တွဲလက်ညီညီ
ပအိုဝ်းတိုင်းသား ညီနောင်ဖွားတို့
ရင်ကြားမကွာ ဒို့ညီညာမှ
ပြည့်ရွှာတိုင်းအကျိုး ဆထက်တိုးပြီး
အဘိုးတန်စွာ ဖြစ်သေချာဖို့
သူ့မှာအပြစ် တွေ့နေဖြစ်က
ချေပြစ်ကြည်သာ ရှိရမှာနော်
ငါ့မှာအပြစ် တွေ့နေရစ်က
မုန်းပြစ်ကိုဖယ် ချစ်ကြိုးသွယ်ကာ
ရင်ဝယ်အချစ် ပီတိဖြစ်လို့
ဒီနှစ်လပြည့် တပေါင်းနေ့မှာ
စွေ့စွေ့ပျော်ပြီး ပအိုဝ်းသားနှင့်
တိုင်းများစွာတို့ ကြင်ကြင်နာနာ
လက်တွဲပါစို့လား။
အထွန်း(ဒိုက်ဦး)
၁၉၉၅ထုတ် ပအိုဝ်း မဂ္ဂဇင်းမှကူးယူထားပါသည်
No comments:
Post a Comment