲ့တဲ့ ရဟန္းဟာ ပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ္နိုင္ပါတယ္။
(ခုဒၵသိကၡာ ဘာသာဋီကာ၊ ၃၉၈)

ေမး။ ။ ဝါထပ္တယ္ဆိုတာ ဘာကိုေခၚတာပါလဲ။ ဘာေၾကာင့္ ထပ္ရတာပါလဲ။
ေျဖ။ ။ ဝါေခါင္လကို ဝါေခါင္လလို႔မျပဳဘဲ'ဝါဆိုလ'လို႔ ထပ္ၿပီးျပဳတာကို'ဝါထပ္တယ္'လို႔ေခၚစမွတ္ ျပဳၾကတာပါပဲ။ အဲဒီလို ဝါဆိုလ ႏွစ္ထပ္ျဖစ္ရတာမွာလည္းရက္ မစုံလေတြကို ျပန္ၿပီးအစားေပးေသာအားျဖင့္ ေကာင္းကင္ကေန သြား ၊ လ သြားနဲ႕ ကိုက္ညီေစလိုလို႔ပါပဲ။
(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၅ )

ေမး။ ။ ဘုရားရွင္က ဘာ့ေၾကာင့္ ဝါဆိုဖို႔ ခြင့္ျပဳေတာ္မူခဲ့တာပါလဲ။
ေျဖ။ ။ ဘုရားရွင္က ရာဇၿဂိဳဟ္ၿမိဳ႕ ေဝဠုဝန္ေက်ာင္းမွာသီတင္းသုံးေတာ္မူပါတယ္။ အဲဒီအခ်ိန္မွာ ဘုရားရွင္က ရဟန္းေတြအား ဝါဆိုဖို႔ ခြင့္မျပဳရေသးပါ။ရဟန္းေတြက ေဆာင္း၊ ႏြေ၊ မိုး ဥတုသုံးပါးလုံး ခရီးလွည့္လည္ၾကပါတယ္။ လူေတြက ဒီလို ကဲ့ရဲ႕ ရႈတ္ခ် အျပစ္တင္ၾကပါတယ္။ 'ဒီဘုရားသားေတာ္ရဟန္းေတာ္ေတြက ေဆာင္း၊ ႏြေ၊ မိုး ဥတုသုံးပါးလုံး ဘာလို႔ ခရီး လွည့္လည္ၾကတာလဲ။ စိမ္းစိုတဲ့ ျမက္ေတြကို နင္းေခ်ကာ ကာယိႏၵျေတစ္ခု ရွိတဲ့သတၱဝါကို ညွဥ္းဆဲၾကတယ္။ သတၱဝါ ငယ္ေလးမ်ားစြာကို ညွင္းဆဲႏွိပ္စက္ၾကတယ္။ ဒီသာသနာပ တိတၳိေတြဟာ မိုးခိုၾကေသးတယ္။ ဒီငွက္ေတြဟာ သစ္ပင္ဖ်ားေတြမွာ အသိုက္ေတြျပဳလုပ္ၿပီး မိုးခိုၾကေသးတယ္။'လူေတြရဲ႕ အဲဒီကဲ့ရဲ႕သံကို ရဟန္းေတြၾကားရလို႔ ဘုရားရွင္အား ေလွ်ာက္ထားၾကတဲ့အခါ ရဟန္းေတြမိုးအခါမွာ မိုးခိုဖို႔ (ဝါဆိုဖို႔) ခြင့္ျပဳေတာ္မူခဲ့ပါတယ္။
(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၁၉၂)

ေဇာတိက

ရဟန္းသံဃာေတာ္မ်ား ဝတ္႐ုံေသာသကၤန္းသည္ သစ္ ေခါက္ဆိုးေဆးဆိုးထားေသာ ပိတ္စသာလွ်င္ျဖစ္သည္။ လူတို႔ဝတ္ေသာ အဝတ္ႏွင့္ ပိတ္စခ်င္းတူပါလ်က္ သကၤန္း ကို အဘယ့္ေၾကာင့္ ေကာ္ေရာ္ျမတ္နိုး ရွိခိုးအမႉးျပဳၾကပါ သနည္း။ ဤအေၾကာင္းကို ျမတ္စြာဘုရားရွင္အား ရွင္ ဥပါလိမေထရ္ႀကီးက ေလွ်ာက္ထားေမးျမန္းေတာ္မူ၏။

ျမတ္စြာဘုရားရွင္သည္ ရွင္ဥပါလိမေထရ္၏အေမး ကို ''ခ်စ္သားဥပါလိ၊ ေရွးက လြန္ေလၿပီးေသာဘုရားတို႔ သည္လည္းေကာင္း၊ ယခုပြင့္ဆဲ ပြင့္လတၱံ့ေသာဘုရားတို႔ သည္လည္းေကာင္၊ ဤဖန္ရည္ဆိုးေသာသကၤန္းျဖင့္သာ ကိေလသာအညစ္အေၾကးတို႔ကို ပယ္သတ္ၾကကုန္သည္။ ပိတ္စခ်င္းတူျငားလည္း ဖန္ရည္စြန္းေသာသကၤန္းသည္ ကိ ေလသာတို႔ကို သန႔္စင္ရာ၊ မဂ္ဖိုလ္နိဗၺာန္သို႔ မ်က္ေမွာက္ ျပဳရာအတြက္ တံခြန္သဖြယ္ျဖစ္သျဖင့္ ရွိခိုးဦးခိုက္ထိုက္ ေပသည္''ဟု မိန႔္ေတာ္မူေလ၏။
မွီျငမ္း - သာသနာေရးဝန္ႀကီးဌာန၊ သာသနာေတာ္ ျပန႔္ပြား ေရးဦးစီးဌာန၊ (ဗုဒၶဘာသာေကာင္းတစ္ေယာက္)

သင္း, ကိုယ္, ဒု, အိပ္၊
မ်က္, ပရိက္, နိသိဒ္, မိုးအမာလို႔ဝိနယသံခိပ္က်မ္းမွာ လယ္တီဆရာေတာ္ မိန႔္ေတာ္မူတဲ့အတိုင္း
(၁)။သင္းပိုင္၊
(၂)။ကိုယ္ဝတ္၊
(၃)။ဒုကုဋ္၊ ႏွစ္ထပ္သကၤန္းႀကီး
(၄)။အိပ္ရာလႊမ္း၊
(၅)။မ်က္ႏွာသုတ္ပဝါ၊
(၆)။ပရိကၡာရာ ေစာဠပုဆိုး၊
(၇)။နိသီဒိုင္အခင္း၊
(၈)။မိုးေရခံသကၤန္း၊
(၉)။အမာလႊမ္း အနာလႊမ္း
သကၤန္းအားျဖင့္ “၉-ပါး ရွိ၏

ကိုးပါးေသာ သကၤန္းမွတစ္ပါး
ဝါဆိုသကၤန္း”ရယ္လို႔ သီးျခား မရွိ
ဝါဆိုသကၤန္းကို(ဝႆာဝါသိက) လို႔ ေခၚ၏ ။ ...။

ဝါဆိုသကၤန္းကို အခ်ိန္ကာလမေ႐ြး လႉဒါန္းခြင့္ ရွိသူမ်ား
***************

စစ္ထြက္ သြားမည့္သူ။
အရပ္တစ္ပါး ခရီးသြားမည့္သူ။
ေရာဂါေဝဒနာ ဖိစီးႏွိပ္စက္ ခံေနရသူ။မီးဖြားခါနီး မိခင္ေလာင္း။
ယခင္က သဒၶါတရားမရွိ၊ယခုခ်က္ခ်င္း သဒၶါတရား ေပၚေပါက္လာသူ။သာသနာေတာ္ကို ယခုမွ ၾကည္ညိုလာသူ။

အထက္ပါ ပုဂၢိုလ္တို႔က "၀ႆာဝါသိကံ ဒႆာမိ-" "ဝါဆိုသကၤန္းပါဘုရား" ဟု အမည္တပ္၍ လႉဒါန္းလာခဲ့ေသာ္ ဝါမကြၽတ္ေသးေသာ္၎ ဝါကြၽတ္ၿပီးေသာ္၎ အလႉခံနိုင္ခြင့္ရွိသည္။ ယင္းပုဂၢိုလ္မ်ားသည္ အခ်ိန္မေ႐ႊး ရွိနိုင္သျဖင့္ ဝါဆိုသကၤန္းကို အခ်ိန္မေ႐ြး လႉဒါန္းနိုင္၊ အခ်ိန္မေ႐ြးအလႉ ခံနိုင္ခြင့္ရွိသည္။


၀ါဆိုသကၤန္း လႈရျခင္းအက်ိဳး
**********************
၁ - အသက္ရွည္ျခင္း၊
၂ - အဆင္းလွျခင္း၊
၃ - ခ်မ္းသာႀကီးျခင္း၊
၄ - ခြန္အားဗလႏွင့္ ျပည့္စုံျခင္း၊
၅- စ်ာန္ မဂ္ ဖိုလ္တရားမ်ားကို ရနိုင္ျခင္း၊
၆- ပစၥဳပၸန္သံသရာတို႔၌အက်ိဳး
မ်ားျခင္းေၾကာင့္ကထိန္သကၤန္း ႏွင့္အတူတကြ အၿခံအရံျဖစ္ကုန္ေသာ ဆြမ္းခဲဖြယ္ ေဘာဇဥ္ ခ်ိဳခ်ဥ္ၾသဇာ အရ သာ တို႔ကို ဆက္ကပ္လႉဒါန္းရျခင္း၊
၇ - သီလေဆာက္တည္ရျခင္း၊
၈ - တရားနာရျခင္း
၉ - အလႉခံပုဂၢိုလ္၊ အလႉဝတၳဳႏွင့္ ပတ္သက္၍ သမထ ဝိပႆနာ ပြားမ်ားရျခင္း။

'' အရဟတၱဓဇ'' ေခၚ ရဟႏၱာတို႔၏ အလံတံခြန္သဖြယ္ျဖစ္ေသာ ဤဝါဆိုသကၤန္းကို လႉဒါန္းရသျဖင့္ . . .

'' ဝတၳေဒါ ေဟာတိ ဝဏၰေဒါ ''
'' ဝတၳဒါေနန ဝဏၰသမၸတၱိ ပဋိလာေဘာ '' ဟူေသာ ေဒသနာေတာ္မ်ားအရ သကၤန္း၏ အဓိကအက်ိဳးျဖစ္ေသာ ' အဆင္းလွျခင္း ' ဟူေသာ အက်ိဳးကို ဧကန္ရမည္ျဖစ္ေပသည္။

ထို႔ျပင္ ဘဝသံသရာ က်င္လည္ရစဥ္ဝယ္ -

'' ေ႐ႊသို႔အဆင္း၊ ျမဴေၾကးကင္း၍
ေရာင္ဝင္းထိန္ပ၊ ႏူးညံရ၏၊
မကသိန္းဖိုး၊ ပုဆိုးရေလ၊
ညိုေ႐ႊျဖဴနီ၊ ဤရွစ္လီသည္၊
က်မ္းညီသကၤန္း လႉက်ိဳးတည္း။ ''
ဟူေသာ အပဒါန္လာ သကၤန္းအက်ိဳး (၈)မ်ိဳးကိုလည္း ရဦးမည္ျဖစ္၏။

ထိုမွတပါး '' ဣဒံ ေမ ပုညံ အာသဝကၡယံ ဝဟံ ေဟာတု-တပည့္ေတာ္၏ ဤဝါဆိုသကၤန္းအလႉသည္ အာသေဝါ တရားေလးပါး ကုန္ရာကုန္ေၾကာင္းျဖစ္ေသာ မဂ္Óဏ္ ဖိုလ္Óဏ္ ျမတ္နိဗၺာန္ကို ဧကန္ေရာက္ေအာင္ ႐ြတ္ေဆာင္နိုင္ ပါေစ '' ဟု ဆုေတာင္းလႉဒါန္းခဲ့ေသာ္ ဒုကၡခပ္သိမ္း ၿငိမ္းရာျဖစ္ေသာ နိဗၺာန္ခ်မ္းသာ ဟူေသာ အက်ိဳးအျမတ္ကို မလြဲမေသြရေပမည္။

Unicode
ဝါဆိုသကင်္ကန်းကပ်လှူခြင်းအကြောင်း
သိကောင်းစရာ
*******************************

ဝါဆိုခြင်း၊ ဝါကပ်ခြင်း
ဝဿာဝါသ - ဝါဆိုခြင်း၊ ဝါကပ်ခြင်း၊ မိုးသုံးလအတွင်း ဝါဆိုသည့် ကျောင်းတိုက် အာရာမ်တွင်းမှာ နေရခြင်း။
ဝါဆိုမှုသည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကပင် ရှိခဲ့သည်။ ဝါဆို၊ ဝါကပ် ဥပဒေ မပညတ်မီက ရဟန်းများသည် ဥတုသုံးလီ နေပူ၊မိုးရွာမရှောင်လှည့်လည် သွားလာနေခဲ့ကြသည်။ မိုးကာလလူတို့စိုက်ပျိုးထားသော စိုက်ပျိုးပင်များကိုရဟန်းတို့ ကျော်ဖြတ် နင်းကြသဖြင့်စိုက်ပျိုးပင်များ ပျက်ဆီးသောကြောင့် လူတို့က ရဟန်းများကို ကဲ့ရဲ့ကြသည်။

မြက်သစ်ပင်၊ ရေပေါက်ငယ်များ ကိုပင် အသက်ရှိသည်ဟု ယူဆသူများလည်း ရှိနေသည်။ အဘယ့်ကြောင့် ဘုရားသားတော် ရဟန်းများသည် အပင်ငယ်များနှင့် ပိုးမွှား များကို နင်းခြေဖျက်ဆီးလျှက် တစ် နှစ်ပတ်လုံး ခရီးသွားနေကြပါသနည်း။ သာသနာပြင်ပ တိတ္ထိတို့သော်မှ မိုးဥတုတွင် ခရီးမထွက်ပဲ ကြောင့်ကြမဲ့ နေနိုင်ကြသည်။ ယုတ်စွအဆုံး ငှက် တိရစ္ဆာန်တို့သော်မှ မိုးကာလတွင် အသိုက်၌နေကြသည်။ အပင်ငယ်များ၊ သတ္တဝါငယ် လေးများ ပျက်ဆီး သေကြေကြရသည်ဟု ကဲ့ရဲ့ ပြစ်တင် ရှုံ့ချကြသည်။

ထို့ကြောင့် ဘုရားရှင်က ရဟန်းတော်များ မိုးသုံးလကာလပတ်လုံး ခရီးမထွက်ရသော ဝါဆို ဝါကပ် ဥပဒေကို ပညတ်ခဲ့ရသည်။
ဝါကပ်ခြင်းနှစ်မျိုးရှိသည်
(၁) ပုရိမဝဿာဝါသ - ပထမဝါကပ်ခြင်း၊ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ်၍ သီတင်းကျွတ် လပြည့်နေ့တွင် ဝါကျွတ်သည်။
(၂) ပစ္ဆိမဝဿာဝါသ - ဒုတိယဝါကပ်ခြင်း၊ ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ဝါကပ်၍ တန်ဆောင်မုန်းလပြည့်နေ့တွင် ဝါကျွတ်သည်။

ဝါဆိုသင်္ကန်းကပ်လှူခြင်း
ရဟန်းများကို ဘုရားရှင်က ဝါဆိုဝါကပ် ခွင့်ပြုတော်မူပြီးနောက် နှစ်အတန်ကြာတွင် ဘုရားရှင်ကလူတို့လှူဒါန်း သော သင်္ကန်းကို ခွင့်ပြုခဲ့ရာ ဝါဆိုသင်္ကန်း လှူဒါန်းလိုသော သူတို့သည် ဝါဆိုဝါကပ်ကြသော ရဟန်းများကို ဝါဆိုချိန် ဝါတွင်းအချိန် ဝါကျွတ်ခါနီးအချိန် တို့၌ဝါဆိုသင်္ကန်းကို ကပ်လှူကြပါသည်။ ဝါဆိုသင်္ကန်းများကိုစေတနာ သုံးတန် ပြဋ္ဌာန်းပြီး ဤကျောင်းတိုက်မှာ ဝါကပ်တော်မူကြသော သံဃာတော်အရှင်မြတ်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် ပရိယတ္တိအကျင့်၊ ပဋိပတ္တိအကျင့်တွေကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ရန်အတွက် သင်္ကန်းကိစ္စနှင့်ပတ်သက်၍ ပူပင်ကြောင့်ကျမှုမရှိစေရန် ဝါဆိုသင်္ကန်း အဖြစ်ဖြင့် လှူဒါန်းနိုင်ကြပါသည်။


ဝါဆိုသင်္ကန်း အမေး၊ အဖြေ ကဏ္ဍ
***************************
မေး။ ။ ဝါကပ်တာ(ဝါဆိုတာ)ကဘယ်နှမျိုး ရှိပါသလဲ။
ဖြေ။ ။ ပုရိမဝါ ကပ်ခြင်း၊ပစ္ဆိမဝါ ကပ်ခြင်းလို့ ဝါကပ်ခြင်း ၂ မျိုး ရှိပါတယ်။ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ ဝါကပ်တာဟာ ပုရိမဝါကပ်တာ(ရှေ့မှာဖြစ်တဲ့ဝါကပ်တာ)ပါပဲ။ ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ဝါကပ်တာဟာ ပစ္ဆိဝါကပ်တာ (နောက်ဖြစ်တဲ့ ဝါကပ်တာ)ပါပဲ။
(ခုဒ္ဒသိက္ခာ ဘာသာဋီကာ၊ ၃၉၅)

မေး။ ။ ဘယ်လို ရှင်၊ရဟန်းကပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ်နိုင်ပါတယ်။
ဖြေ။ ။ ပုရိမဝါ ကျိုးပျက်တဲ့ ရဟန်းနဲ့ အကြောင်းတစ်ခုခုကြောင့်ပုရိမဝါ မကပ်ခဲ့တဲ့ ရဟန်းဟာ ပစ္ဆိမဝါ(ဒုတိယဝါ)ကို ကပ်နိုင်ပါတယ်။
(ခုဒ္ဒသိက္ခာ ဘာသာဋီကာ၊ ၃၉၈)

မေး။ ။ ဝါထပ်တယ်ဆိုတာ ဘာကိုခေါ်တာပါလဲ။ ဘာကြောင့် ထပ်ရတာပါလဲ။
ဖြေ။ ။ ဝါခေါင်လကို ဝါခေါင်လလို့မပြုဘဲ'ဝါဆိုလ'လို့ ထပ်ပြီးပြုတာကို'ဝါထပ်တယ်'လို့ခေါ်စမှတ် ပြုကြတာပါပဲ။ အဲဒီလို ဝါဆိုလ နှစ်ထပ်ဖြစ်ရတာမှာလည်းရက် မစုံလတွေကို ပြန်ပြီးအစားပေးသောအားဖြင့် ကောင်းကင်ကနေ သွား ၊ လ သွားနဲ့ ကိုက်ညီစေလိုလို့ပါပဲ။
(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၅ )

မေး။ ။ ဘုရားရှင်က ဘာ့ကြောင့် ဝါဆိုဖို့ ခွင့်ပြုတော်မူခဲ့တာပါလဲ။
ဖြေ။ ။ ဘုရားရှင်က ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းမှာသီတင်းသုံးတော်မူပါတယ်။ အဲဒီအချိန်မှာ ဘုရားရှင်က ရဟန်းတွေအား ဝါဆိုဖို့ ခွင့်မပြုရသေးပါ။ရဟန်းတွေက ဆောင်း၊ နွေ၊ မိုး ဥတုသုံးပါးလုံး ခရီးလှည့်လည်ကြပါတယ်။ လူတွေက ဒီလို ကဲ့ရဲ့ ရှုတ်ချ အပြစ်တင်ကြပါတယ်။ 'ဒီဘုရားသားတော်ရဟန်းတော်တွေက ဆောင်း၊ နွေ၊ မိုး ဥတုသုံးပါးလုံး ဘာလို့ ခရီး လှည့်လည်ကြတာလဲ။ စိမ်းစိုတဲ့ မြက်တွေကို နင်းချေကာ ကာယိန္ဒြေတစ်ခု ရှိတဲ့သတ္တဝါကို ညှဉ်းဆဲကြတယ်။ သတ္တဝါ ငယ်လေးများစွာကို ညှင်းဆဲနှိပ်စက်ကြတယ်။ ဒီသာသနာပ တိတ္ထိတွေဟာ မိုးခိုကြသေးတယ်။ ဒီငှက်တွေဟာ သစ်ပင်ဖျားတွေမှာ အသိုက်တွေပြုလုပ်ပြီး မိုးခိုကြသေးတယ်။'လူတွေရဲ့ အဲဒီကဲ့ရဲ့သံကို ရဟန်းတွေကြားရလို့ ဘုရားရှင်အား လျှောက်ထားကြတဲ့အခါ ရဟန်းတွေမိုးအခါမှာ မိုးခိုဖို့ (ဝါဆိုဖို့) ခွင့်ပြုတော်မူခဲ့ပါတယ်။
(မဟာဝါ ဘာသာဋီကာ(ဒု)၊ ၁၉၂)

ဇောတိက

ရဟန်းသံဃာတော်များ ဝတ်ရုံသောသင်္ကန်းသည် သစ် ခေါက်ဆိုးဆေးဆိုးထားသော ပိတ်စသာလျှင်ဖြစ်သည်။ လူတို့ဝတ်သော အဝတ်နှင့် ပိတ်စချင်းတူပါလျက် သင်္ကန်း ကို အဘယ့်ကြောင့် ကော်ရော်မြတ်နိုး ရှိခိုးအမှူးပြုကြပါ သနည်း။ ဤအကြောင်းကို မြတ်စွာဘုရားရှင်အား ရှင် ဥပါလိမထေရ်ကြီးက လျှောက်ထားမေးမြန်းတော်မူ၏။

မြတ်စွာဘုရားရှင်သည် ရှင်ဥပါလိမထေရ်၏အမေး ကို ''ချစ်သားဥပါလိ၊ ရှေးက လွန်လေပြီးသောဘုရားတို့ သည်လည်းကောင်း၊ ယခုပွင့်ဆဲ ပွင့်လတ္တံ့သောဘုရားတို့ သည်လည်းကောင်၊ ဤဖန်ရည်ဆိုးသောသင်္ကန်းဖြင့်သာ ကိလေသာအညစ်အကြေးတို့ကို ပယ်သတ်ကြကုန်သည်။ ပိတ်စချင်းတူငြားလည်း ဖန်ရည်စွန်းသောသင်္ကန်းသည် ကိ လေသာတို့ကို သန့်စင်ရာ၊ မဂ်ဖိုလ်နိဗ္ဗာန်သို့ မျက်မှောက် ပြုရာအတွက် တံခွန်သဖွယ်ဖြစ်သဖြင့် ရှိခိုးဦးခိုက်ထိုက် ပေသည်''ဟု မိန့်တော်မူလေ၏။
မှီငြမ်း - သာသနာရေးဝန်ကြီးဌာန၊ သာသနာတော် ပြန့်ပွား ရေးဦးစီးဌာန၊ (ဗုဒ္ဓဘာသာကောင်းတစ်ယောက်)

သင်း, ကိုယ်, ဒု, အိပ်၊
မျက်, ပရိက်, နိသိဒ်, မိုးအမာလို့ဝိနယသံခိပ်ကျမ်းမှာ လယ်တီဆရာတော် မိန့်တော်မူတဲ့အတိုင်း
(၁)။သင်းပိုင်၊
(၂)။ကိုယ်ဝတ်၊
(၃)။ဒုကုဋ်၊ နှစ်ထပ်သင်္ကန်းကြီး
(၄)။အိပ်ရာလွှမ်း၊
(၅)။မျက်နှာသုတ်ပဝါ၊
(၆)။ပရိက္ခာရာ စောဠပုဆိုး၊
(၇)။နိသီဒိုင်အခင်း၊
(၈)။မိုးရေခံသင်္ကန်း၊
(၉)။အမာလွှမ်း အနာလွှမ်း
သင်္ကန်းအားဖြင့် “၉-ပါး ရှိ၏

ကိုးပါးသော သင်္ကန်းမှတစ်ပါး
ဝါဆိုသင်္ကန်း”ရယ်လို့ သီးခြား မရှိ
ဝါဆိုသင်္ကန်းကို(ဝဿာဝါသိက) လို့ ခေါ်၏ ။ ...။

ဝါဆိုသင်္ကန်းကို အချိန်ကာလမရွေး လှူဒါန်းခွင့် ရှိသူများ
***************

စစ်ထွက် သွားမည့်သူ။
အရပ်တစ်ပါး ခရီးသွားမည့်သူ။
ရောဂါဝေဒနာ ဖိစီးနှိပ်စက် ခံနေရသူ။မီးဖွားခါနီး မိခင်လောင်း။
ယခင်က သဒ္ဓါတရားမရှိ၊ယခုချက်ချင်း သဒ္ဓါတရား ပေါ်ပေါက်လာသူ။သာသနာတော်ကို ယခုမှ ကြည်ညိုလာသူ။

အထက်ပါ ပုဂ္ဂိုလ်တို့က "၀ဿာဝါသိကံ ဒဿာမိ-" "ဝါဆိုသင်္ကန်းပါဘုရား" ဟု အမည်တပ်၍ လှူဒါန်းလာခဲ့သော် ဝါမကျွတ်သေးသော်၎င်း ဝါကျွတ်ပြီးသော်၎င်း အလှူခံနိုင်ခွင့်ရှိသည်။ ယင်းပုဂ္ဂိုလ်များသည် အချိန်မရွှေး ရှိနိုင်သဖြင့် ဝါဆိုသင်္ကန်းကို အချိန်မရွေး လှူဒါန်းနိုင်၊ အချိန်မရွေးအလှူ ခံနိုင်ခွင့်ရှိသည်။


၀ါဆိုသင်္ကန်း လှုရခြင်းအကျိုး
**********************
၁ - အသက်ရှည်ခြင်း၊
၂ - အဆင်းလှခြင်း၊
၃ - ချမ်းသာကြီးခြင်း၊
၄ - ခွန်အားဗလနှင့် ပြည့်စုံခြင်း၊
၅- စျာန် မဂ် ဖိုလ်တရားများကို ရနိုင်ခြင်း၊
၆- ပစ္စုပ္ပန်သံသရာတို့၌အကျိုး
များခြင်းကြောင့်ကထိန်သင်္ကန်း နှင့်အတူတကွ အခြံအရံဖြစ်ကုန်သော ဆွမ်းခဲဖွယ် ဘောဇဉ် ချိုချဉ်သြဇာ အရ သာ တို့ကို ဆက်ကပ်လှူဒါန်းရခြင်း၊
၇ - သီလဆောက်တည်ရခြင်း၊
၈ - တရားနာရခြင်း
၉ - အလှူခံပုဂ္ဂိုလ်၊ အလှူဝတ္ထုနှင့် ပတ်သက်၍ သမထ ဝိပဿနာ ပွားများရခြင်း။

'' အရဟတ္တဓဇ'' ခေါ် ရဟန္တာတို့၏ အလံတံခွန်သဖွယ်ဖြစ်သော ဤဝါဆိုသင်္ကန်းကို လှူဒါန်းရသဖြင့် . . .

'' ဝတ္ထဒေါ ဟောတိ ဝဏ္ဏဒေါ ''
'' ဝတ္ထဒါနေန ဝဏ္ဏသမ္ပတ္တိ ပဋိလာဘော '' ဟူသော ဒေသနာတော်များအရ သင်္ကန်း၏ အဓိကအကျိုးဖြစ်သော ' အဆင်းလှခြင်း ' ဟူသော အကျိုးကို ဧကန်ရမည်ဖြစ်ပေသည်။

ထို့ပြင် ဘဝသံသရာ ကျင်လည်ရစဉ်ဝယ် -

'' ရွှေသို့အဆင်း၊ မြူကြေးကင်း၍
ရောင်ဝင်းထိန်ပ၊ နူးညံရ၏၊
မကသိန်းဖိုး၊ ပုဆိုးရလေ၊
ညိုရွှေဖြူနီ၊ ဤရှစ်လီသည်၊
ကျမ်းညီသင်္ကန်း လှူကျိုးတည်း။ ''
ဟူသော အပဒါန်လာ သင်္ကန်းအကျိုး (၈)မျိုးကိုလည်း ရဦးမည်ဖြစ်၏။

ထိုမှတပါး '' ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံ ဟောတု-တပည့်တော်၏ ဤဝါဆိုသင်္ကန်းအလှူသည် အာသဝေါ တရားလေးပါး ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်အောင် ရွတ်ဆောင်နိုင် ပါစေ '' ဟု ဆုတောင်းလှူဒါန်းခဲ့သော် ဒုက္ခခပ်သိမ်း ငြိမ်းရာဖြစ်သော နိဗ္ဗာန်ချမ်းသာ ဟူသော အကျိုးအမြတ်ကို မလွဲမသွေရပေမည်။


thotuzanablogspot.com
Credit>>>


No comments:

Post a Comment